၃၁ သြဂုတ် ၂၀၁၁ မှာကျရောက်တော့မယ်ဘလော့ဒေးအတွက် သမီးစံတဂ် လို့ သာ
ရေးရတာ၊သိပ်တော့ အားမရှိလို့ လှပါဘူး ကျွန်တော့ လိုသာမာန်ပမွှားဘလော့ဂါတယောက်
အနေနဲ့ ရေးစရာသိပ်မရှိပါဘူး သမီးစံ နဲ့ တော့မထူခြားနားပါပဲ၊ဘလော့ ဂါတယောက်
မဖြစ်ခင်ကတော့ ဘလော့ တကာလျောက်သွားနေတာ ခြေရာများတွေ့ ခဲ့ ရင် ကျွန်တော်
ခြေရာတွေအများဆုံးတွေ့ ရမယ်ထင်ပါတယ်၊ဒါပေမယ့်  ကျွန်တော်ကအပြင်မှာရော၊အွန်လိုင်း
ပေါ်မှာဆက်ဆံရေးအရမ်းညံ့ တဲ့ လူတယောက်ပါ.ဘလော့ တကာဝင်ဖက်ရင် C BOX မှာရော၊
comment တွေမပေးပဲတိတ်တိတ်လေးထွက်သွာနေကြပါ.အင်တာနက်နဲ့ထိတွေ့ သာမကြာ
သေးတဲ့ ဘလော့ ဂါတယောက်ဆိုလျင်မမှားပါဘူး၊လွန်ခဲ့ တဲ့ ၂နှစ်ကျော်လောက်ကမှကွန်ပြူတာ
နဲ့ အင်တာနက်ကိုစတင်ထိတွေ့ ဘူးခဲ့ တာပါ၊မြန်မာစာတောင်ယခုအချိန်ထိသိပ်မရေးတက်သေးပါဘူး၊
့ချက်တင်တွေနဲ့ အကျွမ်းမ၀င်ဘူးတာအရမ်းကိုနစ်နာတယ်လို့ ထင်ပါတယ်.:P
ဘလော့ တကာလျောက်သွားရင် အချိန်လေးလည်ရတော့  ဘလော့ တခုလုပ်ကြည့် ဖို့ 
စဉ်းစားမိတာနဲ့ သူငယ်ချင်းတယောက်ပေးထားတဲ့ ကိုညီလင်းဆက်ရဲ့ ဘလော့ လုပ်နည်းစာအုပ်
လေးနဲ့ စတင်လုပ်ကြည့် ထားတာပါ.စတင်လုပ်ပြီတော့ ဘာရေးလို့ ရေးရမှန်မသိတာနဲ့ 
သူများရေးထာတာတွေပဲတင်ပြီ ကိုယ်ဘာသာကိုယ်ဖက်နေရတဲ့ ဘ၀ပါ.ကိုယ်တိုင်ရေး
သိပ်မရှိတော့ ဘလော့ တကာလျောက်ကြော်ငြာဖို့ ဆိုတာမစဉ်းစာခဲ့ ပါဘူး၊ကိုယ်တိုင်ရေး
ဆိုလို့  ကျောင်းသာဘ၀ ကတောင်စာစီစာကုံးတောင်တမျက်နှာပြည့် အောင်မရေးတက်ခဲ့ ပါဘူး၊
ဒါပေမယ် စာဖက်တာတော့ ငယ်ငယ်လေးထဲကအခုချိန်ထိဝါသနာပါခဲ့ ပါတယ်၊ဒါပေမယ်
ချရေးကြည့် ဖို့ ကြိုးစာခဲ့ တော့ ဘာရေးရမှန်မသိခဲ့ ပါဘူး၊ဒါပေမယ့်  စာပေအနုပညာ
ပိုးတွေကိုအတင်းအန်ထုတ်ပြီ ကဗျာလေးတွေစတင်ဖန်တီး၊အက်ဆေးလေးတွေစတင်ရေး
နေပါပြီး၊လေးစာအားကျတဲ့ ဘလော့ဂါတွေကတော့ ချရေးပြမယ်ဆို အားလုံးလိုလိုဖြစ်
သွားနိင်ပါတယ်၊လေးစားဆုံးဘလော့ဂါကတော့ 
မငယ်နိင်ပါပဲ.သူရဲ့ ခံယူချက်၊သူရဲ့ အရေးအသား
တွေ၊အယူအဆတွေကိုကျွန်တော်ပေါ်ကိုအလွမ်းမိုးဆုံးဆိုလျှင်မမှားပါဘူး၊အထူခြားဆုံးက
ကျွန်တော်ဘလော့မှာ Coment တွေ၁၀ ခုတောင်မပြည့်သေးတာပါပဲ၊ဒါပေမယ် ကျွန်တော်
စိတ်ဓာတ်မကျခဲ့ ပါဘူး ဆက်ပြီးကြိုးစားဖို့ လိုသေးတယ်ဆိုတာပြနေတယ်လို့ ထင်ပါတယ်..၊
တဦးနဲ့ တဦး တင်ဆက်ပုံတွေမတူညီကြတဲ့ ကာလာပေါင်းစုံ ဘလော့  လောကဟာအစဉ်
တိုးတက်နေအုံးမှာပါ...ကျွန်တော်အနေနဲ့ တဂ် ဖို့ ဘလော့ ဂါတွေမရှိပါဘူး၊ကိုမင်းသျှင်ကို
တဂ် ဖို့ ကျတော့ သူကအချိန်ပြည့် ရွေမြန်မာဥယျာဉ်ထဲမှာပဲ အလုပ်ရှုပ်နေတော့ ဒုက္ခမပေး
တော့ ပါဘူး...ကျွန်တော်ဆုတောင်းနေပါတယ် အတွေးအခေါ်မတူညီ၊တူညီတဲ့ ဘလော့ 
ဂါတွေ အားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့် စုံကြပါစေ..............//
အားပေးပါတယ်အစ်ကို..
ReplyDeleteဘလော့ဂါတစ်ယောက်ရဲ့တာဝန်များကိုပျော်ရွှင်စွာထမ်းရွက်
နိုင်ပါစေရန်..ဆုတောင်းပေးပါတယ်အစ်ကို
ပျော်ရွှင်ပါစေရှင်။ဘလော့တစ်ခုမှာမန့်တာကအဓိကမကျပါဘူးအစ်ကိုရ
ကိုယ့်ဘလော့လေးကအဓိပါယ်ရှိလာဖို့သာအဓိကပါနော်
အားပေးလျှက်ပါရှင်။
ခင်မင်စွာဖြင့်
ညီမ/သမီးစံ