Saturday, January 22, 2011

သို့....တစုံတရာ

ငါ့ကို ကံကြမ္မာပေးတယ်
ရွေးချယ်ခွင့်တစ်ခုကိုပေါ့.
ဂုဏ်သိက္ခာနဲ့နှလုံးသား
တစ်ဘ၀စာ တစ်ခုသာယူသွား........တဲ့။

နှလုံးသားကိုဘေးဖယ်
ဂုဏ်သိက္ခာကိုရွေးချယ်လို့
ဘ၀တက်လမ်းကိုပဲမှန်းမျှော်
ရည်မှန်းချက်တွေနဲ့ပျော်ခဲ့တယ်.

.........
.............
ဒီလိုနဲ့ပဲ
ဘယ်သူမှ မမြင် မသိတဲ့
ရင်ဘတ်ထဲကနှလုံးသား
တစတစကြေမွသွားခဲ့ပေါ့.......။
 
                            နှစ်သက်မိသောကဗျာလေးပါ............

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....