Sunday, April 24, 2011
ကောင်မလေး(၂)
ကောင်မလေး
တဖက်သတ်ဖြစ်တဲ့  ချစ်ခြင်း
ငါ  ကိုယ်တိုင်ဖန်ဆင်းလို့ 
ငါ   အိမ်မက်နံရံတွေထဲမှာ
ကောင်မလေးရဲ့ ပုံတချို့
ချိတ်ဆွဲထားတုံးပါပဲ.....၊ ၊
တန်ပြန်မှု့ မရှိတဲ့  သက်ရောက်မှု့ 
ငါပေးတဲ့ အချစ်တွေ  မင်းသိပါစေ....၊ ။
အရမ်းချစ်တယ် ကောင်မလေးရယ် 
ငါဖန်တီးတဲ့  အလွမ်းဆုလာဒ်ကို
ထာဝရ ပိုက်ထွေး
ခပ်ဆွေးဆွေးလေးပဲ   လွမ်းနေအုံ့ မယ်....။ ။
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....