twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Monday, May 30, 2011

အမေ့နို့ကြွေး တစ်စက်ကလေးဖြစ်စေ ဆပ်နိုင်စေဖို့

"အမေ..သား ကျောင်းမတက် ချင်တော့ဘူး။။ စာတတ်တော့လည်း ဘာထူးလို့လဲဗျာ။။ အမေတို့ကိုပဲ ကူညီတော့ မယ်လေနော်အမေ။။"
ကျွန်တော့်ရဲ့ အားတက်သရော စကားသံမှာ အမေလက်ခံ သဘောတူ လိမ့်မည်လို့ ထင်မထား မိတာမို့ အမေ့မျက်နှာ ရိပ်ပြောင်းလဲမှုကို ကျွန်တော် လုံးဝသတိမထားမိ လိုက်တာပါ။။ သတိထား မိလိုက်ချိန်မှာတော့ အမေ့မျက်နှာက ရဲတွတ်ပြီး ဒေါသ၊ အမျက်ခြောင်းခြောင်း ထွက်နေလေပြီ။။
"ကိုမင်း..နင်ဘာစကား ပြောလိုက်တယ်။။ ပြန်ပြောလိုက်စမ်း ငါ့ကို။။"

အမေသည် သာမာန် အချိန်များမှာ သားကြီးဟုသာ ခေါ်တတ်ပြီး စိတ်တိုဒေါသ အလွန်ကြီးသော အခါမှသာ ကျွန်တော့်ကို ထိုကဲ့သို့ ခေါ်တတ်ခြင်း ဖြစ်သည်။။ ကျွန်တော့်စကားမှာ ဘာများအမှား ပါသွားပါလိမ့်ဟု သေချာပြန် စဉ်းစားကြည့် မိတော့လည်း ဘာမှမပါ။။ တောသူတောင်သားများမို့ တောင်ယာ အလုပ်ဖြင့် အသက်မွေးသော မိဘနှစ်ပါး၏ ပင်ပန်း ဆင်းရဲမှုကို မျှဝေယူဖို့ ခွင့်တောင်းခြင်းသည် ကျွန်တော်မမှား။။ ဒါဆိုအမေက ဘာလို့ဒေါသ ထွက်ရတာပါလိမ့်။။ ထိုစဉ်ကတော့ ကျွန်တော်သည် အတန်းပညာ (၇)တန်းထိ သင်ယူအောင်မြင် ပြီးစအချိန်။။
တွေးတောနိုင်သလောက် တွေးဆဆုံးဖြတ်ပြီး မိဘကျေးဇူးကို ဆပ်ဖို့ရန် ပြင်ဆင်ခြင်းသာ။။ မျက်တောင်တစ်ဖျား အမြင်မှာတော့ ကိုယ့်ကိုကိုယ် ကြီးမြတ်လှပြီ ထင်နေသော ကာလမို့ မျက်စိတစ်ဆုံး ကြည့်တတ်သော အမေတို့ရဲ့ အမြင်ကို နားမလည်နိုင်သေး။။ ထို့ကြောင့်ပင်
"သားက အိမ်မှာအကြီးဆုံးသားလေ အမေရ။။ ရွာထဲက ဘယ်အိပ်ကိုပဲကြည့်ကြည့် အကြီးဆုံးသားတွေက မိဘကိုကူပြီး အိမ်ရဲ့အလုပ်တွေကို ဦးစီးနေကြတာပဲလေ။။ သားလည်း (၇)တန်းထိ အောင်ပြီးပြီပဲ။။ သေစာ၊ရှင်စာလည်း မကတော့ပါဘူးအမေ။။ သူများပြောတာ ခဏခဏခံရတော့ သားလည်းရှက်လှပြီဗျ။။ အကြီးဆုံးသား ဖြစ်လျက်နဲ့ မိဘကိုမငဲ့ပဲ သားက ကျောင်းဆက်တက် နေတယ်လို့ ဝိုင်းပြောနေကြတာ။။"
"တော်စမ်းကိုမင်း။။ နင့်ကိုမွေးထားတာ ငါတို့။။ နင့်ကို ကြီးပြင်းလာအောင် စောင့်ရှောက်ထားတာလည်း ငါတို့ပဲ။။ အဲဒီပတ်ဝန်းကျင်က နင့်ကိုဘာမှ လုပ်ပေးတာမရှိဘူး။။ ကြားလား ငါပြောတာ။။ ဟေ့ ရီရီတို့လင်မယား စာကိုကောင်းကောင်း သင်ခွင့်မရခဲ့လို့ သင်ပုန်းကြီးကျေပဲ တတ်ခဲ့တယ်။။ ဒါပေမယ့် ရီရီတို့မွေးထားတဲ့ သား(၃)ယောက်လုံး ပညာတတ်တွေ ဖြစ်စေရမယ်။။ နင်ဘာမှ အထွန့်မတက်နဲ့ကိုမင်း။။ မနက်ဖြန် နင့်ကို ငါကိုယ်တိုင် ကျောင်းလိုက်အပ်မယ်။။ ဒါပဲ။။"
"ဟင့်အင်းအမေ။။ သားကျောင်းဆက်ပြီး မတက်တော့ဘူး။။ အမေတို့ကိုပဲ ကူပြီးအလုပ်လုပ်တော့မယ်။။ မတက်ဘူး။။"
မိဘရဲ့စေတနာကို မသိတတ်သည်တော့ မဟုတ်။။ မိဘကျေးဇူးကို တစ်ဖက်တစ်လမ်းက ဆပ်ရန်စိတ်ကူးနှင့်မို့ ကျွန်တော်လည်း မှန်တယ်ဟုထင်သည်။။ ထို့ကြောင့် လုံးဝကို အကြောက်အကန် ငြင်းဆန်ပြီး ကန့်ကွက်လိုက်၏။။ မထင်မှတ်စွာ အမေ့မျက်ဝန်းဆီမှ မျက်ရည်တွေ ကျလာတာကို ကျွန်တော် တွေ့လိုက်ရသည်။။ အမေဘာလို့များ မျက်ရည်ကျရတာပါလိမ့်။။ ထိုစဉ်က ကျွန်တော့်အတွေး၊ ကျွန်တော့်ဥာဏ်နှင့်တော့ တွေးဆလို့မမှီနိုင်ခဲ့။။ ကျွန်တော်ကျောင်းမှ ထွက်လိုက်ပါက ကျောင်းစရိတ်သက်သာမည်။။ မိဘလုပ်ငန်းမှာ လုပ်အားတစ်ခုတိုးပြီး အမေတို့ အဆင်ပြေနိုင်မည်။။ အမေတို့ ဝမ်းသာရမည် မဟုတ်ပါလား။။ ခုတော့အမေက မျက်ရည်တွေပါ ကျလာသည်။။ ကျွန်တော် နားမလည်နိုင်တော့။။ အမေက ကျွန်တော့်ပုခုံး နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
"သားကြီး.. အမေတို့ကိုကြည့်စမ်း။။ မင့်အဖေရော အမေရော ဘုန်းကြီးကျောင်းကနေပဲ သေစာ၊ရှင်စာလေး တတ်ခဲ့ရတယ်။။ အခုအမေတို့ ဘဝကိုဘယ်လို ရုန်းကန်နေရလဲ။။ ရွံ့ထဲ၊ဗွက်ထဲ နွားနဲ့ဖက်ရုန်းပြီး နေပူမရှောင်၊ မိုးရွာမရှောင် အလုပ်လုပ်မှ ဝမ်းဝရုံ၊ဖူလုံ အဆင်ပြေရုံပဲရှိတယ်။။ အမေတို့ ဘယ်လောက်ပင်ပန်းလည်း သားကြီးတွေ့တယ်မလား။။ အဲဒါအမေတို့ ပညာမတတ်လို့။။ ပြီးတော့အမေတို့ သား(၃)ယောက် မွေးထားတာ။။ သားတွေကို အမေတို့ ဥစ္စာ၊ပစ္စည်းအမွေထက် ပညာအမွေပဲ ပေးချင်တယ်။။ ငါ့သားတွေကို လူမိုက်လေးတွေ ဖြစ်မလာစေချင်လို့ပါ သားကြီးရယ်။။ ပညာမတတ်ရင် အကန်းလိုပဲဟဲ့။။"
ပြောနေရင်းမှ တအီးအီးနှင့် ငိုချလိုက်သော အမေ့ကိုကြည့်ပြီး ကျွန်တော် ဘာလုပ်ရမည်မသိ။။ အမေဘာလို့များ ဒီလောက်ထိ ဝမ်းနည်းနေရတာပါလိမ့်။။ ကျွန်တော့်အတွေးမှာတော့ ဒါကဝမ်းနည်းစရာမဟုတ်။။ ထို့ကြောင့်လည်း ကျွန်တော့် ဆုံးဖြတ်ချက်ကိုလည်း မပြင်နိုင်။။

"သားသိတယ်လေ အမေရ။။ အမေတို့ အရမ်းပင်ပန်းနေတာ သားမြင်နေ၊တွေ့နေတာပဲ။။ အဲဒါကြောင့်မို့ သားကကျောင်းထွက်ပြီး ကူညီချင်နေတာလေ။။ သားကျောင်းစရိတ်လည်း သက်သာမယ်၊ အမေတို့အတွက် လုပ်အားတစ်ခုလည်း တိုးလာမယ်။။ ညီလေးတွေကိုပဲပညာတတ်ကြီးဖြစ်အောင် အမေတို့နဲ့အတူတူ သားလည်း မြေတောင်မြှောက် ပေးကြမယ်လေနော်အမေ။။ သားဆုံးဖြတ်လိုက်ပြီ။။ ကျောင်းဆက်မတက် တော့ဘူးအမေ။။ သားကျောင်းမတက်တော့ဘူး။။"
အမေ့မျက်ရည်များကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တာ တွေ့ရသည်။။ မျက်နှာကလည်း အတော်ကို ခက်ထန်သွားပြီး ကျွန်တော့်ကို ဆွဲလှည့်ပစ်လိုက်သည်။။ အိမ်လယ်တိုင်ကို မျက်နှာမူပြီးသား ဖြစ်နေပြီမို့ ကျွန်တော် အရိုက်ခံရတော့မယ်ဆိုတာ သိလိုက်၏။။ ကျွန်တော်တို့ မိသားစုမှာ အဖေက အရမ်းအေးပြီး သားတွေကို လေအေးလေးနဲ့ ပြောဆိုဆုံးမ တတ်ပေမယ့်၊ အမေကတော့ ခပ်ကြမ်းကြမ်း ဆုံးမတတ်တာလေ။။ ညီအကို(၃)ယောက်အတွက် ပလပ်စတစ် ကြိုးများဖြင့် အရောင်ခွဲထားသော ကြိမ်လုံး(၃)လုံးကို အိမ်နံရံမှာ ချိတ်ထားတဲ့အမေ။။ ခုလည်းကျွန်တော် ကြိမ်ဒဏ်သင့်ဖို့ သေချာလေပြီ။။
"ကိုမင်း.. နင်အတတ်ကောင်းတွေ တော်တော်တတ်နေတယ်ပေါ့။။ ငါ့စကားကိုတောင် မခန့်လေးစားနဲ့။။ တိုင်ကိုဖက်ထားစမ်း။။ အငယ်ကောင် နင့်အကိုကြီးအတွက် ကြိမ်လုံးဒီကိုယူခဲ့။။"
ကျွန်တော်အံကိုကြိတ်ပြီး တိုင်ကိုဖက်ထားလိုက်သည်။။ အမေက ခြေသလုံး၊ တင်ပါးနှင့် ကျောပြင်ကို
စတင်ဗျောတင်လေပြီ။။ ကျောင်းတက်ပါတော့မယ်ဟု ပြောမှအရိုက်ရပ်မည်ဟု ပြောထား၏။။ ကျွန်တော်က မိဘအတွက် သိတတ်ခြင်းရယ်လို့ ခံယူထားမိသဖြင့် အံကိုကြိတ်ပြီး အားတင်းထားလိုက်သည်။။ သို့သော် အရေပြားသည် ပါးလွှာပြီး ခံစားတတ်သည့် အသိရှိသဖြင့် ကြိမ်လုံး၏ထိခတ်မှုဒဏ်ကို ကြာရှည်အားတင်း ခံနိုင်ရည်မရှိခဲ့။။ နောက်ဆုံးမှာတော့
"အား..ကြောက်ပါပြီအမေရ။။ သားကျောင်းတက် ပါတော့မယ်။။ အမေဖြစ်စေချင်တဲ့ ပညာတတ်ကြီး ဖြစ်အောင် သားကြိုးစားပါတော့မယ်။။ တော်ပါတော့ဗျ။။ နာလှပါပြီဗျ။။"
နောက်ဆုံးမှာတော့ ကျွန်တော်ပဲ အရှုံးပေးလိုက်ရသည်။။ ထိုစဉ်ကတော့ ကြိမ်လုံးကို အရှုံးပေးလိုက်ရခြင်း။။ အမေက ကျွန်တော့်ကို ဖက်ပြီးငိုသည်။။ ပြီးတော့မှ ကြိမ်လုံးအရှိုးရာများကို နနွင်းသိပ်ပေး၏။။ နောက်နေ့မှာတော့ အမေကိုယ်တိုင် ကျောင်းသို့လိုက်ပြီး ကျွန်တော့်ကို (၈)တန်းတက်ရန် ကျောင်းအပ်ပေးခဲ့သည်။။ သို့ဖြင့် ကျွန်တော့်ပညာရေး ခရီးက အဆုံးမသတ်ပဲ ရှေ့ဆက်ခဲ့တာဖြစ်သည်။။





တက္ကသိုလ်ဝင် စာမေးပွဲကြီး၏ အောင်စာရင်းပင် ထွက်လာခဲ့လေပြီ။။ ကျွန်တော်လည်း ဓာတုဗေဒဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့၏။။ အမှတ်စာရင်းတွေ ထွက်လာတော့လည်း ကျွန်တော့်အမှတ်တွေက ဘာသာတိုင်းမှာ ညီမျှခဲ့သဖြင့် အမှတ်ကောင်းသည်ဟု ပြောနိုင်ခဲ့သည်။။ ဘယ်တက္ကသိုလ်သို့ ဆက်တက်မည်လဲဟု အဖေနှင့်အမေက မေးတော့ ကျွန်တော် မဆုံးဖြတ်နိုင်သေး။။ ဒီနေ့လည်း အမေ့ကို နှိပ်ပေးနေရင်း ကျွန်တော်(၇)တန်းနှစ်က ကျောင်းထွက်ရန် ကြိုးစားခဲ့စဉ်က အကြောင်းကို ပြန်တွေးနေမိတာ ဖြစ်သည်။။ ခုချိန်ပြန်တွေးတော့ အမေ့ကျေးဇူးကို ကျွန်တော်ထင်ထင်ရှားရှား သိလေပြီ။။ ထိုစဉ်က ကျွန်တော် ကြိမ်လုံးကို အရှုံးပေးခဲ့ရခြင်း မဟုတ်ခဲ့။။ အမေ့စေတနာ မေတ္တာတွေကို အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။။ တစ်နည်းအားဖြင့် ကျွန်တော့်ဘဝအတွက် လှေကားထစ်ရှည်ကြီး တစ်ခုကို ထပ်မံတပ်ဆင် လိုက်နိုင်ခြင်း ဖြစ်သည်။။ ရုတ်တရက် ကျွန်တော် နှိပ်ပေးနေသော အမေ့ဂုတ်ပိုးမှ အသားမာလို ဘုတစ်ခုကို နှိပ်မိလိုက်သည်။။ အရင်တုန်းက နှိပ်ပေးတိုင်းလည်း ထိုဘုကိုတွေ့ရ၏။။ ဒီနေ့တော့ ကျွန်တော်အမေ့ကို စပ်စုလိုက်သည်။။
"အမေ့"
"ဟဲ့..ဘာတုန်း။။"
"အမေ့ဂုတ်ပိုးက ဘုကြီးက ဘာဖြစ်တာလဲဟမ်။။"
အမေ့ဆီမှ ရယ်သံသဲ့သဲ့ ထွက်ပေါ်လာသည်။။ ပြီးတော့မှ လက်ပြန်ဖြင့် သူမဂုတ်ပိုးမှ ဘုကိုအမေက ပြန်စမ်းကြည့်၏။။
"အဲဒါကိုကြည့်ပေါ့ သားကြီးရယ်။။ အမေတို့ ပညာမတတ်တော့ ကာယကို အားကိုးပြီး အလုပ်ကြမ်းတွေ လုပ်ကြရတယ်။။ အမေက မိန်းမသားဆိုတော့ ဒီဒဏ်တွေကို မင့်တို့အဖေလောက်တော့ ဘယ်ခံနိုင်ရည် ရှိမလဲသားကြီးရဲ့။။ အဲဒီဘုက အမေ စိုက်ခင်းတွေကို ရေထမ်းလောင်းရင်း အထမ်းရေများတော့ တံပိုးအရာကနေ အသားမာတက်လာတာလေ။။ အဲဒါတွေကို ကိုယ်တွေ့ ခံစားနေရတာမို့ အမေ့သားတွေကို ပညာတတ်ကြီးတွေ အဖြစ်နဲ့ ပန်ကာအောက်မှာ၊ ဘောလ်ပင်ကိုင်ပြီး အလုပ်လုပ်ရတာကိုပဲ အမေမြင်ချင်တယ် သားကြီးရယ်။။ သားကြီးကြိုးစားနော်။။"
ကျွန်တော်ကြက်သီးတွေ ထသည်ထိ ကြည်နူးစွာ ခံစားလိုက်ရသည်။။ အမေ့မေတ္တာ ကြီးမာလွန်းလှပါလား အမေရယ်။။ ကျွန်တော်တို့ အရပ်မှာက စိုက်ခင်းတွေကို ရေတွင်းရေဖြင့် ရေလောင်းကြတာဖြစ်သည်။။ ဝါးပိုးဝါးကို အလယ်မှ တိုင်နှစ်ချောင်းဖြင့် ချိတ်ဆွဲ၊ အနောက်ပိုင်းမှာ ခဲဆွဲပြီး၊ ရှေ့မှာ ထီးရိုးဝါးတစ်လုံးချိတ်ဆွဲကာ ရေပုံးတပ်ပြီး ရေငင်ကြတာဖြစ်၏။။ ရွာတွေမှာတော့ မောင်းလက်ဆိုရင် လူတိုင်းသိကြတာလေ။။ ထိုမောင်းလက်ဖြင့် ရေအကြိမ်ကြိမ် ငင်ခဲ့သော အမေ့လက်တို့ ကြမ်းနေလေပြီ။။ တံပိုးဖြင့် ပုံးနှစ်ပုံးကို အကြိမ်ကြိမ်ထမ်းပြီး ရေလောင်းခဲ့ရသဖြင့် အမေ့ဂုတ်ပိုးမှာ အသားမာဘုပင် ထွက်နေလေပြီ။။ ကျွန်တော်ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားကြီး ချလိုက်တော့သည်။။ အမေဖြစ်စေချင်သော ပညာတတ်ကြီး တစ်ယောက်ဖြစ်အောင် ကျွန်တော်အစွမ်းကုန် ကြိုးစားမည်ဟု။။ ဆယ်တန်းကိုပင် အောင်မြင်ခဲ့ပြီး ဖြစ်သဖြင့် တစ်နှစ်တစ်တန်း အောင်မြင်ပြီး မိဘတွေဖြစ်စေချင်တာကို ဖြစ်အောင်လုပ်ပြကာ စိတ်ချမ်းသာစေခြင်းသည်လည်း မိဘကျေးဇူးကို ဆပ်သည်မည်ကြောင်း ကျွန်တော်သိနေပြီလေ။။

"အမေ..အမေစိတ်ချနော်။။ သားကြိုးစားမယ်။။ အမေဖြစ်စေချင်တဲ့ ပညာတတ်ကြီးတစ်ယောက် ဖြစ်အောင်ကို သားအစွမ်းကုန် ကြိုးစားမယ်အမေ။။"
"အေး.. ဒါမှအမေ့သားကြီး။။ အမေ့သားကြီး ဆရာဝန်တက္ကသိုလ် တက်မလား။။ အင်ဂျင်နီယာ တက္ကသိုလ် တက်မလား။။ အမေ့ကိုပြောစမ်း။။"
အမေ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်နေ၏။။ သူမမျက်ဝန်းထဲမှာ နောင်(၅)နှစ်လောက် အကြာမှာ ဖြစ်နေမယ့် သူမရဲ့သားကြီး ကျွန်တော်သည် ဆရာဝန်ကြီးလား၊ အင်ဂျင်နီယာကြီးလား တွေးဆမြင်ယောင် ကြည့်နေဟန်ဖြင့်။။ ကျွန်တော်အမေ့လက်မောင်းကို နှိပ်ပေးလိုက်ပြီး
"သားဆရာဝန် မလုပ်ချင်ပါဘူး အမေရ။။ ဝါသနာမပါဘူး။။"
"ဟဲ့.. ဒါဆို အင်ဂျင်နီယာကြီး လုပ်လေသားကြီးရ။။ ကုန်ကျစရိတ်ကို ထည့်မတွက်နဲ့။။ အောင်မယ်လေး ငါ့သားကြီးသာ အင်ဂျင်နီယာကြီး ဖြစ်အောင်ကြိုးစား ကျန်တာအမေတို့ တာဝန်ထားလိုက်။။ ကြားလားသားကြီး။။"
ကျွန်တော်ပြုံးလိုက်မိသည်။။ တောသူတောင်သားဖြစ်သော အမေက နည်းပညာတက္ကသိုလ် ကျောင်းသား(၁)ယောက်၏ ကုန်ကျစရိတ်ကို ပေါ့ပေါ့လေးထင်နေတာ ဖြစ်သည်။။ (၅)နှစ်ဆိုသော ပညာသင်နှစ်အတွင်း ကျူရှင်စရိတ်၊ ကျောင်းစရိတ်များသည် နည်းမည်မဟုတ်။။ အမေတို့အတွက် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်ပေလိမ့်မည်။။ သို့ပေမယ့် ကျွန်တော် အမေ့ဆန္ဒကိုလည်း ဖြည့်ဆည်းပေးချင်သည်။။ အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက် ဖြစ်ကိုဖြစ်ရမည်။။ အမေ့ဆန္ဒအတိုင်း အင်ဂျင်နီယာကြီး တစ်ယောက်လည်း ဖြစ်လာမည်ဖြစ်ပြီး၊ အမေတို့ကိုလည်း ဝန်ထုပ်၊ဝန်ပိုးအနေမျိုး မဖြစ်စေသော နေရာကို မနက်က လ္ဘက်ရည်ဆိုင်တွင် သူငယ်ချင်းတွေနှင့် ထိုင်နေတုန်းက သတင်းစာတစ်စောင်မှာ ကျွန်တော် ဖတ်လိုက်ရသည်။။ ထိုနေရာကို ကျွန်တော် သွားမည်ဆိုပါက ကျွန်တော့်၏ (၁၀)တန်းအောင်ပြီးစ လူငယ်ဘဝကို ဆုံးရှုံးရမည်။။ တခြားတခြား လူငယ်သူငယ်ချင်းတွေလို ကျွန်တော် ပျော်ရွှင်နေခွင့်၊ လူငယ်တစ်ယောက်ပီပီ လွတ်လပ်စွာ ရှင်သန်နေခွင့်တွေ ဆုံးရှုံးခံရမည်။။ တင်းကျပ်တဲ့ စည်းကမ်းဘောင်အတွင်းမှာ တစ်သက်တာကို မြှပ်နှံရပေလိမ့်မည်။။ ကိုယ်လုပ်ချင်တာထက်၊ လုပ်သင့်တာကို အမြဲဦးစားပေး ရမည်ဖြစ်ပြီး၊ ကိုယ်ရေးကိုယ်တာ အခွင့်အရေးတိုင်း ဆုံးရှုံးခံရပေလိမ့်မည်။။ သို့သော်လည်း ကိစ္စမရှိ။။ ကျွန်တော်လည်း ဝါသနာပါသည်။။ ထိုကဲ့သို့ ကျွန်တော့်တစ်ဦး၏ အဆုံးရှုံး၊ အနစ်နာခံရမှုသည် အမေနှင့်တကွ ကျွန်တော်၏ အမိမြေသို့ပါ ကျေးဇူးဆပ်ခွင့်ရပေလိမ့်မည်။။ ကျွန်တော် ကျေနပ်စွာ ထိုနေရာကို ရွေးချယ်လိုက်၏။။ ကျွန်တော် ထိုနေရာကို သွားမည်။။ အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက် ကျွန်တော် ဖြစ်ကိုဖြစ်စေရမည်။။ ကျွန်တော် အမေ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး
"စိတ်ချပါအမေ။။ အမေဖြစ်စေချင်သလို သား အင်ဂျင်နီယာကြီး တစ်ယောက်ဖြစ်စေ ရမယ်နော်။။ အမေစိတ်ချပါဗျာ။။"
အမေ့မျက်နှာသည် ပြုံးပြုံးကြီး ဖြစ်နေ၏။။ ဒါမှအမေ့သားကြီး ဟုပြောကာ ပြန်လည်ဆုပ်ကိုင်လာသော အမေ့လက်အစုံမှ အားတွေသည် ကျွန်တော့်ကိုယ်တွင်းသို့ တသွင်သွင်စီးလျက်။။ အမေ့မေတ္တာ၊ စေတနာတို့ဖြင့် ထုံမွမ်းပေးထားသော ကျွန်တော့် အနာဂတ်သည်လည်း တောက်ပလျက်။။။။



အမေဖြစ်စေချင်သော အင်ဂျင်နီယာ တစ်ယောက်ဖြစ်ဖို့ ကျွန်တော့် ခြေလှမ်းတွေရဲ့ အစဟာ ခက်ခဲမှုတွေနဲ့ ဆီးကြိုနေခဲ့တာပါ။။ အမေနဲ့တကွ မိသားစုနဲ့ အဝေးဆုံးမှာ အပင်ပန်းဆုံး အနေအထားတွေနဲ့ စာပေကို သင်ကြားခဲ့ရတာလေ။။

တစ်နှစ်တိုင်း တစ်နှစ်တိုင်းမှာ အမေ့ရင်ခွင်ဆီ (၄)ပတ်ဆိုတဲ့ အချိန်လေးပဲ ပြန်လည် ခိုလှုံခွင့်ရမယ် ဆိုတာကိုလည်း အစတည်းက သိနေတာမို့ အသွားတည်းက စိတ်ထဲတော့ သိပ်မကောင်းလှ။။ အမေနဲ့အဖေ့ကို ကန်တော့ချိန်မှာ မျက်ရည်တွေနဲ့ အမေကဆုတွေပေးပြီး၊ ဆုံးမစကားတွေ ပြောရှာပါတယ်။။ ဒါပေမယ့် ကျွန်တော့် ခရီးကို အမေလိုက်မပို့ခဲ့။။ အိမ်မှာပဲ နေရစ်ခဲ့တာလေ။။ အဖေကတော့ လိုက်ပို့ နှုတ်ဆက်ပြီး ကြိုးစားကွာ သားကြီးဟု ပုခုံးကို ကိုင်ကာ နှစ်သိမ့်ပေးခဲ့သည်။။ တကယ်သွားရတော့ ကျွန်တော် မျက်ရည် ဝဲလာတာကို ဘာသာသတိထားမိ၏။။ မိဘနဲ့ အဝေးဆုံးကို ဘယ်သူကသွားချင်မလဲလေ။။ ကျွန်တော်လည်း အတူတူပဲပေါ့။။
တကယ်တမ်း ပင်ပန်းဆင်းရဲမှုတွေနဲ့ ကြုံတွေ့ရတော့ ကျွန်တော် အတော်ကို တုန်လှုပ်မိသည်။။ ကျွန်တော်တွေးထင်တာထက် ပိုပြီး ပင်ပန်းတာကို လက်တွေ့ကျကျ သိမြင်ခွင့် ရခဲ့တော့ ရှေ့ဆက်မယ့် ခြေလှမ်းတွေက နောက်ပြန်လှည့်ချင် လာခဲ့မိ၏။။ ရာသီဥတု၏ ဆိုးဝါးမှု၊ တင်းကျပ်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ပေး ခံရမှုတွေအောက်မှာ ဆက်လက် တက်ရောက်ရန် ဆန္ဒမရှိသူများ ဆိုသော စာရင်းမှာ နာမည်ပေးသွင်းဖို့ ကျွန်တော် ခဏခဏကို စဉ်းစားမိတဲ့ အထိပါပဲ။။ ဒါပေမယ့် အမေ့မျက်နှာကို ပြန်လည်မြင်ယောင် မိချိန်မှာတော့ ဖြစ်ရမည်ဆိုတဲ့ သံဓိဌာန်စိတ်တွေ ကိုယ့်ဘာသာ ပြန်မွေးရင်း ခက်ခဲခြင်းတွေကို အားတင်းကျော်ဖြတ်ခဲ့၏။။ ညဘက် အိပ်ခါနီးတိုင်း ကျောင်းဘေးက ဖြတ်သွားတဲ့ ရထားကြီးရဲ့ ဥသြသံက လူမသိ၊သူမသိ မျက်ရည်တွေကို ချူထုတ်ပေးနေသလိုလို။။ ကိုထူးအိမ်သင်ရဲ့ သီချင်းလို ရထားဥသြသံလေးများ ကြားရတိုင်း အိမ်ပြန်ချင်သော စိတ်တို့ ထိန်းမရခဲ့။။ သို့သော်လည်း......။။
ဒီနေ့တော့ ကျွန်တော် အရမ်းကို ပျော်နေသည်။။ အဖေ၊အမေနှင့် ညီလေးတွေကိုပါ စုံစုံညီညီ တွေ့ဆုံခွင့်ရခဲ့၏။။ အမေက ကျွန်တော်ကြိုက်တတ်သော ဟင်းမျိုးစုံကို အများကြီး ချက်ယူလာတာမို့ အစားဆင်းရဲခဲ့သမျှကို အတိုးချပြီး စားလိုက်မိသည်။။ ထမင်းစားပြီးတော့ အမေ့ပေါင်ပေါ် ခေါင်းတင်လို့ ခဏလှဲရင်း အမေ့မျက်နှာကို ငေးကြည့်နေမိ၏။။ ကျွန်တော့် တစ်သက်တာ အမေ့မျက်နှာသည် ထိုနေ့က ကြည့်လို့မဝဆုံး ဖြစ်ခဲ့သည်။။ ထိုနေ့က ကျွန်တော်တက်ရမည့် ကျောင်း၏ သတ်မှတ်ချက်၊ စစ်ဆေးချက် ပေါင်းစုံကို အောင်မြင်ခဲ့လို့ ကျောင်းသားအဖြစ် သတ်မှတ်ခြင်း ခံရသောနေ့။။ အမေ့လက်ကို ဆုပ်ကိုင်ရင်း
"နောက်ထပ် (၅)နှစ်ကြာရင် သား အင်ဂျင်နီယာကြီး ဖြစ်ပါပြီ အမေရ။။"
ဟု အားတက်သရော ပြောလိုက်တော့ အမေ့မျက်နှာ ပြုံးသွားသည်။။ ပြီးတော့ ပြန်လည် ညှိုးငယ်သွားပြီး
"သားကြီး အရမ်းပင်ပန်းသလား။။ အသားတွေလည်း မဲသွားလိုက်တာ။။ အမေဖြင့် စိတ်တောင် မကောင်းဘူး။။"

ကျွန်တော် အမေ့ကို ပြုံးပြလိုက်ပြီး တောသား အသားမဲတာ ဘာဆန်းလို့လည်း အမေရဟု အရွှန်းဖောက်လိုက်သည်။။ ဒီတော့မှ အမေ့မျက်နှာပြုံးလာ၏။။ တောသူ၊တောင်သား ကျွန်တော့်အတွက် အမေနှင့် မိသားစုကို လွမ်းတာကလွဲပြီး ကျန်တာက ခံနိုင်ရည် မရှိလောက်သော အနေအထားမဟုတ်ခဲ့။။ ထို့ကြောင့် အမေ့ကို ရဲရဲကြီး ကတိပေးလိုက်သည်။။ အမေဖြစ်စေချင်တဲ့ အတိုင်း ဖြစ်ကိုဖြစ်စေရမည်ဟု။။ အဲဒီအချိန်တုန်းက အမေနှင့် ၃ ရက်ကျော်လောက် တွေ့ခွင့်ရခဲ့လိုက်သည်။။ ပြီးတော့ အမေတို့ ပြန်သွားကြ၏။။ ထိုစဉ်တုန်းကတော့ ကျွန်တော်မသိခဲ့။။ အဲဒီရက်တွေဟာ ကျွန်တော် အမေ့ကို နောက်ဆုံးတွေ့ရခြင်း ဆိုတာကို ကျွန်တော် လုံးဝကို မသိခဲ့ရတာပါ။။။




ပထမနှစ်သင်တန်းတွေ ပြီးခါနီးလောက် တစ်နေ့မှာ ကျွန်တော့်ကို သင်တန်းတာဝန်ခံက ခေါ်တယ်ဆိုလို့ သူ့ရုံးခန်းကို ကျွန်တော် ရောက်သွားသည်။။ ရုံးခန်းထဲရောက်တော့ သင်တန်းတာဝန်ခံ ရှေ့မှာက ကျွန်တော့် ကိုယ်ရေးဖိုင်ကြီး တင်ထား၏။။ ဘာများဖြစ်လို့ပါလိမ့် ဟူသော အတွေးများနှင့် ကျွန်တော် နည်းနည်းလန့် သွားသည်။။
"တပည့် ထိုင်ကွာ။။"
ဆိုတဲ့ သူ့အသံက အေးအေးဆေးဆေးပေမယ့် ကျွန်တော်ကတော့ ချွေးတွေပါပျံလာ၏။။ ဟုတ်ကဲ့ဟု ပြောရင်း ကျွန်တော် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ကျွန်တော့်နာမည်၊ နေရပ်လိပ်စာ၊ မိဘနာမည်များကို မှန်မမှန် တိုက်ဆိုင်မေးမြန်းနေသည်။။ ဟုတ်မှန်ကြောင်း ကျွန်တော် ပြောလိုက်တော့ သင်တန်းတာဝန်ခံက သက်ပြင်းရှည်ကို လေးတွဲ့စွာချလိုက်ရင်း
"အေးကွာ တပည့်။။ မင်းလည်း ယောင်္ကျားပဲ စိတ်ကို ခိုင်ခိုင်ထားကွာ နော။။"
သွားပြီ။။ အမေဖြစ်စေချင်သော အင်ဂျင်နီယာတစ်ယောက် ကျွန်တော် မဖြစ်နိုင်တော့ပြီလား။။ ကိုယ်ရေးဖိုင်မှာ တစ်ခုခုငြိစွန်းလို့ ကျွန်တော့်ကို ကျောင်းက ထုတ်ပယ်တော့မည် ထင်သည်။။ ကျွန်တော် ချွေးတွေပို ပျံလာရင်း ဟုတ်ကဲ့ဟု ဖြေလိုက်၏။။ သင်တန်းတာဝန်ခံက စိတ်မကောင်းသည့် မျက်နှာပုံစံဖြင့်
"ဒီနေ့ ဖုန်းနဲ့ရော၊ ကြေးနန်းစာနဲ့ပါ မင်းအမေ ဆုံးတဲ့အကြောင်း အကြောင်းကြားလာတယ်။။ မင်းကို အဲဒါခေါ်ပြောတာပါ။။ မင်းခွင့်ပြန်ဖို့ ပြင်ကွာနော။။"


ဗျာ ဟူသော အသံကလွဲပြီး ကျွန်တော့်ဆီမှ ဘာသံမှ ထပ်ထွက်မလာတော့။။ ရုံးခန်းကြီး ချာချာလည်သွားသလို ကျွန်တော့် စိတ်ထဲ ခံစားလိုက်ရသည်။။ အမေဆုံးပြီဆိုသော အသံက ကျွန်တော့် နားထဲ မိုးကြိုးကြီး ပစ်ချသလို ခံစားရခက်စွာ အကြိမ်ကြိမ် ပြန်ကြားနေ၏။။ ကျွန်တော့် မျက်လုံးမှ မျက်ရည်ပူတွေ လိမ့်ဆင်းလာသည်။။ လူကတော့ တုတ်တုတ်မျှ မလှုပ်။။ သင်တန်းတာဝန်ခံက ထိုင်နေရာမှ ထလာပြီး ကျွန်တော့် ပုခုံးကို ဆုပ်ကိုင်ရင်း အားပေး၏။။ ဟုတ်ရဲ့လားဗျာ လူများမှားသလား ကျွန်တော့်ကို သေချာပြန်ကြည့် ပေးပါဦးဗျာ ဟုတုန်တုန်ခိုက်ခိုက်ဖြင့် ကျွန်တော် ပြောလိုက်မိသည်။။ သို့သော် ကျွန်တော် အခုရောက်နေတဲ့ နေရာက သတင်းကို မသေချာပဲ ချပြတတ်တဲ့ နေရာတစ်ခုမဟုတ်။။ ကျွန်တော့်စကားသည် စကားအဖြစ်သာ ထင်ကျန်ခဲ့တာပါ။။ သင်တန်းတာဝန်ခံက
"သေချာပါတယ် တပည့်။။ စိတ်ကိုထိန်းကွာ။။ မင်းအမေရဲ့ ဈာပနကို မင်းကိုယ်တိုင် မြေချနိုင်ဖို့ ခွင့်တစ်ပတ်ရမယ် တပည့်။။ အဲဒါအတွက် မင်းကို ခေါ်ပြောတာ။။ ခွင့်ပြန်ဖို့အတွက် ဒီနေ့ပြင်စရာရှိတာ ပြင်ထားလိုက်ပါ။။ မနက်ဖြန် ခွင့်စရမယ်။။"
ဟုတ်ကဲ့ပါဟု ပြောပြီး ကျွန်တော် ရုံးကပြန်လာခဲ့ပေမယ့် စိတ်နဲ့လူက မကပ်။။ အဆောင်ပြန်ရောက်တော့ အကိုတွေ၊ သူငယ်ချင်းတွေက ကျွန်တော့်ကို အားပေးဖို့ စောင့်နေကြပြီလေ။။ ကျွန်တော် တင်းမထားနိုင်တော့ သည်းထန်စွာပဲ ငိုချပစ်လိုက် မိတော့သည်။။ နောက်နေ့မနက်မှာတော့ ကျွန်တော့်အမေရဲ့ ဈာပနအတွက် နောင်တော်၊ရောင်းရင်းတွေရဲ့ ကူညီငွေတွေနဲ့အတူ ကျွန်တော့် အမေ့ဆီ ပြန်လာခဲ့၏။။ အမေ့ဆီ အပြန်ခရီးက ကျွန်တော့်အတွက်တော့ ရင်ထဲ မီးတောက်မတတ် ပူလောင်နေတဲ့ ခရီးလမ်း တစ်ခုဖြစ်ခဲ့ရသည်။။ အိမ်ကိုဝင်လိုက်တော့ အဒေါ်တွေက အမေ့နာမည်တပြီး နင့်သားကြီး နင့်ဆီ ပြန်ရောက်လာပြီ ထကြည့်ပါဦးဟဲ့ ဆိုသော အသံများဖြင့် အုန်းအုန်းကြွက်ကြွက် ညံအောင် ငိုကြပြန်လေပြီ။။ အားတင်းထားတဲ့ ကြားက ကျွန်တော့်မျက်လုံးမှာ မျက်ရည်တွေက တားမရအောင် ကျလာခဲ့ပြန်သည်။။ ဇာခြင်ထောင်လေးထဲမှာ အမေက အိပ်နေသလိုလို။။ ကျွန်တော် အမေ့ခြေရင်းမှ အမေ့ခြေထောက်ကို မျက်နှာအပ်လို့ ဦးချကန်တော့ နေပေမယ့် အမေကတော့ မသိနိုင်တော့။။ အမေ့ခြေထောက်ကို မျက်နှာအပ်ထားရာက ကျွန်တော် လုံးဝမထ။။ မျက်ရည်များက အတားဆီးမဲ့ စီးကျလျက်။။ တော်တော် ကြာတော့မှ အမေ့အကို ကျွန်တော့် အဘက လာထူပြီး အကြီးဆုံးသားဖြစ်တဲ့ ကျွန်တော်က ဒီလောက်ကြီး ပူဆွေးပြနေရင် ကျွန်တော့် အောက်ကညီလေးများ အရမ်း အားငယ်သွားလိမ့်မယ်ဟု တိုးတိုးသတိပေးသည်။။ အငယ်ကောင်တွေ မျက်နှာကြည့် လိုက်တော့လည်း ကျွန်တော့်ကို ကြည့်နေကြတာမို့ ကျွန်တော် ကိုယ့်ကိုကိုယ် ပြန်ထိန်းလိုက်ရ၏။။ ဆုံးရှုံးမှုကို အတူတူကြုံ ရတာခြင်းမှာ အကြီးဆုံးဆိုတဲ့ သူက ပိုပြီးထိန်းချုပ်ရတယ်ဆိုတာ ကျွန်တော် နားလည်လက်ခံလိုက်ရသည်။။
ကျွန်တော် မျက်ရည်များကို သုတ်လိုက်ရင်း မျက်နှာကိုပြင်လိုက်ရသည်။။ ပြီးတော့မှ ဘကြီးနှင့် အဖေတို့ဆီ သွားလိုက်ပြီး အမေက ဘယ်လိုဖြစ်ရတာလဲဗျာဟု မေးလိုက်မိ၏။။ အဖေက မျက်နှာမကောင်းပဲ အကိုကြီး ခင်ဗျားသာ ပြောပြလိုက်ပါဗျာဟု ဘကြီးကို လှမ်းပြောသည်။။ ဘကြီးက ခေါင်းငြိမ့်ပြလိုက်ရင်း
"'ဒီလို တူကြီးရေ။။ အစတုန်းကတော့ သာမာန်ဖျားတာကွ။။ ဒီက ဆရာဝန်လေးနဲ့ ကုနေတာ သက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဆိုတော့ ဆေးရုံကို တင်ကြည့်ဖို့ပြောတယ်လေ။။ အဲဒါနဲ့ ရန်ကုန်အမျိုးသမီး ဆေးရုံကြီးမှာ တင်လိုက်တယ်။။ ဆေးရုံကြီးကလည်း ကုတာပါပဲကွာ။။ ဘဘတို့လည်း ကုန်ချင်သလောက်ကုန် လူ့အသက်ထက်ဘာမှ အရေးမကြီးဘူးဆိုပြီး လိုတာအကုန် ပံ့ပိုးပေး ခဲ့တာပါပဲ။။ ဆေးရုံမှာ ၁၅ ရက်လောက်ကြာတယ်။။ ဒါပေမယ့် သူ့ကံက ကုန်နေပြီလေ။။ ကယ်လို့ ကုလို့ မရခဲ့ပါဘူးကွာ။။"
"ကျွန်တော့်ဆီ လာတုန်းကတောင် အမေကျန်းကျန်းမာမာကြီးပါ ဘဘရာ။။ ဘယ်လိုဖြစ်လို့ အဲဒီလောက်ထိ အခြေနေဆိုးသွားရ တာလဲ။။"
"မင်းဆီက ပြန်လာတုန်းကတင် မဟုတ်ဘူးတူကြီးရ။။ ပြီးခဲ့တဲ့ လအထိကို အကောင်းကြီး။။ ဒီဘက်လထဲရောက်မှ ကောက်ကာ ငင်ကာထဖြစ်တာ။။ ဆေးရုံပေါ်မှာလည်း သတိကရတစ်ချက် မရတစ်ချက်နဲ့ကွာ။။ သူသတိရလာချိန်တိုင်းတော့ မင်းကိုပဲတသသ စိတ်မချဖြစ်နေရှာတာ။။ "
အဲဒါများ ဘဘရာ ကျွန်တော့်ဆီ အကြောင်းကြားလိုက်တာ မဟုတ်ဘူးဟု ကျွန်တော် ယူကြုံးမရ ဝမ်းနည်းစွာ ပြောလိုက်မိ၏။။
"မင်းကျောင်းတက်နေတာကို အနှောက်ယှက် ဖြစ်မစိုးလို့ပါ တူကြီးရာ။။ သူ့ကို ပြန်ခေါ်ပေးမယ်လို့ ပြောရင်လည်း သူက အခု သူနေပြန်ကောင်းနေပြီ မခေါ်နဲ့တဲ့။။ သူ့သားကြီး စိတ်အနှောက်ယှက် မဖြစ်စေနဲ့တဲ့။။ ဝေဒနာအရမ်း ဆိုးလာရင်တော့ သူ့မှာ မင်းနာမည်ကို ခေါ်နေရှာတာ။။ ငါ့ညီမကြီး သားသမီးကို အချစ်ကြီးလွန်း ပါတယ်ကွာ။။"
ဘကြီးက ပြောရင်း သူကိုယ်တိုင် မျက်ရည်တွေ ကျလာသည်။။ အဖေလည်း တစ်ဖက်လှည့်လိုက်တာ တွေ့ရ၏။။ အမေ့ရဲ့ ဘဝနေဝင်ချိန်များက သက်သက်သာသာ မရှိခဲ့ရှာပါလား။။ ဝေဒနာရဲ့ ဖိစီးမှု အဝေးရောက် သားကြီး ကျွန်တော့်အပေါ် စိတ်မချ ဖြစ်နေမှုတွေနဲ့ အမေအတော်ကို ပင်ပန်းရှာမှာပဲ ဟုတွေးမိတော့ ကျွန်တော်လည်း မျက်ရည်ကိုထိန်းမရခဲ့။။
"သူ့ကို ဘယ်လိုမှ ကယ်လို့ မရနိုင်တော့မှန်း သိတည်းက ဘဘတို့လည်း သူ့ခေါင်းရင်းမှာ တရားခွေတွေ ဖွင့်ပေးထားတာ။။ သူလည်း သူ့ကိုယ်သူ သိရှာမှာပါ။။ သားတွေအတွက် မှာစရာရှိတာကို သူသက်သာတဲ့ အချိန်မှာ ဘဘတို့ကို မှာပြီး၊ တရားကို အချိန်ပြည့် နှလုံးသွင်းပြီး နေသွားရှာတော့တာလေ။။ ငိုမနေပါနဲ့တော့ တူကြီးရယ်။။ မင်းအမေ ငါ့ညီမကြီး ဘဝကူး ကောင်းရှာ မှာပါ။။ ကုသိုလ် ကောင်းမှုကို တတ်စွမ်းသမျှပြုပြီး အမျှပေးဝေပေါ့ကွာ။။ ပြီးတော့ သူဖြစ်စေချင်ခဲ့တာကို ဖြစ်အောင်သာ မင်းက ကြိုးစားပြီး လုပ်ပေးလိုက်။။ ကြားလား တူကြီး။။ အငယ်ကောင်တွေကိုလည်း ဂရုစိုက်ပေါ့ကွာ။။"
ကျွန်တော် ဟုတ်ကဲ့ပါ ဘဘဟု ပြန်ပြောလိုက်ပေမယ့် မျက်ရည်ကတော့ ထိန်းမရအောင် ကျဆင်းနေဆဲ။။ မငိုပဲတော့ ဘယ်လို မှနေနိုင်မှာ မဟုတ်တာ ဘကြီးလည်းသိမှာပါလေ။။ ကျွန်တော်တို့ အတွက်က မြင့်မိုရ်တောင် တစ်ခြမ်းပြိုခြင်းဆိုတာ ဘဘလည်း သဘောပေါက်မှာပါ။။
အမေ့ဈာပန မြေချတဲ့နေ့မှာတော့ ကျွန်တော် ဘယ်လိုမှ ထိန်းမရတော့။။ ကျွန်တော့် ခွင့်ပြန်ရက်ကို မှီရအောင် (၅)ရက်တိတိ ထားခဲ့တာမို့ အမေ့ရုပ်က အနည်းငယ်ပျက်နေပေပြီ။။ အမေ့ကို ငေးကြည့်နေစဉ်မှာပင် ဘကြီးက ကဲ သားတွေက နောက်ဆုံး ကန်တော့ကြကွာဟု ပြောသံကြားလိုက်သည်။။ ကျွန်တော်တို့ ညီအကို (၃)ယောက် အမေ့ကို နောက်ဆုံးအကြိမ် ကန်တော့ လိုက်ကြ၏။။ ဒါပြီးရင် အမေ့ကို မြေချတော့မယ်ဆိုတဲ့ အသိက ကျွန်တော့် အသိစိတ် တချို့ကို လွတ်သွားစေသည်။။ ကျွန်တော် အမေ့ဆီ အတင်းပြေးသွားဖို့ လုပ်တော့ ဘေးက အကိုဝမ်းကွဲတွေ ဦးလေးတွေက အတင်းဆွဲထားကြ၏။။ ရုန်းလွန်း မကရုန်းသောအခါ ကျွန်တော့် မေးရိုးကို ခွပ်ခနဲ ထိုးလိုက်သံ ကြားလိုက်ရပြီး ကျွန်တော် မူးဝေသွားတာပဲ သိလိုက်တော့သည်။။ ကျွန်တော် အသိပြန်ဝင်လာတော့ အိမ်ပြန်ရောက်နေလေပြီ။။ နောက်တစ်ရက်ကျော်မှာတော့ အမေ့အတွက် ဆွမ်းသွပ်တရား နာကြားပြီး ထိုနေ့မှာပင် ကျွန်တော့် ခွင့်ရက် စေ့ပြီမို့ ကျွန်တော် ပြန်လာခဲ့ရသည်။။ မပြန်ချင်တော့သော ကျွန်တော့်စိတ်တွေကို အဖေနှင့် ဘကြီးပြောပြသော အမေ့နောက်ဆုံး ဆန္ဒ၊ နောက်ဆုံးစကားကြောင့် ကျွန်တော် အတင်းချိုးနှိမ်ပြီး ပြန်လာခဲ့လိုက်၏။။

"ငါမရှိတော့ရင် ငါ့သားကြီးကို အင်ဂျင်နီယာကြီး ဖြစ်အောင် ဆက်ပြီး ပျိုးထောင်ပေးကြပါ။။ ငါ့သားကြိး မျက်နှာမငယ်ရစေနဲ့။။ သားကြီးကို ပြောလိုက်။။ သူတော်အောင် ကြိုးစားလေ ငါပျော်လေပဲလို့။။ ဒိထက်မကတော်အောင်၊ ဒိထက်မက အောင်မြင် တိုးတက်အောင် ကြိုးစားပါလို့ ငါမှာခဲ့တာ ပြောပြလိုက်ပါ။။" တဲ့။။
အမေ့ရဲ့ နောက်ဆုံးဆန္ဒ၊ နောက်ဆုံးစကားမှာတောင် သားကို အားတွေဆက်ပေးပြီး ဆက်ကြိုးစားစေအောင် ဆောင်ကြဉ်းခဲ့တာ ဝမ်းနည်းမျက်ရည်များကြားမှ ကြက်သီးထအောင် မြင်တွေ့ခဲ့ရသည်။။ အမေချစ်သောသား၊ အမေ့ကိုချစ်သော သားတစ်ယောက် အဖြစ် အမေဖြစ်စေချင်တာကို မဖြစ်ဖြစ်အောင် ကြိုးစားတော့မည် ဟူသော သံဓိဌာန်ဖြင့် ကျွန်တော် အားတင်းပြန်ခဲ့ရသည်။။ ကျွန်တော် အစွမ်းကုန် အစွမ်းရှိသမျှ ကြိုးစားပြီး အမေ့ဆန္ဒကို ဖြည့်ဆည်းနေတာ တမလွန်က အမေကြည်နူးစွာ တွေ့မြင်နေ မယ်ဆိုတာ ကျွန်တော်ယုံ၏။။ ကျွန်တော် အမေနောက်ဆုံးပြောခဲ့သလို တော်သထက်တော်၊ အောင်မြင်သထက် အောင်မြင် တိုးတက်အောင် ကိုယ်စွမ်၊ဥာဏ်စွမ်းရှိသမျှ ကြိုးစားကာ အမေ့နို့ကြွေးကို တစ်စက်ကလေးဖြစ်စေ ဆပ်နိုင်သလောက် ဆပ်ဖို့ ဆုံးဖြတ်လိုက်သည်။။ မြတ်စွာဘုရားရှင်ပင် နို့တစ်လုံးဖိုး မကျေခဲ့ဟု စာပေများမှာ ဆိုထားသဖြင့် ကျွန်တော့် ကျေးဇူးဆပ်မှုက အမေ့ နို့တစ်စက်ဖိုးပင် ကျေမှာမဟုတ်ဆိုတာ သိပေမယ့် တစ်စက်ကလေးဖြစ်စေ ကျေနိုင်စေဖို့ ကျွန်တော်ကြိုးစားနေဦးမယ် ဆိုတာ စိတ်ဆုံးဖြတ်လိုက်ရင်းးးးးးးးးးးးး။။။။။




(အနန္တမေတ္တာရှင် အမေ၏ ကျေးဇူးဂုဏ်ကို ကျွန်တော်အလင်းသစ် စာဖြင့်ညွှန်းဖွဲ့ တင်ပြနိုင်မည် မဟုတ်ပါ။။ တစ်သက်တာမှာ အမှတ်တရဖြစ်နေစေသော အမှတ်တရအချို့ကို ထုတ်နှုတ်တင်ပြရင်း အမေနှင့်တကွ ပုခက်လွှဲသော လက်အစုံပိုင်ရှင်တို့ကို အမြဲဦးညွှတ်ကန်တော့ပန်းဆင်နေပါ၏။။။)

လေးစားလျက်
အလင်းသစ်

Sunday, May 29, 2011

ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက်

သူနဲ့သူမ ကုမ္ပဏီရဲ့ ညစာစားပွဲတစ်ခုမှာ ဆုံကြတယ်။ ပညာတတ်၊ ရုပ်ချောနုပျိုတဲ့ သူမက ကုမ္ပဏီမှာ သတင်းမွှေးတယ်။ သူက
သာမန်လူတစ်ယောက်ဖြစ်တယ်။ ပိုးပန်းသူတွေ မနည်းလှတဲ့ သူမကို သူလည်း စိတ်ဝင်စားနေတာ ကြာပါပြီ။ ညစာစားပွဲ အပြီးမှာ သူမကို ကော်ဖီတိုက်ဖို့ သူဖိတ်ခေါ်ခဲ့တယ်။ ရုတ်တရက် ဖိတ်ခေါ်မှုကို သူမ အံ့သြသွားပေမဲ့ ယဉ်ကျေးမှုကို
မလွန်ဆန်ချင်တဲ့ သူမ ခေါင်းညိတ်လက်ခံခဲ့တယ်။

ကော်ဖီဝိုင်းမှာ သူတို့ ပြောစရာစကား မရှိဖြစ်နေတယ်။ နှစ်ယောက်လုံး ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ မြန်မြန် လက်စသတ်ပြီး ထပြန်ဖို့
သူမစိတ်လောနေမိတယ်။ စားပွဲထိုး ကော်ဖီလာချတော့ သူက ရုတ်တရက်
"ကျေးဇူးပြုပြီး ဆားပေးပါ။ ကျွန်တော်က ကော်ဖီသောက်ရင် ဆားထည့်သောက်တဲ့ အကျင့်ရှိလို့" လို့ ပြောတော့ သူမ အံ့သြရုံတင်မက စားပွဲထိုးပါ ကြောင်သွားတယ်။ သူ့စကားကြားတဲ့ လူတွေရဲ့ မျက်လုံးက သူအပေါ် လာစုနေကြတယ်။
သူ့မျက်နှာ နီမြန်းသွားတော့တယ်။

စားပွဲထိုးပေးလာတဲ့ ဆားကို ကော်ဖီထဲထည့်ဖျော်ပြီး သူဖြေးဖြေးချင်း သောက်နေတယ်။ "ဘာဖြစ်လို့ ဆားထည့်သောက်တာလဲ" သိချင်စိတ်ကို မအောင့်နိုင်တဲ့အဆုံး သူမမေးလိုက်မိတယ်။ သူခဏလောက် မှင်သက်သွားတယ်။
ပြီးမှ တစ်လုံးချင်း "ကျွန်တော်တို့က ပင်လယ်ဘေးမှာ နေတယ်။ ကျွန်တော်ငယ်ငယ်တုန်က ပင်လယ်ထဲ အမြဲ ရေဆင်းကူးတယ်။ လှိုင်းပုတ်ရင် ခါးသက်သက် ပင်လယ်ရေငန်တွေက ပါးစပ်ထဲဝင်လာရော့။ အခု အိမ်မပြန်ဖြစ်တာ ကြာပြီဆိုတော့ အိမ်ကိုလွမ်းတိုင်း ကော်ဖီထဲ ဆားထည့်သောက်မိတယ်။ အိမ်ရဲ့အကွာအဝေးကို ကျွန်တော်နဲ့ နီးအောင် ဆွဲလိုက်သလိုပေါ့"

သူ့စကားက သူမကို ခံစားမိစေခဲ့တယ်။ ဒါဟာ ယောကျာ်းလေးတစ်ယောက် အိမ်ကိုလွမ်းတယ်လို့ ပြောတာကို သူမ ပထမဆုံး ကြားဖူးခြင်းပါပဲ။ အိမ်ကိုလွမ်းတဲ့ ယောက်ျားလေးက အိမ်ကို ဂရုစိုက်တတ်တဲ့လူ၊ မိသားစုကို ချစ်မြတ်နိုးတတ်တဲ့လူလို့ သူမထင်ခဲ့မိတယ်။ သူပြောတဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာလေးတစ်ခုအကြောင်းကို သူမနားထောင်ချင်စိတ် ဖြစ်လာခဲ့တယ်။ အေးစက်စက် သူတို့ရဲ့ စကားဝိုင်းက တဖြေးဖြေးနွေးထွေးလာခဲ့တယ်။ သူတို့စကားတွေ အကြာကြီးပြောဖြစ်ခဲ့သလို သူမရဲ့ အပြန်ကို သူလိုက်ပို့ခွင့်ရခဲ့တယ်။

အဲဒီနောက်ပိုင်း သူတို့မကြာခဏ ချိန်းတွေ့ဖြစ်ခဲ့တယ်။ သူဟာ သဘောထားကြီးသူ၊ ဂရုစိုက်တတ်သူ၊ ကြင်နာတတ်သူ ဖြစ်ကြောင်း သူမသတိထားမိတယ်။ သူဟာ သူမလိုချင်တဲ့ အချက်အားလုံးနဲ့ ကိုက်ညီနေတယ်။ သူ့ဖိတ်ခေါ်မှုကို မလွန်ဆန်ခဲ့မိလို့ အခုလို သူနဲ့သိခွင့်ရခဲ့တဲ့အတွက်လည်း သူမ၀မ်းသာနေမိတယ်။ သူ့ကိုခေါ်ပြီး မြို့အနှံ့ ကော်ဖီဆိုင်မှာ သူတို့ ထိုင်ခဲ့ကြတယ်။ ဆိုင်မှာထိုင်တိုင်း "ဆားပေးပါနော်။ ကျွန်မ မိတ်ဆွေက ကော်ဖီထဲ ဆားထည့်သောက်တတ်တဲ့ အကျင့်ရှိလို့ပါ" လို့ သူမတောင်းဆိုတတ်တယ်။
အဲဒီလိုနဲ့ ရာဇ၀င်ပုံပြင်ထဲကလို နောက်ဆုံးမှာ မင်းသားနဲ့မင်းသမီး ညားကြလေသတည်း ဆိုတဲ့အတိုင်း သူတို့ မင်္ဂလာဆောင်ပြီး ပျော်ရွှင်တဲ့ ဘ၀ခရီးကို လျှောက်လှမ်းခဲ့ကြတယ်။ လျှောက်ခဲ့တဲ့ခရီး အနှစ်(၄၀)အကြာမှာ သူနာမကျန်းဖြစ်ပြီး ကွယ်လွန်သွားခဲ့တယ်။ ပုံပြင်က ဒီမျှပါပဲလို့ အဆုံးသတ်မယ်ဆဲဆဲ သူထားခဲ့တဲ့ စာတစ်စောင်ကို သူမတွေ့လိုက်တယ်။

သူ မဆုံးခင် သူမအတွက် ရေးထားတဲ့ စာတစ်စောင်ပါ။ စာက ဒီလိုရေးထားပါတယ်။

"နင့်ကိုတောက်လျှောက် လိမ်လာခဲ့တဲ့ ငါ့ကို ခွင့်လွတ်ပေးပါ။ ပထမဆုံးအကြိမ် ငါတို့ ကော်ဖီအတူတူ သောက်ခဲ့ကြတာကို နင်မှတ်မိသေးလား။ အဲဒီတုန်းက ငါဘာပြောလို့ ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့တယ်။ ဘာအတွေးတွေ ရပြီး စားပွဲထိုးကို ဆားယူခိုင်းမိလိုက်သလဲ မသိဘူး။ ကော်ဖီထဲ ဆားထည့်သောက်တဲ့ အကျင့်မရှိပေမဲ့ နင့်ကိုငါ လိမ်ညာခဲ့တယ်။ အဲဒီလိမ်ညာခြင်းကို
နင်စိတ်ဝင်စားခဲ့လို့ ဆားထည့်ထားတဲ့ ကော်ဖီကို ဘ၀ထက်ဝက်ဆာလောက် ငါသောက်ခဲ့ရတယ်။ အဖြစ်မှန်ကို ပြောပြဖို့ ငါအကြိမ်ကြိမ်
ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ နင်စိတ်ဆိုးမှာ၊ နင်ငါ့ကို ခွဲသွားမှာ ငါအရမ်းကြောက်ခဲ့မိတယ်။

အခု ငါသွားရတော့မယ်။ နင်စိတ်ဆိုးမှာကို ငါမကြောက်တော့ဘူး။ သေသွားတဲ့လူကို အလွယ်တကူ ခွင့်လွတ်ပေးနိုင်မယ် မဟုတ်လား.. ဒီဘ၀မှာ နင်နဲ့ ပေါင်းဖက်ခွင့်ရတာ ငါအတွက် အကြီးမားဆုံးသော ပျော်ရွှင်ခြင်းပဲ။ နောင်ဘ၀သာရှိမယ်ဆိုရင် နင်နဲ့ငါ ထပ်ဆုံချင်သေးတယ်။ ဒါပေမဲ့ ဆားခတ်ထားတဲ့ ကော်ဖီကိုတော့ ငါမသောက်ချင်တော့ဘူး။ ဆားခတ်ထားတဲ့ ကော်ဖီက သောက်ရ
တော်တော်ခက်တယ်ဆိုတာ နင်မသိဘူး မဟုတ်လား... ဒါပေမဲ့ နင့်ကို ချစ်တဲ့စိတ်နဲ့ ကော်ဖီထဲ ငါဆားထည့်သောက်ခဲ့မိတယ်"

စာကိုဖတ်ပြီး သူမ တုန်လှုပ်သွားခဲ့မိတယ်။ အလိမ်ညာ ခံလိုက်ရပါလားလို့လဲ ခံစားမိတယ်။ သူ မကြားနိုင်တော့တဲ့ စကားတစ်ခွန်းကို သူမ တိုးတိုးလေး ရေရွတ်လိုက်မိတယ်။ " ကျွန်မကို ချစ်တဲ့စိတ်နဲ့ သူ့ကိုယ်သူ ဒီလိုလိမ်ညာခဲ့တယ်။ ကျွန်မ ကျေနပ်ပါတယ်"

ပြီးပါပြီ

mysing ကူးယူဖော်ပြပါသည်၊၊၊၊၊၊

Saturday, May 28, 2011

မေမေတစ်ယောက်တည်းပဲ ..

(၁)

**မူကြို**

ပထမဆုံးအကြိမ် ဆရာမိဘ အစည်းအဝေးမှာ အတန်းပိုင်ဆရာက “အစ်မရဲ့ကလေးက ရောဂါထူတယ်။ ခုံပေါ်မှာတောင် သုံးမိနစ်ကြာအောင် မထိုင်နိုင်ဘူး။

ဆရာဝန်နဲ့ ပြကြည့်ရင် ကောင်းမယ်”


...

အိမ်အပြန်လမ်းမှာ ဆရာမ ဘာပြောသလဲလို့ သားကမေးတော့ သူမျက်ရည်ဝဲမိတယ်။ အတန်းသား ၃ဝထဲမှာ သားက အညံ့ဆုံး၊ ဆရာမတွေကို

စိတ်ဒုက္ခအပေးဆုံး... ဒါပေမယ့် သားအမေးကို သူပြန်ဖြေလိုက်ပါတယ်။



“ဆရာမက သားကိုချီးကျူးသွားတယ်။ အရင်တုန်းက ခုံပေါ်မှာ သားတစ်မိနစ်ပဲထိုင်နိုင်တယ်။ အခုဆို သုံးမိနစ်တောင် ထိုင်နိုင်ပြီတဲ့။ တစ်ခြားကလေးတွေရဲ့

မေမေတွေက မေမေ့ကို အားကျကြတယ်။ တစ်တန်းလုံးမှာ သားက စာအကြိုးစားဆုံးတဲ့”



အဲဒီညမှာ သူခွံ့စရာမလိုဘဲ သားက ထမင်းနှစ်ပန်းကန် ကုန်အောင်စားလိုက်တယ်။



(၂)

**မူလတန်း**

ဆရာမိဘအစည်းအဝေးမှာ ဆရာမက “ကျောင်းသား ၅ဝမှာ အစ်မရဲ့သားက အဆင့်၎ဝ၊ သူ့အသိဥာဏ် ဖွံ့ဖြိုးမှုကို ကျွန်မတို့ သံသယဖြစ်တယ်။

ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးကြည့်ပါဦး”



အိမ်အပြန်လမ်းမှာ သူမျက်ရည်ကျမိပြန်ပေမယ့် ကားရှေ့ခုံမှာ ထိုင်နေတဲ့သားကို “ဆရာမက သားကို စိတ်ချယုံကြည်တယ်တဲ့။ သားက မတုံး၊ မအပေမယ့်

စာထဲစိတ်ပါပါနဲ့ နည်းနည်း ထပ်ကြိုးစားလိုက်ရင် သားဘေးမှာထိုင်တဲ့ အဆင့်၂၁ရတဲ့ ကျောင်းသားကိုတောင် ကျော်နိုင်တယ်တဲ့” လို့ ပြောလိုက်တယ်။



သူ့စကားကို ကြားတော့ ငေးမှိန်နေတဲ့ သားမျက်လုံးက အရောင်လက်သွားခဲ့တယ်။ ညှိုးငယ်နေတဲ့မျက်နှာလည်း ရွှင်လန်းလို့လာတယ်။ သားတဖြေးဖြေး

သိတတ်နားလည် ကြီးပြင်းလာမှန်း သူသတိထားလိုက်မိတယ်။



နောက်တစ်နေ့ ကျောင်းတက်ဖို့ ခါတိုင်းထနေကျအချိန်ထက် သားအစောကြီး နိုးနေခဲ့တယ်။



(၃)

**အလယ်တန်း**

ဆရာမိဘအစည်းအဝေးမှာ သားရဲ့ ထိုင်ခုံနေရာမှာ သူသွားထိုင်နေခဲ့ပြီး သားနာမည် အခေါ်ခံရဖို့ကို သူစောင့်နေခဲ့တယ်။ အစည်းအဝေးတိုင်းမှာ

သားနာမည်ဟာ မပါမဖြစ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အစည်းအဝေးပြီးတဲ့အထိ သားနာမည် မပါခဲ့ဘူး။ တစ်ခုခုမှားတယ် အထင်နဲ့ တာဝန်ကျဆရာမကို

သူမေးလိုက်တယ်။



“အခုရမှတ်နဲ့ဆိုရင် အစ်မရဲ့သားက နာမည်ကြီးကျောင်းရဖို့ သိပ်မလွယ်ဘူး”



စိတ်ထဲမှာ သူဝမ်းသာသွားမိတယ်။ အခန်းဝမှာ စောင့်နေတဲ့ သားရဲ့ပုခုံးကို သိုင်းဖက်ပြီး ဝမ်းသာအားရတဲ့ အသံနဲ့ “ သား... သားရဲ့အတန်းပိုင် ဆရာမက

ပြောတယ်။ သားဒီ့ထက် နည်းနည်းထပ်ကြိုးစားရင် နာမည်ကြီးတဲ့ အထက်တန်းကျောင်းကို ဝင်နိုင်တယ်တဲ့”




(၄)

သား အထက်တန်းအောင်ခဲ့ပါပြီ။

တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာ လာယူဖို့ ကျောင်းကဖုန်းဆက်တော့ သားကို သူလွတ်လိုက်တယ်။



သူ့အသိစိတ်ထဲမှာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို သားရမယ်လို့ ကြိုသိနေခဲ့တယ်။ စာမေးပွဲ မဖြေခင်တုန်းက ဒီတက္ကသိုလ်အတွက် သားအမှတ်မီနိုင်တယ်လို့

သားကို သူပြောခဲ့လို့ဖြစ်တယ်။



အိမ်တံခါးဝမှာ ဆီးကြိုနေတဲ့ သူ့လက်ထဲ သူမှန်းထားတဲ့ တက္ကသိုလ်က အကြောင်းကြားစာကို သားက ကမ်းပေးလိုက်တယ်။ သားအမိနှစ်ယောက်

တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုခဲ့ကြတယ်။



“မေမေ... သားဟာ ဥာဏ်ကောင်းတဲ့ ကလေးတစ်ယောက် မဟုတ်မှန်း သားကိုယ်သား သိတယ်။ ဒါပေမယ့် ဒီလောကမှာ သားကို အလေးအနက်ထား

နှစ်သက်ခဲ့တာ မေမေတစ်ယောက်တည်းပဲ ရှိခဲ့တယ်။ ကျေးဇူးပါ မေမေ”



သားစကားကြောင့် ၁ဝနှစ်ကျော်ကြာ ရင်ထဲ တိတ်တခိုးသိမ်းဆည်းထားတဲ့ ပူဆွေးသောကတွေက သူ့ပါးပြင်ပေါ် ဝမ်းသာကြည်နူးတဲ့ မျက်ရည်အသွင်ဖြင့်

စီးကျလာခဲ့တယ်။


--
This life is too short even to love... I don't know how people find time to hate.....♫ ♥♫ ♥♫


§§§§§§§§§¶¶1§ Aʊяuღ ℝ@ßbḯ⊥1§¶§§§§§§§§§

အပြုံးတခုရဲ့ နောက်ကွယ်

ကျွန်တော်အထက်တန်းကျောင်း စတက်ချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့
အဖြစ်အပျက်လေးတစ်ခုကို ခုချိန်ထိ မှတ်မှတ်ထင်ထင် သတိရနေခဲ့မိပါတယ်…
အဲဒီနေ့က ကျောင်းဆင်းလို့ အိမ်အပြန်မှာ ကျွန်တော်နဲ့ မလှမ်းမကမ်း
ကျွန်တော့်ရှေ့နားမှာ တစ်ယောက်တည်း လျှောက်နေတဲ့ အတန်းထဲက
ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်.. သူ့ကြည့်ရတာ လက်နှစ်ဖက်လုံး
ပြည့်အောင် စာအုပ်တွေ ပွေ့ပိုက်လို့ ထားတာကြောင့် ရှိသမျှ
ကျောင်းစာအုပ်တွေအားလုံး အိမ်ကို ပြန်သယ်ယူလာပုံရတယ်... သူ့ကိုကြည့်ပြီး
ကျွန်တော်တွေးလိုက်မိပါတယ်.. “ဘာကြောင့်များ ဒီနေ့လို သောကြာနေ့မျိုးမှာ
စာအုပ်တွေ အားလုံး အိမ်ကို သယ်ပြီး ပြန်ရတာပါလိမ့် .. ဒီကောင်ဟာ
ကပ်သီးကပ်သပ် ကောင်စားမျိုးဘဲ ထင်ပါတယ်.. ကျွန်တော့်မှာတော့ ဒီပိတ်ရက်မှာ
သွားလာ လည်ပတ်ဖို့ စဉ်းစား စီစဉ်ထားတာတွေက အများကြီးပါဘဲ..
လျှောက်လည်မယ်.. ဘောလုံးကန်မယ်.. သူငယ်ချင်းတွေနဲ့ ဂိမ်းကစားမယ်..
မုန့်ဆိုင်တွေမှာ မုန့်လိုက်စားကြမယ်.. အိုး.. လုပ်စရာတွေမှ
အများကြီးပါဘဲ…. ဒီပိတ်ရက်မှာ သူ့လို စာအုပ်ကြီးတွေ အိမ်ပြန်သယ်ပြီး
ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ အစီအစဉ်ကို မရှိပါဘူး.. ” စဉ်းစားမိရင်း
ကျွန်တော့်ပုခုံးကို အသာတွန့်လိုက်ပြီး လမ်းဆက်လျှောက် လာခဲ့လိုက်ပါတယ်။

အဲဒီလိုလျှောက်လာနေရင်း ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ
ကလေးတစ်အုပ်ဟာ ပြေးပြေးလွှားလွှား ဆော့ကစားလာနေကြတာ တွေ့လိုက်ရပါတယ်..
ကလေးတွေဟာ ကျွန်တော့်ရှေ့ကနေ လျှောက်နေတဲ့ သူ့ကို အရှိန်နဲ့
ဝင်တိုက်မိလိုက်ပြီး သူ့လက်ထဲက စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးဟာ
မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်.. သူကိုယ်တိုင်လည်း ဖင်ထိုင်ရက်
လဲကျသွားပြီး သူတပ်ထားတဲ့ မျက်မှန်ဟာ သူနဲ့ ခပ်လှမ်းလှမ်း ၁၀ပေ
လောက်အကွာကို လွှင့်ထွက်သွားပါတော့တယ်.. သူ့မျက်နှာဟာ ရှုံ့မဲ့နေပြီး
ကြည့်ရတာ အတော် နာကျင်သွားပုံရပါတယ်.. ပြီးတော့ လွှင့်ကျသွားတဲ့
သူ့မျက်မှန်ကို မြေပြင်ပေါ်မှာ စမ်းစမ်း စမ်းစမ်းနဲ့ လိုက်ရှာနေတာ
ကျွန်တော်တွေ့လိုက်ရပါတယ်.. ဒီကောင်ဟာ မျက်မှန်မပါရင် ဘာကိုမှ သဲသဲကွဲကွဲ
မြင်နိုင်ဟန် မတူပါဘူး… တစ်ချက်တစ်ချက် မော့လာတဲ့ သူ့မျက်နှာကြောင့်
သူ့မျက်ဝန်းမှာလည်း မျက်ရည်စ တစ်ချို့ကို တွေ့လိုက်မိပါတယ်.


သူ့ကိုကြည့်ပြီး ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်သွားတာကြောင့်
သူ့အနားကို အမြန်တိုးကပ်သွားကာ မျက်မှန်ကို ကောက်ယူလိုက်ပြီး
နှစ်သိမ့်တဲ့အပြုံးလေးတစ်ခုနဲ့ “ကလေးတွေက ဒီလိုပါဘဲ.. သူတို့မှာ
ဆော့ဖို့စိတ်ကလွဲလို့ ဘာမှ မရှိကြဘူး ” လို့ပြောရင်း သူ့ကို
လှမ်းပေးလိုက်ပါတယ်.. “အိုး ကျေးဇူးဘဲ” သူကလည်း ပြန်ပြုံးပြလိုက်ပြီး
ကျွန်တော့်ကို ကျေးဇူး စကား ဆိုပါတယ်။

သူထနိုင်အောင် ကျွန်တော် သူ့ကို ဆွဲထူပေးလိုက်ပြီး သူ့စာအုပ်တွေကိုလဲ
ကူကောက်ပေးကာ သူဘယ်မှာနေတယ်ဆိုတာ စကား စ မေးလိုက်ပါတယ်.. သူပြန်ဖြေတဲ့
သူ့နေရပ်လိပ်စာဟာ ကျွန်တော့်အိမ်နဲ့ နီးနီးလေးဆိုတာ
ကျွန်တော်သိလိုက်ရပေမဲ့ သူ့ကို အရင်က တစ်ခါမှ ကျွန်တော်
မတွေ့ခဲ့ဖူးပါဘူး.. ဒါကြောင့် ကျွန်တော်က “အရင်က ဘာလို့ မတွေ့ဖူးကြတာလဲ”
လို့ မေးလိုက်တော့ သူဟာ နံမည်ကြီး ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား
နေခဲ့ရတာ ဖြစ်ကြောင်း ကျွန်တော်တို့ တက်နေတဲ့ ဒီကျောင်းကို အခုမှ
ရောက်တာတာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်.. ကျွန်တော်ကတော့ ကျွန်တော့်ဘ၀မှာ
သူပြောတဲ့ ဘော်ဒါဆိုတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘ၀မျိုး
ဘယ်တုန်းကမှ မနေခဲ့ဖူးပါဘူး.. ပြီးတော့ သူ့နံမည်က ကာလ်း
ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။

အိမ်ကိုလျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ စကားတွေ
ပြောလာကြရင်း ကာလ်းရဲ့ စာအုပ်တစ်ချို့ကို ကူပြီး ကိုင်ပေးလာခဲ့ပါတယ်.
ခုတော့လည်း ပြုံးပြုံးရွှင်ရွှင် စကားတပြောပြောနဲ့ ကာလ်းဟာ လူရည်သန့်
လူငယ်လေးတစ်ယောက် ဖြစ်နေပြန်ပါပြီ။ ကျွန်တော်က ကာလ်းကို “ဘောလုံးကစားဖို့
ဝါသနာပါသလား” လို့မေးတော့ သူက “ပါတယ်” လို့ပြန်ဖြေပါတယ်.. ဒီတော့ သူ့ကို
မနက်ဖန် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားမဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့
ဖိတ်ခေါ်လိုက်ပါတယ်.. ကျွန်တော့်အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲကို
ဝင်ထိုင်ဖို့ သူ့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့
ဂိမ်းတစ်ချို့ကို သူနဲ့အတူတူ ကစားကြပါတယ်.. ညပိုင်းလောက်မှာမှ အိမ်မှာဘဲ
မေမေကျွေးတဲ့ ညနေစာကို စားပြီး သူပြန်သွားခဲ့ပါတယ်.. နောက်နေ့
ပိတ်ရက်၂ရက်လုံးလုံး ကာလ်းဟာ ကျွန်တော့်ဆီရောက်လာပြီး
ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားကြရင်း
အချိန်ကုန်သွားခဲ့ပါတယ်.. သူ့ကိုလည်း ကျွန်တော်အပါအ၀င်
ကျွန်တော့သူငယ်ချင်းတွေက ခင်မင်ကြသလို သူကလည်း ပျော်ရွှင်နေတာကို
တွေ့ရပါတယ်။

နောက်တနင်္လာနေ့မနက်ရောက်တော့ ကာလ်းဟာ သောကြာနေ့တုန်းက ကျောင်းကနေအပြန်
သယ်သွားတဲ့ စာအုပ်အပုံကြီးကို ပွေ့ပိုက်ပြီး ကျောင်းသွားဖို့
လျှောက်လာပါတယ်.. သူ့ကိုတွေ့တော့ ကျွန်တော်က ရပ်စောင့်နေလိုက်ပြီး “မင်း
ဒီပုံစံအတိုင်းသာ စာအုပ်တွေ နေ့တိုင်း သယ်မယ်ဆိုရင် မင်းလက်မောင်း
ကြွက်သားတွေ ပိုကြီးလာတော့မှာ သေချာတယ်” လို့ ကျွန်တော်သူ့ကို
နောက်လိုက်ပါတော့တယ်. သူက ရယ်မောလိုက်ပြီး ကျွန်တော့်ကို သူ့လက်ထဲက
စာအုပ်တစ်ချို့ လှမ်းပေးလိုက်ပါတယ်. အဲဒီအချိန်ကစလို့ ကာလ်းနဲ့
ကျွန်တော်ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်..
အထက်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သူနဲ့ကျွန်တော်ဟာ
အခင်ဆုံးသူတွေအဖြစ် တောက်လျှောက်တွဲလာခဲ့ကြပါတယ်.. သေချာပေါင်းကြည့်လေ
ကာလ်းမှာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိလေ ဆိုတာ
ကျွန်တော်သိခဲ့ရပါတယ်.. သူဟာ သူငယ်ချင်းတွေအပေါ် သိပ်ကို
စိတ်ရှည်သီးခံတတ်ပြီး စိတ်ကောင်းလဲရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

အထက်တန်းကျောင်းမှာ ၄နှစ်တိတိ ကားလ်းနဲ့ ကျွန်တော်
ငယ်ပေါင်းကြီးဖော်တွေလို ချစ်ခင်ရင်းနှီးစွာ ပေါင်းဖြစ်ကြပါတယ်..
အထက်တန်း နောက်ဆုံးနှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားကြတဲ့အခါ
ကျွန်တော်က Georgetown ကို သွားဖို့ စဉ်းစားပြီး သူကတော့
ဆရာဝန်လုပ်ဖို့အတွက် Duke တက္ကသိုလ်ကို တက်မယ်လို့ ပြောပါတယ်.. ဒါပေမဲ့
ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့၂ယောက်ကြား ဘာတွေဘဲခြားနေနေ အခင်ဆုံး
သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ရှိနေကြမှာပါ။ အဲဒီအထက်တန်း နောက်ဆုံးနှစ်မှာ
ကာလ်းဟာ ဂရိတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အပြင် တစ်ကျောင်းလုံးမှာ
အမှတ်အများဆုံးသူ တစ်ယောက်လဲ ဖြစ်တာကြောင့် အထက်တန်းအောင်မြင်တဲ့
အထိမ်းအမှတ် ဂုဏ်ပြုပွဲသဘင်မှာ စကားပြောဆိုဖို့ ရွေးချယ်ခြင်းခံရပါတယ်..
သူရဲ့ အောင်မြင်မှုအတွက် ကျွန်တော်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

အခုတော့ ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲနေ့မှာ စင်ပေါ်စကားတက်ပြောရမဲ့ ကားလ်ဟာ
အထူး ကြည်လင်ရွှင်ပျနေတဲ့ ပုံစံရှိပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့
လူငယ်တစ်ယောက်ရဲ့ ဟန်ပန်ကို သေသေချာချာ တွေ့မြင်ရပါတယ်.. လွန်ခဲ့တဲ့
၎နှစ်လောက်က စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော်စတွေ့ခဲ့တဲ့
ပုံဏ္ဍာန်နဲ့ ကွာခြားချင်တိုင်း ကွားခြားလို့ နေပါပြီ။
မျက်မှန်တပ်ဆင်ထားပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် ကျကျနန ၀တ်ဆင်ထားတတ်တဲ့
သူ့ပုံက လူရည်မွန် လူရည်သန့် ပုံစံအပြည့်နဲ့မို့ ကျွန်တော်ကတောင်
ပြန်ပြီး မနာလိုရလောက်အောင် မိန်းခလေးတိုင်း စိတ်ကူးယဉ်ချင်စရာ
ဖြစ်လို့နေပါတယ်.. တွေ့ကာစနေ့က ကပ်သီးကပ်သပ် လူတစ်ယောက်လို့
ထင်ခံခဲ့ရဖူးတဲ့ ကာလ်းတစ်ယောက်ဟာ ခုကျတော့ ကျွန်တော်တို့ကပြန်ပြီး
အားကျငေးမောနေရတဲ့ သူတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး
စကားပြောဖို့တော့ အနည်းငယ် တုန်လှုပ်နေဟန်ရှိတဲ့ သူ့မျက်နှာပေးကြောင့်
ကျွန်တော်က သူ့ကြောကို ပုတ်လိုက်ပြီး “သူငယ်ချင်း.. အားတင်းထား.. မင်းဟာ
သူများတကာထက် တော်တဲ့သူဆိုတာ မမေ့နဲ့.. အေးဆေး ဟုတ်ပြီလား။” လို့
ပြောပြီး အားပေးလိုက်တော့ ကျွန်တော့်ကို ပထမဆုံး စတွေ့စ နေ့က
သူပြုံးပြခဲ့ဖူးတဲ့ ကျေးဇူးတင်အပြုံးလေးကို ပြန်ပြုံးပြလိုက်ပြီး
“ကျေးဇူးဘဲ သူငယ်ချင်း” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။

သူစင်ပေါ်မှာ စကားပြောရမဲ့အလှည့် ရောက်တော့ တည်တည်ငြိမ်ငြိမ်
ဖြစ်နေခဲ့ပါပြီ။ အေးဆေးစွာဘဲ စင်ပေါ်ကိုလျှောက်သွားခဲ့ပြီး
မိုက်ကရိုဖုန်းအရှေ့မှာ ရပ်လိုက်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း
စကားစပြောပါတော့တယ်.. သူပြောတဲ့ စကားတွေက “ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့
အထက်တန်းအောင် မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနေ့ ဖြစ်ပါတယ်..
ဒီနေ့မှာ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံး ကျွန်တော်တို့ကို
ကူညီခဲ့ကြသူများကို ကျေးဇူးတင်စကား ဆိုရမဲ့နေ့လည်း ဖြစ်ပါတယ်..
ကျွန်တော်တို့ကို ယခုဒီအခြေအနေအထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့
ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆရာတွေ၊ မွေးချင်း ညီအစ်ကို မောင်နှမတွေ။
နည်းပြတွေ နောက်… အထူးသဖြင့် အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို
ကျးဇူးတင်စကား အထူးဆိုချင်ပါတယ်... ပြီးတော့လဲ ကျွန်တော်ဒီနေ့ ဒီနေရာကနေ
သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြစ်နိုင်သော လက်ဆောင်တစ်ခု
ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်.. ”

အဲဒီလို စကားအစချီပြီး ကျွန်တော်ရဲ့ သူငယ်ချင်း ကာလ်းဟာ
ဇာတ်လမ်းလေးတစ်ခုကို အစပျိုးတော့တာပါဘဲ.. သူပြောနေတဲ့ အကြောင်းအရာတွေကို
မယုံနိုင်ခြင်းများစွာနဲ့ ကျွန်တော်ဟာ မျက်လုံး အပြူးသား၊
ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိပါတယ်.. ကာလ်းပြောပြနေတဲ့ အကြောင်းအရာဟာ
သူနဲ့ ကျွန်တော် ပထမဦးဆုံး စတွေ့တဲ့ ရက်အကြောင်းကို ပြောပြနေတာ
ဖြစ်ပါတယ်.. သူဟာ သူ့အမေနဲ့ အကြီးအကျယ် စကားများတာကြောင့် အဲဒီ
အပတ်ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံဖြတ်လိုက်ပြီး
ကျောင်းက သူရဲ့ လော်ကာကို သန့်ရှင်းရေးလုပ်ပါတယ်.. တစ်ခြားသူတွေအတွက်
သူ့ပစ္စည်းတွေက အနှောက်အယှက် မဖြစ်စေချင်တာကြောင့် အဲဒီထဲမှာ ထည့်ထားတဲ့
သူပိုင်ပစ္စည်းနဲ့ စာအုပ်တွေအားလုံးကို အိမ်အပြန်မှာ သယ်ယူလာခဲ့တယ်လို့
ဆိုပါတယ်.. ဒါကြောင့် သူနဲ့ ပထမဆုံး စတွေ့တဲ့နေ့က စာအုပ်တွေတနင့်တပိုးနဲ့
မနိုင်မနင်း ရှိနေခဲ့တဲ့ သူ့ပုံစံကို ကျွန်တော် ပြန်သတိရလိုက်မိပါတယ်။

ကာလ်းဟာ စင်ပေါ်ကနေ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး
စကားဆက်ပြောနေခဲ့ပါတယ်.. “တကယ့်ကို ကျေးဇူးတင်စရာပါဘဲ.. ကျွန်တော်ဟာ
အလွန်တရာ ကံကောင်းလှစွာဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို
ခံလိုက်ရပါတယ်.. အဲဒီနေ့ ကျောင်းကအပြန် စာအုပ်တွေ မနိုင်မနင်းနဲ့
ကျွန်တော့်ကို အပြုံးလေးတစ်ခုနဲ့ ရောက်လာပြီး လာကူညီတဲ့
ကျွန်တော့်သူငယ်ချင်း ဖြစ်လာမဲ့သူဟာ ဟောဟိုမှာ ထိုင်နေတဲ့ ဒယ်နီရယ်ပါ..”
သူက ကျွန်တော့ကို လက်ညိုးညွှန်လိုက်ပါတယ်.. ပြီးတော့ ဆက်ပြောတာက “
ကျွန်တော့်ကို ပြုံးပြလိုက်တဲ့ သူ့အပြုံးဟာ ကျွန်တော့်ရင်ထဲအထိ
ရောက်သွားခဲ့ပြီးနောက် သူနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကျွန်တော်ဟာ
ခင်မင်စရာကောင်းတဲ့ သူ့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမဲ့အစီအစဉ်
ပျက်သွားခဲ့ရပါတယ်.. အဲဒီနောက်မှာတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့
ကျောင်းသားဘ၀ကို သူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလာရင်း ဒီနေ့မှာ ကျွန်တော်ဟာ
အခု အခြေအနေကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်.. မမျှော်လင့်တဲ့ အဲဒီနေ့က
သူ့ရဲ့ အပြုံးနဲ့အတူ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အသက်ကို
ကယ်တင်နိုင်ခဲ့ပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဆိုတာ
တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတစ်ခုလည်း
ဖြစ်နိုင်ကြောင်းပြောကြားရင်း ကျွန်တော့်သူငယ်ချင်း ဒယ်နီရယ်ကို
ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေခင်ဗျာ… ” လို့ စကားကို
ဆုံးအောင်ပြောသွားခဲ့ပါတယ်။

ကားလ်ရဲ့ စကားအဆုံးမှာ ကားလ်ရဲ့ အဖေနဲ့အမေဟာ ထိုင်ရာက ထလာပြီး
ကျွန်တော့်ကို ကျေးဇူးတင်စကား လာရောက်ပြောကြားပါတယ်. ကာလ်းအမေရဲ့
မျက်ဝန်းမှာတော့ မျက်ရည်စ တစ်ချို့နဲ့ပါ။ ကျောင်းသားတွေ အားလုံးကလည်း
ကျွန်တော့်ကို ဂုဏ်ယူတဲ့အပြုံးတွေနဲ့ လှိုက်လှဲစွာပြုံးပြလို့ လက်ခုပ်သြဘာ
ပေးနေခဲ့ကြပါတယ်.. အိုး လူတစ်ယောက်ရဲ့ ဘာမှ မပြောပလောက်တဲ့ အပြုအမူလေး
တစ်ခုဟာလည်း တစ်ခြားသူတစ်ယောက်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကို
ပေးနိုင်တယ်ဆိုကာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ။
မရည်ရွယ်ပါဘဲနဲ့ ကျွန်တော်တို့တွေရဲ့ လုပ်ရပ်၊ အပြုအမူ အသေးအမွှားလေး
တစ်ခုခုဟာ တစ်ခြားသူအတွက် ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်စေ
ကြီးကြီးမားမား ပြောင်းလဲစေနိုင်တယ် ဆိုလို့ရှိရင် သူတစ်ပါး ထိခိုက်
နစ်နာစေနိုင်မယ်လို့ ထင်ရတဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို
ဘယ်လောက်သေးငယ်တဲ့ ကိစ္စဘဲဖြစ်ဖြစ် မပြောဖြစ်၊ မလုပ်ဖြစ်အောင်
အတတ်နိုင်ဆုံး ထိန်းသိမ်းကြပြီး ကောင်းကျိုးဖြစ်နိုင်မဲ့ စကားတွေ၊
အပြုအမူတွေကိုသာ ပြောဆို ပြုမူသင့်ကြတယ် မဟုတ်ပါလား.. မမျှော်လင့်ဘဲ
အကူအညီလိုအပ်နေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း ဘယ်လောက်ပင်သေးငယ်တဲ့
အကူအညီဖြစ်ပါစေ ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်နော်။
ကိုယ်ပေးလိုက်ရတာ ဘယ်လောက်မှမဟုတ်ပေမဲ့ တစ်ဘက်လူအတွက်တော့
တန်ဖိုးမဖြတ်နိုင်အောင် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်နေနိုင်ပါသေးတယ်..



John Deru ရဲ့ One small gesture can change a person's life ကို
ဆီလျှော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။

from Ko Sithu Latt (facebook)

Thursday, May 26, 2011

ပြန်လာခဲ့ တာပေါ့ 



ဥဏှောက်နဲ့ အာရုံထဲ
မင်းတယောက်ပဲနေရာယူထားတော့ 
ပြန်လာခဲ့ တာပေါ့  ....

ဒီရင်ထဲကအပူမီး
အလျှံညီညီနဲ့ ဆိုတော့ 
ပြန်လာခဲ့ တာပေါ့ ...

ညဉ့် နက်နက် မင်းရောက်ရောက်လာတော့ 
ပြန်လာခဲ့ တာပေါ့ .....

အာရုံဦးအတွေထဲ လှိုက်မောစွာ
စိုရိမ်းခြင်းများစွာနဲ့ 
ငါပြန်လာခဲ့ တာပေါ့ ...

ငါ ဘ၀ဟာမင်းမရှိတော့
ပြန်လာခဲ့ တာပေါ့ ....

ငါ ရင်မောစွာနဲ့ 
ပြန်လာခဲ့ တော့ ...

.......?

.......?

.......?
....................။ ။

(အကိုတော်တယောက်ရဲ့ ရင်ဘက်ကိုဝင်ဖောက်ကြည့် ထားတာပါ)

Tuesday, May 24, 2011

........လာခဲ့ ပါ........

Hot Comments



မင်း နဲ့  ငါကြား
နိင်ငံမခြားပဲ မာနတံတိုင်းခြားနေတယ်.....၊။

အလွမ်းမြို့ တော်ထဲ
ထွပ်ပေါက်မရှာပဲ
ဖောက်ထွက်လိုက်ပါ ချစ်သူ....

အချစ်မြို့ ရိုးက စောင့် မျော်ဆွေးနေသူပါ....၊ ၊

တစိမ်းတရံကြား မင်းအားငယ်နေမလား
ငါတွေးရင်း လွမ်းလို့ နေတယ်..

ဒီအလွမ်းတွေ အဆုံးသပ်ဖို့ 
ရုန်းထွက်လို့ လာခဲ့ ပါ
ချစ်သူ..................။ ။

Saturday, May 21, 2011

ခေတ်လူငယ်များသို့ - မောင်ဝံသ

ကျွန်တော့် စာရေးသက်တစ်လျှောက်မှာ ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ တစ်ခါမှ ပြစ်တင်ဝေဖန် ရေးသားခဲ့တာ မရှိခဲ့ဖူးပါဘူး။ ပြစ်တင် ဝေဖန်သူတွေကိုတောင် ကျွန်တော်က ခေတ်လူငယ်တွေဘက်က အကျိုးသင့် အကြောင်းသင့် ပြောပြီး ခုခံပေးခဲ့ဖူးတယ်။

မှတ်မိပါသေးတယ်။ ဆံပင်ရှည်ထားတာကို မျက်စိနောက်ပြီး နှိပ်ကွပ်ခဲ့ကြတဲ့ အချိန်တစ်ချိန်တုန်းကပေါ့။ ဆံပင်ရှည်ထားတဲ့ လူငယ်လူကြီးတွေကို တွေ့ရာမဆိုင်း လမ်းဘေးထိုင်ခိုင်းပြီး ဆံပင်ရှည်ကို ဓားနဲ့ဖြတ်တဲ့ ဖြစ်ရပ်တချို့ ၁၉၇၄ ခု ဒီဇင်ဘာလထဲမှာ ဖြစ်ပေါ်ခဲ့ဖူးတယ်။

အဲသည်တုန်းက ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ ဆရာတက်တိုးက သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူးပါ။ ကျွန်တော်က မြန်မာ့အလင်း သတင်းစာတိုက်မှာ အယ်ဒီတာအဖြစ် အမှုထမ်းနေပါတယ်။ ဆရာတက်တိုးက လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာမှာ ပင်တိုင်ဆောင်းပါး ရေးနေချိန်ဖြစ်တယ်။ အဲသည် ဆံပင်ရှည်တွေကို နှိပ်ကွပ်တဲ့အချိန်မှာ ဆရာတက်တိုးက လူငယ်ယောက်ျားလေးတွေ ဆံပင်ရှည်ထားခြင်းဟာ မကောင်းတဲ့အကြောင်း၊ လမ်းသရဲတွေသာ ဆံပင်ရှည်ထားကြောင်း စသည်ဖြင့် ဆောင်းပါးတစ်စောင် ရေးလိုက်တယ်။

ကျွန်တော်က မြန်မာ့အလင်းကနေ ပြန်ရေးတယ်။ လမ်းသရဲစိတ်ဓာတ်ဟာ ဆံပင်ရှည်မှာ ရှိသလားလို့ မေးခွန်းထုတ်လိုက်တာပါ။ ဆံပင်ရှည်ထားတိုင်း လမ်းသရဲစိတ် ၀င်နေပြီလို့ မယူဆပါနဲ့၊ ဆံပင်ရှည်လေးတွေနဲ့ ပရဟိတ လုပ်နေသူတွေ အများကြီးပါ၊ ဆံပင်ရှည်မထားဘဲ ဆိုးသွမ်းလူငယ် ဖြစ်နေတာတွေလည်း အများကြီးပါလို့ ပြန်လည်ချေပတာ ဖြစ်ပါတယ်။

ဆရာတက်တိုးက အင်မတန်မှ စာပေစိတ်ရှိသူပါ။ သူဟာ ရာထူးအလျောက် ကျွန်တော်တို့ ခေါင်းပေါ်က ဖြစ်ပါတယ်။ အဲသည်တုန်းက ပြည်သူပိုင်သတင်းစာ မြန်မာငါးစောင် (ကြေးမုံ၊ လုပ်သား၊ မြန်မာ့အလင်း၊ ဟံသာဝတီ၊ ဗိုလ်တထောင်) နဲ့ အင်္ဂလိပ် နှစ်စောင် (လုပ်သား အင်္ဂလိပ်နဲ့ ဂါဒီယန်) တို့ကို ဆရာတက်တိုးက အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ သူလို ဦးဆောင်ညွှန်ကြားရေးမှူး၊ "အမ်ဒီကြီး" က ရေးလိုက်တဲ့ ဆောင်းပါးကို ကျွန်တော်လို သာမန်အယ်ဒီတာလေး တစ်ယောက်က ချေပတာကို တစ်ခြားလူကြီးတွေဆိုရင် ရှက်ရမ်းရမ်းမှာ ဖြစ်ပေမယ့် ဆရာတက်တိုးက စိတ်မဆိုးပါဘူး။ ဆရာက ဆောင်းပါးရေးပြီးတော့ပဲ ပြန်လည်ရှင်းလင်းတယ်။ ဆရာရှင်းလင်းတဲ့အထဲ ကျွန်တော်မှတ်မိနေတာကတော့ "ဟုတ်ပါတယ်၊ မောင်ဝံသရေးသလို ဆံပင်ရှည်ထားတိုင်း လမ်သရဲ မဟုတ်ပါဘူး၊ ဒါပေမယ့် လမ်းသရဲတိုင်းကတော့ ဆံပင်ရှည်ထားတယ်။ ဒါကိုတော့ မငြင်းနိုင်ဘူး" လို့ ရေးလိုက်တာပါ။

ကျွန်တော်က ငယ်စိတ်နဲ့ဆိုတော့ ဆရာပြန်ရှင်းတဲ့အထဲက လစ်ကွက်ဟာကွက်တွေကို ထောက်ပြီး ဆောင်းပါးတစ်စောင် ထပ်ရေးပါတယ်။ သည်တစ်ခါတော့ အဲသည်တုန်းက မြန်မာ့အလင်း အယ်ဒီတာချုပ်ဖြစ်တဲ့ ဆရာဦးစိုးမောင် (သာဂရ ငစိုး/ပခန်းရေချမ်း) က သတင်းစာမှာ မထည့်ပေးတော့ပါဘူး။ ဂုဏ်အရကော၊ အသက်အရပါ ကြီးမားတဲ့ ကိုယ့်အထက်လူကြီးတစ်ယောက်ကို ထပ်ပြီး အချေအတင် မလုပ်ပါနဲ့တော့လို့ ကျွန်တော့်ကို ဖျောင်းဖျပါတယ်။ ကျွန်တော်ကလည်း ကျေကျေနပ်နပ် ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဆရာသာဂရငစိုး ဆိုတာကလည်း ဆရာဒဂုန်တာရာတို့နဲ့ခေတ်ပြိုင် ရန်ကုန်တက္ကသိုလ်ထွက် ကလောင်လက်ဟောင်းကြီး တစ်ဦးဖြစ်လေတော့ ကျွန်တော်တို့က လေးစားရိုသေပြီးသားပါ။

အဲသည်ဖြစ်ရပ်ကို ကျွန်တော် ပြန်လည်တင်ပြနေတာက ခေတ်လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဆန့်ကျင်အမြင် မရှိခဲ့ဘူးဆိုတာကို ပြောချင်တာပါ။ အလွန်အကျွံ ၀တ်စားဆင်ယင်မှုနဲ့ လော်လီတဲ့ ၀တ်စားဆင်ယင်မှုတွေကို ကျွန်တော့်စိတ်ထဲ မတွေ့ဘဲ ရှိချင်ရှိမယ်။ ဥပမာ ယောက်ျားလေးတွေ နားကပ်ပန်တာ၊ မိန်းကလေးတွေ ပေါင်လယ်အထက် ဂါဝန်တိုလေးတွေ ၀တ်တာ ကျွန်တော် မကြိုက်ဘူး။ သို့ပေမယ့် မကြိုက်တဲ့အကြောင်း စာတစ်တန် ပေတစ်စောင် မရေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်ဒေါ် လူထုဒေါ်အမာ တို့လို ကလောင်ကြီးတွေက အကြိမ်ကြိမ် ရေးပြီးကြပြီပဲ။ တခြား စာရေးဆရာကြီးများလည်း မကြာခဏ ရေးနေကြတာပါပဲ။ စာရေးဆရာတွေက ရေးတိုင်းလည်း ခေတ်လူငယ်တွေက ပြုပြင်ကြတာ မဟုတ်ဘူးလေ။ သည်တော့ ကျွန်တော့်အနေနဲ့ တခြားအကြောင်းအရာတွေကိုပဲ ရေးဖြစ်ခဲ့တယ်။

နောက်တစ်ချက်ကတော့ ဒီနေ့ခေတ် လူငယ်အတော်များများဟာ စာမဖတ်ကြဘူးဆိုတာ ကျွန်တော် အသေအချာ သိနေတယ်။ စာဖတ်ရင်တောင် သူတို့ကို ကောင်းစေချင်တဲ့ စေတနာနဲ့ရေးတဲ့ ပြုပြင်ရေးစာပေတွေကို ဘေးဖယ်ထားချင်ကြတယ်။ "သွားစမ်းပါကွာ၊ တို့ကို ဆရာလုပ်တဲ့ စာမျိုးတွေကို ကိုင်တောင် မကိုင်ချင်ဘူး" လို့ ပြောတာတောင် ကြားဖူးတယ်။

ကျွန်တော် အခု ပြောခဲ့တာတွေကို ဟုတ်ရဲ့လားလို့ သံသယ မဖြစ်ပါနှင့်။ နှစ်အစိတ်လောက် အချိန်ပြည့်သတင်းစာသမား လုပ်ခဲ့သူဖြစ်လို့ ကျွန်တော်တို့အနေနဲ့ မသေချာတဲ့ အချက်အလက်ကို ဘယ်တော့မှ မပြောပါဘူး။ ဒီနေ့ခေတ် လူငယ် အတော်များများရဲ့ စိတ်ဓာတ်တွေဟာ မယုံနိုင်လောက်အောင် လမ်းလွဲနေတာကို ကျွန်တော် ပြောချင်တာပါ။

လူငယ်တွေနဲ့ ပတ်သက်လို့ ရေးကြတဲ့အခါ ယနေ့ခေတ် လူငယ်တွေ တော်တဲ့အကြောင်း၊ ကြိုးစားတဲ့အကြောင်း၊ လူငယ်တွေဟာ အနာဂတ်အတွက် အားထားစရာဖြစ်တဲ့အကြောင်း စသည်ဖြင့် မြှောက်ပင့်ရေးကြတာတွေက များနေတယ်။ (အဲဒါမျိုးတွေ ကျွန်တော်တို့က ပိုရေးတတ်တာပေါ့။ အရင်တစ်ခေတ်က သတင်းစာတွေမှာ ခေါင်းကြီးလိုတစ်မျိုး၊ ဆောင်းပါးလိုတစ်ဖုံ တာဝန်အရ အများကြီး ရေးခဲ့ဖူးတာပဲ။)

အခု တကယ်တမ်း ကျွန်တော်တို့တွေ တွေ့နေရတာက လူငယ်တွေထဲမှာ မကြိုးစားသူတွေက ပိုများနေတယ်။ တစ်စုံတစ်ခုကို ပို်င်ပိုင်နိုင်နိုင် တတ်ကျွမ်းလိမ္မာသူ အလွန်နည်းတယ်။ သင်တန်းတွေ လိုက်တက်နေကြပြီး အောင်လက်မှတ်တွေ တစ်ထမ်းကြီး ယူခဲ့ကြပေမယ့် အဲဒီ သက်ဆိုင်ရာ ဘာသာရပ်ကိုပဲ ပြန်မေးကြည့်၊ ယောင်ဝါးဝါးချည်းပဲ။

ပြီးခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်း မိတ်ဆွေရင်းချာတချို့က သူတို့ရဲက အလုပ်ဌာနတွေမှာ ၀န်ထမ်းသစ်ခန့်ထားရေး အင်တာဗျူးလုပ်ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းလို့ အင်တာဗျူးတွေ ထိုင်ပေးခဲ့ရဖူးတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကျွန်တော် အစိုးရသတင်းစာမှာ လုပ်ခဲ့တုန်းကလည်း တာဝန်အရ အလုပ်အင်တာဗျူးတွေ ထိုင်ပေးခဲ့ဖူးပါတယ်။

အင်တာဗျူးအတွေ့အကြုံတွေကို ပြန်စဉ်းစားကြည့်တဲ့အခါ အရင် နှစ်နှစ်ဆယ်ကျော်က လူငယ်တွေကို မေးရမြန်းရတာ ပို အားရစရာ ကောင်းတယ်လို့ ထင်တယ်။ သူတို့က အင်တာဗျူးမှာ မေးနိုင်တာတွေကို ဖြေဖို့အတွက် အကုန် ပြင်ဆင်လာကြတာကိုး။

မကြာသေးခင်က အင်တာဗျူးဝင်သူ လူငယ်တွေကျတော့ အလုပ်သာ လာလျှောက်တာ၊ လျှောက်ထားတဲ့အလုပ်နဲ့ ပတ်သက်လို့ သိကောင်းစရာတွေကို လေ့လာပြင်ဆင်ခဲ့မှု မရှိသလောက်ပဲ။ အဲဒီ လူငယ် ၁၀၀ မှာ ၈၀ လောက်ဟာ သနားစရာကောင်းလောက်အာင် ညံ့နေတာ တွေ့ရတယ်။ သူတို့ကို ကြည့်ရင်း ကျွန်တော် အရမ်း ၀မ်းနည်းမိတယ်။ ဘာကြောင့် သည်လို ဖြစ်နေကြတာလဲ တူတူမလေးတို့ရယ်လို့တောင် မချိတင်ကဲ မေးချင်စိတ် ပေါက်ခဲ့ပါတယ်။

လူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုအကြောင်းကို ကျွန်တော့်အနေနဲ့ ဘယ်တော့မှ မဝေဖန်ဘူးဆိုတာ ပြင်ပ ၀တ်စားဆင်ယင်မှုဆိုတာ သာမညပဲလို့ ယုံကြည်လို့ပါ။ ကျွန်တော်က အပေါ်ယံ အ၀တ်အစား အသွင်အပြင်ထက် လူရဲ့ အတွင်းစိတ်အနှစ်သာရက ပိုအရေးကြီးတယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် ခုတော့ အဲဒီယုံကြည်ချက်ကို ပြောင်းလဲရမလို ဖြစ်နေပြီ။

လူငယ်တွေထဲမှာ အ၀တ်အစား လော်လီသူတွေ ပိုများလာတယ်။ ပညာပြည့်ဝရေးအတွက် ဖိဖိစီးစီး ကြိုးစားသူဦးရေက ပိုနည်းလာတယ်။ ပညာဆိုတာ တကယ်တတ်ရင် တကယ် အကျိုးရှိတယ်လို့ သူတို့ မယုံကြည်ကြဘူး။ သည်တော့ အသိပညာရော အတတ်ပညာရော သူတို့ ပေါက်မြောက်အောင် မသင်ကြဘူး။ တစ်မတ်ဖိုးလောက် သိတာကို တစ်ကျပ်ဖိုးလောက် ထင်နေတယ်။ တစ်ဝက်တစ်ပြက်နဲ့ ရပ်ပစ်ကြတယ်။ အဲသလို လူတွေ ဘာဖြစ်လာမလဲ။ တတ်ယောင်ကားတွေပဲ ဖြစ်လာမှာပေါ့။

တတ်ယောင်ကားတစ်ယောက်ဟာ ဘာမှမတတ်တဲ့သူထက် ပို အန္တရာယ်ကြီးတယ်။ ဘာမှမတတ်သူက သူမတတ်တာကို သူ့ဖာသာသိလို့ စွန့်စားပြီး ဘာမှ မလုပ်ရဲဘူး။ သူတို့မှာ သိမ်ငယ်စိတ် ရှိတယ်။ သိမ်ငယ်စိတ်ကနေ ရန်လိုစိတ်တွေ ပွားများလာတတ်တယ်။

ကျွန်တော်တို့ရဲ့ အနာဂတ်ကို တတ်ယောင်ကားတွေလက်ထဲ မအပ်ချင်ဘူး။ တကယ်တတ်ကျွမ်းနားလည်တဲ့ အရည်အချင်းပြည့်ဝသူတွေ လက်ထဲကို အပ်ချင်တယ်။ ခေတ်လူငယ်တွေကို ပန်ကြားချင်တာက ဘာကိုပဲ သင်သင် တကယ်တတ်အောင် သင်ကြပါ ဆိုတာပါပဲ။

Thursday, May 19, 2011

ပာာသလေးများ


“ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ”
“အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ”
“ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ”


သူ နှုတ်မှာမဟုတ်လို့

“ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ”
“ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း”
“မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ”


အချက်ပြကိရိယာ

“ခင်ဗျားရဲ့ကားမှာ မိုင်နှုန်းပြမီတာ မရှိပါလား”
“မလိုလို့ ဖြုတ်ရောင်းပစ်လိုက်ပြီ”
“ဟင် ဒါဆို ကားရဲ့ အမြန်နှုန်းကို ဘယ်လိုသိတော့မလဲ”
“သိပါတယ်၊ တစ်နာရီ မိုင်နှစ်ဆယ်နှုန်း မောင်းနေရင် ရှေ့စက်ဖုံးက
အသံမြည်တယ်။ မိုင်သုံးဆယ်နှုန်းဆိုရင် တံခါးကမြည်တယ်။လေးဆယ်နှုန်းရောက်
ရင်
ကိုယ်ထည်က မြည်လာတယ်လေ”

ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ်

“ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ”
“သိပါတယ်၊ နောက်နှစ်ချောင်း သုံးချောင်းနှုတ်ပြီးရင် ကိုက်တဲ့သွားဆီကို ရောက်ပါပြီ”


သေဟဲ့ နန္ဒိယ

“မမ ဈေးသွားနေတုန်း သားငယ်လေးပိုးကောင်အရှင် မျိုချလိုက်တယ်”
“ဟယ် ဒုက္ခပါပဲ။ နင် ဘာမှ လုပ်မပေးဘူးလား မိဌေး”
“ပိုးသတ်ဆေးတစ်ဇွန်းတော့ တိုက်ထားပါတယ် မမ”

အပေါင်းအသင်းမှားသွားခြင်း

“မင်း ဘာကြောင့် ဒီလောက်တောင် မူးအောင်သောက်ရတာလဲ”
“အပေါင်းအသင်းမှားသွားလို့ပါ။ အရက်မသောက်တတ်သူတွေကို
အရက်ဆိုင်ခေါ်သွားမိခဲ့တော့ ကျွန်တော် တစ်ယောက်တည်း
ဒိုင်ခံသောက်ခဲ့ရလို့ပါ”

မယုံရလို့

အိမ်ဖော်က အိမ်ရှင်မကို ပြောလိုက်သည်။
“အန်တီတို့က အခုထိ ကျွန်မကို အယုံအကြည် မရှိကြသေးဘူး”
“ဘာဖြစ်လို့လဲ။ ယုံလို့ပဲ အိမ်သော့အားလုံး နင့်ကို ပေးထားတာပေါ့”
“ဟင့်အင်း ပြီးခဲ့တဲ့နေ့က မီးခံသေတ္တာကို ဖွင့်ကြည့်တာ သော့တစ်ချောင်းမှ ဖွင့်မရဘူး”


ရဲဆေး

လူနာသည် သွားနှုတ်ခံရမည်ကို အလွန်ကြောက်နေသဖြင့် ဆရာဝန်က ၀ီစကီတစ်ခွက်တိုက်လိုက်သည်။
“ဘယ့်နှယ်လဲ၊ ရဲလာပြီလား”
“ဟင့်အင်း၊ နောက်တစ်ခွက် ထပ်တိုက်ပါဦး”
“ရော့ နောက်တစ်ခွက်၊ ကဲ အခြေအနေကောင်းပြီလား”
“မရသေးဘူး၊ နောက်တစ်ခွက် ပေးပါအုံး”
တတိယမြောက်ခွက်ကို သောက်ြပီးလူနာက ပြောလိုက်သည်။
“သတ္တိရှိလာပြီ။ ကျုပ်သွားကို ထိဝံ့တဲ့သူ ထိကြည့်လိုက်”


အနေအထားပုံစံ

“ဆရာ ကျွန်မတို့ ဆေးခန်းက ထွက်သွားတဲ့ လူနာတစ်ယောက် ဆေးခန်းအ၀မှာ
လဲကျပြီးသေသွားတယ်။ ကျွန်မဘာလုပ်ရမလဲဟင်”
“ကောင်းပြီ၊ ငါတို့ ဆေးခန်းကို ၀င်လာတဲ့ပုံစံမျိုးဖြစ်အောင် နေရာပြန်ချထားလိုက်”

ဖော်ကော်

“မေမေ ဒီနေ့ ဒယ်ဒီ သားကို မနမ်းသေးဘူး”
“ထမင်းစားနေတုန်း စကားမပြောရဘူး သားသားရဲ့”
“ဟင်-ဖေဖေ ထမင်းစားနေတုန်း အိမ်ဖော် မမက ဒီလို အမြဲပြောတယ်”

လိုအပ်တဲ့ပစ္စည်း

“ရှင့်လစာ ဒါအကုန်ပဲလား”
“အိမ်အတွက် လိုတာတွေ ၀ယ်လာခဲ့လို့”
“ဟုတ်လား။ ဘာပစ္စည်းတွေ ၀ယ်လာတာတုန်း”
“၀ီစကီ တစ်သေတ္တာ”


မှန်တယ်နော်

“ဓာတ်ခွဲခန်းကို ဓာတ်မှန်စစ်ဆေးချက်တွေအရ အခြေအနေ တော်တော်ကောင်းတယ်။
ဒီပုံအတိုင်းဆို အသက်ရှစ်ဆယ် အထိ နေရလိမ့်မယ်”
“ကျွန်တော် အသက်က အခုဆို ရှစ်ဆယ်ရှိပါပြီ ဒေါက်တာ”
“ကဲ-ကျွန်တော်ပြောတာ မမှန်လား”
ချက်မရှိလို့

“ရေချိုးမှာ ကောင်းကောင်းချိုးတာ မဟုတ်ဘူး။ ဘာဖြစ်လို့ အော်ကြီးဟစ်ကျယ်
သီချင်းအော် ဆိုနေရတာလဲ”
“တံခါးချက်ထိုးလို့ မရလို့”

အပိုအလုပ်တွေ

“ဒီငါးကို မချက်ခင် သေသေချာချာ ရေဆေးရဲ့လား”
“ဘာဆေးစရာလိုလဲ။ ငါးက တစ်ချိန်လုံးေ၇ထဲမှာ နေခဲ့တာလေ”


သူ့နေရာနဲ့သူ

“မင်းတို့ဟိုတယ်မှာ ရေပူနဲ့ရေအေးရသလား”
“နွေရာသီမှာ ရေပူရပြီး ဆောင်းရာသီမှာ ရေအေးရပါတယ်ခင်ဗျာ”

မဝေခွဲနိုင်သေးပါ

“ခင်ဗျား ဘယ်သူလဲ”
“ငါဟာ မင်းမိန်းမကို လူ့လောကကြီးထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်ပေါ့”
“အင်း-ဒါဆို လူကြီးမင်းကို ကျေးဇူးတင်ရကောင်းမလား။
နှာခေါင်းရိုးကျိုးအောင် ထိုးပစ်ရကောင်းမလား ဝေခွဲမရသေးဘူး”


အကြောင်းသိမို့

“ခုနက အရက်ဗန်းကိုင်ပြီး လျှောက်သွားနေတဲ့ ခပ်ချောချော ကောင်မလေး ဘယ်မှာရှိမလဲ”
“ရှင်က အရက်ထပ်လိုချင်နေလို့လား”
“ဟင့်အင်း၊ ကျွန်မယောက်ျား ဒီပါတီပွဲမှာ ပျောက်နေလို့”

သူကပိုသိပါတယ်

“ငါ့မိန်းမဟာ စကားပြောစရာ အကြောင်းအချက်တစ်ခုလောက်ရှိခဲ့မယ်ဆိုရင်
အကြာကြီးမနားတမ်း ပြောနိုင်တယ်ကွ”
“ငါ့မိန်းမကျတော့ အကြောင်းအချက်ရှိဖို့တောင် မလိုဘူး”


သူ့လုပ်စာ

“လူတစ်ယောက် ကားတိုက်ပြီး သေဆုံးသွားသဖြင့် သူ့ဇနီးမှာ လျော်ကြေးငွေ
အမြောက်အမြား ရရှိသွားလေသည်။
“ဘုရားသခင် ကျေးဇူးတော်ပဲ။ သူသေမှပဲ သူ့လုပ်စာ စားရတော့တယ်”


ပို့ပစ်လိုက်မယ်

“ရှင် ဒီတစ်ခါ အိမ်ပြန်ချိန်နောက်ကျရင် အမေ့ဆီ ကျွန်မဆင်းသွားမယ်”
“ရတယ်လေ။ ငါလည်း ယောက္ခမအထီးကြီှးဆီ သွားလိုက်ရုံပဲ”
“ဘာပြောတယ်။ ရှင်က သမီးကို အိမ်မှာထားခဲ့မယ်ပေါ့လေ”
“ဟင့်အင်း၊ ယောက္ခမအထီးကြီးဆီ သွားပို့မလို့”


လွတ်လပ်ရေးနေ့

“လွတ်လပ်ရေးနေ့ဟာ ဘယ်နေ့လဲ ကိုကို”
“မင်းရဲ့ မိဘတွေဆီ မင်းအလည်ပြန်တဲ့နေ့မှန်သမျှ ငါ့အတွက်
လွတ်လပ်ရေးနေ့တွေချည်းပါပဲ မိန်းမရယ်”


တက်လမ်း မရှိလို့

“ကုမ္ပဏီဥက္ကဌရာထူးပေးတာကို မင်းဘာဖြစ်လို့ ငြင်းရတာလဲ”
“တက်လမ်းမှ မရှိတော့တာ”


ကံကောင်းသူ

“ငါ့မိန်းမတော့ ရှိသမျှအားလုံးယူပြီး ဆင်းသွားလေရဲ့”
“မင်းကံကောင်းတာပေါ့။ ငါ့မိန်းမဆို အခုထိ မဆင်းသေးဘူး”

မိုးရွာမှ ကျတာ

“အိမ်ခေါင်မိုးပေါ်က ရေတွေဟာ ဒီလိုပဲ အမြဲကျနေမှာလား”
“အမြဲမကျပါဘူး၊ မိုးရွာမှ”


မငိုပါနဲ့

“တရားသူကြီးသည် တရားခံကို ကြင်နာစွာမေးမြန်းလိုက်သည်။”
“အရင်က ထောင်ကျခဲ့ဖူးလား”
“ဟင့်အင်း၊ တစ်ခါမှ မကျဖူးပါဘူး တရားသူကြီးမင်းရယ်၊ အဟင့် အဟင့်”
“အေး-မငိုနဲ့ တိတ် တိတ်၊ အခုပဲ အဲဒီကို သွားရတော့မယ်ဟာ”



အလုပ်ကြိုးစားသူ

“မင်းဟာ တစ်ပတ်အတွင်း ရှစ်ကြိမ်တောင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါလား”
“ဟုတ်ပါတယ် တရားသူကြီးမင်း။ နေ့မအား ညမအား အလုပ်လုပ်ခဲ့တာပါ။ လူတိုင်း
ကျွန်တော့လိုသာ အလုပ်လုပ်ကြရင် အားလုံးကြွယ်ဝကြမှာ မလွဲပါဘူး”

ရှိစေရမယ်

“ကျွန်မတို့ လက်ထက်ပြီးတဲ့အခါ ရှင့်မှာရှိတဲ့ သောကတွေ ဒုက္ခတွေကို
မျှဝေခံစားပေးပါမယ်”
“ကိုယ့်မှာ သောကတွေ ဒုက္ခတွေမရှိပါဘူး”
“အင်း-ကျွန်မနဲ့လက်ထက်ပြီးရင် ရှိလာစေရမယ်”


မအိပ်ကြသေးဘူး

“နင့်ခင်ပွန်းဟာ အိပ်ရင်ဟောက်တတ်သလား”
“ငါဘယ်သိအုံးမလဲ။ လက်ထက်တာမှ ငါးရက်ပဲရှိသေးတာ”




ငွေချေးနည်းအသစ်

“ကျွန်တော့်ကို ငွေနှစ်ရာလောက် ချေးစမ်းပါ။ ဒါပေမယ့် တစ်ရာပဲပေး”
“ဘာသဘောပါလိမ့်”
“ဒါဆို ခင်ဗျားက ကျွန်တော့်ကို ငွေတစ်ရာထပ်ပေးဖို့ရှိနေသလို
ကျွန်တော်ကလည်း ခင်ဗျားကို ငွေတစ်ရာပြန်ဆပ်ဖို့ ရှိနေတော့ ကြေရောပေါ့”


အာဂ ဆရာမ

“ဆရာမရေ ဒီခုတင်ပေါ်က လူနာ ဘယ်ရောက်သွားလဲ”
“သူ့တစ်ကိုယ်လုံး အေးစက်နေလို့ အပူချိန် တစ်ရာ့ငါးရှိတဲ့
လူနာနဲ့ပေးသိပ်ထားတယ် ဒေါက်တာ”



သူတို့က မယုံဘူး

“နောက်ဆုံးအခေါက် ရုံးကိုရောက်တုန်းက ငါမှာလိုက်တယ်မဟုတ်လား။
နောက်တစ်ကြိမ် မင်းမျက်နှာကို ဒီရုံးပေါ်မှာ မမြင်ချင်တော့ဘူးလို့”
”ကျွန်တော့်လာဖမ်းတဲ့ ရဲတွေကို အဲဒီစကားပြောပြခဲ့ပေမယ့် သူတို့က
မယုံကြဘူး တရားသူကြီးမင်း”


နိုင်ရင် အိုကေ

“ငွေကိုင်စာရေး ဘယ်သွားနေလဲ”
“လက်ဝှေ့တက်ထိုးနေပါတယ် ဆရာ”
“ဘာကွ အလုပ်ချိန်မှာ ဘာကြောင့်လက်ဝှေ့သွားထိုးရတာလဲ”
“ငွေစာရင်းကွာဟနေမှုအတွက် သူ့ရဲ့နောက်ဆုံးကြိုးပမ်းချက်ဖြစ်လို့ပါ”


သင်ခိုင်းတယ်ထင်လို့

“တရားလိုဟာ သူ့ပိုက်ဆံအိတ်ကို အတွင်းခံဘောင်းဘီထဲထည့်ပြီး တွယ်ချိတ်နဲ့
ချိတ်ထားတယ်လို့ဆိုတယ်။ မင်းဘယ်လို ရအောင်ယူခဲ့တာလဲ”
“ဟုတ်ကဲ့ တရားသူကြီးမင်း။ ကျွန်တော်ဟာ နည်းတစ်ခုကို ငွေတစ်ရာရမှ သင်ပေးလေ့ရှိပါတယ်”


သွန်သင်ချက်

စက်မှုလုပ်ငန်းပိုင်ရှင် သူဌေးကြီးသည် သူ့စက်ရုံသို့
ရှောင်တခင်ရောက်ရှိလာကာ အလုပ်သမားတစ်ယောက်ကိုမေးမြန်းလိုက်သည်။
“မင်းရဲ့ကြီးကြပ်ရေးမှူးက ဘာတွေ ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပြပေးရဲ့လား”
“ဟုတ်ကဲ့ သင်ပေးပါတယ်ခင်ဗျား”
“အေး ကောင်းတယ် ကောင်းတယ်။ အထက်လူကြီးစကားကို ဂရုစိုက်ကွဲ့။ ဒါထက် သူက
ဘာသင်ပေးထားသလဲ”
“သူဌေးလာတာမြင်ရင် သူ့ကို အမြန်လာနှိုးပါလို့ သင်ပေးထားပါတယ်။ အခု
နှိုးပြီးပါပြီခင်ဗျ”


ငွေတော့ မရဘူး

လူပြတ်သောနေရာတစ်ခုတွင် ခရီးသည် တစ်ယောက်သည် လုယက်သူတို့နဲ့ ရင်ဆိုင်မိလေသည်။
“ကိုင်း- ပါသရွေ့ အားလုံးပေးစမ်း။ မပေးရင် မင်းဦးနှောက်ကို ထုတ်ပစ်မယ်”
“ဦးနှောက်ထုတ်ပစ်မယ် ဟုတ်လား။ ထုတ်ပစ်လိုက်လေ။ ဒီခေတ်ကြီးမှာ
ဦးနှောက်မရှိလည်းနေလို့ရတယ်။ ငွေမရှိဘဲတော့ နေလို့မရဘူး”



ခက်တဲ့ပုစ္ဆာ

“တစ်နဲ့တစ်ပေါင်းရင် နှစ်ရမယ်။ နှစ်နဲ့နှစ်ပေါင်းရင် လေးရမယ်။ လေးနဲ့လေး
ပေါင်းရင် အဖြေဘယ်လောက်ရမလဲ ပြောစမ်း”
“ဒါတော့ ဆရာ မတရားဘူး။ လွယ်တာကျတော့ ဆရာက ဖြေတယ်။ ခက်တာကျတော့
ကျွန်တော့်ကို လာမေးတယ်”


ဖိနပ်သူခိုး

"ကျုပ်ရဲ့ ရှူး ဖိနပ်ကို ခင်ဗျား ခွေးဆွဲသွားတယ်ဗျ "

"အဓိပ္ပာယ် မရှိတာတွေလာပြောမနေပါနဲ့ဗျာ ၊ ဖိနပ်စီးပြီးတော့
ကျွန်တော့်ခွေးဟာ တစ်ခါမှ အိမ်ပြန်မလာဖူး ဘူး”


အလှူခံ

ရေကူးကန်ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံသူများရောက်လာရာ
ယောကျာ်းလုပ်သူက မိန်းမကို လှမ်းအော်ပြီးမေးသည် ။
"မိန်းမရေ...သူတို့ကိုဘယ်လောက်ပေးလိုက်ရမလဲဟေ့ "
"ရေ ၃ ပုံးပေးလိုက် "


ကံကောင်းတယ်

"ခင်ဗျား မနေ့ကအလု ခံရတယ်ဆို "

"ဟုတ်တယ်ဗျာ ၊ လက်ပတ် နာရီနဲ့ ပိုက်ဆံအိတ် ပါသွားတယ် "

"ဒါနဲ့ ခင်ဗျားပြောတော့ သွားလေရာမှာ ခြောက်လုံးပြူးကို ခင်ဗျားအမြဲ
ဆောင်သွားလေ့ရှိတယ်ဆို "

"မှန်ပါတယ် ၊ ဒါပေမဲ့ ကံကောင်းချင်တော့ ခြောက်လုံးပြူးကို
လုတဲ့အကောင်တွေက တွေ့မသွားဘူးဗျ "



ဒါလဲဖြစ်နိုင်တာပဲ


သူငယ်ချင်းနှစ်ယောက် အရက်သောက်နေကြသည် ၊ တစ်ယောက်က ပြောသည် ။

"ငါ့ မိန်းမဟာ ငါ့ အပေါ်မှာသစ္စာမရှိဘူးကွ "

"ဘာဖြစ်လို့လဲ "

"ကြည့်လေ ၊ နယ်ကိုတာဝန်နဲ့ ငါခရီးထွက်တယ် ၊တာဝန်ပြီးဆုံးတော့
ဘယ်နေ့ပြန်ရောက်မယ် ဆိုတာ
ကိုကြေးနန်းနဲ့အကြောင်း ကြားလိုက်တယ် ၊ အဲ ငါအိမ်ပြန်ရောက်တော့ သူ့ကို
တခြား ယောကျာ်း တစ်ယောက်နဲ့ တွေ့တယ် "
ဤသို့ပြောပြီး ခဏကြာတွင် စဉ်းစားဟန်ဖြင့်၎င်း ဆက်ပြောသည် ။
"သစ္စာမဲ့တယ်လို့ မုချကြီးတော့စွတ်စွဲလို့ မဖြစ်ဘူး ထင်တယ် ၊ သူ့ခမျာ
ကြေးနန်းကိုမရတာလဲဖြစ် နိုင်တာပဲ "



နောက်မလုပ်နဲ့

ယောကျာ်းဖြစ်သူ မူးပြီး အိမ်ပြန်လာသည် ။အိတ်ထောင်ထဲတွင် သုံးရူဘယ်
ကျန်နေသည် ၊ မနက် အိပ်ရာထ သော အခါ အရက်နာကျသည် ကို ဖြေဖျောက်ရန်အတွက်
အိတ်ထောင်ကို စမ်းသည် ၊မနေ့ကသုံးရူဘယ် မရှိ တော့ချေ ။ သို့နှင့်အိမ်တွင်
မွေးထားသောငန်းကိုယူကာ ဈေးထဲသွား ရောင်းသည် ။ညနေပိုင်းတွင်
မူးပြီးအိမ်ပြန် လာသည် ၊ မိန်းမ ကမေးသည် ။

"ရှင်.. အိမ်ကငန်းကို မတွေ့မိဘူးလား"

"နွေးတဲ့အရပ် ဘက်ကိုပျံသွားလေရဲ့ ၊ငါ့အိတ်ထောင်ကို
မင်းခုလိုပဲဆက်စမ်းနေရင် မွေးထားတဲ့ဆိတ်တွေပါ တောင်ပေါ်တက် ကုန် လိမ့်မယ်
နားလည်လား "


တော်လိုက်ပုံက

“ငါ့ညီအမှုဖြစ်တာ ရှေ့နေငှားမှ ထောင်လုံးလုံးကျမယ့် ကိန်းဆိုက်နေပြီ”
“ငါ အမှုဖြစ်တုန်းက ငှားခဲ့တဲ့ရှေ့နေက ဘာတော်သလဲ မမေးနဲ့”
“ဟုတ်လား၊ ဆိုပါဦး ရှေ့နေပြောင်းသင့်ရင် ပြောင်းရအောင်လို့”
“ငါမွေးထားတဲ့ ခွေးက လူတစ်ယောက်ကို ကိုက်မိလို့ အတိုင်ခံရတော့ အဲဒီရှေ့က
ထုချေချက်ပေးခဲ့တာ နောက်ဆုံးမှာ ငါ့ခွေးက ကိုက်တာ မဟုတ်တော့ဘဲ အဲဒီလူက
ငါ့ခွေးကို ကိုက်တာဖြစ်သွားတယ်ကွ”




( FWD Mail မည်သူရေးသည်မသိပါ)

Wednesday, May 18, 2011

Right click မပေးတဲ့ စာသားများကိုရယူခြင်း

တကယ်တော့ ရေးမတင်သင့် တဲ့ post တခုပါ.ဘာကြောင့် လည်းဆို
တော့ Right click မပေးဘူဆိုထဲကသူ့ blog ကစာတွေကိုအကြောင်း
တခုခုကြောင့် မယူစေချင်တဲ့ သဘောပါပဲ.ဒါပေမယ့် နည်းပညာဆိုတာ
ကြာရှည်ထိန်းကွယ်ထားလို့ ရတဲ့ အရာမဟုတ်ပါဘူး .တနေ့ နေ့ တချိန်
ချိန်မှာဖော်ထုတ်လာမှာပါပဲ.သေချာတာတခုကတော့ အဆိုးအကောင်းဆို
တာအမြဲဒွန်တွဲနေတဲ့ အရာပါ.ကျွန်တော်နည်းပညာဆိုက်တွေတော်တော်
များများလေ့ လာခဲ့ ပါတယ်ဒါပေမယ် Right click မပေးအောင်ဘယ်လို
လုပ်ရတယ်ဆိုတဲ့ အရေးအသားများကိုသာဖက်ရပြီ ဘယ်လိုယူရမယ်
ဆိုတဲ့ အရေးအသားကိုတော့ မဖက်ဖြစ်သေးပါဘူး. လွန်ခဲ့ တဲ့ နှစ်ရက်
လောက်ကတော့ နည်းပညာဆိုက်တခုမှာတော့ တွေလိုက်ပါတယ်.
ဒါပေမယ်သူ့ မှာကန့် သတ်ချက်တွေများတော့ စာဖက်သူတွေအတွက်
နည်းနည်းခက်ခဲမယ်ထင်လို့ ကျွန်တော်လွယ်ကူသောနည်းလေးကို
ချရေးဖြစ်တာပါလက်ရှိကျွန်တော်ဘလောက်အပါအ၀င်တခြာသော
ဘလောက်တွေမှာRight clickမပေးထားပါဘူး။
စာသားများပုံများကိုအလွယ်တကူယူတဲ့ နည်းကတော့ မသိရင်တော့ 
ရွှေတဆုပ် သိရင်တော့ ဖွဲတဆုပ်ပါပဲ.ပထမဆုံးကိုယ်ယူမယ့် 
ဘလောက်ကိုဖွင့်ထာ ပြီးတဆက်ထဲမှာပဲnew tab ကိုဖွင့်ပြီ gmail 
ကိုဖွင့် ပြီးလျင်ကိုယ်လိုချင်သော စာသားနှင့် ပုံများကိုRight click
နိပ်ပြီ selelct all လုပ်ပြီးကိုယ်ရဲ့ gmailကcompose mail ကိုအရန်
သင့် ဖွင့် ထားပြီ Draw ဆွဲချပြီ text body ထဲကိုထည့် လိုက်ယုံပါပဲ၊
ကျွန်တော်ရေးတက်သလိုရေးတာပါတစုံတရာအမှားအယွင်းရှိရင်ကျွန်
တော်gmail ကိုadd ပြီးမေနိင်ပါတယ်.ကျွန်တော်ကိုယ်တိုင်လေ့လာသင်
ယူနေဆဲလူတယောက်ပါ.ကျွန်တော်သိတာလေးတွေချရေးကြည့် တာပါ
တက်လို့ တော့ မဟုတ်ပါဘူး..............
                                 ပျော်ရွှင်ကြပါစေ......
                     (http://shinnaymin.blogspot.com/)

Tuesday, May 17, 2011

ဘုရားသခင် ရောင်းပါသလား?

ကောင်လေးငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်မေးနေခဲ့တယ်။

"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"

အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။

ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။

"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"

အဘိုးအိုရဲ့ ကြင်နာတဲ့စကားကိုကြားတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့ သူ့နာမည်ဟာ ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်က မိဘတွေသေဆုံးခဲ့လို့ ဦးလေးဖြစ်သူနဲ့နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတစ်ဦးဖြစ်ကြောင်း၊ ရှေ့ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊ ဆရာဝန်က "ဘုရားသခင်"သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။ ဘွန်နီက ဘုရားသခင်ဆိုတာ အရမ်းထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်။ ဒါကြောင့် ဦးလေးအသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း အဘိုးအိုကိုပြောပြခဲ့တယ်။

အဘိုးအိုက ကရုဏာသက်စွာနဲ့ "ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ?" လို့ ဘွန်နီကိုမေးတယ်။

"တစ်ဒေါ်လာရှိပါတယ်"

"ကလေး... ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တစ်ဒေါ်လာပဲကွ!"

အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ "Kiss of God"တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်တယ်။

"ယူသွား.. ကလေး.. မင်းဦးလေး ဒီ "ဘုရားသခင်"ကို သောက်ပြီးရင် နေကောင်းသွားလိမ့်မယ်"

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာပွေ့ပြီး ဆေးရုံကိုအပြေးသွားခဲ့တယ်။ လူနာခန်းထဲရောက်တာနဲ့ "ဦးဦး.. ဦးဦး.... ဘုရားသခင်ကို သားဝယ်ခဲ့ပြီ... ဦးမကြာခင် နေကောင်းသွားလိမ့်မယ်" လို့ပြောတယ်။ နောက်တစ်ရက်မှာ အထူးကုအဖွဲ့တစ်ဖွဲ့ ဆေးရုံကိုရောက်လာခဲ့ပြီး ဘွန်နီ့ဦးလေးကို ဆေးကုပေးခဲ့တယ်။

အဲဒီအဖွဲ့က အကောင်းဆုံးကုသမှု၊ ခေတ်အမီဆုံးကိရိယာတွေနဲ့ ဘွန်နီဦးလေး နေကောင်းပျောက်တဲ့အထိ ကုသပေးခဲ့တယ်။ ဆေးရုံကမဆင်းခင် ကြီးမြင့်တဲ့ကုန်ကျစရိတ်ကိုမြင်တော့ ဘွန်နီဦးလေး ပြန်မေ့မျော့သွား မတတ်ပါဘဲ။ ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတစ်ဦး ရှင်းပေးခဲ့ကြောင်း၊ အဲဒီအဘိုးအိုဟာ သူဌေးသူကြွယ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစားယူထားကြောင်း၊ သူ့အားလပ်ရက်ကို ကုန်စုံဆိုင်လေးဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ကိုလည်း သူပဲငှားရမ်းခဲ့ကြောင်းပြောပြတယ်။

အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိခဲ့ပြီး အဘိုးအိုကို သွားရောက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။ ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့စာတစ်စောင်ကို သူတို့လက်ခံရရှိခဲ့တယ်။ စာထဲမှာက...

"အမောင်လူငယ်... ခင်ဗျားမှာ ဘွန်နီလိုတူတစ်ယောက်ရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်။ ခင်ဗျားအသက်ကိုကယ်ဖို့ ငွေတစ်ဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ.. ခင်ဗျားအသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားသေချာမှတ်ထားရမှာက တကယ့်ဘုရားသခင်ဆိုတာ လူတွေရဲ့မေတ္တာစိတ်ပဲဖြစ်တယ်" လို့ ရေးထားပါတယ်။



မူရင်း-- google search or 請問您這兒有上帝賣嗎 (ဘုရားသခင်ရောင်းပါသလား?)

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Sunday, May 15, 2011

အဖြည့်ခံ

ကျနော် ဇောင်းလျားသီး မကြိုက်ပါ… ဒါပေမယ့် ဇောင်းလျားပင် ပေါ်သို့ တက်၍ ကစားရခြင်းကို ပျော်မိသည်။ ကျနော်တို့ နေထိုင်ရာ ပတ်ဝန်းကျင် အနီးအပါး၌ ဘုန်းတော်ကြီး ကျောင်းတခု ရှိသည်။
မနက် အရုဏ်တက်လို့ ဆွမ်းစား အုန်းမောင်းခေါက်သံ ကြားရင် ကျနော့် အမေက ထိုဘုန်းတော်ကြီး ကျောင်းသို့ အပြေး သွားနေကျပေါ့။ ကျနော် ကတော့ အမေ ဘုန်းကြီးကျောင်းက ပြန်လာပြီး အတော်ကြာမှ အိပ်ယာက ထတယ်။ ပြီးတော့ အမေက သံဃာတော်တွေ စွန့်လိုက်တဲ့ စားစရာတွေနဲ့ ကျနော့်ကို မနက်စာ စားဖို့ ပြင်ဆင် ပေးပါတယ်။ ကျနော်နဲ့ အမေရဲ့ဘ၀က အမေတခု သားတခုလို့ ဆိုရမယ်… အဲလိုပြောလို့ အဖေ မရှိဘူးလို့တော့ မထင်ပါနဲ့ အဖေကို ပြမယ်ဆိုရင်………..(ထားပါလေ..) နောက်တော့ ကျနော့်ကို ခင်ဗျားတို့ နားလည်သွားမှာပါ။
အမေတခု သားတခုဆိုတော့ သိတဲ့အတိုင်း၊ အမေက ကျနော့်ကို သိပ်ကိုဂရုစိုက်ပြီး စိုးရိမ် တတ်တာပေါ့ဗျာ။ ဘယ်သွားသွား သူမပါပဲ သွားရတယ်ဆိုတာ မရှိဘူး။ ကျနော်ကလဲငယ်တော့ အဆော့မက်တယ်၊ အခါအခွင့် သင့်တာနဲ့ ဆော့တော့တာပဲ။ သိပ်ဆော့လွန်းတော့ ထိပ်ပေါက် ခေါင်းကွဲဖြစ်ရတာလဲ အကြိမ်ကြိမ်ပါပဲ၊ ဒီတော့ အမေကျနော့်ကို စိတ်မချဘူးဆိုတာ မဆန်းဘူးပေါ့ဗျာ။
ကျနော် အမေ့ကို မကြာခဏ ပူဆာတတ်တာ တခုရှိတယ်၊ အမေ မနက် မနက်ဆိုသွားနေတဲ့ ဘုန်းကြီးကျောင်း ကို လိုက်ချင်တယ်လို့။ အမေက နောက်အားတဲ့အခါ ပို့ပေးမယ် ပြောပါတယ်၊ ပြီးတော့ အဲဒီ ဘုန်းကြီးကျောင်းက ဆရာတော်ကြီးက ဝေနေယျ သတ္တ၀ါတွေကို ကြင်နာ သနားတတ်တယ်လို့ အမြဲပဲ ပြောပြတတ်တယ်။ ပိုပြီး လိုက်ချင်ရတဲ့ အကြောင်းက ကျနော်တို့ရဲ့ အိမ်နီးချင်း သူငယ်ချင်းတွေနဲ့ ကစားတိုင်း သူတို့ ပြောပြောနေတဲ့ စကားတွေထဲမှာ ဘုန်းကြီးကျောင်းမှာ ဇောင်းလျားပင်တွေ အများကြီး ရှိတဲ့အကြောင်း၊ အပင်တွေက တက်ရ လွယ်ပြီး အပင်ပေါ်မှာ တူတူပုန်းတမ်း ကစားရတာ ဘယ်လောက် ပျော်ဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်းတွေလဲ ပါတယ်။
သူတို့တွေက ကျနော့်ထက်တော့ အသက် နည်းနည်းကြီးကြတယ်၊ ဒီတော့ သူတို့က ကျနော့်ထက် လွတ်လွတ်လပ် လပ်သွားလာခွင့် ရကြတာပေါ့ဗျာ။ သူတို့တွေ ဘုန်းကြီးကျောင်း ၀င်းကြီးထဲမှာ ဘယ်လို ပျော်ပျော်ပါးပါး ကစား ခဲ့တယ် ဆိုတာတွေ ကျနော့်ကို အားပါးတရ ပြောပြတတ်တယ်။ ကျနော့်စိတ်ထဲ သူတို့ပြောတဲ့ အဲဒီအကြောင်း တွေ ဘယ်လောက်ထိ စွဲလန်းနေသလဲ ဆိုရင် ညအိပ်ရင်တောင် အိမ်မက်ထဲ မက်တာ ခဏခဏပဲ။ စိတ်ထဲမှာတော့ တေးထားတယ် အခွင့်သင့်ရင် တခေါက်လောက်တော့ သွားလည်မယ်လို့။
အဲ… သိပ်မစောင့်လိုက်ရပါဘူး။ တရက်မှာ အမေက သူ့အဖော်တွေနဲ့ တောလည်သွားတာ လိုက်သွားမယ်လို့ ပြောပါတယ်။ ကျနော်တို့တွေ နေတဲ့နေရာက တောနဲ့လဲနီး လူနေ အိမ်ခြေတွေနဲ့လဲ နီးတယ်။ ဒါပေမယ့် အခု နောက်ပိုင်း စားစရာ သောက်စရာ ရှားပါးလာလို့သာ အမေက တောလည်ထွက်တာပါ။ အမေက ကျနော့်ကိုထား ပြီး ဘယ်မှ သွားချင်ပုံမပေါ်ဘူး။ တောထဲကို ခေါ်သွားဖို့ကျတော့လဲ အန္တရာယ်ဖြစ်မှာ စိုးရတယ် ဆိုတော့ နောက်ဆံ တင်းတင်းနဲ့ပဲ ကျနော့်ကို အိမ်မှာ ထားခဲ့ရတယ်။ အဝေးကြီးတွေ လျှောက်မဆော့ဖို့လဲ အထပ်ထပ် မှာခဲ့ပါတယ်။ ကျနော်ကတော့ ဆော့ချင်သလို ဆော့ရဖို့အတွက် မုတ်ဆိတ် ပျားစွဲတဲ့ကိန်း ဆိုက်ပြီဆိုပြီး ကြိတ်လို့ ၀မ်းတွေ သာနေတာပေါ့ဗျာ။
အမေတို့အဖွဲ့ ထွက်သွားကြပြီ ဆိုတာနဲ့ ဘေးအိမ်က သူငယ်ချင်းတွေဆီကို အပြေးလေး သွားလိုက်တယ်။ ပြီးတော့ သူတို့နဲ့ ဘုန်းကြီးကျောင်းဝင်းထဲ သွားဆော့ဖို့ပြောတော့ သူတို့ကလဲ လူကြီးတွေမရှိတုန်း ဆော့ဖို့ အသင့်ဖြစ်နေတယ်။ ဒါနဲ့ ကျနော်တို့ သူငယ်ချင်းတသိုက် ဘုန်းကြီးကျောင်းဝင်းထဲကို ချီတက်ကြတာပေါ့။ သွားတဲ့ လမ်းတလျှောက် ပျော်ပျော်ပါးပါး အော်ဟစ်ပြီး သွားလိုက်ကြတာ ကျနော့်အသံက အကျယ်ဆုံး ဖြစ်မယ် ထင်တယ်ဗျ ။ ဒါပေမယ့် ဘုန်းကြီးကျောင်းဝင်းနဲ့ နီးလာတော့ အဲဒီမှာမကြာခဏ လာလာ ဆော့နေကျ သူငယ်ချင်းက အသံတွေ မဆူကြနဲ့ ကျောင်းဝင်းထဲမှာ အရမ်းဆိုးတဲ့ ဘုန်းကြီး ကျောင်းသားတချို့ ရှိတယ်လို့ ပြောတယ်။ ငါတို့ ဒီနေရာမှာ ကစားရင် နည်းနည်းတော့ သတိထားရမယ်လို့ အသေအချာ သတိပေးတယ်။
ဒီလိုနဲ့ ဘုန်းကြီးကျောင်းဝင်း ထဲမှာ ရှိသမျှ အပင်တွေပေါ် အကုန်လိုက်တက်၊ တွေ့သမျှ အသီးတွေ အကုန်ခူးစားနဲ့ ပျော်စရာကြီးပေါ့ … ဗျာ။ တကျောင်းလုံး အပေါဆုံး အပင်ကတော့ ဇောင်းလျားပင်တွေပဲ အချိုသီး၊ အချဉ်သီး တွေလဲရှိတယ်။ သူငယ်ချင်းတွေ ပြောခဲ့သလို အပင် အကုန်လုံးက တက်ရလွယ်တော့ ကျနော့်လို အကောင်ခပ် သေးသေးအတွက် အတော်ကြီးကို ဟန်ကျနေတာပေါ့ဗျာ။ အဲ.. ဇောင်းလျားသီးတော့ လုံးဝ မကြိုက်ဘူးဗျ။ ပုံစံကိုက ပုံမကျ ပန်းမကျကြီး၊ စားကြည့်တော့လဲ အရသာက ချိုတမျိုး၊ ချဉ်တမျိုးဆိုတော့ တခြား အပင်မျိုးတွေက အသီးတွေပဲ စားပြီး ဆော့နေ လိုက်တာပေါ့။
အဲဒီအချိန်မှာ အချိန်အခါမဟုတ် မိုးက ၀ုန်းကနဲ ရွာချလိုက်တယ်ဗျို့။ ဒါနဲ့ကျနော်တို့ အုပ်စုလဲ စားနေ၊ ကစားနေရင်းက ဖရိုဖရဲ ထွက်ပြေးကြရတာပေါ့။ နီးစပ်ရာ လုံခြုံတဲ့ အပင်တွေပေါ် တက်တဲ့သူက တက်၊ အိမ်ပြန်ပြေးတဲ့ သူကပြေးနဲ့ ပွက်လောကို ရိုက်နေတာပဲ။ ကျနော်လဲ နီးစပ်ရာ ဇောင်းလျားပင် ပေါ်တက်ပြီး မိုးခို နေလိုက်တယ်။ အချိန်အတော်ကြာတဲ့ အထိ မိုးကမစဲဘူး။ စိတ်ထဲမှာတော့ မိုးမြန်မြန် တိတ်ပါစေ ဆုတောင်း နေမိတယ်။ အမေပြန်လာလို့ အိမ်မှာမတွေ့ရင် ကျနော်တော့ အရိုက်ခံရတော့မယ် ဆိုပြီး စိုးရိမ်စိတ်တွေက တသီ တတန်းကြီးရယ်။ မိုးကအေးတော့ ကစားထားတဲ့ အရှိန်နဲ့ ပင်ပန်းပြီး တချက်တချက် အိပ်တောင် ငိုက်လာတယ်ဗျ။
အဲသလို ငိုက်မြည်းနေတုန်း “ဖြန်း” ဆို ကျနော်ထိုင်နေတဲ့ သစ်ကိုင်းကို တခုခုက အရှိန်ပြင်းပြင်း ထိမှန်လာတဲ့ အသံ ကြားလိုက်ရတယ်။ ဒီတော့ ကျနော်လန့်ပြီး ဘေးဘီဝဲယာကို ကြည့်လိုက်တော့….
ဟေ့ရောင် ညိုကြီး.. မင်းလက်ကလဲ ချာလိုက်တာကွာ” “ငြိမ်ပြီး ထိုင်နေတဲ့ အကောင်တောင် မှန်အောင် မပြစ်နိုင်ဘူး” “ပေးစမ်း..လေးဂွ.. ငါပြစ်ပြမယ်…. ကြည့် …!
ဘုန်းကြီး ကျောင်းသားနှစ်ယောက် ကျနော့်ကို လေးဂွနဲ့ ပစ်နေတာ တွေ့လိုက်ရတယ်။ အသက် အန္တရာယ်နီး နေပြီဆိုတာ သိတာနဲ့ တပြိင်နက် မိုးတွေ ရွာနေတဲ့ကြားထဲက ရောက်ရာပေါက်ရာ ထပြေး ရတော့တာပဲ။ ဘုန်းကြီးကျောင်းသား နှစ်ယောက်ကလဲ လုံးဝမလျော့ဘူး တရစပ်ကို နောက်ကနေ လိုက်ပစ်တာ။ တနေရာ အရောက် ဇောင်းလျားပင် တပင်ကို ခုန်အကူး.. ကျနော့်ပေါင်ရင်းနားကို ပြင်းထန်တဲ့ လောက်စာလုံး လာမှန် တော့တာပဲ။ ကျနော်လဲ နာကျင်လွန်းတဲ့ ဝေဒနာကြောင့် ခုန်ကူးလိုက်တဲ့ အပင်ရဲ့ အကိုင်းကို လက်က မှီခဲ့တာတောင်မှ ခြေထောက် တဖက်က မတွယ်နိုင်တော့လို့ မြေပေါ်ကိုဖုတ်ကနဲ မြည်အောင် ပြုတ်ကျသွား ရတယ်။
“တွေ့လား ညိုကြီး”… “ငါ့လက် ဘယ်လောက်ဖြောင့်လဲ ဆိုတာ” “လေပေါ်မှာ ခုန်နေတဲ့ အကောင်တောင် ကွက်တိကျအောင် ပြစ်နိုင်တယ်”.. “ဟား..ဟားး”
အသားမဲမဲနဲ့ ဘုန်းကြီးကျောင်းသားက သူ့အဖော် ညိုကြီး ဆိုသူကို ဂုဏ်ယူဝမ်းမြောက်တဲ့ အပြုံးတွေနဲ့ ကြွားဝါရင်း ကျနော်ပြုတ်ကျနေတဲ့ နေရာကို တလှမ်းချင်း လျှောက်လာနေတာ တွေ့ရတယ်။ ကျနော် နီးစပ်ရာ အပင်တွေပေါ် ပြေးတက်ဖို့ ကြိုးစား ကြည့်ပါသေးတယ်။ ခြေထောက်က လုံးဝကို ထောက် မရတော့ဘူးဗျာ။ မျက်လုံးတွေလဲ မိုးရေကြောင့် ကောင်းကောင်း မမြင်ရဘူး။ အဲဒီအချိန်မှာ အမေ့ကို အရမ်း တမ်းတမိတယ်ဗျာ။ အမေ့ စကားသာ နားထောင်ပြီး အိမ် အနီးအနားမှာသာ ကစားရင် ဒီလိုအဖြစ်မျိုး ကြုံရမှာ မဟုတ်ဘူး။ အခုတော့….ကျနော်…..အသားမဲမဲ ဘုန်းကြီးကျောင်းသား…. ညိုကြီး…. သူငယ်ချင်းတွေ……..
((((( အမေ…အမေ… အမေရေ )))))!
မျက်စိစုံမှိတ်ကာ ကျနော့်ရဲ့ အသံကုန်ခြစ်ပြီး အော်လိုက်တဲ့ အသံနဲ့အတူ ကျနော့်အနားမှာ ကျနော့်ကို အသာအယာ ဖမ်းယူတော့မယ် အသားမဲမဲ ကျောင်းသားရဲ့ အထိတ်တလန့် အော်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတယ်။ ကျနော် မျက်စိဖွင့်ကြည့်တော့ မိုးအရမ်းရွာလို့ တောစပ်နားတင် လှည့်ပြန်လာတဲ့ အမေက အသားမဲမဲ ကျောင်းသားရဲ့ ဦးခေါင်းကို အားပါးတရ ကုတ်တွယ်ရင်း… (((သားလေး.. လွတ်အောင်ပြေးတော့… ပြေး…ပြေး..သားရေ))) လို့ ကုတ်ရင်းခြစ်ရင်း အော်ပြောနေတယ်။
ကျနော်လဲ စဉ်းစားမနေပဲ ရှိတဲ့အားနဲ့ ရသလောက် ထွက်ပြေးရတာပေါ့။ ဒါပေမယ့် အမေ့ကိုတချက် လှည့်ကြည့်မိ တော့ အသားမဲမဲ ကျောင်းသားက အမေ့ရဲ့ အမြီးကို ဖမ်းဆုပ်မိပြီး ခေါင်းပေါ်က ခါချကာ “ဖုန်း” ကနဲ တချက်ကိုင် ပေါက်လိုက်တာ တွေ့ရတယ်။ အရှိန်က တော်တော်ပြင်းတော့ အမေချက်ချင်း ပြန်မထ နိုင်ရှာဘူး။ ဒါတောင် အမေက ကျနော့်ကို တချက်လှမ်းကြည့်ပြီး “ပြေးလေ..သား.. ဘာကြည့်နေတာလဲ” လို့ လှမ်းအော်တယ်။ ကျနော် ဘယ်လို ပြေးနိုင်တော့မလဲ ..ဗျာ.. အမေကို ပြေးပြီးဆွဲတာပေါ့။ ဒါပေမယ့် ကလေးဆိုတော့ လူကြီးကိုယ်ကို ဘယ်ဆွဲ လို့ရမလဲ၊ ကျနော့် ခြေထောက်တဖက် ကလဲ အမေ့ဇောနဲ့သာ ထလျှောက်တာ ထောက်လို့ကို မရတော့ဘူး။
အဲဒီအခါမှာ ညိုကြီးက “ဟာ … ဒီမျောက်မ သားလေးက တမှောက်” ဆိုပြီး ကျနော့်ကို ပြေးကန်ပြန်တယ်။ ကျနော် ဇောင်းလျားပင် အောက်မှာ ခွေခွေလေး မထနိုင် ပြန်တော့ဘူး။ အမေက မူးဝေနေတဲ့ ကြားထဲက ကျနော့်ရဲ့ အဖြစ်ကိုမြင်တော့ အဲဒီ ကျောင်းသားနှစ်ယောက်ကို ၀ုန်းကနဲ တရှိန်ထိုးထပြီး တိုက်ခိုက်တော့တာပဲ။ ဇောင်းလျားပင်ကြီးရဲ့ အောက်မှာ အမေနဲ့ ကျောင်းသားနှစ်ယောက်ရဲ့ တိုက်ပွဲဟာ သည်းသည်းမည်းမည်း ရွာနေတဲ့ မိုးရေတွေနဲ့အတူ ပြင်းထန်လို့နေပါတယ်။ ကျနော်ကလဲ အပင်ခြေရင်းက အသံကုန်အော်ပြီး ကယ်ပါ ယူပါ အော်ဟစ်လို့နေတယ်။
တချက်မတော့ အသားမဲမဲ ကျောင်းသားက သူ့ဆီ ခုန်ဝင်လာတဲ့ အမေ့ကို သစ်ကိုင်းကြီးတခုနဲ့ “ဖြောင်း”ကနဲ မြည်အောင် ရိုက်ထည့်လိုက်တာ တွေ့ရတယ်။ အမေ့ဦးခေါင်းက လွင့်စင်လာတဲ့ သွေးတွေဟာ ကျနော်ရဲ့ ကိုယ်ခန္ဓာကိုတောင် လာစင်တယ်ဗျာ။ အဲဒီအချိန်မှာတောင် အမေက သတိမလွတ်ဘူး..
သား… မင်း အခု လွတ်အောင်ပြေးနှင့်… အမေနောက်က လိုက်လာခဲ့မယ်” လို့ အော်ပြော နေရှာတယ်။ ကျနော် သိတာပေါ့ဗျာ.. အမေဒီပုံစံနဲ့ ဘယ်တော့မှ လိုက်မလာနိုင်ဘူး ဆိုတာ။ ကျနော်က လဲကျနေတဲ့ အမေ့ဆီ ကို ထောက်လို့ရတဲ့ ခြေထောက် တဖက်ကို အားပြုသွားပြီး ပြေးဖက်ထားလိုက်တယ်။
အမေက အံကို တင်းတင်းကြိတ်ရင်း “ဟဲ့.. ပြေးလို့ပြောနေတယ်.. ငါ့အနားက ခုထွက်သွားစမ်း” လို့ ကျနော့်ကို ငေါက်တယ်။ ကျနော့် မျက်ရည်တွေ တသွင်သွင် စီးဆင်းနေရင်းက (((အမေ…အမေ))) လို့ အော်ငိုကာသာ နေတော့တယ်။ အသားမဲမဲ ကျောင်းသားက “ဒီမျောက် နှစ်ကောင် စွတ်အော်နေတယ်…ဆရာတော် ကြားတော့မှာပဲ နှစ်ကောင်စလုံး အသေရိုက် သတ်ကွာ” “ဒီညတော့ မျောက်သား ကောင်းကောင်း စားရတော့မယ်” လို့ ပြောရင်း… လက်ထဲက သစ်ကိုင်းခြောက်ကြီးကို လေထဲမှာ ဝှေ့ရမ်းလိုက်တယ်… ပြီးတော့ ကျနော်တို့ သားအမိရဲ့ ကိုယ်ပေါ်ကို…. (((ဖုန်း… ဖုန်း…. ဖုန်း….))) အမေက ရိုက်ချက်တိုင်းမှာ ကျနော့်ကို မထိရအောင် သူ့ကိုယ်ခန္ဓာနဲ့ အုပ်မိုးပေးထားတယ်။ ကျနော့် ကိုယ်လေးက သေးသေးလေးဆိုတော့ အမေကမရ ရအောင် ကာကွယ် ပေးနိုင်တာပေါ့။ အမေ့ရဲ့သွေးတွေက ကျနော့် တကိုယ်လုံးလဲ ပေကျံ လို့တောင်နေပြီ…
ထိုအခိုက်….
(((ဟိတ်))) ရပ်လိုက်ကြစမ်း… ငမိုက်သားတွေ!
င်းတို့တွေ ဘုန်းကြီးကျောင်းနေပြီး ဒီလောက်တောင် ရက်စက်မှု ကမ်းကုန်ရသလား!
င်းတို့ လူတွေမှ ဟုတ်ကျသေးရဲ့လား.. ဘီးလူး သဘက်တွေ လားကွ..ဟေ” “ကိုယ့်အထုပ် ကိုယ်ယူပြီး အခု ငါ့ကျောင်းက ထွက်သွားကြစမ်း!
ကျောင်းဝင်းထဲမှာ ကမ္ဘာပျက်မတတ် ဆူညံနေတော့ ဆရာတော်ကြီး ကိုယ်တိုင် ထီးတချောင်းနဲ့ မိုးရေထဲ ထွက်လာခိုက် ကျနော်တို့ သားအမိရဲ့အဖြစ်ဆိုးကို တွေ့လိုက်ဟန် တူတယ်။ ပြီးတော့ သူနဲ့အတူပါလာတဲ့ ဦးဇင်းတွေကို ကျနော်တို့ သားအမိကိုပြုစုဖို့ ကျောင်းကြီးထဲကို ခေါ်လာခိုင်းတဲ့ အသံကို ကျနော် ခပ်သဲ့သဲ့ ကြားလိုက်ရတယ်။ အမေကတော့ အခုချိန်အထိ ကျနော့်ကိုယ်ပေါ်မှာ အုပ်မိုးပြီး ကာကွယ်ထားတုန်းပဲ။
ကျောင်းဝင်းကြီးထဲ ရောက်တော့ ဦးဇင်းတပါးက… “ဆရာတော်ဘုရား… မျောက်မကြီးက အသက် မရှိရှာတော့ဘူး ဘုရား” “အလို.. အဖြစ်ဆိုးလှပါလား… ဒါဆို မျောက်သားလေး ကရော… ” “ခပ်မျော့မျော့ပဲ ဆရာတော်ဘုရား… အခု တပည့်တော် ကိုရင်တပါးနဲ့ ကျေးလက် ဆေးမှူးလေးကို အခေါ် လွှတ်လိုက်ပြီ” “အိမ်း… ကြိုးစားပြီး ကယ်တင်ပါ ဦးဇင်းရေ… ကျုပ်တို့လုပ်နိုင်တာ လုပ်ပေးရမှာပေါ့” “သတ္တ၀ါတခု ကံတခုပေါ့ကွယ်…” “အကုသိုလ် တရားတွေ ကြီးမားလိုက်ကြတာ” “ပြုသူတွေ အတွက်.. အကုသိုလ် အသစ်ပေါ့… ဖြစ်သူတွေအတွက် ကတော့ အကုသိုလ် ကံဟောင်းက အကျိုးပေးခဲ့ ပြီးလေ”
ကျနော့် ခန္ဓာကိုယ်ကသာ မလှုပ်ရှားနိုင်တော့တာပါ ဆရာတော်ကြီးတို့ပြောတဲ့ စကားသံတွေကို ကျနော်နားက ကောင်းကောင်း ကြားနေသေးတယ်။ ((( အမေသေပြီတဲ့ )))… အမေ… အမေ….. ကျနော့်ပါးစပ်က အသံ မထွက်နိုင်တော့ပေမယ့်… စိတ်ထဲမှာ အမေ့ကို အော်ဟစ် ရေရွတ်လို့သာ နေပါတော့တယ်။
အထုပ်အပိုးတွေနဲ့ လူဆိုးကျောင်းသား နှစ်ယောက်က မဲ့ရွဲ့နေတဲ့ မျက်နှာပေးနဲ့ သင်္ဃန်းအဟောင်းတွေနဲ့ ထုပ်ပိုးထားတဲ့ ကျနော့်ကို တချက် လာကြည့်သွားတယ်။ ကျနော် သူတို့နှစ်ယောက်ကို မြင်တော့… ရက်စက်လိုက်ကြတာ.. တရားမဲ့လိုက်ကြတာ.. ကိုယ်ချင်း မစာလိုက်ကြတာ.. ခင်ဗျားတို့ အမေသာ ဒီလိုအဖြစ်မျိုး ဆိုရင် ခင်ဗျားတို့ ဘယ်လိုနေမလဲဆိုပြီး ကုတ်ဖဲ့ကာ မေးချင်တယ်။ လူသားမဟုတ်တဲ့ သက်ရှိတိုင်းဟာ လူသားတွေအတွက် အဖြည့်ခံ သက်သက်လား… ကျနော်တို့လို သတ္တ၀ါတွေ အတွက် ဘယ် ဘုရားသခင်ရဲ့ မေတ္တာတော်ကို ခံယူရမလဲ…။
သိဉာဏ် ရှိလှပါတယ်ဆိုတဲ့ လူတွေမှာ ကိုယ်ချင်းစာ တတ်တဲ့ နှလုံးသားတွေ အရာရာကို တတ်နိုင်စွမ်းပါတယ် ဆိုတဲ့ ဘုရားသခင်က ဘာလို့ ထည့်မပေး လိုက်နိုင်တာလဲ……………….!
ရွှင်လန်းချမ်းမြေ့ပါစေ…
မိုးမောင်

Saturday, May 14, 2011

လွမ်းသူ

(အချစ်ရှိနေသောငါ့အတွက် နင့်ရင်ခွင်တစ်ခုတည်းလိုတာပါ)

ဝင်လာမယ်ဆိုရင် စိုပြေနေသောငါ့ရင်ခွင်က

နင့်အတွက်ကြိုဆိုမိမှာပါ…..

အလွမ်းမိုးတိမ်တွေလည်း

နေမင်းရဲ့ အချစ်တွေကြောင့်

ပျောက်ဆုံးနေပြီး လွမ်းနေသူ ဆိုတာကြီးလည်း

ပြန်လည်တောက်ပလာနေမှာပါ ချစ်သူ……

နင် အနားကို…….

ပြန်..လာ..မယ့်…နေ့…မှာ..ပေါ့…….

ဘာရယ်မဟုတ်...

ဘာရယ်မဟုတ်
သီချင်းတွေfacebookပေါ်တင်ပြီး
နားထောင်တက်တဲ့ 
ကောင်မလေးကို
အရမ်းသတိရနေပါတယ်....

တိုးတိုးရယ်နော်

(နှစ်ဦးသဘောတူ) မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်....
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ  နော်....


(ခိုင်းနည်းသစ်) ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက......
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

(လက်ထပ်လျင်) အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။          ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။        ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)            
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
 "ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
 'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"

(နောင်တ) ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

(မထူးပါဘူး) လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...
`ဟေ့ချာတိတ်  မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲ
ဗျာ.

(ညီမျှသလိုပဲ)  အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့်  မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

(လက်တည့်လာလို့ပါ) 
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

(မှီနိင်သေးတယ်) အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား) လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

(မရှိရင်ပိုကောင်းသေး)
မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊     ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
               မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊     ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
                       မလိုဘူးကွ´

(အပါအ၀င်၂၃ ယောက်မြောက်)
 
တခါက အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့
သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့


(အဲ့ဒါလဲကောင်းပါတယ်)  
မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။

(သတင်း၃ခု) ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊ နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့  အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊ မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်…. အဲ …..
အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

(အထီးအမခွဲခြားနည်း) 
"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

(ကောင်းပါတယ်) မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
 မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။

       (mail ထဲရောက်လာမျှဝေပေးပါတယ်)