အခုတလော လူပြောများနေတဲ့  ဗီဒီယိုဖိုင်အတိုလေးပါ၊စင်္ကာပူသတင်းမှာ အခုတ်တရနဲ့ ဖော်ပြသွားပါတယ်၊
လက်ရှိဗီဒီယိုဖိုင်ထဲမှာ ပါဝင်တဲ့ တရုတ်လူမျိုးအချို့ ရဲ့  စိတ်ဓာတ်တွေဟာ တရုတ်လူမျိုးအားလုံးကို ကိုယ်စား
မပြုပါဘူး၊ဘာကြောင့် လည်ဆိုလျှင် ပြီခဲ့ သောလအနည်းငယ်က ကိုပီတာ ဘလော(ဂ်)တွင် ဒုက္ခတအဖိုးကြီးအား
ထီးမိုးပေးခဲ့ သော တရုတ်လူမျိုးမိန်ခလေး၏ သတင်းကိုဖက်ပြီ ကြည်နူးပီတိဖြစ်ရသလို၊ ယခုဗီဒီယိုထဲတွင် အကြင်
နာကင်းမဲ့ သော၊ လူမှုရေးအသိစိတ်ဓာတ်ကင်းမဲ့ သော တရုတ်လူမျိုးတစုကို ကြည့် ပြီ အံသြဒေါသထွက်ရပါတယ်၊
ထိုကြောင့်  တရုတ်လူမျိုးများကို ဘာလဲ၊ဘယ်လဲဟုမေးရပါလိမ့် မယ်၊ အကောင်းနှင့် အဆိုး ဒွန်တွဲနေသော လူ
လောကကြီးထဲမှာ မြန်မာပြည် ဘာလဲ၊ဘယ်လဲဟု မမေးတော့ ပါဘူး၊ ဘာကြောင့် လည်ဆိုလျှင် ယဉ်ကျေးသိမ်မွေ့ 
ပါတယ်ဆိုသော ဗုဒ္ဒဘာသာမြန်မာနိင်ငံတွင်း စက်တင်ဘာအရေးအခင်းက လက်ညိုးထိုးစရာဖြစ်နေသောကြောင့် ပင်တည်။
ကျွန်တော်တို့  မြန်မာနိင်ငံတွင်းဆိုလျှင် တိုက်မိသွားသော ခလေးအတွက် တာဝန်ယူမဖြေရှင်းပဲ ထွက်ပြေးသွား
လျှင် နောက်ကနေ အုတ်ခဲများပစ်သွင်းခံရမှာ မြင်ယောင်မိပါသေးသည်၊လက်ရှိခလေးရဲ့ သတင်းနဲ့  ပတ်သတ်ပြီ
စင်္ကာပူသတင်းမှာတော့  ဆေးကုသမှုခံယူနေတယ်ဆိုသည့် အကြောင်း ဖော်ပြထားပါတယ်။
ကျွန်တော်တို့ အားလုံး ခလေးငယ်အတွက် ဆုတောင်းပေးသင့် ပါတယ်၊အမြန်ဆုံး သက်သာပျောက်ကင်းပြီ
တရုတ်ပြည်အတွက် အများအကျိုးသယ်ပိုးနိင်သော သမီးကောင်ရတနာဖြစ်ပါစေဟုဆုတောင်းရင်..
တဆက်ထဲမှာပဲကျွန်တော်လို ကျွန်တော်ဘလော့(ဂ်)ကို နှုတ်မဆက်ပဲစာဝင်ဖက်နေတဲ့ သူငယ်ချင်းတွေကို
တောင်းပန်ပါတယ်၊ဘ၀တွေကခါး ရသတွေရှားနေလို့ ပိုစ့် အသစ်တွေမတင်နိင်သေးပါဘူး။
သတင်းမှာတွေ့လိုက်ပေမယ်ြ့ပန်ကြည့်ဖြစ်တယ်
ReplyDeleteခလေးငယ်ကိုသနားနေမိလို့
ကြည့်ပြီးလဲ စိတ်မကောင်းဖြစ်နေရတာပဲ
သတင်းမှာ ကြည့်သေးတယ်။ စိတ်တောင်မကောင်းဘူး။ ကားက ၂ စီးတောင် တက်ကြိတ်သွားတာ ကလေးက မသေတာ တော်တော်ကို ခံစားရမှာပဲ။
ReplyDeleteခင်တဲ့
မေသိမ့်
အံသြစရာကောင်းလိုက်တာ ဘယ်လို လူစိတ်ကင်းမဲ့ တဲ့ လူတွေ ပါလိမ့်
ReplyDeleteရွှေစင်ဦး
လူမျိုးထက် လူတစ်ယောက်စီရဲ့စိတ်ဓာတ်နဲ့၊ သူ့ရဲ့လုပ်ရပ်တွေနဲ့ပဲ ဆိုင်တယ် ထင်မိတယ်။ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။
ReplyDelete