twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, June 10, 2012

လူသေလူဖြစ်ဝါဒ စာအုပ်ရဲ့ နောက်ကွယ်





အကျိုးသည် အကြောင်းက ဖြစ်ပေါ်လာရ၏ ။ မည်သည့် အမှုကိစ္စ ၊
မည်သည့် အရာဝတ္ထုမျိုးမဆို အကြောင်းမရှိဘဲ   ဖြစ်ပေါ်မလာနိုင် ။
ဤသည်မှာ နိယာမ တရားဖြစ်ပေ၏ ။ ထိုနိယာမ တရားတိုင်းပင် ကျွန်တော်
တို့သည် တောင်တွင်းဆရာတော် သျှင်ဥက္ကဋ္ဌ ၏ အဖြစ်ကို ဆင်ခြင်ကြည့်မိ၏ ။ ဆရာတော်သည် “ လူသေလူဖြစ်
” စာအုပ်ကိုရေးခဲ့၏ ။ ဤသို့လူသေ လူဖြစ် စာအုပ် ကိုရေးခြင်းသည်အကြောင်းတရားပင် ဖြစ်လေ၏
။ဤအကြောင်းတရားကြောင့်ပင် ဆရာတော်မှာ အကျဉ်းထောင်တွင် လည်း ကျောင်းအမှတ်ဖြင့် သီတင်း
သုံးခဲ့ရလေပြီ ။ တရားရုံးမှ ပင့်ဘိတ်ခြင်းများကိုလည်း ခံခဲ့ရလေပြီ ။ ပြီးတော့ ဟိုမှသည်
မှ ဂ ယက်လှိုင်းထ , သလို ပကာသနိယကံဖြင့် ချီးမြှောက်ကြခြင်းကိုလည်း ခံခဲ့ရလေပြီ ။


ကန်တော့ဆွမ်းနှင့်
ခဲမိုး

ထို့အပြင် ယခုတိုင်လည်း အချို့ဒေသများက ဆရာတော်ကြွလာမည်ဆိုလျှင်
အင်တိုက်အားတိုက် ကြိုတင်၍ ကန်တော့ ဆွမ်းလောင်းကြသည်။ ဆရာတော်၏ တရားပွဲများကိုလည်း
အချို့ဒေသမှ အရှင်သူမြတ်တို့က ကြီးစွာသော မေတ္တာ အာနုဘော်တို့ဖြင့် ခဲမိုးဖြိုင်ဖြိုင်သွန်းကြသည်။
ဤသည် တို့မှာ လူသေလူဖြစ်၏ အကျိုးတရားများပေတည်း။

ရေးရသည့် အကြောင်းရင်း

အမှန်တော့ ဆရာတော် သျှင်ဥက္ကဋ္ဌအနေနှင့် အဘယ့်ကြောင့် “ လူသေလူဖြစ်
” စာအုပ်ကို ရေးရသည် ဆိုသည့်အကြောင်း ရင်း တခုရှိရပေဦးမည်။ ဤသို့ အကြောင်းရင်း တခုရှိ၍သာလျှင်
ဆရာတော်သည် လူသေလူဖြစ် စာအုပ်ကို ရေးခဲ့ခြင်း ဖြစ်ရမည် မဟုတ် ပါလော။ ထိုအကြောင်းရင်း
တခုရှိရဦးမည် ဆိုသည်ကို မူလက သတိမမူမိခဲ့ကြ ။ ထည့်သွင်း၍လည်း မစဉ်းစားမိခဲ့ကြ ။ဤလိုနှင့်သာ
ကျွန်တော်တို့သည် လူသေလူဖြစ် လှုပ်ရှားမှု ပြဿနာထဲတွင် သူလိုကိုယ်လိုပင်ရော၍ ပါနေခဲ့ကြရလေသည်


ကျွန်တော်သည် ဆရာကြီးဒဂုန်ဦးလှဖေနှင့်လည်း ပုဂ္ဂိုလ်အရ
ဆရာတပည့်လို ရင်းနှီးနေသည်လည်း တကြောင်း။ ပြီးတော့ ဆရာတော် ကြွလာသည်ဟု ကြားရသည်လည်း
တကြောင်းကြောင့် တညနေဖက်တွင် ရောက်သွားခဲ့လေသည်။ ထိုအချိန်၌ ဆရာတော်သည် အသားဖြူဖြူ
ခပ်ဝဝနှင့် ကော်ကိုင်းမျက်မှန် တပ်ထားသော သတ်လတ်ပိုင်း ကျော်ကျော်လောက်ရှိ လူတယောက်အား
“ လူသေလူဖြစ် ” အကြောင်းရပ်များနှင့် ပတ်သက်၍ ရှင်းလင်း မိန့်ကြားလျက် ရှိနေ၏ ။ ထို့ကြောင့်
ကျွန်တော်လည်း တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေမိသည် ။

ဆရာတော်သည် အထောက်အထား အချက်အလက်များခိုင်လုံလောက်စွာဖြင့်
အတော်ကြာအောင် ရှင်းလင်းမိန့်ကြားပြီး နောက် “ အင်း …. ဒီလူသေ - လူဖြစ်စာအုပ်ကို ဘာ့ကြောင့်
ရေးရတယ်ဆိုတဲ့ ရာဇဝင်ကို ပြောပြရင် မင်းတို့ တော်တော် စိတ်ဝင်စား ကြလိမ့်မယ်ထင်တယ်
” ဟု မိန့်တော်မူလိုက်၏ ။ထို့ကြောင့် ကျွန်တော်က “ မှန်ပါ- အမိန့်ရှိပါအုံးဘုရား ”
ဟု လျှောက်လိုက်ရာ၊ ဆရာတော်က အောက်ပါ နောက်ကြောင်း ရာဇဝင်ကလေးကို မိန့်ကြားတော် မူလိုက်ပါတော့သည်


ဆွမ်းစားရင်း
ဆရာတော်သည် ၁၉၄၇ - ခုနှစ် ဂျွန်လ ထဲလောက်က ရန်ကုန်သို့ရောက်နေကာဗဟန်းဖက်မှ
ပြဿဒ်ကျောင်းတွင် ခေတ္တ သီတင်းသုံး၍ နေခဲ့၏ ။ ထိုအချိန်တွင် ကျွန်တော်တို့၏အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော် အား တာဝါလိန်းလမ်းရှိ သူ၏ နေအိမ်သို့ပင့်၍
ဆွမ်းကျွေးခဲ့လေသည်။ ဆရာတော် ဆွမ်းဘုန်း ပေးပြီးနောက် ဗိုလ်ချုပ်နှင့် အလ္လာပ သလ္လာပ
စကားများ နှီးနှောကြလေသည် ။

ဗိုလ်ချုပ်၏ ရဲသွေးရဲမာန်
ဤသို့နှီးနှောကြရာတွင် ဗိုလ်ချုပ်က ဆစ်လူမျိုးဟု ခေါ်သော ပန်ချာပီ လူမျိုးများမှာ တိုက်ပွဲ၌ ကျည်ဆံနောက်ကျောက
မှန်ပြီးသေရလျှင် ငရဲသို့လားသည်။ ရှေ့တည့်တည့်မှ ရင်ညွှန့်ကို မှန်ပြီးသေရမှ နတ်ပြည်သို့
ရောက်သည်ဟု အယူရှိကြ ကြောင်း။ ဂျပန်လူမျိုးများမှာလည်း
ထိုနည်းအတိုင်းပင် တိုက်ပွဲ၌ ကျဆုံးလျှင် အသေမြတ်သည်  နတ်ပြည်သို့ ရောက်သည် ဟုအယူရှိ ကြကြောင်း ၊ ထို့ကြောင့်
တိုက်ရဲ သေရဲ ကြကြောင်း ဤသို့ ယုံကြည်အောင် အယူ ရှိအောင်လည်း ယင်းတို့၏ စာပေများ အဘိဓမ္မာများက
အကြောင်း ယုတ္တိ ခိုင်ခိုင်လုံလုံနှင့် ရေးသားပြီး ရဲစိတ် ရဲမာန်များ သွင်းပေးထားကြကြောင်း
လျှောက်ထားလေ၏။

တစ်မျိုးသားလုံးအတွက်

ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းက အလားတူပင် ဗမာတပ်မတော်သားများနှင့်
ဗမာတမျိုးသားလုံး အတွက်လည်း မိမိတို့ တိုင်းပြည်နှင့် လူမျိုးအတွေက် တိုက်ပွဲဝင်ကြသည့်
အခါတွင် တိုက်ရဲ သေရဲ အသက်စွန့်ရဲအောင် မကြောက်တရားသွင်း ပေးသည့် စာပေနှင့် အဘိဓမ္မာများအထူးပင်
လိုအပ်နေကြောင်း ၊
ထို့ကြောင့် ထိုစာပေမျိုး အဘိဓမ္မာမျိုးကို ဆရာတော် အနေနှင့်
ရေးသားပြုစုပေးနိုင်မည်ဆိုလျှင် အလွန်တန်ဘိုး ရှိမည် ဖြစ်ကြောင်းဆက်လက် လျှောက်ထားသည်ဟု
ဆိုပါသည်။

လူသေလူဖြစ် စာအုပ်နိဒါန်း စပြီ

ထိုအခါတွင် ဆရာတော်က ရုတ်တရက်ပြန်၍ “ လူသေ လူဖြစ် - လူဖြစ်
လူသေ - တိုက် ကြ ဟေ ” ဟု ရွတ်ဆို ပြလိုက်ရာ ဗိုလ်ချုပ်က အတော် သဘောကျ၍ သွားလေသည်။ ဆရာတော်ကလည်း
ဆက်လက်၍ လူသေလျှင် လူပြန်ဖြစ်နိုင်သည့် အကြောင်းကို “ ဥပါဒါနပစ္စယာ ဘဝေါ ” ဆိုသည့် အပိုဒ်ဖြင့်
ဥပါဒါန်ကြောင့် ဘဝ ဖြစ်ရပုံများကို အကျယ်တဝင့် ရှင်းပြရာ ဗိုလ်ချုပ်က များစွာနှစ်သက်
လိုလားသွားသဖြင့် ဆရာတော်အား ရန်ကုန်တွင် ဝါဆို၍ ထိုသဘောတရားကို ကျမ်းတစောင် အဖြစ်
အပြီးရေးပေးပါရန် လျှောက်ထားတော့၏ ။ သို့သော် ဆရာတော်ကမူ ရန်ကုန်မှာတော့ ဝါမဆိုလိုကြောင်း
၊ တောင် တွင်းသို့သာ ပြန်၍ ဝါဆိုကာ ကျမ်းကို တဝါတွင်းနှင့် အပြီးရေးပေးမည် ဖြစ်ကြောင်း
ပြန်လည် မိန့်ကြားခဲ့လေ၏ ။

ရေးဆဲတွင်
ပြီးနောက် ဆရာတော်လည်း ဂျွန်လကုန်လောက်တွင် တောင်တွင်းသို့
ဝါဆိုမှီ ပြန်ကြွသွားခဲ့သည်။ တောင်တွင်းသို့   ပြန် ရောက် သည့် အချိန်မှ စ၍လည်း ဆရာတော်သည့်
ဗိုလ်ချုပ်အလိုရှိနေသော “လူသေ လူဖြစ်” ကျမ်းကို စတင်ရေးသား လေတော့သည်။ သို့သော် မြှော်လင့်
သလိုကားမဖြစ်ခဲ့ ၊ မမြှော်လင့် သလိုသာ ဖြစ်ခဲ့ရလေသည် ။ အကြောင်းကတော့ ဂျူလိုင်လ ( ၁၉
) ရက် နေ့သို့ေ၇ာက်သော အခါ၌ မသမာသူတို့က ဗိုလ့်ချုပ်တို့အား လုပ်ကြံလိုက်ကြ သောကြောင့်
ပေတည်း ။

နှစ်ပေါင်းကြာလေမှ

ထို့ကြောင့် ဆရာတော်မှာ များစွာ စိတ်ထိခိုက် သွားခဲ့၏
။ နိုင်ငံ၏ နောင်ရေး အတွက်တွေး၍ ရင်မအေး နိုင်အောင်ဖြစ်သွား ခဲ့၏ ။ ရေးလက်စဖြစ်နေသော
လူသေလူဖြစ် ကျမ်းကိုပင် ဆက်လက် ရေးလိုစိတ်မရှိတော့၊ ဆရာတော်၏ လက်သည် အင်အားများ ကုန်ခမ်းသွားသလို
ဖြစ်ခဲ့ရလေသည်။ ကလောင်ကိုပင် ဆက်လက် မနှင်နိုင်တော့။ နောက်မှ တဖြေးဖြေး တရားနှင့် ဖြေ ကာပြန်ဆက်ခဲ့ရသည်။
ထို့ကြောင့် မူလက တဝါတွင်းနှင့် အပြီးရေးမည်ဟုအားခဲ၍ ထားခဲ့သော လူသေ လူဖြစ်ကျမ်းသည်
၁၉၅၀- ပြည့်နှစ်မှပင် နိဂုံးကမ္ပတ် အဆုံးသတ်ခဲ့ ရလေတော့သည်။

ဤရာဇဝင် နောက်ကြောင်းကလေးကို ဆရာတော်က ကျွန်တော်တို့အားမိန့်ကြား
ပြလေသည်။ ဤရာဇဝင် ကလေးကို ကြားရ တော့မှပင် ကျွန်တော်တို့လည်း အံ့သြကြရခြင်းနှင့် အတူ
လူသေလူဖြစ် ကျမ်းစာအုပ်ဖြစ်ပေါ် လာရခြင်း၏ အကြောင်းရင်းကို သိကြရတော့ သည်။

ဗိုလ်ချုပ်၏ မျိုးချစ်စိတ်

တဖန်ဗိုလ်ချုပ်အောင်ဆန်းက ဆရာတော်အား လူသေ-လူဖြစ် ကျမ်းစာကို
ရေးသားရန် လျှောက်ထား ခဲ့သည်မှာလည်း အကြောင်းရင်းများ ရှိပြန်ပေ သေးသည်။ ဗိုလ်ချုပ်သည်
နိုင်ငံကို ပြင်းပြစွာ ချစ်သည်။မျိုးချစ် စိတ်ပြင်းပြသည်။ ထို့ကြောင့် ဒုက္ခအမျိုးမျိုး
၊ ဆင်းရဲအမျိုးမျိုး ခံကာ၊ တိုက်ပွဲများကို ဦးဆောင်ဆင်နွှဲခဲ့လေသည်။ နိုင်ငံလွတ်လပ်ရေး
အတွက်အမျိုးမျိုး ကြိုးပမ်းအားထုတ်ခဲ့လေသည်။

အထူးသဖြင့် နောင် လွတ်လပ်ရေးရယူပြီးသော အခါ၌ မြန်မာနိုင်ငံအား
သူတို့ သြဇာအောက်တွင် ထားလို ကြသော တိုင်းတပါး သား နယ်ချဲ့ လက်သစ်များကို အမျိုးမျိုးရန်စကျူးကျော်၍
ဒုက္ခပေးလာကြမည့်အရေးကို ဗိုလ်ချုပ်က ကြိုတင် တွက်ချက် ထားခဲ့သည်။ ထို့ကြောင့် မြန်မာ
တနိုင်ငံလုံးမိမိတို့၏ အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကို တည် တန့်ခိုင် မြဲအောင် ထိန်းသိမ်း
ကာကွယ်စောင့်ရှောက်နိုင်ကြရန် ရဲသွေး ရဲမာန်များ လိုအပ်သည်။ သို့အတွက် တမျိုးသားလုံး
ရဲရဲ တောက် အာဇာနည်တွေ   ဖြစ်လာအောင်အတွေး အခေါ်သစ် အယူအဆသစ်ယုံကြည်ချက်အသစ်များဖြင့်
ဇာတ်သွင်း ပေးရမည်ဟု ဗိုလ်ချုပ်ကသိမြင် နားလည်သည်။ ဤသည်တို့ကား တဖက်မှ အကြောင်းရင်းများပေတည်း။

ကြီးမားသော ရည်မှန်းချက်

သို့သော် ကျွန်တော်တို့သည် ဤမျှအထိ နိုင်ငံနှင့်လူမျိုးအတွက်
ကြီးမားသော ရည်မှန်းချက် အစီအစဉ်ဖြင့် ရေးခဲ့သည်ဟု မထင်မိ၊ တကယ့်အမျိုးသား ခေါင်းဆောင်ကြီးတယောက်၏
တောင်းဆိုမှုကြောင့် ဖြစ်ပေါ်လာရသည် ဟူ၍လည်း မရိပ်စားမိ။
ယခုတော့ ဆရာတော်ကိုယ်တိုင်က အကြောင်းရင်း ဇစ်မြစ်ကို ဖွင့်ဟမိန့်ကြားလိုက်လေသဖြင့်
ကျွန်တော်တို့၏ အထင်များ လွဲခဲ့ ရလေပြီ။ လူသေ-လူဖြစ်ကျမ်း စာကားအကြောင်းမဲ့ ပေါ်ထွက်လာခဲ့သည်မဟုတ်
ဆရာတော် သျှင်ဥက္ကဋ္ဌ၏ စိတ်အလို ဆန္ဒ တခုတည်းဖြင့် ရေးသားခဲ့သည်မဟုတ်၊ ကျွန်တော်တို့၏ လွတ်လပ်ရေး
ဗိသုကာကြီး လည်းဖြစ်၊ အမျိုးသား ခေါင်း ဆောင် ကြီးလည်းဖြစ်လေသော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က
နိုင်ငံ၏နောင်ရေးအတွက် တမျိုးသားလုံး၏ သူရသတ္တိ များ ထာဝစဉ်ပြောင်မြောက်လာရေးအတွက် လျှောက်ထားတောင်းဆိုခဲ့သောကြောင့်သာ
ထွက်ပေါ်လာရခြင်း ပေတကား ။ ရေးသားထုတ်လုပ်လိုက်ရခြင်းပေတကား။ ။

မူရင်းရေးသူ ဦးမင်းအောင် ( အိုးဝေဂျာနယ် ၁၉၇၁ ခုနှစ်)

ရေးသားသူ
ဦးမင်းအောင်သည် ဗိုလ်ချုပ်အိမ်သို့
ဆွမ်းစားကြွခဲ့သော သျှင်ဥက္ကဋ္ဌ ဖြစ်ထွေ ခေါင်းစဉ်ဖြင့် လွန်ခဲ့သော နှစ်ပေါင်း( ၄၀ ) ကျော်က
အိုးဝေဂျာနယ်တွင် ရေးခဲ့သော်လည်း ဤနေရာ၌ စာရေးသူသည် ဘာသာရေး ရှုထောင့်ဖြင့် တင်ပြလိုသောကြောင့်
ခေါင်းစဉ်နာမည် ပြောင်းကာ တင်လိုက်သည်ကို နားလည်ခွင့်လွှတ်နိုင်လိမ့်မည်ဟု မျှော်လင့်
ပါသည်။

အဘယ့်ကြောင့်
ဆိုသော် ဘုရားဟော မဟုတ်ခဲ့သော ဗုဒ္ဓဘာသာ သမိုင်းများတွင် လူသေလျင် လူပြန်ဖြစ်သည် ( လူကြီး
သေလျင် တမလွန်ကိုတွေးပူနေစရာမလို၊ လူကလေးပြန်ဖြစ်လိမ့်မည် ) ဟူသော ၀ါဒမှာ တော်တော်ပေါ်ပြူလာ
ဖြစ်ခဲ့သည်၊ ယနေ့အထိ တိုင် ဖြစ်နေဆဲ၊ နောင်လဲ ဖြစ်နေအုံးမည် ထင်ပါသည်၊ ချွင်းချက်ရှိသည်က
သံဃာလောကမှာရော ဒကာ ဒကာမများပါ ထိုကျမ်းစာကို ယနေ့အထိတိုင် လက်မခံကြခြင်းပင်၊ စာရေးသူကိုယ်တိုင်ပင်
ငယ်စဉ်ကတဆင့်စကားဖြင့် ဆရာတော်သည်   တော်လွန်း တတ်လွန်းသောကြောင့်( ပညာတတ်လွန်းပြီး သဒ္ဓါတရား
ယုံကြည်မှုအားနည်းသောကြောင့် ) လမ်းလွဲသို့ ရောက်သွားဟန်တူသည် ဟု ထင်မှတ်ခဲ့သည်၊

ဆရာတော်သည် ထိုခေတ်ထိုအချိန်က စစ်တိုက်ဖို့
တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေမည် စိုးသောကြောင့် အားပေးစကား တွန်းအား ဖြစ်စေရန် မိမိကလောင်ကို
ရင်းနှီးလိုက်ဟန်တူသည်။ တဆက်တည်းတွင် နိုင်ငံအပေါ် ပြည်သူအပေါ် အနစ်နာခံကာ ရှေ့ရေး မျှော်
တတ်သော ဗိုလ်ချုပ်၏ စိတ်ဓာတ်ကို အထူးလေးစားမိရသည်။ သို့သော် အစိန္တိတမ္ပိ ဘ၀တိ၊ မထင်မှတ်ထားတာတွေလဲ
ဖြစ်လာတတ်တယ်၊ စိန္တိတမ္ပိ ၀ိနဿတိ- ကြိုတင်ကြံစည်ထားတာတွေလဲ ပျက်စီးသွားတတ် တယ် ဆိုသော
ဗုဒ္ဓစကားတော်အတိုင်း ဆရာတော်မျှော်မှန်းထား သလိုကား ဖြစ်မလာခဲ့၊ သူ့ကလောင် သာ ဘာသာရေး
တရားခံ၊ အဓမ္မ၀ါဒအဖြစ် သတ်မှတ်ခံရကာ အမည်းစက်ကြီးအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။

စာကိုး။    ။  ရေးသားသူ ဦးမင်းအောင်၊  အိုးဝေဂျာနယ် အမှတ် ( ၆၃ ) ၊ ၁၅ . ၇ . ၁၉၇၁ ။
 posted by
ပန်းကမ္ဘာ

Friday, December 23, 2011

တိုင်းပြည်အကျိုးအတွက်အမြင်ကျယ်ကျယ်ဖြင့်သတိထားလုပ်ဆောင်ကြပါရန်။

ယခုတလော လူထုခေါင်းဆောင်ကိုရော၊NLDကိုရောဝေဖန်ရေးသားမှုတွေ
တွင်တွင်ကြီးတွေ့နေရတယ် ကျနော်အားလုံးကိုလေးလေးစားစားဖတ်ပါတယ်။ ယခုနိုင်ငံရေးအခြေအနေအရ အတွေးအခေါ်၊အယူအဆရှုပ်ထွေးနေတဲ့အချိန်မှာ တိုင်းပြည်အကျိုးအတွက်အရာရာကိုသတိထားလုပ်ဆောင်ကြဖို့လိုအပ်တယ်လို့ ထင်မြင်ယူဆမိ၍ ဤ စာဖြင့်ကျနော့်အမြင်အယူအဆကိုတင်ပြရေးသားအပ်ပါတယ်။
လူတိုင်းလူတိုင်းကိုယ်ပိုင်အတွေးအခေါ်အယူအဆကိုယ်စီရှိကြစမြဲပါ၊ဒီအတွေး အခေါ် အယူအဆတွေတသမတ်တည်းအားလုံးတူညီမယ်ဆိုတာလည်းမဖြစ်နိုင်သလို၊အားလုံးကွဲလွဲမယ်ဆိုတာလည်းမမှန်ပါ ။တူတဲ့အခါတူမယ် ၊မတူတဲ့အခါမတူ ရှိကြမှာပါ ဒါဟာ
လူ့လောကမှာအမြဲဖြစ်ပျက်နေတဲ့ထာဝရအမှန်တရားပါ၊ ဒါကြောင့်လူသားတွေဟာ
မိမိယုံကြည်ရာအယူအဆကိုဆုပ်ကိုင်၍ တူညီတာကိုထောက်ခံ၊မတူညီရင်ဆန့်ကျင်ကန့်ကွက်ခြင်းများဖြင့်မိမိဆန္ဒကိုထု
တ်ဖေါ်ကြစမြဲပါ ၊ဒီအခြေခံပေါ်မှာလူ့လောကတွင်
ဝေဖန်ထောက်ပြခြင်း၊ ကန့်ကွက်ဆန့်ကျင်ခြင်း ၊သဘောတူထောက်ခံခြင်းများဟာ
နိုင်ငံရေး ၊ဘာသာရေး ၊လူမှုရေးနယ်ပယ်တွင်အမြဲဖြစ်ပျက်နေခဲ့တာဖြစ်ပါတယ်။
ဒါကို ညှိနှိုင်းဆွေးနွေးမှုဖြင့်သာပြေလည်အောင်အဖြေရှာမှအဖြေမှန်ရမှာပါ ၊ပဋိပက္ခဆိုတာ
အမြဲရှိနေမှာပါ ၊ဒါကို မိတ်ဖက်ပဋိပက္ခ လား ရန်ဖက်ပဋိပက္ခလားဆိုတာခွဲခြားရမှာဖြစ်ပါတယ်
မိတ်ဖက်ပဋိပက္ခ ဆိုရင် မိတ်ဖက်အသွင်ဖြင့် တူတာကို တွဲလုပ် ၊မတူတာကိုခွဲလုပ် ဆိုတဲ့
နည်းနှင့်ဖြေရှင်းမှသာ အဖြေမှန်ရမှာပါ ၊ထိုနည်းသည် နာကျည်း လမ်းခွဲစရာအကြောင်းမရှိပါ
အမှန်ဆုံးနည်းလမ်းဖြစ်သည်ဟုကျနော်ယုံကြည်ပါတယ်။ရန်ဖက်ပဋိပက္ခ ဆိုခဲ့ရင် စည်းခြား ၊
ပြတ်သားဘို့လိုအပ်ပါတယ် တွေဝေလို့မရပါ ။
လူတိုင်းလူတိုင်းမှာမွေးရာပါအခွင့်အရေးအရ လွတ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ်
ဒီအတွေးအခေါ်အယူအဆကိုလည်း လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ရှိပါတယ်ဘယ်သူမှ
တားဆီးလို့မရပါ ဒါဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ် ၊မိမိအယူအဆပေါ်အခြေခံ၍
လွတ်လပ်စွာဝေဖန်ထောက်ပြပိုင်ခွင့်လည်းရှိပါတယ် ဘယ်သူမှငြင်းလို့မရတဲ့ကိစ္စပါ ။
သို့သော် မိမိဝေဖန်ထောက်ပြမှုသည် မိမိဘာကိုရည်ရွယ်တယ်ဆိုတာရှင်းဘို့လိုပါသည်၊
အပြုသဘောဝေဖန်မှုလား ၊အပျက်သဘောဝေဖန်မှုလားဆိုတာသူများထက်မိမိကသာ
အသိဆုံးဖြစ်သည်၊ စာဖတ်သူအားလုံးကလည်းဘာကိုရည်ရွယ်တယ်ဆိုတာကိုနားလည်
ကြပါတယ်ဒါကိုသတိထားဘို့လိုပါတယ် မိမိဝေဖန်ထောက်ပြမှုသည် တိုင်းပြည်အကျိုး ၊
အဖွဲ့အစည်းအကျိုး ၊လူပုဂ္ဂိုလ်အကျိုးအတွက် အပြုသဘောဆောင်ပြီးမိတ်ဖက်အသွင်
ဖြင့်စေတနာအရင်းခံဖြင့်အားမနာတမ်းဝေဖန်ထောက်ပြမှုသည် လူ့လောကအတွက်
အလုပ်သင့်ဆုံးသောအလုပ် ၊အမှန်ကန်ဆုံးသောအလုပ်ဖြစ်တယ်လို့ကျနော်ယုံကြည်
ပါတယ်၊အကယ်၍ မိမိဝေဖန်မှုသည် တပါးသူပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့်
လုပ်ဆောင်ခဲ့သော် ထိုလုပ်ရပ်သည် လုံးဝမလုပ်ထိုက်သောအလုပ်ဖြစ်သလို ၊
လူ့လောက ကလက်မခံသောအလုပ်ဖြစ်တယ် ရှောင်စေချင်ပါတယ်။
ယခုကျနော်တို့တိုင်းပြည်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်
သော NLD က သူတို့ယုံကြည်ရာ အတွေးအခေါ်အယူအဆဖြင့် မဟာဗျူဟာအသစ်
တခုကိုဆုံးဖြတ်ရပ်တည်လိုက်ခြင်းအပေါ်တွင် အတွေးအခေါ်အယူအဆအမျိုးမျိုး
ထွက်ပေါ်လာပြီး ဝေဖန်သံ ၊ ဆန့်ကျင်ကန့်ကွက်သံ ၊ ထောက်ခံအားပေးင်္သတွေ
နိုင်ငံရေးလောကမှာပွက်လောရိုက်နေတဲ့အချိန်ကာလဖြစ်ပါတယ်  တချို့က အာဏာရှင်
ကို လူထုတိုက်ပွဲဖြင့်သာ ဖြုတ်ချလို့ရမယ်လို့ ယူဆသူကယူဆ ၊တချို့က လက်နက်ကိုင်
တိုက်မှသာ ရမယ်လို့ယုံကြည်သူကယုံကြည် ၊တချို့ကအာဏာရှင်ကိုပူးသတ်မှထိရောက်
မယ်လို့ဆိုသူကဆို နဲ့ အတွေးအခေါ်အမျိုးမျိုးကွဲလွဲနေကြတဲ့အချိန်ဖြစ်နေပါတယ်၊
မိမိအယူအဆမှန်တယ် ၊သူ့အယူအဆမှားတယ် နဲ့အငြင်းပွားနေကြတဲ့အချိန်မှာ ဒီမိုကရေစီ
ဘက်တော်သားများအမြင်ကျယ်ကျယ်နဲ့အထူးသတိထားလုပ်ဆောင်ရမည့်အချိန်ကာလ
ဖြစ်တယ်ကျနော်နှိုးဆော်တိုက်တွန်းချင်ပါတယ်၊ဒီအခြေအနေပေါ်တွင်ကျနော်လက်လှမ်းမှီ
သလောက် ဆွေးနွေးညှိနှိုင်းကြခြင်းအပေါ် ကျနော့်အမြင်သဘောထားကိုတင်ပြအပ်ပါတယ်။
အထက်ပါ ကျနော်တင်ပြခဲ့သော အတွေးအခေါ်အယူအဆကွဲလွဲချက်တွေဟာကျနော့်အနေဖြင့်
ဘယ်အယူဆကမှားယွင်းတယ် ၊ဘယ်အယူအဆကမှန်ကန်တယ်လို့မဝေဖန်လိုပါ ၊အခြေအနေ
ပေးရင် အယူဆအားင်္လုးအောင်မြင်မှန်ကန်မှာဘဲလို့ကျနော်ယူဆပါတယ်။ဒီအယူအဆအားလုံး
သမိုင်းစဉ်အရအခြေအနေကွဲပြားစွာ တခုချင်းအောင်မြင့်ခဲ့တဲ့သာဓကရှိခဲ့လို့ဘဲဖြစ်ပါတယ် ။
ကျနော့်အမြင်အရ ယခုအတွေးအခေါ်ကွဲလွဲနေကြသော ဒီမိုကရေစီဘက်တော်သားများဟာ
( ၁ ) စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီကျင့်စဉ်နှင့်ညီသောစံနစ်သစ်တခုပေါ်ပေါက်ရေး
       ဟူသော ပန်းတိုင် သည် အားလုံးအတူတူပင်ဖြစ်သည် ။အားလုံးသည်အဓိကပန်းတိုင်ကို
        ကွဲလွဲခြင်းမရှိပါ ။
( ၂ )  ပန်းတိုင်ကို ကြိုးစားချီတက်ကြရာတွင် မိမိယုံကြည်ရာနည်းနာ မဟာဗျူဟာ ၊ နည်းဗျူဟာ
        ကွဲလွဲခြင်းသာဖြစ်သည်ဟုကျနော်ယူဆပါတယ်။
တူညီသောပန်းတိုင်အတွက်လူတိုင်း ၊အဖွဲ့အစည်းတိုင်းမိမိယုံကြည်ရာ နည်းနာအတိုင်းလွတ်လပ်စွာ
ချီတက်ကြိုးစားပိုင်ခွင့်ရှိကြပါတယ်၊မိမိနဲ့မတူညီသောတခြားသောသူတို့ယုံကြည်ရာနည်းနာများကို
လည်းအပြန်အလှန်လေးစားဘို့အထူးလိုအပ်ပါတယ်၊ အထူးသဖြင့်အဓိကမလုပ်သင့်ဆုံးသောအရာ
မှာ မိမိအယူအဆသည်သာမှန်တယ်လို့ တရားသေဆုတ်ကိုင်ပြီးတခြားသူတို့အယူအဆသည်မှား
ယွင်းသည်ဟုယူဆကာ  ရန်သူသဖွယ် ဂုဏ်သိက္ခာမဲ့အောင်၊သိက္ခာကျအောင် ၊ရှေ့တိုးလို့မရအောင်
နောက်ကလိုက်တိုက်ခြင်းကိုယနေ့ကာလမှာအထူးရှောင်ကျဉ်ရမည်ဟုယူဆပါသည်။ဥပမာ -
ဒေါ်စုသွာတဲ့လမ်းကြောင်းကိုမယုံကြည်လို့မလိုက်နိုင်ဘူးဆိုရင်လဲ မလိုက်ပါနဲ့ကိုယ်ယုံကြည်ရာမှာ
ရပ်ကျန်ခဲ့ပါ၊ကိုယ့်စစ်မျက်နှာနဲ့ကိုယ်လွတ်လပ်စွာသွားပါ ၊အမြင်ကျဉ်းမြောင်းစွာဖြင့်နောက်က
လိုက်မတိုက်ဘို့အထူးအရေးကြီးပါတယ် ဒီလုပ်ရပ်ဟာ မိမိကိုလည်းအကျိုးမပြုသလိုသူများကိုလဲ
အကျိုးမပြုပါ၊အထူးသဖြင့်မိမိယုံကြည်သောဒီမိုကရေစီပန်းတိုင်အတွက်ထိခိုက်နစ်နာသောရလဒ်
ကိုသာရမည်မှာမလွဲပါ၊ သမိုင်းမှာ မိမိအယူအဆကိုတရားသေဆုတ်ကိုင်ပြီး ငါမှန်တယ် ငါနဲ့မတူ
ငါ့ရန်သူဆိုပြီးသူ့အုပ်စု ၊ကိုယ့်အုပ်စု တိုက်ခိုက်ခဲ့ကြလို့တိုင်းပြည်ကြီးစုတ်ပြတ်ထွက်သွားလို့
စစ်အာဏာရှင်စံနစ်ယနေ့ထိသက်ဆိုးရှည်နေပြီးခါးသီးတဲ့ဒီအသီးအပွင့်တွေကိုယနေ့ထိခံစားနေကြရ
တယ်ဆိုတာကိုသမိုင်းသင်ခန်းစာယူပြီးသတိထားဆင်ခြင်ကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။မိမိတို့ဒီမို
ကရေစီဘက်တော်သားအချင်းချင်းလက်တွဲဖြုတ်လောက်သည့်အဆင့်ထိမတိုက်ခိုက်ကြဘို့နဲ့၊
မိမိနှင့်အယူအဆ၊နည်းနာမတူသော်လည်းဒီမိုကရေစီဘက်တော်သားအချင်းချင်းလက်ချင်းချိတ်၍
တူညီသောပန်းတိုင်ကိုမတူညီသောနည်းနာများဖြင့်"ညီညွတ်မှုသည်အင်အား" ဆိုသည်ကိုဆုတ်ကိုင်
ပြီး ၊ဘယ်မုဒ်ကတက်မှမှန်မယ်ဟုမတွေးကြဘဲဘယ်မုဒ်ကဘဲတက်တက်ဘုရားပေါ်ရောက်ဘို့သာ
အဓိကဖြစ်တယ်ဆိုတာကိုနားလည်စွာဖြင့်ချီတက်ကြပါစို့ ။။လေးစားစွာတိုက်တွန်းအပ်ပါသည်။
ကျနော်သည် ဒေါ်အောင်ဆန်းစုကြည် ၊ဦးတင်ဦး ၊ဦးဝင်းတင်ကိုပုဂ္ဂိုလ်ရေးအရယုံကြည်သူဖြစ်သည်
(ကိုးကွယ်ခြင်းတော့မဟုတ်ပါ) ကျနော်ယုံကြည်ရလောက်အောင်လည်းသမိုင်းကိုလုံလောက်စွာ
ဖြတ်သန်းခဲ့ပြီးဖြစ်သည်ဟုကျနော်ထင်ပါသည်။သူတို့သည်တိုင်းပြည်ကိုခုတုံးလုပ်ပြီးမိမိကိုယ်ကျိုး
အတွက်လုံးဝလုပ်လိမ့်မဟုတ်၊ဒီမိုကရေစီပန်းတိုင်သို့အရောက်ချီတက်လိမ့်မည်ဟုခိုင်မာစွာယုံကြည်
ပါသည်၊အကယ်၍ကျနော့်အတွေးအခေါ်အယူအဆမှားခဲ့လျှင်ဒီအကျိုးအတွက်ခံယူဘို့အဆင်သင့်
ပင်ဖြစ်သည်၊ဒါသည်ကျ နော့်ရဲ့ပုဂ္ဂိုလ်ရေးယုံကြည်ရပ်တည်ချက်ဖြစ်သည်။တဖက်မှာကျနော်သည်
၈၈ မျိုးဆက်ကျောင်းသားဖြစ်သည်၊ဤမျိုးဆက်သည်ကျနော့်၏ အသက် ၀ိဥာဉ်ဖြစ်တယ်ထို့ကြောင့်
ပြည်တွင်း ၊ပြည်ပပူးတွဲကျင်းပသော၈၈မျိုးဆက်တရားဝင်အစည်းအဝေးမှဆုံးဖြတ်သောဆုံးဖြတ်ချက်
များကိုမိမိပုဂ္ဂိုလ်ရေးရပ်တည်ချက်နှင့်ကွဲလွဲနေသော်လည်းမိမိခံစားချက်ဦးစားမပေးဘဲတသွေမတိမ်း
ရပ်တည်သွာပါမည်၊ ကျနော်သည်မျိုးဆက်ကိုဘယ်တော့မှသစ္စာဖေါက်မည်မဟုတ်ပါ၊အစဉ်အလာကြီး
မားသော၈၈မျိုးဆက်၏ရပ်တည်ချက်ကိုဘယ်တော့မှသွေဖည်ဆန့်ကျင်မည်မဟုတ်ပါ။ကောင်းခြင်း
ဆိုးခြင်းကိုအစဉ်ခံယူသွားမည်ဖြစ်ပါသည်။ဒါသည်ကျနော်၏သစ္စာတရားပင်ဖြစ်သည် ဤသစ္စာတရား
သည်အစဉ်ခိုင်မြဲနေစေရမည်ဖြစ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
တိုင်းပြည်အကျိုး ၊ ပြည်သူ့အကျိုးကိုအရင်းနှီးပြု၍ အစဉ်ထမ်းဆောင်လိုသောဆန္ဒဖြင့်
သန်းဝင်း ( ရကသ )
၈၈ မျိုးဆက်ကျောင်းသား
၁၂ /၁၃/ ၂၀၁၁
မှတ်ချက် ---  ပြည်တွင်း ၊ ပြည်ပ ၈၈မျိုးဆက်တရားဝင်အစည်းအဝေးဖြစ်မြောက်ရေးကို
                   စွမ်းနိုင်သမျှ အကောင်ထည်ဖေါ်လုပ်ဆောင်သွားမည်ဖြစ်သည်။

Saturday, December 10, 2011

ကွမ်းဓလေ့နဲ့ ကွမ်းစားသုံးသူ ကာကွယ်ရေး

 
ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲတွေမှာလည်း ရပ်ရွာရဲ့ ပြစ်မျိုးမှဲ့မထင်၊ အယဉ်ဆုံး အလှဆုံးသမီးပျိုကလေးတွေကို ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖြစ် ပွဲထုတ်လေ့ရှိကြတာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ပါ။
                         မြန်မာတို့ရဲ့ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံတွေအနက် အတော်များများ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ကို အမီမလိုက်နိုင်တော့ဘဲ တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ကြသော်လည်း ကွမ်းဓလေ့ကတော့ မပျောက်ပျက်တဲ့အပြင် ပိုမိုတွင်တွင်ကျယ်ကျယ် ဖြစ်လာတာမို့ ယနေ့ခေတ်တိုင် ကွမ်းယဉ်ကျေးမှုခေတ် လို့ဆိုရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတစ်ဦးနဲ့ တစ်ဦးဆုံကြရင် ကွမ်းထုပ်ကလေး လက်ကမ်းပေးရင် နှုတ်ဆက်ကြတာ ထုံးတမ်းစဉ်လာဖြစ်နေ လို့ပါပဲ။
                           ယခုအခါ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းထောင့်တိုင်းမှာ ကွမ်းယာ ဆိုင်တွေနေရာယူပြီး တွင်တွင်ကျယ်ကျယ်ရောင်းနေကြပါတယ်။ လူငယ် လူကြီး အသီးသီးကလည်း ပါးစောင်မှာ မြုံ့လို့ တစ်မျိုး၊ အိတ်ကပ်ထဲမှာ ဆောင်ထားလို့ တစ်ဖုံ ကွမ်းကို မြတ်နိုးစွဲလမ်းစွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် အဝေးပြေး ကားမောင်းတဲ့ယာဉ်မောင်းများက ခရီးဝေးကို မောင်းနှင်ရင်း အိပ်ငိုက်သွားမှာစိုးလို့ ကွမ်းကို မဖြစ်မနေ၀ါးကြရတာ ဖြစ်ပါတယ်။
                       ကွမ်းယာဆိုင်အချို့ကလည်း စားသုံးသူများစွဲလမ်းပြီး ပိုမိုအားပေးဝယ်ယူ စေလိုတဲ့ ဆန္ဒနဲ့ ကွမ်းယာကို အမျိုးမျိုးအဖုံဖုံ ပြုပြင်မွမ်းမံကြပါသတဲ့။ နို့မှုန့်ကိုကျိုပြီး ကွမ်းစားထုံးထဲမှာ ရောမွှေပြုပြင်လိုက်တော့ နို့ရနံ့လေးမွှေးပြီး ပိုကောင်းသွားတယ်လို့ သိရပါတယ်။ တချို့က ပိုပြီးကောင်းသထက်ကောင်းစေဖို့ ပျားရည်တို့၊ သံပုရာရည်တို့ပါထပ်ပြီး ထည့်ထားသေးတယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး စွဲလမ်းစေဖို့အတွက် ဓာတုဗေဒဆေးတွေပါ ရောသမ မွှေထားတာမျိုးလည်း ရှိပါသတဲ့။
                     တစ်ခါ ကွမ်းစားဆေးတွေကိုလည်း မှတ်ပုံတင်မဲ့ ဓာတုဗေဒပစ္စည်းတွေ၊ မူးယစ်ထုံထိုင်းဆေးဝါး တွေထည့်ပြီး စားသုံးသူတွေ စွဲလမ်းစေဖို့ ပြုပြင်ထားကြတယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံက ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကွမ်းစားဆေးတွေကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမ၀င် အကောက်ခွန်မဲ့တင်သွင်းရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်တွေမှာ 92, 45 ၊ ဘုရင်မ၊ Signal  ဆိုတဲ့ တံဆိပ်မျိုးစုံအဖုံဖုံကို ကွမ်းသမားတို့စိတ်ကြိုက် ၀ါးစေဖို့ ရောင်းချနေကြပါရဲ့။ ကွမ်းစားဆေးရဲ့ ရနံ့မွှေးက ကွမ်းသမားကို ဆွဲဆောင်နေသော်လည်း ဓာတုဗေဒဆေးတွေရဲ့ အာနိသင်ကြောင့် စားသုံးသူရဲ့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေတာမို့ ကြောက်စရာ ကောင်းလှပါတယ်။
                            အိမ်နီးချင်းနိုင်ငံက တရားမ၀င်ရောက်ရှိလာတဲ့  Ready made ကွမ်းထုပ်  တွေကလည်း ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူချိတ်ဆွဲရောင်းချနေတာ တွေ့ရပါတယ်။ ထုပ်ပိုးပုံစံကကောင်းကောင်း၊ ဆွဲဆောင်မှုရနံ့ကလည်း ကောင်းကောင်း ဆိုတော့ ကွမ်းသမားလူငယ်၊ လူကြီးတို့ စွဲလမ်းနှစ်ခြိုက်စွာ ၀ယ်ယူစားသုံး နေကြပါတယ်။
                            အင်းဝခေတ်မှာ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ "တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး" ဆိုတဲ့ မြန်မာ့ရိုးရာကွမ်းကဗျာမှာ ကွမ်းတစ်ယာရဲ့ အင်္ဂါရပ်များဖြစ်တဲ့ ကွမ်းရွက်၊ ဆေး၊ ကွမ်းသီး၊ ထုံးနဲ့ ရှားစေးတို့ကို ထွက်ရှိရာဒေသနဲ့ တကွ ဖွဲ့နွဲ့စပ်ဆိုဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ် ကွမ်းယာများမှာတော့ ရှေးမြန်မာတို့ရဲ့ ကွမ်းယာမှာပါတဲ့ ရိုးရှင်းလှတဲ့ ပြည်တွင်းထွက်ကုန်များသာမက ပြည်ပက ဓာတုကွမ်းယာပစ္စည်းတွေကိုပါ ဖွယ်ဖွယ် ရာရာ ရောသမမွှေထားပြီး ကွမ်းသမားတွေကို ဆွဲဆောင် နေကြပါတယ်။
                          မြန်မာ့ရိုးရာကွမ်းတစ်ယာမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အာနိသင်က ပိုးမွှားများ ကို သေစေတဲ့အစွမ်းရှိပါတယ်။ အခုပြည်ပက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်နေတဲ့ ဓာတုဗေဒကွမ်းစားဆေးက မြန်မာ့ဆေးရွက်ကြီးထက် အာနိသင်ပိုမို ပြင်းထန်တဲ့အတွက် လူသားတို့ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတဲ့ ဆိုးကျိုးရလဒ် တွေရှိနေပါတယ်။
                          ဒါကြောင့် ပြည်ပနိုင်ငံက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်လာတဲ့ ကွမ်းစားဆေးတွေနဲ့ Readymade ကွမ်းထုပ်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကွမ်းသမားတွေရဲ့ ကျောက်ကပ်တွေ၊ အသည်း တွေထိခိုက်ပျက်စီးမယ့် အန္တရာယ်နဲ့ မူးယစ်ထုံထိုင်းဆေးကို စွဲလမ်းမှုပြဿနာများမှ လွတ်ကင်းဖို့အရေး အကာအကွယ် ပေးဖို့ လိုအပ်နေပါကြောင်း နှိုးဆော်ရေးသားလိုက်ပါတယ်။

written by ဒေါက်တာခင်ဦးမေ

Saturday, December 3, 2011

ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင်

ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၀ိဝါဒကွဲကြသူတွေ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုတော့ ပြောရန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ မြန်မာ့ကျက်သရေဆောင် ဖြစ်သည်။ ဒီအချက်ကိုတော့ဖြင့် ငြင်းစရာ ရှိလိမ့်မည် မထင်ပါ။

ဒီ့အတွက် သက်သေပေါင်းများစွာ ရှိပါသည်။

အခုလတ်တလော အမြင်သာဆုံးအဖြစ် ဟီလာရီကလင်တန်လာသော အဖြစ်ကို မြင်ကြည့်မိသည်။ ဟီလာရီဆိုသည်က ကမ္ဘာလှည့် သြဇာပေးနေသော အမျိုးသမီးကြီးတစ်ဦး။ ထိုကဲ့သို့ ကျနော် အမြင်ရှိသည်။ တကယ်လဲ ထက်မြက်စူးရှသော မိန်းမတစ်ဦးပါပဲ။ အမေရိက၏ First Lady အဖြစ် ၈နှစ်ကြာစိုးစံခဲ့ရသည်။ နောက် သူမ၏ အိမ်နိမ့်စံဘ၀က သိပ်မကြာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရပြန်သေး၏။ သမ္မတဖြစ်ဖို့တောင် လက်တစ်ကမ်းအလိုလေး ရှိခဲ့တာပဲ။ ပြောလိုသည်မှာ ဒီလို အမျိုးသမီးကြီးတွင် မာန်အနည်းနဲ့ အများတော့ ရှိလိမ့်မည်။ ဘယ်သူနဲ့ တွေ့တွေ့ သူမ၏ အဲဒီမာန်ကို မြင်နိုင်သည်ဟု ကျနော် ထင်ပါသည်။

ဒီလိုနှင့် သူမက ဒေါ်အောင်ဆန်းစုကြည်ဆီ လာတွေ့ခဲ့သည်။ ကမ္ဘာမှာလက်ရှိ အထက်မြက်ဆုံးထဲများထဲတွင် အ၀င်အပါဖြစ်သော အမျိုးသမီးနှစ်ဦး တွေ့ဆုံပွဲ။

ကျနော့်ရင်ထဲကို ထိသွားသည်ကား သူတို့နှစ်ယောက်လုံး၏ ဟန်ပန်များကို ဖြစ်သည်။ တကယ့်ငယ်ပေါင်းကြီးဖော်တွေ တွေ့ကြသလို၊ ကွဲကွာနေသော မိတ်သင်္ဂဟများ ပြန်တွေ့ကြသလို လှိုက်လှိုက်လှဲလှဲ ရှိလွန်းလှပါသည်။ ဒီမှာတွင်ပင် ကျနော့်ခေါင်းထဲ စကားလုံးတစ်ခု ၀င်ရောက်လာခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ကျက်သရေဆောင်။

နိုင်ငံခြားရောက်သူတို့က ပြောကြသည်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မိတ်ဆက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နာမည် ပြောပြမိတ်ဆက် ရတာမျိုး ရှိသည်တဲ့။ အိုဗားမား အာဆီယံစည်းဝေးပွဲလာတော့ ပြောလိုက်သည်မိန့်ခွန်းထဲမှ စကားများက ကျနော့်ရင်ကို ပိုထိရှသွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောပြီးဖြစ်ကြောင်းနှင့် ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းများ။ အိုဗားမားလို လူမျိုးကပင် အရေးတယူ မလုပ်၍ မရသော ပုဂ္ဂိုလ်ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် ရှာမှ ရှားလှပါသည်။ ထိုကဲ့သို့သော လူမျိုးက ကျနော်တို့ နိုင်ငံမှာ ရှိနေ၏။ ကျနော်တို့ လူမျိုးဖြစ်နေ၏။ ကျနော်တို့လူမျိုးစစ်စစ် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဖြစ်နေ၏။ ကျနော်တို့လူမျိုးတွေ မှည့်လေ့ရှိသော နာမည်မျိုးစစ်စစ် မှည့်ထားသူဖြစ်နေ၏။ ထို့ကြောင့် မြန်မာ့ကျက်သရေဆောင်ဟု တင်စားထိုက်ပေသည်။

ကမ္ဘာပေါ်မှာ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိမလဲ? ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါ၏။ ကမ္ဘာမှာ ချန်လှပ်ထား၍ မရသော ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံမှ တစ်ယောက်က အ၀င်အပါဖြစ်နေသည့်အတွက် ကျနော်တို့ ဂုဏ်ယူ ရပါသည်။

ကျနော်က ဒေါ်အောင်ဆန်းစုကြည်နားကလူ မဟုတ်ပါ။ သူ အခက်ခဲကြုံနေရစဉ်က မ၀န်းရံနိုင်ခဲ့သလို သူ မြင့်တက်လာသောအခါ ပြေးကပ်သူလည်း မဟုတ်ခဲ့။ အဝေးကြီးမှာ အေးအေးကြီးသာ နေပါသည်။ သို့သော် ကျနော့်ရင်ထဲမှာ ခေါ်နေမိသော စကားတစ်ခွန်းရှိ၏။ ကျနော်တို့အားလုံး၏ အမေ။

အမေဆိုသည်ကား ကျနော်တို့အား လုံခြုံမှုပေးနိုင်သူ၊ လမ်းပြသွန်သင်မှု ပေးနိုင်သူ။ နွေးထွေးမှုပေးနိုင်သူ၊ ဂုဏ်ကျက်သရေကို တိုးစေသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းအတွက် မြန်မာနိုင်ငံသားအားလုံးတွင် မိခင်နှစ်ယောက်ရှိနေ၏။ တစ်ယောက်က
မွေးခဲ့သော အသက်ကို ပေးသည့်အမေ။ ပုဂ္ဂလဘ၀အတွက် ခိုကိုးရာ။ နောက်တစ်ယောက်က နိုင်ငံသားတစ်ယောက်၏ သိက္ခာကိုမြင့်တင်ပေးခဲ့ သည့်အမေ။ မြန်မာဟူသော ဂုဏ်သိက္ခာအတွက် ခိုကိုးရာ။

ဦးသန့်နောက်ပိုင်းတွင် ကမ္ဘာကျော်တဲ့ မြန်မာမရှိဟု ပြောချင်နေသူများ၊ ယိုးဒယား၊ တရုပ်၊ ကုလားများကို အဖေခေါ်ချင်နေသူများအား မှားယွင်းကြောင်း  ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းက သက်ရှိထင်ရှား သက်သေပြနေပါသည်။ ကျနော့်တစ်ဦးတည်း သဘောပြောရပါလျှင် ယိုးဒယားက ကိုယ့်ထက်သာသည်ဟု ပြောလျှင် မချိအောင် နာလှပါသည်။ ယိုးဒယားမုန်းလို့ မဟုတ်ပါ။ အထင်ကြီးစရာဟု ဘယ်တုန်းကမှ ထင်မထားခဲ့သောကြောင့်ဖြစ်ပါသည်။ ဗိုလ်ချုပ်မိန့်ခွန်းပါ တစ်ဘက်နိုင်ငံလို ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်ဆိုသောစကားကို ငယ်ငယ်ကတည်းက စွဲခဲ့၏။ ယခု အဲဒီထက်ကိုယ်ကနိမ့်ကျနေပြီလို့ ပြောလာလျှင် အသက်ကို သတ်သည်ထက်နာ၏။ တစ်ခုတော့ ပြောချင်ပါသည်။ အာဏာလက်ရှိရှိသူ မဟုတ်ပါပဲလျက် (တစ်ခါမှ အာဏာမရခဲ့ဘူးပါပဲလျက်) ကမ္ဘာက ခုလို အလေးစားခံရသူမျိုး ယိုးဒယားမှာ ရှိသလား။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိသလား။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိသလား ဟုပင်။

ကျနော့်စိတ်ထင် ဟီလာရီ၏ မျက်ဝန်းများ၊ အပြုအမူများတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်ကြီး အလေးထားစိတ်ကို မြင်လိုက်ရသည်ဟု ထင်ပါသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိုတစ်ချက်တည်းနှင့်ပင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ အတော်ဂုဏ်ယူသွားမိ၏။ ငါတို့မှာ ဒီလိုလူမျိုး ရှိနေတာပဲ။

ထို ဂုဏ်ယူစိတ်သည် စိတ်ခွန်အားကို ဖြစ်ပေါ်စေ၏။ ငါတို့လည်း ကြိုးစားမယ်ဆိုရင် ဒီလို အဖြစ်မျိုး တစ်နေ့မှာ ရောက်နိုင်တာပဲ။ ငါတို့ရဲ့ မြန်မာ့သွေး မြန်မာ့ဗီဇက ကမ္ဘာမှာ ဒီလိုအနေအထားရှိအောင် ထွန်းပေါက်နိုင်တဲ့ အစွမ်းရှိတယ်။ တို့မှာ လုပ်ရင်ဖြစ်တဲ့ ဗီဇမျိုးစေ့ရှိပြီးသား။ ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်ဟူသော စိတ်များ ပွားများလာစေခဲ့၏။ အသက်ကို ကယ်လိုက်သည့်ပမာ ခံစားရပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစက ရွှေဂုံတိုင်ရုံးရှေ့တရားပွဲကို ကျနော်သွားသည်။ ခပ်ဝေးဝေးကမို့ အရိပ်သဏ္ဍန်မျှသာ မြင်ရပါသည်။ အသံဝိုးတ၀ါးမျှသာ ကြားရပါသည်။ သို့သော် ရင်ထဲတွင် ချမ်းမြေ့သော ညွှတ်နူးခြင်းဖြစ်မိသည်။

နောက်ပိုင်း ပဲခူးခရီးစဉ်မှာကျတော့ ကျနော်ကံကောင်းသည်ဟု ပြောရမည်။ ပဲခူးက သူငယ်ချင်းတစ်ယောက်အိမ်မှာ အလှူရှိလို့ ပဲခူးရောက်နေသည်နှင့် ကြုံ၏။ သူတို့အိမ်ကလဲ ရွှေမော်ဓောဘုရားနှင့် နီးနီးလေး။ ဒေါ်အောင်ဆန်းစုကြည်လာမည်ကြားတော့ ကျနော်တို့ ရွှေမော်ဓောဘုရားမှာ စောင့်ကြသည်။ ဒီတစ်ကြိမ်မှာလဲ အဝေးကပဲ နေလိုက်ပါသည်။ လူအုပ်ကား တော်တော်ပင် များ၏။ လက်တွေ တန်းလျက်သား ကာထားသူများကြားမှ ဒေါ်အောင်ဆန်းစုကြည်။ အနားက အဘွားကြီး တစ်ယောက် အော်လိုက်သံကို ကြားရသည်။

`ဟယ် ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်လေးတော့´
တဲ့။ လှည့်ကြည့်လိုက်တော့ သဘက်ကြီး ခေါင်းပေါင်းထားသော အမယ်အိုကြီးတစ်ယောက်ကို မြင်ရသည်။
`အရှေ့သွားကြည့်လေ အဘွား´
ဆိုတော့ ...
`နေပါစေကွယ်၊ ဒီကလဲ တွေ့ရသားပဲ´
ဆို၏။ သူ့မျက်နှာကား ပြုံး၍နေသည်။ ကျနော် အနည်းငယ်စပ်စုမိ၏။
`အန်တီစုကို ခုလိုမြင်ရတော့ ဘယ်လိုနေသလဲ၊ အဘွား´
ဆိုတော့ ကျနော် မထင်မှတ်သော စကားတစ်ခွန်းထွက်လာသည်။ စကားက နှစ်လုံးတည်း၊ အတော်ထိရောက်သော စကားပါပေ။
`ချစ်တယ်´
တဲ့။ နောက်ဘာမှမပြောတော့ပဲ ကြည်နူးသော မျက်ဝန်းများဖြင့် ဆက်ကြည့်နေလေ၏။

မိမိရင်သွေးတစ်ယောက်အား ကြည့်နေသလို မေတ္တာလွှမ်းသောအကြည့်များဟု ကျနော်ခံစားရပါသည်။ အမေစုသည်ကား ကျနော်တို့လို ငယ်ရွယ်သူများအတွက် အမေသဖွယ် ခံစားရသလို အဘွားအရွယ် အဖိုးအရွယ်များအတွက်တော့ သမီးသဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သူ။ မြန်မာတည်းဟူသော မိသားစုအတွင်းမှ အတောက်ပဆုံး မိသားစုဝင်တစ်ဦးဖြစ်ပါချေသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ခြံတံခါးဝတွင် စက္ကူပြားကလေးကိုင်ကာ ရိုက်ထားခဲ့သောပုံ။ `ကျမကလဲ ပြည်သူတွေကို ချစ်ပါတယ်´ ဆိုသော စာတမ်းပါဓာတ်ပုံကို တော်တော်များများ မြင်ဘူးကြပေလိမ့်မည်။ ပြည်သူတွေမှာလဲ ထောင်မပြဖြစ်သော စာတမ်းတွေ ကိုယ်စီရှိပါလိမ့်မည်။ ပြည်သူတွေကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ် ဟုရေးထွင်းထားသော စာတမ်းများပင်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြသလဲ? အမြင်အမျိုးမျိုး ရှိပါလိမ့်မည်။ ကျနော်ကတော့ မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းဖြစ်၏။ တခြား သူ့လုပ်ဆောင်ချက်များအပေါ် အလေးအနက် ကျေးဇူးတင်မိသော်လည်း မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းက ပိုပါလိမ့်မည်။

စကားစပ်၍ ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သွေးဖြစ်သော်လည်း ဦးအောင်ဆန်းဦးကိုတော့ ကျနော်တို့ မချစ်ပါ။ ဦးအောင်ဆန်းဦး အင်တာဗျူးပါသော ဂျာနယ်ကိုလည်း မဖတ်ပါ။ စိတ်ထဲ နာနေသည်ဟုပင် ပြောရမည်လား။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ပြီ အဖရေဟု ဗိုလ်ချုပ်အား တိုင်တည်သော စာပိုဒ်ကို သူ့အား ကြည့်ကာ ရင်ကွဲမတတ်ရည်ညွှန်း သီဆိုနေသူများအား လျစ်လျူရှုခဲ့ရက်သူဟု မြင်ပါသည်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေးနေလို့ ရပါလျက် ဒုက္ခတွင်းသို့ ဆင်းလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကို ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။

တစ်ခါတစ်လေ သူ့လုပ်ဆောင်ပုံနှင့် ပတ်သက်၍ သဘော မတူသည်များ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအခါမျိုးတွင် ငါ ဥာဏ်မမီလို့ပဲ နေမှာလေဟု ကိုယ့်ကိုယ်ကို ဖြေလျှော့မိ၏။ ကမ္ဘာက လက်ခံသော လုပ်ကိုင်ဆောင်ရွက်ပုံကို သူသာ တတ်သိ နားလည်ပါသည်။ ကျနော်တို့ကား သူ နောက်လိုက်များ၊ သူ့ကို သစ္စာရှိစွာ ၀န်းရံကြရုံသာ ရှိ၏။

ကိုမင်းကိုနိုင်မွေးနေ့ အထိမ်းအမှတ်ပွဲသို့ ရောက်သွားစဉ်က ရောက်လာသူ ပရိသတ်များအား ဒေါ်အောင်ဆန်းစုကြည် ပြတင်းပေါက်မှ မျက်နှာ ထွက်ပြခဲ့သည်ကို မြင်တွေ့ရသည်။ တကယ်ကို နေတစ်စင်း ထွက်ပြူလိုက်သလိုပါပဲ။ လူတွေကို ကြည့်၍ သိမ်မွေ့စွာ ပြုံး၍ သူ လက်ပြခဲ့သည်။ တည်ငြိမ်သော ဟန်ပန်နှင့်အတူ အဟုန်ပြင်းသော အားအင်တစ်ခုကို ခံစားလိုက်ရသည်။

ကျနော့်စိတ်ထဲတွင် ပုံပြင်တစ်ပိုင်းတစ်စကို သွားသတိရလိုက်မိ၏။ လေနဲ့ တောင် ဘယ်သူ အစွမ်းထက်သလဲဆိုသည်က ထိုပုံပြင်ပါ မေးခွန်း။ ရုတ်တရက်ကြည့်လျှင်တော့ တောင်ဆိုသည်က ထုထည်ကြီးသည်။ အင်အားရှိသည်။ အခြေတောင့်သည်။ တောင်က ခိုင်မာတယ် အင်အားကြီးတယ်လို့ ထင်ရမလိုပါပဲ။ သို့သော် ညင်သာစွာ အဆက်မပြတ်တိုက်ခတ်နေသော လေက နောက်ဆုံး အင်အားကြီး ကျောက်တောင်ကြီးကိုပင် အစွမ်းမဲ့သော ကျောက်မုန့်အစအနကလေးများဖြစ်အောင် ခြေမွပစ်နိုင်ကြောင်း ပုံပြင်မှာ အဖြေပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း လေကဲ့သို့ တည်ငြိမ်ညင်သာမှုရှိ၏။ ပြီးတော့ အဆက်မပြတ်သော ၀ိရိယရှိသည်။ အမိုက်မှောင်သည် ကျောက်တောင်ကဲ့သို့ ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်က ခြေလွှင့်ပစ်နိုင်လိမ့်မည်ဟု ကျနော်မျှော်လင့်ထားပါ၏။

ထို့အပြင် ...
မြန်မာပြည် ဂုဏ်သိက္ခာမဲ့စေမည့်ကိစ္စများအား တားဆီးနိုင်မည့်သူအဖြစ်လည်း ခံယူမိပါသည်။ မြန်မာပြည်သည် အာရှတွင် ထွန်းတောက်ခဲ့ရာမှ ပြည်တွင်းရေးပြဿနာများကြောင့် နောက်တန်းရောက်ခဲ့ရသည်။ သံထည်ကောင်းပါလျက် ထုတ်မသုံးနိုင်လို့မို့ သံချေးတွေတက်ကာ တုံးသလို ဖြစ်နေရသော ဓားတစ်စင်းလို ခံစားမိသည်။ ထိုဓား၏ ထက်မြက်မှုကို အသစ်ပြန်ဖြစ်စေရန်တော့ ကျနော်တို့အားလုံး ကြိုးစားကြရပါမည်။ ယင်းသို့ ကြိုးစားရာတွင် ဒေါ်ဆောင်ဆန်းစုကြည်မှာ ဦးဆောင်သူနေရာက ပါဝင်နိုင်လိမ့်မည်၊ကမ္ဘာတွင် ၀င်ဆန့်သော သူ့အရည်အသွေးများဖြင့် မြန်မာတည်းဟူသော ဓားတစ်စင်း ပိုမိုတောက်ပအောင် ထည့်ဝင်သယ်ပိုးမှုများစွာ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ထိုသို့ ယုံကြည်သောကြောင့်လည်း မြန်မာ့ ကျက်သရေဆောင်ဟု ကျနော်  တင်စားမိခဲ့ခြင်းဖြစ်ပါလေတော့သည်။

သွန်းနေစိုး Thorn Nay Soe

Wednesday, November 30, 2011

ကျေနပ်မှုရရှိသော အိမ်ထောင်သည် အမျိုးသမီးတို့ ထံမှ အကြံပေးချက်များ



ယခုလို အိမ်ထောင်မှုကိစ္စကိုပွင့် ပွင့် လင်းလင်း ပြောဆိုနှီနှောခွင့် ရလာသောခေတ်တွင်တိုးတက်သောနိင်ငံများမှ အိမ်ထောင်၏သည်အမျိုးသမီးပေါင်း ဂ၃၀၀ဦးတို့ မှ မေးခွန်းအချက်ပေါင်း ၁၀၃ချက်ပါသောမေးခွန်းများကို ၁၉၈၂ခုနှစ်အတွင်းကအမျိုးသမီးဂျာနယ်တစ်ခုမှပေးပို့ ခဲ့ သည်။ရရှိသောအဖြေများကိုကွန်ပြူတာအကူအညီဖြင့် တွက်ချက်ကြည့် ရာ၁၂%သော အိမ်ထောင်သည်အမျိုးသမီးတို့ မှ အိမ်ထောင်အတွင်းရေးကိစ္စတွင် အထူးကျေနပ်မှုရရှိနေကြသည်။ သူတို့ စိတ်ကျေနပ်မှု ရကြသည် အကြောင်းအရင်းမှာ အောက်ပါတို့ နှင့် ဆက်စပ်နေသည်ဟုဆိုပါသည်။

၁။အိမ်ထောင်အတွင်းရေးကိစ္စဦးစားပေးသည်

စိတ်ကျေနပ်မှုအထူးရနေသောအမျိုးသမီးတိုင်ကဤကိစ္စကိုတာဝန်တရပ်ဟုမမြင်ကြပဲ ပျော်စရာမြူစရာကိစ္စတစ်ရပ်ဟု မြင်ကြသည်။
မည်သို့ ပင် မအားလပ်ပဲ ရှိကြစေကာမူ ဤကိစ္စတွက် သူတို့ မှအချိန်ရှိကြသည်။၅၀%သော အမျိုးသမီးတို့ သည် ၄င်းတို့ ယောက်ျားတို့ နှင့်  အတူအိပ်ရာထဲဝင်ကြသည်။အိပ်ရာဝင်ချိန်ရောက်ပြီဆိုတာနှင့် ဇနီးမယာလုပ်သူက ကြည့် နေသောရုပ်မြင်သံကြား(သို့ )လုပ်ကိုင်နေသောအလုပ်ကိုအသာချထားပြီးခင်ပွန်းသည်နှင့် အတူလက်တွဲ၍ အိပ်ရာထဲဝင်ကြလေ့ ရှိကြသည်။အမျိုးသမီးတဟောက်၏အဆိုအရ"ကျွန်မတို့မှအိမ်ထောင်သက်ရင့်လာသည်နှင့် အမျှ သူဘာလိုချင်သည်ကိုမျက်လုံးနှင့် ကြည့် လိုက်ရုံဖြင့် အဖြေရနေပြီဖြစ်သည်။"သမီးရည်စားဘ၀က တွေ့ ရာနေရာမှာ ချစ်တင်နှီနှောနေသလိုပါပဲတခါတလေ နေ့ လည့် စာစားချိန်၌အိမ်မှာချိန်ပြီး တွေ့ ကြပါသေးသည်။တခါတလေကလေးများကျောင်သွားနေကြသည့် အချိန်မှာတမင်ရုံအလုပ်များကိုခွင့် ယူတန်ယူ၊ဘေးဖယ်ထားသင့် တာကိုဘေးဖယ်ပြီးအလုပ်ဖြစ်ကြသည်။ဤသို့ ရုံးချိန်၌ နေ့ လည်စာ ထမင်းစားချိန်မှာ ချိန်းရတာ နားကြားလို့ တော့  မကောင်းပါ။ကျွန်မအဖို့တော့ ချစ်ဦးသူနှင့် ချိန်းတွေ့ သလို ခံစားရပါတယ်.......။။ဤကဲ့သို့ ဘ၀အရသာကို ပြည့် ပြည့် ၀၀ခံစားရအောင်လည်း အိမ်ခန်းကို ပြုပြင်ထားခြင်း၊သာယာသော သီးချင်းသံကို ဖွင့် ပေးထားခြင်း၊တဖက်သားကို ဆွဲဆောင်သော အ၀တ်အစား ၀တ်ဆင်ခြင်း၊ရေမွေး၊ပေါင်ဒါ၊နှုတ်ခမ်းနီတို့ ဖြင့်  ပြုပြင်ထားခြင်းတို့ ကိုလည် သုံးပါသည်။
ကျွန်မကိုယ်ကျွန်မ လှအောင်ပြုပြင်ပြီး အသင့် ရှိပါစေ....။

၂။တဖက်သားကို သိစေသည်

အိမ်ထောင်အတွင်းရေးကိစ္စနှင့် ပတ်သတ်လျှင်ပွင့် ပွင့် လင်းလင်းဆက်သွယ်ပြောဆိုလေ့ ရှိကြသည်။ခင်ပွန်သည် အပေါ်သူမကမည်မျှချစ်မြတ်နိးကြောင်းသိစေသည်။"ချစ်ပါတယ်"ဆိုသောစကားကိုစိတ်ထဲ နှလုံးထဲကဖြစ်ပေါ်သည့် အတိုင်း အကြိမ်ကြိမ်ပြောသည်။လက္ခဏာမျိုးစုံပြသည်၊တစ်ယောက်ပေါ်တစ်ယောက် သံယောဇဉ်ကြိုး ကြီးမာကြောင်းကို သားသမီးများရှေ့ မှာပင် ဖြစ်စေပြသသည်။၂၅နှစ်အရွယ် အမျိုးသမီးတစ်ယောက်၏ အဆိုအရ"ကျွန်မတို့  ဆက်ဆံရေးမှာ ဤကိစ္စက အရေးကြီပါသည်၊၄င်းထက်ပို၍အရေးကြီးလည်းချစ်တင်းနှီနှောသောအချိန်ဖြစ်သည်။ ကျွန်မမှာ ကြောက်စရာ၊လန့် စရာ၊ရင်ဖိုစရာကိစ္စ ကလေးများနှင့် ကြံတွေ့ ရသောအခါတစ်ဦကိုတစ်ဦးပွေ့ ဖက်ပြီ အနည်းဆုံးလက်ကလေးကို ကိုင်ပြီ ပြောရတာကိုပဲ အရသာရှိလှပါသည်။ကျွန်မတို့ အဖို့  အိမ်ထောင်ရှိပြီး
ချစ်တင်နှောရတာ အချိုပေါ်သကာလောင်းသလို အရသာထူးလှပါသည်ဟု ဆိုထားပါသည်။

၃။စိတ်ပါဝင်စားမှု

အိမ်ထောင်အတွင်းရေးကိစ္စအတွက်ဆိုလျှင်အိမ်ထောင်သည်အမျိုးသမီးတို့ သည်အခြာလူမှုရေး၊စီပွားရေးစသည့်  ကိစ္စအ၀၀တို့ ကိုခေတ္တမေ့ ပစ်လိုက်သည်။ကိုယ်ရောစိတ်ပါမိမိ၏ချစ်သူခင်ပွန်းသည်အပေါ်ပုံအပ်ပေးလိုက်သည်၊သား၊သမီးရေနှင့် အခြာစဉ်းစာ
စရာ ကိစ္စများအားလုံးကို လုံးဝမစဉ်စားပေ၊ဤသို့ ကိုယ်ရော စိတ်ပါ တဖက်သားအပေါ် ပုံအပ်ပေးသော အမျိုးသမီးများသာလျှင်စိတ်ကျေနပ်မှု အများဆုံးရလေ့ ရှိသည်။

၎။မိမိကိုယ်မိမိအရေးပါမှု

မိမိသည်အမျိုးသမီးတယောက်ဖြစ်၍ ယောက်ျားပြုသမျှ နုရမည်ဟူသော စိတ်မျိုးမထားပဲ ဤကိစ္စမှာ မိမိ၌တာဝန်ရှိကြောင်း နားလည်သဘောပေါက်ရန်လိုသည်။မိမိခင်းပွန်းသည်က မိမိပေါ်စိတ်ဝင်းစာအောင် ၀တ်စားဆင်ယင်မှု၊ပြောဆိုမှု၊အစားအသောက် စသည်တို့ ပေါ်အခြေခံပြီ ပြုပြင်ပေးရသည်ဆိုသော တာဝန်ကို နားလည်သဘောပေါက်ရပါမည်။အထက်ပါ အမျိုးသမီးများကဲသို့  ဆန္ဒပြည့် ပြည့် ၀၀ခံစားနိင်ရအောင် မည်သို့ လုပ်ကြမည်နည်း။အဖြေရှိပါသည်..ဆန္ဒနည်းပါသည်ဟု ခင်ပွန်းသည်များ၏ မှတ်ချပေးခြင်း ခံထားရသော
အမျိုးသမီးများ အနေနှင့် အောက်ပါအချက်တို့ ကို ဂရုစိုက်ရန်လိုပါသည်။....

    ........... အချိန်ပို၍ ပေးပါ...............

သင်၏ အခြားပိုလျှံသော အချိန်များကို မိမိဝါသနာပါရာကို လုပ်ကိုင်နေမည့်အစား ခင်ပွန်းသည်များအတွက် အချိန်ပို၍ပေးပါ။ခင်ပွန်းသည်ထံမှလည်း တုံ့ ပြန်မှုရပါလိမ့် မည်။ချစ်ပါသည်၊ကြင်နာပါသည်၊မြတ်နိုးပါသည် ဆိုသော စကားမျိုးကို ထပ်ခါ ထပ်ခါသုံးပါ၊ခင်ပွန်းသည်အပေါ် ချစ်ခင်မြတ်နိုးကြောင်းအပြုအမှုဖြင့်  ပြသပါ။

..........သင်၏သောကများကို မေ့ ထားလိုက်ပါ...........

အိပ်ခန်းတံခါးကိုခင်ပွန်းသည်ပိတ်လိုက်ပြီဆိုသည်နှင့် သင့် မှာစဉ်းစာစရာလုပ်စရာကိုင်စရာများကို မေ့ ထားလိုက်ပါ။ခန္ဒကိုယ်ရောစိတ်နှလုံးကိုပါ ခင်ပွန်းအပေါ် အပ်နှံကြည့် ပါ ၊တုံ့ပြန်မှုရပါလိမ့် မည်။

..........မိမိကိုယ်ကို ချစ်ပါ.............

မိမိ၏ခန္ဒကိုယ်ကိုလှသည်ထက်လှအောင် ပြုပြုပြင်ပြင်နေထိုင်လိုက်ပါ။ငွေးကြေးအကုန်အကျခံဖို့ မဆိုလိုပါ၊မိမိကိုယ်မိမိတနေ့ တမျိုးလှအောင် ပြုပြင်ပါ။ဆန္ဒပြည့် ဝအောင် ခံစားနေရသောအမျိုးသမီးများမှာဘ၀ကံအကျိုးပေး၍ရလာသည်မဟုတ်၊မိမိကိုယ်မိမိကြိုးစားပြုပြင်ယူ၍ရခြင်းသာဖြစ်သည်ဆိုသော အချက်ကိုလေးလေးစာစားယုံကြည်ပါ.....။။


 (ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)

Wednesday, November 9, 2011

ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ

ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။

ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ “ ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို.” BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။

ပြည်ပ အခြေစိုက် Mizzima သတင်းဌာနကလဲ  “The Fall of a Symbol, The Rise of the Politician” ဆိုတဲ့ ခေါင်းစဉ်တခုနဲ. နိုင်ငံခြားသူ ဒိန်းမတ် ကျောင်းသူတဦး- Lea Friedberg ရေးတဲ့ ဒေါ်စု၏ အနာဂတ်ကို ခပ် ဖွဖွလေးနဲ. စကားလုံးတွေနဲ. ခြေထိုးလိုက်ပြန်ပါသည်။ တကယ်လို. လက်၇ှိ အစိုးရနဲ. ပူပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲတွေ ၀င်မယ်။ အစိုးရ ၀န်ကြီးတာဝန်တွေ ယူလာမယ်ဆိုရင် နိုင်ငံရေးသမားတဦးအနေဖြင့်တော့ မြင့်တက်လာနိုင်ပေမယ့် တချိန်းတည်းမှာ ဒေါ်စုဟာ တိုင်းပြည်အတွက် သင်္ကေတ တခုအဖြစ်ကနေ ကျဆုံးသွားမယ်လို. သုံးသပ်လာတာပါ။ ဒါဟာလဲ ဒေါ်စုကို Democracy Icon & Freedom Icom အဖြစ် တင်စားပြီး နိုင်ငံတကာ ဈေးကွက်မှာ ပြစား လုပ်စားခဲ့သူတွေအတွက် တကယ်လို.သာ ဒေါ်စုက ဦးသိန်းစိန် အစိုးရနဲ. လက်တွဲပြီး ပူးပေါင်းသွားမယ်ဆိုရင် အခုလိုမျိုးနဲ. ဆွဲချဖို. Icon တခုအဖြစ် ဆက်မထားချင်တဲ့ မမြင်လိုတဲ့သူတွေရဲ့ ခပ်ပါးပါး လမ်းကြောင်းပေး ပြောဆိုရေးသားချက်တွေပါ။ ဒီအထဲမှာ နိုင်ငံခြားသားတွေ မြန်မာ့အရေး လုပ်နေပါတယ်ဆိုတဲ့အဖွဲ.တွေ NGOs တွေဟာလဲ ဒေါ်စုကို လက်ရှိ အစိုးရနဲ. တစားထဲ ထားပြီး တန်းညိကာ အိုက်ကွမ်-ICOM စံပြ သင်္ကေတာ-Symbolic Leader နေရာကနေ ဖယ်ရှားလိုတဲ့ သဘောထားတွေကို ထင်ဟတ်နေပါသည်။

“မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးကို ပြောင်းလဲဖို. လိုတယ်” လို. NCGUB ပြည်ပရောက် အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာ သောင်းထွန်းကလဲ ပြည်ပ သံလွင့်ဌာနတခုကနေ စတင်ပြီး ဒေါ်စုကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဝေဖန်လာပါပြီ။ သူကိုယ်တိုင်ကတော့ ပြည်ပ အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ရာသက်ပံ ရယူထားတဲ့အပြင် တကယ်ဆိုရင် UN အထွေထွေ အတွင်းရေးမှူးချုပ်တွေသာ ပြောင်းသွားတယ် သူကတော့ ဒီရာထူး UN Shadod Ambassador နေရာကို NCGUB အစိုးရအဖွဲ. စပြီး ဖွဲ.ကတည်းက ယူထားသူပါ။

ဒီထက် စိတ်ဝင်စားဖို.ကတော့ လက်ရှိ NGGUB အစိုးရအဖွဲ.၏ ၀န်ကြီးချုပ်ရာထူးကို ဒေါက်တာ စိန်ဝင်းဟာ စပြီးဖွဲ.စည်းခဲ့တဲ့ ၁၉ ၉ ၀ ကနေ ၂၀၁၁ ခုနှစ်အထိ ပေးထားခဲ့ ယူထားခဲ့ ခန်.ထားခဲ့တာကရော ဒေါက်တာ စိန်ဝင်းက ထွက်သွားတဲ့ အမတ်တွေထဲမှာ အတော်ဆုံး အရည်အချင်း အရှိဆုံးမို. NCGUB ၀န်ကြီးချုပ်ရာထူးကို ရာသက်ပံ ပေးထားတာလား ဒေါက်တာ သောင်းထွန်းတို. ပြောသလို လူပုဂ္ဂိုလ်အရ ပေးထားတာလား ရှင်းပြဖို. လိုပါမည်။ ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ် အောင်ဆန်း၏ တူ၊ အာဇနည် ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစဉ်အလာ ကြီးမားမှုကြောင့် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး နေရာ ပေးထားခြင်း မဟုတ်ပါလား။ တကယ်လို. ဒေါက်တာ သောင်းထွန်းအနေဖြင့် မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး လုပ်သင့်တယ်လို. တကယ် ယုံကြည်လိုက်ခံနေရင် တခြားသူတွေကို ထောက်ပြတာထက် ကိုယ့်အဖွဲ.အစည်း ကိုယ် ကိုယ်တိုင် ကိုယ်စားပြုနေတဲ့ အဖွဲ.အစည်းကို ဒီအတိုင်းဖြစ်အောင် အရင် လုပ်ပြလိုက်ပါ။

မြန်မာနိုင်ငံရှေ.နေများကောင်စီ-BLC အဖွဲ.က ခေါင်းဆောင်ဆိုတဲ့ ဦးအောင်ထူးက လက်ရှိ အစိုးရ အဖွဲ.ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ပြင်ဆင်ချက်တွေနဲ. ပတ်သက်ပြီး ဝေဖန် ထောက်ပြရာမှာလဲ  “ဥပဒေမှာ မပါတဲ့အချက်အလက်တွေကို ပြောဆိုရာ ရောက်တယ်”လို. NLD အဖွဲ.၏ ပြောရေးဆိုခွင့်ရှိသူ ရှေ.နေ ဦးဥာဏ်ဝင်းက ပြည်ပ သတင်းဌာနတခု၏ အပြန်အလှန် ဆွေးနွေးမှုမှာ ထောက်ပြခဲ့ပါသည်။ BLC  ဦးအောင်ထူးရဲ့ အဆိုရ ပြောရင်တော့ အခု ပြောင်းလဲ ပေးလိုက်တဲ့ အချက်တွေဟာ ဘာမှ မထူးခြားတဲ့အပြင် ၂၀၀၈ ကို လေးစားလိုက်နာမယ်လို. ခံဝန် လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်၏ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေ စိုးမိုးရေးတွေကို ဥက္ခာပြုလိုက်ရာရောက်တယ် ဆိုပြီး နိုင်ငံရေးအရ ကြည့်ကာ ဥပဒေကြောင်းအရ မသုံးသပ်ဖဲ ကိုယ်လိုရာကို ဆွဲပြောသွားပြန်ပါတယ်။

ဒါကြောင့် NLD အဖွဲ.နှင့် ဒေါ်အောင်ဆန်းစုကြည်တို. ပါတီ တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်လို. ဆုံးဖြတ်လိုက်ရင်ဖြင့် ဒေါ်စုကို မျှားဦးလှည့် ပြီး ဝေဖန် တိုက်ခိုက်ကာ နိုင်ငံရေး နယ်ပယ်ကနေ စွန်.ခွာအောင် လုပ်မည့်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်.ကျင်ခဲ့ပြီး အစိုးရ လုပ်သမျှ NO NO NO လုပ်ခဲ့တဲ့ ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ.တွေက ခေါင်းဆောင်တွေက ပိုများမည် ဖြစ်ပါသည်။ လူတွေ ပြောတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမာသူတွေရဲ့ ထိုးနက်ချက် ဝေဖန် တိုက်ခိုက်မှုတွေထက် ဒေါ်စုကို အကြောင်းပြုပြီး လုပ်စားခဲ့သူ လုပ်စားနေသူ လုပ်စားဖို. ဆက် ကျိုးစားနေသူ နေရာ ရရှိနေတဲ့ Status Quote ဖြစ်နေသူတွေသာ ဖြစ်ပါမည်။ မကြာခင် စောင့်သာ ကြည့်ပါ ဒီ ခန်.မှန်း ပြောဆိုချက်တွေ မှန် မမှန်ကိုပေါ့။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့် နိုင်ငံရေး ပြိုင်ဖက်တွေဟာ အစိုးရအဖွဲ.အတွင်းက သဘောထား တင်းမာသူ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟုတ်တော့ပဲ ဒေါ်စုကို တချိန်က ခေါင်းပေါ်တင်ခဲ့ပြီး ကမ္ဘာ ပတ် လုပ်စားသူတွေ ဒေါ်စု မျက်နှာ စွပ်ပြီး နိုင်ငံတကာမှာ အကူအညီတွေ အထောက်အပံ့တွေ ယူခဲ့သူတွေဟာ ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ပစ်မတ်တွေထားပြီး ဖယ်ရှားဖို. စတင် ခြေလှမ်းလာခြင်း ဖြစ်ပါသည်။

အဲဒီ အုပ်စုတွေထဲမှာ သေခြာပေါက် ပါလာမည့်သူတွေကတော့ အစိုးရ လုပ်သမျှကို NO  လုပ်တာပဲ သိတဲ့ NO အုပ်စုက သဘောထား တင်းမားသူတွေ၊ လက်ရှိ ပြည်ပ နိုင်ငံရေးကို အနှစ် ၂၀ ကျော် ဦးဆောင်မှု ခေါင်းဆောင်ပိုင်းနေရာကို ရရှိထားတဲ့ နယ်စပ်နဲ. ပြည်ပ အခြေအစိုက် မြန်မာအတိုက်အခံ အဖွဲ. တချို.နဲ. အဲဒီ အဖွဲ.တွေက ခေါင်းဆောင်ဆိုသူတွေ။ NDDP ဒေါ်ခင်ဥမ္မာတိုလို၊ အမျိုးသမီးအဖွဲ.ချုပ်က ဒေါ်သင်းသင်းအောင်တို.လို၊ နောက်တခုကတော့ တိုင်းရင်းသား လက်မှတ် ကိုင်ပြီး ကမ္ဘာပတ်နေသူတချို. ဇိုရာဖန်တို. နမ်း ချန်ထောင်းတို. အုပ်စုတွေ၊ မြန်မာ့အရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားသား အဖွဲတွေ=AlterAsean က မလေးရှားသူ ဒေဗီစတောဟတ်တို.အုပ်စု၊ Burma Campaign For UK က Mark Fermanar Anna Robertတို.၊ US Campaign For Burma က နိုင်ငံခြားသား ၀န်းထမ်းတချို.၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပညာရှင်လို. ဆိုတဲ့ ဒေါက်တာ ဇာဏီတို. လို မကြက် တကြက် ပေါင်မှုံ. အုပ်စုတွေ၊ ပြည်ပ သတင်းဌာနနဲ. အသံလွင့်ဌာနက လခစား ဖားတပိုင်း ငါးတပိုင်း သတင်းထောက် လိုလိုနဲ. နိုင်ငံရေး လုပ်နေတဲ့ အုပ်စုတွေ ဖြစ်ပါမည်။

ဒီလူတွေက တချိန်က ပြောခဲ့သလိုပဲ ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလဲ ဖြစ် ကိုယ်တိုင်လဲ အရည်အချင်းရှိတဲ့ နိုင်ငံတကာနဲ. ပြည်သူတွေ၏ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်လို. ဦးနေ၀င်းတို. ဦးသန်းရွှေတို.ဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကို မနာလိုဖြစ်ပြီး အခုလို နေရာ မပေးပဲ ဖယ်ရှားထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသား မြန်မာပြည်က ပြသာနာတွေ အမျိုးသား စည်းလုံးညွတ်ညွတ်ရေးတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းရင်းသားတွေပြည်သူတွေ၏ ယုံကြည်မှုကို ရရှိထားတဲ့ Burma Trusted Icon Leader ဆိုပြီး ချီးမြှောက်ခဲ့ ဂုဏ်ပြုခဲ့သူတွေပါ။  အခုတော့ အဲဒီ လူတွေပဲ ဒေါ်စုကို ဆွဲချဖို. အရောင် ဆိုးဖို. ဘေးခြောင်ထိုးဖို. ကျိုးစားမည့်သူ ဝေဖန် တိုက်ခိုက် ထိုးနက်မည့်သူတွေ ဖြစ်ပါသည်။ 2010 ရွေးကောက်ပွဲတုန်းက အဖွဲ.ချုပ်က NO လုပ်ခဲ့လို. သဘောကျပြီး အားပေး လက်ခုတ် တီးခဲ့သော်လဲ အခု တချိန် ပါတီ ပြန်ပြီး မှတ်ပုံတင်မယ် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို အရင်ဆုံး အပစ်တင်ပြီး ဆဲချင်သူတွေကတော့ သဘောထား တင်းမာတဲ့ ထိပ်ပိုင်း အတိုက်အခံ ခေါင်းဆောင်တွေပဲ ဖြစ်ပါသည်။

ထိပ်ပိုင်းလောက်သာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ယုံနဲ. မရဖူး။ ဒေါ်စုတို. အဖွဲ.ချုပ် NLD  တို.လောက်နဲ. အစိုးရတို.အကြား ရင်ကြားစေ့ ပူးပေါင်းဆောင်ရွက်ယုံဖြင့် မပြီးဘူး ဆိုတဲ့ အရာတွေနဲ. ထောက်ပြကာ ဒေါ်စုကို ကြပ်ဖို. အဖွဲ.ချုပ်ကို မီးကင်မည့်သူတွေသာ ဖြစ်လာမည်။  နောက်တခုကတော့ လူအခွင့်အရေးဆိုတဲ့ အချက်တွေနဲ. ဘင်္ဂါလီကိစ္စတို. အမျိုးသမီးအရေးတို. ပြည်တွင်း စစ်ရပ်စဲရေး စတဲ့ ပြောဆိုချက်တွေနဲ.ပဲ ဒေါ်စုတို. အစိုးရနဲ. အတူတူ လက်တွဲ လုပ်သွားပေမည့် အဖွဲ.ချုပ် NLD တို. ပါလီမန်ထဲသာ ရောက်သွားပေမည့် မြန်မာပြည် ပြသာနာတွေ လူ.အခွင့်အရေးတွေ ဒီမိုကရေစီနဲ. ငြိမ်းချမ်းတွေက ဘာမှ မတိုးတက်လာဖူး မပြောင်းလဲ လာဖူး။ သာမန် ပြည်သူတွေ၏ လူနေမှုဘ၀ ဆင်းရဲ မွဲတွေမှုတွေ ၀န်ထမ်းတွေ၏ အဂတိလိုက်စားမှုတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ကိုင်ပြီး ဒေါ်စုကို ချိုင်ဖို. ခြေလှမ်း စတင်နေပါပြီ။ ပါတီအတွင်းမှာ ဒီမိုကရေစီ မရှိဘူး။ ဒေါ်စု ဘေးမှာ အနီးကပ် ၀ိုင်းရံနေသူတွေဟာ အောက်ခြေ လူထု၏ အသံတွေကို နားမထောင်ဘူး စတဲ့ စွပ်စွဲချက်တွေ ဝေဖန်ချက်တွေ မကြာခင် ဒီထက် ပိုပြီး ညံလာတော့မည် ဖြစ်ပါသည်။

 ဒေါ်စုနဲ. အဖွဲ.ချုပ်ကို သူတို.အတွက် ဈေကွက်ဝင်ပြိုင်မည့် ဈေးကွက် ၀င်လုမည့် သူတွေလို. ယူဆလာမည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတကာ Market ကို လက်ရှိ ပြည်ပ အဖွဲ.အစည်းတွေ ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတာတွေကို ၀င်ပြိုင်ဖို. ၀င်ပြိုင်နိုင်စွမ်း မရှိပါ။ သို.သော် ဒေါ်စုနဲ. အဖွဲ.ချုပ်သာလျင် နိုင်ငံတကာ ဈေးကွက်ကို လက်တွေ. ထိုးဖေါက်လာမယ် နေရာယူလာမယ် ပြည်တွင်းကနေ တိုက်ရိုက် လူငယ်တွေ ကိုယ်စားလှယ်တွေ စေလွတ်ပြီး နိုင်ငံတကာ စင်ကို ၀င်လာနိုင်တာမို.လဲ ဒီလို ဖြစ်လာမှာကို သိနေတဲ့ ကြောင်ပါးတွေက စားကျက် ပျောက်မယ်ထင်ပြီး ကန်.ကွက်တာလဲ ဖြစ်နိုင်ပါသည်။ ဒေါ်စုအရှိန် အဖွဲ.ချုပ် အရှိန်နဲ. ပြည်တွင်းမှာ တရားဝင် နေထိုင်ပြီး တရားဝင် ရပ်တည်နိုင်တဲ့ ပါတီလဲ ဖြစ်မယ် အစိုးရကလဲ နှောက်ယှက်တာ ဟန်.တားတာတွေ မလုပ်ဖူးဆိုရင် အခုအခါ ပြည်ပမှာ မင်းမူနေတဲ့ ကြက်ဆူပင် ခေါင်းဆောင်များဟာ ပြည်တွင်းက လာမည့် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ဘယ်လို လုပ်ပြီး နိုင်အောင် လုပ်နိုင်မှာလဲ။ ဒီတော့ ထိပ်တိုက် တွေ.ပြီပေါ။ ဒါကြောင့်လဲ လက်ဦးမှု ရအောင် စကားတွေ လမ်းကြောင်းပေးပြီး ခပ် ပါးပါးလေးနဲ. ထိုးစစ် ဆင်လာတဲ့သဘောပါ။

ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး နိုင်ငံရေးအရ စင်ပေါ်ကနေ ဆွဲချဖို. လုပ်နေတဲ့ ပြည်ပ အခြေစိုက် အင်အားစု တချို.နဲ. ခေါင်းဆောင်တချို.၏ သံစဉ်တီးဝိုင်းရဲ့ ဖျော်ဖြေမှုတွေ မကြာခင် ဆူဆူညံညံ အသံဗလံတွေ ပေးပြီး တီးခတ်လာတောမည်မှာ မုတ်ချအမှန် ဧကန် မြင်ရတော့မည့် အခြေအနေ ဖြစ်ပါကြောင်း နိုင်ငံရေး ဗေဒင် ဟောလိုပါသည်။

Udp Myanmar



 http://www.facebook.com/profile.php?id=1277373258

Monday, November 7, 2011

ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ဘယ်လဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး အားမလို၊အားမရဖြစ်နေသူတွေ ၀မ်းသာ
အားရ ၀င်ဖက်နေရင်တော့ အချိန်ကုန်နေယုံပဲဖြစ်နေမှာ ဖြစ်တဲ့ အတွက် ဆက်မဖက်ပါနဲ့ တော့ လို့  ကြိုတင်တောင်ပန်း
ပါရစေ.။။

မြန်မာပြည်ဖြစ် ဒီမိုကရေစီ စနစ်အရ လွပ်လပ်စွာ ရေးသာခွင့်ရှိနေပြီ ဆိုတော့ ကျွန်တော်ရဲ့ အတွေးအမြင်လေများ
ကို ဘလော့(ဂ်)ပေါ်တင်ကြည့် တာပါ၊ ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ဘယ်လဲ  ကျွန်တော်လိုသာမန်လူတယောက်
် မမေးရဲပါဘူး။

သို့ ပေမယ့်  ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို
ပခုံးချင်ယှဉ်ပြီ တိုင်းထွာမေးမြန်းရဲ တဲ့ ပြည်တွင်း၊ပြည်ပ နိင်ငံရေးဂုရုကြီတွေ အားကျပြီး  ဒေါ်အောင်ဆန်းစုကြည်
 ဘာလဲ၊ဘယ်လဲလို့  မေးမြန်ဖို့ ဆိုတာ အဆတရာမက သာလွန်လှတဲ့ နိင်ငံရေးသမားများရဲ့  ၀ါဒတွေအောက်မှာ
 ကြက်ပျောက်၊ငှက်ပျောက် လုံးလုံးပျောက်သွားရပါတယ်..........။။

အွန်လိုင်းပေါ်ကနေ အာရပ်လှိုင်းစီမဲ့  ဆရာကြီတွေကို အားကျတယ်၊လူထုတိုက်ပွဲဆင်နွဲကြမယ့် ဆရာကြီတွေကို
လေးစားပါတယ်၊အထူသဖြင့်  ကိုယ်ထမင်းထုပ် ကိုယ်စွဲပြီး လမ်းမပေါ်ထွက်ရဲ တဲ့  လူထုများ ဦးညွှတ်မြဲပါ။

ဒါဆို မင်းကဘာကြောင့် မို့ ရေးရတာလဲ ဟု တစုံတယောက်သော နိင်ငံရေးသမားတယောက်က မေးလာခဲ့ မူ
ကျွန်တော်မစဉ်စားပဲ ဖြေမိမှာကတော့  မြန်မာနိင်ငံသားဖြစ်တဲ့ အတွက် မြန်မာနိင်ငံရေးဟာ ကျွန်တော်နဲ့ လည်း
သတ်ဆိုင်ပါတယ်ဟု ဖြေမိမှာပါ၊ အဘယ်ကြောင့်  ဆိုသော်  နိင်ငံရေးဆိုသည်မှာ နိင်ငံသားတိုင်း၏ အရေးဖြစ်သော
ကြောင့် ပင်တည်။တနည်းအားဖြင့်  ခရစ်တိုတယ်၏စကားနှင့် ပြောရလျှင် လူဆိုသည်မှာ နိင်ငံရေးသတ္တ၀ါဖြစ်သော
ကြောင့် ဖြစ်သည်။

ကျွန်တော်လို လူပြိန်းတယောက်ရဲ့  အမြင်အရ နိင်ငံရေးလှုပ်ရှားမှုတွေဆိုတာ တဦးနှင့် တဦး၊ တဖွဲ့ နှင့် တဖွဲ့ 
အယူအဆမတူညီကြပဲ လွပ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်၊ ရပ်ကွက်ထဲက ဘောလုံးပွဲလို၊ပရီးမီးယာ
ဘောလုံးပွဲတွေလို အားမလို၊အားမရ ဖြစ်နေသူတွေလဲ ၀င်ရောက်ဆင်နွဲလို့ ရပါတယ်၊ တကိုယ်တော် ဆန္ဒပြခြင်း၊
တကိုယ်တော်လှုပ်ရှားမှုများ၊မိမိနှင့်  သဘောထားခြင်း တိုက်ဆိုင်သောလူအများနဲ့  စုပေါင်း၍သော၎င်း.စသည်ဖြင့် ..

ဒီလိုမှမဟုတ်ပဲ  ငါတိုကိုအသိမပေးဘူး၊ ငါတို့ ပြောသလိုလဲ မလုပ်ဘူး၊ ငါတို့  က ဘေးကနေပိုပြီ အကွက်မြင်တယ်
ဆိုတဲ့  ဆရာ၊ဆရာကြီများကို အကြံပြုချင်တာကတော အရှေ့ တောင်အာရှဆိုတာ သူရဲကောင်းကိုယ်ကွယ်တဲ့ 
ဝါဒတွေ ရှိနေသေးပါတယ်၊ ဆရာကြီး ဒဂုန်တာယာရဲ့ စကားနဲ့ ပြောရလျှင် မင်းလည် ဒီမိုကရေးစီရဲ့  သူရဲကောင်း
ဖြစ်ခွင့် ရှိပါတယ်ပေါ့ ......။

လူထုတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့  ဆရာကြီများလည် လူထုထဲကို ဆင်းရဲမှရမယ် ထင်ပါတယ၊် ဒါမှအထွေထွေသပိတ်တွေ
ရောင်စုံသပိတ်တွေကို ကိုယ်တိုင်ဦးဆောင်၍သော၎င်း၊မိမိ၏ အဖွဲ့ အစည်းမှသော၎င်း တဆင့် ညွှန်ကြားပြီ လုပ်ဆောင်လျှင်
အတိုင်းအထက်အလွန် ကောင်းမွန်မည်ဖြစ်သည်၊ဒီလိုမှ မဟုတ်ပဲ အွန်လိုင်းပေါ်ကနေ ဆင်နွဲနေလျင် လူရယ်စရာဖြစ်နေမှာ
အသေအချာဖြစ်ပါတယ်၊

အာရပ်လှိုင်း စီးမယ်ဆိုသော ဆရာကြီများလည်း မြန်မာပြည်ရဲ့ လူဦရေအများဆုံးဖြစ်သော အခြေခံလူတန်စား၊
လယ်သမားများကို ဖေ့ ဘွတ်တွေ ၊တွစ်တာများ၊ဖိုရမ်များကနေတဆင့်  လှုံဆော်စည်းရုံးရအောင် ကွန်ပြူတာအများအပြား
ဖြန့် ဝေ၊အင်တာနက်သုံးတက်အောင် သင်ပေးဖို့ တော့ လိုပါတယ်...။

မြန်မာနိင်ငံကို ချစ်လွန်းလို့ သာ ပြောနေ၊ရေးနေရပါတယ် ပြည်ပမှာအေးအေးဆေးဆေး နေလို့ ရတယ်ဆိုပြီ
ဟိုလို လုပ်ပါလား၊ဒီလိုလုပ်ပါလားဆိုတဲ့  နိင်ငံရေးဂုရုလူကြီးများအတွက် မြန်မာနိင်ငံရဲ့  လူငယ်ထုကိုယ်စားပြောချင်
တာကတော့  နေသာသလိုသာ နေပါ ဆရာတို့ ရယ်လို့ ...........။။

ဒီလို ပြောလိုက်၊ရေးလိုက်တဲ့  အတွက် မင်းကဘာကောင်လဲ၊ငါက ဘာကောင်လဲ ဆိုပြီ အပြန်အလှန် ဆဲကြမယ်
ဆိုရင်ဖြင့်  ခဏလောက်တော့  စောင့် ပေးပါ၊ အစွန်းရောက် ဒီမိုကရေစီသမားများ၊ ပညာတော်သင် ညီအစ်အကို
တချို့ ဆီက ဆဲနည်းတွေ သင်ယူရပါအုံးမယ်..။။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီ ဘာလဲ၊ဘယ်လဲ လို့ မမေးခင် ကိုယ့်ကို
ကိုယ် ပြန်လည်သုံးသတ်ဖို့  လိုအပ်ပါလိမ့် မယ်၊ကိုယ်တိုင် အစွမ်းအစ ရှိရင်လုပ်တွေ့  လုပ်ပြပါ၊ ကိုယ်ထမင်းထုပ်
ကိုယ်ဆွဲပြီ လူဘယ်နှစ်ယောက်ပါလာမလဲလို့ ..လက်တွေ့ မပါပဲ ဘေးထိုင် ဘုပြောနေလျှင်တော့  အချင်းချင်း
စိတ်ဝမ်းကွဲနေယုံပဲ ရှိတော့ မှာပေါ့ .....။။

ဘာရယ်ညာရယ်တော့  ဟုတ်ပါဘူး ဆရာ၊ဆရာကြီးများလိုပဲ အွန်လိုင်းပေါ်မှာ ရေးကြည့် ပြောကြည့် တာပါ။

                           လေးစားလျက်
                                                    သျှင်နေမင်း



Sunday, October 30, 2011

ကုလား ၊ တရုတ် ဟု ဘာကြောင့်ခေါ်

မြန်မာနိုင်ငံထဲကို ကုလားတွေထက်အရင် တရုတ်တွေသာ ၀င်ခဲ့ကြရင် တရုတ်နာမည်က ကုလားဖြစ်သွားမယ်။ ကုလားနာမည်က တရုတ်ဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့တတွေ ငယ်စဉ်ကတည်းက အိန္ဒိယတိုင်းရင်းသား ကို ကုလား၊ ချိုင်းနားတိုင်းရင်းသားဆို တရုတ်လို့ ခေါ်လာခဲ့ကြတာ နှုတ်ကို ကျိုးလို့။ ထိုင်းကိုတော့ အယုဒ္ဓယကို အစွဲပြုပြီး ယိုးဒယားလို့ ခေါ်ခဲ့ကြတယ်လို့တော့ ကြားဖူးတာပဲ။ ဒါပေမယ့် ဘာကနေ ဘယ်လို ဖြစ်လို့ အိန္ဒိယကို ကုလား၊ ချိုင်းနားကို တရုတ်လို့ ခေါ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ တော်တော်များများက ခေါ်သာခေါ်နေကြတာ မသိကြဘူးလို့ ဆိုရမယ်ဗျ။ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းထဲမှာတော့ ဟိုရှေးရှေးက တရုတ်မန်ချူးစစ်သည် တွေဟာ မြန်မာတွေကို ၀င်ဝင်ဆော်လွန်းလို့ တရုတ်တရက် တွေလို့ ခေါ်ခဲ့ကြတာလို့တော့ မှတ်သားဖူးပါရဲ့။ တရုတ်တရက်ဆိုတာ သူပုန် လို့ ပြောတာတဲ့။ ထားပါတော့ ခုကျနော်ပြောပြမယ့် ကုလား၊ တရုတ် ဘယ်ကစ ဆိုတဲ့ဇာတ်လမ်းကတော့ သမိုင်းမှတ်တမ်းလည်း မဟုတ်လို့ ယုံသာ၊မယုံသာ အသာထား ဗဟုသုတစကား အဖြစ်သာ မှတ်ယူကြပါခင်ဗျား။

ဒီလိုဗျ... ဟိုရှေးရှေးအခါတုန်းကတော့ ကျနော်တို့ မြန်မာနိုင်ငံဆိုတာ တော်တော်ချမ်းသာကြတာကလား။ မြန်မာဘုရင်တွေဆီမှာဆို ပေါ်တူဂီစစ်သားတွေတောင် အမှုလာထမ်းကြတာလေ သိကြတယ်မို့လားဗျ။ အဲဒီအချိန်ကတည်းက ပြင်သစ်နဲ့ အင်္ဂလိပ်ကြီးတွေက မြန်မာဘုရင်တွေကို ချက်ကျောက်တွေ၊ ပိုးထည်တွေ လက်ဆောင်ပေးရင်း မြန်မာနိုင်ငံ အနေအထားကို ဘယ်ကစသိမ်းရမလဲ လေ့လာနေခဲ့ကြတာလေ။ အင်္ဂလိပ်ဆိုတာက သူတို့ကိုယ်သူတို့ လူမျိုးကြီးတွေလို့ ခံယူထားတဲ့ လူမျိုးတွေဆိုတော့ ခရီးသွားရင် ပစ္စည်းတွေ၊ ရိက္ခာတွေဆို အထမ်းသမားတွေနဲ့ပဲ သယ်ယူသွားလာကြတာ သိကြပေမပေါ့နော်။ အေးဗျ... အဲဒီမှာ

ပစ္စည်းတွေထမ်းဖို့ သူတို့နဲ့အတူ အိန္ဒိယလူမျိုးတွေ အထမ်းသမားအဖြစ်နဲ့ ပါလာကြတော့တာပါပဲ။ အဲဒီ ပစ္စည်းထမ်းတဲ့ သူတွေကို အင်္ဂလိပ်တွေက ကူလီလို့ ခေါ်ကြတာကို မြန်မာတွေ ကြားကြတယ်လေ။ ပြင်သစ်တွေကတော့ ကူလာ လို့ခေါ်ပြန်သတဲ့ဗျ။ ဒီတော့ အဲဒီကတည်းကစလို့ မြန်မာတွေကလည်း ဘုမသိ၊ဘမသိနဲ့ အိန္ဒိယလူမျိုးတွေ့ရင် ကူလီ၊ ကူလာ လို့ပဲ လိုက်ခေါ်ကြရာကနေ ခေတ်ကာလတွေ ရွေ့လျားလာရာက ခုခေါ်ဝေါ်နေကြတဲ့ ကုလား ဆိုတဲ့ ဝေါဟာရကို ပြောင်းလဲ ခေါ်ဝေါ်လာကြပြီး ခုထက်တိုင် အိန္ဒိယနိုင်ငံသားတွေကို ကုလားလို့ ခေါ်ကြတာ ဖြစ်ပါသတဲ့ဗျား။ သူတို့နဲ့ ရုပ်ဆင်တူပြီး အသားဖြူဖြူကြီးတွေကိုကျ ကုလားဖြူလို့ ခေါ်လိုက်ကြသတဲ့။ (အဲဒီမှာ မူကွဲနေတဲ့ အချက်တခုတော့ရှိသဗျ။ တချို့က အိန္ဒိယလူမျိုးတွေဟာ တဖက်ကမ်းကနေ ကူးလာကြတဲ့လူမျိုးဖြစ်လို့ ကူးလာ လို့ခေါ်ရာကနေ ကုလားလို့ ပြောင်းလဲလာတာ ရယ်လို့လည်း ပြောကြပါသေးတယ်။)

ချိုင်းနားလူမျိုးတွေကတော့ ဟိုး ပျူသရေခေတ္တရာ ခေတ်ကစလို့ နိုင်ငံတော် ဧကရာဇ်တွေ အချင်းချင်း သံသမန်ဆက်ဆံရေးတွေ ရှိခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ ချိုင်းနားတွေကို Chi = စိ ၊ Na = န ၊ China = စိနတိုင်း၊ စိန့်တိုင်းရယ်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်ဆိုတာ ပုရပိုက်မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ အဲဒီလို ဘုရင်တွေအချင်းချင်း ကူးလူးဆက်ဆံမှုတွေ ရှိကြပေမယ့် နာမည်ပေးတော်တဲ့ မြန်မာပြည်သားတွေ ကြားကိုရောက်လာကြတာက ကုလား ခေါ် အိန္ဒိယလူမျိုးတွေထက် နောက်ကျသတဲ့ဗျ။ ဒီလိုနဲ့ ချိုင်းနားလူမျိုးတွေကို မြန်မာတွေက တွေ့လည်းတွေ့ရော ဟာ... ဒီလူမျိုးတွေကျတော့ ကုလားတွေနဲ့ မတူပြန်ဘူးဟ။ အသားက မမဲပဲ ဖြူနေကြသဟ။ နှာခေါင်းကလည်း မချွန်ပဲ ပြားနေကြသေးသဟ။ မျက်လုံးမျက်ခုံးကလည်း မတူပဲ မှေးနေကြသေးသဟ။ သူတို့ရုပ်တွေကျတော့ ကုလားတွေနဲ့ မတူ တရုပ်စီ၊ တခြားစီမို့ တရုပ်လို့ပဲ ခေါ်လိုက်ကြသတဲ့ဗျား။

ဒါကြောင့်မို့ လည်း မြန်မာနိုင်ငံထဲကို ကုလားက အရင်မရောက်ပဲ တရုတ်က အရင်ရောက်ခဲ့ရင် ချိုင်းနားက ကုလား ဖြစ်သွားမယ်။ အိန္ဒိယက တရုတ်ဖြစ်သွားမယ်လို့ ပြောကြတာပေါ့ဗျာ။ ကုလား၊တရုပ်လို့ ခေါ်ရခြင်းသမိုင်းလို့ ခေါင်းစဉ်ပေးထား ပေမယ့်လည်း သမိုင်းမှတ်တမ်းလည်း မဟုတ်သလို ရာဇ၀င်ကျမ်းဂန်ထဲမှာလည်း ရှိမရှိမသိလို့ ယုံးသာ၊မယုံးသာ အသာထား ဗဟုသုတစကား အဖြစ်သာ မှတ်သားတော် မူကြပါခင်ဗျား။



ကြယ်ဖြူ

Saturday, October 22, 2011

ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း (Critical Thinking)

စဉ်းစား တွေးခေါ်မှုတွင် ရှင်းလင်း သိမြင်အောင် တွေးခေါ်ခြင်း (Clear thinking)၊ ပြုပြင် ဖန်တီးနိုင်အောင် တွေးခေါ်ခြင်း (Creative thinking) နှင့် ရည်ရွယ်ချက် ပြည့်ဝအောင် တွေးခေါ်ခြင်း (Purposeful thinking) တို့သည် တစ်ဦး တစ်ယောက်၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု တန်ဖိုးများ ဖြစ်ကြသည်။ လူသားတို့၏ နေ့စဉ်ဘ၀တွင် သတင်းအချက်အလက်များ လွှမ်းမိုးလျှက်ရှိပြီး ယင်းတို့တွင် မှားယွင်းသည့် သတင်းအချက်အလက်များ ရှိနိုင်သကဲ့သို့ မှန်ကန်သော သတင်း အချက်အလက်များလည်း ရှိနိုင်မည် ဖြစ်သည်။ သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ အီးမေလ်၊ တယ်လီဖုန်း၊ အင်တာနက်၊ ဂြိုဟ်တုသတင်း၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်တို့မှ ကွဲပြားခြားနားသော သတင်းအချက်အလက်များ နေ့စဉ် ၀င်ရောက်လျှက်ရှိသည်။ “စားကြည့် … အရသာ သိပ်ရှိတယ်”၊ “သုံးကြည့်လိုက်ပါ … တစ်ပတ်အတွင်း (၁၀) ပေါင် ကျသွားမယ်”၊ “ရင်းနှီးကြည့်လိုက်ပါ … ခင်ဗျားရဲ့ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ် အထိ ချမ်းသာသွားမယ်” အစရှိတဲ့ နေစဉ် ကြားနေရတာတွေ အားလုံးကို ယုံရတော့မှာလား။ မြင်သမျှ၊ ကြားသမျှ အားလုံးကို မယုံကြည်ရဘူးလို့ အားလုံး နားလည်ထားကြသော်လည်း များပြားလွန်သော အချက်အလက်တို့ကြောင့် စိတ်ဝင်စားမှု မရှိတော့လျှင် သို့တည်းမဟုတ် အဆိုးမြင်ဝါဒီ ဖြစ်သွားခဲ့လျှင်ကား ကံဆိုးခြင်းသာ ဖြစ်ပေတော့မည်။ မည်သို့မည်ပုံ စဉ်းစားရမည်နှင့် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ခွဲခြားနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။

အမှန်တရားနှင့် အသိပညာသို့ ချဉ်းကပ်ခြင်း (Approach to Truth and Knowledge)



လူတစ်ဦး၏ ကျွမ်းကျင်မှု (Skill)၊ အယူအဆ (Attitude) နှင့် ချဉ်းကပ်ပုံ (Approach) တို့သည် သတင်း အချက်အလက်များကို တန်ဖိုးဖြတ်စေပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်မည် ဖြစ်ပါသည်။ ပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်ရန် အတွက် စဉ်းစား တွေးခေါ်ရာတွင် ချဉ်းကပ်မှု ပုံသဏ္ဌာန် အမျိုးမျိုး ရှိသည်။





ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် စဉ်းစား တွေးခေါ်ခြင်းတွင် ချဉ်းကပ်ပုံ အမျိုးမျိုး (Different approaches to thinking to solve a problem)



ခွဲခြမ်း စိတ်ဖြာ စဉ်းစား တွေးခေါ်ခြင်း (Analytical thinking) သည် ပြဿနာ တစ်ရပ်၏ ပါဝင် ဖွဲ့စည်းထားသော အစိတ်အပိုင်းများကို တစ်စစီ ခွဲခြား စဉ်းစားခြင်း ဖြစ်သည်။ မည်သည့် အပိုင်းက ပြဿနာ ဖြစ်စေသည်ကို ခွဲခြမ်း စိတ်ဖြာ ဆုံးဖြတ်ရမည် ဖြစ်သည်။ ပြုပြင် ဖန်တီးနိုင်အောင် တွေးခေါ်ခြင်း (Creative thinking) တွင် အသစ် တီထွင်ထားသော နည်းလမ်းများဖြင့် ပြဿနာကို မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ ကျိုးကြောင်းပြ စဉ်းစား တွေးခေါ်ခြင်း (Logical thinking) တွင် အစီအစဉ်တကျ ယေဘုယျမှ အတိအကျ အဖြေရအောင် ကျိုးကြောင်း ဆင်ခြင်ခြင်းဖြင့် ရှင်းရှင်း လင်းလင်း သိရှိရန် စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း (Critical Thinking) တွင် မိမိ မည်သည့် အရာကို ပြီးမြောက်အောင် ကြိုးစားနေသည်။ အောင်မြင်ပြီးနောက် မည်သည့် အကြောင်းအရာကို သိရှိလာမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်း (Reflective Thinking) တွင် ပြဿနာ၏ အလုံးစုံ အဓိပ္ပာယ်က ဘာလဲဆိုတာ စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။



ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စဉ်းစား ဖြေရှင်းရာတွင်မူ ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းနှင့် လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်းကို အခြေခံပါသည်။ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း (Critical Thinking) ကို စဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှု၏ ဗဟိုချက်မ အဖြစ် ထားရှိပါသည်။ ဤစဉ်းစားတွေးခေါ်မှုသည် စနစ်တကျ၊ ရည်ရွယ်ချက် ရှိရှိ တာဝန်သိသိဖြင့် သီဝရီများ၊ အချက်အလက်များနှင့် အယူအဆများကို စိစစ်ရန် ကျွန်ုပ်တို့အား စိန်ခေါ်လျှက်ရှိသည်။ ဤစဉ်းစားတွေးခေါ်သည် အခြားသော စဉ်းစားတွေးခေါ်မှုများ၊ နည်းလမ်းများနှင့် ချဉ်းကပ်မှု ပုံစံများကို မျှဝေ ရယူသည်။ အရေးကြီးသော ကျွမ်းကျင်မှုနှင့် အယူအဆများကို ပေါင်းစပ် ဖြည့်ဆည်း ပေးသည်။ ထို့ပြင် စဉ်းစားတွေးခေါ်မှု ဖြစ်စဉ်ကို ချမှတ်ရာတွင် စနစ်တကျ စီမံချက် ရေးဆွဲရန်လည်း စိန်ခေါ်လျှက် ရှိသည်။



ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းသည် အငြင်းပွားနေသော အကြောင်းအရာများ၏ အဖြေထုတ်ခြင်းနှင့် ကြောင်းကျိုး ဖော်ပြချက် အမျိုးအမျိုးကို တန်ဖိုးဖြတ်ခြင်းတို့ အတွက် မဟာဗျူဟာကို ချမှတ်နိုင်ခြင်းနှင့် တိမ်မြုပ်နေသော အတွေးအခေါ်နှင့် နည်းလမ်းများကို ဖော်ထုတ်ခြင်းတို့တွင် အကူအညီ များစွာ ပေးနိုင်မည် ဖြစ်သည်။ ဆန်းသစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း ဆိုင်ရာ အမျိုးသားကောင်စီ (National Council for Critical Thinking) မှ ရစ်ချက်ပေါ (Richard Paul) က ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းကို အဆင့် (၁၀) ဆင့် ခွဲခြား ပြထားသည်။



၁။ သင်၏ စဉ်းစားတွေးခေါ်ခြင်း ရည်ရွယ်ချက်က ဘာလဲ။

(What is the purpose of your thinking?)

၂။ သင် ဖြေနိုင်ရန် ကြိုးစားနေတဲ့ မေးခွန်း အတိအကျက ဘာလဲ။

(What precise question are you trying to answer?)

၃။ သင် စဉ်းစားတွေးခေါ်နေတာက ဘယ်ရှုထောင့် အတွင်းကလဲ။

(Within what point of view are you thinking?)

၎။ သင် အသုံးပြုနေတဲ့ အချက်အလက်က ဘာလဲ။

(What information are you using?)

၅။ အဲဒီ အချက်အလက်ကို သင်ဘယ်လို အဓိပ္ပာယ်ဖော်ပါသလဲ။

(How are you interpreting that information?)

၆။ သင့်ရဲ့ စဉ်းစားတွေးခေါ်မှုက ဘယ် အယူအဆ (သို့မဟုတ်) အတွေးအခေါ်ကို ဗဟိုပြုထားတာလဲ။

(What concepts or idea are central to your thinking?)

၇။ ဘယ်လို အဖြေဆီသို့ သင် ဦးတည်ထားပါသလဲ။

(What conclusions are you aiming toward?)

၈။ သင် က ဘာကို အာမခံချက် ပေးမှာလဲ။ ဘယ်လို မှန်းဆချက် ပေးမှာလဲ။

(What are you taking for granted? What assumption are you making?)

၉။ သင် ဒီအဖြေကို လက်ခံခဲ့လျှင် ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်လာမှာလဲ။

(If you accept the conclusion, what are the implication?)

၁၀။ အကယ်၍ သင့် အတွေးအခေါ်ကို အကောင်အထည်ဖော်ခဲ့ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာလဲ။

(What would the consequences be, if you put your thoughts into action?)



သတိပြုရမည်မှာ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း ဖြစ်သည်။ သင်ကိုယ်တိုင် အလေးအနက်ထား စဉ်းစားခဲ့ပြီး သင်ကိုယ်တိုင် အမှန်ကန် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းဖြင့် ပြဿနာတစ်ခုကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ မိမိ လုပ်ဆောင်နေစဉ်မှာပင် တိုးတက်မှုကို ထောက်လှမ်း သိရှိနိုင်ခြင်းနှင့် မိမိ ချမှတ်ထားသော နည်းဗျူဟာကို တန်ဖိုးဖြတ်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။



ဆန်းစစ်ဝေဖန် စဉ်းစားတွေးခေါ်နိုင်ရန် လိုအပ်သော အရည်အသွေးများ



ပါမောက္ခ ကာရင် ဂျေ ၀ါရင် (Professor Karen J. Warren) က အောက်ဖော်ပြပါ အရည်အသွးများ လိုအပ်သည်ဟု အကြံပေးပါသည်။

၁။ သံသယဖြင့် ရှုမြင်ခြင်းနှင့် ဘက်လိုက်မှု ကင်းခြင်း (Skepticism and Independence)

ကြားရတိုင်း ဖတ်ရတိုင်း မယုံပါနှင့်။ ကျွမ်းကျင်သူများပင် တစ်ခါတစ်ရံ မှားယွင်း တတ်သည်။

၂။ သဘောထားကြီးခြင်းနှင့် ပြောင်းလွယ် ပြင်လွယ်တတ်ခြင်း (Open-mindedness and flexibility)

ကွဲပြား ခြားနားသော အမြင်များကို ထည့်သွင်း စဉ်းစားခြင်းနှင့် အခြားသော ရှင်းပြခြင်းများကို လက်သင့်ခံခြင်း စသော အရည်အသွေးများ ရှိရမည်။ သင့် အမြင်နှင့် ကွဲပြား ခြားနားသော အမြင်များကို ငြင်းချက်ထုတ်ရန် ကြိုးစားခြင်းဖြင့် သင့် အမြင်တွင် ရှိနေသော အားနည်းချက်များနှင့် ကန့်သတ်ချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။

၃။ တိကျခြင်းနှင့် စနစ်တကျဖြစ်ခြင်း (Accuracy and orderliness)

အကြောင်းအရာကို တိကျ နိုင်သမျှ တိကျအောင် ကြိုးပမ်းရမည်။ ပြဿနာ တစ်ခုလုံးကို တစ်စိတ်ချင်း၊ တစ်ပိုင်းချင်း စနစ်တကျ ဖြေရှင်းပါ။ သင် အသုံးပြုသော စံနှုန်းများကို စည်းကမ်း ချမှတ်ပါ။

၎။ မဆုတ်မနစ် ကြိုးပမ်းမှုနှင့် လျော်ကန် သင့်မြတ်မှု (Persistence and relevance)

အဓိက အချက်ကို ထိမိပါစေ။ လမ်းကြောင်း မလွဲပါစေနှင့်။ လမ်းကြောင်း လွဲနိုင်သော ပုဂ္ဂိုလ်ရေး ကိစ္စများကို ခွင့် မပေးပါနှင့်။ အချက်အလက်များက စိတ်ဝင်စားဖွယ်ရာ ကောင်းမည် သို့မဟုတ် မှန်ကန်မည် သို့သော် လျော်ကန် သင့်မြတ်မှု ရှိပါစေ။

၅။ ဆက်စပ် သိမြင်ခြင်းနှင့် စာနာကြည့်ခြင်း (Contextual sensitivity and Empathy)

အချက်အလက်များကို တန်ဖိုးဖြတ်ရာတွင် အခြေအနေ အားလုံး၊ လျော်ကန် သင့်မြတ်သော ဆက်စပ် သိမြင်ခြင်း၊ ခံစားသိခြင်း၊ ပညာ အရည်အသွေးနှင့် အခြားသူများ၏ အတွေ့အကြုံများကိုလည်း ထည့်သွင်း စဉ်းစားပါ။ အခြား တစ်စုံတစ်ယောက်၏ နေရာတွင် မိမိကိုယ်ကို ထား၍ မည်သို့ ခံစားရလိမ့်မည်ကို ခံစားကြည့်ပါ။

၆။ ပြတ်သားသော ဆုံးဖြတ်ချက်နှင့် သတ္တိ (Decisiveness and courage)

အဖြေ ထုတ်ပါ။ သက်သေ ခိုင်လုံလျှင် တိတိကျကျ ရပ်တည်ပါ။ တစ်ခါတစ်ရံတွင် သင်သည် ပိုမို တိကျသော သတင်း အချက်အလက်နှင့် ပိုမို၍ ကြောင်းကျိုး ဆီလျော်သော အချက်အလက်များ ရယူလိုသော်လည်း အခြေအနေပေးသော နေရာသည်သာ လုပ်ဆောင်ရန် အတွက် အခြေခံ ဖြစ်နေလေ့ရှိသည်။ သတ္တိရှိပါ။

၇။ မိမိကိုယ်ကို နှိမ့်ချခြင်း (Humility)

သင် မှားနိုင်သည်ကို သတိပြုပါ။ အနာဂါတ်မှာ ပြန်လည် စဉ်းစားဖို့ တောင်းဆိုလာ နိုင်သည်။ အဆုံးစွန် မှတ်ချက်ချဖို့ သတိထားပါ။ တစ်နေ့နေ့မှာ သင် ကိုယ်တိုင် စိတ်ပြောင်းလဲရန် လိုလာမည်။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။



ဆန်းစစ်ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းတွင် ကျိုးကြောင်း ဆီလျော်မှု၊ အစီအစဉ် ကျနမှုနှင့် စနစ်တကျ ရှိမှုများ ပါဝင်သည့် အပြင် စာနာခြင်း၊ ခံစားသိခြင်း၊ သတ္တိရှိခြင်းနှင့် နှိမ့်ချခြင်း စသည့် လက္ခဏာများလည်း ဆောင်နေပါသည်။ ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံပညာတွင် သာမန် ကျိုးကြောင်း ဆီလျော်မှု (Simple logic) ထက် ပိုသော အချင်းအရာများ ရှိပါသည်။ လွယ်ကူသည်တော့ မဟုတ်ပါ။ အကြိမ်ကြိမ် လေ့ကျင့်ရပါမည်။ ပညာရှိ ဂုဏ်သိက္ခာ(Intellectual integrity)၊ ဣနြေ္ဒ သမ္ပတိ္တ (Modesty)၊ မျှတမှု (Fairness)၊ အကြင်နာ မေတ္တာ (Compassion) နှင့် ခံနိုင်ရည် ဇွဲသတ္တိ (Fortitude) အစရှိသော ဂုဏ်ရည်တို့သည် ချက်ချင်း မရရှိနိုင်ပါ။ သင်၏ စဉ်းစားတွေးခေါ်မှုကို အရည်အချင်းများ ပုံမှန် တည်ရှိနေစေရန် အစဉ်တစိုက် မွေးမြူရမည် ဖြစ်ပါသည်။



ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း လုပ်ဆောင်ပုံ (Applying Critical Thinking)



တီဗွီကြေငြာမှာ “ဒီမုန့်ကို စားကြည့်ပါ သိပ်အရသာရှိ သိပ်ကောင်း၏” လို့ မြင်လိုက် တွေ့လိုက်ပြီ ဆိုပါစို့။ သင် ယုံမှား သံသယ ဖြစ်ပေါ်လာလျှင် မေးခွန်းများ ထုတ်ကြည့်ပါ။ ကောင်းတယ် ဆိုတာဘာလဲ၊ ဘယ်သူ့ အတွက် ကောင်းတာလဲ၊ ဘာ ကောင်းတာလဲ၊ အရသာရှိတယ် ဆိုတာက ချို တာလား၊ ငန် တာလား၊ ဒီကြေညာက သင့်ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု အပြင် သင့် စိတ်ကို နှိုးဆွပေးတဲ့ အခြားအကြောင်း ရှိသလား၊ ဤကဲ့သို့ မေးခွန်းတွေ ထုတ်လိုက်ရင် သင် သတိ မထားမိသော်လည်း ဆန်းစစ် ဝေဖန်လိုက်ခြင်း ဖြစ်ပါသည်။ ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်မှု လုပ်ဆောင်ရာတွင် ဖော်ပြပါ အကြောင်းအရာတို့သည် တစ်ဆင့်ပြီး တစ်ဆင့်လုပ်ရန် လိုပါသည်။



၁။ အကြောင်းပြချက်များနှင့် အဖြေများကို ဆွေးနွေးငြင်းခုံခြင်းဖြင့် အဓိပ္ပာယ်ဖော် ရမည်။ တန်ဖိုးဖြတ် ရမည်။

၂။ မသေချာ မရေရာမှုများ (Uncertainties)၊ မသဲမကွဲများ (Vagueness)၊ မပြတ်မသား မရေမရာ ဖြစ်ခြင်းများ (Equivocation) နှင့် ၀ိရောဓိ ဖြစ်ခြင်းများ (Contradiction) ကို အသိအမှတ် ပြုရမည်။ ရှင်းလင်းရမည်။

၃။ အမှန်တရား (facts) နှင့် တန်ဖိုး (value) ကို ခွဲခြားပါ။

၎။ မှန်းဆချက်များ (assumption) ချမှတ်ပါ။ အမှတ်ရပါ။

၅။ သတင်း အချက်အလက်များ ရရှိရာ နေရာ၏ ယုံကြည် စိတ်ချရမှု ရှိမရှိ ခွဲခြားပါ။

၆။ အယူအဆ အပေါ် အခြေတည်သော ဘောင်ခတ်မှု (Conceptual framework) ကို နားလည်ပါ။ အသိအမှတ် ပြုပါ။ (လူတစ်ဦး၊ အုပ်စု တစ်စု သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ အခြေခံ ယုံကြည် ကိုးကွယ်မှု၊ အယူအဆနှင့် တန်ဖိုးထားမှုတို့သည် သူ သို့မဟုတ် သူတို့၏ အမြင်ကို စိုးမိုး ခြယ်လှယ်သည်ကို သိမြင်ရန် ဖြစ်သည်။ ထိုအမြင်များကြောင့် မိမိနှင့် အယူအဆ ကွဲပြား ခြားနားနေလျှင် မည်သို့မည်ပ ဖြေရှင်းရမည်ကို စဉ်းစားရမည် ဖြစ်သည်။



ပတ်ဝန်းကျင် သိပ္ပံပညာရပ် (Environmental science) ကို လေ့လာရာတွင် ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်မှု၏ အရေးပါပုံကို ပိုမိုနားလည် နိုင်ပါသည်။ ဤ ပညာရပ်သည် အဆက်မပြတ် ပြောင်းလဲနေသော တစ်နည်းအားဖြင့် အသား မကျသေးသော ပညာရပ်ဖြစ်ခြင်းကြောင့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများတွင် ပါရှိသည့် အယူအဆ၊ သီဝရီနှင့် အချက်အလက် အားလုံးသည် မှန်ကန်ပြီးပြည့်စုံပြီဟု ပြောဆိုရန် မဖြစ်နိုင်ပါ။ အယူအဆများသည် ပတ်ဝန်းကျင် တစ်ခုလုံး၏ ပြည့်စုံသော ရုပ်ပုံလွှာတစ်ခု အဖြစ် ကိုယ်စား မပြုနိုင်ပါ။ အချက်အလက်များ မည်မျှပင် ပြည့်စုံကျယ်ပြန့်စေကာမူ အားလုံးကို သိရှိရန် ခြုံငုံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းပြချက် (Premises) များသည် မည်မျှပင် ခိုင်လုံစေကာမူ ၎င်းတို့မှ ဆွဲထုတ်လိုက်သော အဖြေ (Conclusion) မှန်ကန်ပြီဟု မဆိုနိုင်ပါ။



ညိုမောင်

Ref: Environmental Science by Cunningham (A Global Concern)

Wednesday, September 28, 2011

သတိထားကြပါ ရွှေမြန်မာ


ကျွန်တော်အပါအ၀င်မြန်မာပြည်သာတိုင်းရင်သားအားလုံးကျွန်တော်တို့  ပတ်ဝန်းကျင်များကိုသတိမထားမိပဲအမှု
မဲအမှတ်မဲ့ နေမိကြပါလိမ့် မယ်။ဒါပေမယ်ယခုစာကိုဖက်ပြီချိန်မှာ ကျွန်တော်တို့ ရဲ့  ပတ်ဝန်းကျင် သတိထားပြီ
ကြည့် လိုက်ပါ၊ မြန်မာတိုင်ရင်းသား လူမျိုးစုများတွင်မပါဝင်သော တရုတ်၊ကုလားများ သင့် ပတ်ဝန်းကျင်တွင်
အများအပျားမင်းမူနေတာတွေ့ ရပါလိမ့် မယ်။

တဆက်ထဲပြောချင်တာကတော့ ကျွန်တော်ဟာလူမျိုးရေးအထိကရုန်းဖြစ်မှာကိုလိုလားသူမဟုတ်ပဲ ငြိမ်းချမ်းရေး
ကိုသာရှေရှုတဲ့ ဗုဒ္ဒဘာသာဝင်တယောက်ဖြစ်ပါတယ်၊သိုသော် မြန်မာနိင်ငံသာတယောက်ဖြစ်တဲ့ အတွက် မြန်မာ
နိင်ငံရဲ့  ဆိုရွားလာတဲ့  အနာဂတ်ကို စိုးရိမ်မိပါတယ်။

ကျွန်တော်တို့ မြန်မာနိင်ငံသားတွေ တနေ့ တနေ့  စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရင် မိမိပတ်ဝန်း
ကျင်ရဲ့ အပြောင်းအလဲမှုကို သတိမထားမိပဲ ဘာသာတရာများ၊ယဉ်ကျေးမှုများ တစတစ ခမ်းချောက်လာသည်ကို
သိချင်မှသိပါလိမ့် မယ်။

စီးပွားရေး၊လူမျိုးရေးအရ နယ်ချဲ့ နေကြတဲ့ တရုတ်၊ကုလားလူမျိုးများ မြန်မာနိင်ငံရဲ့ နေရာအနှံအပြားတွင် တွေ့ ရမြင်ရ
သည်ဟု သင်လက်ခံလျှင် ကျွနှ်ပ်တို့ အားလုံး ကိုယ်ကိုကိုယ်လေ့ လာသုံးသပ်ရမလို ကျွန်တော်တို့ ရဲ့ နိင်ငံရေ
ကိုလည် သုံးသပ်ရပေလိမ့် မည်၊ နိင်ငံရေးဆိုတာနှင့် လူအများနောက်တွန့် သွားတက်ကြသည်။နိင်ငံရေဆိုသည်မှာ
နိင်ငံသာတိုင်း၏အရေးဖြစ်သည်၊ခရစ်တိုတယ်၏စကားနှင့် ပြောရလျှင်( လူဆိုသည်မှာ နိင်ငံရေ၏ သတ္တ၀ါဖြစ်
သည်)ထိုကြောင့်  နိင်ငံရေးသည် လူတိုင်းနှင့် သက်ဆိုင်ပါသည်။

တချိန်တခါက...
ဗမာပြည်သည် ဒို့ ပြည်
ဗမာစာသည်  ဒို့ စာ
ဗမာစကားသည်  ဒို့ စကား
ဒို့ ပြည်ကို  ချစ်ပါ
ဒို့ လူမျိုးကို မြတ်နိုးပါ..ဆိုသော

ကြွော်ကြော်သံများသည် အကြောင့် မဲ့ သတ်သတ်ထွက်ပေါ်လာခဲ့ သည်မဟုတ်၊ကုလား-ဗမာအရေးအခင်းကြောင့် 
ထွက်ပေါ်လာရခြင်းဖြစ်သည်။နိင်ငံအတွင်းနေထိုင်ပြီ အစော်ကားခံရသောလူမျိုးရေ အထိကရုန်းများကို ယနေ့ 
လူငယ်များ ပြန်လည်လေ့ လာသင့် ပါသည်။ကုလား-ဗမာအရေးခင်းများ တရုတ်-ဗမာအရေးခင်းများ ရှိခဲ့ဖူသည်
ကို လူငယ်များမသိကြပေ ....။

တရုတ်-ဗမာအရေးခင်းနှင့် ပတ်သတ်ပြီး စာရေးဆရာကြီတယောက်ရဲ့ စာအုပ်တွင် ဖက်မိသောအကြောင်းအရာ
ကို မှတ်မိပါသေသည်၊ဆွမ်းခံကြွသော ရဟန်းတပါကို တရုတ်တယောက်က နောက်ကနေလှံနဲ့ ထုတ်ချင်းဖောက်
ထိုးသတ်သွားသော ဖြစ်ရပ်တခုဖြစ်သည်။ယနေ့  မြန်မာနိင်ငံရှိ နေရာအနှံအပျားတွင် ရှိသောတရုတ်များ အလာတူ
ဖြစ်ရပ်များ မဖြစ်နိင်ဟု မည်သူက အာမခံရဲ့ သနည်း။

တရုတ်လူမျိုးများ၏ ကောင်မွန်သော အကျင့် စရိုက်တချို့ ကို ကျွန်တော်တို့ ရွှေမြန်မာများ အတုယူသင့် ပါသည်။
တရုတ်လူမျိုးများ ကောင်မှုဖြစ်စေ၊မကောင်းမှုဖြစ်စေ သူတို့ ၏အလုပ်ကို စိတ်ဝင်တစားဂရုစိုက်လုပ်ကိုင်ကြပြီ
 တိုးတက်အောင် အမြဲကြံဆတွေးတောနေတက်ကြပြီ၊ငွေကြေးကို တန်ဖိုးထားတက်ကြပြီ  သူတို့ အတွက်အကျိုး
မရှိလျှင် မစင်တောင်မစွန့် ချင်ကြသည် လူမျိုးဖြစ်သည်။

ထိုကြောင့် ကျွန်တော်တို့  ရွှေမြန်မာများသတိထားကြဖို့ တော့ လိုပါသည်၊မြန်မာမိန်ကလေးများ တရုတ်ပြည်တွင်
သတို့ သမီးအဖြစ် ရောင်စားခံရသောသတင်းများ သင့်နားထဲသို  ၀င်မလာခဲ့ ဘူဆိုလျှင် သင်ဟာ လက်ရှိအစိုးရ
၏ (brain wash)အလုပ်ခံထားရသော လူတယောက်ဖြစ်တယ်ဆိုတာ လက်ခံလိုက်ပါ၊ ပြီလျှင် ကိုယ်ကိုကိုပြန်လည်
သုံးသပ်ပြီး ကမ္ဘာအပြင်ဖက်သို့  ကြည့် ဖို့ လိုပါတယ်။

ဒီမိုကရေစီ စနစ်ကိုလိပ်ကဲ့ သို့ သွားနေသော လက်ရှိအစိုးရထုတ်လွင့် သော တီဗီအစီအစဉ်များ၊ဂျာနယ်များ၊
စာစောင်များဖက်ယုံမျှဖြင့် ကိုယ်ကိုကိုယ် ဗဟုသုတရှိပြီဟု ထင်မနေပါနှင့် မြန်မာပြည်တွင် ဖြစ်ပျက်နေသော
သတင်းအချို့ ကို အစိုးရက အမှောင်ချထားကြသည်။

လက်ရှိသင် စီးနေသောဖိနပ်၊ဆောင်ထားသော ထီးတို့ မှာတရုတ်ပစ္စည်များဖြစ်နေလျှင် မြန်မာနိင်ငံပ်ါတွင် တရုတ်
မည်မျှ လွမ်းမိုးနေသည်ကို..သင်  သတိထားကြည့် လိုက်ပါ...

အကယ်၍ ကျွန်တော်တို့ ရွှေမြန်မာအားလုံးအမှုမဲ့ အမှတ်မဲ့ ဆက်လက်နေထိုင်ကြလျှင် နောင်တချိန်ကြလျှင်
မြန်မာပြည်တွင်းရှိတရုတ်များသည် မနက်စောစောထ၍  ဒါတိုပြည့် ဒါတို့ မြေ တို့ ပိုင်တဲ့  မြေ ဟု ရွတ်ဆိုနေကြလိမ့်မည်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့  စီပွားရေသာမက လူမျိုးရေးအရပါ နေရာယူလာကြသော တရုတ်လူမျိုး၊
ကုလားလူမျိုးများကို သတိထားကြပါ ရွှေမြန်မာရယ်လို့ ........................>>>>>>>>

(အန်ထွက်လာတဲ့  ခံစားချက်တွေပါ ၊စာဖက်သူနဲ့  ကျွန်တော်ဟာ အသက်အရွယ်၊ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်
ခံစားချက်များ မတူညီကြတဲ့ အတွက် လက်ရှိအတွေးအခေါ်များတူညီကြမည် မထင်ပါဘူး၊ သို့ သော် အတူညီတဲ့ 
အတွေးအမြင်များကို လက်ခံကြိုဆိုပါတယ်)

Tuesday, September 27, 2011

မြန်မာနိုင်ငံပျောက်သွားပြီး တရုတ်ပြည်ဖြစ်လာတော့မှာလား?


တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။


`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ ???????????????????

အိပ်မက်ဆိုးတွေ မက်နေပြီ။တကယ်ကို ချွေးစီးတွေနဲ့ ခြောက်ခြားစရာကောင်းတဲ့ အိပ်မက်ဆိုးပါ။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ် လား` တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

စက်တင်ဘာ ၂၃ ရက်နေ့၊တော်ဝင်နှင်းဆီမှာ မြန်မာငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ဦးစီးပြီး ရန်ကုန်က ပညာရှင် အသီးသီး ကို ဖိတ်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲကို ကျမ တက်ခဲ့တယ်။ အဲဒီက ပြန်တော့ ကျမ တကိုယ်လုံး ညှိုးခြုံးပြီး တွေးစရာတွေ ပါလာခဲ့တယ်။ အဲဒီနောက်တော့ ကျမရဲ့ခြောက်အိပ်မက်က စတော့တာပါပဲ။

အိပ်မက်ထဲမှာ မြန်မာနိုင်ငံက ပျောက်သွားတယ်။ ကျမနေတဲ့ ပြည်ရိပ်မွန်ဟာလည်း ပျောက်သွားတယ်။

လှည်းတန်းဈေးကလည်း တရုတ်ဈေးဖြစ်နေတယ်၊ မြင်မြင်သမျှ လူတွေကတော့ မျက်လုံးမှေးမှေး၊ အသား နီစပ်စပ်နဲ့ ချွေးတွေ စီးကျနေတဲ့ တရုတ်လူမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး ကျမ လက်ထဲက ကိုင်နေတဲ့စာအုပ်တောင်မှ တရုတ်စာလုံးတွေနဲ့ စာအုပ်ဖြစ်နေတယ်။

ဖျတ်ခနဲ လန့်နိုးလာတဲ့ ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ဘူး။ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိတော့တာပါပဲ။

တော်ဝင်နှင်းဆီက ပညာရှင်အသီးသီးက မတူညီတဲ့ အမြင်တွေနဲ့ ဧရာဝတီမှာမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့အမြင်နဲ့သဘောထားတွေကို ပြောဆိုကြတယ်၊ တင်ပြကြတယ်။

ပညာရှင်အားလုံးဟာ လေးစားစရာကောင်းပါတယ်။ ကျမတို့ မသိတာတွေ။ မမြင်တဲ့ ရှုထောင့်တွေ၊ မသိတဲ့ ပညာရပ်တွေ ဘယ်လောက် များပြားကျယ်ပြန့်သလဲ။ ဒီဆွေးနွေးပွဲကိုတက်ပြီးတော့ ကျမ မြစ်ဆုံနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို မရေးရဲလောက်အောင်ဖြစ်ရပါတယ်။ သိတ်ကို ကျယ်ပြန့်ပါတယ်။ ကျမ မသိတဲ့ နားမလည်တာတွေလည်းအများကြီး၊ မမြင်မိတာတွေလည်း အများကြီးပါ။

ဒါပေမဲ့ သာမန်ပြည်သူ၊ သာမန်သတင်းသမားတယောက်အနေနဲ့ တော့ ရေးချင်တယ်၊ အမျိုးသားရေးမို့ ပိုပြီး ရေးချင်တယ်။ ပညာရှင်ရှုထောင့်မျိုးကနေ မရေးနိုင်ပေမဲ့ သာမန်ပြည်သူတဦး၊ သာမန်သတင်းသမားတဦး၊ မြန်မာ အမျိုးသမီးတဦး၊ မိခင်တဦးအနေနဲ့ တော့ ကျမ ရေးချင်ပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

တကယ်ပဲ ကျမတို့ဟာ ဧ၇ာဝတီမြစ်ကိုတင် ဆုံးရှုံးရမှာ မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေ၊ ပြီးတော့ မြန်မာပြည်ကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေမျိုးပါ။

စစ်ဗိုလ်များပြီး ရဲဘော်မရှိတဲ့ မြန်မာစစ်တပ်ကို တရုတ်အစိုးရက သူတို့ဆည်လုံခြုံရေးအတွက် တာဝန်ပေးပါ့မလား။
တရုတ်စစ်တပ် ၀င်လာရင် အင်အားဘယ်လောက်နဲ့ ၀င်လာကြမှာလဲ။

အဲဒီ စစ်တပ်က ကချင်ပြည်နယ်ကိုတင် မက နေပြည်တော်ထိ တက်ပြီး သိမ်းနိုင်တဲ့ အခြေအနေ ရောက်လာနိုင်မှာလား။

လက်ရှိ မြန်မာအစိုးရပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေထဲမှာကော တရုတ်ပြည်က စပိုင်တွေ မရှိနိုင်ဘူးလား။

ယနေ့ ထိတ်ထိတ်ကျဲကျဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ ဦးခန့်ကိုတရုတ်အစိုးရက ငွေကြေးအလုံးအရင်းနဲ့ ထောက်ပံ့ပေးပြီးလူမွေးထားတဲ့ သတင်းတွေက ဘာကြောင့် ထွက်လာတာလဲ။

မန္တလေးကို တရုတ်တွေက ဖြည်းဖြည်းခြင်း စီးဝင်ခဲ့တာပါ ဧရာဝတီမြစ်ဆုံကိစ္စကတော့ တရုတ်တွေ ဝေါကနဲ မြန်မာပြည်ရောက်လာမဲ့ ကိစ္စလို့ ကျမတော့မြင်လိုက်မိတယ်။

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် အကျိုးကျေးဇူး ဘယ်လောက်ရှိနိုင်ပါသလဲ၊

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် ပျောက်သွားနိုင်တာကတော့ ကျမ အတွေးထဲမှာ သေချာ သလောက် ဖြစ်နေပါတယ်။

ဆောင်းတွင်းမဟုတ်ပဲ ခြောက်အိပ်မက် မက်နေတဲ့ ကျမလို မြန်မာပြည်သူတွေ အများကြီး ရှိပါလိမ့်မယ်


မေသင်္ကြန်ဟိန်း(မြစ်မခ)

Sunday, September 25, 2011

မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်

သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့

မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ...်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။

သဘင့်တက္ကသိုလ်

ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။

အနုပညာမြို့တော်

ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှမရှိဘူး။ မန္တလေးက မျက်ပါးရပ် တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။

အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူး

မင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျသွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ်ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

အမြင်ကျဉ်းတာမဟုတ်ဘူး

အမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကိုချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။

ဆွေလိုမျိုးလိုနေကြ

မန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်းအစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။

ဗမာတွေဖြစ်ကုန်ကြ

အိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။

သူတို့လူများစု

ဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်

ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။

ဗမာစာပါ ပျောက်မှာစိုး

ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။

လူထုစိန်ဝင်း

Monday, September 19, 2011

သမိုင်းကဆုံးဖြတ်လိမ့်မယ်

သည်ကနေ့ အီးမေးလ် စစ်လိုက်တယ်ဆိုရင်ပဲ သတင်းဌာနတခုမှာ အယ်ဒီတာဝင်လုပ်နေတဲ့ သားလို၊ တူလိုရင်းနှီးသူ လုပ်ဖော်ကိုင်ဖက် ဟောင်းတဦးကပို့တဲ့ အီးမေးလ်မှာ ခေါင်းစဉ်မှာကိုက သိပ်အရေးကြီး တယ်လို့ ရေးထားတာတွေ့ရတော့ ဘာတွေများရယ်လို့ ကမန်းကတမ်း ဖွင့်ကြည့်မိတယ်။

သူက

အန်ကယ်ခင်ဗျား . . .

အရေးကြီးတဲ့ပေါ်လစီ မိန့်ခွန်းလို့ ထင်ပါတယ်။ ဒီနေ့ ဒီမိုကရေစီနေ့မှာ ပြောပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတခုလုံး ဘယ်လိုရှေ့ဆက်သွားမယ် ဆိုတာကို လမ်းညွှန်မိန့်ခွန်းလို့လဲ ပြောနိုင်ပါတယ်လို့ ညွှန်းထားတာတွေ့ ရတာမို့ Attached file ကို ချက်ခြင်းပဲ ဖွင့်ကြည့်ရပြန်တယ်။ အသံဖိုင်နဲ့ ပို့ထားတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့မိန့်ခွန်းကို နားထောင်ရတယ်။

ဒီနေ့ပဲ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ အဲဒီအခမ်းအနားမှာ NLD အထွေထွေအ တွင်းရေးမှူးက ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန် ပေါ်လစီမိန့်ခွန်းကို သူ့ အဖွဲ့ချုပ်ဝင်တွေဆီကတဆင့် တပြည်လုံးက ဒီမိုကရေစီရေးလိုလား သူတွေကို ချပြသွားတာ ဖြစ်တယ်။

ဒီမိန့်ခွန်းထဲမှာ ကျနော်သတိထားမိဆုံးအချက်က . . .

အခုဆိုရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြားပြောပြီးသား ဖြစ်ပါတယ်။

“အပြောင်းအလဲဖြစ်နိုင်မယ့်အခြေအနေ ရောက်နေပြီလို့ ကျမယုံကြည်တယ်။ အပြောင်းအလဲဖြစ်နိုင်မယ့် အခြေအနေမှာ ရောက်နေပြီဆိုရင် ဒီအပြောင်းအလဲဟာ ပြည်သူအတွက်အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းက တာဝန်သိသိနဲ့ လေးလေးနက်နက်စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့ ပုံစံ မပြောင်းနိုင်ဘူး၊ ဒီပုံစံ၊ ဒီပုံစံပဲ။ ဒီအခြေအနေလည်း ဒီပုံစံလုပ်မယ်။ ဟိုအခြေအနေလည်း ဒီပုံစံလုပ်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့အရည်အချင်း အားနည်းတာလို့ ပြောရမှာပဲ ဆိုတဲ့အချက်ပါ။”

ဒီနေရာမှာ မဟာသိပ္ပံပညာရှင် Albert Einstein ရဲ့ ရူးသွပ်မှု (Insanity) ကို အဓိပ္ပါယ်ဖွင့်ထားတဲ့ ကျော်ကြားလှတဲ့ အဆို အမိန့်ကို သူ့မိန့်ခွန်း နားထောင်ရင်းက ပြေးသတိရတယ်။ Einstein u “Insanity ” is doing the same thing over and over again and expecting different results. လို့ မညှာမတာ ပြောခဲ့ဖူးတယ်။

အပြောင်းအလဲဟာ သဘာဝရဲ့ နိယာမထဲက အထင်ရှားဆုံးနိယာမပါ။ ဒါပေမယ့် ၉၉.၉၉ ရာခိုင်နှုန်းသောသူတွေက Change ကို သတိမထားကြပါ။ မလေ့လာလို့လား။ သတိမထားလို့လား ဆိုနိုင်ပါတယ်။ သတိမမူ၊ ဂူမမြင်ဆိုတဲ့ စကားရှိ တယ်မို့လား။ သည်ထက်ပိုပြီး ထဲထဲဝင်ဝင် ပြောရရင် လေ့လာဖို့မလိုတော့ဘူးလို့ မသိစိတ်ကယူဆချက်နဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ၊ အရိုးစွဲခေါက်ရိုးကျိုးနေတဲ့ အကျင့်စရိုက်တွေ၊ အစွဲအလန်းတွေနဲ့ အကျင့်ပါနေတာတွေကို ကျနော် ကိုယ်တွေ့မို့ ဒါတွေဟာ ဘယ်လောက်အန္တရာယ်ကြီးမှန်း ပြောမပြနိုင်လောက်တတ်ပါ။ အထူးသဖြင့် ငါသိ၊ ငါ တတ် နိုင်ငံရေးသမားများမှာဖြစ်တတ်တဲ့ ဝမ်းတွင်းပါ ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ များနဲ့ အဆင်ပြေညီညွတ်တဲ့ပုံစံများကို ပြုပြင်ပြောင်းလဲပြီး နဂိုရှိရင်းစွဲပန်းတိုင်ကို အရောက်သွားကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြောင်းလဲနေတဲ့ ပကတိအခြေအနေများကို ဆုပ်ကိုင်နိုင်စွမ်းရှိရမှာဖြစ်ပြီး Adaptability ရှိရှိ လုပ်ကြ ရမှာ ဖြစ်ပါတယ်။ သည်လို လုပ်ကိုင်နိုင်စွမ်းရှိမှုဟာ ရိုးသားမှု၊ ပြည်သူလူထု အကျိုးလိုလားမှုဆိုတဲ့ စိတ်စေတနာတွေက မြစ်ဖျားခံလာတယ်လို့ ဆိုရင်မမှားပါ။

ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်လို့ ဆိုပါတယ်။ သူ အ မှန်တကယ် ယုံကြည်လို့ ပြောတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ဘာကြောင့် သူယုံကြည်ရတာလဲ။ မေးသင့်တဲ့မေး ခွန်းပါ။ အဖြေကတော့ တခုထဲပါ။ ဒီနေ့ ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာပါတဲ့ ဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည် လောက် သ တင်းအချက်အလက် မရှိပါ။ Defecto Power ရထားတယ်လို့တောင် ပြောနိုင်ပါတယ်။ ဗမာပြည်လာတဲ့ နိုင်ငံတကာ ထိပ် တန်းအထူးသံတမန်တွေနဲ့ စကားပြော (ဆွေးနွေးရတယ်)၊ အစိုးရရဲ့ နံပါတ်တစ်သမတနဲ့ ညှိနှိုင်း (ဆွေးနွေးရတယ်)။ သူ့ကို မယုံကြည်ဘူး။ သူဟာ အသုံးချခံရတယ်လို့ ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်နေသူ တွေထဲမှာ သူ့လောက် သတင်းအချက်အလက်ရပြီး သူ့လောက် လက်တွေ့ထဲမှာရှိသူတော့ ဘယ်သူမှမရှိတာကို ဘယ်သူ မှ ငြင်းမရပါ။ တကယ်လို့ သူ့ကို အစိုးရကတောင် အသုံးချဖို့ ကြိုးစားခဲ့တယ်ဆိုရင်တောင်မှ ဒီမိုကရေစီလိုချင်တယ်ဆိုသူ တွေက သူ့ကို အသုံးချဖို့ မကြိုးစားသင့်ဘူးလား။ တိုင်းပြည်နဲ့ လူမျိုးအတွက်နော်။ ဘယ်လိုဘယ်ပုံ သူ့ကို အသုံးချမယ် ဆိုတာ စဉ်းစားရမှာက အခြားနည်းနာဆိုင်ရာ ပြဿနာပါ။

ဒေါ်အောင်ဆန်းစုကြည် ပုဂံကို မိသားစုအပန်းဖြေခရီး ထွက်တယ်လည်းဆိုရော ရှစ်လေးလုံးနှစ်ပတ်လည် ကာလမျိုးမှာ ဒါမျိုးလုပ်ရမလားဆိုပြီး ပယ်ပယ်နယ်နယ်ဝေဖန် (ဆဲ) သူတွေ တွေ့ရတော့ အတော်ကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါ တယ်။ အဲသည့် ဝေဖန်သူတွေက တချို့ဆို ဝါရင့် တံဆိပ်တပ်ပေးလို့ရတဲ့ သူတွေပါ။ စစ်အစိုးရကို သွေးတိုးစမ်းပြီး ခရီး ထွက်တာဖြစ်တယ်ဆိုတာ ဘာ့ကြောင့် မစဉ်းစားမိသလဲဆိုတာ အံ့သြစရာပါ။

အခုလဲ ဇော်ဇော် ဖိတ်တဲ့ဘောလုံးပွဲ သွားကြည့်တယ်ဆိုပြီး မီဒီယာတွေမှာ ကျွက်ကျွက်ညံညံအောင် ဝေဖန် (ဆဲ) ကြပြန် ပြီ။ ဒေါ်အောင်ဆန်းစုကြည် က တကယ့်အပြောင်းအလဲဖြစ်ဖို့ဆိုတာ ဗိုလ်သန်းရွှေ သဘောတူမှရမယ်ဆိုတာ ကောင်း ကောင်းသိလို့ ဗိုလ်သန်းရွှေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဇော်ဇော်နဲ့ ဗိုလ်သန်းရွှေမြေး နေရွှေသွေးအောင် (ဖိုးလပြည့်) တို့ ဆီက တဆင့် ဗိုလ်သန်းရွှေဆီကို Good Will Message ပို့နေတာလို့ မယူဆကြဘူးလား။

ဒီနေရာမှာ သတိထားဖို့က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာပါတဲ့ အပြောင်းအလဲဟာ ပြည်သူလူထုအတွက် အ ကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းလူတိုင်းက လေး လေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်ဆိုတဲ့ အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့အလုပ်အပေါ် အယုံအကြည် မရှိဘူးဆိုရင် တာဝန်သိသိနဲ့ ဘယ်အလုပ်အပေါ် ယုံကြည်သလဲဆိုတာ အလုပ် (Alternative Programme) ကိုဖော်ပြပြီး အဲသည့်ဖော်ပြထားတဲ့အလုပ်ကို အားလုံး ဝိုင်းလုပ်လာအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုတာ ဒါပါ။ အထူးသ ဖြင့် တာဝန်မဲ့ဝေဖန်မှု၊ ပြောဆိုမှုတွေကို လုပ်နေကြတာဟာ တချို့၊ တချို့သော ပြည်ပ Blog တွေ Website တွေပါ။ သူ တို့ပြောဆို ရေးသားနေကြတာတွေကြောင့် သူတို့ကို လက်တွေ့ ပကတိဘဝအရ ဘာမှ အကျိုးသက်ရောက်မှုရှိမှာ မ ဟုတ်တာကြောင့် တာဝန်မဲ့ရေးသားနေကြတာ တွေတွေ့ရတော့ အင်မတန် အော့နှလုံးနာ စက်ဆုပ်မိရပါတယ်။ သူတို့နဲ့ စာရင် ကြံ့ဖွတ်အစိုးရရဲ့ ဆင်ဆာအောက်မှာရေးနေရတဲ့ ဂျာနယ်တွေမှာမှ လက်တွေ့ကျတဲ့ ပြည်သူလူထုကို အသိညဏ် ပွင့်စေတဲ့ စာပေမျိုးတွေ့နေရသေးပါလားလို့ တွေးမိပါတယ်။ ဒါကလည်း သူတို့က ပြည်သူနဲ့အတူ တိုက်ပွဲထဲမှာ ရှိနေလို့ ဖြစ်မှာပါ။

တချို့က ပြောကြတယ်။ One Lady Show လို့။ One Lady Show ပဲဖြစ်ဖြစ်၊ One Man Show ပဲဖြစ်ဖြစ် ရှိနေတဲ့ ပက တိအခြေအနေက စရမှာပါ။ တောင် အာဖရိက က မန်ဒဲလားလည်း ပစ်ဘိုသာဒီကလပ်ဆိုတဲ့ ဒီသမတတွေနဲ့ ထောင်ထဲ ကနေပြီး One Man Show လုပ်ခဲ့ရတာပဲ။ ဘဝတူ အကျဉ်းကျ ရဲဘော်တွေရဲ့ နားလည်မှုလွဲမှားတာကို မန်ဒဲလားလည်း ခါးစည်းခံခဲ့ရတာပဲ။ ဒါပေမယ့် တောင်အာဖရိကတိုက်ရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းမှာတော့ မန်ဒဲလား ဟာ မန်ဒဲလား ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပြီလို့ ဆိုပါတယ်။ အဓိပ္ပါယ်က အပြောင်းအ လဲဖြစ်နေပြီလို့ မပြောသေးပါ။ အပြောင်းအလဲဖြစ်ဖို့ အခြေအနေတွေကို ဖန်တီးနေတာပါ။ လက်ရှိစစ်အုပ်စုအတွင်းမှာပဲ Moderate သမားတွေနဲ့ Radical သမားတွေ အားပြိုင်နေကြတုန်းပါ။ သည်အချိန်မှာ ဒေါ်စု လုပ်ရမယ့်အရေးအကြီးဆုံး အလုပ်ထဲက တခုက Moderate သမားတွေကို ပိုပြီးအားကောင်းလာစေဖို့ အခြေ အနေဖန်တီးပေးဖို့ မဟုတ်ပါလား။

သည်အချိန်မှာ ဖြစ်တတ်တဲ့တရားအတိုင်း ကိုယ့်ဘက်မှာလည်း Moderate သမားနဲ့ Radical သမားရယ်လို့ နှစ်ပိုင်းကွဲ မှာပါ။ ဒါက သဘာဝပါ။ စစ်စစ်မှန်မှန်နဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်သိသိလုပ်ကြတဲ့ ဘောင်အတွင်းမှာဆိုရင် ဒါ ဟာ မဖြေရှင်းနိုင်တဲ့ပြဿနာ မဟုတ်ပါ။ အာဖရိက က မန်ဒဲလား တုန်းကလည်း သည်လိုမျိုးကြုံခဲ့ရတာပဲ။ လွတ်လပ်ရေး ကြိုးပမ်းခဲ့ရတဲ့ ၁၉၄၆ – ၁၉၄၇ ကာလ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ပြီး ဗိုလ်ချုပ် ဘိလပ်ကပြန်လာတော့လဲ ဆန့် ကျင်သူတွေ အများကြီးပါ။ ဗစိန်၊ ထွန်းအုပ်ဂိုဏ်း ဦးစောတို့ကတော့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတာပေါ့။ ဗမာ ပြည်ကွန်မြူနစ်ပါတီက သခင်သန်းထွန်းနဲ့တော့ ကျုံမငေး သခင်တင်မောင် ကတဆင့် ဗိုက်ချုပ်နဲ့ ညှိနှိုင်းမှုတွေရှိတယ် လို့ ဆိုပါတယ်။ စာပေဖခင်ကြီး သခင်ကိုယ်တော်မှိုင်းကတောင် အရင်ဘိလပ်သွား ဇာတ်လမ်းမျိုးဖြစ်မှာပဲလို့ယူဆပြီး ဗိုလ်ချုပ်အောင်ဆန်းကို မင်း ဆရာလား၊ ငါဆရာလားဆိုပြီး ဟောက်သေးတယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်က ဆရာရယ် ကျနော့ကို တနှစ်တော့ အချိန်ပေးပါ။ တနှစ်အတွင်း လွတ်လပ်ရေးမရရင် ဆရာပြောသချင်သလို ပြောပါ၊ အခု ဆရာပြော မယ်ဆိုရင် တခြားသူတွေပြောတာနဲ့ မတူဘူး။ အကျိုးသက်ရောက်မှုကြီးတယ်။ (စကားရင်းမဟုတ်ပါ။ မိမိနားလည်သလို ရေးတာ) လို့ တောင်းပန်လို့ ဆရာကြီးက အောင်ဆန်းကို လုပ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

အခုလည်း ဒေါ်စုကို မယုံလို့ရပါတယ်။ ဒေါ်စုလုပ်နေတာတွေကို မထင်၊ မထင် … လို့ ယူဆလိုက ယူဆလို့ရပါတယ်။ ကျနော်ပြောလိုတာက ဒေါ်စုကို မထောက်ခံရင်တောင်မှ ဒေါ်စုကိုမဆန့်ကျင်ဖို့ပါ။ ဒေါ်စုလမ်းစဉ်ဟာ ပြည်သူလူထု အ တွက် နိုင်ငံအတွက်၊ ဒီမိုကရေစီရေးအတွက် လက်တွေ့မကျတဲ့၊ အကျိုးမရှိနိုင်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုရင် Alternative approach တခုကို တင်ပြပေးဘို့ပါ။ လက်တွေ့ကျဖို့ အများလက်ခံနိုင်ဖို့တော့ လိုပါလိမ့်မည်။ သည်နေရာမှာ ဒေါ်စုကို နိုင်ငံရေးသမားတချို့ မထောက်ခံရင်တောင်မှ ပြည်သူလူထုကတော့ ဒေါ်စုကို ဘဝနဲ့ရင်းပြီး ထောက်ခံကြမှာဖြစ်ပါတယ်။ ဒေါ်စုရဲ့လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် လိုက်ပါကြပါလိမ့်မယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတုံးက စော၊စိန်၊မော် ဂိုဏ်းသားတွေကြုံတွေ့သလိုမျိုး ဒေါ်စု ကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားများ ကြုံတွေ့ရပါလိမ့်မယ်။

ကျနော် စာမရေးဖြစ်တာ ကြာပါပြီ။ အကျိုးထက် အပြစ်များမယ်ထင်လို့ပါ။ အခုတော့ ရေးသင့်မရေးသင့် စဉ်းစားရင်း ရေးမှဖြစ်မယ်ထင်လို့ ရေးလိုက်ပါတယ်။ ဒီစာမရေးခင် ဒေါ်စုရဲ့ ဒီမိန့်ခွန်းကို သိသင့်သိထိုက်၊ လေ့လာသင့် လေ့လာ ထိုက်တယ်လို့ ယူဆတဲ့ တပည့်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များဆီ ပို့ပေးပါတယ်။ ကျနော့် လူငယ်မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်ထဲကတယောက်က ဘာပြောသလဲ၊ ဘာ (Feed back) ပေးသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခေါင်းဆောင်ကောင်းပီသတယ်။ ခေါင်းဆောင်ကောင်းပီသတဲ့လူတွေက ရှေ့ကိုဘာလုပ်ရမလဲဆိုတာ မြင်နိုင်တယ်လို့ ပြောပါတယ်။

ဟုတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်တပည့်တယောက်ပြောသလို ခေါင်းဆောင်ကောင်းပီသ၊ မပီသဆိုတာ ကိုတော့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စ်စထရို ပြောသလို သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ပြောပါရစေတော့။

မြင်းရည်တက်ဦးသာ
15th, Septembe 2011 (Thursday)

(နေ့သစ်မှ http://www.naytthit.net/?p=19686 ကူးယူဖေါ်ပြပါသည်)

အဓမ္မဝါဒ ဖော်ထုတ်ရေးသို့

ကြားလိုက်ရပြန်ချေပြီ တမုံ့။ အဓမ္မဝါဒ ဖေါ်ထုတ်ရေး စာမူဖိတ်ခေါ်ပြိုင်ပွဲတဲ့။ သြော် သိဒ္ဓတ္ထဂေါတမသာသနာဟာ မျက်နှာငယ်လေးဖြစ်နေရော့သလား။ ထေရဝါဒအမည်ခံ မြန်မာပြည်ရဲ့ အကြီးဆုံး သံဃာ့နာယက အဖွဲ့ကြီးက သာသနာတော်မှာရှိတဲ့ အဓမ္မဝါဒတွေ ပပျောက်ဖို့အတွက် သူတို့ကိုယ်တိုင် တရားနည်းလမ်းတကျ မလုပ်ကြတော့ပဲနဲ့ ပြည်သူတွေရဲ့ လက်ထဲကိုထည့်ပြီး နိုင်ငံတော်ရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပုံစံအတိုင်း ဘုရားရဲ့ ဝါဒကိုလည်း ဒီမိုကရေစီဆန်ဆန် တကယ်သွားစေချင်တာလား။ ဒါမှမဟုတ် တို့အဖွဲ့အစည်းကြီးက သာလျှင် ဓမ္မဖြစ်ကြောင်း တခြားအဖွဲ့အစည်းကြီးတွေကြတော့ အဓမ္မဖြစ်ကြောင်း ထောက်ခံခိုင်းစေချင်တာလား။ ဖော်ထုတ်ရေးအဖွဲ့မှ ………(ယော)ဆိုတဲ့ပုဂ္ဂိုလ်ရေ ထင်တစ်လုံးနဲ့ အမြင်တွေဆုံးပြီး ….ကုန်းရမှာ ကြောက်နေတဲ့အဖြစ် ရောက်နေပြီလား။ သနားစရာ။
သာသနာတော်ရဲ့ အသက်ဟာ ဝိနည်းပါ ဝိနည်းပါလို့ တကြော်ကြော် တမော်မော် အော်နေပြီးတော့ အခုကြကာမှ သုတ္တန်တရားတွေကို ဖအေအရင်းမှန်း သိကြရော့သလား။ ဝိနည်းကိုဖျက်ဆီး သုတ္တန်ကို ပျက်စီးအောင်လုပ်ပြီး အခုမှ အမေကယ်ပါ အဘကယ်ပါ လုပ်နေတာလား။ အာဏာရှင်တွေရဲ့ အာဏာကိုယူပြီး အဓမ္မဝါဒတွေကို တိုက်ဖျက်ပါဦး တော့လား။ အခုက ဒီမိုကရေစီခေတ်ကို ပြောင်းသွားပြီလေ။ ဒါကို ဒင်းတို့တတွေမရိပ်မိတော့ ကမ္ဘာတောင်မီးမလောင်သေးဘူး သားကောင်ချပြီး နင်းနေချင်ပြီလား။ ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူတွေကို အကျိုးကျေးဇူးဖြစ်ထွန်းအောင် မလုပ်တဲ့အပြင် ပြည်သူတွေကို ဒုက္ခထပ်ပေး နေပြန်ပြီလား။
ဘယ်လောက်အောက်တန်းကြသလဲ အမျိုးစုံစုံလင်လင်နဲ့သာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲလိုက်ချင်တော့တယ်။ ဒီထက်စုံတဲ့ ဆဲနည်းရှိရင် အဲသည်ဆဲနည်းတွေနဲ့ ဆဲလိုက်ချင်ရဲ့။ မြတ်ဗုဒ္ဓရဲ့ သာသနာကို လုပ်ရက်လိုက်ကြပလေ။ လုပ်ရက်ကြပလေ။ ရိုင်းစိုင်းကြပလေ။ မိုက်ရိုင်းကြပလေ။ ဘာတဲ့ အဓမ္မဝါဒ ဖော်ထုတ်ရေးစာမူကို ဖိတ်ခေါ်ရုံတင် မကပဲ ။ စာမူကောင်းသူကို ကောင်းရင်ကောင်းသလောက် ဆုချီးမြင့်မတဲ့။ ပထမဆု တစ်သိန်း ၊ ဒုတိယဆု ခုနစ်သောင်း ၊ တတိယဆု ငါးသောင်း ဆိုပြီး အင်္ဂလိပ်ခေတ်က ဝရမ်းထုတ်ပြီး ကြေးသတ်မှတ်သလို“ လောကမှာ အသိအမြင် အတွေးအခေါ် အလုပ်အကိုင် အယူအဆရေးရာမှာ အထက်မြက်ဆုံး အထူးချွန်ဆုံး ဖြစ်တဲ့ သိဒ္ဓတ္ထဂေါတမရဲ့ သာသနာကို”ညံ့ဖျင်းအောင် လုပ်ရက်လိုက်ကြပလေဗျာ။ လုပ်ရက်လိုက်ကြပလေ။
ဒီညွှန်ကြားချက်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ညွှန်ကြားချက်အရတဲ့ဗျာ။ မိုက်လိုက်တဲ့သံဃမဟာနာယကအဖွဲ့ကြီး။ ကမ္ဘာကြီးမှာ မြန်မာပြည်မှာရှိတဲ့ထေရဝါဒသာသနာဟာ အလကားသာသနာ ဘာမှစောက်သုံးမကျတဲ့သာသနာလို့ သိအောင် မြင်အောင် ကြားအောင် လုပ်ဆောင်နေကြတာလား။
သာသနာ့ဘောင်မှာ ရဟန်းလုပ်နေပြီး အချောင်နေ အချောင်စားပြီး ရှင်ဥတ္တမကျော် ပြောသလို ပြောရရင် “ လာပို့တဲ့ အစာတွေ ဝနေအောင် စားပြီး အခန်းတံခါးကြီးပိတ် ကားကားကြီး အိပ် ။ အိပ်ရေးဝလို့ နိုးလာရင် လက်ပံပင် ဆက်ရက်ကျသလို စကားတွေဖောင်နေအောင်ပြော။” ဒင်းတို့ သံဃမဟာနာယက အဖွဲ့ကိုယ်တော်တွေက အဲသလောက်ပဲ ကိုယ့်ရဲ့လူ့ အဖြစ်ကို သိနေရော့လား။ လယ်တီဦးဝိလာသ ပြောသလိုပြောရရင်တော့ နန်းတော်ထဲကို သံကွင်းကြီး ရောက်လာပြီဟေ့ လို့ပေါ့။မကြာခင်မှာတော့ သံဃာနာယဘုန်းကြီးတွေ ဒီမိုကရေစီဝါဒရဲ့ ဘာသာရေးလွတ်လပ်ခွင့်အရ ဘာသာရေးလွတ်လပ်ခွင့်တွေ တောင်းဆိုလာရင်တော့ သံဃနာယက ကိုယ်တော်ကြီးတွေရဲ့ လည်ပင်းတော့ ဟား…ဟား…သံကွင်းအစွပ် ခံရဦး တော့မယ်ထင်တယ်။   ဦးဗုဒ်စကားနဲ့ ပြောရရင်“ကိုယ်တော်တို့က မိနုသာသ နာမှာ နေတာလား ဘုရားသာသနာမှာနေတာလား”တဲ့ ။ အခုလည်း မြန်မာ ပြည် မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာသံဃမဟာနာယကသာသနာ (သို့မဟုတ်) အံ့မောင်(ဘုံဘေ)ရဲ့ သာသနာမှာ နေနေတာလား။ မသိ အောင်ပဲ။ ဘုရားသာသနာမှာ နေတာလားလို့တော့ မမေးတော့ပါဘူး။ ဘုရားအားနာလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသံဃာ့မဟာနာယကတွေကိုက ဘုရားလမ်းစဉ်နောက် မလိုက်ကြပဲ အံ့မောင်ဆိုတဲ့ပုဂ္ဂိုလ်ခိုင်းတိုင်း လုပ်နေကြလို့ပဲ။ အံမောင်ခိုင်းတာ မလုပ်ရင် သူတို့ နေရာပျောက်သွား မယ်လေ။
သာသနာ့အရေးကို ကလေးကလားပြုကြကုန်သော အို အဓမ္မဝါဒ ဖော်ထုတ်ရေးလုပ်နေကြတဲ့ သံဃာတော်အပေါင်းတို့ သင်တို့သည် မြတ်ဗုဒ္ဓ၏လမ်းစဉ်မှ သွေဖည်ကြတော့မည်လား။ မြတ်ဗုဒ္ဓ၏ လမ်းစဉ်ကား “အညမည ဝစနေန ၊ အညမည ဝုဋ္ဌာပနေနာတိ” တဲ့။ အခုတော့ အသင်တို့ သည်ကား အချင်းချင်းမညီမညွတ်ဖြစ်ပြီး အချင်းချင်း အပြစ်တွေမှ မထမြောက်စေကြတော့ဘူးလား။ အသင်တို့သည်ကား ဘုရားအဆုံးအမ၌ လက်တလုံးခြား လုပ်တတ်ရုံမှတပါး အခြားမတတ်ချေတော့ ပြီလော။ ဒေသနာအရပ်ရပ်၏ ဆိုဆုံးမချက်တို့ကို လျစ်လျူရှုပြီး မြတ်ဗုဒ္ဓကို ငြင်းဆန်ကြတော့မည်လား။ မြတ်ဗုဒ္ဓသည် လောကသားတို့အား ငြိမ်းချမ်း ခြင်းခွန်အားနဲ့ ရှင်သန်နေစေဖို့ ထာဝရဖြောင့်ဖြူးသာယာသောလမ်းကို ဥပမာအမျိုးမျိုးပြ၍ ညွှန်ပြပေးတော်မူခဲ့၏။ သင်တို့သည်မြတ်ဗုဒ္ဓ၏ လမ်းညွှန် ချက်ကို ကျောခိုင်းကြတော့မည်လား။ မြတ်ဗုဒ္ဓ၏ ဆုံးမစကားသည် ကား ရန်ကို ရန်ခြင်းမတုန့်နှင်းနှင့်။ မေတ္တာဖြင့်သာ စောင့်ရှောက်လော့။ ဤတရား သည်ကား အဆုံးမရှိ အတိုင်းအဆမရှိ မြင့်သောမြတ်သောတရား ဖြစ်ပေ၏ ဟု ဆုံးမခဲ့၏။ ဤဆုံးမချက်ကို မျက်ကွယ်ပြုကြတော့မည်လား။
အို..ဗုဒ္ဓ၏ အဆုံးအမ၌ သက်ဝင်ယုံကြည်ကြသော မြန်မာပြည်သူ ပြည်သားအပေါင်းနှင့် တကွ သံဃာတော်အရှင်သူမြတ်တို့ဘုရား …ဤသို့ သော စာမူဖိတ်ခေါ်ပြိုင်ပွဲကြီးကိုကား လုပ်သင့်ပါ့မလား။ အနာဂတ်မြတ်ဗုဒ္ဓ သာသနာအတွက် ချင့်ချိန်ပြီး အခြားလုပ်သင့်သည်တို့ကို လုပ်ဆောင်မည် ဆိုလျှင်ကား အချိန်မီပါသေးသည် မဟုတ်လော။ အသင်တို့၏လုပ်ရပ်ကား အခြားဘာသာဝင်တွေသိလျှင်တောင် ရှက်ဖွယ်လိလိ ဖြစ်နေသည်မဟုတ် လော။ မြတ်ဗုဒ္ဓအဆုံးအမကို ခေါင်းခါကာ ငြင်းဆန်ကြတော့ မည်လော။ မြတ်ဗုဒ္ဓက သူ၏ဓမ္မသည်ကား ကောင်းသောစကားဖြစ်၏။ သူတပါးတို့၏ ကဲ့ရဲ့ပြစ်တင်ခြင်းမှ လွတ်ကင်း၏ဟု ဓမ္မဂုဏ်တော်၌ သူ၏တရား အရည် အသွေးကို ပြခဲ့ချေပြီ။ ယခုကား မြတ်ဗုဒ္ဓ၏ တရားဂုဏ်အရည်အသွေးသည် ကား ဆုပ်မရအောင် ကျဆင်းနေပြီလော။ ဆင်ခြင်ကြပါလေ အို…ဗုဒ္ဓဘာသာ ရဟန်းသံဃာနှင့် ပြည်သူပြည်သားအပေါင်းတို့။ မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည်ပါစေ။

(မန္တလေးဂေဇတ်မှကူးယူဖော်ပြပါသည်)

Wednesday, September 14, 2011

အမည်ခံထေရ၀ါဒမှ တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာသို့

င်္ဂါယနာတင်တယ်ဆိုတာ – – – – –
ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်ဟု ယုံကြည်လက်ခံလို့ရသော တရား ဓမ္မများကို ရဟန်းသံဃာမထေရ်အများက သဘောတူ အတည်ပြု မှတ်တမ်းတင်သော အစည်းအဝေးလုပ်ငန်းဖြစ်ပါတယ်။ ဒီနေရာမှာ သဘောတူရမည့်သံဃာသည် တစ်ပါး၊ နှစ်ပါးတည်း မဟုတ်ရသလို လုပ်ပိုင်ခွင့် ရနေသော အစုအဖွဲ့ တစ်ခုတည်းလည်းမဖြစ်သင့်ပါ။ သင်္ဂါယနာတင် (အစည်းအဝေး) ပြုနေတဲ့ အချိန်အခါမှာ ရှိနေကြသော သံဃာအများ (သို့မဟုတ်) ဒီသံဃာအများက သဘောတူရွေးချယ်ထားသော သံဃာကိုယ်စားလှယ်အများစုရဲ့ သဘောတူညီသော (ဗုဒ္ဓဘုရားဟောကြားခဲ့ပါသည်ဟု လက်ခံ ယုံကြည်ရသော) တရားဓမ္မများကိုသာ အတည်းပြု မှတ်တမ်းတင်မှသာ သမာသမတ်ကျသော အစည်းအဝေး(သင်္ဂါယနာ )ဟု ဆိုရမည် ဖြစ်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာသင်္ဂါယနာကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါ ယနာနှင့် ဦးနု ( ဖဆပလ ) အစိုးရလက်ထက်တွင် ဆဋ္ဌမ သင်္ဂါယနာဟု မြန်မာနိုင်ငံတွင် နှစ်ကြိမ် တင်ခဲ့ကြပါတယ်။ အဆိုပါ သင်္ဂါယနာ (၂) ကြိမ်နှင့် ပတ်သက်၍ စိစစ်ကြည့်သည့်အခါမှာ – – – – – – – – – – – -။

ပဉ္စမသင်္ဂါယနာ
မင်းတုန်းမင်းထက်တွင် ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ် (ကိုယ်သိတာမှ ဘုရားဟောအစစ်) ဟု အသီးသီးယူဆ၊ ဟောပြော၊ ရေးသားနေကြမှုကို အကြောင်းပြု၍ သင်္ဂါယနာတင်ရခြင်းဖြစ်သည်။
တင်ပုံတင်နည်းကား – – – – – – ။
ပထမဦးစွာ – – – – ၁၂၂၂ – ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့မှ စတင်၍ မင်းတုန်မင်း၏ စီမံမှုဖြင့်
(၁) တောင်ဆောင်မိဖုရားကြီး ကိုးကွယ်သော ဦးဇာဂရာဘိဝံသဆရာတော်၊
(၂) မြတောင်မြို့စား၊ သေနတ်ဝန်ကြီးကိုးကွယ်သော ဦးနရိန္ဒာဘိဓဇ ဆရာတော်၊
(၃) စီးတော်မြင်းဝန်တိုက်ဆရာတော် ဦးသုမင်္ဂလသာမိ ဘုန်းကြီး(၃)ပါးမှ ၎င်းတို့က ဘုရားဟောဟု ယုံကြည်လက်ခံသော ပေစာများကိုသာ ကျောက်ထက်အက္ခရာ တင်စေရာ

(၁) အတွင်းဝန် ခန်းပတ်မြို့စားမင်းကြီး၊
(၂) အတွင်းဝန် ယောမြို့စားမင်းကြီး၊
(၃) ခင်မမင်းဝန် မိုင်းခိုင်းမြို့စား၊
(၄) သံတော်ဆင့်၊
(၅) အမိန့်တော်ရေးနှင့်
(၆) အသုံးစာရေး စသည့် လူပုဂ္ဂိုလ် (၆)ဦးတို့မှ ကြီးကြပ်၍ ကျောက်ထက်အက္ခရာတင်ကြရာ (၇) နှစ်၊ (၆) လနှင့် (၁၃)ရက်ခန့်အကြာ ၁၂၃၀-ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက်နေ့၌ ရေးထွင်းပြီးကြ၏။

ထိုကဲ့သို့ ကျောက်စာချပ်ပေါ် အခိုင်အခန့် ရေးထိုးပြီးမှသာ ကျန်ရဟန်းသံဃာတို့ကို ဖိတ်ကြား၍ ထိုကျောက်စာများပေါ်တွင် ရေးထိုးပြီးနေသော တရားများသာလျှင် ဘုရားဟောအစစ်ဖြစ်ကြောင်း (ဘုရင့်အမိန့် အာဏာ)အားကိုးဖြင့် သဘောတူအတည်ပြုခြင်းကို

ကျောက်စားထွင်းထုပြီး (၃) နှစ်ခန့် အကြာ ၁၂၃၃- ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁) ရက်နေ့မှ စတင်၍ နှုက်ဖြင့်ရွက်ဆိုအတည်ပြုစေရာ (၅) လနှင့်၊ (၃)ရက်အကြာ ၁၂၃၃- ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄) ရက်နေ့တွင် ပဉ္စမသင်္ဂါယနာ (အစည်းအဝေး)လုပ်ငန်းပြီးဆုံးလေ၏။
အထက်ပါ ပဉ္စမသင်္ဂါယနာ (အစည်းအဝေး) ဖြစ်စဉ်သည်
(၁) အစည်းအဝေးဆုံးဖြတ် အတည်ပြုချက်ကို အရင်ပြုလုပ်ပြီးမှ အစည်းအဝေးခေါ်ယူပြုလုပ်သည့် သဘောမျိုးဖြစ်နေသည့်အတွက် တကယ့် သမာသမတ် နည်းလမ်းမှန်သော သင်္ဂါယနာ (အစည်းအဝေး)ဟု ဆိုလို့ ရနိုင်ပါ့မလား။
(၂) ပေစာမူကွဲများကို ကျောက်စာအဖြင့် ထွင်းထုဖို့ ဗုဒ္ဓဘုရားဟောအစစ်ဟု ရွေးချယ်ခြယ်အတည်းပြုခြင်းမှာလည်း ထေရ၀ါဒအရ မထေရ်အများသဘောဆန္ဒမပါပဲ ဘုရင်အားကိုးဖြင့် လုပ်ပိုင်ခွင့်ရနေသော ဘုန်းကြီး (၃)ပါးရဲ့ သဘောဆန္ဒသာဖြစ်နေသည်။
(၃) ထိုပဉ္စမသင်္ဂါယနာတင်သည့်အခါတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ လုပ်ပိုင်ခွင့်ရ ဘုန်းကြီး (၃) ပါးရဲ့ ရွေးချယ်မှုသာဖြစ်ပြီး ကျန်ထေရ၀ါဒနိုင်ငံများ ဖြစ်ကြသည့် ယိုးဒယား၊ သိရီလင်္ကာ၊ ကမ္ဘောဒီယားနှင့် လာအိုစသော ထေရ၀ါဒနိုင်ငံများမှ ရဟန်းသံဃာများသဘောထား မပါဝင်သည့်အတွက် ထေရ၀ါဒဗုဒ္ဓဘာသာတစ်ခုလုံးကို ကိုယ်ပြုသည့် သင်္ဂါယနာ ဖြစ်နိုင်ပါ့မလား စသည့် အချက်အလက်တို့ မှာ စဉ်းစားစရာတွေ ဖြစ်နေပေ၏။
(တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာ အစစ်အမှန် ပေါ်ဖို့ လိုပေပြီ။)

ပဉ္စမသင်္ဂါယနာ (အစည်းအဝေး)အစည်းအဝေး ပြုခဲ့သည်ကို ခြုံငုံသုံသပ်ကြည်ရလျှင် မင်းတုန်းမင်းလက်ထက်၌ သုဓမ္မာဆရာတော်များက သူတို့ယုံကြည်တဲ့ ပေစာများကသာ ဘုရားဟောအစစ်၊ ပထမရွှေကျင်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးကလည်း သူသိထားတာမှ ဘုရားဟောအစစ်ဟုဆိုသလို ဓါတ်ဆရာ ဆရာပိုလို ပုဂ္ဂိုလ်မျိုးတွေကလည်း ဘုရားဟောဆိုတာ ဒီပေစာတွေပဲဟု အသီးသီး ကိုယ့်ဟာကို ကိုယ်အမှန် ဟောပြော၊ ရေးသာနေမှုများကြောင့် ဘုရင်မျက်နှာသာပေးခြင်းခံနေရသော
ဦးဇာဂရာဘိဝံသစသော သုဓမ္မာဆရာတော် (၃) ပါးမှ သူတို့ ယုံကြည်ယူဆထားသော ပေစာတွေသာလျှင် ဗုဒ္ဓဘုရားဟောအစစ်ဟု ယူဆစေလိုသည့် (အယူစွဲ)စိတ်ထားတွေကြောင့် မထေရ်အများ သဘောဆန္ဒကို တိုင်ပင် ညိနှိုင်းခြင်းမပြုပဲ ကိုယ့်ဆန္ဒကို ဦးစားပေးသည့်လုပ်ရပ်သည် ထေရ၀ါဒ လမ်းစဉ် မဟုတ်လို့ တကယ့်ထေရ၀ါဒ သင်္ဂါယနာ (အစည်းအဝေး) လို့ ဆိုလို့ မရနိုင်ပါ။
ဇာဂရာဘိဝံသ၀ါဒ သင်္ဂါယနာ (သို့မဟုတ်) မင်းတုန်းမင်း သင်္ဂါယနာ ဟု ခေါ်ဆို သတ်မှတ်ထိုက်ပါတယ်။

ဆဋ္ဌသင်္ဂါယနာ

ပဉ္စမသင်္ဂါယနာနှင့် အလားတူစွာ ဦးနု (ဖဆပလ) အစိုးရ လက်ထက်တွင်လည်း ဘာသာခြားအင်္ဂလိပ်များအုပ်ချုပ်ခဲ့မှုကြောင့် ဘာသာငြိုးနွမ်းနေခြင်း၊ ပါဠိ၊ အဋ္ဌကထာမူကွဲများဖြစ်နေခြင်းစသည့် အကြောင်းပြကာ ၀န်ကြီးချုပ်ဦးနု၏ စီမံမှုဖြင့် မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့မှ ကြီးမှုးကာ သင်္ဂါယနာတင်ကြလေ၏။
ထိုသင်္ဂါယနာမတင်မီ ၀န်ကြီးချုပ်ဦးနုက မြန်မာပြည်အရပ်ရပ်ရှိ ဆရာတော်တွေထံ သွားရောက်လျှောက်ထာခဲ့ရာတွင်
အမရပူရမြို့ရှိ မိုးကုတ်ဆရာတော်ကြီးအား လျှောက်ထားရာ မိုးကုတ်ဆရာတော်ကြီးမှ “သင်္ဂါယနာတင်တယ်ဆိုတာ ကိုယ်တိုင် သာသနာတည်အောင် (ဘုရားဟောကို သိအောင်) အရင်လုပ်ရတယ်”ဟု ပြောကြာလိုက်သည့် အတွက် ဦးနုမှ အလိုမကျကာ သင်္ဂါယနာတင်ပွဲတွင် မိုးကုတ်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးတွေကို ဖိတ်ကြားခြင်း မပြုဟု သိရှိရ၏။

တောင်တွင်းကြီး ဆရာတော်ရှင်ဥက္ကဋ္ဌသို့ ဦးနုမှ လျှောက်ထားရာတွင်လည်း ဦးဥက္ကဋ္ဌမှ ဆဋ္ဌသင်္ဂါယနာကို ဘယ်ပုံ၊ ဘယ်နည်း တင်မှာလဲဟု မေးမြန်းရာ ဦးနုမှ မင်းတုန်းမင်းရေးထိုးခဲ့တဲ့ ကျောက်စာများကို ပြန်လည်ရွက်ဖတ်မှာဖြစ်ကြောင်း ပြောကြားသည့်အတွက် ဦးဥက္ကဋ္ဌက “ဒါဆိုရင် ငါတို့က ဘာလာလုပ်ရမှာလဲ၊ ဘာလို့ သင်္ဂါယနာထပ်တင်နေမှာလဲ” ဟု ပြောကြားခဲ့ကြောင်းလည်း သိရ၏။

တကယ်တော့ ဆရာတော်ဦးဥက္ကဋ္ဌသည် သမိုင်းနှံ့စပ် သိမြင်သည်မို့ မင်းတုန်းမင်းတင်ခဲ့သော ပဉ္စမသင်္ဂါယနာသည် သမာသမတ် မကျသည့်အတွက် ပဉ္စမသင်္ဂါယနာတင်ကျောက်စာများအပေါ် မထေရ်အများရဲ့ ဆန္ဒပြန်ယူကာ ထေရ၀ါဒနည်းလမ်းမှန် ပြန်လည်စိစစ်ရွေးချယ် အတည်ပြုစေလိုပုံရပေသည်။
သို့ရာတွင် ၀န်ကြီးချုပ်ဦးနုသည် ဗုဒ္ဓတရားအစစ်အမှန်ပေါ်ထွန်းရေးထက် သူ့ နိုင်ငံရေးသြဇာကြီးထွားစေရန် သင်္ဂါယနာတင်ပုဂ္ဂိုလ်ဖြစ်လိုနေသည်ဟု အဲဒီခေတ် သတင်းဆောင်းပါးများက ဝေဖန်နေကြတဲ့ကြားက အတင်းအကောင်အထည်ဖော်၏။
ထိုအချိန်အခါက မြန်မာပြည်သည် ထူထောင်နေဆဲကာလဖြစ်နေသည့်အတွက် တိုင်းပြည်စီးပွားရေးက ပို၍အရေးကြီးနေတာမို့ ငွေကုန်ကြေးကျများသော ဒီသင်္ဂါယနာအစီအစဉ်ကို မလုပ်သင့်သေးကြောင်း အမျှော်အမြင်ကြီးစွာ ပြောဆိုမိသော ဦးသန့်အား ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသို့ ပထုတ်လိုက်လေ၏။
မှန်ပေ၏။ ထိုဆဋ္ဌသင်္ဂါယနာ၏ ရလဒ်ကား သုံးနှစ်ကြာအောင်တင်ခဲ့ရသည်မို့ တိုင်းပြည်က ကုန်ကျမှုမှာ တန်ကြေး ရွှေကျပ်သားတစ်သိန်း (ပိဿာချိန် တစ်ထောင်)ခန့် ကုန်ခဲ့သည်ဟု သိရပေသည်။ မင်းတုန်းကျောက်စာတွေကို စာရွက်ပေါ်ပြန်ပုံနှိပ်နိုင်တာလေးအတွက် ကုန်ကျမှုမှာ မတန်တဆဖြစ်နေသည်ဟု ဆိုရပေမည်။ ဦးနု၏ နိုင်ငံရေးသြဇာကြီးထွားဖို့ အတွက် လုပ်ရပ်ကား တိုင်းပြည်နစ်နာခဲ့ကြောင်းကို သင်ခန်းစာ ယူသင့်ပေသည်။

ဝန်ကြီးချုပ်ဦးနုမှလည်း သူ့အတွက် နိုင်ငံရေးအမြတ်ထုတ်ခဲ့သလို မထေရ်အများဆန္ဒမပါပဲ မင်းတုန်းမင်းကိုးကွယ် ဘုန်းကြီး (၃)ပါးလုပ်ခဲ့သော ကျောက်စာများအပေါ် မထေရ်အများဆန္ဒရယူကာ ပြန်လည် စိစစ်ခြင်းမပြုပဲ
ပရိသတ် ဗိုလ်ပုံအလယ် မင်းတုန်းကျောက်စာများကို အလွတ်ကျက် မေးမြန်း၊ အလွတ်ကျတ် ပြောဆိုနိုင်တာကို အဓိကထားခဲ့တဲ့ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့ ကြီးမှုးခဲ့သော ဆဋ္ဌသင်္ဂါယနာ (အစည်းအဝေး)သည်လည်း တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာလမ်းစဉ် ဖြစ်ထိုက်ရဲ့လား။
(ပဉ္စမသင်္ဂါယနာ) ဇာဂရာဘိဝံသ၀ါဒ သင်္ဂါယနာ (သို့မဟုတ်) မင်းတုန်းမင်း သင်္ဂါယနာကဲ့သို့ မဟာစည်၊ မင်းကွန်းဝါဒ သင်္ဂါယနာ (သို့မဟုတ်) ဦးနု သင်္ဂါယနာဟုသာ ခေါ်ဆိုထိုက်ပေသည်။
(တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာ ပျောက်ကွယ်နေပေပြီ။)

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ကျန်ထေရ၀ါဒ (၄)နိုင်ငံမှ ရဟန်းများအား ပင့်ဖိတ်သော်လည်း ထိုနိုင်ငံ (၄)နိုင်ငံ၏ သဘောထားမပါခဲ့သော ပဉ္စမသင်္ဂါယနာ မင်းတုန်းကျောက်စာများကိုသာ အတည်ပြု အလွတ်ကျက် ရွတ်ဆိုတာသာ ပြုလုပ်ပြီး ကျန်ထေရ၀ါဒနိုင်ငံများမှ သံဃာများ သဘောထားနှင့် ညှိနှိုင်း တိုင်ပင် ပြင်ဆင် တည်းဖြတ်ခြင် မပြုသည့်အတွက် ထိုနိုင်ငံများမှ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ဖိတ်ကြားချက်အရ တက်ရောက်ကြသော်လည်း ထေရ၀ါဒသင်္ဂါယနာအဖြစ် သဘောတူ အသိအမှတ်မပြုကြပါ။
ထိုကဲ့သို့ အသိအမှတ်မပြုကြောင်းကို ထေရ၀ါဒနိုင်ငံများထဲက ငွေကြေးတတ်နိုင်သော ထိုင်းနိုင်ငံမှ ဘုရင်ကိုယ်တိုင်ကြီးမှုကာ ထိုနိုင်ငံရှိ ရဟန်းများဖြင့် ယှဉ်ပြိုင်ထေရ၀ါဒသင်္ဂါယနာ ထပ်တင်ဟု သိရပေသည်။
မင်းတုန်းမင်း သင်္ဂါယနာတုန်းက သူတို့မှ မပါခဲ့တာကိုး – – – – – ။

မင်းတုန်းမင်းနှင့် အပေါင်းအပါ ဘုန်းကြီးတို့သည် ၎င်းတို့ သဘောကျသော တရားများကိုသာ ဘုရားဟောဟု လုပ်ခဲ့သလို
အားကျမခံ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ကလည်း ဘုရားဟော မဟုတ်ပါပဲနဲ့ ၎င်းတို့ သဘောကျသော အဋ္ဌကထာ (အဖွင့်ကျမ်း)တို့ကိုသာ ဦးနုအစိုးရအားကိုးဖြင့် အတည်ပြုစေကာ ဘုရားဟောနှင့် ထပ်တူပဲ၊ ဗုဒ္ဓအလိုကျပဲဟု လုပ်လိုက်ကျပြန်လေ၏။
၎င်းတို့ အသိအမြင်နှင့် မကိုက်ညီသော သဘောမကျသော အဋ္ဌကထာ (အဖွင့်ကျမ်း)တို့ကို ဘုရားဟောနှင့်မညီဟု ဆိုကြလေ၏။
ဘုရားထက်တောင် ကြီးနေကြပါတကား – – – – – ။
ထိုလုပ်ရပ်များကြောင့် ယနေ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာလောကတွင် မဟာစည်၊ မင်းကွန်းဝါဒသင်္ဂါယနာ (ဆဋ္ဌသင်္ဂါယနာ)တွင် အတည်ပြုခဲ့သော
အဋ္ဌကထာ (အဖွင့်ကျမ်း)တို့သာလျှင် တရားဝင်သလို ဖြစ်နေပေ၏။

တရားနည်းလမ်းကျကျ အတည်ပြုမှသာ တကယ့်တရားဝင်စစ်စစ်ဖြစ်မှာပါ။
တရားနည်းလမ်းမကျရင်တော့ ဘယ်လိုပဲ အတည်ပြုခိုင်း၊ ပြုခိုင်း တကယ့်တရားမ၀င်သာ ဖြစ်နေပါလိမ့်မည်။
ယနေ့အခါ အဆိုပါ (တကယ့်တရားမ၀င်) အဋ္ဌကထာများနှင့် မင်းတုန်းကျောက်စာများကို ပေတံထားပြီး ဓမ္မ၊ အဓမ္မဆိုပြီး လုပ်နေကြသည်မှာလည်း တကယ့် တရားနည်းလမ်းကျ၊ မကျဆိုသည်ကလည်း စဉ်းစားဖို့ ကောင်းပေပြီ။
ကိုင်တွယ်တဲ့ ဓမ္မပေတံ မှန်ကန် တိကျမှလည်း ဆုံးဖြတ်ချက်ဟာ သမာသမတ်ကျသည်ဟု ဆိုရပေမည်။
ပေတံလွဲနေသမျှ၊ မတိကျသမျှ ဆုံးဖြတ်ချက်များဟာလည် ဘယ်တော့မှ တရား(ဓမ္မ)အစစ် မဖြစ်နိုင်ပါ။
ဒါဆိုရင် မတရား (အဓမ္မ)များသာလျှင် ဖြစ်နေပေမည်။
ဒါကြောင့် မတိကျသည့် ပေတံများဖြင့် ပြုလုပ်နေကြသည့် အဓမ္မ၀ါဒ ဖော်ထုတ်နေခြင်းသည် လူဆိုးကိုယ်တိုင်က ရဲဖြစ်နေပြီး ထိုရဲမှ လူဆိုးကို လိုက်ရှာနေသလိုဖြစ်နေပေသည်။
ဒါ့ကြောင့် စစ်မှန်သည်ဟု ယုံကြည်လက်ခံလို့ ရနိုင်သော ဓမ္မပေတံ အစစ်ပေါ်ထွန်းအောင် (တကယ့်ထေရ၀ါဒ ပြန်လည်ပေါ်ထွန်းအောင်) ပြုလုပ်နိုင်ကြမှသာလျှင် တကယ့် ဗုဒ္ဓဓမ္မအစစ်ထွန်ကားပေမည်။
ထိုကဲ့သို့ တကယ့်ထေရ၀ါဒကျကျ သင်္ဂါယနာတင်ပုံ နည်းမှန် လမ်းမှန်နဲ့ မထေရ် အများဆန္ဒကို အလေးထားကာ ပြုလုပ်သော အစည်းအဝေးမျိုးဖြင့် ဓမ္မများအား အတည်ပြု ရွေးချယ်မှသာလျှင် တကယ့်ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သည်ဟု ခေါ်ဆိုထိုက်ပေသည်။
ဒါ့ကြောင့် အမည်ခံထေရ၀ါဒမှ တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာသို့ ဖော်ဆောင်ဖို့ လိုအပ်ပါကြောင်း နှိုးဆော်လိုက်ပါတယ် တကယ့်ထေရ၀ါဒီ အို – – – သူတော်ကောင်း အပေါင်းတို့ – – – – – – – -။

(တတိယသင်္ဂါယနာနှင့် စတုတ္ထသင်္ဂါယနာအကြောင်း ဆက်လက်ဖော်ပြပါဦးမည်။)
မန္တလေးဂေဇတ်မှကူးယူဖော်ပြပါသည်.....