ကောင်လေးက မူလတန်ကျောင်းမှာ သူကထမဆုံး ကြုံ ရသည်. မိဘ ဆရာအသင်းအစည်းအဝေးအတွက် အမေ့ကိုဖိတ်ခိုင်းတော.သူဖိတ်သည် ။ သို.သော် အမေ တကယ်တက်မည်ဆိုသောအခါ သူလန်.သွားသည် ။ သူ.မိခင်ကို အတန်.ဖော်မျာ.နှင်.ဆရာမ ပထမဆုံး အကြိမ်အဖြစ် မြင်ရတော.မည်ဆိုတာတွေးကာ သူထူထူပူပူုဖြစ်သွားသည်။
မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ယောက်ဖြစ်သည် ။ သို.သော် မျက်နှာညာဘက်အခြမ်းမှာ အတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီးတစ်ခု ထင်နေသည် ။
ကောင်လေးက သည်အမာရွတ်ကြောင်း မကြားချင် ။ သည်မာရွတ်ကြီးဘာကြောင်.ရသလဲ ဘယ်လို ရ သလဲ မသိချင်။ ဒါကြောင်.သူဘယ်တော.မှမမေး ။
အစည်အဝေးမှာ အခြားလူများနှင်.ဆုံကြတော့ ၊ သူ.မိခင်မှာအမာရွတ်ရှိတာမှန်သော်လည်း ပင် ကို အလှရှိတာ ယဉ်ကျေး ပျူ ဌါ တာတွေကြောင်.လူတွေကသဘောကျကြသည် ။ ဒါကိုမြင်သော်လည်း ကောင်လေး ရှက် ရွံ စိတ်မပြေ ၊ ရှောင်ဖယ် ပုန်း လျှို ၍ ပဲနေသည်။
"မျက်နှာပေါ်က အမာရွတ် ဘယ်လို ရတာလဲ " ဆရာမက မေးသည် ။
သားလေး နို.စို. အရွယ် တုန်းက ပေါ့ ၊သူ. အခန်းထဲ မီးလောင် တော.သားက ခုတင်း လေးမှာ ၊ အခန်းထဲ မီးတွေ တဟုန်ဟုန်ဆိုတော့ ဘယ်သူမှမဝင်ရဲဘူး၊ ကျွန်မ အတင်းဝင်ပြေးတာ ၊ အဲ ဒီမှာ အပေါ် ကအထုပ်တန်းကြီး တစ်ခု ပြုတ် ကြ လာတော့ ကျွန်မ သာအပေါ် ပြေး ပြီး ကာလိုက်တာ ၊ကျွန်မ ရိုက်မိ ပြီး အဲ ဒီ မှာတင် မေ့ လဲ သွာတာ ၊ ကံအားလျော်စွာပဲ မီးသတ်သမား ရောက်လာပြီး ဝင်ကယ်လို. သားအမိ နှစ်ယောက် လုံး အသက်ချမ်သာ ရာရတာ ၊ မိခင်ကမျက်နှာပေါ်ရှိ မီးလောင်းရာ အမာရွတ်ကို စမ်းရင်း ပြန်ပြောပြနေလေသည်။ တစ်သက်လုံး အမာရွတ်ကြီး တစ်ခု တော့ ထင်သွာတာပေါ့ လေ ၊ ဒါပေမယ်. ဒီ အတွက် ကျမ တစ်ခါမှ ဝမ်းမနည်း မိ ပါဘူး ၊ တဲ့ ၊ အမေ ကဆိုသည် ။
သည်စကား ကြားတော့မှ ကောင်လေး မျက်ရည်တွေ အဝိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကို ဖက် သည် ။ သူ.အတွက် အသက်ပေကာကွယ် မည်. အမေ့၏ စေတနာ အမေ့မေတ္တာကို ခံစားရကာ သူ.ရင်ထဲ လှိုက်၍ နေသည် ။ အဲ သည်နေ.တစ်နေ. လုံး အမေ. လက် ကို သူတင်းတင်းဆုပ်ထားသည် ။
တစ်ချက်မျှ ပင် မလွှတ်တော့ ။
ဖေမြင့် ဘာသာပြန်ထားတဲ.
( မူရင်း ။ ။ Lih Yuh Kou ၏ The Scar )
Saturday, January 29, 2011
Friday, January 28, 2011
တဖက်သားကိုအရမ်းအထင်မသေးပါနှင့် 
အဲသည်တုန်းက ငွေတန်ဖိုးရှိလှသည်. . . .
သီးစုံအိုက်စကရင် တစ်ခွက်ပင် ဘယ်လောက်မှ များများစားစား မပေးရသည့်ကာလ. . .
၁၀နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ဟော်တယ်ကော်ဖီခန်းထဲဝင်ကာ စားပွဲတစ်လုံးမှာ ထိုင်သည်. . . စားပွဲထိုး အမျိုးသမီးတစ်ယောက် သူ့ရှေ့ရောက်လာကာ ရေတစ်ခွက်ချပေးပြီးနောက် သူဘာမှာမလဲ စောင့်ဆိုင်းနေသည်. . .
ကောင်လေးက. . "သီးစုံ အိုက်စကရင် တစ်ခွက်ဘယ်လောက်လည်း ခင်ဗျာ. . ."
"ဆင့်ငါးဆယ.်" ပါ ဟု စားပွဲထိုးကဖြေသည်. . .
ကောင်လေးက သူ့အိတ်ထဲမှာ အကြွေစေ့တွေ နှိုက်ထုတ်ကာ ရေတွက်သည်. .
ပြီးတော့ "အိုက်စကရင် ရိုးရိုး တစ်ခွက် ဆိုရင်ကောဗျာ . . . . "ဟုမေးသည်. .
ထိုင်စရာမရသေးသည့် ဧည့်သည်တချို့လည်း ရှိနေတော့ စားပွဲထိုး အမျိုးသမီးသိပ်စိတ်မရှည်ချင်. .
"သုံးဆယ့်ငါးဆင့်. . . " ဟု တိုတိုပြတ်ပြတ် ဖြေသည်. . .
ကောင်လေးက သူ့ပိုက်ဆံပြားတွေ ရေတွက်ပြန်သည်. .. ထို့နောက် " အိုက်စကရင် ရိုးရိုးတစ်ခွက်ပဲ ပေးပါခင်ဗျာ. . . . " ဟု ဆိုသည်. . .
အမျိုးသမီးသည် အိုက်စကရင်ယူလာသည်. . ဘီလ်စာရွက်ကိုပါ တစ်ပါတည်း စားပွဲပေါ်တင်ပေးခဲ့ပြီး လှည့်ထွက်သွားသည်. . .
ကောင်လေး အိုက်စကရင် ကိုစားပြီးနောက် ကောင်တာမှာ ငွေသွားရှင်းသည်. . ပြီးထွက်ခွာသွားသည်. . .
စားပွဲထိုးအမျိုးသမီး ကောင်လေးထိုင်သည့် စားပွဲဆီပြန်လာပြီး ခုံကိုသုတ်လိုက်သည့်အခါ မြင်လိုက်ရသော အရာကြောင့် သူ့ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်.
ကောင်လေး စားသွားသည့် အိုက်စကရင်ခွက်နံဘေးတွင် ငါးဆင့်စေ့နှစ်စေ့နှင့် တစ်ဆင့်စေ့ငါးစေံ ညီညီညာညာလေး ပုံ ၍ထားသည်. . .
သူမအတွက် တစ်(ပ)(စ်) ပေးထားခဲ့ခြင်းပင်. . ....။
**ဖေမြင့်**
(The Best of Bits & Pieces မှ Two Nickels and Five Pennies)

♦ နွေးထွေးသော မေတ္တာအိမ်ကလေး
ဒုတိယနှစ်စာသင်နှစ်မှာတော့ လူငယ်သာဘ၀အရ ကျွန်တော်
နှစ်သက်သော မိန်းကလေးတစ်ယောက် ရှိလာခဲ့သည်။ လှိုင်းဆိုသော မိန်း ကလေးသည်
ကျွန်တော်နှင့် အဆင့် အတန်း အဆမတန် ကွာခြားခဲ့သည်။ သူနှင့်
သွားလာသောအခါမျိုးမှာ ကျွန်တော့အတွက် အသုံးစရိတ်များ ပိုလာ ခဲ့တော့သည်။
ပို့ပေးသလောက် မငြင်းမိတော့ပေး။
အဖေနှင့်အမေ ပင်ပန်းနေတော့မှာဘဲ့။ ဒီငွေပမာဏရဖို့ ဘယ်လိုစုဆောင်းပြီး
ပို့နေခဲ့သလဲဆိုသသည့် အတွေးများ ပျောက်ကွယ်သွား ခဲ့ပါသည်။ ဒါပေမယ့်
ကျော်ကျော်တို့အုပ်စုတွေနှင့် အမှတ်မထင် ကန်တင်းမှာ စားပွဲချင်းကပ်လျက်
ဆုံမိသောအခါမှာတော့ ကျွန်တော်၏ ပျော်ရွှင်ဖွယ်နေ့ရက်များသည်
ပျက်စီးခဲ့ရပြန်ပါသည်။
“ ဒီကောင်၊ ဒီလောက်သုံးနေနိုင်တာထောက်ရင် ထူးခြားတယ်ကွာ။ ” “ အေး၊ သူ့မိဘ
အခြေအနေနဲ့ မသုံးနိုင်ပါဘူး။ အရင်က ဆို ကန်တင်းတောင် ထိုင်နိုင်တာမဟုတ်ဘူး။
”
“ မင်းတို့ကလည်း တုံးပါ့ကွာ၊ အလစ်သုတ်တဲ့ နေရာမှာ ၀ိဇ္ဇာလင်မယားပဲ။
ဒီအလုပ်တွေပဲ ပြန်လုပ်ပြီး သားဆီ ပို့ပေးမှာပေါ့။ ” “ အေးနော်၊
မန္တလေးတက်ပြီး တစ်ချီ၊ နှစ်ချီ ဆော်လိုက်ရင် တစ်လစာ အိုကေနေမှာပေါ့။ ”
ကျွန်တော် အသားတွေ တဆတ်ဆတ်တုန် လာသည်။ ထိခိုက်နာကျင်လာခဲ့သည်။ ပိုက်ဆံ
အမြန်ရှင်းကာကျွန်တော် ငှား၍နေထိုင် သော အဆောင်သို့ အမြန်ပြန်လာခဲ့သည်။
ကျော်ကျော်တို့အုပ်စုကို တစ်ခုခု လုပ်ပစ်ချင်မိအောင် ဒေါသထွက်ခဲ့သည်။
သွေးအေးသွားသော အခါမှာတော့ တစ်လတစ်လ အဖေလာပို့သော အစိမ်းရောင်ထောင်တန်များ၏
အရေအတွက်အပေါ် သံသယ၀င်လာခဲ့သည်။ “မဟုတ်ပါဘူး” ဟု နှလုံးသားက အကြိမ်ကြိမ်
ငြင်းဆန်နေသော်လည်း ဦးနှောက်ကတော့တွေး တော့ တွေးတောနေဆဲပင်။
ကျွန်တော် ယခုလို ခံစားနေသည့် အချိန်မှာပဲ အဖေနှင့်အမေ ပိုက်ဆံလာပို့ကြသည်။
ပိုက်ဆံ ပမာဏက များနေသည့်အပြင် အ၀တ်အစားနှင့် မုန့်များပါ
တော်တော်များများ ပါလာသောအခါ အဖေ၏ မေတ္တာမျက်ဝန်းများကို မကြည့်ချင်လောက်
သံသယဖြစ်လာခဲ့သည်။
“ ဘုရားဖူးချင်တာရေ၊ အမေ့သားလေးကို လွမ်းတာရောကြောင့် အမေလိုက်လာခဲ့တာ။ သား
မပျော်ဘူးလား။ ” ကျွန်တော် ခေါင်းညိတ်ပြမိ လိုက်သည် ထင်ပါ၏။
“ သားအကြိုက်ဟင်းတွေ အမေချက်ယူလာခဲ့တယ်။ မှိုနဲ့ကန်စွန်းရွက်ကြော်ကတော့
မပူတော့ဘူး။ ငရုတ်သီးစိမ်း မွန်မွန်လေးလည်း ထည့်ကြော်လာတယ်သား။ ” ကျွန်တော်
မပြောတော့ ပါဘူးဟု အကြိမ်ကြိမ် ဆုံးဖြတ်မိသော်လည်း၊ ရင်တွင်းဆန္ဒကိုကား
မတွန်း လှန်နိုင်တော့ ပေ။
“ အဖေနှင့်အမေယူလာခဲ့တဲ့ ပိုက်ဆံက ရိုးသားရဲ့လားဗျား။ ” “သား၊ ဘာပြောတယ်
မင်း………..။ ” အဖေက စားလုဆဲထမင်းလုတ်ကို ပြန်ချကာ လက်တစ်ဖက်က ဒေါသကြောင့်
ကျွန်တော့်ကို ရိုက်ရန် ရွယ်လိုက်သည်။ သို့သော်လည်း ကျွန်တော်
နားရင်းဆီသို့ ရောက်မလာခဲ့ပါ။ အမေ့မျက်ဝန်းများက အံ့အားသင့်ရာမှ
ဝမ်းနည်းကြေကွဲခြင်းသို့ အရောင်ပြောင်းသွားသည်။ ပျော်ရွှင်ဖွယ် အခြေနေမှ
တိတ်ဆိတ်ခြင်း၊ ကြေကွဲခြင်း သို့ရောက်အောင် ကျွန်တော်ပြုလုပ်မိသည့် အတွက်
နောင်တရသွားသည်။ ရင်တွင်းဆန္ဒကိုကား ဘာမှ ဘာမှမတတ်နိုင်တော့ပေ။
“ သား ယုံကြည့်ပါ။ အမေတို့ရဲ့ သစ္စာတရားကို သားယုံပါ။ အမေတို့ဟာ သားလေးအတွက်
ရိုးသားခြင်းဆိုတဲ့ အရာကို သေတဲ့အထိ ဖက်တွယ်ထားမှာပါ သားရယ်။ ”
အဖေသည် ကျွန်တော့်ကို ရိုက်ရန် ရွယ်လိုက်မိသည့် အတွက် အတော်နာကျင်သွားမှန်း
ကျွန်တော် နားလည်မိသည်။ အစားဖြစ်တော့သော အေးစက်စက်
ထမင်းချိုင့်ကြီးကိုပိုက်၍အဖေနှ
င့်အမေ ပြန်သွားရှာသည်။
ကျွန်တော်ကိုယ်တိုင်လည်း ၀မ်းနည်းနာကျင်စွာ အဆောင်ခုတင်ပေါ်မှာ
လူးလိမ့်မျက်ရည် ကျမိတော့သည်။
တစ်လတင်းတင်းပြည့်သွားသည့်တိုင် အောင် ကျွန်တော် ရင်ထဲ၍ ခံစားနေရဆဲပါ။
အဖေနှင့်အမေ တို့လည်း ကြေကွဲနာကျင်နေဆဲ ဖြစ်မည်ဆိုသော အတွေးမျိုး
ကျွန်တော့်မှာ ရှိနေပါသည်။ ၂-နာရီ ကျော်သော ကားစီးရမည့် ခရီးဖြင့်
အိမ်ရောက်နိုင်မှန်း သိသော်လည်း အိမ်ကို ကျွန်တော် မပြန်ဖြစ်တော့ပေ။
ရင်ထဲမှာရှိနေသော သံသယများ ကြောင့် ထင်ပါ၏။
“ အာကာဇော်၊ မင်း အဖေလာတယ်။ ” “ အေး-မရှိဘူး၊ အပြင်သွားတယ်လို့ ပြောလိုက်။”
ရင်ထဲက ပြင်းပြစွာ တွေ့ချင်သော်လည်း အဖေ့ကို ကျွန်တော် ဆင်းမတွေ့
ဟုဆုံးဖြတ်ပြီးသား ဖြစ်သွားသည်။ ကျွန်တော်၏ မိုက်မဲသော ဆုံးဖြစ်မှုသည်
အဖေပြန်သွားတော့မှ ပို၍နာကျင် သွားသည်။ အဆောင်အပြင်မှ ကျွန်တော့် အခန်းကို
လှမ်းကြည့်နေရှာသော အဖေ့ မျက်ဝန်းများနှင့် ဆုံတွေ့ချိန်မှာတော့ ကျွန်တတော်
တို်င်ကွယို၍ရပ်လိုက်ရင်း ပြေးခေါ်ချင်သောဆန္ဒတွေ ပြင်းပြခဲ့သည်။
သို့သောလည်း မခေါ်ခဲ့ပေ။ အဖေ့ မျက်ဝန်းများက ခွင့်လွှတ်အပြုံးမျးနှင့် အတူ
ကျွန်တော့်ကို မမြင်တွေ့လိုသည့် ဆန္ဒများ စွက်ဖက်နေမှ်း ကျွန်တော်သိသောအခါ
ဝမ်းနည်းကြေကွဲပြီး နောင်တရလာမိသည်။ “ အာကာဇော်၊ ရော့ မင်းအဖေ ပေးသွားတာ။ ”
အဆောင်မှူးထံထားခဲ့သော အရာများသည် ကျွန်တော့် သံသယစိတ်နှင့်
ရိုးသားခြင်းကို အရောင်ဆိုးဖို့ ကြိုးစားခဲ့သော အစိမ်းရောင်အရွက်များဟု
ထင်နေဆဲပင်။
“ သားကို အမေသိပ်လွမ်းတာပဲ သားရယ်၊ မှိုနဲ့ကန်စွန်းရွက်တွေလည်း
သားကိုမျှော်နေကြ သလိုပဲ။ ပြန်လာခဲ့ပါ သားရယ်။ အမေနဲ့အဖေ့ကို ယုံကြည်ရင်
သား ပြန်လာခဲ့နော်။ ဟူသော ပိုက်ဆံနှင့်အတူ ပါလာသည့် စာလုံးပေါင်းမမှန်သည့်
အမေ့စာလေးကို ရင်ခွင်မှာပိုက်ရင်း တစ်နေ့လုံး အပြင်မထွက်ဘဲ နေမိသည်။
အမေနှင့်အမေ၏ ကျွန်တော့်အပေါ် ချစ်ခင်မြတ်နိုးမှုကို
ပြန်လည်မြင်ယောင်လာခဲ့သည်။ အမေ၏သစ္စာတရားကို ကျွန်တော့်အပေါ်ထားခဲ့သော
စေတနာမေတ္တာနှင့်  နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော် ယုံကြည်ရမည်။
ကျွန်တော် အိမ်ပြန်ရမည်။ ဘာကိုမှ မတွေဝေတော့ပါ။ အမေမျက်ရည်ကျအောင်၊
အဖေစိတ်ဆင်းရဲအောင် မလုပ်တော့ဘူး။ မနက်ဖြန် ကျွန်တော် အိမ်ပြန်မည်ဟုသာ
တွေးနေမိတော့သည်။
လမ်းမှာ ကားပျက်နေတာရော၊ ကျွန်တော် အဆောင်က ထွက်လာတာ နောက်ကျတာရော
ထိုနှစ်ခုကြောင့် အဖေနှင့်အမေ ဈေးသိမ်းပြန် ချိန်လောက်ကျမှ
ကျွန်တော်တို့မြို့ ကလေး၏ ဈေးရှေ့သို့ရောက် လာခဲ့သည်။ အိမ်ရောက်တော့
သော့ခတ်ထားသော အိမ်တံခါးက ကြိုဆိုနေသည်။ ကျွန်တော် ရင်မောရသည်။
“ ဟေ့ အာကာ၊ ပြန်လာတာလား။ မောင်စိုးအောင်နဲ့ ခင်ရီ အလုပ်သွားလုပ်နေကြတယ်။ မင်း ပြန်လာမယ်မှန်း သိရင်သွားမှာ မဟုတ်ဘူး။ ”
“ ဘာအလုပ်လဲ ဘွားမေ။ ” ကားလမ်းမကြီးနားက ဈေးကြီးဆိုလား ဘာလား မသိဘူးကွယ်။ အဲဒီ အဆောက်အအုံကြီးမှာ သွားလုပ်ကြတယ်။ ”
ဘွားမေပြောသော အဆောက်အအုံသည် ကျွန်တော်တိုကမြို့ငယ်လေးအတွင် မန္တလေးက
စူပါမာကတ်ကြီးဖွင့်ဖို့ ဆောက်နေသော အဆောက်အအုံဖြစ်သည်။ အဖေနှင့်အမေ
ဘာများလုပ်နေကြ သလဲလို့ တစ်လမ်းလုံး တွေးလာခဲ့မိသည်။
အုတ်သဲသယ်သူတွေ၊ မဆလာသယ်သူတွေ နှင့် ဆူညံအော်ဟစ်နေသော လူအုပ်ထဲသို့
ကျွန်တော် တိုးဝင်လာခဲ့သည်။ အဖေနှင့်အမေကို ပန်းရန်ဆရာက လှမ်းပြောနေသည်။
“ ကိုစိုးအောင်၊ အုတ်သယ်ပြီးရင် မဆလာဖျော်ဦးနော်၊ မခင်ရီပါ အုတ်သယ်တာရပ်ပြီး မဆလာသယ်လိုက်။ ” “ ဟုတ်ကဲ့ ဆရာ၊ အခုပဲ လာပါပြီ။ ”
“ အဖေ ” ဟု ရေရွတ်လိုက်မိသည်။ ပန်းရန် ဆရာ၏ စကားကို ရိုကျိုးစွာဖြေကြားပြီး
ကျွန်တော်မှာရှိသော သဲနှင့်ထုံးတွေ ပုံထားရာသို့ လှမ်းလာနေသော အဖေ။
ပုဆိုးစုတ်လေး ခေါင်ပေါ်ခုလျက် အုတ်ခဲခြောက်လုံးကိုရွက်ပြီး လာနေသောအမေ။
ချွေးစက်တွေ တဒီးဒီးကျ နေသော်လည်း အမေနှင့်အမေမျက်နှာမှာ ပင်ပန်းသော
အရိပ်အယောင် လုံးဝ မတွေ့ရပေ။ သား အတွက်ဆိုသော အားမာန်တွေ နှင့် အုတ်ခဲတွေ
ရွက်သယ်နေရှာသော အမေနှင့်အမေ၏ ရိုးသားကြိုးစားခြင်းများကို ကျွန်တော်
စော်ကားလိုက်မိခဲ့သည် မဟုတ်ပါလား။
“ ဟယ် သားလေ ” အမေက ကျွန်တော့်ကိုမြင်တော့ အံ့သြခြင်း။
ပျော်ရွှင်ခြင်းတွေနှင့် အုတ်ခဲတွေကို ကိုင်းထားသောလက်ကို လွှတ်လိုက်သည်။
ယိုင်လဲလုဖြစ်သွားသော အမေ့ကိုယ်လေးကို ကျွန်တော် ပြေးထိန်းလိုက်သည်။
နေပူခံအောင် ၀တ်ထားသော အကျီပွပွကြီးကြားက သေးသွယ်ပါးလျသော အမေ့ ခန္ဓာ
ကိုယ်လေးက အမေ၏ပင်ပန်းမှုတွေကို ဖော်ပြနေသယောင်ပါ။ “ သား ပြန်လာမယ်ဆိုရင်
အဖေတို့ အလုပ်မသွားဘဲ အိမ်မှာ စောင့်နေမှာပေါ့။ ”
တဒီးဒီးကျနေသော ချွေးစက်တွေကို ပုဆိုး အဖျားစဖြင့်
ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း အဖေက စားဆိုးသည်။ “ ခင်ရီ ငါတို့ ဒီနေ့နားမယ်
လို့ပြောခဲ့ပြီး။ ငါတို့ မိသားစု အိမ်ပြန်ကြမယ်။ ”
လမ်းတစ်လျှောက်လုံး ကျွန်တော်စကားမစ နိုင်အောင်ဆို့ နင့်ခံစားနေမိသည်။
ဘေးစကားဖြင့် ကျေးဇူးကန်းဖို့ ကြိုးစားခဲ့သည်ကို ကျွန်တော် နောင်တ
အကြိမ်ကြိမ် ရနေမိသည်။ မနက်ပိုင်း ဈေးရောင်း၊ နေ့ခင်း ပန်းရန်လုပ်ပြီ
သားကိုတက္ကသိုလ်ကျောင်းသားကြီး ဖြစ်အောင် ပံ့ပိုးခဲ့သော အဖေနှင့်အမေ၏
ကျေးဇူးတရားများကို ပြစ်မှားဖို့ကြံရွယ်ခဲ့သော သားမိုက် ကျွန်တော်ပါတကား။
ခြေလှမ်းတွေကို ရပ်ပစ်လိုက်သော အဖေနှင့်အမေ့ရှ့မှာ ပိတ်ရပ်ရင်း
ဒူးထောက်ထိုင်ချလိုက်မိသည်။ “ အဖေတစ်ခါက ရိုက်ဖို့ရွယ်ခဲ့တဲ့ လက်နဲ့
ကျွန်တော်တို့ကို ရိုက်ပစ်လိုက်စမ်းပါ အဖေရယ် ”ကျွန်တော်ဆိုလိုသော
အဓိပ္ပါယ်ကို အဖေက နားလည်ခဲ့သည်။ “ သားရယ် မသိနားမလည်လို့ ပြောခဲ့တဲ့သားကို
ရိုက်ပစ်ဖို့ ရွယ်ခဲ့မိတယ်။ အဖေ့ လက်ကိုတောင် ယနေ့တိုင် မုန်းမိပါတယ်
သားရယ် ”
“ ခွင့်လွှတ်ပါ အဖေနှင့်အမေ ကျွန်တော် ရှိခိုးပြီး တောင်းပန်းပါတယ်။
အဖေနှင့်အမေရယ် စေတနာ မေတ္တာတွေကို သိလျှက်နဲ့ ဘေးပယောက ကို ယုံစားပြီး
စော်ကားခဲ့တဲ့စကားတွေကို သံသယအတွေးတွေနဲ့ တကယ်မိုက်မဲခဲ့တဲ့သားပါ။ ”
အမေက လက်အုပ်ချီထားသော ကျွန်တော် လက်နှစ်ဖက်ကို ငြင်သာစွာ ဆွဲယူပြီး “
အမေတို့ ခွင့်လွှတ်ပြီးသားပါ သားရယ်။ ” ဟု ကြည်နူးမျက်ရည်တွေနဲ့ ဆိုခဲ့သည်။ “
သား နားမယ့်နေ့ကို အချိန်ဘယ်လောက် ကြာကြာ အဖေတို့စောင့်နေဖို့
ဆုံးဖြတ်ခဲ့ပြီးသားပါ။ ကဲ ကဲ အဖေတို့မိသားစုလေး အိမ်ပြန်ကြမယ်ကွာ။ ”
“ ကောင်းပြီ အဖေ၊ ကျွန်တော်လိမ်မ္မာပါတော့မယ်။ စာလည်း ကြိုးစားပါ့မယ်။ အမေန
ဲ့အမေ့ကိုတစ်လှည့်ပြန်ပြီး လုပ်ကျွေးနိုင်မယ့်နေ့၊
ကျေးဇူးဆပ်ခွင့်ရမယ့်နေ့ကို အမြန်ရောက်အောင်ကျွန်တော်ကြိုး စားသွားမယ်။ ”
ကျွန်တော် ရဲရဲ ကြီး ကတိစကားဆိုမိသည်။
အဖေကခေါင်းတညိတ်ညိတ်နှင့် ပြုံးရှာသည်။ အမေကတော့ မျက်ရည်ကြည်တွေ ဝေ့၀ဲနေရင်း ခေါင်းကို ညိတ်ပြရှာသည်။
သို့လျှင် အပြုံးကိုယ်စီနှင့်အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် နေခြည်ဖြာ၍ လှပနွေးထွေးသော မေတ္တာအိမ်ကလေးဆီသို့ ဦးတည် လိုက်ပါတော့သည်။
မှတ်ချက်။ ။ ယခုတင်သောပို့စ်အား မြတ်မင်္ဂလာစာစောင် အတွဲ-၂၅ ၊ အမှတ်-၆ ၊ ၂၀၀၉ ၊ ဒီဇင်ဘာလထုပ် စာအုပ်မှ
ကူးယူတင်ထားခြင်းဖြစ်သည်။ စာရေးရအခက်အခဲကြောင့်စာကြောင်း နည်းနည်းဖြတ်တောက်ခဲ့ပါသည်။
ဖတ်၍ ရသမစုံ အဓိပ္ပါယ် မပြည့်စုံခဲ့လျှင် ကူးယူတင်ပြသော ကျွန်တော်တိုးတိုး၏ အမှားသာဖြစ်ကြောင်း ကြိုတင်
အသိပေးထားပါတယ်ခင်ဗျာ။ စားလုံးပေါင်း မမှန်ကန်တာများရှိခဲ့ရင်လည်း သီးခံပြီး ဖတ်ပေးကြပါခင်ဗျာ ။
♦ ပြန်လည်ကူယူတင်ပြသည် ♦

တစ်လတင်းတင်းပြည့်သွားသည့်တိုင်

ကျေးဇူးဆပ်ခွင့်ရမယ့်နေ့ကို အမြန်ရောက်အောင်ကျွန်တော်ကြိုး
ကျွန်တော် ရဲရဲ ကြီး ကတိစကားဆိုမိသည်။
အဖေကခေါင်းတညိတ်ညိတ်နှင့် ပြုံးရှာသည်။ အမေကတော့ မျက်ရည်ကြည်တွေ ဝေ့၀ဲနေရင်း ခေါင်းကို ညိတ်ပြရှာသည်။
သို့လျှင် အပြုံးကိုယ်စီနှင့်အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် နေခြည်ဖြာ၍ လှပနွေးထွေးသော မေတ္တာအိမ်ကလေးဆီသို့ ဦးတည် လိုက်ပါတော့သည်။
မှတ်ချက်။ ။ ယခုတင်သောပို့စ်အား မြတ်မင်္ဂလာစာစောင် အတွဲ-၂၅ ၊ အမှတ်-၆ ၊ ၂၀၀၉ ၊ ဒီဇင်ဘာလထုပ် စာအုပ်မှ
ကူးယူတင်ထားခြင်းဖြစ်သည်။ စာရေးရအခက်အခဲကြောင့်စာကြောင်း
ဖတ်၍ ရသမစုံ အဓိပ္ပါယ် မပြည့်စုံခဲ့လျှင် ကူးယူတင်ပြသော ကျွန်တော်တိုးတိုး၏ အမှားသာဖြစ်ကြောင်း ကြိုတင်
အသိပေးထားပါတယ်ခင်ဗျာ။ စားလုံးပေါင်း မမှန်ကန်တာများရှိခဲ့ရင်လည်း သီးခံပြီး ဖတ်ပေးကြပါခင်ဗျာ ။
♦ ပြန်လည်ကူယူတင်ပြသည် ♦
Thursday, January 27, 2011
ဝင်ခွင့်မသာခဲ့တဲ့ နှလုံးသားမြို့တော်......
နေ၀င်ချိန်ကိုက စောလွန်းတယ်
ကျောခိုင်းဖို့ အဆင်မသင့်ချင်ဘူး
..နောက်ဆုံး..ဆိုတာ
ငါမလိုချင်တဲ့ လက်ဆောင်ပေါ့ ။ ။
နှလုံးသားမြို့တော်၇ဲ့  မုဒ်ဦးမှာ
ငါ့ကိုမမျှော်နဲ့တော့
တောင်းပန်ပါတယ်
အခါကောင်းပေမယ့် အလာနှောင်းခဲ့ပြီ ။ ။
ပြီးခဲ့တဲ့မနက်ဖြန်တွေမှာ
ငါ့အနာဂတ်ကိုမတူးဆွခဲ့၇င်
သေချာပါတယ်...'ချစ်ခြင်း' ၇ဲ့ စကားလုံးတွေ
ခေါင်းငုံ့ နေခဲ့မှာမဟုတ်ဘူး ။ ။
နှစ်သက်မိသောကဗျာလေးပါ

Sunday, January 23, 2011
နှလုံးသားအသစ်
နှလုံးသား လေလံပွဲမှာ
ငါနှလုံးသား ဈေးကောင်းရတယ်
ဘာကြောင်လဲဆို
မသုံးရသေးလို့ ...............။။
အထိအခိုက်တွေနဲ့ 
ရင့်ကျက်မာကျောနေ
မင်းနှလုံးသားနဲ့ 
ကျေးဇူးပြုပြီ
မလဲလှယ်ပါရစေနဲ့ ...............။။
ငါနှလုံးသားက နုညံ့ လွန်းတယ်
နှလုံးခုန်ခြင်းမတူတဲ့  ဒို့ နှစ်ယောက်
ခပ်စောစောလေး
သံယောဇဉ်ဖြတ်
ရင်ကွဲပက်လပ်နဲ့ သူက
ကိုယ်ပါ ချစ်ရသူ..................။။
ငါနှလုံးသား ဈေးကောင်းရတယ်
ဘာကြောင်လဲဆို
မသုံးရသေးလို့ ...............။။
အထိအခိုက်တွေနဲ့ 
ရင့်ကျက်မာကျောနေ
မင်းနှလုံးသားနဲ့ 
ကျေးဇူးပြုပြီ
မလဲလှယ်ပါရစေနဲ့ ...............။။
ငါနှလုံးသားက နုညံ့ လွန်းတယ်
နှလုံးခုန်ခြင်းမတူတဲ့  ဒို့ နှစ်ယောက်
ခပ်စောစောလေး
သံယောဇဉ်ဖြတ်
ရင်ကွဲပက်လပ်နဲ့ သူက
ကိုယ်ပါ ချစ်ရသူ..................။။
Saturday, January 22, 2011
သို့....တစုံတရာ
ငါ့ကို ကံကြမ္မာပေးတယ်
ရွေးချယ်ခွင့်တစ်ခုကိုပေါ့.
ဂုဏ်သိက္ခာနဲ့နှလုံးသား
တစ်ဘ၀စာ တစ်ခုသာယူသွား........တဲ့။
နှလုံးသားကိုဘေးဖယ်
ဂုဏ်သိက္ခာကိုရွေးချယ်လို့
ဘ၀တက်လမ်းကိုပဲမှန်းမျှော်
ရည်မှန်းချက်တွေနဲ့ပျော်ခဲ့တယ်.
။
.........
.............
ဒီလိုနဲ့ပဲ
ဘယ်သူမှ မမြင် မသိတဲ့
ရင်ဘတ်ထဲကနှလုံးသား
တစတစကြေမွသွားခဲ့ပေါ့.......။
ရွေးချယ်ခွင့်တစ်ခုကိုပေါ့.
ဂုဏ်သိက္ခာနဲ့နှလုံးသား
တစ်ဘ၀စာ တစ်ခုသာယူသွား........တဲ့။
နှလုံးသားကိုဘေးဖယ်
ဂုဏ်သိက္ခာကိုရွေးချယ်လို့
ဘ၀တက်လမ်းကိုပဲမှန်းမျှော်
ရည်မှန်းချက်တွေနဲ့ပျော်ခဲ့တယ်.
.........
.............
ဒီလိုနဲ့ပဲ
ဘယ်သူမှ မမြင် မသိတဲ့
ရင်ဘတ်ထဲကနှလုံးသား
တစတစကြေမွသွားခဲ့ပေါ့.......။
နှစ်သက်မိသောကဗျာလေးပါ............
Friday, January 21, 2011
ကာရံပျက်ကဗျာ
နဘေတွေထပ်
ကာရံတွေပျက်
ကဗျာတဗုဒ်ကိုစပ်ဆို
စိတ်ပျိုဖို့ ...ကဗျာစပ်
ကမ္ဘာပတ်ပြီကဗျာစပ်ချင်
ဘီယာတခွက်....ဂစ်တာတလက်နဲ့ 
ကဗျာစပ်ဖို့ ...ချစ်သူတယောက်
အလိုရှိသည်....ပုံသေလစာ၁၅၀၀
ဘီယာတခွက်နဲ့ ကဗျာစပ်ချိန်
ကမ္ဘာပျက်ချင်ပျက်ပါစေ
ချစ်သူကိုဖက်....ကဗျာစပ်၍
အသက်သေ၀ံ့ တယ်
(သျှင်နေမင်း)
ကာရံတွေပျက်
ကဗျာတဗုဒ်ကိုစပ်ဆို
စိတ်ပျိုဖို့ ...ကဗျာစပ်
ကမ္ဘာပတ်ပြီကဗျာစပ်ချင်
ဘီယာတခွက်....ဂစ်တာတလက်နဲ့ 
ကဗျာစပ်ဖို့ ...ချစ်သူတယောက်
အလိုရှိသည်....ပုံသေလစာ၁၅၀၀
ဘီယာတခွက်နဲ့ ကဗျာစပ်ချိန်
ကမ္ဘာပျက်ချင်ပျက်ပါစေ
ချစ်သူကိုဖက်....ကဗျာစပ်၍
အသက်သေ၀ံ့ တယ်
(သျှင်နေမင်း)
တကယ်တော့ 
တကယ်တော့ 
ငါက ဘ၀ကိုမာနနဲ့ 
ဆက်ထားသူပါ
အတ္တဆိုလို့  မင်းကိုချစ်တာတခုပဲရှိတယ်..............။။
တကယ်တော့ 
ငါက ဘ၀မှာ
လေးလံနေမဲ့  သံယောဇဉ်တွေကို
ပြစ်ချခဲ့ သူပါ...................
အခုတော့  ငါရင်ဘက်ထဲ့ 
မင်းဝင်လာခဲ့ တော့ ..................။။
တကယ်တော့ 
ငါရင်ဘက်ထဲ မင်းကအသားကျနေသူတယောက်
ကျေးဇူးပြုပြီ မင်းအနားမှာနေပေးပါ........။။
တကယ်တော့ 
ငါက မာနနဲ့ နေသူတယောက်
ဒါပေမဲ့  တစိမ်းတရံတွေကို
ထုတ်မပြဘူးတဲ့  အနုညံ့ဆုံး
နှလုံးသားတစုံ ရှိတယ်.....။။
တကယ်တော့ 
ဒီနှလုံးသားကို မင်းငါရင်ကို
နားခိုတဲ့ အခါ တွေ့ ပါလိမ့် မယ်............။။

Saturday, January 15, 2011
' ကျွန်တော် '
စနစ်ဆိုး
ခေတ်ဆိုးကြီးမှာ
ဘ၀ဆိုးတွေဖြတ်သန်းရင်း
ကျွန်တော်ဆိုတဲ့ကျွန်တော်
ရိုသားခဲ့ ပါတယ်.....အမေ
ကမ္ဘာမီးလောင်
သာကောင်ချနင်း
ဒီဆိုရိုး ကျွန်တော်
ရိုက်ချိုး လို့ 
ကျွန်တော်အသွေးအသား
အရိုးပြာကျတဲ့  အထိ
အလောင်အကျွမ်းခံဝံတယ်
....အမေ.....
...
ခေတ်ဆိုးကြီးမှာ
ဘ၀ဆိုးတွေဖြတ်သန်းရင်း
ကျွန်တော်ဆိုတဲ့ကျွန်တော်
ရိုသားခဲ့ ပါတယ်.....အမေ
ကမ္ဘာမီးလောင်
သာကောင်ချနင်း
ဒီဆိုရိုး ကျွန်တော်
ရိုက်ချိုး လို့ 
ကျွန်တော်အသွေးအသား
အရိုးပြာကျတဲ့  အထိ
အလောင်အကျွမ်းခံဝံတယ်
...
ဗီလိန်
ငါ့ ...ခန္ဒာတွေညစ်ပတ်ပေမဲ့ 
ငါ့ ...အတွေခေါ်တွေ..လတ်ဆက်နေတယ်
လူလာဖြစ်တဲ့ ...အာဏာရှင်စနစ်မှာ
ငါ..ရိုင်းချင် ရိုင်းနေမယ်
မမိုက်မဲခဲ့ ဘူး
ကွန်မြူနစ်
ဆိုရှယ်လစ်
ဒီမိုကရေစီ
စာအုပ်တွေကြား
ဗျာများပြီ...လူလားမြောက်
အတွေးအခေါ်တွေ...ခ၀ါချ
ဂျစ်ပစီဘ၀ကို ခုံမင်ခဲ့ သူ
ပလေတို ဆိုတာဘယ်သူမှမသိ
ပလွေတိုလောက်သာ သိတဲ့ အသိုင်းအ၀ိုင်းမှာ
ဗီလိန်တကောင်ခပ်ကြောင်ကြောင်ပဲပေါ့ 
ဆိုကရေးတီပြောတဲ့  ဒီမိုကရေစီ
ပလေတိုမုန်းတဲ့  ဒီမိုကရေစီ
ဒီဝါဒကြား...ခပ်ဝါးဝါးဖြစ်ခဲ့ ဖူးတယ်
တော်စတွိင်းရဲ့ 
စစ်နဲ့ ငြိမ်းချမ်းရေး
စာအုပ်ကိုလက်ကမချ
စကားလုံးတွေဖောင်းပွတော့ 
ဗီလိန်တကောင်ခပ်ကြောင်ကြောင်ပဲပေါ။
(3.. DEC...2010)

ငါ့ ...အတွေခေါ်တွေ..လတ်ဆက်နေတယ်
လူလာဖြစ်တဲ့ ...အာဏာရှင်စနစ်မှာ
ငါ..ရိုင်းချင် ရိုင်းနေမယ်
မမိုက်မဲခဲ့ ဘူး
ကွန်မြူနစ်
ဆိုရှယ်လစ်
ဒီမိုကရေစီ
စာအုပ်တွေကြား
ဗျာများပြီ...လူလားမြောက်
အတွေးအခေါ်တွေ...ခ၀ါချ
ဂျစ်ပစီဘ၀ကို ခုံမင်ခဲ့ သူ
ပလေတို ဆိုတာဘယ်သူမှမသိ
ပလွေတိုလောက်သာ သိတဲ့ အသိုင်းအ၀ိုင်းမှာ
ဗီလိန်တကောင်ခပ်ကြောင်ကြောင်ပဲပေါ့ 
ဆိုကရေးတီပြောတဲ့  ဒီမိုကရေစီ
ပလေတိုမုန်းတဲ့  ဒီမိုကရေစီ
ဒီဝါဒကြား...ခပ်ဝါးဝါးဖြစ်ခဲ့ ဖူးတယ်
တော်စတွိင်းရဲ့ 
စစ်နဲ့ ငြိမ်းချမ်းရေး
စာအုပ်ကိုလက်ကမချ
စကားလုံးတွေဖောင်းပွတော့ 
ဗီလိန်တကောင်ခပ်ကြောင်ကြောင်ပဲပေါ။
(3.. DEC...2010)

လိုအပ်ခြင်း
ခံစားမှူတချို့ ကို
ကဗျာတဗိုဒ်အဖြစ်အသက်သွင်း
ငါ သက်ဆင်းမဲ့ ငရဲ့ အထိယူဆောင်သွားမယ်
အတိတ်ကာလ
ငါ အန်ချတဲ့  ကဗျာတချို့ 
စာရွက်တွေပေါ် ပေကျန်ပါစေ
ကျေနပ်စွာ ထွေးပိုက်ထားမယ်
တရှိုက်ရှိုက်မက်မက်နမ်းရှိုက် ဖူးတဲ့ 
.............။
အတိတ်ကာလမှာ ခ၀ါချ
ပစ္စုန်ပ္မန်ဘ၀မှာ
ငါရေးမဲ့ ကဗျာတွက်
ငါ့ သွေးတွေ ဆူပွက်ဖို့ 
ငါ နမ်းရှိုက်ဖို့ 
..........။
ကဗျာတဗိုဒ်အဖြစ်အသက်သွင်း
ငါ သက်ဆင်းမဲ့ ငရဲ့ အထိယူဆောင်သွားမယ်
အတိတ်ကာလ
ငါ အန်ချတဲ့  ကဗျာတချို့ 
စာရွက်တွေပေါ် ပေကျန်ပါစေ
ကျေနပ်စွာ ထွေးပိုက်ထားမယ်
တရှိုက်ရှိုက်မက်မက်နမ်းရှိုက်
.............။
အတိတ်ကာလမှာ ခ၀ါချ
ပစ္စုန်ပ္မန်ဘ၀မှာ
ငါရေးမဲ့ ကဗျာတွက်
ငါ့ သွေးတွေ ဆူပွက်ဖို့ 
ငါ နမ်းရှိုက်ဖို့ 
..........။
အဇ္ဇ္ဇျတ
နာမ်......ရုပ်
....ကို....
ဟန်လုပ်ပြီ....အလှဆင်
လှချင်တဲ့ ....အတွင်စိတ်
လ.....ထိပ်မှာမရှိတဲ့ အချိန်
ည...အိပ်ယာဝင်ကာနီ
ငါ့ ...စိတ်မှာဝင်ကာဆီတဲ့ 
မကောင်းတဲ့ စိတ်
ကောင်ကင်ထိပ်က..ပေးတဲ့ သတိ
ငါ့ အသိမှာ..နင်ရှိပြီ
မကောင်းတဲ့ ..စိတ်တွေဝင်ကာဆီ
မြည်ကာဟီတဲ့ ..မရဏအသံ
ငါအဖန်ဖန်ကြားနေပြီး.....။
....ကို....
ဟန်လုပ်ပြီ....အလှဆင်
လှချင်တဲ့ ....အတွင်စိတ်
လ.....ထိပ်မှာမရှိတဲ့ အချိန်
ည...အိပ်ယာဝင်ကာနီ
ငါ့ ...စိတ်မှာဝင်ကာဆီတဲ့ 
မကောင်းတဲ့ စိတ်
ကောင်ကင်ထိပ်က..ပေးတဲ့ သတိ
ငါ့ အသိမှာ..နင်ရှိပြီ
မကောင်းတဲ့ ..စိတ်တွေဝင်ကာဆီ
မြည်ကာဟီတဲ့ ..မရဏအသံ
ငါအဖန်ဖန်ကြားနေပြီး.....။