ကြည်၍နေလေ၏၊ထိုအိမ်လေမှာ သုံးပင်တိုင်တဖက်ရပ်တဲသာသာ အိမ်ကလေးဖြစ်လေ၏၊အတွင်း၌ မီးမှိန်မှိန်ကို
သက်ကယ်များနှင့် ကျူထရံများကြားမှာမြင်ရလေ၏။ထိုအချိန်မှာ ကြက်ဦတွန်ချိန်ခန့် ရှိလေ၏ ။
"ခွေးသား ရောက်နေပြီထင်တယ်..ခွေလိုသေအော
မောင်းထွန်းနှင့် ဘိုမင်းသည် ရန်ဖြစ်ထားကြသည်မှာ ၄၊၅ရက်ခန့် ရှိလေပြီ၊ထိုနေ့ က ထန်းတော ၌ နှစ်ယောက်သာရန်ဖြစ်ကြရာ အခြာသူများဆွဲမထားလျင် ထန်းတောထဲတွင် လူသတ်မှုဖြစ်မှာသေချာပါသည်။နှစ်ေ
တခါတရံ စပါးစည်များကို ဖောက်၍အောက်မှနေကာ ဆာလာအိပ်များဖြင့် ထည်ပြီ ခိုးယူတက်ကြသည်၊ဘိုမင်းမှာ
ရသမျ ထန်ရည်ဆိုင်းတွင် သောက်စာမူးရစ်ပြီ ဖြုန်းတီပြစ်တက်သည်။
ကလေးသုံးယောက်နှင့်  မယားမှာ အခါများစွာ ညစာမစားကြပဲအိပ်ယာဝင်ကြာရာ၌ ကလေးများမှာမစားရ၍
အိပ်မပျော်၊မယားမှာ ဘိုမင်းမရောက်လာ၍ စိတ်ပူခြင်းကြောင့်  အိပ်မပျော်ပဲနေရလေ၏။
မောင်ထွန်းမှာ အိမ်ထောင်မကြသေးသောကြောင့်  ဘိုမင်းထက်မျာစွာသာသည်၊ပိုက်ဆံ
မကျေမနပ်ဖြစ်နေ၏၊တနေ့ ၌ထန်းတောထဲတွင် တွေကာ ထန်း၇ည်မူးကျွဲခိုးပေါ်ဆိုသည့် အတိုင်းစိတ်ထဲရှိသမျှကို
ဒေါသနှင့် ပြောမိရာ ရန်ဖြစ်ရခြင်းဖြစ်သည်။
ထိုအခါ မောင်ထွန်းမှာ စိတ်ထဲတွင်အတေးမှတ်ထားပြီ..ငါ့ အကြောင်း ပြလိုက်မယ်၊ ငါ ကိုမခံချင်အောင် လုပ်လျှင်အခုလို ဖြစ်တက်ပါလားဟု သိအောင်ပြလိုက်မည်ဟု စိတ်ထဲတွင်တေးမှတ်ပြီ..မည်သူမျှ သက်သေမရှိ၊ပြီခဲ့ သောရက်က ရန်ဖြစ်ရုံနဲ့  ငါသတ်တယ်လို ဘယ်သူထင်ဝံ့ မလဲ၊အမှောင်ထဲမှာ ဘယ်သူမျှမမြင်နိင်၊တခါတည်း အသေသတ်မည် ဟုတွေးကာ အိမ်လေးနားသို့  တိုးကပ်သွားလေသည်။
အိမ်လေးနာရောက်သော အခါငိုရှိုက်သံလိုလိုကြာလိုက်
ချောင်းကြည့် လေရာဘိုမင်း၏မိန်းမမှာ ဆောင့် ကြောင့် ထိုင်လျှက်ဒူးပေါ်တွင်လက်နှစ်ဖက်နှင့် မျက်နှာကိုတင်ကာ
ငိုရှိုက်နေသည်ကို၎င်း၊ကလေးနှစ်ေ
ဘိုမင်းမှာဒူးနှစ်ဖက်ကိုတန်းပေါ်တင်၍အင်္ကျီမရှိ၊မီးရောင်၌ ပြောင်လတ်သော ကျောမဲမဲသာရှိလေ၏။မောင်ထွန်း၏မျက်လုံးများ ကျယ်၍လာလေသည်၊ မြင်ရသော မြင်ကွင်းမှာ လောကငရဲ၏ မြင်ကွင်းအဖြစ်တွေမိလေ၏၊ဘိုမင်း
ဘိုမင်းလည်း မယားနှင့် သားများကို ကြည့် ကာ သက်ပြင်းရှည်ကြီးချပြီ ထရံ၌ထိုးထာသော ဓားကိုနှုတ်ကာ မယားဖြစ်သူ၏ပခုံးကို ကိုင်ပြီ"မယ်သော့  ခဏနေကြဦး ..အပြင်သွာလိုက်ဦးမယ်.."ဟုပြော
မောင်ထွန်းလည် နောက်ယောင်ခံလိုက်ကာ ဒီကောင်ဘာခိုးမလို့ လဲ၊လုမလို့ လား၊တခုခုပဲဟု တွေးကာ လှံကိုကိုင်ပြီ မျက်ခြေမပျက်နောက်ယောင်ခံလိုက်လေသည်၊လမ်းကြားတခုသို့ ရောက်သောအခါ ဘိုမင်းမှာသစ်ပင်တပင်နားသို့ ပြေးကပ်နေလိုက်သည်ကို မောင်ထွန်းတွေ့ လိုက်ရသည်။မောင်ထွန်းလည် ဘိုမင်းအနားသို့  နီးသထက်နီးအောင် ကပ်၍သွားလေ၏။
ထို့ အခိုက် ကော့ ကော့ ဖလပ်၊ဖလပ်ဟုသော်ကြက်သံနှင့် အတူကုလားတယောက်လမ်းလျောက်လာသည်ကို မောင်ထွန်း
မြင်ရလေသည်၊ဘိုမင်းကပ်၍နေသောသစ်ပင်သို့ လွန်သွာသောအခါဘိုမင်းသည်ဓာမြှောင်ကိုမြှောက်၍
မောင်ထွန်းလည်ဘိုမင်းဓာကို ပြေးကောက်ပြီ..."မင်းဟာအင်မတန်မိုက်မဲတဲ့ ကောင်ပါလား..ဒီကုလားကိုသတ်လို့ ကြက်ကလွဲပြီ ဘာရမှာလဲ...မင်းကြိုးကျမှာ၊တကျွန်းကျမှာမကြောက်ဘူးလား"ဟုပြောလေသည်။
ဘိုမင်းလည်စိတ်ပျက်ခြင်း၊၀မ်းနည်းခြင်း၊ကျေးဇူးတင်ခြင်းများ ပေါင်းစပ်၍ လမ်းမပေါ်ထိုင်ကာလက်နှင့် မျက်နှာကိုပိတ်ကာရှိုက်ငင်ငိုရှာလေသည်။
မောင်ထွန်းလည်ဘိုမင်းနားကိုကပ်ပြီ"မငိုပါနဲ့ တော့ကွာ...ဟိုအရင်နေ့ ကပြဿနာကြောင့်  မင်းကိုလှံနဲ့ ထိုးဖို့ လာချောင်းတာပဲ..မင်းတို့ မိသာစုကိုကြည့် ပြီ မင်းတခုခုကိုလုပ်လိုက်ရင် ပိုပြီပြဿနာတွေကြီးလာမှာဆိုလို့  ငါလိုက်လာတာပါ"အိမ်ကိုပြန်ပါ...ကလေးတွေ ထမင်းမစားရသေဘူး မှတ်လား...ငါ့  အိမ်ကိုလိုက်ယူဟု "ပြောလေသည်။
ဘိုမင်း။။ကျေးဇူတင်ပါတယ်ကွာ...မင်းသဘောထားကြီးပါပေတယ်...ငါတော့ ကလေးတွေနဲ့မိန်းမကြည့် ပြီလုပ်မိလုပ်ရာ
လုပ်တော့ မလို့ ....ထွက်လာခဲ့ တာပါ..
မောင်ထွန်း။ ။လုပ်လိုက်ရင် မင်းဒုက္ခရောက်သွားမှာပေါ့ ၊ လူသတ်မှုဆိုတာ တနေ့ ပေါ်တာပဲ၊ဒီကုလားမှာရော လက်နက်မပါပဲဒီအချိန် ဖြတ်သွားမလား၊မင်းရလည်ကြက်အပြင်၊၄၊၅ကျပ်ပေါ့ ...နောက်ကိုအကုန်သောက်မပြစ်ပါနဲ့ ကွာ...
ငါ့လို တယောက်ထဲဆို ကိစ္စမရှိဘူး...မင်းမှာက ကလေးတွေနဲ့  မယားနဲ့  ကွ...
ဘိုမင်း၏ မိန်းမ မယ်သော့ လည် ကလေးများကို ပွေ့ ဖက်လျှက် ကလေးများနဲ့ အတူ ငိုရှိုက်နေလေ၏၊ထိုအချိန်တွင်..မယ်သော့ ရေ
လာဝိုင်းချပေးပါဦဟ..ဟူသောမောပန်းနေသောအသံဖြင့်  တောင်းကြီးတလုံးထမ်းကာ ၀င်လာသောလင်ယောက်ျားကို မြင်သော
အခါ အံသြလျှက် ထ၍ကူညီချလေရာ တင်းတောင်ကြီးထဲတွင် ဆန်အပြည်၊ကြက်တကောင်၊ဆီ၊ဆား၊ကြက်သွန်များကို တွေရလေသည်။
မယားဖြစ်သူမှာမယုံသင်ကာဖြင့် ဘယ်ကခိုးလာသလဲဟုမေးရာ..ဘိုမင်းကအကျိုးအကြောင်းကိုပြောပြပြီ..ဟောမှာလည်..ငွေငါမတ်ကွ..သူမှာလည်ဒါပဲရှိတာ ..ငါကမတောင်းပါဘူး..သူကပေးလိုက်တာပါ...နောက်ကိုလည်း သောက်စားပြီမဖြုန်းပြစ်ပါနဲ့ ဟု..
တရားချလိုက်တယ်ရှာတယ်..တော်ပြီကွာ..မောင်ထွန်းကြောင့် ပေါ့ ..ငါမတော်တာလုပ်မိတော့ မလို့  သီသီလေးလိုတော့ တယ်.ဒီပုံစံနဲသာဆက်ပြီသောက်စားနေလို့ ကတော့  တနေ့ ဒုက္ခရောက်တော့ မှာပဲ...
မယ်သော့ က မောင့် ရန်သူတော်ကြီမဟုတ်လား..သာဓုတော်..သာဓု ဘုန်းကြီပါစေ..အသက်ရှည်ပါစေ...ကျေးဇူးရှင်ကြီး..သူတော်ကောင်းကြီး..........။
သြော်...ဒါထက်မယ်သော့ ရေ...သူလည်းထမင်းမစားရသေးဘူးတဲ့ ..ဟေ့  တော်တော်ကြာရင် သူလာမယ်ပြောတယ်..သူအရီးအိမ်ကဒါတွေယူပေးလိုက်တယ်...သူပြန်ဆပ်ရမှာပါကွာ...
မကြာမီ မှေးမှိန်သောအိမ်ကုတ်လေးမှာမီးဖို၌လင်းထိန်လျှက် မွေးကြိုင်သော ဟင်းနံအခိုးများ ပြည်လှိုင်လျက်ကလေးအငယ်များမှာကခုန်၍ နေလေသည်။

(ကျွန်တော်ကြိုက်တဲ့  ဆရာကြီး ပီမိုးနှင်း၏ ၀တ္ထုတိုလေးပါ)
ဖတ်လို့..ကောင်းတယ်အစ်ကိုရေ
ReplyDeleteလူဆိုးတွေမှာလည်း..ဆိုးသာ.ဆိုးနေကြတာ
စိတ်ကောင်း၊စေတနာကောင်းတော့ရှိသားနော်း)
လေးစားလျှက်
သမီးစံ
ဖတ်သွားပါတယ်ရှင်
ReplyDeleteလူဆိုးမှာလဲ နှလုံးသားနဲ့ဆိုတာကို ဒီစာလေးက
ReplyDeleteဖတ်ပြီးမြင်ရတယ်
ခင်ခင်မင်မင် jasmine