twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts
Thursday, December 8, 2011
စုံး၊တစ္ဆေ၊ဘီလူးတို့ ဖြင့်  ဖို၊မ ဆက်ဆံသူများ
အမျိုးသမီးတယောက်ကအိပ်ပျော်နေစဉ်ဘီလူးတကောင်က ရောက်လာပြီဖို၊မဆက်ဆံသွားသည့် အဖြစ်မျိုးကို ရှေ့ တစ်ခေတ်ကလူသားတို့ လက်ခံခဲ့ ကြသည်၊စုံး ၊တစ္ဆေ၊မှင်စာ တွေကလည်းဤသို့  ပြုလုပ်တက်သည်ဟု အဆိုရှိသည်။ဤလိုနှင့်  အနေအထိုင်မတက်က
ဘီလူးက စိတ်ဝင်စားသွားလိမ့် မည်စသည့်  အယူဝါဒများပေါ်ပေါကါခဲ့ သည်။
ဤဓလေ့ ၏ မူလအစမှာ.......
နတ်၊သိကြားတို့ ၊ နတ်ဘုရားတို့ တွင် အမျိုးသမီးများကိုသားသမီးရတနာပေးနိင်သည့် စွမ်းပကားရှိသည်ဆိုသော ယုံကြည်ချက်မှမြစ်ဖျားခံလာဟန်တူသည်၊(....)ဘာသာရေးကျမ်းစာတွင် ဘုရားသခင်၏ သာတော်များသည် လူသားတို့ ၏ သမီးများဆီသို့ သွားကြသည်ဟိုထားသည်။သို့ ကြောင့် လွန်ခဲ့ သော ခေတ်က သီလရှင်များထံ နတ်သားများကအလည်သာကြသည်၊ဖို၊မ ဆက်ဆံသည်ထိ ပြောဆိုခဲ့ ကြသည်၊အချို့ သော သီလရှင်များဆိုလျှင်၎င်းဝမ်းဗိုက်ထဲမှ ကိုယ်ဝန်ကို ဘုရားဝင်စားသလို၊နတ်သိကြားကပေးသနားသော် ရင်သွေးအဖြစ်ပြောဆိုခဲ့ သော ခေတ်ကိုရောက်ခဲ့ ဘူးသည်။ရှေ့ ခေတ်လူစွမ်းကောင်းများ ဖြစ်ကြသော ဟာကြူလီမှအစ ယခုခေတ်ဘုရားများကိုပင် အပျိုစင်မှ မွေးဖွားလာသူများအဖြစ် ယနေ့ တိုင် ပြောဟောသူတွေရှိသေး၏။
ဘီလူး၊ သရဲ များကအမျိုးသမီးများကို ပူးကပ်ပြီ ဘီလူး၊ သရဲကလေးများကို မွေးဖွားတက်သည်ဆိုသော အယူအဆကရှိသေးသည်၊(.......)ဘာသာကွဲကိုတည်ထောင်သူ မာတင်လူသာ ဆိုသူကိုယ်တိုင်က ဘီလူးနှင် လူသာတို့ ဆက်ဆံနိင်သည်၊လူသားတို့ မွေးဖွားသောဘီလူးဆန်သောကလေးများမှာအဆိုပါ ဘီလူးများ၏ လက်ချက်ဖြစ်သည်ဟု ဟောပြောခဲ့ ဘူးသည်။
ဤလိုနှင့် အချို့ သော ဆေးဆရာများက ဘီးလူဟန်ဆောင်ပြီး အမျိုးသမီးအချို့ နှင့် ဖောက်ပြားခဲ့ ကြသလို အချို့ ဆရာတွေကလည်းအဆိုပါအဖြစ်အပျက်မျိုးကိုတကယ်တမ်းယုံကြည်အောင် ဟောပြောခဲ့ ကြဘူးသည်၊ဤသို့ အလားတူ အဖြစ်အပျက်မျိုးကို မှတ်တမ်းတင်ထားသည့်  ဖြစ်ရပ်ဆန်းတွေးအများကြီရှိသည်။
ဥပမာ.....
- အင်္ဂလန်နိင်ငံမှ ဖိုဒ့် ရှား ပြည်နယ်မှ အမျိုးသမီးတဦးသည် ဘီလူးလက်ချက်ဖြင့်  ကလေးရရာက ကလေးမှာ ဘီလူးရုပ်ပေါက်နေပြီအသက်(၆)လအရွယ်တွင် သွားများအပြည့် အစုံထွက်နေသည်။
- ဆပ်ဖိုဒ်နယ်မှ အမျိုးသမီးတဦးက တရားရုံးတွင် လူနှင့် ဘီလူးဆက်ဆံခဲ့ သည်မှာနှစ်ပေါင်းကြာပြီ ၎င်း၏ရင်သွေးမျာအနက်သုံးဦးမှာဘီလူးကြောင့် ရရှိဖြင်းဖြစ်သည်စသည့် ဖြင့် အကြိမ်ကြိမ်ကျမ်းကိုင်ပြောဆိုခဲ့ ပါသည်။
ရှေခေတ်လူသားတို့ အ၀တ်အစားဝတ်ဆင်ကြသည့် အကြောင်းအရင်းကို ပြန်ကြည့် လျှင်ရာသီဥတုခံနိင်ဖို့ လှပစေဖို့ စသည့် အကြောင်း အမျိုးမျိုးအနက်မကောင်းဆိုးရွာကောင်များဝင်မပူးနိင်အောင်အကာအကွယ်ဘဘောမျိုးဖြင့် ဝတ်ဆင်သူတွေလည်းရှိသည်။
အထူးသဖြင့်  မကောင်းဆိုးရွာတွေ ဘီလူး၊သရဲ တွေ ကိုယ်ဝန်လာပေးမှာကို ကြောက်ရွံပြီး အ၀တ်အစားဝတ်ဆင်သည့်  လူမျိုးတွေရှိပါသည်။ဒီလိုနှင့် ရဟန္တာ စိန်(....) ကိုယ်တိုင်က မကောင်းဆိုးရွားတို့ က ဒုက္ခမပေးနိင်အောင် အမျိုးသမီးတွေကို အမှတ်အသားသဘောဖြင့် 
ဦထုပ်ဆောင်းကြရန် တိုက်တွန်းခဲ့ ဘူးသည်။
သီဟိုဋ်နိင်ငံတွင်လည်း အမျိုးသမီးများသည် အတွင်းခံကိုအမြဲတမ်းဝတ်ဆင်ထားကြသည်၊သူရဲ ၊သဘတ်တွေက လာရောက်ပြီဖို၊မ မဆက်ဆံနိင်စေရန်ဖြစ်သညိဆိုသည်။ အလားတူပင်အချို့ က ခါး၌ချည်းထားသော အဆောင်အယောင်းများသည် မကောင်းဆိုးရွားများကလိင်တန်ဆာကို အနှောက်အယှက်မပေးနိင်ရန်အတွက် အကာအကွယ်သဘောဖြစ်ပါသည်.....။ ။ ။
(ဆရာဝန်တင်ရွှေ၏အဆင့်မြင့် အသုံးချဖို၊မဆက်ဆံရေစာအုပ်မှဗဟုသုတအဖြစ်တင်ပြခြင်းဖြစ်ပါသည်၊ယ္ခုတလော
ပြည်တော်ပြန်ဖို့  ကိစ္စများ၊ လက်စသပ် လုပ်ငန်းများကြောင့်  ကိုယ်တိုင်ရေး ပိုစ့် အသစ်များ မတင်နိင်ခြင်းကို အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ)
Saturday, November 19, 2011
လိင်စိတ် လွန်ကဲသူများ(+၁၈နှစ်အောက်မဖက်ရ)
ယောက်ျားများတွင်ရော မိန်းမများတွင်ပါ လိင်စိတ်ကျုးလွန်းသော စိတ်ရှိတက်ကြသည်၊ အချို့ဆိုလျှင် သူတို၏ဖို၊မဆန္ဒမှသောင်းကျန်းလွန်းသဖြင့်  အခြားအလုပ်လုပ်စရာမရှိပဲ ဒီကိစ္စနှင့် သာ ကုန်ဆုံးပြီးနေတက်သည်။
အချို့ သောယောက်ျားဆိုလျှင်စူပါမင်းဟု ခေါ်ရလောက်အောင်လိင်စိတ်တွေနှင့် သာလုပ်ရင်း၊ကိုင်းရင်ဖြင့် သာနေ
တက်သည်။သမိုင်းပုံပြင်ကို ပြန်ကြည့် လျှင် ဟာကြူလီသည် တညတည်းနှင့် အမျိုးသမီး(၅၀)နှင့် အိပ်ခဲ့ သည်ဟု
အဆိုရှိသည်၊ နီးရိုကာ လီဂိုးလား စသည် ဘုရင်များသည်လည်ရက်အနည်းငယ်တွင်းအမျိုးသမီးတရာနှင့် အိပ်နိင် စွမ်းရှိသည်ဟု အဆိုရှိသည်။
ဤလိုသောယောက်ျားတို့ သည် သာမန်လူသားအကြားတွင်နေလို့ မရအောင်ဖြစ်နေတက်သည်၊အလားတူပင်
အမျိုးသမီးတွေလည်း သောက်လေသောက်လေ ငတ်မပြေအောင်ဖြစ်နေတက်သည်။
အချို့ သောယောက်ျားတို့ ၏ လိင်တန်ဆာသည်အစဉ်လိုလို တင်မာနေတက်သည်၊ ဖို၊မ ဆက်ဆံပြီးတာတောင်
သေးငယ်သွားခြင်းမရှိချေ၊ဒီလိုဖြစ်ရခြင်းမှာ အာရုံကြော(သို့ မဟုတ်)ဆီးလမ်းကြောင်တွင် ရောဂါဖြစ်နေသောကြောင့် 
ဖြစ်သည်၊ ဒီလိုလူမျိုးများကို တဏှာအားကြီးသူတွေဟု မဆိုထိုင်ချေ။အချို့ ကြပြန်တော့  နည်းနည်းလေးတွေ့ ရတာနှင့်  စိတ်ထဲတွင်များများဆန္ဒဖြစ်သွားတက်သည်၊ဒါမျိုးတွေက လည်း ဘ၀တွင်အန္တရာယ်ဖြစ်စေတက်သည်။
သူမျိုးမှာလည်း စိတ်ဝေဒနာကြောင့် ဖြစ်ရသည်။
အချို့ အမျိုးသမီးတွေကျပြန်တော့  ယောက်ျားများကိုရေလဲနှင့် ပေါင်းသင်း၏၊တစ်ယောက်သွားလိုက်၊နောက်တစ်ယောက်
ကိုယူလိုက်လုပ်နေတက်သည်၊သိုသော် အချိန်ကျတော့  ရုတ်တရက် စိတ်ငြိမ်သွားပြီ တကယ်အိမ်ရှင်မကောင်း
ဘ၀ကိုပြောင်းသွာတက်သူ မျိုးတွေလည်ရှိသည်၊ ဤလို့ ဖြစ်ရခြင်းမှာ သူဘ၀ကိုကျေနပ်မှုရအောင် ပေးနိင်စွမ်း
ရှိသူကို မတွေ့ ရသောကြောင့် ဖြစ်၏။တကယ်ကျေနပ်စရာလူကိုတွေ့ သောအခါ ငြိမ်သွား၏။
အချို့ ကြတော့  ရည်စားတွေမှိုလိုပေါက်အောင်ထား၏ ၊ဒါက ရာဂစိတ်ဟုမခေါ်နိင် လူရွေးချယ်ခြင်းသာဖြစ်၏။
ဒီလို အမျိုးသမီးများက တကယ်တမ်း သူမနှစ်သက်သူနှင့် တွေ့ သောအခါ သစ္စာရှိသောအိမ်ထောင်ရှင်မများဖြစ်သွား၏။
ဤဓလေ့ မျိုးသည် ယခုခေတ်ကြီးမှ ပေါ်ပေါက်လာခြင်းမဟုတ်၊ ရှေးရောမခေတ်ကတည်းကအထင်အရှားရှိခဲ့ ၏။
 ရောမသူဋ္ဌေးဟူကြွယ်သမီးအချို့ သည် ပြည်တန်ဆာဘ၀ကို ခေတ္တသက်ဆင်းကြသူတွေမနည်းလှချေ၊အချို့ ဆိုလျှင်သူတို့ ကြိုက်သော ယောက်ျားများကို အိမ်တွင်း သိသန့် ထား၏၊ပြီတော သူတို့ သဘောရှိ။ ရှေးခေတ် ခရူးဆိတ်စစ်ပွဲသွား တပ်မတော်သားများက သူတို့ ဇနီးမယားတို့ ကို သံလှောင်အိမ်ဖြင့် သောခတ်ပြီး ထားကြသလို ယောက်ျားများကို လည်း သူတို့ လိုသလိုလှောင်ထားတက်ကြသည်ဟုဆို ပါသည်။
အချို့ ဆိုလျှင် ခြေထောက်တွေဘာတွေညောင်းကုန်သည်.စိတ်ကတော့ မကျေနပ်သေးချေဟုဆိုတက်ကြသည်။ဒီလိုဝေဒနာမျိုး ခံစားနေရသူတွေ ယခုခေတ်တွင်အတော်ပေါပေါများများရှိ၏၊ လူသားတို့ ကို အန္ဒရာယ်ပြုလောက်အောင်
သောင်းကျန်းသဖြင့်  သူတို့ လူစားမျိုးကို ဇနီး(သို့ )ယောက်ျားအဖြင့် ရွေးထားဖို့ ကြောက်စရာကောင်းလှပါသည်။
 (ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)
(လက်တလော ပြည်တော်ပြန်ဖို့ အတွက်အလုပ်ရှုပ်နေပါသည်၊ ကိုယ်တိုင်ရေး ပိုစ့် များ မတင်နိင်သေးပါ )
Wednesday, November 16, 2011
မလိုလားအပ်သော အပျိုစင်ဘ၀များ
ယခုခေတ်အရှေ့ တိုင်းနိင်ငံများမှအယူအဆများသည် အိမ်ထာင်ပြုမည့်  ဇနီးလောင်းသည် အပျိုစင်ဖြစ်ရမယ်ဟု
ဆိုလေ့ ရှိသည်။
သိုသော်ဤဓလေ့ ကို လူမျိုးအားလုံးက လက်မခံကြ၊ ဥပမာ မာကိုပိုလို၏မှတ်တမ်းတွင် တစ်ခေတ်ကတိဘက်နိင်ငံတွင် မည်သည်ယောက်ျားကမှ အပျိုစင်ကိုဇနီးမယားအဖြစ်လက်မခံကြချေ။
အာဖရိကအရှေ့ ဖက်ကမ်းခြေမှ အာကမ်သာဆိုသော လူမျိုးများမှာလည် အပျိုစစ်ထက် ကိုယ်ဝန်ရပြီ အမျိုးသမီး
များမှာ မျက်စိမျက်နှာပွင့် လန်းသည်၊သားသမီးရဖို့   စွမ်းအင်အပြည်ရှိသော မိန်ကလေးအဖြစ် ယောက်ျားတိုင်က
ဇနီးမယာအဖြစ်ရလိုကြသည်။(......)နိင်ငံများမှ လူမျိုးများကြတော့  ကလေးမီးဖွာပြီး မိန်းမများကိုမှ ဇနီးမယား
အဖြစ်သိမ်းပိုက်လိုကြသည်။
လူရိုင်းအတော်များများတွင် အမျိုးသမီးများကို ယောက်ျားပေါင်းစုံဖြင့်  ဧည့်ခံစေပြီ အများနှစ်ခြိုက်ကာ ရွာ၏ကွမ်း
တောင်ကိုင်၊ပန်းတောင်ကိုင် သဘောမျိုးထာပြီး အမြတ်တနိုးလေးစားခြင်း ခံရတက်သည်ဆိုသည်။ အဆိုပါအမျိုးသမီးမျိုးကို အပိုင်ရရှိသောယောက်ျားကို တရွာလုံးက ဖိုးစွံအဖြစ် သတ်မှတ်ခြင်းခံရသည်ထိ ဖြစ်တက်သေးသည်။
ဂျပန်နိင်ငံမှလည်း ဤအယူအဆရှိခဲ့ သည်၊ အချို့ သောဧည့် ခံမယ်များသည်သူဋ္ဌေးများ၏ အပျော်မယားအဖြစ်
ငွေနှင့် ဝယ်ယူသိမ်းပိုက်ခံရသည်။ထိုမိန်းမများသည် လူအများကိုလက်ခံ ၊ဆက်ဆံပြီးသူများဖြစ်ရသည်ဆိုသည်၊
ဒါကအတွေ့ အကြုံများသော မိန်းမသည် ယောက်ျားကိုပြုစုရာတွင် ပိုပြီကျွမ်းကျင်လိမ္မာသောကြောင့် ဖြစ်သည်။
(ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)
Saturday, September 24, 2011
ဘလော့ဂါဆိုတာဘာလဲ.........?
ဘလော့ ဂါ ဆိုတာဘာလဲ
နှုတ်မဆက်ပဲ ရုတ်တရက် တဂ် လိုက်တဲ့  သမီးစံကြောင့် ကျွန်တော်အတွက်လေးလံသွားသလို ချွေးပြန်သွာတာတော့ 
အမှန်ပါပဲ။ဘာကြောင့် လည်ဆိုတော့  ရသရှားတဲ့  ဘလော့ ဂါ ကျွန်တော်ဟာ ၀တ္ထုတိုရေရင် အက်ဆေးဖြစ်၊
အက်ဆေး ရေးရင် ဆောင်းပါးဖြစ် ၊ကဗျာတွေကလည် ကာရံတွေထဲကမထွက် ဂါထာလိုလို အလင်္ကာလိုလိုနဲ့ 
ကိုယ်တိုင်ရေးပြီ စိတ်တိုင်းမကျ ဖြစ်နေပြီး ရေးမှရေးတက်ပါမလားလို့  စိတ်လေးလံသွားတာပါ...
ချွေးပြန်သွားတာကတော့  အဲဒီနေ့ က အခန်းထဲမှာ (Air -con) ပျက်နေလို့ ပါ........:p
ကိုယ့် အလှည့်မကျလောက်ဖူးထင်ပြီး သူများဘလော့ တွေကို သာမန်လောက်ဖက်ပြီး နှုတ်မဆက်ပဲထွက်လာတဲ့ 
ကျွန်တော်သျှင်နေမင်း စာရေးပျင်းနေလို့ မရတော့ ဘူပေါ့ ......
ဘလော့ ဂါ ဆိုတာဘာလဲ.......?
ကျွန်တော် ခပ်ရဲရဲပြောနိင်တာကတော့  ဘလော့ ဂါ ဆိုတာ ဘလော့ ရေးသူ ပါပဲလို့ ၊ ဒါပေမယ့်  ကိုယ်အဓိပ္ပာယ်နဲ့ 
ကိုယ် ဖွင့် ဆိုရရင်ဖြင့်  ဘလော့ ဂါ တွေ တဦးနှင့် တဦး ဖွင့် ဆိုပုံတူညီကြမယ်မထင်ပါဘူး....
ကျွန်တော်ရဲ့  ဖွင့် ဆိုချက်ကတော့  ဘလော့ဂါဆိုတာ ၀ါသနာရှင် ၊စေတနာရှင် အမျိုးအစားထဲမှာပါဝင်ပါတယ်.၊
ဘာကြောင့် ယခုကဲ့ သို့ ဖွင့်ဆိုသလဲ ဆိုလျှင် ကျွန်တော်စိတ်နဲ့ နှိုင်းယှဉ်ပြီးပြောလိုက်တာပါ၊ ကိုယ်တင်တဲ့  ပို့ စ်
တခုတိုင်းမှာ ဗီဒီယိုနှင့် ဓာတ်ပုံဖြစ်စေ၊ဆောင်းပါး၊၀တ္ထုတို တွေထဲမှာ စာဖက်သူတွေကို သိစေချင် မြင်စေချင်တဲ့ 
စေတနာတွေရှိကြပါတယ်၊ ဘလော့ ဂါတယောက်ဟာ ကိုယ်ပိုင်အယူအဆကို လွပ်လပ်စွာတင်ခွင်ရှိပါတယ်။
ဘလော့ ဂါ တယောက်ဟာ အဖွဲ့ အစည်း၊ တစုံတရာရဲ့  ဖိအားအောက်မှာ ရှိနေလျှင် စာကောင်း၊ပေကောင်းများ
ထွက်မလာနိင်ပဲ စာဖက်သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေယုံသာမက အတွေးအခေါ်တွေပါ အဆိပ်အတောက်
ဖြစ်စေနိင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ ဂါ အကိုကြီး ကိုဇော် ပြောသလို ဘလော့ တခုလုပ်ရတာ လွယ်ပါတယ်၊ဘလော့ဂါ
တယောက်ဖြစ်ဖို့ တော့မလွယ်ပါဘူး၊စာတွေ အစုံဖက်ထားရသလို သိခံတက်ဖို့ တော့ လိုပါလိမ့် မယ် ။
စာရေးဆရာ တယောက်ဟာ ၇၅ရာခိုင်နှုန်းက သူတို့ ရဲ့  အတွင်းစိတ်ကို ၀တ္ထုတွေ ဇတ်လမ်းတွေ ၊ဇတ်အိမ်တွေ
ထဲမှာ မြှပ်နှုံထားသလို ဘလော့ ဂါတွေအများစုကလည် သူတို့ ရဲ့  အတွင်းစိတ်ကို ဘလော့ တွေမှာမြှပ်နှုံထား
တက်ကြပါတယ် ၊အိမ်ရှင်မကောင်း တယောက်ဟုတ်မဟုတ်ကို ဘုရားစင်နှင့်  ဖိနပ်စင် ကိုကြည့် ရင် သိနိင်သကဲ့ သို့ 
ဘလော့ ဂါ တယောက်ကို သူရဲ့ အရေးအသား၊ ပို့ စ် တွေကို မြင်ယုံနဲ့ သိနိင်ပါတယ်..........
ဘလော့ ဂါတွေ အသက်အရွယ်၊ အတွေးအခေါ်၊ ဖြတ်သန်းခဲ့ ဖူတဲ့  ပတ်ဝန်းကျင်တွေမတူညီကြတာကြောင့် စာဖက်ပရိတ်သတ်
ပေါ်ပေးကြတဲ့  မက်ဆေ့ တွေကလည်မတူညီကြပါဘူး၊ ဒါပေမယ့် တူညီတာတခုကတော့  ဘလော့ ပေါ်ကိုတင်လိုက်တဲ့ 
ပို့ စ် တိုင်းမှာ စေတနာတွေပါတယ် ဆိုတာတော့  မငြင်းကြမယ်ထင်ပါဘူး(ငြင်းချင်လည် ငြင်းပေါ့  :p)
ဒါကြောင့်  ဘလော့ ဂါ ဘာလဲလို့  မေးလာခဲ့ ရင်..
ဘလော့ ဂါ ဆိုတာ စေတနာရှင်တွေပါလို့  ဖြေမိမှာ ဧကန်မလွဲပါပဲ၊ကျွန်တော် အင်တာနက်နဲ့ စတင်ထိတွေ့ စဉ်က
ဘလော့ ဂါ တွေ ပိုက်ဆံ ဘယ်လောက်ရလို့  စာတွေ၊ကဗျာတွေ၊ ဗီဒီယိုတွေ တင်နေတာတာလဲလို့  ထင်မိပါတယ်၊
(ကိုယ်က တောသားဆိုတော့  ဒီလောက်တော့ ရှိမှာပေါ့ )ဒါပေမယ့်  ဘလော့ ဂါတွေက အရင်ဦးဆုံး ၀ါသနာတွေ၊
စေတနာတွေ၊ အချိန်တွေ ၊ငွေကြေး တွေအရင်ပေးဆပ်နေရတာပါ..ထိုကြောင့်  ပေးဆပ်ခြင်းများစွာနဲ့ ဘလော့ ဂါ
တွေအားလုံး ကို လေးစာနေမိပါတယ်.......
ကျွန်တော်ပြောရဲပါတယ် ကျွန်တော်တို့ မြန်မာဘလော့ ဂါတွေဟာ ဘလော့ ပေါ်တွင်သာမကအပြင်မှာပါသဘော
ကောင်း၊စေတနာကောင်းကြမှာပါ။(ပြန်တဲ့ အချိန် သမီးစံ ဆီက ပိုက်ဆံ ချေးလို့ ကောင်းအောင်ပါ)တနေ့ နေ့ တော့ 
ဘလော့ဂါတွေ ဆုံစည်းပြီ တွေ့ ဆုံကြမယ့် နေ့ ကို မျော်နေမိတာတော့  အမှန်ပါပဲ.ကျွန်တော်လို မထုံးတက်တေး
ခပ်အေးအေး ဘလော့ ဂါတွေ ဘယ်နှစ်ယောက်များ ရှိနေသလဲလို့ ပါ........:P
အင်း.....မရေးတက်ဖူးလို့ သာပြောတာ စာတွေတောင်များနေပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ရသတွေရှားနေတဲ့ အချိန်
သတိတရ နဲ့ ကျွန်တော်ဘလော့ လေးကို ဘလော့ အရာသွင်းပြီး တဂ်ပေးတဲ့ သမီးစံအားကျေးဇူတင်ပါကြောင်း..
ကျွန်တော်အနေနဲ့  တဂ် စရာဘလော့ ဂါမရှိတော့ ပါဘူး၊အကယ်၍ အခင်မင်ဆုံး ဘလော့ တခုကြောင်းရေပါဆိုတဲ့ 
တဂ် ပုံစံမျိုလာခဲ့ ရင် ကျွန်တော်စဉ်းစာမနေပဲ သမီးစံ ရဲ့  ဘလော့အကြောင်းရေးမိမှာပါ..
ဘလော့ ဂါ အကိုတွေ၊အမတွေ ၊သူငယ်ချင်း ဘလော့ ဂါတွေ အားလုံး စိတ်၏ ပျော်ရွှင်ခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် 
ပြည့် စုံကြပါစေ....................၊၊၊၊၊
လေးစားလျှက်...