မင်းနဲ့ ငါကြား အေးခဲသွားတဲ့ 
နှလုံးသွေးတွေကြောင့် ....
.....တစုံတယောက်ရဲ့ 
ပြုစားမှုအောက်မှာ...
ငါ သွေးရူးသွေးတန်း
ကဗျာတွေး ရမ်းရေးနေရပြီ...
ဒီဘာမဟုတ်တဲ့ 
ကဗျာတပုဒ်ကို ငါမဟုတ်တဲ့ 
ငါတယောက် ရေးနေသလိုဘဲ.....
ငါဆိုတဲ့  ဒီကောင်ဟာ
ကိုယ်အတ္တကို ကိုယ်ကျောပိုး
ကိုယ်လှေ ကိုယ်ထိုးပြီ
ရှေ့ လျောက်မရသေးတဲ့ ကောင်ပါ......
နှစ်တွေ တနှစ်ပြီ
အသက်တွေတနှစ်ကြီးလည်း
ခလေးတယောက်လိုပါဘဲ....
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....