twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Showing posts with label ၀တ္ထုတို. Show all posts
Showing posts with label ၀တ္ထုတို. Show all posts
Wednesday, November 23, 2011
***သတ်မယ်ဆိုပြီ........***
မောင်ထွန်းသည် တလံကျော်ခန့် ရှိသော လှံကိုထမ်းကာ မှောင်ရိပ်တွင်ရပ်လျှက် မိမိရှေ့ ၌ရှိသော အိမ်ကလေးကို
ကြည်၍နေလေ၏၊ထိုအိမ်လေမှာ သုံးပင်တိုင်တဖက်ရပ်တဲသာသာ အိမ်ကလေးဖြစ်လေ၏၊အတွင်း၌ မီးမှိန်မှိန်ကို
သက်ကယ်များနှင့် ကျူထရံများကြားမှာမြင်ရလေ၏။ထိုအချိန်မှာ ကြက်ဦတွန်ချိန်ခန့် ရှိလေ၏ ။
"ခွေးသား ရောက်နေပြီထင်တယ်..ခွေလိုသေအောင်တခါတည် ထိုးသတ်လိုက်မယ်"ဟုပြောကာလက်နှစ်သစ်ခန့် ကျယ်သော ထက်လှသောလှံသွာကို ကိုင်စမ်းလျှက်နေလေ၏ ။
မောင်းထွန်းနှင့် ဘိုမင်းသည် ရန်ဖြစ်ထားကြသည်မှာ ၄၊၅ရက်ခန့် ရှိလေပြီ၊ထိုနေ့ က ထန်းတော ၌ နှစ်ယောက်သာရန်ဖြစ်ကြရာ အခြာသူများဆွဲမထားလျင် ထန်းတောထဲတွင် လူသတ်မှုဖြစ်မှာသေချာပါသည်။နှစ်ယောက်လုံး ကြုံရာလုပ်ကြသောသူများဖြစ်၏၊လယ်ယာလုပ်ချိန်တွင်၊ စားရင်ငှားလုပ်ကြပြီ၊နွေရောက်သောအခါ လှည်းတိုက်၊ထင်းခုတ်၊သက်ကယ်ရိတ်၊စသည့် အလုပ်များကို လုပ်ကြသည်။
တခါတရံ စပါးစည်များကို ဖောက်၍အောက်မှနေကာ ဆာလာအိပ်များဖြင့် ထည်ပြီ ခိုးယူတက်ကြသည်၊ဘိုမင်းမှာ
ရသမျ ထန်ရည်ဆိုင်းတွင် သောက်စာမူးရစ်ပြီ ဖြုန်းတီပြစ်တက်သည်။
ကလေးသုံးယောက်နှင့်  မယားမှာ အခါများစွာ ညစာမစားကြပဲအိပ်ယာဝင်ကြာရာ၌ ကလေးများမှာမစားရ၍
အိပ်မပျော်၊မယားမှာ ဘိုမင်းမရောက်လာ၍ စိတ်ပူခြင်းကြောင့်  အိပ်မပျော်ပဲနေရလေ၏။
မောင်ထွန်းမှာ အိမ်ထောင်မကြသေးသောကြောင့်  ဘိုမင်းထက်မျာစွာသာသည်၊ပိုက်ဆံလည်ပို၍ စုဆောင်နိင်သည်။ဘိုမင်း၏စိတ်ထဲတွင်မိမိရမည့် အလုပ်များ မောင်ထွန်းကြောင့် သာမရပဲနေသည်ဟု တွေးကာ မောင်းထွန်းကို
မကျေမနပ်ဖြစ်နေ၏၊တနေ့ ၌ထန်းတောထဲတွင် တွေကာ ထန်း၇ည်မူးကျွဲခိုးပေါ်ဆိုသည့် အတိုင်းစိတ်ထဲရှိသမျှကို
ဒေါသနှင့် ပြောမိရာ ရန်ဖြစ်ရခြင်းဖြစ်သည်။
ထိုအခါ မောင်ထွန်းမှာ စိတ်ထဲတွင်အတေးမှတ်ထားပြီ..ငါ့ အကြောင်း ပြလိုက်မယ်၊ ငါ ကိုမခံချင်အောင် လုပ်လျှင်အခုလို ဖြစ်တက်ပါလားဟု သိအောင်ပြလိုက်မည်ဟု စိတ်ထဲတွင်တေးမှတ်ပြီ..မည်သူမျှ သက်သေမရှိ၊ပြီခဲ့ သောရက်က ရန်ဖြစ်ရုံနဲ့  ငါသတ်တယ်လို ဘယ်သူထင်ဝံ့ မလဲ၊အမှောင်ထဲမှာ ဘယ်သူမျှမမြင်နိင်၊တခါတည်း အသေသတ်မည် ဟုတွေးကာ အိမ်လေးနားသို့  တိုးကပ်သွားလေသည်။
အိမ်လေးနာရောက်သော အခါငိုရှိုက်သံလိုလိုကြာလိုက်ရသည်၊မိန်မသံဖြစ်လေရာ ထရံကြားမှနေ၍ မောင်ထွန်း
ချောင်းကြည့် လေရာဘိုမင်း၏မိန်းမမှာ ဆောင့် ကြောင့် ထိုင်လျှက်ဒူးပေါ်တွင်လက်နှစ်ဖက်နှင့် မျက်နှာကိုတင်ကာ
ငိုရှိုက်နေသည်ကို၎င်း၊ကလေးနှစ်ယောက်မှာ အ၀တ်အစားမရှိပဲ တစောင်လေးလှဲ၍ ပိန်ချုံးချိနဲ့ စွာနဲ့ သော၎င်း၊ကလေးတယောက်မှာ ထမင်းမစားရ၍ စိတ်ဆိုးနေပုံရှိလေသည်။
ဘိုမင်းမှာဒူးနှစ်ဖက်ကိုတန်းပေါ်တင်၍အင်္ကျီမရှိ၊မီးရောင်၌ ပြောင်လတ်သော ကျောမဲမဲသာရှိလေ၏။မောင်ထွန်း၏မျက်လုံးများ ကျယ်၍လာလေသည်၊ မြင်ရသော မြင်ကွင်းမှာ လောကငရဲ၏ မြင်ကွင်းအဖြစ်တွေမိလေ၏၊ဘိုမင်းသည်တခါတခါ ခေါင်းမော့ ပြီ ကလေးများနှင့် မယားကို ကြည်နေ၏၊မကြာမီ သက်ပြင်းချပြီ တဲထောင့် မီးဖိုအနီ အိုးခွက်များကို လှန်လှောကြည့် လေ၏၊အိုးများထဲတွင်ဘာမှမရှိသည်ကို မောင်ထွန်းသတိထားမိလေသည်။
ဘိုမင်းလည်း မယားနှင့် သားများကို ကြည့် ကာ သက်ပြင်းရှည်ကြီးချပြီ ထရံ၌ထိုးထာသော ဓားကိုနှုတ်ကာ မယားဖြစ်သူ၏ပခုံးကို ကိုင်ပြီ"မယ်သော့  ခဏနေကြဦး ..အပြင်သွာလိုက်ဦးမယ်.."ဟုပြောရာ မိန်းမက လက်ကိုပုတ်ချလိုက်လေသည်၊ဘိုမင်းလည် တဲထဲကထွက်ခွာသွားလေသည်..ဘိုမင်းလက်ထဲက ဓာမြှောင်ကို မယ်သော့  မြင်သောအခါ ထိန်လန့် သွားပြီကို ဘိုမင်း..ကိုဘိုမင်း ဘယ်သွားမလို့ လဲ ဟုမေးလေသည်။..သို့ သော် မမှီတော့ ချေ...
မောင်ထွန်းလည် နောက်ယောင်ခံလိုက်ကာ ဒီကောင်ဘာခိုးမလို့ လဲ၊လုမလို့ လား၊တခုခုပဲဟု တွေးကာ လှံကိုကိုင်ပြီ မျက်ခြေမပျက်နောက်ယောင်ခံလိုက်လေသည်၊လမ်းကြားတခုသို့ ရောက်သောအခါ ဘိုမင်းမှာသစ်ပင်တပင်နားသို့ ပြေးကပ်နေလိုက်သည်ကို မောင်ထွန်းတွေ့ လိုက်ရသည်။မောင်ထွန်းလည်  ဘိုမင်းအနားသို့  နီးသထက်နီးအောင် ကပ်၍သွားလေ၏။
ထို့ အခိုက် ကော့ ကော့ ဖလပ်၊ဖလပ်ဟုသော်ကြက်သံနှင့် အတူကုလားတယောက်လမ်းလျောက်လာသည်ကို မောင်ထွန်း
မြင်ရလေသည်၊ဘိုမင်းကပ်၍နေသောသစ်ပင်သို့ လွန်သွာသောအခါဘိုမင်းသည်ဓာမြှောင်ကိုမြှောက်၍​ထိုးတော့ ဟန်ဖြင့် နောက်ကအသာအယာလိုက်သောအခါ မောင်ထွန်းလည်လျှင်မြန်စွာဖြင့် နောက်ကနေ လှံနဲ့ ထောက်ပြီ.ဟေ့ ကောင်ဘာလုပ်တာလဲဟုမေးလိုက်သည်။ဘိုမင်းမှာ မိမိ၏ ရန်သူတော် မောင်းထွန်းမှန်သိလိုက်ရာ ကြောက်လှန့် ပြီဓားကိုလွတ်ချပြီးလက်မြှောက်ထားလိုက်သည်။ဒီကောင်ငါကိုအဆုံးစီရင်တော့ မှာပဲဟု တွေးကာ ကြောက်လန့်  ၍နေလေသည်။
မောင်ထွန်းလည်ဘိုမင်းဓာကို ပြေးကောက်ပြီ..."မင်းဟာအင်မတန်မိုက်မဲတဲ့ ကောင်ပါလား..ဒီကုလားကိုသတ်လို့ ကြက်ကလွဲပြီ ဘာရမှာလဲ...မင်းကြိုးကျမှာ၊တကျွန်းကျမှာမကြောက်ဘူးလား"ဟုပြောလေသည်။
ဘိုမင်းလည်စိတ်ပျက်ခြင်း၊၀မ်းနည်းခြင်း၊ကျေးဇူးတင်ခြင်းများ ပေါင်းစပ်၍ လမ်းမပေါ်ထိုင်ကာလက်နှင့် မျက်နှာကိုပိတ်ကာရှိုက်ငင်ငိုရှာလေသည်။
မောင်ထွန်းလည်ဘိုမင်းနားကိုကပ်ပြီ"မငိုပါနဲ့ တော့ကွာ...ဟိုအရင်နေ့ ကပြဿနာကြောင့်   မင်းကိုလှံနဲ့ ထိုးဖို့ လာချောင်းတာပဲ..မင်းတို့ မိသာစုကိုကြည့် ပြီ မင်းတခုခုကိုလုပ်လိုက်ရင် ပိုပြီပြဿနာတွေကြီးလာမှာဆိုလို့   ငါလိုက်လာတာပါ"အိမ်ကိုပြန်ပါ...ကလေးတွေ ထမင်းမစားရသေဘူး မှတ်လား...ငါ့  အိမ်ကိုလိုက်ယူဟု "ပြောလေသည်။
ဘိုမင်း။။ကျေးဇူတင်ပါတယ်ကွာ...မင်းသဘောထားကြီးပါပေတယ်...ငါတော့ ကလေးတွေနဲ့မိန်းမကြည့် ပြီလုပ်မိလုပ်ရာ
လုပ်တော့ မလို့ ....ထွက်လာခဲ့ တာပါ..
မောင်ထွန်း။  ။လုပ်လိုက်ရင် မင်းဒုက္ခရောက်သွားမှာပေါ့ ၊ လူသတ်မှုဆိုတာ တနေ့ ပေါ်တာပဲ၊ဒီကုလားမှာရော လက်နက်မပါပဲဒီအချိန် ဖြတ်သွားမလား၊မင်းရလည်ကြက်အပြင်၊၄၊၅ကျပ်ပေါ့ ...နောက်ကိုအကုန်သောက်မပြစ်ပါနဲ့ ကွာ...
ငါ့လို တယောက်ထဲဆို ကိစ္စမရှိဘူး...မင်းမှာက ကလေးတွေနဲ့  မယားနဲ့  ကွ...
ဘိုမင်း၏ မိန်းမ မယ်သော့ လည် ကလေးများကို ပွေ့ ဖက်လျှက် ကလေးများနဲ့ အတူ ငိုရှိုက်နေလေ၏၊ထိုအချိန်တွင်..မယ်သော့ ရေ
လာဝိုင်းချပေးပါဦဟ..ဟူသောမောပန်းနေသောအသံဖြင့်  တောင်းကြီးတလုံးထမ်းကာ ၀င်လာသောလင်ယောက်ျားကို မြင်သော
အခါ အံသြလျှက် ထ၍ကူညီချလေရာ တင်းတောင်ကြီးထဲတွင် ဆန်အပြည်၊ကြက်တကောင်၊ဆီ၊ဆား၊ကြက်သွန်များကို တွေရလေသည်။
မယားဖြစ်သူမှာမယုံသင်ကာဖြင့် ဘယ်ကခိုးလာသလဲဟုမေးရာ..ဘိုမင်းကအကျိုးအကြောင်းကိုပြောပြပြီ..ဟောမှာလည်..ငွေငါမတ်ကွ..သူမှာလည်ဒါပဲရှိတာ ..ငါကမတောင်းပါဘူး..သူကပေးလိုက်တာပါ...နောက်ကိုလည်း သောက်စားပြီမဖြုန်းပြစ်ပါနဲ့ ဟု..
တရားချလိုက်တယ်ရှာတယ်..တော်ပြီကွာ..မောင်ထွန်းကြောင့် ပေါ့ ..ငါမတော်တာလုပ်မိတော့ မလို့  သီသီလေးလိုတော့ တယ်.ဒီပုံစံနဲသာဆက်ပြီသောက်စားနေလို့ ကတော့  တနေ့ ဒုက္ခရောက်တော့ မှာပဲ...
မယ်သော့ က မောင့် ရန်သူတော်ကြီမဟုတ်လား..သာဓုတော်..သာဓု ဘုန်းကြီပါစေ..အသက်ရှည်ပါစေ...ကျေးဇူးရှင်ကြီး..သူတော်ကောင်းကြီး..........။
သြော်...ဒါထက်မယ်သော့ ရေ...သူလည်းထမင်းမစားရသေးဘူးတဲ့ ..ဟေ့  တော်တော်ကြာရင် သူလာမယ်ပြောတယ်..သူအရီးအိမ်ကဒါတွေယူပေးလိုက်တယ်...သူပြန်ဆပ်ရမှာပါကွာ...
မကြာမီ မှေးမှိန်သောအိမ်ကုတ်လေးမှာမီးဖို၌လင်းထိန်လျှက် မွေးကြိုင်သော ဟင်းနံအခိုးများ ပြည်လှိုင်လျက်ကလေးအငယ်များမှာကခုန်၍ နေလေသည်။
(ကျွန်တော်ကြိုက်တဲ့  ဆရာကြီး ပီမိုးနှင်း၏ ၀တ္ထုတိုလေးပါ)
Friday, November 4, 2011
မြန်မာ့ သွေးမို့ ရဲရဲနီ
စင်္ကာပူစံတော်ချိန်
ည ၉း၂၅ မိနစ်
လာတဲ့  လူတယောက် ၊တကယ်တမ်း သူသွားနေတဲ့  လမ်းကြားလေးက သိပ်ပြီ safe မဖြစ်ပါဘူး၊ မူးရစ်သောက်စား
နေကြတဲ့  ထိုင်းလူမျိုးတချို့ ၊စီကရက် မှောင်ခိုရောင်းနေသော တရုတ်လူမျိုးတချို့ ၊မလေးရှာ ဂိုဏ်စတား များ
ဒီလမ်းကြာထဲမှာ ဗိုလ်ကျ လုယက်မှုတွေ မကြာခဏဖြစ်တက်လို့ ပါ ။
ခပ်သွက်သွက်လမ်းလျှောက်လာတဲ့  သူက ကျွန်တော်ပါ ၊အလုပ်ပြန်ချိန်နောက်ကျတဲ့  အတွက်ဒီလမ်းက ဖြတ်ပြီပြန်
လာခဲ့ တာပါ၊ လမ်းတ၀က်လောက်ရောက်ခါနီးကာမှ သိသိကြီးနဲ့  မှားမှန်သိသွားရပါတယ်၊ ဘာကြောင့် လည်ဆိုလျှင်
ကျွန်တော်ရဲ့ အရှေ့ မှာ လက်နက်အပြည့် အစုံနဲ့  မလေးဂိုဏ်စတား ၄ယောက်.....
ကျွန်တော်သွေးကြောင်ပြီ နောက်လှည့် ဖို့  မဆုံးဖြတ်ခဲ့ ပါဘူး၊ သူတို့ အဖွဲ့ ကို မသိချင်ယောင်ဆောင်ပြီး ခေါင်းငုံ့ ကာ
ဆက်လျှောက်သွားမိတယ်။
မြင်ကွင်းရှေ့ မှာ တွေ့ ရတာကတော့  ကျွန်တော်ထင်တဲ့ အတိုင်း တုတ်ခိုင်လှတဲ့  ခြေသလုံးတွေမှာ ဆေးမင်ကြောင်
အရုပ်ပြည့် နဲ့  မလေးဂိုင်စတားခေါင်ဆောင် သူရဲ့ နောက်မှာ ပေဆောင်ဆောင်ရပ်နေတဲ့  ချာတိတ် ၃ယောက်..
ကျွန်တော်ဖြစ်လာမယ့်  ပြဿနာအတွက် သွေးအေးအေးဆုံးဖြတ်ချက်တခု ချလိုက်တယ်၊ မြန်မာသတ္တိတော့ ပြရတော့ မယ်လို့ ..
အကယ်၍သာ သူတို့ နဲ့  ကျွန်တော်ရင်းနှီးလျှင် ပြောပြလိုက်ချင်ပါသေးတယ် ၊မြန်မာပြည်ရဲ့  ဆိုးသွမ်းလူငယ်ဘဝ
ကို ဘာကြောင့် ကျောခိုင်းခဲ့ ရတယ်ဆိုတဲ့ အကြောင်း၊ အသက် ၂၆ နှစ်အရွယ်ထဲမှာ ချိန်ပွဲတွေ၊အုပ်စုလိုက်ရန်ပွဲ
တွေ အခါ ၂၀ ထက်မက ဆင်နွဲခဲ့ ဘူတယ်ဆို့ အကြောင်းတွေပါ.။
ကျွန်တော် ရှေ့ တဲ့ တဲ့ မှာလာရပ်နေတဲ့  ဂိုဏ်စတားခေါင်ဆောင်က လုပ်သက်တော်တော်ရင့် နေပုံရပါတယ်။
သွေးအေးအေးနဲ့  ကျွန်တော်ကိုနှုတ်ဆက်လိုက်တယ်..
"ဟေ့  သူငယ်ချင်း အဆင်ပြေရဲ့ လား"
"ပြေပါတယ်..ငါ ဘာကူညီပေးရမလဲ"
"အို ဘုရားသခင်  ...မင်း ကြင်နာတက်သာပဲ" "ဘာ လူမျိုးလဲ"
"ငါ မြန်မာလူမျိုးပါ"
"ကောင်းပြီ..ဒါဆို မင်းမှာပါတဲ့  ပိုက်ဆံတွေရယ်၊ လက်ပတ်နာရီရယ် မင်းနားက အရောင်တွေလက်နေပါလား"
"စိန်နားကပ်လား"
"စိန် အတုပါ"
"ဟုတ်လား ဒါဆို အဲဒါပါ ချွတ်လိုက်"
"ငါ မပေးနိင်ဘူ ဆိုရင် မင်းတို့  ဘာလုပ်မလဲ"
"မင်း  အသားတွေနာကျင်ကုန်မှာပေါ့  ...နာစေချင်လို့ လား"
"ကောင်းပြီ...ငါမင်းကို ပေးပါ့ မယ့် "
"မင်း လိမ္မာသားပဲ"
သူကျေနပ်စွာနဲ့ ခါးထောက်ပြီ ကျွန်တော်ကိုကြည့် နေတယ်....
ကျွန်တော် ကျောပိုအိပ်ထဲကနေ ပိုက်ဆံအိတ်ရှာနေသလိုနဲ့  သူရဲ့  ပျော့ ကွက်တွေကိုရှာကြည့် နေမိတယ်...
"အကောင်နဲနဲကြီးရင် အားနဲနဲပဲ ဆိုက်ရတယ်ဆိုတာ လူမိုက်လောက ကထွက်လာတာပါ" အကြောင်းမဲ့ ဟုတ်ပါဘူး
တွေ့ လိုက်ပါပြီ ...သာမန်ထက်အနည်းငယ်ကြီးနေသော သူရဲ့ လည်ဇလုတ်ကို.........
တကိုယ်လုံးမှာ ရှိတဲ့ အင်အားများကို လက်သီးထဲကို ပို့ ပြီ အားကုန်လွဲထိုးချလိုက်တယ်....
"၀ှီး"
"အွတ်"
သူလည်ပင်း သူကိုင်ပြီး မျက်လုံးပြူ၊မျက်ဆံပြူနဲ့  နောက်ကို ၄ ၅လှမ်းခန့် ဆုတ်ပြီး ပစ်လဲကျသွာတယ်...
မလေး ချာတိတ် နှစ်ကောင် သူအနားကို ပြေးသွားပြီ ပွေ့ ချီနေတုန်း ...နောက်တယောက်က ကျွန်တော်ကို
စကိတ်ဘုတ်နဲ့ ပြေးရိုက်တယ်....
ကျောင်းသာဘ၀က ရန်ပွဲတွေနဲ့ ရင်းနှီးနေတဲ့  ကျွန်တော် ဒီအကွက်က ရိုးစင်းလွန်းနေပါတယ်......
အနားရောက်လာတဲ့  သူရဲ့ ရိုက်ချက်တွေကို အသာငုံ့ ရှောင်လိုက်ပြီ ကျွံဝင်လာတဲ့  ချာတိတ် မျက်နှာကို လက်ဖနောင့် 
နဲ့  ခပ်စပ်စပ်ရိုက်ထည့် လိုက်တယ်...
လက်ဖနောင့် မှာ ကပ်ပါလာတာကတော့  စေးကပ်ကပ်နဲ့ သွေးစများ.....
အဲဒီအချိန်မှာ ရိပ်ခနဲ ၀င်လာတဲ့ အရာ....
" ၀ှီး "
" ခွမ်း"
ကျွန်တော်ခေါင်းငုံ့  ရှောင်လိုက်ပေမယ့်   နောက်ကျသွားခဲ့ ရတယ်....
ဆံချည်မျှင်တွေရယ် တစက်စက်ကျလာတဲ့  သွေးစက်တွေရယ်  ...ဘီယာပုလင်းအကွဲအပိုင်းအစများ...
နောက် ချာတိတ်တယောက်က ကျွန်တော်ကို ခရစ်ကတ်ကစားတဲ့  တုတ်ချောင်းနဲ့ ပြေးဝင်ရိုက်ပြန်တယ်..
ဒီလိုအနီးကပ် တိုက်ခိုက်နည်းတွေမှာ ဗန်တိုတိုက်ကွက် ၃ကွက်လောက်နဲ့  အပြီးသတ်တိုက်ခိုက်လို့ ရပါတယ်..
ကျောင်းသာ ဘ၀က ဟိုစပ်စပ် ဒီစပ်စပ် သင်ယူခဲ့ ဘူတဲ့  သိုင်းကွက်တွေက ဒီနေရာတွေမှာ အသုံးဝင်သွားပါတယ်..
ကျွန်တော် ခေါင်းငုံ့ ရှောင်လိုက်ပြီး ရှေ့ တကွက်တက်ကာ  ချာတိတ်ရဲ့  ရှိုက်တည့် တည့် ကို အားကုန်ထိုးသွင်းပြစ်လိုက်တယ်.
"အွတ်"
ဆိုတဲ့ အသံနဲ့ အတူ ကတ္တရာလမ်းမပေါ်မှာ ခွေကနဲကျသွားတယ်....
နောက် မောင်းချဓားကိုင်ထားတဲ့  ချာတိတ်တယောက် ကျွန်တော်ကို အထူးအဆန်းသတ္တ၀ါ တကောင်လို ကြောင်ပြီးကြည့် နေတယ်...
ပွဲသိမ်းသွားပြီဆိုတာ ကျွန်တော်သိလိုက်ပြီ...ရန်ပွဲက သိပ်တော့ မကြာလိုက်ပါဘူး..
ဒီချာတိတ် ကျွန်တော်အနားကို မလာနိင်ပါဘူး  အဖွဲ့ ကောင်းလို့ သာ ဂိုဏ်စတားလုပ်နေတာ  သတ္တိမရှိပါဘူး....
ကျွန်တော် ကျောပိုအိတ်ကို ကောက်ယူလိုက်ပြီ ချာတိတ်ကို နှုတ်ဆက်လိုက်တယ်...
"မင်း သူငယ်ချင်းတွေ ကံကောင်းပါစေ"
ခပ်သွက်သွက်ထွက်လာခဲ့ တယ်..ဒီလမ်းက နောက်တကြိမ်ကြရင် ကျွန်တော်အတွက် သေမင်းတမန်လမ်းကြားဖြစ်သွာနိင်ပါတယ်..
ရီဝေေ၀မူးနောက်နောက်နဲ့  ခေါင်းကိုအနိင်နိင်ထိန်းရင်း သိပ် မဝေးတဲ့  အဆောင်ဖက်ကို လမ်းလျောက်ပြီ ပြန်လာခဲ့ တယ်.
အဆောင်ထဲရောက်တော့  အားလုံးအိပ် နေကြပြီ...ကျွန်တော်လည် ရေးချိုးခန်းထဲ တန်းဝင်ပြီ ခေါင်းက ဒဏ်ရာကို ကြည့် လိုက်တယ်..
စိုရွှဲပြီ စေးကပ်နေတဲ့ သွေးတွေ ဦးခေါင်းမှာရော အင်္ကျီမှာပါ ရဲရဲတောက်နေလို့ ပေါ့ ..
မှန်ထဲမှာ ကိုယ့်ကို ကိုယ်ကြည့် ပြီ တိုးတိုးလေပြောလိုက်မိတယ်..
"မြန်မာ့သွေးမို့  ရဲရဲနီနေသလား မသိဘူးလို့ ............."
                                           လေးစာလျှက်.................။ ။ ။
                                                            သျှင်နေမင်း...............။ ။ ။
Friday, October 21, 2011
" မိကောက်..ကောင်းရာသုဂတိလားပါစေ"
မိကောက်ဆိုတာ ကျွန်တော်သမီးလေရဲ့  ကစားဖော် ကစားဖက်တွေပါ၊ မိကောက်ဆိုတဲ့  နာမည်လေးက စာဖက်
သူတွေအတွက် အနည်ငယ်ထူဆန်းနေသလို၊ သူမနှင့်  ကျွန်တော်ဆုံတွေ့ ရတာလည် ထူဆန်းနေပါတယ်။
ကျွန်တော်လို ဟိုမရောက်၊ဒီမရောက် စာရေးဆရာယောင်ယောင်၊ပန်ချီဆရာယောင်ယောင် လူတယောက်အတွက်
ဈေးနီနီ၊တိုက်ကြီးကြီး မနေနိင်တော့  ဆင်ခြေဖုံရပ်ကွပ်တခု အိမ်လေးငှားပြီ မိသာစုသုံးယောက်ရဲ့ ဘ၀ရဲ့ ဘ၀အတွက်
ရုန်းကန်နေရပါတယ်........။
ဒီလိုနဲ့ မိုးတွေအရမ်းရွာတဲ့ တနေ့ မှာ ကျွန်တော်ရဲ့ မလုံတလုံထီးလေနဲ့  မဂ္ဂဇင်းတိုက်ကစာမူထုတ်ပြီအပြန်မှာ
ကာမှတ်တိုင်အနီမှာ တအင်းအင်း၊တဟီးဟီ နဲ့ ငြီငြူနေပြီး ယောင်လည်လည်ဖြစ်နေသော သူမကိုတွေ့ လိုက်ရတယ်၊
မွေးဖွာခြင်းနဲ့ အတူပါလာတဲ့ သနားစိတ်က အငြိမ်မနေနိင်ပဲ သူမကိုအိမ်ကိုခေါ်လာခဲ့ မိတယ်.....။
မိုးရေတွေ စိုစွတ်နေတဲ့ သူမရဲ့ ခန္ဒာကိုယ်ပေါ်ကို ကျွန်တော်ရဲ့  စောင်ပိုင်းစုတ်လေး ဖုံးအုပ်ပေးပြီ မိသားစုအတွက်
ဝယ်လာတဲ့  ခေါက်ဆွဲကြော်ထဲက တ၀က်ကို သူမကိုကြွေးလိုက်တယ်၊ မွတ်သိပ်စွာစားသောက်ပြီ ကျွန်တော်ကို
ကြည်တဲ့  မျက်ဝန်းတွေထဲမှာ ကျေးဇူတင်ပါတယ်ဆိုတဲ့  စကားတွေပြောနေတာ ကျွန်တ်ေစိတ်ထဲမှာ အလိုလို
သိနေမိပါတယ်......။
စကားမပြောတက်တဲ့  သူမကို ကျွန်တော်သမီးလေက နာမည်ပေးလိုက်ပါတယ်၊ လမ်းဘေးက ခေါ်လာခဲ့ တဲ့ အတွက်
မိကောက်တဲ့  ..ဒီနာမည်လေးကို သူမ အရမ်းသဘောကြတယ်လို့  ထင်ပါတယ်၊ ဘာကြောင့် လည်ဆိုတော့ 
မိကောက်လို့  နှစ်ခွန်းပဲခေါ်မိလိုက်တယ် သူမ မော့ ကြည့် လိုက်ပြီ သူမကိုခေါ်တယ်ဆိုတာ သူမသိနေတယ်လေ။
အစားအသောက်မှန်နေတဲ့  မိကောက်ဟာ တနေ့ တခြားအရမ်းလှနေတယ်၊အ၀ါရောင်သန်းနေသော သူမရဲ့ 
ခန္ဒာကိုယ်ရယ်၊ ၀ိုင်းစက်နေသော သူမရဲ့ မျက်ဝန်းတွေကို မြင်ရသူများက အသိအမှတ်ပြုကြပါတယ်။
ကျွန်တော်မဂ္ဂဇင်းတိုက်ကဖြစ်စေ၊ပန်ချီပြခန်းကဖြစ်စေ ပြန်လာခဲ့ ရင် မိကောက်က အိမ်ရှေ့ က ထွက်ကြိုတက်ပါတယ်၊
အိမ်မှာ ကျွန်တော်မရှိတဲ့ အချိန်မှာ မိကောက်နဲ့ သမီးလေးက ကစားဖော်၊ကစားဖက်တွေပေါ့ ၊ သမီးလေနဲ့ မိကောက်
တနေ့ တခြား သံယောဇဉ်တွယ်နေသလို၊ကျွန်တော်ဇနီးနဲ့ ကျွန်တော်ကလည် လိမ္မာလှတဲ့  မိကောက်ကို သံယောဇဉ်
တွယ်နေရတယ်........။
ကျွန်တော်တို့  မိသားစုလိုပဲ မိကောက်ကိုကြိတ်ပြီသဘောကြနေတဲ့  လူတယောက်ရှိတယ်ဆိုတာ ကျွန်တော်မသိခဲ့ ဘူး၊
နောက်ဆုံးကျွန်တော် သိလိုက်ရတာကတော့ ထိုသူနာမည်က ဦမင်းမောင် ရပ်ကွပ်ထဲမှာ ရေစည်လှည်တွန်းရောင်းသလို
လစ်ရင်လစ်သလို ခိုးတက်၊၀ှက်တက်ပြီ မူးလာရင် ရမ်းကားတက်တဲ့ သူပါ၊ ဦမင်းမောင်လို လူတယောက်၇ဲ့  စိတ်ဓာတ်
ကို သဘောမကြလို့  အပေါင်းအသင်းမလုပ်ပါဘူး၊
တနေ့ တော့  ပန်ချီပြခန်းတခုက ညဉ်နက်မှအိမ်ပြန်လာတဲ့  ကျွန်တော်ကို ဦမင်းမောင်တို့ အရက်သမားတစုက
ရပ်ကွပ်ရဲ့  ကင်းတဲထဲကနေလှမ်းခေါ်ပြီး ထမင်းခေါ်ကြွေးကြတယ်၊သူတို့ အမဲသားဝယ်ပြီ စုချက်စားကြတဲ့ အတွက်ပါတဲ့ ၊
ကျွန်တော်ယဉ်ကျေးသိမ်မွေ့ စွာငြင်းဆိုပြီ အိမ်ဖက်ကိုဆက်လျှောက်လာခဲ့ တယ်၊ဒါပေမယ့်  စိတ်ထဲမှာ ထူဆန်းနေသလို
ဘာမှန်မသိလေလံနေပါတယ်.။
ကျွန်တော်အိမ်ထဲရောက်တော့  မျက်နှာမကောင်းတဲ့ ဇနီးရယ်၊မျက်လုံးတွေ မို့ အစ်စွာ ငိုကြွေးထားတဲ့  သမီးလေရဲ့ 
မျက်နှာကိုမြင့် တွေ့ လိုက်ရပါတယ်။
အကျိုးအကြောင်းမေးမြန်းကြည့် တော့  ညနေခင်ဲးက မိကောက်ပျောက်ဆုံးနေကြောင်း၊ယခုအချိန်ထိပြန်မလာ
သေးကြောင်း သမီးလေးက ငိုကြွေးပြီ ကျွန်တော်ကိုပြောတယ်။
အားလုံးကို ကျွန်တော်သိလိုက်ပါပြီ၊မိကောက်ဆိုတဲ့ ခွေးမလေးကို အကြင်နာမဲ့ စွာ သတ်ဖြတ်စားသောက်သော
လူ့ ဘီလူးတသိုက်ကို ကျွန်တော်မတုန့် ပြန်တော့ ပါဘူး၊ဘာကြောင့် လည်ဆိုလျှင် သူတို့ ရဲ့  စိတ်ဓာတ်တွေဟာ
တိရစ္ဆာန်တွေထက် ကြမ်းတမ်းမိုက်မဲနေမယ်ဆိုတာ ကျွန်တော်သိနေလို့ ပါ....။
သမီးလေးကို ရင်ခွင်ထဲပွေ့ ပိုက်ပြီ ပြန်မလာနိင်တော့ တဲ့  မိကောက်အတွက် ဆုတောင်းပေးလိုက်ပါတယ်...
"မိကောက်..ကောင်းရာသုဂတိလားပါစေ."
ို
Monday, October 10, 2011
ကာမတဏှာ ကြောက်စရာ
စိတ်ဝင်စားအောင်ခါင်စဉ်ပေးပြီ ကျွန်တော်ရေးမဲ့  အကြောင်းအရာက စာအုပ်တွေထဲမှာဖက်ခဲဖူတာတွေ၊ လူကြီး
တွေပြောပြတာတွေ ပြန်ရေးထားတာပါ၊ ကျွန်တော်ကိုယ်တိုင် ကိလေသာကုန်ခန်းနေတဲ့  သူတော်စင်မဟုတ်ပါဘူး၊
ကောက်ကြောင်းတွေများတဲ့  မိန်ကလေးတွေကို မသိမသာ ငန်းတက်ပါတယ်..ဘာကြောင့် လည်ဆိုတော့ 
ကျွန်တော်ဟာ ယောင်္ကျားစင်စစ် ဧကန်ဖြစ်နေလို့ ပါ....:P
မှတ်မှတ်ရရ ဖက်ခဲ့ ဖူသော စာအုပ်လေးက ကာလီဒါသ ပညာရှိအမတ်တယောက်အကြောင်းပါ၊ မူမတ်တွေ အစုံ
အလင်နဲ့ ညီလာခံထဲမှာ ဘုရင်က ကာလီဒါသ အမတ်ကိုမေးခွန်ထုတ်ပါတယ်၊ "အမှောင်တကာ အမှောင်ထဲမှာ
အဘယ်အမှောင်က အမှောင်ဆုံးလဲ"ဟု မေးခွန်ထုတ်ပါတယ်....
ကာလီဒါသအမတ်အတွက် အဖြေရကြပ်စေတဲ့  မေးခွန်းဖြစ်သလို တပတ်အတွင်း အဖြေမပေးနိင်ရင် အသတ်သေ
စေနိင်တဲ့  မေးခွန်းလည်ဖြစ်ပါတယ်၊ ကာလီဒါသ အမတ်လည် မစားနိင်၊မသောက်နိင် တမှိုင်မှိုင် တတွေတွေနဲ့ 
စဉ်းစာနေရတာပေါ့ ၊ဒါကို သမီဖြစ်သူက မေးပါတယ်.အဘယ်ကြောင်းကြောင့်  ယခုကဲသို့  ဖြစ်နေရသနည်းပေါ့ ။
ကာလီဒါသအမတ်လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့  သမီဖြစ်သူက သူကူညီမည်ဆိုတဲ့ အကြောင်း
ယနေ့ ညအချိန် သူမအခန်းထဲသို့  လာခဲ့ ရန် မှာကြားခဲ့ ပါတယ်.။
ညဉ်အချိန်ရောက်တော့  ကာလီဒါသအမတ်လည် သမီတော်မှာကြာခဲ့ တဲ့ အတိုင်း သမီတော်အခန်းထဲသို့ ဝင်
သွာပါတယ်၊ အဲဒီအချိန်မှာ လရောင်အောက်သလွန်ထက်မှာ အိပ်စက်နေတဲ့ သမီတော်ဟာ ၀တ်လစ်စလစ်
ဖြစ်နိင်သလို၊မပေါ်တပေါ်လည် ဖြစ်နိင်ပါတယ်...
ကာလီဒါသအမတ်လည် ရှေ့ တိုးရအခက်၊နောက်ဆုတ်ရအခက်နဲ့  မင်သတ်ပြီ သမီးတော်ရဲ့  ခန္ဒာကိုယ်အလှအပ
ပေါ်မှာ တွေဝေယစ်မူသွားပါတယ်..တချိန်ထဲမှာပဲ သမီတော်ကရုတ်တရက်ထပြီ " ဖခင် အမှောင်တကာအမှောင်
ထဲမှာ ယခုလို ကာမမှောင် အမှောင်ဆုံးပါ"ဟု ပြောလိုက်ပါတယ်........
ကာလီဒါသအမတ်လည် သဘောပေါက် နားလည်သွာပြီ ညီလာခံထဲမှာ သမီတော်တော်ပြောတဲ့ အတိုင်း"အမှောင်
တကာ အမှောင်ထဲမှာ ကာမမှောင် အမှောင်ဆုံး"ပါဟုလျောက်တင်လိုက်ပါတယ်......
ဘုရင်မင်းမြတ်လည်း သဘောတော်ကြ၍ ဆုလဒ်များ ချီးမြှင့် လိုက်ပါတယ်.........
ကာမတဏှာများကြောင့်  သားနှင့် အမေ၊ အဖေနှင့် သမီး တို့ ကိုမှောက်မှားစေနိင်ပါတယ်.ကျွန်တော် ဘာကြောင့် 
ပြောနိင်တာလဲဆိုတော့  ပြီခဲ့ သောလအနည်းငယ်ကပဲ စင်္ကာပူမှာ အဖေနှင့် သမီး ဇတ်လမ်းတဗိုဒ်ဖြစ်သွာပါတယ်။
ပြီနောက် မလေးရှား၊ပြင်သစ်၊ဘရာဇီ စသည့် နိင်ငံတွင်းသတင်းတွေမှာ အဖေနှင့် သမီး၊သားနှင့် အမေ၊မြေးနှင့် 
အဖွား ဇတ်လမ်းများကို မဖက်ချင်ပဲ တအံတသြနဲ့ ဖက်ခဲ့ ရလို့ ပါ.........
ကျွန်တော်တို့  မြန်မာနိင်ငံဗုဒ္ဒဘာသာတွေထဲမှာ ထိုကဲသို့ အကြောင်းများ မကြားရ၊မမြင်ရ မတွေရချေ ၊ဒါကလည်း
ယဉ်ကျေးသိမ်မွေ့ သော ဘာသာတရားကြောင့် ဖြစ်မည်ထင်ပါသည်...
သို့ သော်..............
မြတ်မင်္ဂလာစာစောင်တခုတွင် ရေးသာထာသောဇတ်နိပတ်တော်တခုမှ တဏှာကာမကြောင့်  မိမိ၏သားဖြစ်
သူ ဒိသာပါမောက္ခ ကိုသတ်သော မျက်မမြင်အဖွားအိုကြီးအကြောင်ကိ
ု ယနေ့ လူငယ်များဗဟုသုတအနေဖြင့် 
ပြန်လည်ရေးပြရလျှင်...............၊
အခါတပါးမြို့ တမြို ၏အကြီးအကဲ သဋ္ဌေသားတဦးကို ယောင်္ကျားတို့  တပ်အပ်သောအဋ္ဌာသရပ်(၁၈)ရပ်အကြောင်း
ကို သင်စေဖို့ ငှာ အခြာမြို့ ရှိ ဒိသာပါမောက္ခဆရာတယောက်ဆီသို့  စေလွတ်လိုက်ပါတယ်၊ ဒိသာပါမောက္ခဆရာ
ဟာ မျက်မမြင်အမေကို လုပ်ကြွေးပြုစုရင်း တဖက်ကလည် မင်းညီမင်းသာ၊သူဋ္ဌေသူကြွယ်သားများကို အဋ္ဌာသရပ်
(၁၈)ရပ်ကိုသင်ကြားပို့ ချပါတယ်.
ဒီလိုနဲ့ သင်ကြာပိုချမှုများကုန်ဆုံးသွာသော ဌာနေရပ်အသီသီကိုပြန်ခဲ့ ကြပါတယ်၊ဒါပေမယ့်  မြို့ ရဲ့ အကြီးအကဲ
သူဋ္ဌေသာပြန်ရောက်လာတော့  သူ၏မိခင်က မေးပါတယ်၊ သားတော်ပညာရပ်များကုန်ဆုံးပါရဲ့ လာဟု..
သာတော်ကလည် ဓာခုတ်၊လှံထိုး၊ဗေဒင် အတပ်များ အားလုံးကိုသင်ကြားပေးပါတယ်ဟု ပြောပါတယ်။
နောက်သူဋ္ဌေးကတော်က ပါပရအတက်ပညာကို သင်၏ဆရာက သင်ကြားပေးရဲ့လာဟု မေးမြန်ပါတယ်၊ သူဋ္ဌေး
သား လည် ပါပရအတပ်ပညာ ဆိုသည်မှာ အဘယ်နည်းဟု ပြန်လည်မေးမြန်သောအခါ ..
မိခင်က ဘာမှမပြောပဲ သင်၏ဆရာထံသို့  တခေါက်ပြန်၍ သင်ကြာပါလေဟု ပြောပါတယ်....
ဒိသာပါမောက္ခဆီသို့  ပြန်ရောက်သောအခါ ဆရာက အဘယ်ကြောင့် ပြန်ရောက်လာရသနည်းဟုမေးမြန်သော
အခါ တပည့် ဖြစ်သူ သူဋ္ဌေးသာကလည် သူ၏ မိခင်ပြောသော ပါပရအတပ်ပညာကို သင်ကြာဖို့ ရန် ပြန်ရောက်
လာကြောင်း ပြောပါတယ် ။
ဆရာက ခေတ္တစဉ်းစားပြီနောက် ကောင်းပြီ ယနေမှစ၍ အမယ်အိုကြီးကို သူ၏ကိုယ်စာ ပြုစုရမည်ဖြစ်ကြောင်း
သဋ္ဌေသားကလည် ကောင်ပါပြီဟု ပြောပြီအဖွာအိုကြီးကို နေ့ စဉ်နေတိုင်း ပြုစုစောင့် ရှောက်ပါတယ်၊
ပြုစုစောင့် ရှောက်ချိန်တွင် ဆရာသင်ကြားပေးသိအတိုင်း ပြောဆိုဆက်ဆံရပါတယ်။
မျက်မမြင်အဖွားအိုကြီး ရေချိုလျှင် ရေပတ်ဖြင့် ပွတ်သပ်တိုက်ပေးပြီး နှုတ်မှလည် အဖွားငယ်ငယ်က အလွန်လှပ
မည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ အသားအရည်မှာ ၀င်းဝါပြီးလှပနေကြောင်း၊အဖွား၏ အသံမှာအလွန်နားထောင်
ရသည်မှာ သာယာနာပျော်ဖွယ်ကောင်းကြောင်း၊ဆံပင်များမှာ ယခုထိ နက်မှောင်နေကြောင်း စသည်ဖြင့်  အမျိုး
သမီးများ သဘောကြသော စကားကိုသာ နေစဉ်ရက်စက် တွင်တွင်ပြောလေသည်။း
ထိုအခါအဖွားအိုမှာ လူငယ်၏ အယုအယ၊အမြှောက်အပင့် များကို နေစဉ်ကြား၍ စိတ်ထဲတွင် သဘောကြနှစ်ခြိုက်
လာပြီ ထိုလူငယ်ကိုလည် မိမိအားကြိုက်နှစ်သက်လာသည်ဟုထင်လာသည်။
တနေ့ တွင် မျက်မမြင်အဖွားအိုက လူငယ်အား မိမိအားကြိုက်နှစ်သက်၍ အတူနေချင်လျှင် မင်းရဲ့ ဆရာမရှိမှ
ဖြစ်နိင်မည် ထိုကြောင့်  မင်းရဲ့ ဆရာအားလုပ်ကြံ သတ်ဖြတ်ပါဟု အကြံပေးပါတယ်...၊
လူငယ်သူဋ္ဌေသားက လည် သူမလုပ်ကြံဝံ့ ကြောင်းပြန်ပြောသောအခါ အဖွာအိုက ဒါဆိုလျှင် မင်းရဲ့ ဆရာအိပ်
သောနေရာသို့  ကြိုးသွယ်တန်းပေးပါဟု စေခိုင်လိုက်ပါတယ်။
ညဉ့် အချိန်သို့ ရောက်သောအခါ မျက်မမြင်အဖွာအိုဟာ ရဲတင်းတချောင်း ကိုင်၍ သူ၏သားရှိသော အခန်းတွင်း
သို့  တရွှေ့ ရွှေ့ တိုးကပ်သွားပြီ နောက် ဦခေါင်းရှိရာကို အနည်ငယ်စမ်းအာ အားကုန်လွဲခုတ်လိုက်ပါတယ်။
သိုသော ဒိသာပါမောက္ခဆရာမှာ သူ၏ မိခင်မှာ ဒီနေ့ ၊ဒီရက် ၊ဒီအချိန်တွင်သေဆုံးမည်ကို ကြိုတင်သိရှိသောကြောင့် 
၎င်း၊သူ၏ တပည့် ဖြစ်သော လူငယ်၏ပြောဆိုမှုကြောင့်  ၄င်း ကြိုတင်သိရှိကာ တနေရာမှနေ၍ အမေဟု ခေါ်လိုက်
ရာ မျက်မမြင်အဖွားအိုမှာ အံသြထိတ်လန့်  ရှက်ရွှံစွာဖြင့်  ကြောက်လန့် တကြား အပြင်သို့  ထွက်ပြေးသွာသော
အခါ ရေတွင်ထဲသို့  ကျ၍ သေဆုံးသွာလေသည်။
ဤတွင် ဒိသာပါမောက္ခဆရာက တပည်ဖြစ်သူကို ခေါ်၍ ပါပရအတပ်ပညာဆိုသည်မှာ တဏှာကာမနှင့် ပတ်သတ်၍
မိန်မတို့ ၏ ဖောက်ပြန်ကောက်ကျစ်တက်သော အတွင်းသဘောဟု ပြောဆိုပြီ ပြန်လည်စေလွတ်လိုက်ပါတယ်။
ဒိသာပါမောက္ခဆရာလည် ရသေ့ အသွင်းပြောင်း၍ တရားဘာဝနာပွားများပါတော့ တယ်။
နောက်ဆုံးအနေနဲ့ ပြောရလျှင် လူယောက်ျား၊လူမိန်းမတို့ သည် ကာမတဏှာကြောင့်  မိမိတို့ ၏အဆင့် အတန်း
ဂုဏ်သိက္ခာများကို မေ့ လျော့ ကြပြီ မိုက်တွင်းနက်ကြကုန်သည်ဆိုသည့် အကြောင်းဖြစ်သည်။
ထိုကြောင့် ကာမတဏှာဆိုသည်မှာ ကြောက်စရာဖြစ်သည် ၊ကျွန်တော်တို့  မြန်မာနိင်ငံတွင် ထောက်လှန်းရေး
ပေါသော ခရီသည်ယာဉ်အချို့ တွင် ရေးသာထာသောစာတန်းလေးတကြောင်းကို ပြန်လည်သတိရမိပါသည်။
"မိတ်ဆွေ ဆန္ဒကို သိက္ခာဖြင့်  ထိန်းပါ" ဆိုသောစာတမ်းလေးဖြစ်ပါတယ်........
Saturday, October 8, 2011
ချစ်သူဖြန့် ဝေတဲ့  ဖော်ဝပ်မေးထဲက ကျွန်တော်အကြောင်း
အောက်တိုဘာ .၂၀၁၁ .၁၃ရက်
ကျွန်တော်အတွက် ကံအဆိုးဆုံးရက်တရက်ဆိုတာ ကျွန်တော်ထင်မထားခဲ့ ပါဘူး၊ စက်တင်ဘာ၊အောက်တိုဘာ
နိုဝင်ဘာ၊ဒီဇင်ဘာ ဆိုတဲ့ ဘာလေးဘာ ဟာအစဉ်သဖြင့်  ကျွန်တော်အတွက် ကံဆိုတဲ့ လတွေဖြစ်ပါတယ်။
ဘယ်ကိစ္စမဆို ခံစားမှုလွန်ကဲစွာဖြင့် နေတက်တဲ့  ကျွန်တော် အဲဒီနေ့ က တနေ့လုံး အလုပ်ထဲတွင် ဘာကြောင့်
့မှန်းမသိ လေလံထိုင်းမှိုင်းနေပြီး အလုပ်ထဲမှာစိတ်ဝင်စားမှုမရှိပါဘူး၊ အလုပ်စောစာသိမ်းပြီ အဆောင်ပြန် ရေမိုး
ချိုး ထမင်းစာပြီ တခါထဲ အိပ်ယာထဲဝင်ပါတော့ တယ်။
ခဏအတွင်း ပြန်နိုးလာပြီ ကွန်ပြူတာကိုဖွင့် ပြီ မေး စစ်ကြည့် ပါတယ်၊စိတ်ဝင်းစာ စရာခေါင်စဉ်နဲ့  မေးတစောင်က
"လူယုတ်မာ တယောက်၏ အကြောင်း" တဲ့ ....
ကောက်ကျစ်ယုတ်မာမှုတွေကို မုန်းတီတဲ့  ကျွန်တော် လျှင်မြန်စွာပဲ ဖက်လိုက်ပါတယ်..ရေးထားတဲ့ စာပုဒ်က
To: aungmyintjames , aunglwinoo74@gmail.com,
billyzawmon@gmail.com, chomonm , carolynedavid
, "februarysnow.26" ,
hanthasoe07 , joshuakmw ,
Lwin Ko Win , Tin Ko Win ,
kyaw1979moe@gmail.com, myo.clifford@gmail.com, mgnyanlwin@gmail.com,
nimarwin@gmail.com, oceanwolf77@gmail.com, rsseinlin ,
sopheayimon@gmail.com, thaeeeiphyu , thaeeieiphyu
, thureinsgu , victor yee
, wai.lwinoo09@gmail.com, winkokooo18
, "yarlay.2010" ,
maythinzaroo , mickylay26 ,
myintzawhtilar , minsanmin@yahoo.com, mshero56@gmail.com
ကျွန်မနာမည်က ပန်းဝတ်မှုံပါ..
မင်္ဂလာတောင်ညွန်မြို့ နယ် , ကျောင်းလမ်း ,တိုက်အမှတ်(xx)တွင်နေပါတယ်၊ လူယုတ်မာ သျှင်နေမင်းကတော့ 
သာကေတ,စက်မှုဇုံရပ်ကွပ်,မြနန္ဒာလမ်း,အိမ်အမှတ်(xx)တွင်နေပါတယ်...
လွန်ခဲ့ သော လအနည်းငယ်က သူနှင့် ကျမ အွန်လိုင်းပေါ်တွင် တွေ့ ဆုံ ချစ်ကြိုက်ကြပါတယ်၊တနေ့ သူက
အပြင်မှာတွေချင်ကြောင်း ပြောလာပါတယ် ။
ဒီလိုနဲ့  သူနှင့် ကျမ တိုင်ရင်းသာကျေးရွာ ချိန်းတွေ့ ကြပါတယ်၊ အအေးဆိုင် တဆိုင်မှာ စကားပြောနေကြတုန်း
ခေါင်းတွေအရမ်းကိုက်လာပြီ အိပ်ချင်လာပါတယ်၊အတန်တန် ကိုယ်ကိုထိန်းနေတဲ့  ကြားက ခေတ္တသတိမေ့ သွား
ပါတယ်၊ သတိပြန်ရလာ ချိန်မှာတော့  သန်လျှင်မြို့ ရဲ့  တည်ခိုခန်းတခုထဲရောက်နေပါတယ်...
ဘေးနာမှာကတော့  ကျွန်မရဲ့  အသွေးအသားကို ၀ါးမျိုးထားတဲ့  သျှင်နေမင်းပေါ့ ..
ကျွန်မ ရှက်လည်ရှက်၊ ဒေါသ လည်း ထွက် ၊အိမ်ကိုလည် ပြန်မတိုင်းရဲပဲ အဲဒီတည်ခိုခန်းက ထွက်ပြေးလာခဲ့ ပါတယ်၊
ပြီတော့  အဲဒီ လူယုတ်မာ ကို အဆက်အသွယ်မလုပ်ပဲ (block)လုပ်လိုက်ပါတယ်၊နောက်တနေ့  မှာအကောင့် တခု
နဲ့  လာအပ်ပါတယ် ပြီတော့  ကျွန်မရဲ့  ၀တ်လစ်စလစ် ပုံတွေပို့ လာပါတယ် ၊နောက်တကြိမ် သူနဲ့ လာမတွေ့ ရင်
အင်တာနက်ပေါ် တင်မည်ဟု ချိန်းခြောက်လာပါတယ်...
ကျွန်မအကြိမ်ကြိမ် တောင်းပန်တာမရပဲ သူနဲ့ နောက်တခါ တွေ့ ကြပြီ အဲဒီတည်ခိုခန်းတခုမှာပဲ လင်မယာအရာ
မြောက်ရပါတယ်၊ တခါမဟုတ် အကြိမ်ကြိမ်အခါခါ ချိန်ခြောက်တွေ့ ဆုံပြီ လိင်ဆက်ဆံပါတယ်၊နောက်ဆုံးအကြိမ်
မှာတော့  သူမလေးရှာထွက်ပြီ အလုပ်လုပ်မည် ဖြစ်ကြောင်း၊ ပြန်လာလျှင် လက်ထပ်မည်ဟု ပြောပြီ နောက်ရက်
အနည်းငယ်မှာပဲ သူမလေးရှားကို ထွက်သွားပါတယ်.....။
မလေးရှာရောက်ပြီ မကြာခင်မှာပဲ သူအဆက်သွယ်မလုပ်တော့ ပါဘူး၊ဖုန်းလည်မဆက်သွယ် အခု ကျွန်မမှာ ကိုယ်ဝန်
(၃) လောက်ရှိနေပါပြီ အဖေ၊အမေ နဲ့  ဆွေမျိုးအသိုင်းဝိုင်းတွေကို မပြောရဲ၊ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲ တာနဲ့ 
ကိုယ်ကိုကိုယ် အဆုံးစီရင်တော့ မှာပါ..
ယခုစာကိုဖက်မိသော ညီမလေးများ၊အမများအားလုံး ကိုယ်ကိုကိုယ် ဆင်ခြင်နေထိုင်ကြပါလို့  ဆုတောင်းရင်း
နှုတ်ဆက်ခဲ့ ပါတယ်.............
ပန်းဝတ်မှုံ
--
A
....
<>
()
{()}
{{{()}}}
{{{{{{{()}}}}}}}
{{{{{{{{{(((())))}}}}}}}}
{{{{{{{{{((((((())))))}}}}}}}}
{{{{{{{{{{{{သျှင်နေမင်း}}}}}}}}}}}}
{{{{{{{{{{{{http://shinnaymin.blogspot.com/}}}}}}}}}}}}}}
ကျွန်မနာမည်က ပန်းဝတ်မှုံပါ..
မင်္ဂလာတောင်ညွန်မြို့ နယ် , ကျောင်းလမ်း ,တိုက်အမှတ်(xx)တွင်နေပါတယ်၊ လူယုတ်မာ သျှင်နေမင်းကတော့ 
သာကေတ,စက်မှုဇုံရပ်ကွပ်,မြနန္ဒာလမ်း,အိမ်အမှတ်(xx)တွင်နေပါတယ်...
လွန်ခဲ့ သော လအနည်းငယ်က သူနှင့် ကျမ အွန်လိုင်းပေါ်တွင် တွေ့ ဆုံ ချစ်ကြိုက်ကြပါတယ်၊တနေ့ သူက
အပြင်မှာတွေချင်ကြောင်း ပြောလာပါတယ် ။
ဒီလိုနဲ့  သူနှင့် ကျမ တိုင်ရင်းသာကျေးရွာ ချိန်းတွေ့ ကြပါတယ်၊ အအေးဆိုင် တဆိုင်မှာ စကားပြောနေကြတုန်း
ခေါင်းတွေအရမ်းကိုက်လာပြီ အိပ်ချင်လာပါတယ်၊အတန်တန် ကိုယ်ကိုထိန်းနေတဲ့  ကြားက ခေတ္တသတိမေ့ သွား
ပါတယ်၊ သတိပြန်ရလာ ချိန်မှာတော့   သန်လျှင်မြို့ ရဲ့  တည်ခိုခန်းတခုထဲရောက်နေပါတယ်...
ဘေးနာမှာကတော့   ကျွန်မရဲ့  အသွေးအသားကို ၀ါးမျိုးထားတဲ့  သျှင်နေမင်းပေါ့ ..
ကျွန်မ ရှက်လည်ရှက်၊ ဒေါသ လည်း ထွက် ၊အိမ်ကိုလည် ပြန်မတိုင်းရဲပဲ အဲဒီတည်ခိုခန်းက ထွက်ပြေးလာခဲ့ ပါတယ်၊
ပြီတော့  အဲဒီ လူယုတ်မာ ကို အဆက်အသွယ်မလုပ်ပဲ (block)လုပ်လိုက်ပါတယ်၊နောက်တနေ့  မှာအကောင့် တခု
နဲ့  လာအပ်ပါတယ် ပြီတော့  ကျွန်မရဲ့  ၀တ်လစ်စလစ် ပုံတွေပို့ လာပါတယ် ၊နောက်တကြိမ် သူနဲ့ လာမတွေ့ ရင်
အင်တာနက်ပေါ် တင်မည်ဟု ချိန်းခြောက်လာပါတယ်...
ကျွန်မအကြိမ်ကြိမ် တောင်းပန်တာမရပဲ သူနဲ့ နောက်တခါ တွေ့ ကြပြီ အဲဒီတည်ခိုခန်းတခုမှာပဲ လင်မယာအရာ
မြောက်ရပါတယ်၊ တခါမဟုတ် အကြိမ်ကြိမ်အခါခါ ချိန်ခြောက်တွေ့ ဆုံပြီ လိင်ဆက်ဆံပါတယ်၊နောက်ဆုံးအကြိမ်
မှာတော့  သူမလေးရှာထွက်ပြီ အလုပ်လုပ်မည် ဖြစ်ကြောင်း၊ ပြန်လာလျှင် လက်ထပ်မည်ဟု ပြောပြီ နောက်ရက်
အနည်းငယ်မှာပဲ သူမလေးရှားကို ထွက်သွားပါတယ်.....။
မလေးရှာရောက်ပြီ မကြာခင်မှာပဲ သူအဆက်သွယ်မလုပ်တော့ ပါဘူး၊ဖုန်းလည်မဆက်သွယ် အခု ကျွန်မမှာ ကိုယ်ဝန်
(၃) လောက်ရှိနေပါပြီ အဖေ၊အမေ နဲ့  ဆွေမျိုးအသိုင်းဝိုင်းတွေကို မပြောရဲ၊ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲ တာနဲ့ 
ကိုယ်ကိုကိုယ် အဆုံးစီရင်တော့ မှာပါ..
ယခုစာကိုဖက်မိသော ညီမလေးများ၊အမများအားလုံး  ကိုယ်ကိုကိုယ် ဆင်ခြင်နေထိုင်ကြပါလို့  ဆုတောင်းရင်း
နှုတ်ဆက်ခဲ့ ပါတယ်.............
                                   ပန်းဝတ်မှုံ
ကျွန်တော်စာကို အံသြထိတ်လန့် စွာဖက်နေမိတယ်..
ပန်းဝတ်မှုန် ဘာကြောင့် ယခုလို သူရဲ့  ဂုဏ်သိက္ခာကိုမထောက် ဖြန့် ဝေရတာလဲ....
ပြီတော့  ကျွန်တော်တို့  သန့် သန့်ရှင်းရှင်း နေခဲ့  ကြတယ်ဆိုတာ နှစ်ယောက်လုံးအသိပါပဲ......
သူ့ အတွက် အသုံးစရိတ်တကြိမ်မပို့ ယုံ , ဖုန်းတခါ မဆက်ယုံနဲ့  ဘာလို့ ဒီလိုလုပ်ရတာလဲ....
အယောက်(၃၀၀)လောက်ဆီပြန့် သွားတဲ့  ကျွန်တ်ေရဲ့ အကြောင်း ၊ကျွန်တော်ရဲ့  ဓာတ်ပုံတွေ ကို ဒီကိစ္စနဲ့ 
ပတ်သတ်ပြီ ဘယ်လိုရှင်းပြရမလဲ....
ပြီတော့  အစဉ်အလာကြီမားတဲ့  ကျွန်တော်ရဲ့  အသိုင်းအ၀ိုင်း၊ဂုဏ်ဒြပ်နဲ့ နေတဲ့  ကျွန်တော် မိဘတွေ၊ဂုဏ်သိက္ခာ
အစွန်းအထင်း မရှိခဲ့ ဘူး တဲ့  ကျွန်တော်  တခုခုကိုတော့  ဆုံးဖြတ်ရတော့မယ်.........။
ကျွန်တော် အခန်းအပြင်ဖက်ထွက်လာပြီ ဦတည်ရာမဲ့  အရူးတယောက်လို လျောက်သွားနေမိတယ်..
7-ELEVEN ဆိုင်ထဲဝင်ပြီ ဘီယာ (၁၀)လုံးလောက်ဝယ်ပြီ အရာအားလုံးကို မေ့ သွားဖို့ အတွက် သောက်ရတော့ 
မယ်၊ အငန်းမရနဲ့  ဆက်တိုက်သောက်ပြီ  ရထားလမ်းရှိရာ အရပ်ဖက်သို့  ထွက်လာခဲ့ တယ်..
တရှိန်းထိုးသွားနေတဲ့  ရထားအောက်မှာ အရာအားလုံး မေ့ ပျောက်သွာမယ်ဆိုတာ ကျွန်တော်သိတယ်လေ။
အရှိန်ပြင်းပြင်းနဲ့ လာနေတဲ့  ရထားအောက်ကို ကျွန်တော် ခုန်ဝင်လိုက်ချိန်မှာတော့ .........
                   "အားးးးးးးးးးးးးးးးးးးးးးးးးး"
"ဟူးးးးးးးးးးး
                တော်ပါသေးရဲ့   အိမ်မက် မက်နေတာကို ဒီနေ့ အလုပ်ပင်ပန်းတာကို"
"မိန်းမ ကိစ္စနဲ့  ပတ်သတ်ရင် အပြင်မှာတောင် ဟုတ်ဘူး  အိမ်မက်ထဲမှာတောင် ကံမကောင်းတဲ့  ငါ့   ဘ၀"
           "လူပျိုကြီပဲ လုပ်တာ ကောင်ပါတယ်"
ဘေးမှာ ရှိတဲ့ ဖက်ခေါင်းအုံးလေးပဲ တယုတယ ထွေးပိုက်ပြီ  ကျွန်တော်ပြန်အိပ်ဖို့  ကြိုစားလိုက်ပါတယ်......။ ။ ။
Thursday, September 15, 2011
လက်တလောဖြစ်နေတဲ့ (Home sick)
သင်........အိမ်နဲ့ အကြာကြီးခွဲနေဖူးသလား..............?
ခွဲနေဖူတယ်ဆိုလျှင် သေချာပါတယ် သင်လည်ကျွန်တော်လို အမြဲတမ်းမဟုတ်တောင် တခါတရံတော့(home-
sick) အိမ်လွမ်းနာ ဖြစ်ခဲ့ ဖူမှာပါ၊ ကျွန်တော်တို့ တွေ ပညာရေး၊လူမှုရေးသော၎င်း၊စီပွားရေးကြောင့် သော၎င်း
အကြောင်းမျိုမျိုးကြောင့် မွေးရပ်မြေကအိမ်လေးကိုစွန်ခွာခဲ့ ရပြီး တစိမ်းတရံ(၀ါ)ပြည်ပကိုအခြေရခဲ့ ရပါတယ်။
တဦးနဲ့ တဦ အိမ်လွမ်းကြပုံတူညီကြမယ်မထင်ပါဘူး၊သိုသော် အမျိုးမျိုးသောအလွမ်းတွေထဲမှာတူညီကြတာက
တော့  ကျွန်တော်တို့ ရဲ့ မွေးရပ်မြေအိမ်လေးထဲက မိသာစုတွေ၊ငယ်သူငယ်ချင်းတွေပါပဲ၊ကျွန်တော်တို့ အိမ်လေး
ထဲမှာရှိစဉ်အခါက ညီအစ်အကို၊မောင်နှမတွေကြောင့် သော၎င်း၊အဖေ ၊အမေ ကြောင့် သော၎င်း အိမ်တွင်း
ရေးပြဿနာရှိလျှင် အိမ်လေးကိုစွန့် ခွာပြီ အဝေးကိုထွက်ခွာချင်ကြပါတယ်၊ကျွန်တော်တို့  နေခဲ့ တဲ့ မွေးရပ်မြေ
အိမ်းလေဟာ အမြဲတမ်းတော့  ကျွန်တော်တို့ကိုပျော်ရွှင်မှုတွေမပေးခဲ့ ပါဘူး၊ဒါပေမယ် အိမ်လေးနဲ့ ခွဲခွာရတဲ့ 
အခါ အားလုံးလိုလို မွေးရပ်မြေက အိမ်လေးကို လွမ်းနေကြမယ်ထင်ပါတယ် ။
လက်ရှိကျွန်တော်ရဲ့  (home sick) အိမ်လွမ်းနာရောဂါလေး သက်သာလိုသက်သာငြာ အိမ်အလွမ်းခံစားချက်
လေးတွေ အန်ချလိုက်ပါရစေ....
ကျွန်တော်ငယ်ငယ်က မြန်မာပြည်ရဲ့ တနေရာမှာ သန့် ရှင်းလက်ဆက်တဲ့ လေထုနဲ့ အတူတောစံပယ်ရိုင်းရနံ
တွေကို ရှုရှိုက်ပြီး ကြီးပြင်လာခဲ့ တဲ့  တောသားတယောက်ဆိုလျှင်မမှားပါဘူး၊မြို့ နဲ့ အလှမ်းမဝေးတဲ့ ရွာလေးမှာ
ကျွန်တော်ဟာ မြို့ သားတယောက်လို့  အရေခြုံဟန်ဆောင်တက်သလို၊တောသားတယောက်လို ရိုးသားပွင့် 
လင်းတက်ပြီး တစိမ်းတရံတယောက်နဲ့ ဆို သွေးအေးသတ္တ၀ါ တကောင်လို မထုံတက်တေးနေတက်ပါတယ်။
အနာဂတ်အတွက်ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့  အခုချိန်မှာ တချိန်က ဘယ်လိုမှသဘောမထားခဲ့ တဲ့ 
 မွေးရပ်မြေကအိမ်လေးကိုလွမ်းနေမိပါတယ်၊၊
ကျွန်တော်အိမ်လေးရဲ့  ခေါင်ရင်းမှာ မြစိမ်းရောင်လွှမ်းနေပြီး မျက်စိတဆုံးလှပနေတဲ့  စပါးခင်းတွေကိုလွမ်းတယ်၊
အိမ်ရှေ့ စမ်းချောင်းလေးပေါ်က တံတာတိုလေပေါ်ကနေ သဘာဝ တိမ်ရုပ်တွေ၊တိမ်တောက်တဲ့ ဆည်ဆားအလှ
တွေကို ငေးမောကြည့် ခဲ့ တာကိုလွမ်းတယ်။ညရောက်ချိန် လမင်းကိုကြည့်  ဂီတာ ခေါက်ခဲ့ တာကိုလွမ်းတယ်။
နေ ည မရှောင် ဂလေရိုက်ခဲ့ တဲ့  ဘော်ဘော်တသိုက်ကိုလွမ်းတယ်။
ပျိုမေတသင်း ရေခပ်ဆင်းတဲ့  ညနေခင်းကိုလွမ်းတယ်၊ ညဖက်လင်းတဲ့  ပိုစုန်းကြူးကောင်လေတွေကိုလွမ်းတယ်။
ကျွန်တော်တို့ တွေ အနာဂတ်အတွက် ငွေကြေး(သို့ မဟုတ်)ပညာရေး တွေနောက်လိုက်ရင်း လိုက်ရင်း နဲ့ 
လက်ရှိပစ္စုပ္ပန်တွေကို ဘယ်အချိန်တွေထိ စတေးထားရမှာလဲ၊ ကျွန်တော်တို့ စတေးမြုပ်နှံထားတဲ့ ပစ္စုပ္ပန်တွေ
ထဲမှာ ဆုံးရှုံးသွားသွာတာတွေကတော့  လှုမှုရေးတွေ၊ကိုယ်တိုင်ပါဝင်ရမယ့်  ပရဟိတလုပ်ငန်းတွေ၊အဖေ၊အမေ
(သို့ )အဖိုးအဖွားများကို ပြုစုစောင့် ဂရုစိုက်ရမယ့် အချိန်တွေ ဆုံးရှုံး သွာရပါတယ်။
ကျွန်တော်တို့ ကဲ့ သို့  နောင်လာမယ့် အနာဂတ်မျိုးဆက်တွေလဲ သူတို့ ရဲ့ မွေးရပ်မြေကအိမ်(ကျွန်တော်တို့ ရဲ့ 
အိမ်)ကိုစွန့် ခွာခဲ့ ရင် ကျွန်တော်တို့ ဘယ်လိုခံစားကျန်ရစ်ခဲ့ မလဲ၊ပြီတော့  သူတို့ တွေရော ကျွန်တော်တို့ လို
 မွေးရပ်မြေက အိမ်လေကို လွမ်းဖျား လွမ်နားကျနေမလား......
ယခုချိန် သင်လဲ(home sick)အိမ်လွမ်းနာ ဖြစ်နေရင် ပိုစ့်  တခုအဖြစ် ချရေးကြည့် ပါ ..သင့် အတွက်တော့ 
ခံစားချက် တခုလျော့ သွားစေမှာပါ...........................၊၊၊၊၊၊၊၊၊၊
         အိမ်လွမ်းနာ(home sick)
အကြောင်းပြချက် ရှာလို့မရဘူး။
ရင်ထဲမှာ တခုခုဖြစ်နေတာတော့ သေချာတယ်။
အလေ့ကျပေါက်နေတဲ့ နှင်းဆီရိုင်းလို
အာရုံမှာ မွှေးရှသွားရုံလေး
ကုန်ဆုံးလုလု ညနေခင်းလို
ရင်ခွင်မှာ မှိုင်းပျသွားရုံလေး
ခံစားချက်ပါးပါးလေး တစ်ခုပေါ့။
သေချာတာတော့
တခါတလေမှာ အားငယ်
တခါတလေမှာ ၀မ်းနည်း
တခါတလေမှာ မျက်ရည်ဝဲလို့
ဘယ်ခံစားမှုနဲ့မှလည်း မတူခဲ့
ပူလောင်မှုမဲ့တဲ့ အဖြူရောင်အလွမ်းတွေနဲ့လေ။
ဘယ်အချိန်ထိ တင်းခံရဦးမှာလဲ။
အောင်မြင်မှု ဆိုတဲ့အရာအတွက်
ပေးဆပ်ခဲ့ရတာတွေက မတန်တဆ
ခံနိုင်ရည် မြေမကျခင်တော့
ကံကြမ္မာရေ - အိမ်ပြန်ခွင့်လေးရချင်တယ်။ ။
(့  ယသော်ရဲ့  ကဗျာလေးပါ)
Tuesday, September 6, 2011
ကိုယ်ပြုသိ ကံ ပဲတင်သံ, ကိုယ်ထံပြန်လာမည်
ညနေခင်းတိမ်တောက်သောဆည်းဆာအလှကြောင့်  သံလျှင်မြို့ ၏အနောက်ဘက်ရှိ ဗိုလ်ချုပ်ကျေးရွာလေး
သည် သာယာလှပနေသည်၊ သို့ သော် ထိုလှပနေသောရှုခင်းများကိုဂရုမစိုက်နိင်အားပဲ အလုပ်တွင်ကိုယ်ရော
စိတ်ပါ အလုပ်လုပ်နေသောလူနှစ်ဦးရှိပါသည်၊ထိုနှစ်ဦးမှာလယ်ယာလုပ်ကိုင်ဦးမြင့် နိင်,ဒေါ်ချိုတို့ ဖြစ်သည်..
ဦးမြင့် နိင်မှာ လယ် ၈ ဧကခန့် ကို လူငှားမချပဲ ကိုယ်တိုင်လူပ်နေသော လယ်သမားတဦးဖြစ်သည်...
ဦးမြင့်နိင်,ဒေါ်ချို တို့ တွင် ၁၈နှစ်ခန်ရှိသောတဦးတည်သောသမီးလေးတယောက်ရှိသည်၊သမီးလေး၏နာမည်
က ခင်ချိုမြင့် , လှသည် ချောသည် ယဉ်သည်၊တောသူတဦးကဲ့ သို့ မထင်ရ ၊ အဘယ်ကြောင့်ဆိုသော
သူမ၏ မိဘနှစ်ပါးက မြို့ ပေါ်တွင်ကျောင်းထားပေးသည် ထိုကြောင့်  သူမ မြို့ သူများကဲ့ သို့  ၀တ်နိင်,စားနိင်
နေထိုင်တက်သည်၊၊ ထို့ ကဲ့ သို့  မတောင်းမတ ,မကြောင်းမကြ နေရသော သူမ ဘ၀ထဲသို့  စစ်မင်းနိင် ဆိုသော
သူမ ၏ချစ်သူကြောင့်  သူမ ဘ၀ တမျိုးတမည်ပြောင်းလွဲသွားသည်....
သူမ၏ ချစ်သူ စစ်မင်းနိင်က မြို့ ပေါ်တွင်နေထိုင်ပြီး ၉ တန်းနှင့် ကျောင်းထုတ်ခံထားရပြီး အရက်၊မိန်းမ၊လောင်း
ကစားများနှင့် သာအချိန်ကုန်နေပြီး မိဘလုပ်စာထိုင်စားနေသော လူပေါ်ကြော့  တယောက်ပါ..ဒါပေမယ့် 
ရုပ်ရည်ချောမောပြီး စကားပြောကောင်သူတယောက်..ထို့ ကြောင့်  ခင်ချိုမြင့်  ကိုခဏလေးအတွင်းရအောင်
ကြံနိင်သည်..ခင်ချိုမြင့်  ကိုယ်တိုင်က မြို့ သား ဆိုပြီးအထင်ကြီးတာနှင့် လွယ်လွယ်လက်ခံလိုက်ခြင်းဖြစ်သည်။
ဒီလိုနှင့် သူတို့ နှစ်ဦး ချစ်သူတွေဖြစ်ကာ မကြာခဏ ချိန်တွေ့ ဖြစ်ကြတယ် ..အချိန်အနည်ငယ်တောတွင်းသူတို့ 
နှစ်ဦး အချစ်နယ်ကျွံ၍ ခင်ချိုမြင့် မှာ ကိုယ်ဝန်ရှိလာခဲ့ တယ်.........
စစ်မင်းနိင် ငြင်းဆိုလို့ မရပဲ ခင်ချိုမြင့် လက်ထပ်ယူပြီး ရပ်ကွပ်တခု အိမ်ငှားနေထိုင်ပြီး ခင်ချိုမြင်တွင်ပါလာသော
လက်ဝတ်လက်စား များကိုရောင်ချပြီး အရက်သောက်လိုက် ဖဲရိုက်လိုက်နှင့် ပျော်ပျော်ကြီးသုံးဖြုန်နေခဲ့ တယ်။
မကြာခင်အတောအတွင် လက်ဝတ်လက်စားများကုန်ပြီး ဖဲကြွေးများနှင့် ပတ်လယ်ဝိုင်းနေပြီး အိမ်ပေါ်ကဆင်း
ပြေးခဲ့ ရသည်၊ခင်ချိုမြင့်  မှာကိုယ်ဝန်ကြီးလွယ်ကာ အချိန်နှင့် အမျှ မျက်ရည်နှင့် မျက်ခွက် ငိုကြွေးနေပြီး
ဘာမှမပြောနိင်ရှာပေ.............၊။
နောက်ဆုံးတော့  ဦးမြင့် နိင်,ဒေါ်ချိုတို့  အိမ်ပေါ်ပင်ပြန်ရောက်လာခဲ့ သည်၊မိဘ များဖြစ်သော သူတို့ နှစ်ဦးက
လည် တဦးတည်သောသမီးလေးကိုပစ်မထားနိင်ရှာပဲ ပြန်လည်လက်ခံပြီး နှစ်ဦးလုံးကိုကြွေးမွေးထားသည်..
သို့ သော် စစ်မင်းနိင်ခြေမငြိမ်နိင်သေးပဲ ဟိုအရင်ကတိုင်း ဆိုးမြဲတိုင်ဆိုးနေသည်၊ဦးမြင့် နိင် ဒေါ်ချို တို့ မှာ
သူတို့ ၏ သမီး စိတ်ဆင်းရဲ မည်ဆိုသောကြောင့်  ဘာမှမပြောပဲ မသိချင်ယောင်ဆောင်နေရသည်...
တနေ့ တော့ ဖဲကြွေးမျာပတ်လယ်ဝိုင်းနေသော စစ်မင်းနိင်မှာ မကြံကောင်းသောအရာများကိုကြံလာသည်၊
ဦးမြင့် နိင်,ဒေါ်ချို တို့ မရှိလျှင် လယ် ၈ ဧက နှင့် အိမ် ခြံများကို သူတို့ နှစ်ဦးတည်ပိုင်ဆိုင်ရမယ်.ထို အိမ်နှင့် 
လယ်များ ရလျှင် ဖဲကြွေးများဆပ်နိင်သလို သူလုပ်ချင်တာတွေကို လုပ်နိင်သည်. ထိုကြောင့်  ဦးမြင်နိင်,ဒေါ်ချို
တို့ ကို လုပ်ကြံရန်အချိန်ပြည့်  စဉ်စားနေသည်။တနေ့ တော့ သူမကောင်းကြံမှုများ အကောင်အထည်ပေါ်လာ
သည်.....။
ထိုနေ့ က ဦးမြင့် နိင် တို့ အိမ်တွင် တိုက်ဆိုင်စွာပင် ကြောင်လျာသီးသုပ်နှင့် ငါးသေတ္တာ ဟင်းချက်သည်...
ဒါကို စစ်မင်းနိင် သိပြီး စပါကြီးမြွေတကောင်ကို မရရအောင်ဝယ်ပြီ ငါးခြောက်ထောင်းကဲ့ သို့ ချက်၍ အိမ်ကို
စားဖို့ အတွက် အိမ်ကိုယူလာခဲ့ သည်၊ အဘယ်ကြောင့်  ဆိုသော ထိုသုံးမျိုး  တွဲဖက်စားသုံးလျင် သေဆုံးနိင်
သည်ကို စစ်မင်းနိင် သိသည်။ကြောင်လျှာသီး ကို ခင်ချိုမြင့် ကမကြိုက် စစ်မင်းနိင် သူအကြံနှင့်  သူကြေနပ်နေ
သည်။ စပါကြီး မြွေသားဟင်းအနည်ငယ်ယူလာပြီး အရက်ဆိုင်ဖက်ထွက်လာ အရက်သောက်ပြီ အိမ်ကလာခေါ်
တာကို စောင့် နေမိသည်..............
မကြာခင်မှာပဲ ခင်ချိုမြင့် အရက်ဆိုင်အတွင်းသို့  အမောတကောပြေးဝင်လာပြီ အဖေနှင့် အမေ ထမင်းစားပြီ
တွန်လိမ်ကောက်ကွေး နေကြောင်းလာပြောသည်၊ စစ်မင်းနိင် ကျေနပ်ခြင်းတ၀က်နှင့်အတူစိုရိမ်ပူပန်ဟန်ဖြင့် 
အိမ်ဖက်ကိုအပြေးလေးထွက်လာခဲ့ သောအခါ....စစ်မင်းနိင် ထင်သလိုဖြစ်မလာခဲ့ 
အဘယ်ကြောင့်  ဆိုသော်.....
သေဆုံးနေသောလူနှစ်ဦမှာ စစ်မင်းနိင်၏အဖေနှင့် အမေဖြစ်နေသောကြောင့် ဖြစ်သည်။ စစ်မင်းနိင် အရက်
ဆိုင်ဖက်ထွက်သွားပြီမကြာခင် စစ်မင်းနိင်၏ အဖေနှင့် အမေမှာ လမ်းကြုံရင် အိမ်လာလည်ရင် အိမ်ရှင်တို့ 
တာဝန်အတိုင်း အိမ်ရှိထမင်းနှင့် ဟင်းများကို ချကြွေးရင် အစာအဆိပ်သင့် ပြီး သေဆုံးသွားခြင်းဖြစ်သည်...။
စစ်မင်းနိင် ရှိုက်ကြီးတငင်ငိုကြွေးနေယုံမှ ဘာမှမတက်နိင်ပေ..
အကယ်၍ စစ်မင်းနိင် သာ *ကိုယ်ပြုသိ ကံ ပဲ့ တင်သံ,ကိုယ်ထံ ပြန်လာမည်*ဆိုသော နိယာမကိုကြိုတင်သိခဲ့ 
မည်ဆိုလျင်................>>>>>>>>
(မှတ်ချက်.....မည်သူမဆိုလွပ်လပ်စွာကူယူ၍ မည်သည့် နေရာတွင်မဆိုဖော်ပြနိင်ပါသည် )
Tuesday, August 30, 2011
စွန့် ပစ်ခဲ့ ပါသည် ...သို့ သော်
ရန်ကုန်မြို့ ရဲ့ တဖက်ကမ်းရှိသန်လျင်အရှေ့ ဖက်ခြမ်းတွင်သပ်ပယ်စွာတည်ရှိနေသော ကျိုက်ခေါက်
ဘုရားကြီ၏အရှေ့ ဖက်ခြမ်းတွင် လူနေအိမ်များ၊လယ်ကွင်းများ၊ဓနိတဲလေများ၊လယ်သမားများနဲ့ လက်
လုပ်လက်စား လူတန်စားအများစုနေထိုင်ကြပါတယ်...
ရွာလေနာမည်က ကရင်ဆိပ်ကျေးရွာ ဟုခေါ်ဆိုပြီ အများအားဖြင့် ဗမာအများစုသာနေထိုင်ကြပါတယ်၊
နေရောင်ပျောက်ပြီအမှောင်သန်းချိန်မှာတော့ မိုးကရွာပြီ မီးမှောင်သောကြောင့်  ရွာထဲရှိလူ အားလုံး
အိမ်ထဲတွင်သာ တိုးဝှေ့ နေထိုင်ကြပြီး အပြင်သိပ်မထွက်ကြပေ၊ ကရင်ဆိပ်ရွာလေ၏ အလှမ်းဝေးသော
အနောက်ဖက်တွင် ဓနိများ၊ဘိလပ်မြေ အိပ်ခွံများဖြင့် ကာရံထားသော အိမ်လေးတလုံးရှိသည်၊မိုး
ရော လေပါ သည်းထန်းစွာ ရွာနေသောထိုညက အိမ်လေးသည် ယိုင်ထိုးနေပြီ လွင့် ပါတော့ မလားထင်နေရသည်။
မိုးယိုစိမ့် နေသော အိမ်လေးထဲတွင် ရေနံဆီမီးခွက်အလင်းရောင်းလေးသည် မှိန်တုတ်စွားဖြင့် ရှိနေသည်၊
အိမ်ခန်းထောင့် တွင်ညီညူးသံများ တခါတခါကြားနေရသည်၊ညီးညူသံမှာ ဦလှထွန်း ၏ ဇနီး ကလေးမီးဖွာရန်
အတွက် အပြန်အထန် ခံစားနေရသောအသံဖြစ်သည်။
ဦးလှထွန်း ကအသက် ၄၅ နှစ်လောက် ငယ်ငယ်လေထဲကစ၍ အလုပ်ကြမ်း ကိုပင်ပန်းကြီးစွာလုပ်ရသောကြောင့် 
ဦး လှထွန်းမှာ တကယ်အဘိုးအိုကဲ့ သို့ ရှိလေသည်။မီဖိုထောင့် တွင်ထိုင်နေပြီး ထင်စအချို့ နှင့် သတင်းစာ
အပိုင်းအစ အချို့ ကို မီးဖိုထဲ ပြစ်ထည့် လိုက်ပြီး ဒေါ်အေကြွယ်၏ အသံကိုနားထောင်နေပြီ...
" အင်း...အလုပ်ကတော့ ရှုပ်တော့ မယ် ..လူတယောက်ကတော့ တိုးလာအုံးမှာပဲ.မိုးကလဲ ရွာ၊ရေကလဲ ကြီး၊
ဆန်ဈေးတွေက တက်၊အလုပ်တွေရှား၊ ဒီမိသားစု ကို ဘယ်လိုလုပ်ကြွေး ရမလဲ..ကံကြမ္မာက ရက်စက်လွန်းတယ်..
"အဖေ  ..ဟိုဖက်အိမ်က အဖွားမသောင်းစိန်ကို သွားခေါ်လိုင်အုံးမယ်နော်.....
အိပ်ခန်းထဲက ထွက်လာသော ဦးလှထွန်းရဲ့  သမီးလှလှအေးက ပြောလိုက်သည်၊ လှလှအေး ထွက်ခွာသွားသော
တံခါးက လေတချို့ ဝင်လာပြီး  ရေနံဆီ မီးခွက်လေငြီမ်းသွားသည်..ဦးလှထွန်း မီးခြစ်ယူပြီး ထွန်းဖို့ ထသောအခါ..
အခန်းတွင်းက ဒေါ်အေးကြွယ်က အားတင်းပြီးပြောလိုက်တယ်..
"ထွန်းမနေ ပါနဲ့ ရှင် ...ရေနံဆီက ကုန်တော့ မယ်  ..အခုလည်းမမွေးနိင်သေ ပါဘူး...နောက်နေ့ တွေကြ
ရင် ထွန်းရအုံးမှာ..ခဏတော့  ချွေတာကြတာပေါ့ ....."
ဦးလှထွန်း လဲမီးမထွန်းပဲ အိမ်အပြင်ဖက်ကို ငေးမောကြည့် ပြီး စိတ်မရှည်တဲ့  လေသံနဲ့ ...
"ဒီ..လှဦး ဆိုတဲ့ အကောင် ကြာလိုက်တာ ဘယ်တွေများသဝေထိုးနေလဲမသိဘူး....
ဆန် နည်းနည်းလောက် ချေးခိုင်းလိုက်တာ..ဒါမှ အိမ်မှာစားလို့ သောက်လို့ ၇မှာ..အသက်က ၁၄ နှစ်တောင်
ရောက်နေပြီ..စောက် သုံးကိုမကျဘူး....
အင်း...ခက်တာက တို့ အမျိုးတွေက တယောက်မှချမ်းသာကြတာဟုတ်ဘူး....ဆန်မှ ရပါမလားမသိဘူး.."
ပြောဆိုပြီး အပြင်ဖက်ကို ငေးစိုက်ကြည့် နေတယ်...........
" မိုး တွေကကြီး စပါးတွေကပျက်  တို့ မှာကကြိုတင်စုဆောင်းထားတဲ့  ဆန်ကလဲမရှိ ဘယ်လိုစာသောက်ရလဲ...
ထိုအခိုက်..
လှလှအေးနှင့် အဖွားဒေါ်သောင်းစိန်တို့ ဝင်လာကြ၏၊အဖွားကြီး အခန်းထဲကတန်းဝင်သွားပြီး မီးထွန်းပြီ
ဖြူဖက် ဖြူရော် ဖြစ်နေသော မအေးကြွယ်ကို ကြည့် ပြီး ဦးလှထွန်းကို အဆက်မပျက် မြည်တွန်တောက်တီးပါတော့ တယ်..
"ဟင်း..မယားကတော့ မွေးတော့ မယ် သူကတော့  မီးဖိုရှေ့ မှာနေပြီ ရေနွေးတောင် တည်ပေးဖော်မရဘူး"
"သွား အပြင်ဖက် ထွက်နေ .........."
ဦးလှထွန်းလဲ အိမ်အပြင် တံစက်မြိတ်အောက်က ကွပ်ပြစ်လေးမှာ ဆင်းနေတုန်း..ကရင်ဆိပ်ရွာထဲက
ဝေလွင်ဦး ဆိုတဲ့  လူတယောက် အမောတကောနဲ့ အော်ဟစ်ပြီး ပြေးလာခဲ့ တယ်....
"ဗျို့  ဦးလှထွန်း...
ဦးလှထွန်း...
"ဘာလဲကွ ဖြေးဖြေးအော်ပါကွ ငါ့  မိန်းမ မီးဖွားနေလို့  "
..ခင်ဗျာသားပါသွာပြီဗျ...
"ဟ....ဘာပါတာတုန်းကွ ရှင်းအောင်ပြောလေကွာ...ချီးမှပဲ"
စစ်တပ်က ပေါ်တာဆွဲတဲ့ ပါသွားပြီ.......
"ဘာ...တောက်"
ညနေလောက်ထဲက စစ်တပ်လူတွေ ဥက္ကထအိမ် ကိုရောက်နေတာ...
သူ့  သားကြတော့  မြို့ ကို့ ပို့ ထားပြီး...ခင်ဗျာသားကိုတော့ စစ်တပ်ထဲထည့် ပေးလိုက်တယ်...
ဦးလှထွန်းတယောက် ဂရောင်းချောက်ချားဖြစ်သွားပြီး ဒေါသတွေထွက်နေသည်..လွန်ခဲ့ တဲ့  လအနည်းငယ်က
လယ်ကွပ်လေး ကိုအိမ်ပြင်ရန်အတွက် ပေါင်ထာတာမရွေးနိင်၊ယခုလည်း သားတယောက် ပါသွားပြန်ပြီ..
"ဥက္ထထ ကိုကြည့် မရဘူကွာ....တရားဆွဲမယ် ဘယ်ရောက်ရောက်.."
ဟာ.........တရာဆွဲလဲဘာထူးမှာလဲ ဒီကောင်တွေကအတူတူပဲ...အစိုးရဆိုတာ အတူတူပဲ..
"တောက်"
အဲဒီအချိန် အဖွားဒေါ်သောင်းစိန်က ထွက်လြာ့ပီး...
"ဟေ့  လှထွန်း ..မင်းကတော့  ကံကောင်တယ်ဟေ့ ...ယောင်္ကျားလေးပဲဟေ့ ....."
ဟင်း...........  ဦးလှထွန်း သက်ပြင်းတွေချနေမိသည်............၊
ည ၂ ချက်ထိုးနေပြီ မိသားစုတွေ အိပ်မပျော်နိင်ကြပေ....ဒေါ်အေးကြွယ် အနီးက ကလေးကိုတွေဝေစွာ
ကြည့် နေကြပြီး တိတ်ဆိတ်နေကြသည်..........
တိတ်ဆိတ်မှုကို ဦးလှထွန်းရဲ့  စကားတွေနဲ့  စတင်လိုက်သည်...
"မိန်းမရေ...ခလေးကို တို့ ဆက်မွေးထာရင် တို့ လဲ ဆင်းရဲတွင်းက နက်သထက်နက်လာအုံးမယ်..
ခလေးရှေ့ ရေးအတွက်လည်း ရင်လေးရတယ်...ဒီခလေး ကို ခလေးမရှိတဲ့  တရုပ်လင်မယားအိမ်
နား သွားစွန့် ပြစ်လိုက်ရင် ခလေးအတွက် အနာဂတ်ကောင်းသွားသလို  တို့ အတွက်လဲ အဆင်ပြေမယ်ထင်တယ်..
ဒေါ်အေးကြွယ် တွေဝေနေသည်........
"ခလေး ကိုမင်းချစ်သလို ငါလဲချစ်တာပဲကွာ....ဒါပေမယ့် ........."
ဒေါ်အေးကြွယ်ဖြည်းညှင်းစွာ ခေါင်ညိတ်လိုက်သည်..........၊
ထိုအခါ..
လှလှအေး က ငိုကြွေးပြီး......
"အမေနဲ့ အဖေရယ် မောင်လေးကိုတော့  သူများအိမ်ကို မပေးပြစ်ပါနဲ့  ..သမီးမြို့ က လာခေါ်တဲ့ ဒေါ်မြင့် 
မြင့် မူ နဲ့ လိုက်သွားလိုက်မယ်လေ ...ဒါဆိုသမီးတို့  ပိုက်ဆံတွေအများကြီးရမှာလေ....နော်......."
ဒေါ်မြင့် မြင့် မူ ဆိုတာမြောက်ဥက္ကာလာက အနှိပ်ခမ်းတွေအကြောင်းပြုပြီး...ပြည့် တန်ဆာတွေနဲ့ လုပ်စားနေတာပါ.
ဒါကို ဦးလှထွန်း လက်မခံနိင်.......
ဦးလှထွန်း တုန်ရီနေသောလက်များဖြင့်  ခလေးကို အနှီးများဖြင့် အထပ်ထပ်ရစ်ပတ်ပြီးပွေ့ ချီကာ မြို့ နဲ့ 
အလှမ်းနီးတဲ့  တရုပ်လင်မယားအိမ်ရှိတဲ့ အရပ်ကို ထွက်လာခဲ့ တယ်...
ဒေါ်အေးကြွယ်လည် ဘာမှမပြောပဲ ရှိုက်ကြီးတငင်ငိုကြွေးနေသလိုလှလှအေးက သူအဖေနေတဲ့  မီးဖိုလေးရှေ့ တွင်
အသိမ့် သိမ့်  ငိုကြွေးနေတယ်...
ဦးလှထွန်း ခလေးကိုချီပိုပြီး ငိုကြွေးရင် တဖြည်းဖြည်းနဲ့ မြို့ နဲ့ အလှမ်းနီးတဲ့  တရုပ်လင်မယားအိမ်ရှေ့ ကို
ရောက်လာခဲ့ တယ်.....
ခလေးကို ခြံစည်းရိုးရှေ့ နာချပြီး ...အကြာကြီးတွေဝေစွာငေးကြည့် ရင် စဉ်စားနေတယ်...
"ငါဟာ ဗုဒ္ဒဘာသာတယောက်ဖြစ်ပြီး  အပြစ်မရှိတဲ့ ခလေးတယောက်ပေါ်မှာ ရက်စက်နေတာလား..
ငါ အိမ်ထောင်ဦစီး မပီးသတာလား...ငါ.........."
ထိုအချိန်တွင် ခလေးရဲ့  ငိုသံသဲ့ သဲ့ လေးထွက်လာသည်........
ညမှောင်မှောင် တရုပ်အိမ်ရှေ့ တွင် တွေဝေ ငေးမောနေသောဦးလှထွန်း ဆုံဖြတ်ချက်တခုကို သေချာစွာချလိုက်သည်...
ခလေးကို ရင်ခွင်ထဲတွင်နွေးထွေစွာ ပွေ့ ချီလိုက်ပြီ   လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့ သည်...။
(ဒီပို့ စ် လေးနဲ့ ပတ်သတ်ပြီ မည်သူမဆို create ပေးစရာမလိုပဲ မည်သည့် နေရာတွင်မဆို ကူးယူဖော်ပြနိင်ပါသည်)
Sunday, August 28, 2011
ကျွန်တော်ချစ်သူ*သူမ*၏ အကြောင်း
သျှင်နေမင်းဆိုတဲ့ ကျွန်တော်က မကာရ ရာသီဖွား (၄)ဂဏန်း၊ ၄ ဂဏန်းသမားတို့ ရဲ့ ထုံးစံအတိုင်းရိုးရာအစဉ်လာတွေ၊စည်းကမ်းတွေ၊အာဏာတွေကိုအမြဲဆန့် ကျင့် ပုန်ကန်ဖို့ ကြိုးစား
နေသူတယောက်ပေါ့  ၊ဒါကြောင့်  ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ရပ်ကွပ်ထဲကလူတွေက လမ်းသလား
ဂိုဏ်စတား တယောက်အဖြစ်မြင်နေကြတယ်၊ ဒီဝေဖန်ချက်တွေကို ကျွန်တော်မဖြေရှင်းခဲ့ ပါဘူး၊
ဘာကြောင့် လည်းဆိုတော့  ကျွန်တော်ကိုယ်တိုင်က တုတ်၊ဓား ၊ချိန်းကြိုး တွေကြားမှာ ရင်တမမ
နဲ့  စွန့် စားနေရတာကို ကျေနပ်နေသူတယောက်ဆိုလျှင်မမှားပါဘူး။
ဒါပေမယ့်  အဖိုအမဖြစ်တဲ့  အဖေ၊အမေ ကမွေးဖွားလာလို့  တခါတခါမှာတော့  ကျွန်တော့ 
စိတ်တွေကနူညံ့ နေတယ်၊ ကဗျာတွေ ခံစားတက်ပြီး၊Rock ဂီတတွေကိုကြိုက်နှစ်သက်သလို၊
Pop ဂီတတွေကို နားထောင်တက်ပြီး ဘာမှမရှိတဲ့ လေဟာနယ်ကို လွမ်းတက်တယ်။
ခေတ်လူငယ် တယောက်ဖြစ်လို့  နည်းပညာတွေနဲ့ အလှမ်းမဝေးခဲ့ ပါဘူး၊အင်တာနက်ကိုကိုယ်
ပိုင်မသုံးနိင်ပေမယ့်  အင်တာနက်ဆိုင်ကိုတော့ အမြဲရောက်ဖြစ်ပါတယ်၊အချိန်ကုန်တဲ့  ချက်တင်
တွေကိုမုန်းတယ်၊အမြဲလေ့ လာဖြစ်တာကတော့  ဆိုင်ကယ်တွေအကြောင်း၊ပြိုင်ကားတွေအကြောင်း
ပဲလေ့ လာဖြစ်တယ်။
တနေ့ တော့  မထင်မှတ်ပဲ ning ဆိုက်တဆိုက်ထဲဝင်မိပြီး ကဗျာတဗုဒ်ကိုခံစားမိတယ်၊ကဗျာနာမည်က
"အတ္တများနဲ့ လူသား" တဲ့  ကျွန်တော်ရင်ကို ထုတ်ချင်းဖောက် ၀င်ရောက်သွားတဲ့ ကဗျာလေးပေါ့ ၊
ကဗျာ ပိုင်ရှင်ကိုလေးစားသွားတယ် ပြီတော့  သူငယ်ချင်းအဖြစ်တောင်ခံလိုက်ပြီpersonal massage ကနေအကောင့် လှမ်းတောင်းလိုက်တယ်၊သူမ လွယ်ကူစွာပဲလက်ခံခဲ့ တယ်၊
တိုက်ဆိုင်စွာပဲ သူမ နာမည်က သျှင်မင်းငယ်တဲ့ ...........
သူမ နဲ့ ကျွန်တော် အွန်လိုင်းပေါ်မှာအမြဲတမ်းလိုလိုတွေ့ ဖြစ်ကြတယ်၊ကဗျာတွေအကြောင်း၊
စာတွေအကြောင်းဆွေးနွေးဖြစ်ကြရင် သံယောဇဉ်ဖြစ်ခဲ့ ကြပါတယ်ဆိုပါတော့ .ဒီလိုနဲ့ အဆင့် 
တက် vzo ချက်ဖြစ်ကြတယ်၊သူမ ရဲ့ နှုတ်ခမ်းဖူးဖူးလေတွေ၊မျက်ဝန်းလှလှလေးတွေကိုကျွန်တော်
ကြည့် ပြီ တက်မက်စွာနဲ့ ရှိုက်သက်သံတွေအကြိမ်ကြိမ်ချခဲ့ ရတယ်...
နောက်တော့  သူမ နဲ့ အပြင်မှာတွေ့ ဖို့ ကြိုးစားမိတယ်၊ ဒါပေမယ် သူမ ခါးခါးသီသီ ငြင်းဆန်
ခဲ့ တယ်၊ဘာကြောင် ဆိုတာကျွန်တော် နားမလည် ခဲ့ ပါဘူး သေချာတာ တခုကတော့  ကျွန်တော်
 သူမ ကိုချစ်သလို သူမ လဲကျွန်တော်ကိုချစ်နေတယ်ဆိုတာ သူရောကျွန်တော်ပါ သိနေကြတယ်၊
ကျွန်တော်နဲ့ စကားပြောရင် သူမ ရဲ့ ရယ်သံလွင် လွင် လေးတွေဟာ ကျွန်တော်အတွက်သာယာ
နာပျော်ဖွယ် သီချင်းတပုဒ်ကို နားထောင်နေရနေသလိုပါပဲ...အကြောင်းပြချက်တစုံတရာမရှိ
ပဲ ငြင်းတဲ့ အတွက် ကျွန်တော်စိတ်ဆိုးပြီး ဘလောက်လုပ်ပြစ်လိုက်တယ်..လူမှုရသကဗျာတွေ
ရေးတဲ့  သူမ ရဲ့ ကဗျာတွေဟာ အလွမ်းကဗျာတွေဖြစ်သွားတာပေါ့ .........
သူမနဲ့ မတွေ့ တဲ့ နေတွေဟာ ကျွန်တော်အတွက် နေ့ တာရှည် နေသလို၊အလွမ်းဆိုတဲ့ စိတ်တ္တဇ
နာမ်စားဟာပူလောင်ပါလာဆိုတဲ့ အသိ ကျွန်တော်ဥနှောက်ထဲ အလိုလိုဝင်ရောက်လာခဲ့ တယ်၊
unblock လုပ်ပြီချိန်မှာတော့  သူမ ရဲ့  ဂျီတော့ status ကစာသားလေးက"အချစ်မီးသည် ကျွန်မအား
စတင်လောင်ကျွမ်းနေပါသည်" တဲ့ ကျွန်တော်အတွက် ဒီစာသာလေက သူမ လောက်
အရေးမကြီး ဟုထင်ခဲ့ ပါတယ်။ ဒါပေမယ့်  ဒီစာသားလေဟာ ကျွန်တော်နဲ့  သူမ တို့ ၏
ဘ၀ ကိုတမျိုးတမည်ပြောင်းလဲသွားမည်ကိုထင်မထားခဲ့ ပါဘူး..ဒီလိုနဲ့ သူမဖက်ကစ၍ သူမကို
လာတွေ့ ရန် ချိန်းဆိုခဲ့ ပါတယ်...သူမ အပြင်ထွက်လို့ မရကြောင်း သူမ အိမ်ရှေ့ သို့ လာရန်
ချိန်ဆိုခဲ့ တယ်..အဲဒီနေ့ က ကျွန်တော်ပျော်ရွှင်စွာနဲ့ သူမရှိတဲ့  အိမ်ကိုထွက်လာခဲ့ တယ်၊
သူမ အိမ်ကိုမြင်ယုံနဲ့ သူမ ဟာချမ်းသာတဲ့ အသိုင်းအ၀ိုင်းကဆိုတာသိပါတယ်..
ကြည့် နေတဲ့ အတောအတွင်း အိမ်တံခါး ပေါက်ပွင့်လာပြီး  သူမ ထွက်လာခဲ့တယ်...
ဒါပေမယ့် .............
ကျွန်တော်ရဲ့ ပျော်ရွှင်မှုတွေ စက္ကန့် ပိုင်းအတွင်း ရုတ်ခြည်ပြောင်းလဲသွားခဲ့ တယ်..
ဘာကြောင့်လဲ ဆိုတော့  သူမ ရဲ့  ခြေထောက်နှစ်ချောင်း မှာ ဒူအထက်နားက ပြတ်နေလို့ ပါ........
စက္ကန်ပိုင်းအတွင်းကျွန်တော်စိတ်
တွေတွေဝေမှင်သက်သွားမိတာတော့ အမှန်ပါပဲ၊၀ှီးချဲပေါ်ကနေ
တရွေ့ ရွေ့ တိုးကပ်လာတဲ့  သူမ မျက်ဝန်းတွေကိုကျွန်တော်ဘာသာပြန်နေမိတယ်၊သိမ်ငယ်နေ၊
ဝမ်းနည်နေတဲ့  သူမ မျက်ဝန်းတွေကိုဥပက္ခာပြုဖို့ ဘယ်လိုမှဆုံးဖြတ်လို့ မရပါဘူး၊အသေချာဆုံး
က ကျွန်တော် သူမ ရဲ့ အတွေးအခေါ်၊အယူအဆတွေ၊သနားဂရုနာမှုတွေနဲ့ ပိုချစ်မိသွားတယ်ဆို
တာပဲ..
သူမ ဆီကဖြည်းညင်းစွာပွင့် ထွက်လာတဲ့ စကားတခွန်းက သူမကိုစိတ်ပျက်သွားရင် ထားခဲ့ လို့ 
ရကြောင်း၊အဲဒီအတွက် သူမ စိတ်ဆိုးမည်မဟုတ်ကြောင်း၊သူမ ခွင့် လွတ်ကြောင်းကိုပြောပြီးနှုတ်
ဆိတ်နေတယ်၊ ကျွန်တော် သူမ အနီနားကိုဒူထောက်ထိုင်လိုက်ပြီ သူမ မေးဖျားလေးကိုဆွဲယူပြီ
သူမ ရဲ့ နှုတ်ခမ်းဖူးဖူး လေးကိုခပ်ဖွဖွလေးနမ်းပြစ်လိုက်တယ်၊တစိမ်းတရံယောင်္ကျားလေးဖြစ်တဲ့
ကျွန်တော်ရဲ့ အနမ်းဟာ သူမ အတွက်ပထမဆုံးဖြစ်တယ်ဆိုတာ ရှက်သွေးဖြာပြီး အံသြသွားတဲ့ 
သူမ မျက်နှာလေးက သက်သေပြနေပါတယ်၊..
ဒီလိုနဲ့  သူမ နဲ့ ကျွန်တော် အွန်လိုင်းပေါ်တွင်မက သူမ မိဘတွေခရီးထွက်ချိန်များမှာ သူမ အိမ်ရှေ့ 
အုတ်ခုံတွေ့ တွင်မကြာခဏတွေဖြစ်ကြပါတယ်။ သူမ ကိုကျွန်တော်ပိုမိုအထင်ကြီးလေစားသွားတဲ့ ကိစ္စ
တခုရှိပါသေးတယ် သူမ ခြေထောက်နှစ်ဖက်ပြတ်တဲ့ ကိစ္စဟာ သူမ အိမ်ရှိ ကားဆရာတယောက်
ကားပြင်နေတုန်း ကားဘရိတ်ပြုတ်ပြီ သူမ အိမ်က အိမ်ဖော်ရဲ့  ခလေးကို တိုက်ကာနီး သူမ ၀င်ကယ်
ရင် ခြေထောက်နှစ်ချောင်းပေါ် ကာဖြတ်ကြိတ်ရင်း ဖြတ်ပြစ်လိုက်ရတာပါ...
ကျွန်တော်နဲ့  သူမ ဇတ်လမ်းဟာ သိပ်တော့ မကြားလိုက်ပါဘူး၊မကြာခင် သူမိဘတွေ သိသွားပြီ
ကျွန်တော်တို့  နှစ်ယောက်ရဲ့  ဇတ်လမ်းဟာတခန်းရပ်ဖို့ အကြောင်းဖန်လာပါတယ်..
သူမိဘ အသိုင်းအ၀ိုင်း အထင်မှာ ကျွန်တော်ဟာ ရပ်ကွပ်ထဲက ဂိုဏ်စတားတယောက်၊ပိုင်းလုံးတယောက်
လို့  ထင်ကောင်း ထင်နေမိမှာအမှန်ပါပဲ။ကျွန်တော်နာလည် ပေးလို့ ရပါတယ် ဘယ်မိဘ မဆို
မိမိတို့ ရဲ့ ဒုက္ခတ သမီးတယောက်ကို ကျွန်တော်လို လမ်းသရဲ့ ပုံစံတယောက်ကအတည်ယူပေါင်းသင်း
နိင်မယ်ဆိုတာ ယုံကြည်မယ်ဆိုတာမထင်ပါဘူး၊ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သူမ ကိုချစ်သလို၊သူမလည်
ကျွန်တော်ကို ချစ်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်နေပါတယ်.ကျွန်တော် သူမ နဲ့ တွေ့ ရဖို့  အမျိုးမျိုး
မိုက်မဲစွာ ကြိုးစာနေမိပါတယ်၊တနေ့ တော့  တဦထဲသော ဒုက္ခသယ် သမီးတယောက်ရဲ ဖခင်တဦရဲ့ 
ပညာပေးတခုမှာ ကျွန်တော် ကျရှုံးခဲ့ ရပါတယ်..............
သူငယ်ချင်း တချို့ နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း သူမ ရပ်ကွပ်ထဲက့ ချာတိတ်တယောက်က
သူမ ကျွန်တော်နဲ့ တွေ့ ချင်ကြောင်းပြောခဲ့ တယ် ၊ကျွန်တော် လိုက်သွားတော့  ထင်သလိုဖြစ်မလာခဲ့ ပါဘူး
သူမ ရဲ့ ဖခင် ထောင်ချောက်ထဲရောက်သွားတယ်ဆိုတာသိလိုက်ရတယ်.သူမ ဖခင်ရဲ့ လူယုံ
၃ယောက်ရဲ့  လက်ချက်နဲ့  ကျွန်တော် ၀မ်းဗိုက်ထဲ ဓားဝင်သွားပြီ မြောင်းထဲကျသွားတာပဲသိလိုက်ရတယ်
ကျွန်တော်ဆေးရုံပေါ်မှာ သတိရလာချိန်မှာတော့  သူမ တို့ မိသာစု ကျွန်တော်ရဲ့ အဝေးဆုံးကို
ရောက်သွားပြီဆိုတာကို သိလိုက်ရတယ် ၊ ဘာကြောင့် လည်ဆိုတော့  သူမ တို့ အိမ်ပြောင်းသွား
ကြရင် လမ်းမှာကား accident့ ဖြစ်သွားကြလို့ ပါ..
ကျွန်တော်ဟာ ဓားဒဏ်ရာအတွက်နာကျင်မှု၊ သူမ ဖခင်အတွက် နာကျဉ်းမှု တွေမရှိအပဲ
သူမ နဲ့ ခွဲခွာရတဲ့ အတွက် နာကျင်ခံစားနေတယ်ဆိုတာ  တမလွန်က သူမ သိခဲ့ လျှင်............
Sunday, August 21, 2011
*မေမေ့ရဲ့ အနှိုင်းမဲ့ အချစ်*
စုယဉ်တို့ မိသားစု...နွေကျောင်းပိတ်ရက်မို့ အပန်းဖြေခရီးထွက်လာခဲ့ကြသည်။
ကံကြမ္မာကစုယဉ်တို့ မိသားစုအပေါ်ဆိုးရွာလှတဲ့ကံကြမ္မာမိုးတွေရွာချလိမ့်မယ်လို့ ဘယ်သူမှမသိခဲ့ဘူးလေ။
စုယဉ်လေးရဲ့ ဖခင်ဦးထွန်းရင်မှာတက်သစ်စ စီးပွါးရေးလုပ်ငန်းရှင်တယောက်ဖြစ်သည်မို့ ....
စီးပွါးရေးပြိုင်ဘက်တွေရဲ့ ကောက်ကျစ်မှု့ ကြောင့်ဒီမိသားစုလေးရဲ့ ပျော်စရာခရီးလေးကိုဖျက်စီးလိုက်ချေပြီ။
                    >........................................................................................................................../strong>
ရုတ်တရက်လမ်းကွေ့ တခုမှာမောင်းလာတဲ့ ..အရှိန်လေးထိန်းဖို့ ..ဘရိတ်နင်းမိတဲ့ ..ဦးထွန်းရင်တယောက်မျက်လုံးပြူးသွားသည်။
ဘရိတ်ပေါက်နေပြီလေ........လမ်းခရီးကသူမောင်းနေကြနေရာမဟုတ်တော့...ကားမောင်းရတာမကျွမ်းဝင်သလိုဖြစ်နေလေသည်။
အရှိန်ကို..သတ်မရတဲ့ အဆုံး......ဂီယာပြောင်းပြီးဖြစ်ရာဖြစ်..စီယာတိုင်ကိုဆွဲလှည့်လိုက်မိသည်။
ဘေးမှလိုက်ပါလာသော..ချစ်ဇနီးနဲ့..ချစ်သမီးလေးကိုမျက်စိမမှိတ်ကြည့်ရင်း.......
ဒေါ်စုစုမင်းကတော့...အခြေနေကိုနားလည်လိုက်ပြီမို့ ...သမီးလေးကိုမထိခိုက်မိအောင်....ပွေ့ ဖက်ကာကွယ်ရင်း..............
သမီးလေး..သမီးလေးပါးစပ်ကအဆက်မပြတ်ခေါ်ဆိုရင်း..ဒေါ်စုစုမင်းနိုးလာသည်။
ပါးစပ်ကခေါ်နေတာကိုသူတယောက်သာသိနိုင်တယ်လေ....ဘာလို့ လဲဆိုတော့...ဒေါ်စုစုမင်းဘဝတလျှောက်လုံးစကားမပြောနိုင်တော့ပြီလေ။
အခန်းထဲသူနာပြုဆရာမလေးတယောက်ဝင်လာသည်။
သူမရဲ့ အာရုံကျောတွေလွဲချော်မှု့ ကြောင့်စကားပြောလို့မရတော့ကြောင်း.....
လင်ယောကျာင်္းဖြစ်သူကတော့...ပွဲချင်းပြီးဆုံးပါးသွားပြီဖြစ်ကြောင်း....
သမီးလေးစုယဉ်ကတော့...ဘာတခုမှဆိုးရိမ်ဖွယ်ရာမဖြစ်ကြောင်းပြောပြရင်း.....ပြန်လည်ထွက်ခွါသွားသည်။
သူမမျက်ရည်ကျယုံကလွဲပြီးဘာမှမတက်နိုင်ဘူးလေ........စိတ်ရှိလက်ရှိအော်ချင်သော်လဲ..အသံတွေကထွက်မလာခဲ့တော့....
ကျိတ်မှိတ်ခံစားရင်း...........သတိရလိုက်တာကသူ့ သမီးလေးတွက်ပျော့ညံ့နေလို့ မရဘူးဆိုတာကိုလေ။
ဆွေမျိုးသားချင်းလဲမရှိတဲ့ဒီမိသားစု..ခုလိုကြုံတွေ့ ရပြန်တော့..ဒီသမီးလေးရှေ့ မှာမားမားမတ်မတ်ရပ်တည်ပေးနေဖို့ ...
သူမမျက်ရည်တွေကျပြနေလို့ မရဘူးလေ...မျက်ရည်ကိုစုတ်အံကိုကျိတ်ရင်းဖြင့်သာ........................
စီးပွါးရေးကိုဆက်လက်မလုပ်ဆောင်နိုင်တော့ပဲ...လူယုံတော်တွေလက်ကနေ..အရှူံးတွေသာပေါ်လာခဲ့တာတွေကိုစိတ်ဓါတ်မကျပဲသမီးလေးမျက်နှာကြည့်ပြီး...အရာရာရင်ဆိုင်နိုင်ခဲ့တယ်....
သားမိနှစ်ယောက်တနေ့ ဝမ်းစာရအောင်...ရှာနိုင်ခဲ့ တယ်။
သမီးလေးကခုဆိုအထက်တန်းကျောင်းသူဘဝတောင်ရောက်နေပေါ့..........
နေ့ စဉ်နေ့ တိုင်းကျောင်းရှေ့ ထိလိုက်ပို့ နေကြမို့ ...ရိုးနေပါပြီ......
အမြဲအမူယာလေးနဲ့ ပြောတတ်တာက...သမီးစာကောင်းကောင်းသင်ကြားဖတ်မှတ်ပါဆိုတာပေါ့။
စုယဉ်အတွက်ငယ်ဘဝထဲကမိခင်  အ အနဲ့ အတူနေခဲ့ ရတာမို့ ..နားလည်နေပါပြီ။
အတန်းထဲမှာလဲမိခင်စကားမပြောတတ်တာကိုနှိမ်ချပြောဆိုတာလေးတွေခံနေရတဲ့ စုယဉ်ဟာလူငယ်ပီပီ...
စိတ်ဓါတ်မခိုင်မာပဲ....မကောင်းတဲ့ စိတ်တွေဆီကိုကူးပြောင်းသွားခဲ့ပါပြီ....
မကောင်းတဲ့သူငယ်ချင်းတွေကြောင့်..မကောင်းတဲ့ ရည်းစားတယောက်ရခဲ့ပါတယ်....
ဒီလိုပဲနေ့ စဉ်နဲ့ အမျှမိခင်အ အကြီးထိန်းသိမ်းမှု့ အောက်ကထွက်ပြေးချင်တဲ့ ..
စုယဉ် ရည်းစားဖြစ်သူကောင်လေးနောက်လိုက်ပါသွားခဲ့ပါတော့တယ်.......
မိခင်ခမျာ..အရူးတပိုင်းပေါ့...သူ့ သမီးလေးကသူ့ ကိုအ အကြီးလို့ နှိမ်ချမှု့ ကိုဗွေမယူပဲ..သမီးလေးကိုလိုက်လံရှာဖွေတာပေါ့လေ.....
ဒါပေမဲ့ သမီးအလိမ္မာလေးကမိခင်အ အနဲ့ အတူမနေချင်ဘူး...
နောက်လဲလာမခေါ်နဲ့ဆိုပြီးပစ်ပစ်ခါခါပြောဆိုလွှတ်လိုက်လေသည်။
အခါခါကြိုးစားပေမဲ့ ....သမီးလေးကိုသနားတာကြောင့်သူမတယောက်ထဲဖြစ်သလိုလေးနေထိုင်လာရင်း....
ဒီနေ့ သူမသမီးလေးမွေးနေ့ .........သမီးလေးတွက်မွေးနေ့ ကိတ်မုန့် လေးကိုင်ကာသမီးလေးအိမ်ကိုသွားဖို့ ..အိမ်ကအထွက်....
အိမ်ရှေ့ပေါက်မှာလဲလှောင်းကျနေတဲ့ မိန်းခလေးတယောက်.....
ကိတ်မုန့် ဗူးလေး...ဘေးအသာချကာ...ထိုမိန်းခလေးအားအသာပွေ့ ချီလိုက်ပါသည်။
သမီ်းလေးစုယဉ်....သမီးလေးမှ..သမီးလေးစစ်စစ်။
လက်ကောက်ဝတ်မှသွေးတွေအဆက်မပြတ်ထွက်လို့ ...ဘေးဘီဝဲယာအကူညီတောင်းကာဆေးရုံသို့ ပို့ ဆောင်ခဲ့ ပါတယ်။
သွေးထွက်လွန်ပြီးသွေးလိုအပ်နေတဲ့ စုယဉ်တွက်..ဒေါ်စုစုမင်း..သူမခန္ဒာကိုယ်ထဲမှသွေးတွေမျှဝေပေးရန်...ဆရာဝန်အားပြောဆိုပြီ...
စုယဉ်ကုတင်ဘေးမှာကပ်ကာ..သွေးတွေးပိုက်ချောင်းလေးထဲဆီးဝင်နေတဲ့ ပုံရယ်..
သမီးလေးမျက်နှာရယ်ကိုငေးမောရင်.....အိပ်ပျော်သွားပါတော့တယ်။
စုယဉ်သတိပြန်လည်လာသည်....လက်မှနာကြင်မှု့ ကိုသတိရလိုက်သည်။
ယောကျာင်္းဖြစ်သူဆူပူချိုးနှိမ်မှု့ တွေအောက်မှာမခံနိုင်လို့ ကိုယ့် ကိုကိုယ်သေကြောင်းကြံကာလက်ကောက်ဝတ်မှသွေးကြောများကိုဓါးဖြင့်လှီးဖြတ်နေစဉ်......
နင်သေချင်ရင်ဒီမှာလာမသေနဲ့ ....နင့်အမေအ အမကြီးအိမ်မှာသွားသေ...ငါလိုက်ပို့ မယ်.....ဆိုတဲ့ ရက်စက်လှတဲ့ လင်ယောကျာင်္းရဲ့ စကားသံကိုနောက်ဆုံးသာကြာခဲ့ရသည်။
ခုရော...ငါဘယ်ရောက်နေတာလဲ.....ဘေးကိုလှည့်ကြည့်လိုက်တဲ့ အခါမှာတော့....
စုယဉ်မထင်မှတ်တဲ့ ...မေမေ.....လက်ကသွေးပိုက်တန်းလန်းနဲ့ ....မေမေဘာများဖြစ်လဲလို့ ..သွေးပိုက်လာရာလမ်းအတိုင်း...ကြည့်လာရာ.....သွေးပိုက်ထဲကစီးဆင်းနေတဲ့ သွေးရေတွေကစုယဉ်ခန္ဒာထဲသို့ ဦးတည်နေပါလား.................
မွေးကထဲကဒီသွေး......ခုလဲဒီသွေးနဲ့အသက်ဆက်ရှင်ဖို့ ......
သူများတွေသူမကိုချိုးနှိမ်နေချိန်အပြုံးတွေနဲ့အမြဲနှစ်သိမ့်တတ်တဲ့ မေမေ။
သူများတွေမပေးနိုင်တဲ့ နွေးထွေးမှု့ မျိုးကိုပေးခဲ့တဲ့ မေမေ......
မေမေဟာဘာပဲဖြစ်နေပါစေ.....သမီးအပေါ်မှာတော့...မေမေထက်ကောင်းနိုင်တဲ့ လူသားဒီလောကမှာမရှိနိုင်တော့ပါဘူး။
စုယဉ်သေချာသဘောပေါက်နားလည်လိုက်ပါပြီ။
နောင်တများနဲ့စုယဉ်...မေမေသတိရလာချိန်မှာ.....မေမေ့ ကိုပွေ့ ဖက်တောင်းပန်ကန်တော့မယ်ဆိုတဲ့အတွေးနဲ့ ......သူအမှားတွေကိုပြန်လည်ပြုပြင်မယ်လို့ စိတ်ဆုံးဖြတ်ချနိုင်သွားခဲ့ပါပြီ။မိခင်ရဲ့ အနမ်းပွင့်လေးကိုမျှော်နေလင့်နေရင်း..
သူငယ်ချင်းတို့ ရေ...သက်ထားဒီပို့ စ်လေးကို..ထိုင်းနိုင်ငံအမေများနေ့ အမှတ်တရရေးသားခဲ့တာပါ။
ဒီပို့ စ်လေးကိုဖတ်ပြီး.....မိခင်မေတ္တာကိုသေချာသဘောပေါက်နိုင်ကြပါစေ....
နောက်ပြီ...ငယ်ရွယ်တဲ့ အချိန်ခါမှာ..လူပေါင်းမမှားမိစေဖို့ ..မှတ်ထားကြပါနော်။
(သက်ထားရဲ့ ဝတ္ထုများ၊ဆောင်းပါးနှင့် ကဗျာများကိုရွှေမြန်မာဥယျာဉ်နှင့် 
အခြာning ဆိုက်များတွင်ဖက်ရှုနိင်ပါသည်၊အောက်ကမူဗီဖိုင်လေက
တော့ ထိုင်နိင်ငံမှာနာမည်ကြီးတဲ့ ဆွံ့ အ နားမကြာ ဖခင်တယောက်ရဲ့ 
မေတ္တာကိုဖော်ညွန်းထားတဲ့ မူဗီလေးပါ၊ကိုပီတာဘလောက်မှာဖော်ပြ
ထားပါသေးတယ်၊အပေါ်က စာဖက်ပြီစိတ်မကောင်းဖြစ်ပြီးအောက်ကမူဗီလေးကြည့် 
ပြီး မျက်ရည်ဝဲမိပါတယ်)
Friday, August 19, 2011
" အိသဲဖြူ"ကိုတွေ့ ရင်ပြောပေးကြပါ......
ဒဿမတန်းကျောင်းသာဘ၀က ကျွန်တော်ကိုယ်တွေ့ အဖြစ်အပျက်လေးပါ၊ကျွန်တော်အတွက်
အမြဲတမ်းနောင်တရနေမယ့် အဖြစ်အပျက်ဆိုလျှင်မမှားပါဘူး၊ဘာကြောင့် လည်းဆိုတော့ ဒဿ
မတန်း(B)ခန်းထဲတွင်မျောက်လောင်းဘွဲ့ ရထာပြီးဆိုးသွမ်းလူငယ်ကျောင်းသာစာရင်းထဲမှာကျွန်
တော်ပါဝင်ပါတယ်၊အဖြစ်အပျက်လေးကဒီလိုပါ ကျွန်တော်တို့ ကျောင်းသာဘ၀ဖြတ်သန်းဖူရင်
သိပါလိမ့် မယ်၊စာသင်ခန်းထဲမှာ ကျန်စစ်သား၊ အလောင်းဖုရား၊အနော်ရထာ၊ဘုရင့် နောင်စ
သည့် အဖွဲ့ များဖွဲ့ ပြီးအခန်းသန့် ရှင်းရေး၊သောက်ရေအိုးရေဖြည့် ၊အခန်းတံခါးစောင့်ပိတ်တဲ့ 
အလုပ်များကိုအဖွဲ့ လိုက်၊အဖွဲံ့ လိုက်တာဝန်ခွဲယူတက်ကြပါတယ်၊။
ကျွန်တော်ရဲ့ ကျန်စစ်သားအသင်းနောက်ဆုံးနေ့ မှာအသင်းကျသူငယ်ချင်းအချို့ နဲ့ နောက်ဆုံး
နေခဲ့ ပြီးကျောင်းခန်းပြတင်းပေါက်တံခါးများ၊တံခါမကြီးများပိတ်ဖို့ အတွက်ကျန်ရစ်ခဲ့ပါတယ်
ဒီလိုနဲ့ ဆရာမနဲ့ တကွ၊ကျောင်းသား၊ကျောင်းသူများထွက်သွားတော့ ကျွန်တော်နဲ့ သူငယ်ချင်း
များအခန်းတွင်းနောက်ပြောင်ပြီးခုံများပေါ်တွင်ပြေးလွားနေပါတယ်အဲဒီအချိန်မှာမထင်မှတ်ပဲ
ကျွန်တော်ကြောင့်  အိသဲဖြူ ဆိုတဲ့ ကျောင်းသူအမထိုင်နေတဲ့ ခုံဟာခြေထောက်တချောင်းကြိုး
သွားပါတယ်၊ဒါနဲ့ ကျွန်တော်လည်မသိမသာပြန်ဆက်ပြီအသာထားခဲ့ ပါတယ်၊နောက်နေ့ မနက်
ရောက်တော့ ဘုရင်နောင်အသင်းကခေါင်ဆောင်ဖြစ်တဲ့  ကိုထွန်းဆိုတဲ့ သူရဲ့ အလှည့် ပါ၊သူက
တော့ စောစောစီစီအခန်းသန့်ရှင်းရေးလုပ်လေ့ ရှိပါတယ်၊ခုံများကိုဖယ်ပြီသန့် ရှင်းရေးလုပ်
တော့ အိသဲဖြူ ထိုင်ခုံကြိုးနေတော့ သူလည်ပြန်ဆက်ပြီအသာထားခဲ့ တယ်၊ဒါကိုကျောင်း
သာတယောက်ကမြင်ပါတယ်၊သူလာပြီထိုင်တော့ ဘာမှမဖြစ်သေးပါဘူ နောက်အတန်းပိုင်
ဆရာမရောက်တော့ အားလုံးထပြီနှုတ်ဆက်ပြီ ပြန်ထိုင်ချိန်မှာတော့ အိသဲဖြူ နေရာမှာ
နောက်ပတ်လက်လန်လှဲကြပြီး အားလုံးအတွက် အမြင်မတော်ဖြစ်သွာပါတယ်.သူကိုအား
လုံးဝိုင်းကြည့် နေတော့ သူလည်းရှက်တာနဲ့ လွယ်အိတ်ယူပြီစာသန်ခန်းထဲကငိုပြီးထွက်ပြေး
သွားခဲ့ တယ်၊အဲဒီမြင်ကွင်းဟာကျွန်တော်အတွက်တသက်မမေ့ နိင်ခဲ့ ပါဘူး၊ဆရာမလည်း
နောက်ကလိုက်ခေါ်ပါသေတယ်ဒါပေမယ့် နောက်လှည့် မကြည့် ပဲတခါထဲထွက်ခွာသွားပါ
တယ်။
ဆရာမ တရာခံရှာတော့ ခုံကြိုးဆက်တာကိုမြင်တဲ့ ကျောင်းသာကဖွင့်ပြောလိုက်တော့ ကို
ထွန်းလည်ငြင်းမရပဲကျောင်းအုပ်ကြီရုံခန်းရောက်၊ခံဝန်ချက်လက်မှတ်ထိုး၊အရိုက်ခံရနဲ့ ကို
ထွန်းလဲနောက်နေ့ ကစပြီးကျောင်းကိုမလာတော့ ပါဘူး၊ကျွန်တော့ ရဲ့ တွေဝေမိုက်မဲမှုကြောင့် 
ကျောင်းသာနှစ်ယောက်ဟာပျော်ရွှင်စွာနဲ့ ကျောင်းတက်ရမယ့် အချိန်မှာ စောစီစွာကျောင်း
ထွက်ရပြီးလုပ်ငန်ခွင်ထဲရောက်သွားပါတယ်၊ထိုအချိန်ကကျွန်တော်ဟာပြဿနာအတွက်
တာဝန်ယူပြီဖြေရှင်းခဲ့ ရင်သူတို့ နှစ်ယောက်ရဲ့ ဘ၀ဟာတမျိုးတမည်ပြောင်လဲသွားနိင်ပါတယ်
ယခုကျွန်တော်အသက်ဟာနောက်ဒီဇင်ဘာ၂၂ရက်ဆိုလျင်၂၆နှစ်ပြည့် တော့ မည်လူရွယ်
ဘ၀ကိုရောက်နေပါပြီအသက်ကြီးပြီအတွေးအခေါ်ရင့် ကျက်လာလေအဲဒီအတွက်နောင်တ
တရားပိုကြီလာလေပါပဲ၊ပထမတခေါက်ပြည်တော်ပြန်ခရီးမှာကိုထွန်းနဲ့ ပြန်တွေ့ ပြီးအဖြစ်အ
ပျက်များကိုပြန်ပြောပြီတောင်ပန်တော့ ကိုထွန်းက ကျွန်တောကိုခွင့် လွတ်ခဲ့ ပါတယ်..
ဒါပေမယ့်  အိသဲဖြူ အကြောင်းစုံးစမ်းကြည့် တော့  ထိုင်းနိင်ငံ မဲဆောက်ရောက်နေပြီး
ခန္ဒာကိုယ်နဲ့ ရင်နှီးပြီ ဘ၀ကိုရုန်းကန်းနေရတယ်လို့ သတင်းကြားပါတယ်၊ကျွန်တော်နားထဲ
ကိုမိုးကြိုးပစ်လိုက်သလိုတှုန်လှုပ်သွားခဲ့ မိတယ်၊ဘာကြောင့် လည်ဆိုတော့ အိသဲဖြူ ဆိုတဲ့ 
အမကစာကြိုးစားပြီး အနေအေးတဲ့ အမတယောက်ဖြစ်တဲ့ အတွက်ပါ။ကျွန်တော်ကြောင့် 
ဒီဘ၀မျိုးရောက်သွာနိင်တယ်လို့ ပြောလို့ ရပါတယ်....
အကယ်၍များ အိသဲဖြူ ၇ဲ့ သူငယ်ချင်းများ၊ဆွေမျိုးသာချင်းမျာဒီစာကိုဖက်မိခဲ့ ရင် အိသဲဖြူ
ကိုတွေ့ ရင်ပြောပေးကြပါ၊ကျွန်တော်ကို ခွင့် မလွတ်ပဲ ၊ကျိန်စာများနဲ့ သာထိုက်တန်သူတ
ယောက်ဖြစ်ကြောင်းပြောပေးပါ...
ယခုအခါတွင်လည်ကျွန်တော်ငမိုက်သားဟာနောင်တ ဆိုတဲ့ ကျိန်စာများနဲ့ ပျော်ရွှင်မှုတွေ
ခမ်းချောက်နေပါပြီ.........
နောက်ဆုံး အနေနဲ့ သူငယ်ချင်းတို့ ကိုပြောချင်တာကတော့ ပြဿနာတခုဖြစ်လာရင်တာဝန်
ယူပြီဖြေရှင်းတောင်ပန်တက်ကြပါစေ................
Thursday, August 18, 2011
မျက်ရည်ကျဖွယ် အဖြစ်အပျက်
ကျွန်တော့်အမျိုးသမီး အိုက်ကျန်းဟာ တစ်ခုသော ဆောင်းရာသီမှာ ကွယ်လွန်သွားခဲ့ပါတယ်...သူမက သွေးကင်ဆာဝေဒနာရှင်ပါ၊ ဆေးရုံတက်ပြီး အလွန်တိုတောင်းတဲ့ သုံးလကြာကာလအတွင်း ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။
ကျွန်တော် သူမကို ဆေးရုံကနေ အိမ်ကို ပြန်ခေါ်လာတဲ့  နှစ်သစ်ကူးရက် တစ်ရက်မှာ... သူမက လိုအပ်တာတွေ သိမ်းဆည်း၊ အ၀တ်အစားတွေကို ခေါက်သိမ်း၊ ပြီးတော့ သူမရဲ့ မှတ်ပုံတင်တွေနဲ့ အရေးကြီးစာရွက်စာတမ်းတွေထားတဲ့ နေရာကို ကျွန်တော့်ကိုပြပါတယ်။ နောက်ပြီး သူမရဲ့ ရှိသမျှ ဓာတ်ပုံတွေ အကုန်လုံးကိုလဲ သိမ်းလိုက်ပါသေးတယ်။ အဲဒီနောက် လက်ဆွဲအိတ်ကို ကိုင်လိုက်ပါတယ်။ သူမရဲ့ သမီးဖြစ်သူနဲ့ နှုတ်ဆက်စကားဆိုပါတယ်။ ၁ နှစ်ခွဲ အရွယ်သာ ရှိသေးတဲ့ ၀မ်ဝမ်လေးဟာ အံ့သြတဲ့ အမူအရာလေးနဲ့ ခေါင်းမော့ပြီး မိခင်ဖြစ်သူကို မေးလိုက်ပါတယ် "မေမေ...ဘယ်သွားမလို့လဲ "
     " မေ့မေ့ရဲ့ အသည်းတုံးလေး....ရတနာလေးရယ် " ဆိုပြီး အိုက်ကျန်းဟာ မြေကြီးပေါ် ဒူးထောက်ထိုင်လိုက်ပါတယ်။ "မေမေ့ကို မွှေးမွှေးပေး ပါကွယ်... မေမေ နိုင်ငံခြားသွားရတော့မယ် "
    သူတို့ သားအမိ နှစ်ယောက်ရဲ့မျက်နှာမှာတော့ ၀မ်းနည်းမှုတွေကို အထင်းသားတွေ့နေရပါတယ်။ အိုက်ကျန်းရဲ့ ပါးနှစ်ဖက်မှာတော့ မျက်ရည်တွေစီးဆင်းလို့ပါပဲ။
    အငှားယာဉ်ပေါ်မှာ... ကျွန်တော့် ဇနီးဖြစ်သူဟာ ရှိုက်ကြီးတင်ငိုကြွေးပါတယ်... ဆိုဖာထက်မှာ လူးလိမ့်ရင်း အော်ဟစ်ငိုကြွေးပါတယ်။ ကျွန်တော်က တစ်ဘက်က ကားသမားကို အမြန်မောင်းခိုင်း... တစ်ဘက်ကလည်း ဇနီးဖြစ်သူကို ရင်ခွင်ထဲမှာ နှစ်သိမ့်ရင်း သူမရဲ့ နာမည်ကို ရွတ်ဆိုနေမိပါတယ်။ ဒါပေမဲ့ ကျွန်တော်သဘောပေါက်သွားတာက... ဘယ်လိုမိခင်မျိုးမှ သူမလို စိတ်ခိုင်ခိုင်ထားဖို့ မလွယ်ပါလား ဆိုတာကိုလေ။
    ဇနီးဆုံးပြီး ရက်နှစ်ဆယ်ကျော်လောက် ကြာတော့... နိုင်ငံခြားကနေ ပထမဆုံးစာတစ်စောင် သူမရဲ့ နာမည်နဲ့ ရောက်လာပါတယ်။ စာအိတ်ပေါ်မှာ တံဆိပ်ခေါင်းကပ်ထားပါတယ်...စာအိတ်နောက်မှာတော့ နေ့စွဲကို ရေးထားပါတယ်။ ကျွန်တော်က စာအိတ်ကိုဖွင့်ပြီး ၀မ်ဝမ်လေးကို ဖတ်ပြပါတယ် ....
    "ချစ်သမီးလေး.... ၀မ်ဝမ်လေးရေ...မေမေ့ကို သတိရရဲ့လား... မေမေလဲ သမီးကို သတိရပါတယ်၊ နေ့တိုင်းသတိရပါတယ်ကွယ်၊ မေမေက အခု နိုင်ငံခြားကနေ သမီးကို စာပို့လိုက်တာ၊ နောက်ထပ်ဒီမှာ အကြာကြီးထပ်နေရဦးမယ်..ပြီးမှ ပြန်လာနိုင်မှာလေ... မေမေမရှိတဲ့ အချိန်မှာ... ၀မ်ဝမ်လေးက ဖေဖေ့စကားနားထောင်ရဲ့လား...ပြီးတော့ ဒေါ်လေးစကားကိုလဲ နားထောင်ရမယ်နော်"
    နောက်ဆုံးစာကြောင်းက "မေမေ သမီးကိုပွေ့ဖက်ထားမယ်သမီးရယ် "
    ဒီစာတွေ အားလုံးကို ကျွန်တော် ရေမွှေးလက်ကိုင်ပုဝါနဲ့ သေသေချာချာ သိမ်းထားပါတယ်။ စာစုစုပေါင်း ၁၇ စောင် တိတိပေါ့။ တစ်ပတ်ခြားတစ်ခါ ဒီစာတွေထဲက စာတစ်စောင်စီ ရရှိခဲ့ပါတယ်။ စာထဲမှာတော့ အိုက်ကျန်းက အခမ်းအနား ပွဲတော်တွေတက်ရင် ဘယ်လို အ၀တ်တွေ ၀တ်ဆင်ရမယ်... ဂတ်စ်ကုန်ရင် လဲရမဲ့နေရာ...ကလေးရဲ့ ပညာရေးနဲ့ဆိုင်တဲ့ သင်ကြားမှုစံနစ်တွေ..အာဟာရပြည့်အောင် ကျွေးမွေးဖို့တွေ... စသဖြင့် စုံလို့ပါပဲ ။ ဒီစာတွေကို ဖတ်ရင်းနဲ့...ကျွန်တော်မျက်ရည်မကျအောင် ထိန်းခဲ့ရပါတယ်။
    ကလေးက အမေဖြစ်သူကို သတိရတဲ့ အခါ .... အိုက်ကျန်းရဲ့စကားတွေနဲ့ ကလေးအငိုတိတ်အောင် နှစ်သိမ့်ပေးခဲ့ရပါတယ်။ ကလေးကလဲ သူမ မိခင်ကို နိုင်ငံခြားမှာ ရှိနေတယ်လို့ပဲ ထင်နေပါတယ်။ ပြီးတော့ သူမ မိခင်ရဲ့ စာတွေမျှော်လိုက်ရတာလဲ အမောပါပဲ။
    ၉ စောင်မြောက် စာမှာတော့၊ အိုက်ကျန်းက ကျွန်တာ့်ကို ၀မ်ဝမ်လေးအတွက် မိခင် အသစ်တစ်ယောက်ရှာဖို့ တိုက်တွန်းပါတယ်။ သူမနေရာမှာ အစားထိုးမဲ့ လူတစ်ယောက်ပေါ့။ "ရှင် အိမ်ထောင်ထပ်ပြုပါ...စိတ်မကောင်းမဖြစ်ပါနဲ့... ကျွန်မကလဲ ရှင့်ဇနီးပါပဲ " လို့ စာထဲမှာ ရေးထားပါတယ်။
    ၁ နှစ်ကြာပြီးနောက်၊ မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးလို့ ကျွန်တော့်ရဲ့ ဒုတိယဇနီး ရလိနဲ့ သိကျွမ်းခဲ့ရတယ်။ သူမဟာ တစ်ခုလပ်ပေမဲ့.. ...အမူအရာ...ပုံစံ အသွင်အပြင်ကတော့ အိုက်ကျန်းနဲ့ အတူတူပါပဲ...မတူတာကတော့ သူမက ကလေးမရနိုင်တော့ပါဘူး...ပြီးတော့ ကလေးအတွေ့အကြုံလဲမရှိပါဘူး.... ကျွန်တော်သဘောကျတာက..သူမဟာ ရိုးသားပြီး သွက်လက်ချက်ချာတယ်လေ။ ကျွန်တော်နဲ့ ရလိတို့ဟာ သမီးလေး ၀မ်ဝမ်အကြောင်းကို ပြောဖြစ်ကြတယ်။ ပြီးတော့ သူမရဲ့ သဘောထားကိုမေးကြည့်တဲ့အခါ ရလိက "ကျွန်မစမ်းကြည့်ချင်တယ် ... ကျွန်မကို ၀မ်ဝမ်နဲ့ တွေ့ဖို့ ခေါ်သွားပေးလေ...ဒါမှ ကျွန်မကို သူသဘောကျမကျ သိရမှာပေါ့" လို့ပြောပါတယ်။
    ဧပြီလကုန်လောက်မှာ .... ကျွန်တော်က ၀မ်ဝမ်ကို သူမအမေ နောက်ဆုံးအနေနဲ့ ရေးပို့လိုက်တဲ့ စာတစ်စောင်ကို ဖတ်ပြလိုက်ပါတယ်။
    "ချစ်သမီး လေးရေ... သမီးကို သတင်းကောင်းတစ်ခုပြောပြရမယ်... မေမေ စာသင်တာ ပြီးသွားပြီ....အဲဒါမေမေ ပြန်လာရတော့မယ်...ဖေဖေနဲ့ သမီးလေးတို့ကို ပြန်တွေ့ရတော့မယ် သမီးရဲ့ ... သမီးဝမ်းမသာဘူးလား ...ဒီလောက်အချိန်ကြာပြီဆိုတော့ သမီးလေး မေမေ့ကို မှတ်မိပါဦးမလား... "
    နေသာလေလာတဲ့ တစ်နေ့မှာတော့.... ကျွန်တော်က ဇနီးဖြစ်သူ ရလိကို အိမ်ကို ခေါ်လာခဲ့ပါတယ်။
    "၀မ်ဝမ်လေးရေ.." လို့ကျွန်တော်ခေါ်လိုက်တဲ့ အသံဟာ တုန်ယင်နေတယ်လို့ ခံစားမိပါတယ်။ "သမီးမေမေပြန်လာပြီ... လာကြည့်ပါဦး "
    ရလိက သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့လိုက်ပြီး ... ရင်ဘတ်ထဲမှာ သူမရဲ့ပုခုံးကို ပုတ်ပေးလိုက်ပါတယ်။ ရလိက ကျွန်တော့်ကို လှမ်းကြည့်လိုက်ပါတယ် ...သူမမျက်ဝန်းထဲမှာလဲ မျက်ရည်များစွာနဲ့ပေါ့။
    "ကလေးရယ် ...." ရလိက ၀မ်ဝမ်ရဲ့ပါးလေး ကို နမ်းရှုံ့ လိုက်ပြီး "မေမေ နောက်ထပ်ခွဲမသွားတော့ပါဘူးကွယ်  " လို့ပြောလိုက်ပါတယ်။
    ဒီအဖြစ်အပျက်တွေဟာ ကလေးရဲ့ မိခင်က တစ်နှစ်ခွဲမတိုင်ခင် သူမ ဆေးရုံတက်စဉ်က အချိန်ယူပြင်ဆင်ခဲ့တာတွေပဲ ဖြစ်ပါတော့တယ်
မူရင်း၊ ၊流泪的故事
စာချစ်သူများအားကျေးဇူးတင်ပါသည်။ ကျေနပ်နှစ်သိမ့်နိုင်ကြပါစေ...
(ဇေယျာ) 18/Aug/2011, Thursday , 1:00 pm
Tuesday, August 9, 2011
မိဘတို့၏ ချစ်ခြင်းမေတ္တာ
ကျွန်တော် အိပ်ရာက နိုးတော့ ည ၁၁ နာရီ ထိုးနေပြီ၊ ပြတင်းပေါက် အပြင်ဘက်မှာတော့ နှင်းတွေ တဖွဲဖွဲ ကျနေဆဲ၊ ကျွန်တော် စောင် ခြုံပြီး ကွေးနေရင်းနဲ့၊ နှိုးစက်နာရီကို လှမ်းကြည့်လိုက်တော့ နာရီက ရပ်နေတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော် နာရီဓာတ်ခဲဝယ်ဖို့ မေ့သွားတာပဲလို့ သိလိုက်တယ်။
ရာသီဥတုကလဲ အေးလိုက်တာ လွန်ရော၊ အိပ်ရာက ထချင်စိတ်ကို လုံးဝမရှိလှပါဘူး။ ဒီလိုနဲ့ ကျွန်တော်လဲ မေမေ့ဆီကို ဖုန်းလှမ်းဆက်လိုက်ပြီး.... " အမေ...ကျွန်တော့်နှိုးစက်နာရီ ဓာတ်ခဲ အားကုန်သွားပြီ...၊ မနက်ဖြန် ရုံးမှာ အစည်းအဝေးရှိတယ်၊ အစောကြီး သွားရမယ်၊ မနက် ၆ နာရီကျရင် ကျွန်တော့်ကို ဖုန်းဆက်ပြီး နှိုးပေးပါ" လို့ ပြောတော့ ... အမေက " ကောင်းပြီ သားလေး၊ စိတ်ချလက်ချ အိပ်ပါ. အမေနှိုးပါ့မယ် " ဆိုပြီး ကြည်လင် တက်ကြွ တဲ့ လေသံနဲ့ ပြန် ပြောပါတယ်။
  ဖုန်းမြည်တော့ ကျွန်တော် အိပ်မက် မက်လို့ ကောင်းတုန်းပေါ့ ၊ အပြင်ဘက်မှာတော့ မှောင်အတိပါပဲ.... တစ်ဘက်က အမေက ပြောတယ် "သားလေး အိပ်ရာထတော့လေ... ဒီနေ့ အစည်းအဝေးရှိတယ်မလား"... ကျွန်တော်လဲ လက်က နာရီကို လှမ်းကြည့်လိုက် တော့ ၅ နာရီ မိနစ် ၄၀ ပဲ ရှိသေးတယ်.။ ကျွန်တော်လဲ စိတ်ပျက်တဲ့လေသံနဲ့ ပြန်ပြောလိုက်တာက "အမေကလဲဗျာ ... အမေ့ကို ၆ နာရီ မှ နှိုးခိုင်းတာ မဟုတ်လား.... ကျွန်တော် အိပ်မက် မက်လို့ ကောင်းနေတုန်းဗျ....အမေနှိုးတာနဲ့ ကျွန်တော့် အိပ်မက်လှလှလေးတော့ သွားပါပြီဗျာ " .... ဒီလိုပြောတော့ အမေက တဘက်က ဘာစကားမှ ခွန်းတုံ့ မပြန်ပါဘူး... ဒါနဲ့ ကျွန်တော်လဲ ဖုန်းကို ချလိုက်ပါတယ်။
   နောက်တော့ ထပ်အိပ်လို့ မရတာနဲ့ ရေမိုးချိုးပြီး အိမ်ကနေ ထွက်လာခဲ့ပါတယ်။ ရာသီဥတုကလဲ အရမ်းအေးချမ်းလှပါတယ်.... ကောင်းကင်တစ်ခွင်လုံးလဲ နှင်းတွေနဲ့ ပိတ်ဖုံးလို့ မြင်ကွင်းကလဲ မှုန်တိမှုန်ဝါးပါပဲ။ ဘတ်စ်ကား ဂိတ်ေ၇ာက်တော့ ကျွန်တော့် ခြေထောက်တွေက အေးခဲနေပြီ.... အရပ်လေးမျက်နှာမှာတော့ မဲမှောင်နေဆဲပဲ ရှိပါသေးတယ်။ ကျွန်တော့် ဘေးမှာတော့ ဆံပင်ဖြူဖြူအဘိုးအို တစ်ယောက်နဲ့ အမယ်အိုတစ်ယောက် မတ်တပ် ရပ်နေကြတယ်.... အဘိုးအိုက အမယ်အိုကို " မင်းကိုယ်မင်း ကြည့်စမ်း တစ်ညလုံးလဲ ကောင်းကောင်းမအိပ်ဘူး... မနက်အစောကြီးလဲ ငါ့ကို နှိုးသေးတယ်.... အခုလဲ အကြာကြီး စောင့်နေရပြန်ပြီ " လို့ ပြောတာကို ကျွန်တော်ကြားလိုက်ပါတယ်။
  တကယ်လဲ အဘိုးအို ပြောတာ ဟုတ်ပါတယ်... ဘတ်စ်ကားတစ်စီးလာဖို့စောင့်ရတာလဲ အနည်းဆုံး ၁၅ မိနစ်လောက်ကြာတာလေ။ နောက်ဆုံးတော့ ဘတ်စ်ကားတစ်စီး ကျွန်တော်တို့  ရှေ့ကို ဆိုက်ရောက်လာပါတယ်... ကျွန်တော်က ကားပေါ်တက်လိုက်ပါတယ်... ကားဒရိုင်ဘာ က လူငယ်တစ်ယောက်ပါပဲ၊ သူက ကျွန်တော်လဲ တက်ပြီးရော... ကားကို ချက်ချင်း မောင်းဖို့ ဟန်ပြင်လိုက်ပါတယ်...ဒါနဲ့ ကျွန်တော်က " ဒီမယ် ကားဆရာ.... အောက်မှာ လူကြီး နှစ်ယောက် ကျန်သေးတယ်လေ... ရာသီဥတု ဒီလောက်အေးတာ... သူတို့ခမျာ စောင့်နေရတာ ကြာလှပြီ.... ခင်ဗျားကသူတို့ကို မစောင့်ပဲ ဘာလို့ ကားကို ချက်ချင်း မောင်းရတာလဲ " လို့ စိတ်ဆိုးတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။
  အဲဒီ ကားဆရာလူငယ်က ကျွန်တော့်ကို " အရေးမကြီးပါဘူး ကိုယ့်လူ.... သူတို့က ကျွန်တော့်ရဲ့ အဖေနဲ့ အမေပါ.... ဒီနေ့ ကျွန်တော့်ရဲ့ ပထမဆုံး ကားစ မောင်းတဲ့နေ့လေ... ဒါကြောင့် ကျွန်တော့်ကို သူတို့ လာကြည့် ကြ တာပါ " လို့ စိတ်အေးလက်အေးနဲ့ ပြန်ပြောပါတယ်။
 ကျွန်တော်လဲ မျက်ရည်လည်မိပါတော့တယ်... အဲဒီ အချိန်မှာ ကျွန်တော့်ဖုန်းထဲကို အဖေ့ဆီက မက်ဆေ့ခ်ျ တစ်စောင် ၀င်လာပါတယ်။ အဲဒီထဲမှာ "သား ... မင်းအမေက ပြောတယ် သူသိပ်နေမကောင်းဘူးတဲ့.... သူတစ်ညလုံးလဲ  ကောင်းကောင်းမအိပ်ရသေးဘူးလေ... ပြီးတော့ မင်း နောက်ကျမှာစိုးလို့အစောကြီးလဲ အိပ်ရာ ထရသေးတယ်လေ " ဆိုတဲ့ စာလေးပါပဲ ....
 ဒီစာလေးကိုလဲ ဖတ်ပြီးတော့ ကျွန်တော့် ခေါင်းထဲကို  စကားပုံလေး တစ်ခု ရုတ်တရက် ချဉ်းနင်း ၀င်ရောက်လာပါတယ်
" မိဘတွေက သားသမီးကို တစ်ခုခုပေးတဲ့ အခါ..... သားသမီးတွေက ရယ်ကြ တယ် "
" သားသမီးတွေက မိဘတွေကို တစ်ခုခု ပေးတဲ့အခါမှာတော့ ... မိဘတွေက ငိုကြတယ် "
   စာဖတ်သူရော မျက်ရည်ကျနေပြီလား.... ကျွန်တော်က တော့  အဲဒီ အကြောင်းကို ပြန်တွေးမိတိုင်း အခုချိန်ထိ  မျက်ရည် လည်နေရတုန်းပါပဲ.... နှစ်ပေါင်းများစွာ  အိုမင်း မစွမ်း မိဘတွေရဲ့ မေတ္တာတရားကို ကျွန်တော်တို့ သတိမပြုမိခဲ့ကြဘူး... တကယ်တော့ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ မိဘတွေ ကျွန်တော်တို့ အပေါ်မှာ ထားရှိတဲ့ ကရုဏာတရားနှင့် ပြီးပြည့်စုံတဲ့ ချစ်ခြင်းတရားတွေကို သိတတ်ခဲ့ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။
   ကျွန်တော်က တော့ ဒီဇာတ်လမ်းလေးထဲမှာ ပါတဲ့ သူရဲကောင်းမိဘတွေအကြောင်းကို အမြဲ သတိရနေမိပါတယ်... အခုအချိန် ပြန်တွေးလိုက်မိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်၊  တကယ်လို့သာ ကျွန်တော်တို့ဟာ မိဘတွေအပေါ်မှာ စိတ်ရှည်သည်းခံပြီး နားလည်မှုလေးတွေ ပေးစွမ်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘ၀မှာ အသက်ရှင်ရတာ ပိုပြီး ပျော်ရွှင်ကြည်နူး ပြည့်စုံပြီး ချမ်းသာသုခတွေနဲ့ ပြည့်စုံကြရမှာပါ။ အခု အချိန်မှာ ကျွန်တော်တို့ လုပ်သင့်တာက မိဘတွေကို စိတ်ရှည်ရှည်နဲ့ ပြန်လည် သိတတ်ပေးတာ...ဖုန်းနဲ့ပဲဖြစ်ဖြစ် စကားလေး တစ်ခွန်း နှစ်ခွန်းပြောပြီး နှုတ်ခွန်းဆက်တာ...  တစ်ခါတစ်လေ သူတို့နားမှာ အဖော်ပြုပေးတာတွေ ပါပဲ။ ကျွန်တော်တို့ တကယ် လုပ်ချင်စိတ်ရှိရင် ခက်ခဲတဲ့ အလုပ်တွေ မဟုတ်လှပါဘူး ....
 မူရင်း ၊ ၊ 父母的关爱 ကို ဆီလျော်အောင် ဘာသာပြန်ခံစားသည်။
ကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်....
စာချစ်သူများအား ကျေးဇူးတင်ပါတယ်...
 08/ Aug/ 2011
12:05 am
(ဇေယျာ)
Sunday, August 7, 2011
“ သမီးအဖေကို ချက်ခြင်း ပြန်လွှတ်ပေးပါ ”
  “ သမီးကြီး ဒီကို လာအုန်း ”
             အမေခေါ်လိုက်တဲ့ အသံကြောင့် တွက်နေတဲ့ န၀မတန်း သင်္ချာပုဒ်စာလေးကို ခဏထားခါ အမေ့ဆီ ထထွက်လာခဲ့တယ်။ အမေ့ရှေ့ရောက်တော့ အမေ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းတွေကို မြင်တော့ ကျမတော်တော် စိတ်ဓာတ်ကျသွားပြီး စိတ်ပျက်လက်ပျက်အသံနဲ့
             “ အမေကလဲ ”
             ကျမရှက်သည်။ ကျမ မလုပ်ချင်းမှန် အမေသိပါတယ်။ ဒါပေမဲ့ အမေက ဇွတ်အတင်းခိုင်းတာမျိုး မဟုတ်။ မဖြစ်မနေ ဒီမိသားစုအတွက်ပဲမို့ မျက်နထား မှိုင်မှိုင်လေးနဲ့ပဲ
             “ လာပါသမီးရယ် သမီးတို့ မောင်နှမတွေ ကျောင်းက ဆရာကန်တော့ကြေးလည်း  မနက်ဖြန် ပေးရအုန်းမယ် မဟုတ်လား”
             “ ဟင်း ”
              ကျမ အရမ်းချစ်တဲ့ အမေ့ရှေ့မှာ စိတ်ပျက်လက်ပျက် သက်ပျင်းမချချင် ချချင်နဲ့ သက်ပျင်းချလိုက်မယ်တယ်။
             “ မအေးသွယ်ကို သေချာပြောနော်သမီး အမေ ပိုက်ဆံလိုနေလို့ပါလို့ သမီးကလည်း သူသနားအောင် ပြောနော် သမီးတို့ ကျောင်းစရိတ်သုံးရမှာမို့ပါလို့ ”
             “ အမေ သမီးရှက်တယ် အဲ့ ဒေါ်အေးသွယ်ရဲ့ သမီးတွေက ကျောင်းရောက်ရင် သမီးကို ထေ့လား ငေါ့လား စကားတွေနဲ့ သမီးကို တအားနိုမ်တယ် အမေရယ် ”
ပြောပြောဆိုနှင့်ပင် အမေ့ကို ကျောခိုင်းခါ အပြင်ဘက်ကို စိတ်ပျက်ပျက် ငေးကြည့်နေလိုက်၏။
             “ လာပါ သမီးရယ် သူတို့တွေ ဘာပြောပြော မေတ္တာထားလိုက် ဒါဆို သမီးအပေါ် သူတို့အမြင်အေးချမ်းလာမယ်၊ သနားလာမယ်၊ စေတနာထားလာမယ် ခုလို ဖြစ်နေတာ ခဏလေးပါ သမီးရယ် ကဲကဲ သမီး ဒီမှာ မအေးသွယ်ကိုပြောနော် ဒီ ထမီသုံးကွင်းကို တစ်သောင်းတော့ ပေးပါလို့၊ နောက်ပြီး ဒီဂျာကင်ကိုတော့ ခုနှစ်ထောင်နဲ့လို့ ”
ကျမ တချက် စိတ်ထိန်းကနဲ့ ဖြစ်သွားပြီး အမေကို မလေးမစားပုံနဲ့ မဟုတ်ပေမဲ့ စိတ်ပျက်လက်ပျက်ပုံစံနဲ့
             “ ဟာ အမေ ဒါ ဒါအဖေ့ ဂျာကင်လေး မလုပ်ပါနဲ့ အမေရာ အဖေက ဒီဂျာကင်ကို တအားကြိုက်တာ အဖေပြန်လာရင် ”
              ကျမ စကားပျက်သွားပြီလေ။ အဖေပြန်လာရင် ဆိုပြီး ဘာဆက်ပြောရမှန်းကို မသိတော့ဘူး။ ကျမ ရင်ထဲ တချက်နင့်ကနဲ့ ဖြစ်လာ၏။ အမေလည်း တချက် မျက်နာမှာ ၀မ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းတွေနဲ့အဆူ ရင်ထဲ စို့နေတဲ့ အသံလေးနဲ့
             “ အင်းပါ သမီးရယ် ဒါဆို ဒီ ထမီသုံးကွင်းပဲ ယူသွား မအေးသွယ် မေးရင် အမေတခါမှ မ၀တ်ရသေးဘူးလို့ နော် နော် သမီး”
              ကျမ ဘာမှန်ပြန်မပြောတော့ပဲ အမေလက်ထဲက ထမီသုံးကွင်းကို ပလက်စတစ်အိပ်ထဲထည့်ခါ အိမ်မှ ထွက်လာတော့၏။ ကျမ စိတ်ထဲ တလမ်းလုံး လမ်းလျောက်ရင်း တွေးနေမိတာ အမေ့ အကြောင်းပါ။ အမေတကယ်ကို သနားဖို့ကောင်းတယ်။ အမေဟာ မုဆိုးမလည်း မဟုတ်၊ တခုလတ်လည်း မဟုတ်ပဲ လင်မရှိတဲ့ မိန်းမ။ ကျမတို့ မောင်နှမသုံးယောက်ကို အဖေမရှိတဲ့နောက်ပိုင်း အမေတယောက်ထဲ ရှန်းကန် ရှာဖွေကြွေးမွေးလာခဲ့တာ မောင်လေးမွေးထဲက မောင်လေးတသက်ပါပဲ။ ခုနောက်ပိုင်း အလုပ်ကအဆင်မပြေ ကုန်ဈေးနုန်းတွေက အစစအရာရာ တက်နေတာကြောင့်တကြောင်း၊ ကျောင်းသားသုံးယောက်ဆိုတဲ့ အားက သေးတာ မဟုတ်။ အမေ့ရှိတဲ့ ပစ္စည်းလေးတွေ ပေါင်လိုက်ရောင်းလိုက်နဲ့ အိမ်မှာလည်း ဘာမှမရှိတော့ပေ။ ကျမ အရွယ်မြန်မြန်ရောက်၊ ဘွဲ့ရပြီး အလုပ်မြန်မြန်လုပ်ချင်ပါပြီ။ အမေတယောက်ထဲ ရုန်းကန်နေရတာကို လုံးဝ မကြည့်ရက်တော့လို့ပါ။ အမေ့ကို သနားမှုနဲ့အတူ အဖေ့ကိုလည်း သတိရလာလို့ မျက်လုံးထဲမှာ မျက်ရည်တွေက သူ့အလိုလိုကျလာတော့သည်။
                                                      x x x x x x
             “ တစ်သောင်း မများဘူးအေ နင့်အမေကလည်း ပေါင်စရာရှိတာတော့ ဒီမှာ လာပေါင်း ရောင်းစရာရှိတော့ တခြားနေရာ သွားရောင်း မပြောလိုက်ချင်ဘူး ”
             “ ဒေါ်ကြီးရယ် မနက်ဖြန် ကျမတို့ မောင်နှမတွေ ကျောင်းမှာ ဆရာကန်တော့ကြေး ပေးရမှာမို့ပါ ”
             “ အောင်နိုင်၊ အောင်နိုင် ငါပြောတယ် ကိုယ့်အလုပ်မဟုတ်တာတွေ မလုပ်နဲ့ မသေချာမရေရာတွေ မလုပ်နဲ့၊ သူများယောင်တိုင်း လိုက်မယောင်နဲ့လို့ ကိုယ့်ရပ်ကွက်သားခြင်း စေတနာနဲ့ပြောတယ် ဒင်းက မာန်တက်နေတာကိုး ခုတော့ ထောင်ထဲမှာ နောင်တတွေတော့ ဝေနေမှာ သေချာတယ် မအေးသွယ်ကြီး စကားမှန်လိုက်တာဆိုပြီး ထောင်နံရံကို ထုနေလောက်ပြီ အဟတ်ဟတ် ”
             ကျမ စိတ်ထဲ အဖေ့ကို မကောင်းပြောတဲ့ ဒေါ်အေးသွယ်ကို ဒေါသစိတ် ထောင်းကနဲ့ ဖြစ်သွားပြီး
             “ သမီး အဖေကို အဲဒီလို မပြောပါနဲ့ ”
             “ အံ့မယ် အံ့မယ် ကြည့်စမ်း အာဂပါလား ဖအေတူသမီးပဲ သူ့အဖေအကြောင်း ပြောလိုက်တာ ငါ့များ စားမဲ့ ၀ါးမဲ့ပုံနဲ့ ကြည့်နေတယ် ငါက အဖြစ်ပြောတာပါအေ စေတာနာမပါပဲ အေးသွယ်တို့က စကားထဲတောင် ထည့်မပြောဘူးအေ့ ကဲကဲ ရော့ဒီမှာ တစ်သောင်း နင့်အမေကို ပြောလိုက် ဒီနေ့ ၁၆ရက် နောက်လ ၁၆ ရက်နေ့ကို ချက်ချင်းပြန်လာရွှေး မရွှေးလို့ကတော့ အဆုံးပဲလို့ ပြောလိုက် ”
ကျမရင်ထဲ နင့်နေအောင်နာရပါတယ်။ အဆိုးဆုံးက အဖေ့လို လူဆိုးလူမိုက်မဟုတ်တဲ့သူကို ဒီလိုပြောတာ အခံရခက်ဆုံး။ အဖေဟာ ထောင်ထဲရောက်နေတာ လူမိုက်တွေ လုပ်တဲ့လုပ်ရပ်ကြောင့် ရောက်နေတာ မဟုတ်။ အဖေဟာ မိသားစုအပေါ်တအားခင်တွယ်တယ်။ အမေ့ဆိုလည်း တအားချစ်တယ်။ ကျမတို့ မောင်နုမတွေအပေါ်ဆို တအားယုယကျင်နာတယ်။ ဆုံးမတာတောင် အမေနဲ့မတူ ညင်သာတိုးတိုးတိတ်တိတ်လေးနဲ့ နားဝင်အောင် ပြောတက်တယ်။ ကျမ သင်္ချာတော်တာ အဖေသင်ပြပေးလို့ပါ။ အဖေဟာ လူတော်တယောက်ပါ။ အဖေ ဘာလို့ထောင်ထဲရောက်တယ် ပြောရင် အမေအိပ်ယာဝင် အဖေ့အကြောင်းလေးတွေ ပြောသလိုပဲ။ အဖေဟာ ကိုယ့်တိုင်းပြည် လူမျိုးအတွက် ကိုယ်ကျိုးစွန့်တဲ့ လူတယောက်။ ပြီးခဲ့ နှစ်အနည်းငယ်ကမှ အဖေ့ကို သူတို့ဖမ်းပြီးထောင်ချလိုက်ကြတယ်။ လူဘ၀တသတ်တာစာ ထောင်သက်မို့ အဖေ့ကို ကျမတို့ ဒီတသတ်မတွေ့ရတော့ဘူးလို့ ထင်ရပေမဲ့ ကျမစိတ်ထဲ ယုံကြည်နေမိသည်။ အဖေ့ကို ပြန်တွေ့ရမယ် ဒါမှမဟုတ် ငြိမ်းချမ်းရေးရမဲ့ တနေ့တော့ အဖေပြန်လာမှာပါ။ အဖေပြန်လာမှ အဖေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ကျမ အားရပါးရ အော်ငိုပြစ်လိုက်မယ်။ ဟုတ်တယ် အဲလို ငိုမှာ ကျမှ အမေ့ရှေ့မှာ အမေ့စိတ်ဆင်းရဲမှာ ဆိုးလို့မငိုခဲ့တာ အဖေထောင်ကျထဲက ခုထိတိုင်အောင်ပါပဲ။ အဖေ ထောင်ထဲမှာ ကျန်းမာ ချမ်းသာပါစေ။
                                                       x x x x x x
             “  အေးအေးနု… အေးအေးနု …ဟဲ့ အေးအေးနု ရှိလား ”
             “ သမီး သွား တံခါးဖွင့်ပေးလိုက်အုန်း ဘယ်သူလဲ မသိဘူး ”
မနက်က၀ယ်လာတဲ့ မုန့်ဟင်းခုါးနှစ်ထုပ်ကို ကျမတို့ သားအမိလေးယောက် ထမင်းတွေနဲ့ ရောသုတ်ခါ ကျို့တို့ကျဲတဲ့ ဆင်းဆင်းရဲရဲ နယ်စားနေတဲ့ အချိန် အပြင်က ဧည့်သည်လာခြင်း ဖြစ်သည်။
             “ အော်… အမေ ဒေါ်ကြီးခင်ဝမ်း လာလည်တယ် ”
            မခင်ဝမ်းဆိုတာ တခြားမဟုတ် တဖတ်ရပ်ကွက်က အတိုးချေးစားနေတဲ့ သူတယောက်ပါ။ အင်မတန်အပေါက်ဆိုးလှသမို့ ကျမ သူ့ကိုမြင်မြင်ချင်း ရင်ထဲ တအားထိတ်သွားတော့သည်။ သူ့အသံဗျဲကြီးနဲ့တော့ ငါတို့ သားအမိတွေ အရှက်တော့ ကွဲပါပြီ။ ထင်တယ် အသံကြီးနဲ့ ဟစ်ခါ ၀င်လာလေပြီ။
             “ အောင်မလေးဟယ် တကယ်ထဲ ညည်းဟယ် ပိုက်ဆံချေးထား အတိုးလဲမပေး လာလည်း အကြောင်းမကြား အတိုးပေးဖို့က သုံးရက်ကျော်သွားပြီ ”
အောင်မလေး အမေရယ် အမေ့မျက်နာကို သမီးမကြည့်ရက်ပါ။ အမေ့မျက်နာလေးမှာ အသနားခံတဲ့ မျက်နာ၊ ငိုတော့မယ် မျက်နာ၊ စိတ်ပျက်အားကျတဲ့ မျက်နာ။ သားသမီးတွေရှေ့မှာ အရှက်ရတာမို့ အားကိုးစရာ မဲ့နေတဲ့ အမေ့မျက်နာ။ အဖေ့ရှိစဉ်က တင့်တင့်တယ်တယ်နေလာခဲ့တဲ့ အမေ။ မျက်နာ မငယ်ခဲ့ရဖူးတဲ့အမေ။ ခု အဖေမရှိတော့တဲ့ နောက်မှာ အမေရယ် အမေရယ် အမေရယ်… ။ အမေကတော့ ပျာပျာသလဲ ထရမလိုလို ထိုင်ရမလိုလိုနဲ့
             “ မခင်ဝမ်း မခင်ဝမ်း လာ ထိုင်ပါရှင် ထိုင်ပါအုန်း… ကျမ ဒီနေ့ရအောင်လာပြီး အတိုးလေးရအောင် ဆပ်ပါ့မယ် ရှင် ”
               အို အမေရယ် ဘယ်လိုဆပ်မတုန်း မနေ့က ပိုက်ဆံတွေလဲ ကျောင်းအတွက်သုံး စားသောက်စရာတွေဝယ်နဲ့ ကုန်ပြီလေ။ အိမ်မှာ ပေါင်စရာကလည်း မရှိတော့သလို ဘာပစ္စည်းမှလည်း မကျန်တော့ပေ။
             “ အိုဟို ခုတခါထဲပေးလိုက် ညည်းတို့က စိတ်မချရပါဘူးအေ.. ”
              အဲဒီလို ပြောလိုက်တော့ အမေ့မှာ ခြေမကိုင်မိ လက်မကိုင်မိ စားလက်စပေကျံနေတဲ့ ထမင်းကိုင်ထားတဲ့ လက်ကလေးတွေကို ထမင်းခွက်ထဲထည့်ရင် အားကိုးစရာ မရှိတဲ့ ကျမကို လှမ်းကြည့်နေတယ်။ အမေ့အကြည့်တွေက တမျိုး ရှက်ခြင်းလား၊ တွေဝေခြင်းလား၊ သမီး အမေတို့ အဖြစ်ကို ကြည့်ပါ ဆိုတဲ့သဘောလား၊ အားကိုးတဲ့ အကြည့်လား။ စိတ်ဓာတ်ကျပြီး တွေဝေရာကြည့်နေတဲ့ အကြည့်လား ဆိုတာ ကျမ မသိနိုင်။
             “ ဟဲ့ ငါပြောတာ မကြားဘူးလား အေးအေးနု ”
             အပြစ်ရှိတဲ့ကျောင်းသူတယောက်ကို ဆရာမကို ရိုက်စစ်နေသည့်နုယ်။
              “ ဟုတ်ကဲ့ မခင်ဝမ်း ကျမ ကျမ ဒီနေ့ရအောင် လာခဲ့ပါမယ် ဆက်ပါ့ ”
             အမေ့စကားမဆုံးခင် မခင်ဝမ်းကြီးကတန်းလန်း၊ ထမင်းဝိုင်ကလည်း တန်းလန်း။ အပြင်မှ ခေါ်သံကြားရတော့သည်။
              “ မအေးအေးနု မအေးအေးနုတို့ အိမ်လားမသိဘူး ခင်ဗျာ ”
ကျမထွက်ပြေးလာချင်မိပြီ။ နောက်ထပ် အကြွေးတောင်းမဲ့ သူတွေလား မသိ။ အိမ်အပြင်ထွက်ကြည့်တော့ ရင်ထဲတမျိုးဖြစ်သွားတယ်။ အိမ်အပြင်မှာ လူတွေက အများကြီး။ ဘာတွေလဲ။ အင်္ကျီအဖြူ ၀တ်ထားတဲ့ လူကြီးတွေကော လူငယ်တွေကော အယောက် သုံးဆယ်ကျော် လေးဆယ်လောက်ရှိမည် ထင်။
              “ ဒီအိမ်က မအေးအေးနုတို့ အိမ်လားသမီး ”
               “  ဟုတ်ကဲ့ ဦး ”
               “ သမီး အမေရှိလား သမီး ” မေးတဲ့ပုံက သိပ်အားမရတဲ့ပုံ။
              “ ဟုတ် အိမ်အပေါ်တက်ပါ ဦးလေးတို့ ”
              “ အမေ ဧည့်သည်တွေ အများကြီးလာတယ် ”
ဒါပေမဲ့ တော်သေးတယ် ကျမတို့ ဆယ်ပေ ဆယ့်နှစ်ပေ အိမ်လေးထဲကို ၀င်လာ လူကြီး ၅ယောက်ပါ။ လူကြီးတွေကြည့်ရတာ တကယ့်တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးလူကောင်းပီသတဲ့ ပုံတွေမို့ အမေမပြောနှင့် ဒေါ်ခင်တောင် ရှဲသွားရအောင် ဂျောင်ကပ်သွားရပြီ။ သူတို့ ရင်ဘက်တွေမှာလည်း ခွတ်ဒေါင်းအလံ တံဆိပ်လေးတွေနဲ့ မို့ အဖေ့အသိတွေ ဆိုတာသေချာတယ်။ ရှေ့မှလာတဲ့ အသက် ၇၀လောက်ရှိတဲ့ လူကြီးကပဲ။
              “ သမီးက မအေးအေးနု နော် ”
အမေ ထရမလိုလို ထိုင်ရမလိုလိုဖြစ်နေလို့ ဒီလူကြီးက ကျမတို့နဲ့ အမေ့ရှေ့ ထမင်းဝိုင်းမှာပဲ ထိုင်ချရင်း
              “ သမီး ထိုင် ထိုင်လိုက်အုန်း ”
              “ သမီး ယောက်ျားက မောင်အောင်နိုင်နော် ”
              “ ဟုတ်ကဲ့ ဦးလေး ကိုအောင်နိုင်ဘာဖြစ်လို့လဲဟင် ”
              “ သမီး စိတ်ကို ငြိမ်ငြိမ်ထားနော် သမီး… မောင်အောင်နိုင် မနေ့ညကပဲ ထောင်ထဲမှာ ဆုံးရှာပြီ သမီးရယ် ”
              “ ရှင် ”
ကျမ ရင်ဘက်တခုလုံး နာကျင်လာသလို မျက်ဝန်းမှာ မျက်ရည်တွေကျလာပြီလေ။ ကျမနားထဲ မယုံနိုင်လောက်အောင်ပဲ။ ကျခမယုံကြည်နေတာကို အဖေ့ကို ပြန်တွေ့ရမယ်လို့ ယုံကြည်နေခဲ့တယ် ခုတော့ ခုတော့။ အမေ ချက်ချင်းမငိုသေးပါ ။ အမေက ကျမကို လှမ်းကြည့်နေလေပြီ။ အမေ့အကြည့်တွေက အဓိပါယ်ပေါင်းစုံနဲ့ ဆိုတာ ကျမသိတယ်။ ဒီအခြေအနေမှာ ဂျောင်ထဲက မခင်ဝမ်းကပဲ
              “ အေးအေးနု အေးအေးနု ငိုချလိုက်ပါအေ… ညည်းအဖြစ်က ဆိုးလိုက်တာ အေးအေးနုရယ် ”
ကျမ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပါ… အော်ခေါ်လိုက်တော့တယ်
              “ အမေ ”
              “ သမီး ”
              “ အမေ သမီးအဖေ့ကို ပြန်ခေါ်ပေးပါ… သမီး အဖေကို ချက်ချင်းပြန်ခေါ်ပေးပါ ….ဦးလေးတို့ရယ် …ကျမ အဖေကို ပြန်ခေါ်ပေးပါ… ကျမတို့မှာ ခု အဖေမရှိရင် ဘယ်လိုမှ မဖြစ်လို့ပါ.. သမီးတို့ မိသားစုဘ၀လေးက အဖေရှိမှ ဖြစ်မှာ… ကျမတို့ မိသားစု ခု ဘ၀ပျက်နေပြီ ဦးကြီးတို့ရယ်…  ကျမ အဖေ မသေဘူးမှတ်လား ကျမ အဖေသေလို့ မဖြစ်ဘူး ဦးလေးကြီးတို့ရယ်…  ”
              “ ရက်စက်လိုက်ကြတာကွယ် သမီးရယ် အမေတို့တွေရဲ့  ဘ၀လေးတွေတော့ ပျက်ပါပြီ ”
အမေငိုလေပြီ။ ကျမ အမေ့ကို ဖတ်ပြီး အော်ငိုနေသလို. အမေကလည်း မောင်လေး အငယ်ဆုံးလေးကို ဖတ်ခါ ငိုနေတော့တယ်။ မောင်လေးနှင့် ညီမငယ်လေးတို့မှာ တအားငယ်သေးတော့ ငိုရမှန်းမသိ။ အမေကတော့ သူ့သားအငယ်ဆုံးလေးကို ဖတ်ခါ။
              “ သားလေးရယ် သားလေးရယ်. မင်းအဖေကြီး အမေတို့ သားအမိကို ထားပြီး တကယ်အပြီးထွက်သွားပြီ သားလေးရယ်… အမေတို့ ဘ၀ပျက်ပြီ… အမေ သားကိုပဲ အားကိုးစရာ ရှိတော့တယ် သားရယ် ၊ အမေ့ကိုတော့ သားအဖေကြီးလို ပစ်မထားခဲ့ပါနဲ့ သားလေးရယ် ”
ကျနော် ဆက်ရေးဖို့ရာ မတက်နိုင်တော့လို့ ဒီနေရာမှာ နားခွင့်ပြုပါ
မောင်အေးချမ်းဆွေ
၇.၈.၂၀၁၁
Monday, August 1, 2011
အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--တော့)ဖြစ်ပြီထင်....♥အွန်လိုင်းပေါ်၌ ခင်မင်သူ♥
အင်တာနက်ပေါ်တွင်ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုများ အတွက်
''မ..မ"စေတနာစကားပါးလိုက်တယ်
ကောင်မလေးဆိုးတာ မပြောချင်ပါဘူးလိမ္မာလား ဟင့်အင်းမပြောတတ်ဘူး
သူတို့ဘ၀ သူတို့ပုံစံမျိုးစုံနဲ့လေနော်
ဘယ်သူမှမဆိုးပါဘူး
ဒါပေမဲ့မကြိုက်တာတော့ အမှန်လေနော် ရည်းစားတစ်ယောက်နဲ့vzo
ပြောတယ်ငိုပြနေတယ် မမ ဘေးကနေကြည့်ရင်း  သနားနေတယ်သူရည်းစားလေးက
ဘာပြောလဲဆိုပြီး  သူငိုနေတာ မမ  တော်တော်လေး  စိတ်မကောင်းဖြစ်နေတယ် VZO
ချက်နေရင်း သူရည်းစားကောင်လေးက ငွေပို့မယ်ပြောတော့  သူဒီဖက်လှည့်ပြီးပါလာတဲ့
သူ့သူငယ်ချင်းကိုလက်မလေး ထောင်ပြတယ်ပြီးတော့ရီယ်နေတယ်
တစ်ခါကောင်လေးဖက်လှည့်ငိုပြတယ်
အယ်တော့........မမသူကြည့်ပြီးစိတ်တိုမိတယ်
ပြီးတော့သူတို့ သူငယ်ချင်း၂ယောက်နောက်နေ့ငွေရရင် ၀ယ်မယ် သုန်းမယ်နဲ့  ပြောနေကြတယ်
  ပျော်မြူးလို့ပေါ့နော် ကောင်မလေးက   ရည်းစား၃ယောက်လောက်ကို   ထားတာ တစ်ဖက်နိုင်ငံကကောင်လေးကိုလည်း   စိတ်တိုလိုက်တာနော်
သူများတိုင်းပြည်မှာ   ရှာဖွေနေတာကို   ပင်ပမ်းလား မပင်ပမ်းလားတော့
မသိပါဘူးသူ့ကောင်မလေးကို  ယုံကြည်နေတာ ကောင်မလေးသုန်းဖို့ဖြုန်းဖို့
ငွေလွဲနေတာ သိတော့မမ တစ်ဖက်က   ကောင်လေးကို   မသိဘဲနဲ့သနားနေတယ်
ရိုက်ချင်တယ်  အဲ့ကောင်လေးကိုနော်
ကောင်မလေးက ရုပ်လေးကလဲ ချောမှချော လှမှလှလေနော် သူကောင်မလေးက လှလို့သူချစ်တာနေမှာ
မမကိုယ်ဘာသာ  စိတ်ဖြေနေရတယ်  သူတိုကိုမြင်ရတာ ကြားရတာ စိတ်တိုလိုက်သနားလိုက်နဲမမမှာနောက်နေ့ကောင်လေးတစ်ရောက်ကသူ့ကို
အင်တာနက်ဆိုင်ကနေကောင်မလေးကိုကားနဲ့လာခေါ်တယ်
ဒီကောင်လေးကလဲ  ချောလိုက်တာ ဒါလဲသူ့ရည်းစားတဲ့ လေနားကိုမလည်တော့ဘူး
မမ ကောင်မလေးကိုမေးမိတယ်   ချစ်လားသူ့ကိုဆိုတော့ အင်းချစ်တယ်
ဲ့ချောတယ်တဲ့  သူ့ကိုလိုအပ်တာ ဖြည့်ဆည်းပေးတယ်တဲ့လေ  ဟိုဖက်ကကောင်လေးကလဲ
ငွေပို့ပေးတယ်တဲ့  မမဘယ်လိုမှ  မတွေးတတ်တော့ဘူးလေနော်
မိကောင်းဖခင်သားသမီးပါ   ဒီကြားထဲဖုန်းနဲ့ ရည်းစားစကား လှမ်းပြောနေသေးတာ
မမ   ဘယ်လိုမှမတွေးတတ်တော့ဘူး         ဟော့       နောက်တစ်ယောက်ကလည်း
အသက်လေးကြည့်တော့ ၁၇နှစ်လောက်ရှိမယ်   ခုမှသိတဲ့လူကိုချိန်းနေတယ်လေ
ဟဲ့ကောင်မလေးနင်    သူတို့ချိန်းတာနဲ့ တွေ့မို့ လားဆိုတော့   အင်းဟုတ်ကဲ့တဲ့လေ
ဟာနင့်ဟာ       ချက်ခြင်းမတွေ့နဲ့လေသူတို့  အထင်သေးမယ် ဆိုတော့ရတယ်
ကိစ္စမရှိပါဘူးတဲ့  သမီးသိတယ်တဲ့       ဘာမှန်းကို  မသိတော့ဘူး  ယ္ခုအကောင့်အပ်  ခုလက္ခံ ခုချိန်းတွေ့နဲ့  မောတယ် သူတို့ကြည့်ရင်း ရင်မောတယ် ပေါသလားဟင်
အဲ့ဒီလောက်တောင် ပေါကုန်ပြီလားဟာ  ကိုယ်အပူမပါပဲနဲ့  စိတ်တွေပူလိုက်တာ
သူကတော့     ပျော်မြူးလို့လေနော်
မမ       သာစိတ်ပူနေတာ      နောက်တစ် ယောက်က စင်တင်က ညမှာ  သီချင်းဆိုတာလေ
သူကိုကားနဲ့ လာပို့လာကြိုနေတာ နေ့ခင်းလာခေါ်ပေါ့   နော်အကိုကြီးလေတဲ့သူ
့မှာပိုင်ရှင်ရှိတယ်တဲ့ သမီးမိဘတွေကို သူကအကုန်လောက်ငှအောင် ထောက်ပံနေရတာတဲ့ 
အော်      အေးအေး   အကိုကြီးက သဘောကောင်းတယ်နော်လို့  အလိုက်အထိုက်ပြောရတာပေါ့နော်
ခုချက်တင်ထိုင်နေတာက     သမီးရည်းစားလေ
သူ့ကိုအချစ်ဆုံးတဲ့       ချစ်သူလေတဲ့    သမီးကချစ်တဲ့သူတဲ့       နယ်မှာကျန်ခဲ့တယ်တဲ့
အော်    အင်းအင်း     အင်းပါဆိုနားထောင်နေရတယ်လေနော်      ဒီအချိန်မှာ
၁၇နှစ်ကောင်မလေးဝင်လာတယ်   သူပါအံ့အားသင့်       သွားတယ်
်ကောင်မလေးက       ခုမှတွေ့တဲ့လူကိုခုချိန်းနေတာ မြင်တော့  ဟယ်ပေါလိုက်တာတဲ့
သူမျက်လုံးလေးပြူးနေတယ်လေ   ၁၇နှစ်ကောင်မလေးထွက်သွားတော့
ဟယ်လွယ်လိုက်တာနော်တဲ့      မမ         စိတ်တိုလာတာနဲ့  အေးဟေ့ အေးဟ
မကောင်းတာ      လုပ်စားနေတဲ့မိန်းတွေ သူတို့ကြောင့်(--ါ)     ဈေးကျတာနေမှာ
မိန်းမကောင်းလေး       တွေမြင်လဲ သူတို့ကြောင့်      အကုန်မကောင်းတဲ့ မိန်းမတွေလို့မြင်ကုန်နေပြီ   ရည်းစား၃ယောက်  ၄ယောက်တပြိုင်တည်းထားတဲ့ သူ့ကျတော့လဲ  တန်ဖိုးရှိနေလိုက်တာနော်
သူဝတ်တာ စားတာလှပနေတော့ မိဘဆွေမျိုး   ချမ်းသာနေတော့
ကောင်လေးတွေက  မသိဘဲငွေကုန်ခံနေကျတယ်  ချစ်နေတယ်
နင်တို့ကျတော့လည်း       မိဘတွေအတွက်  ရင်းနေကျတယ်ဘ၀ကို သူတို့တွေ့နဲ့စာရင်
နင်က  တန်ဖိုးရှိပါတယ် ဟာနော်
်နင်ကမြတ်ပါတယ်  မိဘကို    လုပ်ကျွေးနေရလို့လေနော်  လို့ မမပြောမိတယ် ကောင်မလေးတွေပေါမှပေါ        တောတစ်ရာ    ခြောက်ဆယ်ဖြစ်နေကုန်ပြီနော် စင်တင်က ကောင်မလေးကျတော့လဲ    သနားတယ် ချမ်းသာပြည့်စုံတဲ့ ကောင်မလေးကျတော့ရော ၁ရနှစ်ရွယ် ကောင်မလေးကျတော့ရော တူတူပါပဲမြင်ရ တွေ့ရဘ၀င်မကျနိုင်ပါဘူး  နောက်ဆိုသူတို့တွေ    ဘာပြောနေနေမမ နောက်ဆို  မသိချင်ရောင် မမစိတ်ကို  ထိမ်းပြီးနေနေရတယ်
    ကြည့်နေရတယ် ပိုက်ဆံညာယူချစ်တဲ့လူနဲ့     ပိုက်ဆံမယူချစ်တဲ့လူနဲ့   မိဘတွေကိုဘ၀နဲ့ ရင်းချစ်တဲ့လူနဲ့
မမသူတို့ကိုကြည့်ရင်း  သနားလိုက်  စိတ်တိုလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ဖြစ်နေတယ်နော် 
စဉ်းစားပါ    လေ့လာပါ  ကောင်မလေးတွေရေ ကိုယ်ဘာလုပ်မိနေလဲ      သတိထားပါ  ထိမ်းသိမ်းပါ     ကိုယ်ဘာသာကိုယ် အုပ်မှနိုင်မယ့် ခေတ်မှာ  မိအုပ်လို့မနိုင် ဖအုပ်လို့မနိုင်  ဖြစ်နေတာလေနော်
ဒီလိုမျိုး  မိန်းမတွေကြောင့်  မိန်းမကောင်း   ဆိုတာ။          
မိန်းမ  ကောင်းတာ။   ဆိုးတာ။       ဝေးနေလဲမသိ
နီးတော့လဲ     မမြင်မကြည့်တတ်။       အကုန်ဝါးလုံးသိမ်းရမ်းပြီး
မိန်းမတွေကို      အဆိုးမပြောရအောင်  မကောင်းကြောင်းတွေ      မပြောရအောင်
်ကောင်မလေးတွေ  ထိမ်းသိမ်း     နေထိုင်သင့်ပါတယ်နော်။
ဒါကြောင့်မမဆိုးတယ်လဲ         မပြောချင်ပါဘူးနော်  ကောင်းတယ်လဲ မပြောချင်ပါဘူး
လိမ္မာလားဆိုတော့လဲ    ဟင့်အင်း   ပြောတတ်တော့ပါဘူးနော်
သူတို့  အကုန်မှန်နေတယ်လေနော်..........။
ယ္ခုလဲ...........................
အွန်လိုင်းပေါ်တွေ့တာကို  အပြင်မှာ ဘယ်နေရာမှသုံးတာပါ  ဘယ်ဆိုင်မှာသုံးနေတာပါဆိုပြီး ပြောတော့ ကောင်လေးကရောက်ရှိလာပြီးလ္ဘက်ရည်သောက်  မုန့်စားဆိုခေါ်ဆောင်ရင်းအဖျက်စီးခံလိုက်ရတဲ့အကြောင်းလေးဖတ်မိရင်း
ဒီစာကိုပြန်တင်လိုက်ရခြင်းဖြစ်ပါတယ်နော်....................။
ကမ္ဘာပျက်မပျက်မသိပါ။
လူတွေပျက်တာအမှန်ပါ။
ဗိုလ်ချုပ်ပြောတဲ့(--ါ)နိုင်ငံတကယ်ဖြစ်နေလား။
လျှပ်ပေါ်လော်လီမ၀တ်တာ။
အထင်ကြီးစရာမလိုပါ။
ရုပ်ရည်လေးကလှပနေအထင်ကြီးစရာမလိုပေ။
နုနုငယ်ငယ်ကလေးလဲကြောက်ခမန်းလိလိပဲ။
ဘ၀များစွာ့အမေတော်။မိန်းမတိုင်းကနော်။
သံသရာမှာတော်ဘူးလို့ထိမ်းသိမ်းကြနော်
အမျိုးကာင်းသားတို့။
ထိမ်းသိမ်းကြနော်အမျိုးကောင်းသမီးတို့
အင်တာနက်ပေါ်တွင်
စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--)တော့ဖြစ်ပြီထင်.....?????