twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Wednesday, October 5, 2011
***မလင်းပြာ သို့  မှာတမ်း***
မလင်းပြာ
ဒို့  ချစ်တဲ့ နိင်ငံ
ဒို့  ချစ်တဲ့ လူမျိုးအတွက်
စစ်ထွက်ရတော့ မယ် မလင်းပြာ.....။ ။ ။
မလင်းပြာ...
ရာရာစစ ဒင်းတို့ က
လက်တုန့် ပြန် မတဲ့ 
ကျုးကျော် စစ် ၄ပွဲအကြောင်း
သင်တို့ ရဲ့  သမိုင်းဟောင်းကို
ပြန်လှန်လိုက်ရင် ဗမာစစ်သည်ရဲမတ်
အဘယ်ကဲ့ သို့  အစွမ်းထက်တယ်ဆိုတာ တွေ့ ရလိမ့်မယ်.........။ ။ ။
မလင်းပြာ...
ဗမာပြည် ကာကွယ်ဖို့ အရေး
သာယောင်္ကျားလေး မွေးပေးပါ
သမီးလေက ဓားသွေးဖို့ ပေါ့ ...........။ ။ ။
မလင်းပြာ....
ရှေ့ တန်းမှတခေါက် ပြန်မရောက်ခဲ့ ရင်
ဗမာပြည် မငြိမ်းချမ်းသရွေ့ 
အမျှမဝေပါနဲ့ ...........။ ။ ။
Thursday, September 22, 2011
***ဧရာဝတီ***
ဧရာဝတီ......ဧရာဝတီ
တပြည်နယ်ဆီက လွမ်းရတာထက်
မြန်မာပြည်က မလွမ်းချင်ဘူး..........။။။
ဧရာဝတီနဲ့  အသက်ဆက်သူတွေ
ငတ်ပြတ်နေရတော့ မှာလား...........။။။
မြန်မာပြည်ရဲ့  အသက်သွေးကြော
ရောနှောလာမယ့်  လူမျိုးတွေ
အနာဂတ်ရေးအတွက်
ရင်လေးမိတယ်..........ဧရာဝတီရယ် ...၊၊။။
ဧရာဝတီမြစ်ရေထဲ
စီးဆင်းဆဲ သူရဲကောင်းသွေးတွေ
ရပ်တန့် လို့  စိတ်ပျက်နေကြပြီလား........။။။
ဧရာဝတီရဲ့  အနာဂတ်ရေးကို
မြော်တွေးမိလို့  ရပ်ဝေးကနေ
အော်ဟစ်ပါရစေ.........
ရပ်တန့် ပေးကြပါလို့ ..........။။။
ဧရာဝတီရဲ့ အရေးကို
လူမိုက်အတွေးနဲ့ စာရေးတဲ့ 
စစ်ခွေးတွေရေ.........
ဧရာဝတီနဲ့ မြန်မာပြည်ဟာ
သမိုင်းအဆက်ဆက်ရေးမှတ်ထားတဲ့
စာမျက်နှာတွေပါ.........။။။
ဧရာဝတီအတွက် ကျွန်တော်စပ်တဲ့ 
ကဗျာဟာ ရယ်စရာဖြစ်နေပေမယ့်
ဧရာဝတီအရေးဟာ နိင်ငံ့အရေးမို့ 
ဒို့ အရေး အော်ဖို့ ဝန်လေးလိမ့် မယ်မဟုတ်............။။။
(15 ရက်နေ့ က စပ်ထားတဲ့ ကဗျာလေးလည်ရှိပါသေးတယ်..မြစ် ၏ မျက်ရည် လို့ အမည်ပေးထားပါတယ်)
Thursday, September 15, 2011
*မြစ် ၏ မျက်ရည်*
တိုင်းပြည်ရဲ့  ဝေဒနာတွေ
ထွက်ခွာသွားဖို့  သင်တို့ 
ငါ ငိုကြွေးနေတာ ကြားရဲ့ လား..........။။။
ခါးသီး စိုစွတ်တဲ့  ငါ့  မျက်ရည်တွေရဲ့ 
မျက်ရည်တွေများစွာဟာ
အရာအားလုံးအတွက်ပါ..................။။။
ရုပ်ရှင်ရိုက်ဖို့ အတွက်
ဂရုစိုက်နေတာမဟုတ်ဘူး.....။။။
မြစ်ရေစီးဖို့ အတွက် ဂရုစိုက်နေတာပါ ......။။။
ငါ မျက်ရည်တွေအတုမဟုတ်ဘူး..။။။
ငါဟာ ရာဇ၀င်များရဲ့  သတို့ သမီးပါ
ကလေးငယ်တယောက်လို ဂရုစိုက်ပေးပါ...။။။
ပြီတော့ ........
မင်း..........
မခေါ်ပါနဲ့  မြစ်မာယာလို့ 
တကယ်ခံစားနေလို့ ပါ.........။။။
(ထပ်တူထပ်မျှ ခံစားရပါတယ် ဧရာဝတီ)
Wednesday, September 7, 2011
*** ဝိညာဉ် ချစ်သူ***
ငါ့  ရင်ဘက် ကျွံထွက်လို့ 
ရင်ကွဲပက်လက် ဖြစ်နေပါစေ
ချစ်နေရရင်ပြီးတာပဲ................။
အဆိပ်ခပ်ထားတဲ့  ပျားရည်တခွက်
တက်မက်စွာ သောက်လိုက်မယ်
မင်း ချစ်မယ်ဆိုရင်ပေါ့ .....................။
မင်းပြုစားလို့  သေဆုံးသွာတောင်
တစ္ဆေတကောင်အဖြစ်နဲ့ 
ချစ်နေမယ်........................။
မင်းကိုစွဲလမ်း
အသဲကျွမ်းလို့ သေဆုံးသွာပါစေ
အမျှ မဝေနဲ့  ချစ်သူ...............။
မင်းနဲ့ ခွဲပြီ
မကျွတ်လွတ်ရဲ့ တဲ့  ၀ိညာဉ်ထဲမှာ
ကိုယ်ပါနေလို့ ပါ....................။
Thursday, September 1, 2011
သတိတရ *ည*
သတိရမိတဲ့  ည
ဆုမတောင်းပဲ ဖန်ဆင်းပေးခဲ့ 
စိတ်ကူယဉ်ဆန်တဲ့  ည
ဖျားနာစေတဲ့  ည
ည တညလုံးကလှတယ်
ည တညလုံး ချစ်တယ်....
ည တညလုံးကို ဂရုစိုက်မိတယ်
ချစ်စရာ ညကိုနမ်းမယ်
ပျော်ရွှင်စရာ ညရယ်
စည်းစိမ်အတွက် ညကွယ်
ဆွဲဆောင်မှုတွေနဲ့ ရင်နှီးစေ
ငါ ရင်ဘက်နဲ့  ထိတွေ့ စေတဲ့ 
အတူတကွရှိခဲ့ ဖူကြတဲ့ 
မှတ်မိသတိရတဲ့  ညတညပေါ့ ...........၊၊၊၊၊
Tuesday, August 23, 2011
*** သူ*** ကြားပါစေ
ဂစ်တာသံတွေ တိုးတိတ်
မီး မှိတ်နေတဲ့  အဆောင်ရှေ့ ဝယ်.........၊၊
ဆောင်းည လည်းရောက် အလင်းပျောက်ချိန်....
မိုးမခပင်အောက်..........
ဒီမောင် ရောက်တော့ ..................၊။
အလွမ်းများအတွက်............၊၊
ဒီမောင် တီးခတ်နေတဲ့  သံစဉ်တွေ...............၊။
တမလွန် က အဆောင်သူ
.......ကြားပါစေ.............၊။
Saturday, August 20, 2011
မုန်းတယ်
အစိမ်းသပ်သပ်
ရက်စက်ခဲ့ တာ မဟုတ်.........
ငါ့  ရိုးသာမှုတွေကို စားသုံး...........
တကြိမ်တခါမဟုတ်
အကြိမ်ကြိမ်အခါခါ ထိုးစိုက်ခဲ့ တဲ့ 
ငါ နောက်ကျောက
ဓားဒဏ်ရာတွေ.........၊၊၊
ငါ့  အချစ်ကို ပုန်ကန်
တစိမ်းတရံကို
ချစ်ဖို့ ကြံနေတဲ့  မင်းကို..........၊၊
ငါ လွပ်လပ်ခွင့်  ပေးခဲ့ ပါတယ်
ချစ်သူ..................၊၊၊
ဒါတွေအတွက် ငါအပြုံးမပျက်
နှုတ်ဆိတ်နေခဲ့ ပါတယ်........၊၊
ဒါပေမယ့် .........
ငါ့  သိက္ခာကို အဆိပ်ခပ်
ငါ တပ်မက်တဲ့  ကဗျာတွေကို
ပုတ်ခတ်တဲ့  မင်းကို........
ငါ
မုန်းတယ်.............၊၊၊
Saturday, August 13, 2011
အချစ်
အားလုံးကို ငါသိတယ်
ငါနဲ့ အတူ စကားလက်ဆုံပြောခဲ့ တဲ့ 
နှစ်လုံးသားတစုံကို
ငါ ကျေနပ်ပြီး နှုတ်ဆိတ်စေခဲ့ တယ်
ငါကြာချင်မိတယ်....
တီးတိုးစွာ၊အံသြသွားစေတဲ့ 
စကားတွေ
ငါ့ ရဲ့ အနီး စည်းချက်ညီစွာနဲ့ 
အသိုက်ဆောက်ပြီး မင်းကိုရှိနေချင်တယ်.........
ငါသိတယ် အားလုံးကို
ဒီရုပ်ပုံရဲ့  ဆေးရေပန်ချီကား
ငါ့  အိမ်မက်များက
ဝိဥာဏ်များကို ကျေနပ်စွာ
အပြုစားခံချင်နေမိတယ်................၊၊၊
ဒါကြောင့် ....
မင်းဘယ်မှထွက်သွားဖို့ 
ငါ စဉ်စားနေရတယ်...........................၊၊၊၊၊၊၊၊
မင်းဟာ လှေပေါ်မှာဆို
ငါက လှိုင်းကလေးပေါ့ 
ငါ့ ရဲ့  ချစ်ခြင်းဟာ
လှိုင်များလိုပဲ............
အချစ်မြစ်ပြင်ထဲမှာ စီးဆင်းနေတော့ မယ်..........။။။။။။။။။
Wednesday, August 3, 2011
ကုရာနထ္ထိ
စိတ်ပျက်လက်ပျက်
ပျင်းရိခြောက်ကပ်တဲ့ နေ့ က
အဆိပ်တက်နေတဲ့ နှုတ်ခမ်းတစုံကို
တက်မက်စွာနမ်းရှိုက်လိုက်တော့ 
ကုရာနထ္တိဆေးမရှိတဲ့ ...........
.......သွားပြီပေါ့ ........
စုပ်ပျက်တဲ့ ဘ၀နဲ့ 
သွေးပျက်တော့ မယ့် ခန္ခာ
စိတ်ဒဏ်ရာများက
ပိုနာကျင်နေတယ်.............၊၊၊၊
စားဝတ်နေရေးအတွက်ဘ၀ပျက်
ငွေကြေးအတွက်ပေးဆပ်နေတဲ့ 
ခန္ဒာရမ္မက်တွေ......
ဒါတွေကိုမမုန်းချင်တော့ ပါဘူး............၊၊၊၊၊
မှားယွင်းနေတဲ့  စနစ်တခုမှာ
မိခင်ပြန်လာဖို့ အရေး
အိမ်ရှေ့ လမ်းကလေးကို
စောင့် မျော်လို့ ငေးနေတဲ့ 
လူမမယ်ကလေးတွေ..........
ကျွန်တော်နိင်ငံမှာ.........
ဘယ်နှစ်ယောက်များရှိနေလဲ........................၊၊၊၊၊၊၊၊၊
သျှင်နေမင်း
--
Friday, July 29, 2011
"ပန်းဗေဒါ"
မရေမရာနဲ့ မျောလွင့် တဲ့ ဗေဒါ
ကမ်းကပ်ခွင့် တနေ့ ရှိမှာပါ........၊၊၊၊
အရှုံးမပေးနဲ့ ဗေဒါ
အသေအချာ ပြောနိင်ပါတယ်........
ဒီကမ္ဘာမှာ ဗေဒါလို
မိန်ကလေးတွေရှိတယ်.......၊၊၊၊၊
လှိုင်းတံပိုကြားမှာ
မင်းခဏတော့  နေရမှာပေါ့ ........။။။။
ဘ၀ကိုအရှုံးမပေးနဲ့ ဗေဒါ
တနေရာရာမှာတော့ 
မင်း ပျော်ရွှင်ခွင့် ရမှာပါ.............၊၊၊၊၊
ရေမှာအနေကြာလို့ 
မင်းငြိမ်သက်စွာ ရပ်တည်နိင်တဲ့ အခါ...
ဒီဗေဒါဆိုတဲ့  အရိုင်းပန်း
ခူချင်သူတွေ ကမ်းလင့် လာမှာပါ
ပန်းဗေဒါ.......၊၊၊၊၊၊၊၊၊၊
Thursday, July 21, 2011
ဝါးဓနိအိမ်
ဓနိတွေက အမိတွေဆို
ဝါးတွေက သားတွေပေါ့ 
ဝါး ဓနိတွေ နဲ့  သားအမိတွေ
အိမ်လေးတလုံးဆောက်ရအောင်....၊၊၊၊၊
(နှစ်သက်မိသောကဗျာလေးပါ ရေးတဲသူသိရင်ပြောသွားလို့ ရပါတယ်
ကဗျာဖန်တီးသူအတွက် ၃မိနစ်ကြာပေမယ့်  ခံစားသူအတွက် ၃နှစ် ၃ကမ္ဘာကြာနိင်တယ်ဆိုတာဒီကဗျာလေးကကျွန်တော်အတွက်သက်သေပါပဲ)
Wednesday, July 20, 2011
"ကဗျာ....ဗလာ"
ဒီကဗျာ...........
ရင်ဗလာနဲ့ ရေစပ်
ခံစာချက်မဲ့ မဟုတ်ပါဘူ......
အလွမ်းကိုပိုက် ကဗျာတပုဒ်ကို
ရေးစပ်ခွင့် ပြုပါ...
အသင်၏ ချစ်ခြင်းဖြင့်
သောကမြစ်တဆင်းကို ငါဖြတ်သန်းဖူခဲ့ ၏........
အသင်၏ ချစ်ခြင်းဖြင့် 
မာနအဖုံဖုံကို လမ်းဘေးပုံခဲ့ ဖူ၏.............
သင်၏ အကြင်နာနမ်းဖြင့် ...
ကာလတချို့  ဖြတ်သန်းဖူခဲ့ ၏...
ယခုအခါ....
သင့် ၏ အမုန်းဖြင့် 
ငါ ကြရှုံးနေရ၏........
ထိုကြောင့်  ဤကဗျာ
ရင်ဗလာဖြင့်  ရေးသည်..........၊၊၊၊၊၊
                        (သျှင်နေမင်း)
.
Sunday, July 17, 2011
လမင်းလွမ်းတဲ့ ပန်းတပွင့် 
ချွေးတစက်စက်
စိတ်ပျက်နေတဲ့နေ့ တွေ
စိတ်ပျက်၊လက်ပျက်နဲ့ 
အိပ်ပျက်နေတဲ့  ညတွေ
ချွေးစက်၊သွေးစက်တွေ
စိတ်ပျက်နေ ညစ်ထေနေတဲ့ 
ဘ၀တွေထဲကို
ငါ့ အတွက် အေးမြတဲ့ 
လတစင်း ထွန်းလင်းလာတယ်...
အသင်....
လမင်း....
သင်ထွန်းလင်းလို့  ပန်းတပွင့် 
ပွင့် မယ်ဆို...
လမင်း လွမ်းတဲ့ 
ပန်းတပွင့်  ဖြစ်ပါရစေ....
(သျှင်နေမင်း)
Monday, July 4, 2011
"ငြိငွေ့ ခြင်း"
ခန္ဒာကိုသံပတ်ပေးပြီ
မြုပ်နှံထားတဲ့  ထာဝရဘ၀ကို
ငြီငွေ့ လာခဲ့ တာတော့ 
ဟို........
ကလေးဘ၀ကပေါ့ ...၊။
လူ့ အခွင့် အရေးဆိုတာဘေဖယ်
ကိုယ်ပိုင်အခွင့် အရေးတောင်
ဆုံးရှံးနေရတဲ့ ဘ၀....
ခမ်းချောက်နေတဲ့  ပျော်ရွှင်မှုတွေ
အရွယ်တရားကို အချိန်ကစား
ဒီဘ၀များက ဘယ်လိုရုန်းထွက်မှာလဲ.....၊၊၊
ငွေကြေးနောက်ကိုအမှီလိုက်တော့ 
ပျော်ရွှင်ခြင်းနဲ့ လွပ်လပ်မှုတွေ
ဒီပစ္စုပ္ပန်ရဲ့ အနောက်က
အတိတ်ကာလမှာ
မှုန်ရီဝိုတ၀ါး ကျန်ရစ်နေခဲ့ ပေါ့ ....၊၊၊၊၊၊
Monday, June 27, 2011
အဆိပ်မျက်ရည်
မိုး...
ထွက်ခွာသွားတဲ့ မိုး
ကျွန်ပ်၏လည်ပင်ကိုလှီး
နှလုံးသားကိုဖြတ်
ဆုပ်ကိုင်ခွင့် မရှိပဲ
ထွက်ခွာသွားတယ်..၊၊
အဆိပ်မျက်ရည်
ဖွဲ့ နွဲ့ ကဗျာစပ်
နောက်တကြိမ်
ရပ်နိင်ဖို့  ခြေလှမ်း
ဘယ်လိုလှမ်းဖို့ 
မိုးရေထဲ တကိုယ်ထဲ
ရပ်နေမိပြီ..........၊၊၊၊၊
မင်းကိုမလိုအပ်တော့ ဘူး
ငါသွန်းခဲ့ တဲ့ မျက်ရည်
ငါဘ၀ကိုယ်ငါမုန်းတီးသလို
မင်းကိုလည်းမုန်းတီခဲ့ တယ်...၊၊၊
အချစ်ဆိုတာသေဆုံးခြင်း
သေဆုံးခြင်းဆို မင်းပါပဲ..၊၊၊၊
ဒီဝေဒနာ အစွန်းအထင်း
စစ်ရေးခင်းလို့ 
ပြန်သတိရချိန်
ဝေဒနာကိုချည်နှောင်
ဒီကွန်ရက်ကရုန်းထွက်ဖို့ 
ဆုံးဖြတ်ခဲ့ တာပဲ....၊၊၊၊၊၊
                     သျှင်နေမင်း
Thursday, June 16, 2011
“ကောင်မလေးသိစေလို”
ကောင်မလေးရေ....
တကယ်ပဲဝေးခဲ့ ကြပြိဆိုတဲ့ အသိကို.......
ဦးနှောက်ကလက်ခံခဲ့ ပေမယ့် ......
နှလုံးသားကအပြင်းအထန်ငြင်းဆန်နေခဲ့ တယ်.....
ကောင်မလေးရေ......
အချစ်ဆိုတဲ့ အရာက......
ရယူပိုင်ဆိုင်လိုမှုတခုတည်းရှိလာမှာမဟုတ်တာပဲနော်......
တွေးတတ်ရင်ပေးဆပ်ခြင်းဟာလည်း......
အချစ်လို့ ပဲကျွန်တော်ထင်တယ်.....
ကောင်မလေးရေ..........
မြင်နိုင်မယ်ဆိုရင်ကျွန်တော်ရင်ဘက်တခုလုံး......
အရှုံးတွေနှင့် ဗလာဟင်းလင်း.....
ကောင်မလေးသွားမဲ့ လမ်းပေါ်မှာခင်းကျင်းထားတာ....
ကောင်မလေးတွေ့ မှာပါ......
ကောင်မလေးရေ...........ကျွန်တော်ဘ၀ထဲမှာမင်းမရှိတဲ့  နောက်ပိုင်း အနာဂတ်တွေ...
မှုန်ဝါးသွားခဲ့ တယ်ရှိပါစေတော့...ကောင်မလေးရယ် အရာရာဟာအံဝင်ဂွင်ကျမဟုတ်ပေမယ့်  အခုတော့ ကျွန်တော်နေသားကျခဲ့ ပါပြီ။
       (   ko thit )
Tuesday, June 14, 2011
ဆုံမှတ်
အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...
ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
(ကမ္ဘာစိုးမင်း)
Monday, June 13, 2011
သွားနေသူ
နယ်မြေအသစ်
စူစမ်းမှုတွေ....
မုဆိုးတွေအလယ်
ရသရှားနေတဲ့ 
ကဗျာဆရာ
မော်ဒန်ကဗျာ
ဒါတွေကေ၀၀ါး
အနာဂတ်ရဲ့  မျိုးဆက်
ဆိုးရိမ်ဖွယ်  သွေးတစက်
တဆက်ဆက်နဲ့ တုန်ရီနေတဲ့ 
၇င်ဘက်.....
ဘ၀ပျက်နေတဲ့ 
ခေတ်ရဲ့   စနစ်မှာ
ရိုးသားမှုတွေ..
ယဉ်ကျေးမှုတွေ
တစ....
တစ........
တစ.........
ခန်းခြောက်သွားရင်
.....
လမ်းပျောက်နေသူ
ရှာဖွေနေသူ...........
Saturday, June 11, 2011
'ရန်ကုန်"
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ …
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။
( ၂ )
အဲ့ဒီမြို့ကြီးပေါ့ … “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။
ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။
အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။
အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး … ၊ ….. ၊ ….
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။
၆၂ – ၇၄ – ၇၆ – ၈၈ – ၉၆ – ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။
လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။
သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။
ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။
ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။
တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ….
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။
နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ -ီး ၊ လချီး အတိုင်းခံရတဲ့မြို့
ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ …”လို့ ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။
“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။
မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။
ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။
ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ….
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။
ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။
လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။
တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက် တတ်သေးတဲ့မြို့။
“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။
“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။
( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ….
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။
ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။
ကိုဇီး ( ၂၅၊ ၀၁၊ ၂၀၁၁ ) (forverfriends)
Wednesday, June 8, 2011
ဝဲ(လ်)ကမ်း...မရဏလမ်း
ဒီသေမင်းနဲ့ ငါစစ်ခင်းမလို့ 
ငါပြစ်ခွင်းမယ့်  ကဗျာတစင်းကို
ငါကိုယ်တိုင်ဖန်ဆင်းလို့ 
မင်းရဲ့ ချစ်ခြင်း အလိုရှိတယ်......၊
မင်းချစ်ခြင်းနဲ့  ဒီသေမင်းရှေ့ 
ငါဝပ်ဆင်းမှာ မဟုတ်..
ဒီမရဏလမ်း လူတွေအတွက်အစမ်းမဟုတ်
ငါ့  အတွက်တော့ 
ဝဲ(လ်)ကမ်း မရဏလမ်းပေါ့ ....။ ။
အကုသိုလ်တွေနဲ့ ဗျာများနေတဲ့ 
လူအများအတွက်
သေခြင်းတရားကို
ရှောင်ရှားနေကြမှာပေါ့ ...။ ။ ။
နောင်ဘ၀အရေးအတွက်
အခုငါရေးနေတဲ့ ကဗျာက
(ကုသိုလ်တရား များများပွားတဲ့ )