Sunday, April 17, 2011

ကောင်မလေး(၁)

ကောင်မလေး
နင်မမြင်ကွယ်ရာကနေ
ကြည့် နေမိတဲ့ နောက်
ငါ့ နှစ်လုံးသားကို
ဘယ်လိုဒူးထောက်ခိုင်မလဲ.......။၊

ကောင်မလေးရေ
တိတ်တခိုးနဲ့ ရင်ခုန်ခြင်းကို
သာယာနေသလိုပဲ........၊။

ငါ နှစ်လုံးသားအခန်းကျဉ်းထဲ 
မင်းအတွက်ကဗျာရယ်
ဂီတာတစ်လက်ရယ်
ဗလာရင်ဘက် တခုရှိနေတယ်............၊။

ကောင်မလေးရေ
ဆုံနိင်ခွင့် မရှိနိင်တောင်
ကဗျာတွေရေး
အလွမ်းတေးတွေသီဆိုရင်
မျော်လင့် ခြင်းနဲ့ ခရီးဆက်
ဒို့  နှစ်ယောက်ပြန်ဆုံမယ့် 
တစ်ရက်ပေါ့ ..............................။ ။ ။

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....