ရန်ကုန်မြို့ ရဲ့ တဖက်ကမ်းရှိသန်လျင်အရှေ့ ဖက်ခြမ်းတွင်သပ်ပယ်စွာတည်ရှိနေသော ကျိုက်ခေါက်
ဘုရားကြီ၏အရှေ့ ဖက်ခြမ်းတွင် လူနေအိမ်များ၊လယ်ကွင်းများ၊ဓနိတဲလေများ၊လယ်သမားများနဲ့ လက်
လုပ်လက်စား လူတန်စားအများစုနေထိုင်ကြပါတယ်...
ရွာလေနာမည်က ကရင်ဆိပ်ကျေးရွာ ဟုခေါ်ဆိုပြီ အများအားဖြင့် ဗမာအများစုသာနေထိုင်ကြပါတယ်၊
နေရောင်ပျောက်ပြီအမှောင်သန်းချိန်မှာတော့ မိုးကရွာပြီ မီးမှောင်သောကြောင့်  ရွာထဲရှိလူ အားလုံး
အိမ်ထဲတွင်သာ တိုးဝှေ့ နေထိုင်ကြပြီး အပြင်သိပ်မထွက်ကြပေ၊ ကရင်ဆိပ်ရွာလေ၏ အလှမ်းဝေးသော
အနောက်ဖက်တွင် ဓနိများ၊ဘိလပ်မြေ အိပ်ခွံများဖြင့် ကာရံထားသော အိမ်လေးတလုံးရှိသည်၊မိုး
ရော လေပါ သည်းထန်းစွာ ရွာနေသောထိုညက အိမ်လေးသည် ယိုင်ထိုးနေပြီ လွင့် ပါတော့ မလားထင်နေရသည်။
မိုးယိုစိမ့် နေသော အိမ်လေးထဲတွင် ရေနံဆီမီးခွက်အလင်းရောင်းလေးသည် မှိန်တုတ်စွားဖြင့် ရှိနေသည်၊
အိမ်ခန်းထောင့် တွင်ညီညူးသံများ တခါတခါကြားနေရသည်၊ညီးညူသံမှာ ဦလှထွန်း ၏ ဇနီး ကလေးမီးဖွာရန်
အတွက် အပြန်အထန် ခံစားနေရသောအသံဖြစ်သည်။
ဦးလှထွန်း ကအသက် ၄၅ နှစ်လောက် ငယ်ငယ်လေထဲကစ၍ အလုပ်ကြမ်း ကိုပင်ပန်းကြီးစွာလုပ်ရသောကြောင့် 
ဦး လှထွန်းမှာ တကယ်အဘိုးအိုကဲ့ သို့ ရှိလေသည်။မီဖိုထောင့် တွင်ထိုင်နေပြီး ထင်စအချို့ နှင့် သတင်းစာ
အပိုင်းအစ အချို့ ကို မီးဖိုထဲ ပြစ်ထည့် လိုက်ပြီး ဒေါ်အေကြွယ်၏ အသံကိုနားထောင်နေပြီ...
" အင်း...အလုပ်ကတော့ ရှုပ်တော့ မယ် ..လူတယောက်ကတော့ တိုးလာအုံးမှာပဲ.မိုးကလဲ ရွာ၊ရေကလဲ ကြီး၊
ဆန်ဈေးတွေက တက်၊အလုပ်တွေရှား၊ ဒီမိသားစု ကို ဘယ်လိုလုပ်ကြွေး ရမလဲ..ကံကြမ္မာက ရက်စက်လွန်းတယ်..
"အဖေ ..ဟိုဖက်အိမ်က အဖွားမသောင်းစိန်ကို သွားခေါ်လိုင်အုံးမယ်နော်.....
အိပ်ခန်းထဲက ထွက်လာသော ဦးလှထွန်းရဲ့  သမီးလှလှအေးက ပြောလိုက်သည်၊ လှလှအေး ထွက်ခွာသွားသော
တံခါးက လေတချို့ ဝင်လာပြီး ရေနံဆီ မီးခွက်လေငြီမ်းသွားသည်..ဦးလှထွန်း မီးခြစ်ယူပြီး ထွန်းဖို့ ထသောအခါ..
အခန်းတွင်းက ဒေါ်အေးကြွယ်က အားတင်းပြီးပြောလိုက်တယ်..
"ထွန်းမနေ ပါနဲ့ ရှင် ...ရေနံဆီက ကုန်တော့ မယ် ..အခုလည်းမမွေးနိင်သေ ပါဘူး...နောက်နေ့ တွေကြ
ရင် ထွန်းရအုံးမှာ..ခဏတော့  ချွေတာကြတာပေါ့ ....."
ဦးလှထွန်း လဲမီးမထွန်းပဲ အိမ်အပြင်ဖက်ကို ငေးမောကြည့် ပြီး စိတ်မရှည်တဲ့  လေသံနဲ့ ...
"ဒီ..လှဦး ဆိုတဲ့ အကောင် ကြာလိုက်တာ ဘယ်တွေများသဝေထိုးနေလဲမသိဘူး....
ဆန် နည်းနည်းလောက် ချေးခိုင်းလိုက်တာ..ဒါမှ အိမ်မှာစားလို့ သောက်လို့ ၇မှာ..အသက်က ၁၄ နှစ်တောင်
ရောက်နေပြီ..စောက် သုံးကိုမကျဘူး....
အင်း...ခက်တာက တို့ အမျိုးတွေက တယောက်မှချမ်းသာကြတာဟုတ်ဘူး....ဆန်မှ ရပါမလားမသိဘူး.."
ပြောဆိုပြီး အပြင်ဖက်ကို ငေးစိုက်ကြည့် နေတယ်...........
" မိုး တွေကကြီး စပါးတွေကပျက် တို့ မှာကကြိုတင်စုဆောင်းထားတဲ့  ဆန်ကလဲမရှိ ဘယ်လိုစာသောက်ရလဲ...
ထိုအခိုက်..
လှလှအေးနှင့် အဖွားဒေါ်သောင်းစိန်တို့ ဝင်လာကြ၏၊အဖွားကြီး အခန်းထဲကတန်းဝင်သွားပြီး မီးထွန်းပြီ
ဖြူဖက် ဖြူရော် ဖြစ်နေသော မအေးကြွယ်ကို ကြည့် ပြီး ဦးလှထွန်းကို အဆက်မပျက် မြည်တွန်တောက်တီးပါတော့ တယ်..
"ဟင်း..မယားကတော့ မွေးတော့ မယ် သူကတော့  မီးဖိုရှေ့ မှာနေပြီ ရေနွေးတောင် တည်ပေးဖော်မရဘူး"
"သွား အပြင်ဖက် ထွက်နေ .........."
ဦးလှထွန်းလဲ အိမ်အပြင် တံစက်မြိတ်အောက်က ကွပ်ပြစ်လေးမှာ ဆင်းနေတုန်း..ကရင်ဆိပ်ရွာထဲက
ဝေလွင်ဦး ဆိုတဲ့  လူတယောက် အမောတကောနဲ့ အော်ဟစ်ပြီး ပြေးလာခဲ့ တယ်....
"ဗျို့  ဦးလှထွန်း...
ဦးလှထွန်း...
"ဘာလဲကွ ဖြေးဖြေးအော်ပါကွ ငါ့  မိန်းမ မီးဖွားနေလို့  "
..ခင်ဗျာသားပါသွာပြီဗျ...
"ဟ....ဘာပါတာတုန်းကွ ရှင်းအောင်ပြောလေကွာ...ချီးမှပဲ"
စစ်တပ်က ပေါ်တာဆွဲတဲ့ ပါသွားပြီ.......
"ဘာ...တောက်"
ညနေလောက်ထဲက စစ်တပ်လူတွေ ဥက္ကထအိမ် ကိုရောက်နေတာ...
သူ့  သားကြတော့  မြို့ ကို့ ပို့ ထားပြီး...ခင်ဗျာသားကိုတော့ စစ်တပ်ထဲထည့် ပေးလိုက်တယ်...
ထမင်းကြွေးမယ် လစာပေးမယ် ဆိုပြီး အထုပ်တွေထမ်းဖို့ အတွက်ခေါ်သွားတာ...
ဦးလှထွန်းတယောက် ဂရောင်းချောက်ချားဖြစ်သွားပြီး ဒေါသတွေထွက်နေသည်..လွန်ခဲ့ တဲ့  လအနည်းငယ်က
လယ်ကွပ်လေး ကိုအိမ်ပြင်ရန်အတွက် ပေါင်ထာတာမရွေးနိင်၊ယခုလည်း သားတယောက် ပါသွားပြန်ပြီ..
"ဥက္ထထ ကိုကြည့် မရဘူကွာ....တရားဆွဲမယ် ဘယ်ရောက်ရောက်.."
ဟာ.........တရာဆွဲလဲဘာထူးမှာလဲ ဒီကောင်တွေကအတူတူပဲ...အစိုးရဆိုတာ အတူတူပဲ..
"တောက်"
အဲဒီအချိန် အဖွားဒေါ်သောင်းစိန်က ထွက်လြာ့ပီး...
"ဟေ့  လှထွန်း ..မင်းကတော့  ကံကောင်တယ်ဟေ့ ...ယောင်္ကျားလေးပဲဟေ့ ....."
ဟင်း........... ဦးလှထွန်း သက်ပြင်းတွေချနေမိသည်............၊
ည ၂ ချက်ထိုးနေပြီ မိသားစုတွေ အိပ်မပျော်နိင်ကြပေ....ဒေါ်အေးကြွယ် အနီးက ကလေးကိုတွေဝေစွာ
ကြည့် နေကြပြီး တိတ်ဆိတ်နေကြသည်..........
တိတ်ဆိတ်မှုကို ဦးလှထွန်းရဲ့  စကားတွေနဲ့  စတင်လိုက်သည်...
"မိန်းမရေ...ခလေးကို တို့ ဆက်မွေးထာရင် တို့ လဲ ဆင်းရဲတွင်းက နက်သထက်နက်လာအုံးမယ်..
ခလေးရှေ့ ရေးအတွက်လည်း ရင်လေးရတယ်...ဒီခလေး ကို ခလေးမရှိတဲ့  တရုပ်လင်မယားအိမ်
နား သွားစွန့် ပြစ်လိုက်ရင် ခလေးအတွက် အနာဂတ်ကောင်းသွားသလို တို့ အတွက်လဲ အဆင်ပြေမယ်ထင်တယ်..
ဒေါ်အေးကြွယ် တွေဝေနေသည်........
"ခလေး ကိုမင်းချစ်သလို ငါလဲချစ်တာပဲကွာ....ဒါပေမယ့် ........."
ဒေါ်အေးကြွယ်ဖြည်းညှင်းစွာ ခေါင်ညိတ်လိုက်သည်..........၊
ထိုအခါ..
လှလှအေး က ငိုကြွေးပြီး......
"အမေနဲ့ အဖေရယ် မောင်လေးကိုတော့  သူများအိမ်ကို မပေးပြစ်ပါနဲ့  ..သမီးမြို့ က လာခေါ်တဲ့ ဒေါ်မြင့် 
မြင့် မူ နဲ့ လိုက်သွားလိုက်မယ်လေ ...ဒါဆိုသမီးတို့  ပိုက်ဆံတွေအများကြီးရမှာလေ....နော်......."
ဒေါ်မြင့် မြင့် မူ ဆိုတာမြောက်ဥက္ကာလာက အနှိပ်ခမ်းတွေအကြောင်းပြုပြီး...ပြည့် တန်ဆာတွေနဲ့ လုပ်စားနေတာပါ.
ဒါကို ဦးလှထွန်း လက်မခံနိင်.......
ဦးလှထွန်း တုန်ရီနေသောလက်များဖြင့်  ခလေးကို အနှီးများဖြင့် အထပ်ထပ်ရစ်ပတ်ပြီးပွေ့ ချီကာ မြို့ နဲ့ 
အလှမ်းနီးတဲ့  တရုပ်လင်မယားအိမ်ရှိတဲ့ အရပ်ကို ထွက်လာခဲ့ တယ်...
ဒေါ်အေးကြွယ်လည် ဘာမှမပြောပဲ ရှိုက်ကြီးတငင်ငိုကြွေးနေသလိုလှလှအေးက သူအဖေနေတဲ့  မီးဖိုလေးရှေ့ တွင်
အသိမ့် သိမ့်  ငိုကြွေးနေတယ်...
ဦးလှထွန်း ခလေးကိုချီပိုပြီး ငိုကြွေးရင် တဖြည်းဖြည်းနဲ့ မြို့ နဲ့ အလှမ်းနီးတဲ့  တရုပ်လင်မယားအိမ်ရှေ့ ကို
ရောက်လာခဲ့ တယ်.....
ခလေးကို ခြံစည်းရိုးရှေ့ နာချပြီး ...အကြာကြီးတွေဝေစွာငေးကြည့် ရင် စဉ်စားနေတယ်...
"ငါဟာ ဗုဒ္ဒဘာသာတယောက်ဖြစ်ပြီး အပြစ်မရှိတဲ့ ခလေးတယောက်ပေါ်မှာ ရက်စက်နေတာလား..
ငါ အိမ်ထောင်ဦစီး မပီးသတာလား...ငါ.........."
ထိုအချိန်တွင် ခလေးရဲ့  ငိုသံသဲ့ သဲ့ လေးထွက်လာသည်........
ညမှောင်မှောင် တရုပ်အိမ်ရှေ့ တွင် တွေဝေ ငေးမောနေသောဦးလှထွန်း ဆုံဖြတ်ချက်တခုကို သေချာစွာချလိုက်သည်...
ခလေးကို ရင်ခွင်ထဲတွင်နွေးထွေစွာ ပွေ့ ချီလိုက်ပြီ လာရာလမ်းအတိုင်း ပြန်ထွက်လာခဲ့ သည်...။
(ဒီပို့ စ် လေးနဲ့ ပတ်သတ်ပြီ မည်သူမဆို create ပေးစရာမလိုပဲ မည်သည့် နေရာတွင်မဆို ကူးယူဖော်ပြနိင်ပါသည်)
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....