စင်္ကာပူစံတော်ချိန်
ည ၉း၂၅ မိနစ်
woodland MRT ရဲ့ သိပ်မဝေးတဲ့ လမ်းမကြားထဲမှာ မှုန်ပျပျနီယွန်မီး အလှကိုသတိမထားပဲ ခပ်သွက်သွက် လျောက်
လာတဲ့  လူတယောက် ၊တကယ်တမ်း သူသွားနေတဲ့  လမ်းကြားလေးက သိပ်ပြီ safe မဖြစ်ပါဘူး၊ မူးရစ်သောက်စား
နေကြတဲ့  ထိုင်းလူမျိုးတချို့ ၊စီကရက် မှောင်ခိုရောင်းနေသော တရုတ်လူမျိုးတချို့ ၊မလေးရှာ ဂိုဏ်စတား များ
ဒီလမ်းကြာထဲမှာ ဗိုလ်ကျ လုယက်မှုတွေ မကြာခဏဖြစ်တက်လို့ ပါ ။
ခပ်သွက်သွက်လမ်းလျှောက်လာတဲ့  သူက ကျွန်တော်ပါ ၊အလုပ်ပြန်ချိန်နောက်ကျတဲ့  အတွက်ဒီလမ်းက ဖြတ်ပြီပြန်
လာခဲ့ တာပါ၊ လမ်းတ၀က်လောက်ရောက်ခါနီးကာမှ သိသိကြီးနဲ့  မှားမှန်သိသွားရပါတယ်၊ ဘာကြောင့် လည်ဆိုလျှင်
ကျွန်တော်ရဲ့ အရှေ့ မှာ လက်နက်အပြည့် အစုံနဲ့  မလေးဂိုဏ်စတား ၄ယောက်.....
ကျွန်တော်သွေးကြောင်ပြီ နောက်လှည့် ဖို့  မဆုံးဖြတ်ခဲ့ ပါဘူး၊ သူတို့ အဖွဲ့ ကို မသိချင်ယောင်ဆောင်ပြီး ခေါင်းငုံ့ ကာ
ဆက်လျှောက်သွားမိတယ်။
မြင်ကွင်းရှေ့ မှာ တွေ့ ရတာကတော့  ကျွန်တော်ထင်တဲ့ အတိုင်း တုတ်ခိုင်လှတဲ့  ခြေသလုံးတွေမှာ ဆေးမင်ကြောင်
အရုပ်ပြည့် နဲ့  မလေးဂိုင်စတားခေါင်ဆောင် သူရဲ့ နောက်မှာ ပေဆောင်ဆောင်ရပ်နေတဲ့  ချာတိတ် ၃ယောက်..
ကျွန်တော်ဖြစ်လာမယ့်  ပြဿနာအတွက် သွေးအေးအေးဆုံးဖြတ်ချက်တခု ချလိုက်တယ်၊ မြန်မာသတ္တိတော့ ပြရတော့ မယ်လို့ ..
အကယ်၍သာ သူတို့ နဲ့  ကျွန်တော်ရင်းနှီးလျှင် ပြောပြလိုက်ချင်ပါသေးတယ် ၊မြန်မာပြည်ရဲ့  ဆိုးသွမ်းလူငယ်ဘဝ
ကို ဘာကြောင့် ကျောခိုင်းခဲ့ ရတယ်ဆိုတဲ့ အကြောင်း၊ အသက် ၂၆ နှစ်အရွယ်ထဲမှာ ချိန်ပွဲတွေ၊အုပ်စုလိုက်ရန်ပွဲ
တွေ အခါ ၂၀ ထက်မက ဆင်နွဲခဲ့ ဘူတယ်ဆို့ အကြောင်းတွေပါ.။
ကျွန်တော် ရှေ့ တဲ့ တဲ့ မှာလာရပ်နေတဲ့  ဂိုဏ်စတားခေါင်ဆောင်က လုပ်သက်တော်တော်ရင့် နေပုံရပါတယ်။
သွေးအေးအေးနဲ့  ကျွန်တော်ကိုနှုတ်ဆက်လိုက်တယ်..
"ဟေ့  သူငယ်ချင်း အဆင်ပြေရဲ့ လား"
"ပြေပါတယ်..ငါ ဘာကူညီပေးရမလဲ"
"အို ဘုရားသခင် ...မင်း ကြင်နာတက်သာပဲ" "ဘာ လူမျိုးလဲ"
"ငါ မြန်မာလူမျိုးပါ"
"ကောင်းပြီ..ဒါဆို မင်းမှာပါတဲ့  ပိုက်ဆံတွေရယ်၊ လက်ပတ်နာရီရယ် မင်းနားက အရောင်တွေလက်နေပါလား"
"စိန်နားကပ်လား"
"စိန် အတုပါ"
"ဟုတ်လား ဒါဆို အဲဒါပါ ချွတ်လိုက်"
"ငါ မပေးနိင်ဘူ ဆိုရင် မင်းတို့  ဘာလုပ်မလဲ"
"မင်း အသားတွေနာကျင်ကုန်မှာပေါ့  ...နာစေချင်လို့ လား"
"ကောင်းပြီ...ငါမင်းကို ပေးပါ့ မယ့် "
"မင်း လိမ္မာသားပဲ"
သူကျေနပ်စွာနဲ့ ခါးထောက်ပြီ ကျွန်တော်ကိုကြည့် နေတယ်....
ကျွန်တော် ကျောပိုအိပ်ထဲကနေ ပိုက်ဆံအိတ်ရှာနေသလိုနဲ့  သူရဲ့  ပျော့ ကွက်တွေကိုရှာကြည့် နေမိတယ်...
"အကောင်နဲနဲကြီးရင် အားနဲနဲပဲ ဆိုက်ရတယ်ဆိုတာ လူမိုက်လောက ကထွက်လာတာပါ" အကြောင်းမဲ့ ဟုတ်ပါဘူး
တွေ့ လိုက်ပါပြီ ...သာမန်ထက်အနည်းငယ်ကြီးနေသော သူရဲ့ လည်ဇလုတ်ကို.........
တကိုယ်လုံးမှာ ရှိတဲ့ အင်အားများကို လက်သီးထဲကို ပို့ ပြီ အားကုန်လွဲထိုးချလိုက်တယ်....
"၀ှီး"
"အွတ်"
သူလည်ပင်း သူကိုင်ပြီး မျက်လုံးပြူ၊မျက်ဆံပြူနဲ့  နောက်ကို ၄ ၅လှမ်းခန့် ဆုတ်ပြီး ပစ်လဲကျသွာတယ်...
မလေး ချာတိတ် နှစ်ကောင် သူအနားကို ပြေးသွားပြီ ပွေ့ ချီနေတုန်း ...နောက်တယောက်က ကျွန်တော်ကို
စကိတ်ဘုတ်နဲ့ ပြေးရိုက်တယ်....
ကျောင်းသာဘ၀က ရန်ပွဲတွေနဲ့ ရင်းနှီးနေတဲ့  ကျွန်တော် ဒီအကွက်က ရိုးစင်းလွန်းနေပါတယ်......
အနားရောက်လာတဲ့  သူရဲ့ ရိုက်ချက်တွေကို အသာငုံ့ ရှောင်လိုက်ပြီ ကျွံဝင်လာတဲ့  ချာတိတ် မျက်နှာကို လက်ဖနောင့် 
နဲ့  ခပ်စပ်စပ်ရိုက်ထည့်  လိုက်တယ်...
လက်ဖနောင့် မှာ ကပ်ပါလာတာကတော့  စေးကပ်ကပ်နဲ့ သွေးစများ.....
အဲဒီအချိန်မှာ ရိပ်ခနဲ ၀င်လာတဲ့ အရာ....
" ၀ှီး "
" ခွမ်း"
ကျွန်တော်ခေါင်းငုံ့  ရှောင်လိုက်ပေမယ့်  နောက်ကျသွားခဲ့ ရတယ်....
ဆံချည်မျှင်တွေရယ် တစက်စက်ကျလာတဲ့  သွေးစက်တွေရယ် ...ဘီယာပုလင်းအကွဲအပိုင်းအစများ...
နောက် ချာတိတ်တယောက်က ကျွန်တော်ကို ခရစ်ကတ်ကစားတဲ့  တုတ်ချောင်းနဲ့ ပြေးဝင်ရိုက်ပြန်တယ်..
ဒီလိုအနီးကပ် တိုက်ခိုက်နည်းတွေမှာ ဗန်တိုတိုက်ကွက် ၃ကွက်လောက်နဲ့  အပြီးသတ်တိုက်ခိုက်လို့ ရပါတယ်..
ကျောင်းသာ ဘ၀က ဟိုစပ်စပ် ဒီစပ်စပ် သင်ယူခဲ့ ဘူတဲ့  သိုင်းကွက်တွေက ဒီနေရာတွေမှာ အသုံးဝင်သွားပါတယ်..
ကျွန်တော် ခေါင်းငုံ့ ရှောင်လိုက်ပြီး ရှေ့ တကွက်တက်ကာ ချာတိတ်ရဲ့  ရှိုက်တည့် တည့် ကို အားကုန်ထိုးသွင်းပြစ်လိုက်တယ်.
"အွတ်"
ဆိုတဲ့ အသံနဲ့ အတူ ကတ္တရာလမ်းမပေါ်မှာ ခွေကနဲကျသွားတယ်....
နောက် မောင်းချဓားကိုင်ထားတဲ့  ချာတိတ်တယောက် ကျွန်တော်ကို အထူးအဆန်းသတ္တ၀ါ တကောင်လို ကြောင်ပြီးကြည့် နေတယ်...
ပွဲသိမ်းသွားပြီဆိုတာ ကျွန်တော်သိလိုက်ပြီ...ရန်ပွဲက သိပ်တော့ မကြာလိုက်ပါဘူး..
ဒီချာတိတ် ကျွန်တော်အနားကို မလာနိင်ပါဘူး အဖွဲ့ ကောင်းလို့ သာ ဂိုဏ်စတားလုပ်နေတာ သတ္တိမရှိပါဘူး....
ကျွန်တော် ကျောပိုအိတ်ကို ကောက်ယူလိုက်ပြီ ချာတိတ်ကို နှုတ်ဆက်လိုက်တယ်...
"မင်း သူငယ်ချင်းတွေ ကံကောင်းပါစေ"
ခပ်သွက်သွက်ထွက်လာခဲ့ တယ်..ဒီလမ်းက နောက်တကြိမ်ကြရင် ကျွန်တော်အတွက် သေမင်းတမန်လမ်းကြားဖြစ်သွာနိင်ပါတယ်..
ရီဝေေ၀မူးနောက်နောက်နဲ့  ခေါင်းကိုအနိင်နိင်ထိန်းရင်း သိပ် မဝေးတဲ့  အဆောင်ဖက်ကို လမ်းလျောက်ပြီ ပြန်လာခဲ့ တယ်.
အဆောင်ထဲရောက်တော့  အားလုံးအိပ် နေကြပြီ...ကျွန်တော်လည် ရေးချိုးခန်းထဲ တန်းဝင်ပြီ ခေါင်းက ဒဏ်ရာကို ကြည့် လိုက်တယ်..
စိုရွှဲပြီ စေးကပ်နေတဲ့ သွေးတွေ ဦးခေါင်းမှာရော အင်္ကျီမှာပါ ရဲရဲတောက်နေလို့ ပေါ့ ..
မှန်ထဲမှာ ကိုယ့်ကို ကိုယ်ကြည့် ပြီ တိုးတိုးလေပြောလိုက်မိတယ်..
"မြန်မာ့သွေးမို့  ရဲရဲနီနေသလား မသိဘူးလို့ ............."
လေးစာလျှက်.................။ ။ ။
သျှင်နေမင်း...............။ ။ ။
မြန်မာ့သွေးမို့  ရဲရဲနီနေ
ReplyDeleteသတိနှင့် ခုခံနိုင်ခဲ့တယ် ပိုဂုဏ်ယူပါတယ်။
ဒါပဲလေ..ဘယ်နေရာရောက်ရောက်..မြန်မာဟာ
ReplyDeleteမြန်မာပဲ..အရမ်းသိသာတယ်အစ်ကိုရေ.
ဒါပေမယ့်..သူများနိုင်ငံမှာ..အလုပ်သွားလုပ်နေရတာဆိုတော့
ဒီပုံမျိုးနဲ့ဆို..ရေရှည်..မလွယ်ဘူးအစ်ကိုရေ..
အစစ..အရာရာ..သတိထားနိုင်မှ.တော်ကာကျမှာပေါ့နော်
နိုင်ငံပေါင်းစုံက..မြန်မာတွေ..
အားလုံး...အရာရာတိုင်း.အဆင်ပြေ.ချောမွေ့ကြပါစေ
ဆန္ဒပြုလျှက်ပါရှင်
ချစ်ခင်စွာဖြင့်
သမီးစံ
ဖတ်သွားပါတယ်ရှင် အရေးအသားကောင်းပါရှင်
ReplyDeleteစင်ကျားပူမှာ အဲလိုရှိတယ်လား.. သိဘူးရယ်
ReplyDeleteဂုဏ်ယူတယ်
ReplyDelete