twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Friday, December 23, 2011
တိုင်းပြည်အကျိုးအတွက်အမြင်ကျယ်ကျယ်ဖြင့်သတိထားလုပ်ဆောင်ကြပါရန်။
ယခုတလော လူထုခေါင်းဆောင်ကိုရော၊NLDကိုရောဝေဖန်ရေးသားမှုတွေ
တွင်တွင်ကြီးတွေ့နေရတယ် ကျနော်အားလုံးကိုလေးလေးစားစားဖတ်ပါတယ်။ ယခုနိုင်ငံရေးအခြေအနေအရ အတွေးအခေါ်၊အယူအဆရှုပ်ထွေးနေတဲ့အချိန်မှာ တိုင်းပြည်အကျိုးအတွက်အရာရာကိုသတိထားလုပ်ဆောင်ကြဖို့လိုအပ်တယ်လို့ ထင်မြင်ယူဆမိ၍ ဤ စာဖြင့်ကျနော့်အမြင်အယူအဆကိုတင်ပြရေးသားအပ်ပါတယ်။
လူတိုင်းလူတိုင်းကိုယ်ပိုင်အတွေးအခေါ်အယူအဆကိုယ်စီရှိကြစမြဲပါ၊ဒီအတွေး အခေါ် အယူအဆတွေတသမတ်တည်းအားလုံးတူညီမယ်ဆိုတာလည်းမဖြစ်နိုင်သလို၊အားလုံးကွဲလွဲမယ်ဆိုတာလည်းမမှန်ပါ ။တူတဲ့အခါတူမယ် ၊မတူတဲ့အခါမတူ ရှိကြမှာပါ ဒါဟာ
လူ့လောကမှာအမြဲဖြစ်ပျက်နေတဲ့ထာဝရအမှန်တရားပါ၊ ဒါကြောင့်လူသားတွေဟာ
မိမိယုံကြည်ရာအယူအဆကိုဆုပ်ကိုင်၍ တူညီတာကိုထောက်ခံ၊မတူညီရင်ဆန့်ကျင်ကန့်ကွက်ခြင်းများဖြင့်မိမိဆန္ဒကိုထု
တ်ဖေါ်ကြစမြဲပါ ၊ဒီအခြေခံပေါ်မှာလူ့လောကတွင်
ဝေဖန်ထောက်ပြခြင်း၊ ကန့်ကွက်ဆန့်ကျင်ခြင်း ၊သဘောတူထောက်ခံခြင်းများဟာ
နိုင်ငံရေး ၊ဘာသာရေး ၊လူမှုရေးနယ်ပယ်တွင်အမြဲဖြစ်ပျက်နေခဲ့တာဖြစ်ပါတယ်။
ဒါကို ညှိနှိုင်းဆွေးနွေးမှုဖြင့်သာပြေလည်အောင်အဖြေရှာမှအဖြေမှန်ရမှာပါ ၊ပဋိပက္ခဆိုတာ
အမြဲရှိနေမှာပါ ၊ဒါကို မိတ်ဖက်ပဋိပက္ခ လား ရန်ဖက်ပဋိပက္ခလားဆိုတာခွဲခြားရမှာဖြစ်ပါတယ်
မိတ်ဖက်ပဋိပက္ခ ဆိုရင် မိတ်ဖက်အသွင်ဖြင့် တူတာကို တွဲလုပ် ၊မတူတာကိုခွဲလုပ် ဆိုတဲ့
နည်းနှင့်ဖြေရှင်းမှသာ အဖြေမှန်ရမှာပါ ၊ထိုနည်းသည် နာကျည်း လမ်းခွဲစရာအကြောင်းမရှိပါ
အမှန်ဆုံးနည်းလမ်းဖြစ်သည်ဟုကျနော်ယုံကြည်ပါတယ်။ရန်ဖက်ပဋိပက္ခ ဆိုခဲ့ရင် စည်းခြား ၊
ပြတ်သားဘို့လိုအပ်ပါတယ် တွေဝေလို့မရပါ ။
လူတိုင်းလူတိုင်းမှာမွေးရာပါအခွင့်အရေးအရ လွတ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ်
ဒီအတွေးအခေါ်အယူအဆကိုလည်း လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ရှိပါတယ်ဘယ်သူမှ
တားဆီးလို့မရပါ ဒါဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ် ၊မိမိအယူအဆပေါ်အခြေခံ၍
လွတ်လပ်စွာဝေဖန်ထောက်ပြပိုင်ခွင့်လည်းရှိပါတယ် ဘယ်သူမှငြင်းလို့မရတဲ့ကိစ္စပါ ။
သို့သော် မိမိဝေဖန်ထောက်ပြမှုသည် မိမိဘာကိုရည်ရွယ်တယ်ဆိုတာရှင်းဘို့လိုပါသည်၊
အပြုသဘောဝေဖန်မှုလား ၊အပျက်သဘောဝေဖန်မှုလားဆိုတာသူများထက်မိမိကသာ
အသိဆုံးဖြစ်သည်၊ စာဖတ်သူအားလုံးကလည်းဘာကိုရည်ရွယ်တယ်ဆိုတာကိုနားလည်
ကြပါတယ်ဒါကိုသတိထားဘို့လိုပါတယ် မိမိဝေဖန်ထောက်ပြမှုသည် တိုင်းပြည်အကျိုး ၊
အဖွဲ့အစည်းအကျိုး ၊လူပုဂ္ဂိုလ်အကျိုးအတွက် အပြုသဘောဆောင်ပြီးမိတ်ဖက်အသွင်
ဖြင့်စေတနာအရင်းခံဖြင့်အားမနာတမ်းဝေဖန်ထောက်ပြမှုသည် လူ့လောကအတွက်
အလုပ်သင့်ဆုံးသောအလုပ် ၊အမှန်ကန်ဆုံးသောအလုပ်ဖြစ်တယ်လို့ကျနော်ယုံကြည်
ပါတယ်၊အကယ်၍ မိမိဝေဖန်မှုသည် တပါးသူပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့်
လုပ်ဆောင်ခဲ့သော် ထိုလုပ်ရပ်သည် လုံးဝမလုပ်ထိုက်သောအလုပ်ဖြစ်သလို ၊
လူ့လောက ကလက်မခံသောအလုပ်ဖြစ်တယ် ရှောင်စေချင်ပါတယ်။
ယခုကျနော်တို့တိုင်းပြည်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်
သော NLD က သူတို့ယုံကြည်ရာ အတွေးအခေါ်အယူအဆဖြင့် မဟာဗျူဟာအသစ်
တခုကိုဆုံးဖြတ်ရပ်တည်လိုက်ခြင်းအပေါ်တွင် အတွေးအခေါ်အယူအဆအမျိုးမျိုး
ထွက်ပေါ်လာပြီး ဝေဖန်သံ ၊ ဆန့်ကျင်ကန့်ကွက်သံ ၊ ထောက်ခံအားပေးင်္သတွေ
နိုင်ငံရေးလောကမှာပွက်လောရိုက်နေတဲ့အချိန်ကာလဖြစ်ပါတယ်  တချို့က အာဏာရှင်
ကို လူထုတိုက်ပွဲဖြင့်သာ ဖြုတ်ချလို့ရမယ်လို့ ယူဆသူကယူဆ ၊တချို့က လက်နက်ကိုင်
တိုက်မှသာ ရမယ်လို့ယုံကြည်သူကယုံကြည် ၊တချို့ကအာဏာရှင်ကိုပူးသတ်မှထိရောက်
မယ်လို့ဆိုသူကဆို နဲ့ အတွေးအခေါ်အမျိုးမျိုးကွဲလွဲနေကြတဲ့အချိန်ဖြစ်နေပါတယ်၊
မိမိအယူအဆမှန်တယ် ၊သူ့အယူအဆမှားတယ် နဲ့အငြင်းပွားနေကြတဲ့အချိန်မှာ ဒီမိုကရေစီ
ဘက်တော်သားများအမြင်ကျယ်ကျယ်နဲ့အထူးသတိထားလုပ်ဆောင်ရမည့်အချိန်ကာလ
ဖြစ်တယ်ကျနော်နှိုးဆော်တိုက်တွန်းချင်ပါတယ်၊ဒီအခြေအနေပေါ်တွင်ကျနော်လက်လှမ်းမှီ
သလောက် ဆွေးနွေးညှိနှိုင်းကြခြင်းအပေါ် ကျနော့်အမြင်သဘောထားကိုတင်ပြအပ်ပါတယ်။
အထက်ပါ ကျနော်တင်ပြခဲ့သော အတွေးအခေါ်အယူအဆကွဲလွဲချက်တွေဟာကျနော့်အနေဖြင့်
ဘယ်အယူဆကမှားယွင်းတယ် ၊ဘယ်အယူအဆကမှန်ကန်တယ်လို့မဝေဖန်လိုပါ ၊အခြေအနေ
ပေးရင် အယူဆအားင်္လုးအောင်မြင်မှန်ကန်မှာဘဲလို့ကျနော်ယူဆပါတယ်။ဒီအယူအဆအားလုံး
သမိုင်းစဉ်အရအခြေအနေကွဲပြားစွာ တခုချင်းအောင်မြင့်ခဲ့တဲ့သာဓကရှိခဲ့လို့ဘဲဖြစ်ပါတယ် ။
ကျနော့်အမြင်အရ ယခုအတွေးအခေါ်ကွဲလွဲနေကြသော ဒီမိုကရေစီဘက်တော်သားများဟာ
( ၁ ) စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီကျင့်စဉ်နှင့်ညီသောစံနစ်သစ်တခုပေါ်ပေါက်ရေး
       ဟူသော ပန်းတိုင် သည် အားလုံးအတူတူပင်ဖြစ်သည် ။အားလုံးသည်အဓိကပန်းတိုင်ကို
        ကွဲလွဲခြင်းမရှိပါ ။
( ၂ )  ပန်းတိုင်ကို ကြိုးစားချီတက်ကြရာတွင် မိမိယုံကြည်ရာနည်းနာ မဟာဗျူဟာ ၊ နည်းဗျူဟာ
        ကွဲလွဲခြင်းသာဖြစ်သည်ဟုကျနော်ယူဆပါတယ်။
တူညီသောပန်းတိုင်အတွက်လူတိုင်း ၊အဖွဲ့အစည်းတိုင်းမိမိယုံကြည်ရာ နည်းနာအတိုင်းလွတ်လပ်စွာ
ချီတက်ကြိုးစားပိုင်ခွင့်ရှိကြပါတယ်၊မိမိနဲ့မတူညီသောတခြားသောသူတို့ယုံကြည်ရာနည်းနာများကို
လည်းအပြန်အလှန်လေးစားဘို့အထူးလိုအပ်ပါတယ်၊ အထူးသဖြင့်အဓိကမလုပ်သင့်ဆုံးသောအရာ
မှာ မိမိအယူအဆသည်သာမှန်တယ်လို့ တရားသေဆုတ်ကိုင်ပြီးတခြားသူတို့အယူအဆသည်မှား
ယွင်းသည်ဟုယူဆကာ  ရန်သူသဖွယ် ဂုဏ်သိက္ခာမဲ့အောင်၊သိက္ခာကျအောင် ၊ရှေ့တိုးလို့မရအောင်
နောက်ကလိုက်တိုက်ခြင်းကိုယနေ့ကာလမှာအထူးရှောင်ကျဉ်ရမည်ဟုယူဆပါသည်။ဥပမာ -
ဒေါ်စုသွာတဲ့လမ်းကြောင်းကိုမယုံကြည်လို့မလိုက်နိုင်ဘူးဆိုရင်လဲ မလိုက်ပါနဲ့ကိုယ်ယုံကြည်ရာမှာ
ရပ်ကျန်ခဲ့ပါ၊ကိုယ့်စစ်မျက်နှာနဲ့ကိုယ်လွတ်လပ်စွာသွားပါ ၊အမြင်ကျဉ်းမြောင်းစွာဖြင့်နောက်က
လိုက်မတိုက်ဘို့အထူးအရေးကြီးပါတယ် ဒီလုပ်ရပ်ဟာ မိမိကိုလည်းအကျိုးမပြုသလိုသူများကိုလဲ
အကျိုးမပြုပါ၊အထူးသဖြင့်မိမိယုံကြည်သောဒီမိုကရေစီပန်းတိုင်အတွက်ထိခိုက်နစ်နာသောရလဒ်
ကိုသာရမည်မှာမလွဲပါ၊ သမိုင်းမှာ မိမိအယူအဆကိုတရားသေဆုတ်ကိုင်ပြီး ငါမှန်တယ် ငါနဲ့မတူ
ငါ့ရန်သူဆိုပြီးသူ့အုပ်စု ၊ကိုယ့်အုပ်စု တိုက်ခိုက်ခဲ့ကြလို့တိုင်းပြည်ကြီးစုတ်ပြတ်ထွက်သွားလို့
စစ်အာဏာရှင်စံနစ်ယနေ့ထိသက်ဆိုးရှည်နေပြီးခါးသီးတဲ့ဒီအသီးအပွင့်တွေကိုယနေ့ထိခံစားနေကြရ
တယ်ဆိုတာကိုသမိုင်းသင်ခန်းစာယူပြီးသတိထားဆင်ခြင်ကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။မိမိတို့ဒီမို
ကရေစီဘက်တော်သားအချင်းချင်းလက်တွဲဖြုတ်လောက်သည့်အဆင့်ထိမတိုက်ခိုက်ကြဘို့နဲ့၊
မိမိနှင့်အယူအဆ၊နည်းနာမတူသော်လည်းဒီမိုကရေစီဘက်တော်သားအချင်းချင်းလက်ချင်းချိတ်၍
တူညီသောပန်းတိုင်ကိုမတူညီသောနည်းနာများဖြင့်"ညီညွတ်မှုသည်အင်အား" ဆိုသည်ကိုဆုတ်ကိုင်
ပြီး ၊ဘယ်မုဒ်ကတက်မှမှန်မယ်ဟုမတွေးကြဘဲဘယ်မုဒ်ကဘဲတက်တက်ဘုရားပေါ်ရောက်ဘို့သာ
အဓိကဖြစ်တယ်ဆိုတာကိုနားလည်စွာဖြင့်ချီတက်ကြပါစို့ ။။လေးစားစွာတိုက်တွန်းအပ်ပါသည်။
ကျနော်သည် ဒေါ်အောင်ဆန်းစုကြည် ၊ဦးတင်ဦး ၊ဦးဝင်းတင်ကိုပုဂ္ဂိုလ်ရေးအရယုံကြည်သူဖြစ်သည်
(ကိုးကွယ်ခြင်းတော့မဟုတ်ပါ) ကျနော်ယုံကြည်ရလောက်အောင်လည်းသမိုင်းကိုလုံလောက်စွာ
ဖြတ်သန်းခဲ့ပြီးဖြစ်သည်ဟုကျနော်ထင်ပါသည်။သူတို့သည်တိုင်းပြည်ကိုခုတုံးလုပ်ပြီးမိမိကိုယ်ကျိုး
အတွက်လုံးဝလုပ်လိမ့်မဟုတ်၊ဒီမိုကရေစီပန်းတိုင်သို့အရောက်ချီတက်လိမ့်မည်ဟုခိုင်မာစွာယုံကြည်
ပါသည်၊အကယ်၍ကျနော့်အတွေးအခေါ်အယူအဆမှားခဲ့လျှင်ဒီအကျိုးအတွက်ခံယူဘို့အဆင်သင့်
ပင်ဖြစ်သည်၊ဒါသည်ကျ နော့်ရဲ့ပုဂ္ဂိုလ်ရေးယုံကြည်ရပ်တည်ချက်ဖြစ်သည်။တဖက်မှာကျနော်သည်
၈၈ မျိုးဆက်ကျောင်းသားဖြစ်သည်၊ဤမျိုးဆက်သည်ကျနော့်၏ အသက် ၀ိဥာဉ်ဖြစ်တယ်ထို့ကြောင့်
ပြည်တွင်း ၊ပြည်ပပူးတွဲကျင်းပသော၈၈မျိုးဆက်တရားဝင်အစည်းအဝေးမှဆုံးဖြတ်သောဆုံးဖြတ်ချက်
များကိုမိမိပုဂ္ဂိုလ်ရေးရပ်တည်ချက်နှင့်ကွဲလွဲနေသော်လည်းမိမိခံစားချက်ဦးစားမပေးဘဲတသွေမတိမ်း
ရပ်တည်သွာပါမည်၊ ကျနော်သည်မျိုးဆက်ကိုဘယ်တော့မှသစ္စာဖေါက်မည်မဟုတ်ပါ၊အစဉ်အလာကြီး
မားသော၈၈မျိုးဆက်၏ရပ်တည်ချက်ကိုဘယ်တော့မှသွေဖည်ဆန့်ကျင်မည်မဟုတ်ပါ။ကောင်းခြင်း
ဆိုးခြင်းကိုအစဉ်ခံယူသွားမည်ဖြစ်ပါသည်။ဒါသည်ကျနော်၏သစ္စာတရားပင်ဖြစ်သည် ဤသစ္စာတရား
သည်အစဉ်ခိုင်မြဲနေစေရမည်ဖြစ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
တိုင်းပြည်အကျိုး ၊ ပြည်သူ့အကျိုးကိုအရင်းနှီးပြု၍ အစဉ်ထမ်းဆောင်လိုသောဆန္ဒဖြင့်
သန်းဝင်း ( ရကသ )
၈၈ မျိုးဆက်ကျောင်းသား
၁၂ /၁၃/ ၂၀၁၁
မှတ်ချက် ---  ပြည်တွင်း ၊ ပြည်ပ ၈၈မျိုးဆက်တရားဝင်အစည်းအဝေးဖြစ်မြောက်ရေးကို
                   စွမ်းနိုင်သမျှ အကောင်ထည်ဖေါ်လုပ်ဆောင်သွားမည်ဖြစ်သည်။
Saturday, December 10, 2011
ကွမ်းဓလေ့နဲ့ ကွမ်းစားသုံးသူ ကာကွယ်ရေး
ကွမ်းဓလေ့က မြန်မာနိုင်ငံမှာ ရှေးယခင်မြန်မာဘုရင်များလက်ထက်ကတည်း ကရှိခဲ့တဲ့ မြန်မာ့ရိုးရာအလေ့အထဖြစ်ပါတယ်။ ရှေးမြန်မာတို့ရဲ့ အိမ်ဦးခန်းမှာ ကျက်သရေရှိစွာ ခန့်ခန့်ထည်ထည်နေရာယူထားတဲ့ ကွမ်းအစ်ကြီးနဲ့ ဧည့်သည်များကို ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ မြန်မာတို့ရဲ့ အလှူမင်္ဂလာပွဲတွေမှာလည်း ရပ်ရွာရဲ့ ပြစ်မျိုးမှဲ့မထင်၊ အယဉ်ဆုံး အလှဆုံးသမီးပျိုကလေးတွေကို ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်အဖြစ် ပွဲထုတ်လေ့ရှိကြတာ မြန်မာတို့ရဲ့ ရိုးရာဓလေ့ပါ။
                         မြန်မာတို့ရဲ့ ရှေးရိုးအစဉ်အလာ ဓလေ့ထုံးစံတွေအနက် အတော်များများ ခေတ်မီတိုးတက်လာတဲ့ လူနေမှုစနစ်ကို အမီမလိုက်နိုင်တော့ဘဲ တစ်စတစ်စ ပျောက်ကွယ်သွားခဲ့ကြသော်လည်း ကွမ်းဓလေ့ကတော့ မပျောက်ပျက်တဲ့အပြင် ပိုမိုတွင်တွင်ကျယ်ကျယ် ဖြစ်လာတာမို့ ယနေ့ခေတ်တိုင် ကွမ်းယဉ်ကျေးမှုခေတ် လို့ဆိုရင် မမှားပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ခေတ်မှာ လူတစ်ဦးနဲ့ တစ်ဦးဆုံကြရင် ကွမ်းထုပ်ကလေး လက်ကမ်းပေးရင် နှုတ်ဆက်ကြတာ ထုံးတမ်းစဉ်လာဖြစ်နေ လို့ပါပဲ။
                           ယခုအခါ မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်း၊ လမ်းဆုံလမ်းထောင့်တိုင်းမှာ ကွမ်းယာ ဆိုင်တွေနေရာယူပြီး တွင်တွင်ကျယ်ကျယ်ရောင်းနေကြပါတယ်။ လူငယ် လူကြီး အသီးသီးကလည်း ပါးစောင်မှာ မြုံ့လို့ တစ်မျိုး၊ အိတ်ကပ်ထဲမှာ ဆောင်ထားလို့ တစ်ဖုံ ကွမ်းကို မြတ်နိုးစွဲလမ်းစွာ စားသုံးနေကြပါတယ်။ အထူးသဖြင့် အဝေးပြေး ကားမောင်းတဲ့ယာဉ်မောင်းများက ခရီးဝေးကို မောင်းနှင်ရင်း အိပ်ငိုက်သွားမှာစိုးလို့ ကွမ်းကို မဖြစ်မနေ၀ါးကြရတာ ဖြစ်ပါတယ်။
                       ကွမ်းယာဆိုင်အချို့ကလည်း စားသုံးသူများစွဲလမ်းပြီး ပိုမိုအားပေးဝယ်ယူ စေလိုတဲ့ ဆန္ဒနဲ့ ကွမ်းယာကို အမျိုးမျိုးအဖုံဖုံ ပြုပြင်မွမ်းမံကြပါသတဲ့။ နို့မှုန့်ကိုကျိုပြီး ကွမ်းစားထုံးထဲမှာ ရောမွှေပြုပြင်လိုက်တော့ နို့ရနံ့လေးမွှေးပြီး ပိုကောင်းသွားတယ်လို့ သိရပါတယ်။ တချို့က ပိုပြီးကောင်းသထက်ကောင်းစေဖို့ ပျားရည်တို့၊ သံပုရာရည်တို့ပါထပ်ပြီး ထည့်ထားသေးတယ်လို့ ဆိုပါတယ်။ ဒီထက်ပိုပြီး စွဲလမ်းစေဖို့အတွက် ဓာတုဗေဒဆေးတွေပါ ရောသမ မွှေထားတာမျိုးလည်း ရှိပါသတဲ့။
                     တစ်ခါ ကွမ်းစားဆေးတွေကိုလည်း မှတ်ပုံတင်မဲ့ ဓာတုဗေဒပစ္စည်းတွေ၊ မူးယစ်ထုံထိုင်းဆေးဝါး တွေထည့်ပြီး စားသုံးသူတွေ စွဲလမ်းစေဖို့ ပြုပြင်ထားကြတယ်လို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးတစ်နိုင်ငံက ဓာတုဗေဒဆေးဝါးတွေနဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ ကွမ်းစားဆေးတွေကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းကို တရားမ၀င် အကောက်ခွန်မဲ့တင်သွင်းရောက်ရှိနေပါတယ်။ ကွမ်းယာဆိုင်တွေမှာ 92, 45 ၊ ဘုရင်မ၊ Signal  ဆိုတဲ့ တံဆိပ်မျိုးစုံအဖုံဖုံကို ကွမ်းသမားတို့စိတ်ကြိုက် ၀ါးစေဖို့ ရောင်းချနေကြပါရဲ့။ ကွမ်းစားဆေးရဲ့ ရနံ့မွှေးက ကွမ်းသမားကို ဆွဲဆောင်နေသော်လည်း ဓာတုဗေဒဆေးတွေရဲ့ အာနိသင်ကြောင့် စားသုံးသူရဲ့ ကျောက်ကပ်နဲ့ အသည်းကို ထိခိုက်ပျက်စီးစေတာမို့ ကြောက်စရာ ကောင်းလှပါတယ်။
                            အိမ်နီးချင်းနိုင်ငံက တရားမ၀င်ရောက်ရှိလာတဲ့  Ready made ကွမ်းထုပ်  တွေကလည်း ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူချိတ်ဆွဲရောင်းချနေတာ တွေ့ရပါတယ်။ ထုပ်ပိုးပုံစံကကောင်းကောင်း၊ ဆွဲဆောင်မှုရနံ့ကလည်း ကောင်းကောင်း ဆိုတော့ ကွမ်းသမားလူငယ်၊ လူကြီးတို့ စွဲလမ်းနှစ်ခြိုက်စွာ ၀ယ်ယူစားသုံး နေကြပါတယ်။
                            အင်းဝခေတ်မှာ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့တဲ့ "တံတားဦးက ကွမ်းနုဝါ၊ ငန်းမြာကဆေး၊ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်ရှား၊ သာဝါးလို့ထွေး" ဆိုတဲ့ မြန်မာ့ရိုးရာကွမ်းကဗျာမှာ ကွမ်းတစ်ယာရဲ့ အင်္ဂါရပ်များဖြစ်တဲ့ ကွမ်းရွက်၊ ဆေး၊ ကွမ်းသီး၊ ထုံးနဲ့ ရှားစေးတို့ကို ထွက်ရှိရာဒေသနဲ့ တကွ ဖွဲ့နွဲ့စပ်ဆိုဖော်ပြခဲ့ပါတယ်။ ယနေ့ခေတ် ကွမ်းယာများမှာတော့ ရှေးမြန်မာတို့ရဲ့ ကွမ်းယာမှာပါတဲ့ ရိုးရှင်းလှတဲ့ ပြည်တွင်းထွက်ကုန်များသာမက ပြည်ပက ဓာတုကွမ်းယာပစ္စည်းတွေကိုပါ ဖွယ်ဖွယ် ရာရာ ရောသမမွှေထားပြီး ကွမ်းသမားတွေကို ဆွဲဆောင် နေကြပါတယ်။
                          မြန်မာ့ရိုးရာကွမ်းတစ်ယာမှာပါဝင်တဲ့ ဆေးရွက်ကြီးရဲ့ အာနိသင်က ပိုးမွှားများ ကို သေစေတဲ့အစွမ်းရှိပါတယ်။ အခုပြည်ပက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်နေတဲ့ ဓာတုဗေဒကွမ်းစားဆေးက မြန်မာ့ဆေးရွက်ကြီးထက် အာနိသင်ပိုမို ပြင်းထန်တဲ့အတွက် လူသားတို့ကျန်းမာရေးကို ထိခိုက်ဆုံးရှုံးစေတဲ့ ဆိုးကျိုးရလဒ် တွေရှိနေပါတယ်။
                          ဒါကြောင့် ပြည်ပနိုင်ငံက တရားမ၀င်အကောက်ခွန်မဲ့ ၀င်ရောက်လာတဲ့ ကွမ်းစားဆေးတွေနဲ့ Readymade ကွမ်းထုပ်တွေရဲ့ အန္တရာယ်က မသေးပါဘူး။ ကွမ်းသမားတွေရဲ့ ကျောက်ကပ်တွေ၊ အသည်း တွေထိခိုက်ပျက်စီးမယ့် အန္တရာယ်နဲ့ မူးယစ်ထုံထိုင်းဆေးကို စွဲလမ်းမှုပြဿနာများမှ လွတ်ကင်းဖို့အရေး အကာအကွယ် ပေးဖို့ လိုအပ်နေပါကြောင်း နှိုးဆော်ရေးသားလိုက်ပါတယ်။
written by ဒေါက်တာခင်ဦးမေ
Thursday, December 8, 2011
စုံး၊တစ္ဆေ၊ဘီလူးတို့ ဖြင့်  ဖို၊မ ဆက်ဆံသူများ
အမျိုးသမီးတယောက်ကအိပ်ပျော်နေစဉ်ဘီလူးတကောင်က ရောက်လာပြီဖို၊မဆက်ဆံသွားသည့် အဖြစ်မျိုးကို ရှေ့ တစ်ခေတ်ကလူသားတို့ လက်ခံခဲ့ ကြသည်၊စုံး ၊တစ္ဆေ၊မှင်စာ တွေကလည်းဤသို့  ပြုလုပ်တက်သည်ဟု အဆိုရှိသည်။ဤလိုနှင့်  အနေအထိုင်မတက်က
ဘီလူးက စိတ်ဝင်စားသွားလိမ့် မည်စသည့်  အယူဝါဒများပေါ်ပေါကါခဲ့ သည်။
ဤဓလေ့ ၏ မူလအစမှာ.......
နတ်၊သိကြားတို့ ၊ နတ်ဘုရားတို့ တွင် အမျိုးသမီးများကိုသားသမီးရတနာပေးနိင်သည့် စွမ်းပကားရှိသည်ဆိုသော ယုံကြည်ချက်မှမြစ်ဖျားခံလာဟန်တူသည်၊(....)ဘာသာရေးကျမ်းစာတွင် ဘုရားသခင်၏ သာတော်များသည် လူသားတို့ ၏ သမီးများဆီသို့ သွားကြသည်ဟိုထားသည်။သို့ ကြောင့် လွန်ခဲ့ သော ခေတ်က သီလရှင်များထံ နတ်သားများကအလည်သာကြသည်၊ဖို၊မ ဆက်ဆံသည်ထိ ပြောဆိုခဲ့ ကြသည်၊အချို့ သော သီလရှင်များဆိုလျှင်၎င်းဝမ်းဗိုက်ထဲမှ ကိုယ်ဝန်ကို ဘုရားဝင်စားသလို၊နတ်သိကြားကပေးသနားသော် ရင်သွေးအဖြစ်ပြောဆိုခဲ့ သော ခေတ်ကိုရောက်ခဲ့ ဘူးသည်။ရှေ့ ခေတ်လူစွမ်းကောင်းများ ဖြစ်ကြသော ဟာကြူလီမှအစ ယခုခေတ်ဘုရားများကိုပင် အပျိုစင်မှ မွေးဖွားလာသူများအဖြစ် ယနေ့ တိုင် ပြောဟောသူတွေရှိသေး၏။
ဘီလူး၊ သရဲ များကအမျိုးသမီးများကို ပူးကပ်ပြီ ဘီလူး၊ သရဲကလေးများကို မွေးဖွားတက်သည်ဆိုသော အယူအဆကရှိသေးသည်၊(.......)ဘာသာကွဲကိုတည်ထောင်သူ မာတင်လူသာ ဆိုသူကိုယ်တိုင်က ဘီလူးနှင် လူသာတို့ ဆက်ဆံနိင်သည်၊လူသားတို့ မွေးဖွားသောဘီလူးဆန်သောကလေးများမှာအဆိုပါ ဘီလူးများ၏ လက်ချက်ဖြစ်သည်ဟု ဟောပြောခဲ့ ဘူးသည်။
ဤလိုနှင့် အချို့ သော ဆေးဆရာများက ဘီးလူဟန်ဆောင်ပြီး အမျိုးသမီးအချို့ နှင့် ဖောက်ပြားခဲ့ ကြသလို အချို့ ဆရာတွေကလည်းအဆိုပါအဖြစ်အပျက်မျိုးကိုတကယ်တမ်းယုံကြည်အောင် ဟောပြောခဲ့ ကြဘူးသည်၊ဤသို့ အလားတူ အဖြစ်အပျက်မျိုးကို မှတ်တမ်းတင်ထားသည့်  ဖြစ်ရပ်ဆန်းတွေးအများကြီရှိသည်။
ဥပမာ.....
- အင်္ဂလန်နိင်ငံမှ ဖိုဒ့် ရှား ပြည်နယ်မှ အမျိုးသမီးတဦးသည် ဘီလူးလက်ချက်ဖြင့်  ကလေးရရာက ကလေးမှာ ဘီလူးရုပ်ပေါက်နေပြီအသက်(၆)လအရွယ်တွင် သွားများအပြည့် အစုံထွက်နေသည်။
- ဆပ်ဖိုဒ်နယ်မှ အမျိုးသမီးတဦးက တရားရုံးတွင် လူနှင့် ဘီလူးဆက်ဆံခဲ့ သည်မှာနှစ်ပေါင်းကြာပြီ ၎င်း၏ရင်သွေးမျာအနက်သုံးဦးမှာဘီလူးကြောင့် ရရှိဖြင်းဖြစ်သည်စသည့် ဖြင့် အကြိမ်ကြိမ်ကျမ်းကိုင်ပြောဆိုခဲ့ ပါသည်။
ရှေခေတ်လူသားတို့ အ၀တ်အစားဝတ်ဆင်ကြသည့် အကြောင်းအရင်းကို ပြန်ကြည့် လျှင်ရာသီဥတုခံနိင်ဖို့ လှပစေဖို့ စသည့် အကြောင်း အမျိုးမျိုးအနက်မကောင်းဆိုးရွာကောင်များဝင်မပူးနိင်အောင်အကာအကွယ်ဘဘောမျိုးဖြင့် ဝတ်ဆင်သူတွေလည်းရှိသည်။
အထူးသဖြင့်  မကောင်းဆိုးရွာတွေ ဘီလူး၊သရဲ တွေ ကိုယ်ဝန်လာပေးမှာကို ကြောက်ရွံပြီး အ၀တ်အစားဝတ်ဆင်သည့်  လူမျိုးတွေရှိပါသည်။ဒီလိုနှင့် ရဟန္တာ စိန်(....) ကိုယ်တိုင်က မကောင်းဆိုးရွားတို့ က ဒုက္ခမပေးနိင်အောင် အမျိုးသမီးတွေကို အမှတ်အသားသဘောဖြင့် 
ဦထုပ်ဆောင်းကြရန် တိုက်တွန်းခဲ့ ဘူးသည်။
သီဟိုဋ်နိင်ငံတွင်လည်း အမျိုးသမီးများသည် အတွင်းခံကိုအမြဲတမ်းဝတ်ဆင်ထားကြသည်၊သူရဲ ၊သဘတ်တွေက လာရောက်ပြီဖို၊မ မဆက်ဆံနိင်စေရန်ဖြစ်သညိဆိုသည်။ အလားတူပင်အချို့ က ခါး၌ချည်းထားသော အဆောင်အယောင်းများသည် မကောင်းဆိုးရွားများကလိင်တန်ဆာကို အနှောက်အယှက်မပေးနိင်ရန်အတွက် အကာအကွယ်သဘောဖြစ်ပါသည်.....။ ။ ။
(ဆရာဝန်တင်ရွှေ၏အဆင့်မြင့် အသုံးချဖို၊မဆက်ဆံရေစာအုပ်မှဗဟုသုတအဖြစ်တင်ပြခြင်းဖြစ်ပါသည်၊ယ္ခုတလော
ပြည်တော်ပြန်ဖို့  ကိစ္စများ၊ လက်စသပ် လုပ်ငန်းများကြောင့်  ကိုယ်တိုင်ရေး ပိုစ့် အသစ်များ မတင်နိင်ခြင်းကို အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ)
Saturday, December 3, 2011
ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၀ိဝါဒကွဲကြသူတွေ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုတော့ ပြောရန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ မြန်မာ့ကျက်သရေဆောင် ဖြစ်သည်။ ဒီအချက်ကိုတော့ဖြင့် ငြင်းစရာ ရှိလိမ့်မည် မထင်ပါ။
ဒီ့အတွက် သက်သေပေါင်းများစွာ ရှိပါသည်။
အခုလတ်တလော အမြင်သာဆုံးအဖြစ် ဟီလာရီကလင်တန်လာသော အဖြစ်ကို မြင်ကြည့်မိသည်။ ဟီလာရီဆိုသည်က ကမ္ဘာလှည့် သြဇာပေးနေသော အမျိုးသမီးကြီးတစ်ဦး။ ထိုကဲ့သို့ ကျနော် အမြင်ရှိသည်။ တကယ်လဲ ထက်မြက်စူးရှသော မိန်းမတစ်ဦးပါပဲ။ အမေရိက၏ First Lady အဖြစ် ၈နှစ်ကြာစိုးစံခဲ့ရသည်။ နောက် သူမ၏ အိမ်နိမ့်စံဘ၀က သိပ်မကြာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရပြန်သေး၏။ သမ္မတဖြစ်ဖို့တောင် လက်တစ်ကမ်းအလိုလေး ရှိခဲ့တာပဲ။ ပြောလိုသည်မှာ ဒီလို အမျိုးသမီးကြီးတွင် မာန်အနည်းနဲ့ အများတော့ ရှိလိမ့်မည်။ ဘယ်သူနဲ့ တွေ့တွေ့ သူမ၏ အဲဒီမာန်ကို မြင်နိုင်သည်ဟု ကျနော် ထင်ပါသည်။
ဒီလိုနှင့် သူမက ဒေါ်အောင်ဆန်းစုကြည်ဆီ လာတွေ့ခဲ့သည်။ ကမ္ဘာမှာလက်ရှိ အထက်မြက်ဆုံးထဲများထဲတွင် အ၀င်အပါဖြစ်သော အမျိုးသမီးနှစ်ဦး တွေ့ဆုံပွဲ။
ကျနော့်ရင်ထဲကို ထိသွားသည်ကား သူတို့နှစ်ယောက်လုံး၏ ဟန်ပန်များကို ဖြစ်သည်။ တကယ့်ငယ်ပေါင်းကြီးဖော်တွေ တွေ့ကြသလို၊ ကွဲကွာနေသော မိတ်သင်္ဂဟများ ပြန်တွေ့ကြသလို လှိုက်လှိုက်လှဲလှဲ ရှိလွန်းလှပါသည်။ ဒီမှာတွင်ပင် ကျနော့်ခေါင်းထဲ စကားလုံးတစ်ခု ၀င်ရောက်လာခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ကျက်သရေဆောင်။
နိုင်ငံခြားရောက်သူတို့က ပြောကြသည်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မိတ်ဆက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နာမည် ပြောပြမိတ်ဆက် ရတာမျိုး ရှိသည်တဲ့။ အိုဗားမား အာဆီယံစည်းဝေးပွဲလာတော့ ပြောလိုက်သည်မိန့်ခွန်းထဲမှ စကားများက ကျနော့်ရင်ကို ပိုထိရှသွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောပြီးဖြစ်ကြောင်းနှင့် ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းများ။ အိုဗားမားလို လူမျိုးကပင် အရေးတယူ မလုပ်၍ မရသော ပုဂ္ဂိုလ်ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် ရှာမှ ရှားလှပါသည်။ ထိုကဲ့သို့သော လူမျိုးက ကျနော်တို့ နိုင်ငံမှာ ရှိနေ၏။ ကျနော်တို့ လူမျိုးဖြစ်နေ၏။ ကျနော်တို့လူမျိုးစစ်စစ် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဖြစ်နေ၏။ ကျနော်တို့လူမျိုးတွေ မှည့်လေ့ရှိသော နာမည်မျိုးစစ်စစ် မှည့်ထားသူဖြစ်နေ၏။ ထို့ကြောင့် မြန်မာ့ကျက်သရေဆောင်ဟု တင်စားထိုက်ပေသည်။
ကမ္ဘာပေါ်မှာ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိမလဲ? ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါ၏။ ကမ္ဘာမှာ ချန်လှပ်ထား၍ မရသော ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံမှ တစ်ယောက်က အ၀င်အပါဖြစ်နေသည့်အတွက် ကျနော်တို့ ဂုဏ်ယူ ရပါသည်။
ကျနော်က ဒေါ်အောင်ဆန်းစုကြည်နားကလူ မဟုတ်ပါ။ သူ အခက်ခဲကြုံနေရစဉ်က မ၀န်းရံနိုင်ခဲ့သလို သူ မြင့်တက်လာသောအခါ ပြေးကပ်သူလည်း မဟုတ်ခဲ့။ အဝေးကြီးမှာ အေးအေးကြီးသာ နေပါသည်။ သို့သော် ကျနော့်ရင်ထဲမှာ ခေါ်နေမိသော စကားတစ်ခွန်းရှိ၏။ ကျနော်တို့အားလုံး၏ အမေ။
အမေဆိုသည်ကား ကျနော်တို့အား လုံခြုံမှုပေးနိုင်သူ၊ လမ်းပြသွန်သင်မှု ပေးနိုင်သူ။ နွေးထွေးမှုပေးနိုင်သူ၊ ဂုဏ်ကျက်သရေကို တိုးစေသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းအတွက် မြန်မာနိုင်ငံသားအားလုံးတွင် မိခင်နှစ်ယောက်ရှိနေ၏။ တစ်ယောက်က
မွေးခဲ့သော အသက်ကို ပေးသည့်အမေ။ ပုဂ္ဂလဘ၀အတွက် ခိုကိုးရာ။ နောက်တစ်ယောက်က နိုင်ငံသားတစ်ယောက်၏ သိက္ခာကိုမြင့်တင်ပေးခဲ့ သည့်အမေ။ မြန်မာဟူသော ဂုဏ်သိက္ခာအတွက် ခိုကိုးရာ။
ဦးသန့်နောက်ပိုင်းတွင် ကမ္ဘာကျော်တဲ့ မြန်မာမရှိဟု ပြောချင်နေသူများ၊ ယိုးဒယား၊ တရုပ်၊ ကုလားများကို အဖေခေါ်ချင်နေသူများအား မှားယွင်းကြောင်း  ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းက သက်ရှိထင်ရှား သက်သေပြနေပါသည်။ ကျနော့်တစ်ဦးတည်း သဘောပြောရပါလျှင် ယိုးဒယားက ကိုယ့်ထက်သာသည်ဟု ပြောလျှင် မချိအောင် နာလှပါသည်။ ယိုးဒယားမုန်းလို့ မဟုတ်ပါ။ အထင်ကြီးစရာဟု ဘယ်တုန်းကမှ ထင်မထားခဲ့သောကြောင့်ဖြစ်ပါသည်။ ဗိုလ်ချုပ်မိန့်ခွန်းပါ တစ်ဘက်နိုင်ငံလို ဖာနိုင်ငံကြီးဖြစ်သွားလိမ့်မယ်ဆိုသောစကားကို ငယ်ငယ်ကတည်းက စွဲခဲ့၏။ ယခု အဲဒီထက်ကိုယ်ကနိမ့်ကျနေပြီလို့ ပြောလာလျှင် အသက်ကို သတ်သည်ထက်နာ၏။ တစ်ခုတော့ ပြောချင်ပါသည်။ အာဏာလက်ရှိရှိသူ မဟုတ်ပါပဲလျက် (တစ်ခါမှ အာဏာမရခဲ့ဘူးပါပဲလျက်) ကမ္ဘာက ခုလို အလေးစားခံရသူမျိုး ယိုးဒယားမှာ ရှိသလား။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိသလား။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိသလား ဟုပင်။
ကျနော့်စိတ်ထင် ဟီလာရီ၏ မျက်ဝန်းများ၊ အပြုအမူများတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်ကြီး အလေးထားစိတ်ကို မြင်လိုက်ရသည်ဟု ထင်ပါသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိုတစ်ချက်တည်းနှင့်ပင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ အတော်ဂုဏ်ယူသွားမိ၏။ ငါတို့မှာ ဒီလိုလူမျိုး ရှိနေတာပဲ။
ထို ဂုဏ်ယူစိတ်သည် စိတ်ခွန်အားကို ဖြစ်ပေါ်စေ၏။ ငါတို့လည်း ကြိုးစားမယ်ဆိုရင် ဒီလို အဖြစ်မျိုး တစ်နေ့မှာ ရောက်နိုင်တာပဲ။ ငါတို့ရဲ့ မြန်မာ့သွေး မြန်မာ့ဗီဇက ကမ္ဘာမှာ ဒီလိုအနေအထားရှိအောင် ထွန်းပေါက်နိုင်တဲ့ အစွမ်းရှိတယ်။ တို့မှာ လုပ်ရင်ဖြစ်တဲ့ ဗီဇမျိုးစေ့ရှိပြီးသား။ ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်ဟူသော စိတ်များ ပွားများလာစေခဲ့၏။ အသက်ကို ကယ်လိုက်သည့်ပမာ ခံစားရပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစက ရွှေဂုံတိုင်ရုံးရှေ့တရားပွဲကို ကျနော်သွားသည်။ ခပ်ဝေးဝေးကမို့ အရိပ်သဏ္ဍန်မျှသာ မြင်ရပါသည်။ အသံဝိုးတ၀ါးမျှသာ ကြားရပါသည်။ သို့သော် ရင်ထဲတွင် ချမ်းမြေ့သော ညွှတ်နူးခြင်းဖြစ်မိသည်။
နောက်ပိုင်း ပဲခူးခရီးစဉ်မှာကျတော့ ကျနော်ကံကောင်းသည်ဟု ပြောရမည်။ ပဲခူးက သူငယ်ချင်းတစ်ယောက်အိမ်မှာ အလှူရှိလို့ ပဲခူးရောက်နေသည်နှင့် ကြုံ၏။ သူတို့အိမ်ကလဲ ရွှေမော်ဓောဘုရားနှင့် နီးနီးလေး။ ဒေါ်အောင်ဆန်းစုကြည်လာမည်ကြားတော့ ကျနော်တို့ ရွှေမော်ဓောဘုရားမှာ စောင့်ကြသည်။ ဒီတစ်ကြိမ်မှာလဲ အဝေးကပဲ နေလိုက်ပါသည်။ လူအုပ်ကား တော်တော်ပင် များ၏။ လက်တွေ တန်းလျက်သား ကာထားသူများကြားမှ ဒေါ်အောင်ဆန်းစုကြည်။ အနားက အဘွားကြီး တစ်ယောက် အော်လိုက်သံကို ကြားရသည်။
`ဟယ် ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်လေးတော့´
တဲ့။ လှည့်ကြည့်လိုက်တော့ သဘက်ကြီး ခေါင်းပေါင်းထားသော အမယ်အိုကြီးတစ်ယောက်ကို မြင်ရသည်။
`အရှေ့သွားကြည့်လေ အဘွား´
ဆိုတော့ ...
`နေပါစေကွယ်၊ ဒီကလဲ တွေ့ရသားပဲ´
ဆို၏။ သူ့မျက်နှာကား ပြုံး၍နေသည်။ ကျနော် အနည်းငယ်စပ်စုမိ၏။
`အန်တီစုကို ခုလိုမြင်ရတော့ ဘယ်လိုနေသလဲ၊ အဘွား´
ဆိုတော့ ကျနော် မထင်မှတ်သော စကားတစ်ခွန်းထွက်လာသည်။ စကားက နှစ်လုံးတည်း၊ အတော်ထိရောက်သော စကားပါပေ။
`ချစ်တယ်´
တဲ့။ နောက်ဘာမှမပြောတော့ပဲ ကြည်နူးသော မျက်ဝန်းများဖြင့် ဆက်ကြည့်နေလေ၏။
မိမိရင်သွေးတစ်ယောက်အား ကြည့်နေသလို မေတ္တာလွှမ်းသောအကြည့်များဟု ကျနော်ခံစားရပါသည်။ အမေစုသည်ကား ကျနော်တို့လို ငယ်ရွယ်သူများအတွက် အမေသဖွယ် ခံစားရသလို အဘွားအရွယ် အဖိုးအရွယ်များအတွက်တော့ သမီးသဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သူ။ မြန်မာတည်းဟူသော မိသားစုအတွင်းမှ အတောက်ပဆုံး မိသားစုဝင်တစ်ဦးဖြစ်ပါချေသည်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ခြံတံခါးဝတွင် စက္ကူပြားကလေးကိုင်ကာ ရိုက်ထားခဲ့သောပုံ။ `ကျမကလဲ ပြည်သူတွေကို ချစ်ပါတယ်´ ဆိုသော စာတမ်းပါဓာတ်ပုံကို တော်တော်များများ မြင်ဘူးကြပေလိမ့်မည်။ ပြည်သူတွေမှာလဲ ထောင်မပြဖြစ်သော စာတမ်းတွေ ကိုယ်စီရှိပါလိမ့်မည်။ ပြည်သူတွေကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ် ဟုရေးထွင်းထားသော စာတမ်းများပင်။
ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြသလဲ? အမြင်အမျိုးမျိုး ရှိပါလိမ့်မည်။ ကျနော်ကတော့ မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းဖြစ်၏။ တခြား သူ့လုပ်ဆောင်ချက်များအပေါ် အလေးအနက် ကျေးဇူးတင်မိသော်လည်း မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းက ပိုပါလိမ့်မည်။
စကားစပ်၍ ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သွေးဖြစ်သော်လည်း ဦးအောင်ဆန်းဦးကိုတော့ ကျနော်တို့ မချစ်ပါ။ ဦးအောင်ဆန်းဦး အင်တာဗျူးပါသော ဂျာနယ်ကိုလည်း မဖတ်ပါ။ စိတ်ထဲ နာနေသည်ဟုပင် ပြောရမည်လား။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ပြီ အဖရေဟု ဗိုလ်ချုပ်အား တိုင်တည်သော စာပိုဒ်ကို သူ့အား ကြည့်ကာ ရင်ကွဲမတတ်ရည်ညွှန်း သီဆိုနေသူများအား လျစ်လျူရှုခဲ့ရက်သူဟု မြင်ပါသည်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေးနေလို့ ရပါလျက် ဒုက္ခတွင်းသို့ ဆင်းလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကို ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။
တစ်ခါတစ်လေ သူ့လုပ်ဆောင်ပုံနှင့် ပတ်သက်၍ သဘော မတူသည်များ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအခါမျိုးတွင် ငါ ဥာဏ်မမီလို့ပဲ နေမှာလေဟု ကိုယ့်ကိုယ်ကို ဖြေလျှော့မိ၏။ ကမ္ဘာက လက်ခံသော လုပ်ကိုင်ဆောင်ရွက်ပုံကို သူသာ တတ်သိ နားလည်ပါသည်။ ကျနော်တို့ကား သူ နောက်လိုက်များ၊ သူ့ကို သစ္စာရှိစွာ ၀န်းရံကြရုံသာ ရှိ၏။
ကိုမင်းကိုနိုင်မွေးနေ့ အထိမ်းအမှတ်ပွဲသို့ ရောက်သွားစဉ်က ရောက်လာသူ ပရိသတ်များအား ဒေါ်အောင်ဆန်းစုကြည် ပြတင်းပေါက်မှ မျက်နှာ ထွက်ပြခဲ့သည်ကို မြင်တွေ့ရသည်။ တကယ်ကို နေတစ်စင်း ထွက်ပြူလိုက်သလိုပါပဲ။ လူတွေကို ကြည့်၍ သိမ်မွေ့စွာ ပြုံး၍ သူ လက်ပြခဲ့သည်။ တည်ငြိမ်သော ဟန်ပန်နှင့်အတူ အဟုန်ပြင်းသော အားအင်တစ်ခုကို ခံစားလိုက်ရသည်။
ကျနော့်စိတ်ထဲတွင် ပုံပြင်တစ်ပိုင်းတစ်စကို သွားသတိရလိုက်မိ၏။ လေနဲ့ တောင် ဘယ်သူ အစွမ်းထက်သလဲဆိုသည်က ထိုပုံပြင်ပါ မေးခွန်း။ ရုတ်တရက်ကြည့်လျှင်တော့ တောင်ဆိုသည်က ထုထည်ကြီးသည်။ အင်အားရှိသည်။ အခြေတောင့်သည်။ တောင်က ခိုင်မာတယ် အင်အားကြီးတယ်လို့ ထင်ရမလိုပါပဲ။ သို့သော် ညင်သာစွာ အဆက်မပြတ်တိုက်ခတ်နေသော လေက နောက်ဆုံး အင်အားကြီး ကျောက်တောင်ကြီးကိုပင် အစွမ်းမဲ့သော ကျောက်မုန့်အစအနကလေးများဖြစ်အောင် ခြေမွပစ်နိုင်ကြောင်း ပုံပြင်မှာ အဖြေပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်တွင်လည်း လေကဲ့သို့ တည်ငြိမ်ညင်သာမှုရှိ၏။ ပြီးတော့ အဆက်မပြတ်သော ၀ိရိယရှိသည်။ အမိုက်မှောင်သည် ကျောက်တောင်ကဲ့သို့ ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်က ခြေလွှင့်ပစ်နိုင်လိမ့်မည်ဟု ကျနော်မျှော်လင့်ထားပါ၏။
ထို့အပြင် ...
မြန်မာပြည် ဂုဏ်သိက္ခာမဲ့စေမည့်ကိစ္စများအား တားဆီးနိုင်မည့်သူအဖြစ်လည်း ခံယူမိပါသည်။ မြန်မာပြည်သည် အာရှတွင် ထွန်းတောက်ခဲ့ရာမှ ပြည်တွင်းရေးပြဿနာများကြောင့် နောက်တန်းရောက်ခဲ့ရသည်။ သံထည်ကောင်းပါလျက် ထုတ်မသုံးနိုင်လို့မို့ သံချေးတွေတက်ကာ တုံးသလို ဖြစ်နေရသော ဓားတစ်စင်းလို ခံစားမိသည်။ ထိုဓား၏ ထက်မြက်မှုကို အသစ်ပြန်ဖြစ်စေရန်တော့ ကျနော်တို့အားလုံး ကြိုးစားကြရပါမည်။ ယင်းသို့ ကြိုးစားရာတွင် ဒေါ်ဆောင်ဆန်းစုကြည်မှာ ဦးဆောင်သူနေရာက ပါဝင်နိုင်လိမ့်မည်၊ကမ္ဘာတွင် ၀င်ဆန့်သော သူ့အရည်အသွေးများဖြင့် မြန်မာတည်းဟူသော ဓားတစ်စင်း ပိုမိုတောက်ပအောင် ထည့်ဝင်သယ်ပိုးမှုများစွာ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။
ထိုသို့ ယုံကြည်သောကြောင့်လည်း မြန်မာ့ ကျက်သရေဆောင်ဟု ကျနော်  တင်စားမိခဲ့ခြင်းဖြစ်ပါလေတော့သည်။
သွန်းနေစိုး Thorn Nay Soe
Wednesday, November 30, 2011
ကျေနပ်မှုရရှိသော အိမ်ထောင်သည် အမျိုးသမီးတို့ ထံမှ အကြံပေးချက်များ
ယခုလို အိမ်ထောင်မှုကိစ္စကိုပွင့် ပွင့် လင်းလင်း ပြောဆိုနှီနှောခွင့် ရလာသောခေတ်တွင်တိုးတက်သောနိင်ငံများမှ အိမ်ထောင်၏သည်အမျိုးသမီးပေါင်း ဂ၃၀၀ဦးတို့ မှ မေးခွန်းအချက်ပေါင်း ၁၀၃ချက်ပါသောမေးခွန်းများကို ၁၉၈၂ခုနှစ်အတွင်းကအမျိုးသမီးဂျာနယ်တစ်ခုမှပေးပို့ ခဲ့ သည်။ရရှိသောအဖြေများကိုကွန်ပြူတာအကူအညီဖြင့် တွက်ချက်ကြည့် ရာ၁၂%သော အိမ်ထောင်သည်အမျိုးသမီးတို့ မှ အိမ်ထောင်အတွင်းရေးကိစ္စတွင် အထူးကျေနပ်မှုရရှိနေကြသည်။ သူတို့ စိတ်ကျေနပ်မှု ရကြသည် အကြောင်းအရင်းမှာ အောက်ပါတို့ နှင့် ဆက်စပ်နေသည်ဟုဆိုပါသည်။
၁။အိမ်ထောင်အတွင်းရေးကိစ္စဦးစားပေးသည်
စိတ်ကျေနပ်မှုအထူးရနေသောအမျိုးသမီးတိုင်ကဤကိစ္စကိုတာဝန်တရပ်ဟုမမြင်ကြပဲ ပျော်စရာမြူစရာကိစ္စတစ်ရပ်ဟု မြင်ကြသည်။
မည်သို့ ပင် မအားလပ်ပဲ ရှိကြစေကာမူ ဤကိစ္စတွက် သူတို့ မှအချိန်ရှိကြသည်။၅၀%သော အမျိုးသမီးတို့ သည် ၄င်းတို့ ယောက်ျားတို့ နှင့်  အတူအိပ်ရာထဲဝင်ကြသည်။အိပ်ရာဝင်ချိန်ရောက်ပြီဆိုတာနှင့် ဇနီးမယာလုပ်သူက ကြည့် နေသောရုပ်မြင်သံကြား(သို့ )လုပ်ကိုင်နေသောအလုပ်ကိုအသာချထားပြီးခင်ပွန်းသည်နှင့် အတူလက်တွဲ၍ အိပ်ရာထဲဝင်ကြလေ့ ရှိကြသည်။အမျိုးသမီးတဟောက်၏အဆိုအရ"ကျွန်မတို့မှအိမ်ထောင်သက်ရင့်လာသည်နှင့် အမျှ သူဘာလိုချင်သည်ကိုမျက်လုံးနှင့် ကြည့် လိုက်ရုံဖြင့် အဖြေရနေပြီဖြစ်သည်။"သမီးရည်စားဘ၀က တွေ့ ရာနေရာမှာ ချစ်တင်နှီနှောနေသလိုပါပဲတခါတလေ နေ့ လည့် စာစားချိန်၌အိမ်မှာချိန်ပြီး တွေ့ ကြပါသေးသည်။တခါတလေကလေးများကျောင်သွားနေကြသည့် အချိန်မှာတမင်ရုံအလုပ်များကိုခွင့် ယူတန်ယူ၊ဘေးဖယ်ထားသင့် တာကိုဘေးဖယ်ပြီးအလုပ်ဖြစ်ကြသည်။ဤသို့ ရုံးချိန်၌ နေ့ လည်စာ ထမင်းစားချိန်မှာ ချိန်းရတာ နားကြားလို့ တော့  မကောင်းပါ။ကျွန်မအဖို့တော့ ချစ်ဦးသူနှင့် ချိန်းတွေ့ သလို ခံစားရပါတယ်.......။။ဤကဲ့သို့ ဘ၀အရသာကို ပြည့် ပြည့် ၀၀ခံစားရအောင်လည်း အိမ်ခန်းကို ပြုပြင်ထားခြင်း၊သာယာသော သီးချင်းသံကို ဖွင့် ပေးထားခြင်း၊တဖက်သားကို ဆွဲဆောင်သော အ၀တ်အစား ၀တ်ဆင်ခြင်း၊ရေမွေး၊ပေါင်ဒါ၊နှုတ်ခမ်းနီတို့ ဖြင့်  ပြုပြင်ထားခြင်းတို့ ကိုလည် သုံးပါသည်။
ကျွန်မကိုယ်ကျွန်မ လှအောင်ပြုပြင်ပြီး အသင့် ရှိပါစေ....။
၂။တဖက်သားကို သိစေသည်
အိမ်ထောင်အတွင်းရေးကိစ္စနှင့် ပတ်သတ်လျှင်ပွင့် ပွင့် လင်းလင်းဆက်သွယ်ပြောဆိုလေ့ ရှိကြသည်။ခင်ပွန်သည် အပေါ်သူမကမည်မျှချစ်မြတ်နိးကြောင်းသိစေသည်။"ချစ်ပါတယ်"ဆိုသောစကားကိုစိတ်ထဲ နှလုံးထဲကဖြစ်ပေါ်သည့် အတိုင်း အကြိမ်ကြိမ်ပြောသည်။လက္ခဏာမျိုးစုံပြသည်၊တစ်ယောက်ပေါ်တစ်ယောက် သံယောဇဉ်ကြိုး ကြီးမာကြောင်းကို သားသမီးများရှေ့ မှာပင် ဖြစ်စေပြသသည်။၂၅နှစ်အရွယ် အမျိုးသမီးတစ်ယောက်၏ အဆိုအရ"ကျွန်မတို့  ဆက်ဆံရေးမှာ ဤကိစ္စက အရေးကြီပါသည်၊၄င်းထက်ပို၍အရေးကြီးလည်းချစ်တင်းနှီနှောသောအချိန်ဖြစ်သည်။ ကျွန်မမှာ ကြောက်စရာ၊လန့် စရာ၊ရင်ဖိုစရာကိစ္စ ကလေးများနှင့် ကြံတွေ့ ရသောအခါတစ်ဦကိုတစ်ဦးပွေ့ ဖက်ပြီ အနည်းဆုံးလက်ကလေးကို ကိုင်ပြီ ပြောရတာကိုပဲ အရသာရှိလှပါသည်။ကျွန်မတို့ အဖို့  အိမ်ထောင်ရှိပြီး
ချစ်တင်နှောရတာ အချိုပေါ်သကာလောင်းသလို အရသာထူးလှပါသည်ဟု ဆိုထားပါသည်။
၃။စိတ်ပါဝင်စားမှု
အိမ်ထောင်အတွင်းရေးကိစ္စအတွက်ဆိုလျှင်အိမ်ထောင်သည်အမျိုးသမီးတို့ သည်အခြာလူမှုရေး၊စီပွားရေးစသည့်  ကိစ္စအ၀၀တို့ ကိုခေတ္တမေ့ ပစ်လိုက်သည်။ကိုယ်ရောစိတ်ပါမိမိ၏ချစ်သူခင်ပွန်းသည်အပေါ်ပုံအပ်ပေးလိုက်သည်၊သား၊သမီးရေနှင့် အခြာစဉ်းစာ
စရာ ကိစ္စများအားလုံးကို လုံးဝမစဉ်စားပေ၊ဤသို့ ကိုယ်ရော စိတ်ပါ တဖက်သားအပေါ် ပုံအပ်ပေးသော အမျိုးသမီးများသာလျှင်စိတ်ကျေနပ်မှု အများဆုံးရလေ့ ရှိသည်။
၎။မိမိကိုယ်မိမိအရေးပါမှု
မိမိသည်အမျိုးသမီးတယောက်ဖြစ်၍ ယောက်ျားပြုသမျှ နုရမည်ဟူသော စိတ်မျိုးမထားပဲ ဤကိစ္စမှာ မိမိ၌တာဝန်ရှိကြောင်း နားလည်သဘောပေါက်ရန်လိုသည်။မိမိခင်းပွန်းသည်က မိမိပေါ်စိတ်ဝင်းစာအောင် ၀တ်စားဆင်ယင်မှု၊ပြောဆိုမှု၊အစားအသောက် စသည်တို့ ပေါ်အခြေခံပြီ ပြုပြင်ပေးရသည်ဆိုသော တာဝန်ကို နားလည်သဘောပေါက်ရပါမည်။အထက်ပါ အမျိုးသမီးများကဲသို့  ဆန္ဒပြည့် ပြည့် ၀၀ခံစားနိင်ရအောင် မည်သို့ လုပ်ကြမည်နည်း။အဖြေရှိပါသည်..ဆန္ဒနည်းပါသည်ဟု ခင်ပွန်းသည်များ၏ မှတ်ချပေးခြင်း ခံထားရသော
အမျိုးသမီးများ အနေနှင့် အောက်ပါအချက်တို့ ကို ဂရုစိုက်ရန်လိုပါသည်။....
    ........... အချိန်ပို၍ ပေးပါ...............
သင်၏ အခြားပိုလျှံသော အချိန်များကို မိမိဝါသနာပါရာကို လုပ်ကိုင်နေမည့်အစား ခင်ပွန်းသည်များအတွက် အချိန်ပို၍ပေးပါ။ခင်ပွန်းသည်ထံမှလည်း တုံ့ ပြန်မှုရပါလိမ့် မည်။ချစ်ပါသည်၊ကြင်နာပါသည်၊မြတ်နိုးပါသည် ဆိုသော စကားမျိုးကို ထပ်ခါ ထပ်ခါသုံးပါ၊ခင်ပွန်းသည်အပေါ် ချစ်ခင်မြတ်နိုးကြောင်းအပြုအမှုဖြင့်  ပြသပါ။
..........သင်၏သောကများကို မေ့ ထားလိုက်ပါ...........
အိပ်ခန်းတံခါးကိုခင်ပွန်းသည်ပိတ်လိုက်ပြီဆိုသည်နှင့် သင့် မှာစဉ်းစာစရာလုပ်စရာကိုင်စရာများကို မေ့ ထားလိုက်ပါ။ခန္ဒကိုယ်ရောစိတ်နှလုံးကိုပါ ခင်ပွန်းအပေါ် အပ်နှံကြည့် ပါ ၊တုံ့ပြန်မှုရပါလိမ့် မည်။
..........မိမိကိုယ်ကို ချစ်ပါ.............
မိမိ၏ခန္ဒကိုယ်ကိုလှသည်ထက်လှအောင် ပြုပြုပြင်ပြင်နေထိုင်လိုက်ပါ။ငွေးကြေးအကုန်အကျခံဖို့ မဆိုလိုပါ၊မိမိကိုယ်မိမိတနေ့ တမျိုးလှအောင် ပြုပြင်ပါ။ဆန္ဒပြည့် ဝအောင် ခံစားနေရသောအမျိုးသမီးများမှာဘ၀ကံအကျိုးပေး၍ရလာသည်မဟုတ်၊မိမိကိုယ်မိမိကြိုးစားပြုပြင်ယူ၍ရခြင်းသာဖြစ်သည်ဆိုသော အချက်ကိုလေးလေးစာစားယုံကြည်ပါ.....။။
 (ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)
Wednesday, November 23, 2011
***သတ်မယ်ဆိုပြီ........***
မောင်ထွန်းသည် တလံကျော်ခန့် ရှိသော လှံကိုထမ်းကာ မှောင်ရိပ်တွင်ရပ်လျှက် မိမိရှေ့ ၌ရှိသော အိမ်ကလေးကို
ကြည်၍နေလေ၏၊ထိုအိမ်လေမှာ သုံးပင်တိုင်တဖက်ရပ်တဲသာသာ အိမ်ကလေးဖြစ်လေ၏၊အတွင်း၌ မီးမှိန်မှိန်ကို
သက်ကယ်များနှင့် ကျူထရံများကြားမှာမြင်ရလေ၏။ထိုအချိန်မှာ ကြက်ဦတွန်ချိန်ခန့် ရှိလေ၏ ။
"ခွေးသား ရောက်နေပြီထင်တယ်..ခွေလိုသေအောင်တခါတည် ထိုးသတ်လိုက်မယ်"ဟုပြောကာလက်နှစ်သစ်ခန့် ကျယ်သော ထက်လှသောလှံသွာကို ကိုင်စမ်းလျှက်နေလေ၏ ။
မောင်းထွန်းနှင့် ဘိုမင်းသည် ရန်ဖြစ်ထားကြသည်မှာ ၄၊၅ရက်ခန့် ရှိလေပြီ၊ထိုနေ့ က ထန်းတော ၌ နှစ်ယောက်သာရန်ဖြစ်ကြရာ အခြာသူများဆွဲမထားလျင် ထန်းတောထဲတွင် လူသတ်မှုဖြစ်မှာသေချာပါသည်။နှစ်ယောက်လုံး ကြုံရာလုပ်ကြသောသူများဖြစ်၏၊လယ်ယာလုပ်ချိန်တွင်၊ စားရင်ငှားလုပ်ကြပြီ၊နွေရောက်သောအခါ လှည်းတိုက်၊ထင်းခုတ်၊သက်ကယ်ရိတ်၊စသည့် အလုပ်များကို လုပ်ကြသည်။
တခါတရံ စပါးစည်များကို ဖောက်၍အောက်မှနေကာ ဆာလာအိပ်များဖြင့် ထည်ပြီ ခိုးယူတက်ကြသည်၊ဘိုမင်းမှာ
ရသမျ ထန်ရည်ဆိုင်းတွင် သောက်စာမူးရစ်ပြီ ဖြုန်းတီပြစ်တက်သည်။
ကလေးသုံးယောက်နှင့်  မယားမှာ အခါများစွာ ညစာမစားကြပဲအိပ်ယာဝင်ကြာရာ၌ ကလေးများမှာမစားရ၍
အိပ်မပျော်၊မယားမှာ ဘိုမင်းမရောက်လာ၍ စိတ်ပူခြင်းကြောင့်  အိပ်မပျော်ပဲနေရလေ၏။
မောင်ထွန်းမှာ အိမ်ထောင်မကြသေးသောကြောင့်  ဘိုမင်းထက်မျာစွာသာသည်၊ပိုက်ဆံလည်ပို၍ စုဆောင်နိင်သည်။ဘိုမင်း၏စိတ်ထဲတွင်မိမိရမည့် အလုပ်များ မောင်ထွန်းကြောင့် သာမရပဲနေသည်ဟု တွေးကာ မောင်းထွန်းကို
မကျေမနပ်ဖြစ်နေ၏၊တနေ့ ၌ထန်းတောထဲတွင် တွေကာ ထန်း၇ည်မူးကျွဲခိုးပေါ်ဆိုသည့် အတိုင်းစိတ်ထဲရှိသမျှကို
ဒေါသနှင့် ပြောမိရာ ရန်ဖြစ်ရခြင်းဖြစ်သည်။
ထိုအခါ မောင်ထွန်းမှာ စိတ်ထဲတွင်အတေးမှတ်ထားပြီ..ငါ့ အကြောင်း ပြလိုက်မယ်၊ ငါ ကိုမခံချင်အောင် လုပ်လျှင်အခုလို ဖြစ်တက်ပါလားဟု သိအောင်ပြလိုက်မည်ဟု စိတ်ထဲတွင်တေးမှတ်ပြီ..မည်သူမျှ သက်သေမရှိ၊ပြီခဲ့ သောရက်က ရန်ဖြစ်ရုံနဲ့  ငါသတ်တယ်လို ဘယ်သူထင်ဝံ့ မလဲ၊အမှောင်ထဲမှာ ဘယ်သူမျှမမြင်နိင်၊တခါတည်း အသေသတ်မည် ဟုတွေးကာ အိမ်လေးနားသို့  တိုးကပ်သွားလေသည်။
အိမ်လေးနာရောက်သော အခါငိုရှိုက်သံလိုလိုကြာလိုက်ရသည်၊မိန်မသံဖြစ်လေရာ ထရံကြားမှနေ၍ မောင်ထွန်း
ချောင်းကြည့် လေရာဘိုမင်း၏မိန်းမမှာ ဆောင့် ကြောင့် ထိုင်လျှက်ဒူးပေါ်တွင်လက်နှစ်ဖက်နှင့် မျက်နှာကိုတင်ကာ
ငိုရှိုက်နေသည်ကို၎င်း၊ကလေးနှစ်ယောက်မှာ အ၀တ်အစားမရှိပဲ တစောင်လေးလှဲ၍ ပိန်ချုံးချိနဲ့ စွာနဲ့ သော၎င်း၊ကလေးတယောက်မှာ ထမင်းမစားရ၍ စိတ်ဆိုးနေပုံရှိလေသည်။
ဘိုမင်းမှာဒူးနှစ်ဖက်ကိုတန်းပေါ်တင်၍အင်္ကျီမရှိ၊မီးရောင်၌ ပြောင်လတ်သော ကျောမဲမဲသာရှိလေ၏။မောင်ထွန်း၏မျက်လုံးများ ကျယ်၍လာလေသည်၊ မြင်ရသော မြင်ကွင်းမှာ လောကငရဲ၏ မြင်ကွင်းအဖြစ်တွေမိလေ၏၊ဘိုမင်းသည်တခါတခါ ခေါင်းမော့ ပြီ ကလေးများနှင့် မယားကို ကြည်နေ၏၊မကြာမီ သက်ပြင်းချပြီ တဲထောင့် မီးဖိုအနီ အိုးခွက်များကို လှန်လှောကြည့် လေ၏၊အိုးများထဲတွင်ဘာမှမရှိသည်ကို မောင်ထွန်းသတိထားမိလေသည်။
ဘိုမင်းလည်း မယားနှင့် သားများကို ကြည့် ကာ သက်ပြင်းရှည်ကြီးချပြီ ထရံ၌ထိုးထာသော ဓားကိုနှုတ်ကာ မယားဖြစ်သူ၏ပခုံးကို ကိုင်ပြီ"မယ်သော့  ခဏနေကြဦး ..အပြင်သွာလိုက်ဦးမယ်.."ဟုပြောရာ မိန်းမက လက်ကိုပုတ်ချလိုက်လေသည်၊ဘိုမင်းလည် တဲထဲကထွက်ခွာသွားလေသည်..ဘိုမင်းလက်ထဲက ဓာမြှောင်ကို မယ်သော့  မြင်သောအခါ ထိန်လန့် သွားပြီကို ဘိုမင်း..ကိုဘိုမင်း ဘယ်သွားမလို့ လဲ ဟုမေးလေသည်။..သို့ သော် မမှီတော့ ချေ...
မောင်ထွန်းလည် နောက်ယောင်ခံလိုက်ကာ ဒီကောင်ဘာခိုးမလို့ လဲ၊လုမလို့ လား၊တခုခုပဲဟု တွေးကာ လှံကိုကိုင်ပြီ မျက်ခြေမပျက်နောက်ယောင်ခံလိုက်လေသည်၊လမ်းကြားတခုသို့ ရောက်သောအခါ ဘိုမင်းမှာသစ်ပင်တပင်နားသို့ ပြေးကပ်နေလိုက်သည်ကို မောင်ထွန်းတွေ့ လိုက်ရသည်။မောင်ထွန်းလည်  ဘိုမင်းအနားသို့  နီးသထက်နီးအောင် ကပ်၍သွားလေ၏။
ထို့ အခိုက် ကော့ ကော့ ဖလပ်၊ဖလပ်ဟုသော်ကြက်သံနှင့် အတူကုလားတယောက်လမ်းလျောက်လာသည်ကို မောင်ထွန်း
မြင်ရလေသည်၊ဘိုမင်းကပ်၍နေသောသစ်ပင်သို့ လွန်သွာသောအခါဘိုမင်းသည်ဓာမြှောင်ကိုမြှောက်၍​ထိုးတော့ ဟန်ဖြင့် နောက်ကအသာအယာလိုက်သောအခါ မောင်ထွန်းလည်လျှင်မြန်စွာဖြင့် နောက်ကနေ လှံနဲ့ ထောက်ပြီ.ဟေ့ ကောင်ဘာလုပ်တာလဲဟုမေးလိုက်သည်။ဘိုမင်းမှာ မိမိ၏ ရန်သူတော် မောင်းထွန်းမှန်သိလိုက်ရာ ကြောက်လှန့် ပြီဓားကိုလွတ်ချပြီးလက်မြှောက်ထားလိုက်သည်။ဒီကောင်ငါကိုအဆုံးစီရင်တော့ မှာပဲဟု တွေးကာ ကြောက်လန့်  ၍နေလေသည်။
မောင်ထွန်းလည်ဘိုမင်းဓာကို ပြေးကောက်ပြီ..."မင်းဟာအင်မတန်မိုက်မဲတဲ့ ကောင်ပါလား..ဒီကုလားကိုသတ်လို့ ကြက်ကလွဲပြီ ဘာရမှာလဲ...မင်းကြိုးကျမှာ၊တကျွန်းကျမှာမကြောက်ဘူးလား"ဟုပြောလေသည်။
ဘိုမင်းလည်စိတ်ပျက်ခြင်း၊၀မ်းနည်းခြင်း၊ကျေးဇူးတင်ခြင်းများ ပေါင်းစပ်၍ လမ်းမပေါ်ထိုင်ကာလက်နှင့် မျက်နှာကိုပိတ်ကာရှိုက်ငင်ငိုရှာလေသည်။
မောင်ထွန်းလည်ဘိုမင်းနားကိုကပ်ပြီ"မငိုပါနဲ့ တော့ကွာ...ဟိုအရင်နေ့ ကပြဿနာကြောင့်   မင်းကိုလှံနဲ့ ထိုးဖို့ လာချောင်းတာပဲ..မင်းတို့ မိသာစုကိုကြည့် ပြီ မင်းတခုခုကိုလုပ်လိုက်ရင် ပိုပြီပြဿနာတွေကြီးလာမှာဆိုလို့   ငါလိုက်လာတာပါ"အိမ်ကိုပြန်ပါ...ကလေးတွေ ထမင်းမစားရသေဘူး မှတ်လား...ငါ့  အိမ်ကိုလိုက်ယူဟု "ပြောလေသည်။
ဘိုမင်း။။ကျေးဇူတင်ပါတယ်ကွာ...မင်းသဘောထားကြီးပါပေတယ်...ငါတော့ ကလေးတွေနဲ့မိန်းမကြည့် ပြီလုပ်မိလုပ်ရာ
လုပ်တော့ မလို့ ....ထွက်လာခဲ့ တာပါ..
မောင်ထွန်း။  ။လုပ်လိုက်ရင် မင်းဒုက္ခရောက်သွားမှာပေါ့ ၊ လူသတ်မှုဆိုတာ တနေ့ ပေါ်တာပဲ၊ဒီကုလားမှာရော လက်နက်မပါပဲဒီအချိန် ဖြတ်သွားမလား၊မင်းရလည်ကြက်အပြင်၊၄၊၅ကျပ်ပေါ့ ...နောက်ကိုအကုန်သောက်မပြစ်ပါနဲ့ ကွာ...
ငါ့လို တယောက်ထဲဆို ကိစ္စမရှိဘူး...မင်းမှာက ကလေးတွေနဲ့  မယားနဲ့  ကွ...
ဘိုမင်း၏ မိန်းမ မယ်သော့ လည် ကလေးများကို ပွေ့ ဖက်လျှက် ကလေးများနဲ့ အတူ ငိုရှိုက်နေလေ၏၊ထိုအချိန်တွင်..မယ်သော့ ရေ
လာဝိုင်းချပေးပါဦဟ..ဟူသောမောပန်းနေသောအသံဖြင့်  တောင်းကြီးတလုံးထမ်းကာ ၀င်လာသောလင်ယောက်ျားကို မြင်သော
အခါ အံသြလျှက် ထ၍ကူညီချလေရာ တင်းတောင်ကြီးထဲတွင် ဆန်အပြည်၊ကြက်တကောင်၊ဆီ၊ဆား၊ကြက်သွန်များကို တွေရလေသည်။
မယားဖြစ်သူမှာမယုံသင်ကာဖြင့် ဘယ်ကခိုးလာသလဲဟုမေးရာ..ဘိုမင်းကအကျိုးအကြောင်းကိုပြောပြပြီ..ဟောမှာလည်..ငွေငါမတ်ကွ..သူမှာလည်ဒါပဲရှိတာ ..ငါကမတောင်းပါဘူး..သူကပေးလိုက်တာပါ...နောက်ကိုလည်း သောက်စားပြီမဖြုန်းပြစ်ပါနဲ့ ဟု..
တရားချလိုက်တယ်ရှာတယ်..တော်ပြီကွာ..မောင်ထွန်းကြောင့် ပေါ့ ..ငါမတော်တာလုပ်မိတော့ မလို့  သီသီလေးလိုတော့ တယ်.ဒီပုံစံနဲသာဆက်ပြီသောက်စားနေလို့ ကတော့  တနေ့ ဒုက္ခရောက်တော့ မှာပဲ...
မယ်သော့ က မောင့် ရန်သူတော်ကြီမဟုတ်လား..သာဓုတော်..သာဓု ဘုန်းကြီပါစေ..အသက်ရှည်ပါစေ...ကျေးဇူးရှင်ကြီး..သူတော်ကောင်းကြီး..........။
သြော်...ဒါထက်မယ်သော့ ရေ...သူလည်းထမင်းမစားရသေးဘူးတဲ့ ..ဟေ့  တော်တော်ကြာရင် သူလာမယ်ပြောတယ်..သူအရီးအိမ်ကဒါတွေယူပေးလိုက်တယ်...သူပြန်ဆပ်ရမှာပါကွာ...
မကြာမီ မှေးမှိန်သောအိမ်ကုတ်လေးမှာမီးဖို၌လင်းထိန်လျှက် မွေးကြိုင်သော ဟင်းနံအခိုးများ ပြည်လှိုင်လျက်ကလေးအငယ်များမှာကခုန်၍ နေလေသည်။
(ကျွန်တော်ကြိုက်တဲ့  ဆရာကြီး ပီမိုးနှင်း၏ ၀တ္ထုတိုလေးပါ)
Saturday, November 19, 2011
လိင်စိတ် လွန်ကဲသူများ(+၁၈နှစ်အောက်မဖက်ရ)
ယောက်ျားများတွင်ရော မိန်းမများတွင်ပါ လိင်စိတ်ကျုးလွန်းသော စိတ်ရှိတက်ကြသည်၊ အချို့ဆိုလျှင် သူတို၏ဖို၊မဆန္ဒမှသောင်းကျန်းလွန်းသဖြင့်  အခြားအလုပ်လုပ်စရာမရှိပဲ ဒီကိစ္စနှင့် သာ ကုန်ဆုံးပြီးနေတက်သည်။
အချို့ သောယောက်ျားဆိုလျှင်စူပါမင်းဟု ခေါ်ရလောက်အောင်လိင်စိတ်တွေနှင့် သာလုပ်ရင်း၊ကိုင်းရင်ဖြင့် သာနေ
တက်သည်။သမိုင်းပုံပြင်ကို ပြန်ကြည့် လျှင် ဟာကြူလီသည် တညတည်းနှင့် အမျိုးသမီး(၅၀)နှင့် အိပ်ခဲ့ သည်ဟု
အဆိုရှိသည်၊ နီးရိုကာ လီဂိုးလား စသည် ဘုရင်များသည်လည်ရက်အနည်းငယ်တွင်းအမျိုးသမီးတရာနှင့် အိပ်နိင် စွမ်းရှိသည်ဟု အဆိုရှိသည်။
ဤလိုသောယောက်ျားတို့ သည် သာမန်လူသားအကြားတွင်နေလို့ မရအောင်ဖြစ်နေတက်သည်၊အလားတူပင်
အမျိုးသမီးတွေလည်း သောက်လေသောက်လေ ငတ်မပြေအောင်ဖြစ်နေတက်သည်။
အချို့ သောယောက်ျားတို့ ၏ လိင်တန်ဆာသည်အစဉ်လိုလို တင်မာနေတက်သည်၊ ဖို၊မ ဆက်ဆံပြီးတာတောင်
သေးငယ်သွားခြင်းမရှိချေ၊ဒီလိုဖြစ်ရခြင်းမှာ အာရုံကြော(သို့ မဟုတ်)ဆီးလမ်းကြောင်တွင် ရောဂါဖြစ်နေသောကြောင့် 
ဖြစ်သည်၊ ဒီလိုလူမျိုးများကို တဏှာအားကြီးသူတွေဟု မဆိုထိုင်ချေ။အချို့ ကြပြန်တော့  နည်းနည်းလေးတွေ့ ရတာနှင့်  စိတ်ထဲတွင်များများဆန္ဒဖြစ်သွားတက်သည်၊ဒါမျိုးတွေက လည်း ဘ၀တွင်အန္တရာယ်ဖြစ်စေတက်သည်။
သူမျိုးမှာလည်း စိတ်ဝေဒနာကြောင့် ဖြစ်ရသည်။
အချို့ အမျိုးသမီးတွေကျပြန်တော့  ယောက်ျားများကိုရေလဲနှင့် ပေါင်းသင်း၏၊တစ်ယောက်သွားလိုက်၊နောက်တစ်ယောက်
ကိုယူလိုက်လုပ်နေတက်သည်၊သိုသော် အချိန်ကျတော့  ရုတ်တရက် စိတ်ငြိမ်သွားပြီ တကယ်အိမ်ရှင်မကောင်း
ဘ၀ကိုပြောင်းသွာတက်သူ မျိုးတွေလည်ရှိသည်၊ ဤလို့ ဖြစ်ရခြင်းမှာ သူဘ၀ကိုကျေနပ်မှုရအောင် ပေးနိင်စွမ်း
ရှိသူကို မတွေ့ ရသောကြောင့် ဖြစ်၏။တကယ်ကျေနပ်စရာလူကိုတွေ့ သောအခါ ငြိမ်သွား၏။
အချို့ ကြတော့  ရည်စားတွေမှိုလိုပေါက်အောင်ထား၏ ၊ဒါက ရာဂစိတ်ဟုမခေါ်နိင် လူရွေးချယ်ခြင်းသာဖြစ်၏။
ဒီလို အမျိုးသမီးများက တကယ်တမ်း သူမနှစ်သက်သူနှင့် တွေ့ သောအခါ သစ္စာရှိသောအိမ်ထောင်ရှင်မများဖြစ်သွား၏။
ဤဓလေ့ မျိုးသည် ယခုခေတ်ကြီးမှ ပေါ်ပေါက်လာခြင်းမဟုတ်၊ ရှေးရောမခေတ်ကတည်းကအထင်အရှားရှိခဲ့ ၏။
 ရောမသူဋ္ဌေးဟူကြွယ်သမီးအချို့ သည် ပြည်တန်ဆာဘ၀ကို ခေတ္တသက်ဆင်းကြသူတွေမနည်းလှချေ၊အချို့ ဆိုလျှင်သူတို့ ကြိုက်သော ယောက်ျားများကို အိမ်တွင်း သိသန့် ထား၏၊ပြီတော သူတို့ သဘောရှိ။ ရှေးခေတ် ခရူးဆိတ်စစ်ပွဲသွား တပ်မတော်သားများက သူတို့ ဇနီးမယားတို့ ကို သံလှောင်အိမ်ဖြင့် သောခတ်ပြီး ထားကြသလို ယောက်ျားများကို လည်း သူတို့ လိုသလိုလှောင်ထားတက်ကြသည်ဟုဆို ပါသည်။
အချို့ ဆိုလျှင် ခြေထောက်တွေဘာတွေညောင်းကုန်သည်.စိတ်ကတော့ မကျေနပ်သေးချေဟုဆိုတက်ကြသည်။ဒီလိုဝေဒနာမျိုး ခံစားနေရသူတွေ ယခုခေတ်တွင်အတော်ပေါပေါများများရှိ၏၊ လူသားတို့ ကို အန္ဒရာယ်ပြုလောက်အောင်
သောင်းကျန်းသဖြင့်  သူတို့ လူစားမျိုးကို ဇနီး(သို့ )ယောက်ျားအဖြင့် ရွေးထားဖို့ ကြောက်စရာကောင်းလှပါသည်။
 (ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)
(လက်တလော ပြည်တော်ပြန်ဖို့ အတွက်အလုပ်ရှုပ်နေပါသည်၊ ကိုယ်တိုင်ရေး ပိုစ့် များ မတင်နိင်သေးပါ )
Wednesday, November 16, 2011
မလိုလားအပ်သော အပျိုစင်ဘ၀များ
ယခုခေတ်အရှေ့ တိုင်းနိင်ငံများမှအယူအဆများသည် အိမ်ထာင်ပြုမည့်  ဇနီးလောင်းသည် အပျိုစင်ဖြစ်ရမယ်ဟု
ဆိုလေ့ ရှိသည်။
သိုသော်ဤဓလေ့ ကို လူမျိုးအားလုံးက လက်မခံကြ၊ ဥပမာ မာကိုပိုလို၏မှတ်တမ်းတွင် တစ်ခေတ်ကတိဘက်နိင်ငံတွင် မည်သည်ယောက်ျားကမှ အပျိုစင်ကိုဇနီးမယားအဖြစ်လက်မခံကြချေ။
အာဖရိကအရှေ့ ဖက်ကမ်းခြေမှ အာကမ်သာဆိုသော လူမျိုးများမှာလည် အပျိုစစ်ထက် ကိုယ်ဝန်ရပြီ အမျိုးသမီး
များမှာ မျက်စိမျက်နှာပွင့် လန်းသည်၊သားသမီးရဖို့   စွမ်းအင်အပြည်ရှိသော မိန်ကလေးအဖြစ် ယောက်ျားတိုင်က
ဇနီးမယာအဖြစ်ရလိုကြသည်။(......)နိင်ငံများမှ လူမျိုးများကြတော့  ကလေးမီးဖွာပြီး မိန်းမများကိုမှ ဇနီးမယား
အဖြစ်သိမ်းပိုက်လိုကြသည်။
လူရိုင်းအတော်များများတွင် အမျိုးသမီးများကို ယောက်ျားပေါင်းစုံဖြင့်  ဧည့်ခံစေပြီ အများနှစ်ခြိုက်ကာ ရွာ၏ကွမ်း
တောင်ကိုင်၊ပန်းတောင်ကိုင် သဘောမျိုးထာပြီး အမြတ်တနိုးလေးစားခြင်း ခံရတက်သည်ဆိုသည်။ အဆိုပါအမျိုးသမီးမျိုးကို အပိုင်ရရှိသောယောက်ျားကို တရွာလုံးက ဖိုးစွံအဖြစ် သတ်မှတ်ခြင်းခံရသည်ထိ ဖြစ်တက်သေးသည်။
ဂျပန်နိင်ငံမှလည်း ဤအယူအဆရှိခဲ့ သည်၊ အချို့ သောဧည့် ခံမယ်များသည်သူဋ္ဌေးများ၏ အပျော်မယားအဖြစ်
ငွေနှင့် ဝယ်ယူသိမ်းပိုက်ခံရသည်။ထိုမိန်းမများသည် လူအများကိုလက်ခံ ၊ဆက်ဆံပြီးသူများဖြစ်ရသည်ဆိုသည်၊
ဒါကအတွေ့ အကြုံများသော မိန်းမသည် ယောက်ျားကိုပြုစုရာတွင် ပိုပြီကျွမ်းကျင်လိမ္မာသောကြောင့် ဖြစ်သည်။
(ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)
Wednesday, November 9, 2011
ဒေါ်စု ဖက်ကို မျှားဦး လှည့်ချင်သူများ
ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦး လှည့်ပြီး တိုက်ခိုက် ဝေဖန်ဖို. စတင် ခြေလှမ်းတွေ ပြင်ဆင်နေပါပြီ။။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့်သူတွေဟာ လူတချို. ထောက်ပြနေသည့် သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမှာတဲ့ Hard Liners အုပ်စုတွေတွေ စစ်ဗိုလ်ချုပ်တွေ မဟုတ်ပဲ ဒေါ်စုကို တချိန်က ပွဲထုတ်ပြီး ရှေ.တန်းတင်ကာ လုပ်စားခဲ့သည့် အတိုက်အခံ အုပ်စုတွေဖက်က ဖြစ်ပါသည်။ အများစုကတော့ ပြည်ပ အခြေအစိုက် အဖွဲ.အစည်းတွေနဲ. သတင်း မီဒီယာတွေက များပါမည်။
ရန်ကုန်မှာ လုပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်တာဟာ “ ဟန်ပြသက်သက် လုပ်တာ မဟုတ်လားလို.” BBC မြန်မာပိုင်း သတင်းထောင် ကိုချိုက မေးခွန်း ထုတ်လာပါသည်။
ဒီမေးခွန်းကို ခင်မောင်ညို( ဘောဂဗေဒ)ကို မမေးသင့်ပဲ သတင်းထောက်အနေဖြင့် သတ္တရှိရင် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ.က ထိပ်ပိုင်း ခေါင်းဆောင်တွေကို မေးကြည့်ပါလား။ ဟန်ပြသက်သက်လုပ်တာလား။ ဘာလားဆိုတာ သူများကို တဆင့်ခံပြီး စကားလုံးနဲ. ထောက်မည့်အစား။
ပြည်ပ အခြေစိုက် Mizzima သတင်းဌာနကလဲ  “The Fall of a Symbol, The Rise of the Politician” ဆိုတဲ့ ခေါင်းစဉ်တခုနဲ. နိုင်ငံခြားသူ ဒိန်းမတ် ကျောင်းသူတဦး- Lea Friedberg ရေးတဲ့ ဒေါ်စု၏ အနာဂတ်ကို ခပ် ဖွဖွလေးနဲ. စကားလုံးတွေနဲ. ခြေထိုးလိုက်ပြန်ပါသည်။ တကယ်လို. လက်၇ှိ အစိုးရနဲ. ပူပေါင်းဆောင်ရွက်ပြီး လုပ်မယ်ဆိုရင် ရွေးကောက်ပွဲတွေ ၀င်မယ်။ အစိုးရ ၀န်ကြီးတာဝန်တွေ ယူလာမယ်ဆိုရင် နိုင်ငံရေးသမားတဦးအနေဖြင့်တော့ မြင့်တက်လာနိုင်ပေမယ့် တချိန်းတည်းမှာ ဒေါ်စုဟာ တိုင်းပြည်အတွက် သင်္ကေတ တခုအဖြစ်ကနေ ကျဆုံးသွားမယ်လို. သုံးသပ်လာတာပါ။ ဒါဟာလဲ ဒေါ်စုကို Democracy Icon & Freedom Icom အဖြစ် တင်စားပြီး နိုင်ငံတကာ ဈေးကွက်မှာ ပြစား လုပ်စားခဲ့သူတွေအတွက် တကယ်လို.သာ ဒေါ်စုက ဦးသိန်းစိန် အစိုးရနဲ. လက်တွဲပြီး ပူးပေါင်းသွားမယ်ဆိုရင် အခုလိုမျိုးနဲ. ဆွဲချဖို. Icon တခုအဖြစ် ဆက်မထားချင်တဲ့ မမြင်လိုတဲ့သူတွေရဲ့ ခပ်ပါးပါး လမ်းကြောင်းပေး ပြောဆိုရေးသားချက်တွေပါ။ ဒီအထဲမှာ နိုင်ငံခြားသားတွေ မြန်မာ့အရေး လုပ်နေပါတယ်ဆိုတဲ့အဖွဲ.တွေ NGOs တွေဟာလဲ ဒေါ်စုကို လက်ရှိ အစိုးရနဲ. တစားထဲ ထားပြီး တန်းညိကာ အိုက်ကွမ်-ICOM စံပြ သင်္ကေတာ-Symbolic Leader နေရာကနေ ဖယ်ရှားလိုတဲ့ သဘောထားတွေကို ထင်ဟတ်နေပါသည်။
“မြန်မာနိုင်ငံအနေဖြင့် ပုဂ္ဂိုလ်ရေးကို အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေးကို ပြောင်းလဲဖို. လိုတယ်” လို. NCGUB ပြည်ပရောက် အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ဒေါက်တာ သောင်းထွန်းကလဲ ပြည်ပ သံလွင့်ဌာနတခုကနေ စတင်ပြီး ဒေါ်စုကို ဗဟိုပြုတဲ့ နိုင်ငံရေးကို ဝေဖန်လာပါပြီ။ သူကိုယ်တိုင်ကတော့ ပြည်ပ အစိုးရအဖွဲ.၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးကို ရာသက်ပံ ရယူထားတဲ့အပြင် တကယ်ဆိုရင် UN အထွေထွေ အတွင်းရေးမှူးချုပ်တွေသာ ပြောင်းသွားတယ် သူကတော့ ဒီရာထူး UN Shadod Ambassador နေရာကို NCGUB အစိုးရအဖွဲ. စပြီး ဖွဲ.ကတည်းက ယူထားသူပါ။
ဒီထက် စိတ်ဝင်စားဖို.ကတော့ လက်ရှိ NGGUB အစိုးရအဖွဲ.၏ ၀န်ကြီးချုပ်ရာထူးကို ဒေါက်တာ စိန်ဝင်းဟာ စပြီးဖွဲ.စည်းခဲ့တဲ့ ၁၉ ၉ ၀ ကနေ ၂၀၁၁ ခုနှစ်အထိ ပေးထားခဲ့ ယူထားခဲ့ ခန်.ထားခဲ့တာကရော ဒေါက်တာ စိန်ဝင်းက ထွက်သွားတဲ့ အမတ်တွေထဲမှာ အတော်ဆုံး အရည်အချင်း အရှိဆုံးမို. NCGUB ၀န်ကြီးချုပ်ရာထူးကို ရာသက်ပံ ပေးထားတာလား ဒေါက်တာ သောင်းထွန်းတို. ပြောသလို လူပုဂ္ဂိုလ်အရ ပေးထားတာလား ရှင်းပြဖို. လိုပါမည်။ ဒေါက်တာ စိန်ဝင်းဟာ ဗိုလ်ချုပ် အောင်ဆန်း၏ တူ၊ အာဇနည် ဦးဘ၀င်း၏ သား၊ ဒေါ်အောင်ဆန်းစုကြည်၏ မောင်ဝမ်းကွဲတော်သူ ဖြစ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်ရေး အစဉ်အလာ ကြီးမားမှုကြောင့် ပုဂ္ဂိုလ်ရေးကို အခြေခံပြီး နေရာ ပေးထားခြင်း မဟုတ်ပါလား။ တကယ်လို. ဒေါက်တာ သောင်းထွန်းအနေဖြင့် မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး အခြေခံတဲ့ နိုင်ငံရေးကနေ ပေါ်လစီ မူဝါဒကို အခြေခံတဲ့ နိုင်ငံရေး လုပ်သင့်တယ်လို. တကယ် ယုံကြည်လိုက်ခံနေရင် တခြားသူတွေကို ထောက်ပြတာထက် ကိုယ့်အဖွဲ.အစည်း ကိုယ် ကိုယ်တိုင် ကိုယ်စားပြုနေတဲ့ အဖွဲ.အစည်းကို ဒီအတိုင်းဖြစ်အောင် အရင် လုပ်ပြလိုက်ပါ။
မြန်မာနိုင်ငံရှေ.နေများကောင်စီ-BLC အဖွဲ.က ခေါင်းဆောင်ဆိုတဲ့ ဦးအောင်ထူးက လက်ရှိ အစိုးရ အဖွဲ.ကနေ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ပြင်ဆင်ချက်တွေနဲ. ပတ်သက်ပြီး ဝေဖန် ထောက်ပြရာမှာလဲ  “ဥပဒေမှာ မပါတဲ့အချက်အလက်တွေကို ပြောဆိုရာ ရောက်တယ်”လို. NLD အဖွဲ.၏ ပြောရေးဆိုခွင့်ရှိသူ ရှေ.နေ ဦးဥာဏ်ဝင်းက ပြည်ပ သတင်းဌာနတခု၏ အပြန်အလှန် ဆွေးနွေးမှုမှာ ထောက်ပြခဲ့ပါသည်။ BLC  ဦးအောင်ထူးရဲ့ အဆိုရ ပြောရင်တော့ အခု ပြောင်းလဲ ပေးလိုက်တဲ့ အချက်တွေဟာ ဘာမှ မထူးခြားတဲ့အပြင် ၂၀၀၈ ကို လေးစားလိုက်နာမယ်လို. ခံဝန် လက်မှတ်ထိုးလိုက်တာကြောင့် မြန်မာပြည်၏ ဒီမိုကရေစီ လူ.အခွင့်အရေးနဲ. တရားဥပဒေ စိုးမိုးရေးတွေကို ဥက္ခာပြုလိုက်ရာရောက်တယ် ဆိုပြီး နိုင်ငံရေးအရ ကြည့်ကာ ဥပဒေကြောင်းအရ မသုံးသပ်ဖဲ ကိုယ်လိုရာကို ဆွဲပြောသွားပြန်ပါတယ်။
ဒါကြောင့် NLD အဖွဲ.နှင့် ဒေါ်အောင်ဆန်းစုကြည်တို. ပါတီ တရားဝင် မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်လို. ဆုံးဖြတ်လိုက်ရင်ဖြင့် ဒေါ်စုကို မျှားဦးလှည့် ပြီး ဝေဖန် တိုက်ခိုက်ကာ နိုင်ငံရေး နယ်ပယ်ကနေ စွန်.ခွာအောင် လုပ်မည့်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန်.ကျင်ခဲ့ပြီး အစိုးရ လုပ်သမျှ NO NO NO လုပ်ခဲ့တဲ့ ပြည်ပ အခြေစိုက် အတိုက်အခံ အဖွဲ.တွေက ခေါင်းဆောင်တွေက ပိုများမည် ဖြစ်ပါသည်။ လူတွေ ပြောတဲ့ ဦးသိန်းစိန်အစိုးရ အဖွဲ.ထဲက သဘောထား တင်းမာသူတွေရဲ့ ထိုးနက်ချက် ဝေဖန် တိုက်ခိုက်မှုတွေထက် ဒေါ်စုကို အကြောင်းပြုပြီး လုပ်စားခဲ့သူ လုပ်စားနေသူ လုပ်စားဖို. ဆက် ကျိုးစားနေသူ နေရာ ရရှိနေတဲ့ Status Quote ဖြစ်နေသူတွေသာ ဖြစ်ပါမည်။ မကြာခင် စောင့်သာ ကြည့်ပါ ဒီ ခန်.မှန်း ပြောဆိုချက်တွေ မှန် မမှန်ကိုပေါ့။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး ဝေဖန် တိုက်ခိုက်မည့် နိုင်ငံရေး ပြိုင်ဖက်တွေဟာ အစိုးရအဖွဲ.အတွင်းက သဘောထား တင်းမာသူ စစ်ဗိုလ်ချုပ်တွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ မဟုတ်တော့ပဲ ဒေါ်စုကို တချိန်က ခေါင်းပေါ်တင်ခဲ့ပြီး ကမ္ဘာ ပတ် လုပ်စားသူတွေ ဒေါ်စု မျက်နှာ စွပ်ပြီး နိုင်ငံတကာမှာ အကူအညီတွေ အထောက်အပံ့တွေ ယူခဲ့သူတွေဟာ ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ပစ်မတ်တွေထားပြီး ဖယ်ရှားဖို. စတင် ခြေလှမ်းလာခြင်း ဖြစ်ပါသည်။
အဲဒီ အုပ်စုတွေထဲမှာ သေခြာပေါက် ပါလာမည့်သူတွေကတော့ အစိုးရ လုပ်သမျှကို NO  လုပ်တာပဲ သိတဲ့ NO အုပ်စုက သဘောထား တင်းမားသူတွေ၊ လက်ရှိ ပြည်ပ နိုင်ငံရေးကို အနှစ် ၂၀ ကျော် ဦးဆောင်မှု ခေါင်းဆောင်ပိုင်းနေရာကို ရရှိထားတဲ့ နယ်စပ်နဲ. ပြည်ပ အခြေအစိုက် မြန်မာအတိုက်အခံ အဖွဲ. တချို.နဲ. အဲဒီ အဖွဲ.တွေက ခေါင်းဆောင်ဆိုသူတွေ။ NDDP ဒေါ်ခင်ဥမ္မာတိုလို၊ အမျိုးသမီးအဖွဲ.ချုပ်က ဒေါ်သင်းသင်းအောင်တို.လို၊ နောက်တခုကတော့ တိုင်းရင်းသား လက်မှတ် ကိုင်ပြီး ကမ္ဘာပတ်နေသူတချို. ဇိုရာဖန်တို. နမ်း ချန်ထောင်းတို. အုပ်စုတွေ၊ မြန်မာ့အရေး လုပ်နေတယ်ဆိုတဲ့ နိုင်ငံခြားသား အဖွဲတွေ=AlterAsean က မလေးရှားသူ ဒေဗီစတောဟတ်တို.အုပ်စု၊ Burma Campaign For UK က Mark Fermanar Anna Robertတို.၊ US Campaign For Burma က နိုင်ငံခြားသား ၀န်းထမ်းတချို.၊ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပညာရှင်လို. ဆိုတဲ့ ဒေါက်တာ ဇာဏီတို. လို မကြက် တကြက် ပေါင်မှုံ. အုပ်စုတွေ၊ ပြည်ပ သတင်းဌာနနဲ. အသံလွင့်ဌာနက လခစား ဖားတပိုင်း ငါးတပိုင်း သတင်းထောက် လိုလိုနဲ. နိုင်ငံရေး လုပ်နေတဲ့ အုပ်စုတွေ ဖြစ်ပါမည်။
ဒီလူတွေက တချိန်က ပြောခဲ့သလိုပဲ ဒေါ်စုဟာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလဲ ဖြစ် ကိုယ်တိုင်လဲ အရည်အချင်းရှိတဲ့ နိုင်ငံတကာနဲ. ပြည်သူတွေ၏ ထောက်ခံမှုကို ရရှိထားတဲ့ အမျိုးသမီးဖြစ်လို. ဦးနေ၀င်းတို. ဦးသန်းရွှေတို.ဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးကို မနာလိုဖြစ်ပြီး အခုလို နေရာ မပေးပဲ ဖယ်ရှားထားတာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသား မြန်မာပြည်က ပြသာနာတွေ အမျိုးသား စည်းလုံးညွတ်ညွတ်ရေးတွေကို ဖြေရှင်းပေးနိုင်မည့် တိုင်းရင်းသားတွေပြည်သူတွေ၏ ယုံကြည်မှုကို ရရှိထားတဲ့ Burma Trusted Icon Leader ဆိုပြီး ချီးမြှောက်ခဲ့ ဂုဏ်ပြုခဲ့သူတွေပါ။  အခုတော့ အဲဒီ လူတွေပဲ ဒေါ်စုကို ဆွဲချဖို. အရောင် ဆိုးဖို. ဘေးခြောင်ထိုးဖို. ကျိုးစားမည့်သူ ဝေဖန် တိုက်ခိုက် ထိုးနက်မည့်သူတွေ ဖြစ်ပါသည်။ 2010 ရွေးကောက်ပွဲတုန်းက အဖွဲ.ချုပ်က NO လုပ်ခဲ့လို. သဘောကျပြီး အားပေး လက်ခုတ် တီးခဲ့သော်လဲ အခု တချိန် ပါတီ ပြန်ပြီး မှတ်ပုံတင်မယ် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို အရင်ဆုံး အပစ်တင်ပြီး ဆဲချင်သူတွေကတော့ သဘောထား တင်းမာတဲ့ ထိပ်ပိုင်း အတိုက်အခံ ခေါင်းဆောင်တွေပဲ ဖြစ်ပါသည်။
ထိပ်ပိုင်းလောက်သာ နိုင်ငံရေးအရ အပြောင်းအလဲ ဖြစ်ယုံနဲ. မရဖူး။ ဒေါ်စုတို. အဖွဲ.ချုပ် NLD  တို.လောက်နဲ. အစိုးရတို.အကြား ရင်ကြားစေ့ ပူးပေါင်းဆောင်ရွက်ယုံဖြင့် မပြီးဘူး ဆိုတဲ့ အရာတွေနဲ. ထောက်ပြကာ ဒေါ်စုကို ကြပ်ဖို. အဖွဲ.ချုပ်ကို မီးကင်မည့်သူတွေသာ ဖြစ်လာမည်။  နောက်တခုကတော့ လူအခွင့်အရေးဆိုတဲ့ အချက်တွေနဲ. ဘင်္ဂါလီကိစ္စတို. အမျိုးသမီးအရေးတို. ပြည်တွင်း စစ်ရပ်စဲရေး စတဲ့ ပြောဆိုချက်တွေနဲ.ပဲ ဒေါ်စုတို. အစိုးရနဲ. အတူတူ လက်တွဲ လုပ်သွားပေမည့် အဖွဲ.ချုပ် NLD တို. ပါလီမန်ထဲသာ ရောက်သွားပေမည့် မြန်မာပြည် ပြသာနာတွေ လူ.အခွင့်အရေးတွေ ဒီမိုကရေစီနဲ. ငြိမ်းချမ်းတွေက ဘာမှ မတိုးတက်လာဖူး မပြောင်းလဲ လာဖူး။ သာမန် ပြည်သူတွေ၏ လူနေမှုဘ၀ ဆင်းရဲ မွဲတွေမှုတွေ ၀န်ထမ်းတွေ၏ အဂတိလိုက်စားမှုတွေက အရင်အတိုင်းပဲ ရှိနေသေးတယ်ဆိုတဲ့ အချက်တွေကို ကိုင်ပြီး ဒေါ်စုကို ချိုင်ဖို. ခြေလှမ်း စတင်နေပါပြီ။ ပါတီအတွင်းမှာ ဒီမိုကရေစီ မရှိဘူး။ ဒေါ်စု ဘေးမှာ အနီးကပ် ၀ိုင်းရံနေသူတွေဟာ အောက်ခြေ လူထု၏ အသံတွေကို နားမထောင်ဘူး စတဲ့ စွပ်စွဲချက်တွေ ဝေဖန်ချက်တွေ မကြာခင် ဒီထက် ပိုပြီး ညံလာတော့မည် ဖြစ်ပါသည်။
 ဒေါ်စုနဲ. အဖွဲ.ချုပ်ကို သူတို.အတွက် ဈေကွက်ဝင်ပြိုင်မည့် ဈေးကွက် ၀င်လုမည့် သူတွေလို. ယူဆလာမည် ဖြစ်ပါသည်။ အစိုးရအနေဖြင့် နိုင်ငံတကာ Market ကို လက်ရှိ ပြည်ပ အဖွဲ.အစည်းတွေ ခေါင်းဆောင်တွေ ချုပ်ကိုင်ထားတာတွေကို ၀င်ပြိုင်ဖို. ၀င်ပြိုင်နိုင်စွမ်း မရှိပါ။ သို.သော် ဒေါ်စုနဲ. အဖွဲ.ချုပ်သာလျင် နိုင်ငံတကာ ဈေးကွက်ကို လက်တွေ. ထိုးဖေါက်လာမယ် နေရာယူလာမယ် ပြည်တွင်းကနေ တိုက်ရိုက် လူငယ်တွေ ကိုယ်စားလှယ်တွေ စေလွတ်ပြီး နိုင်ငံတကာ စင်ကို ၀င်လာနိုင်တာမို.လဲ ဒီလို ဖြစ်လာမှာကို သိနေတဲ့ ကြောင်ပါးတွေက စားကျက် ပျောက်မယ်ထင်ပြီး ကန်.ကွက်တာလဲ ဖြစ်နိုင်ပါသည်။ ဒေါ်စုအရှိန် အဖွဲ.ချုပ် အရှိန်နဲ. ပြည်တွင်းမှာ တရားဝင် နေထိုင်ပြီး တရားဝင် ရပ်တည်နိုင်တဲ့ ပါတီလဲ ဖြစ်မယ် အစိုးရကလဲ နှောက်ယှက်တာ ဟန်.တားတာတွေ မလုပ်ဖူးဆိုရင် အခုအခါ ပြည်ပမှာ မင်းမူနေတဲ့ ကြက်ဆူပင် ခေါင်းဆောင်များဟာ ပြည်တွင်းက လာမည့် ဒေါ်စုနဲ. အဖွဲ.ချုပ်ကို ဘယ်လို လုပ်ပြီး နိုင်အောင် လုပ်နိုင်မှာလဲ။ ဒီတော့ ထိပ်တိုက် တွေ.ပြီပေါ။ ဒါကြောင့်လဲ လက်ဦးမှု ရအောင် စကားတွေ လမ်းကြောင်းပေးပြီး ခပ် ပါးပါးလေးနဲ. ထိုးစစ် ဆင်လာတဲ့သဘောပါ။
ဒါကြောင့် ဒေါ်စုကို မျှားဦးလှည့်ပြီး နိုင်ငံရေးအရ စင်ပေါ်ကနေ ဆွဲချဖို. လုပ်နေတဲ့ ပြည်ပ အခြေစိုက် အင်အားစု တချို.နဲ. ခေါင်းဆောင်တချို.၏ သံစဉ်တီးဝိုင်းရဲ့ ဖျော်ဖြေမှုတွေ မကြာခင် ဆူဆူညံညံ အသံဗလံတွေ ပေးပြီး တီးခတ်လာတောမည်မှာ မုတ်ချအမှန် ဧကန် မြင်ရတော့မည့် အခြေအနေ ဖြစ်ပါကြောင်း နိုင်ငံရေး ဗေဒင် ဟောလိုပါသည်။
Udp Myanmar
 http://www.facebook.com/profile.php?id=1277373258
Monday, November 7, 2011
ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ဘယ်လဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး အားမလို၊အားမရဖြစ်နေသူတွေ ၀မ်းသာ
အားရ ၀င်ဖက်နေရင်တော့ အချိန်ကုန်နေယုံပဲဖြစ်နေမှာ ဖြစ်တဲ့ အတွက် ဆက်မဖက်ပါနဲ့ တော့ လို့  ကြိုတင်တောင်ပန်း
ပါရစေ.။။
မြန်မာပြည်ဖြစ် ဒီမိုကရေစီ စနစ်အရ လွပ်လပ်စွာ ရေးသာခွင့်ရှိနေပြီ ဆိုတော့ ကျွန်တော်ရဲ့ အတွေးအမြင်လေများ
ကို ဘလော့(ဂ်)ပေါ်တင်ကြည့် တာပါ၊ ဒေါ်အောင်ဆန်းစုကြည် ဘာလဲ၊ဘယ်လဲ  ကျွန်တော်လိုသာမန်လူတယောက်
် မမေးရဲပါဘူး။
သို့ ပေမယ့်  ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို
ပခုံးချင်ယှဉ်ပြီ တိုင်းထွာမေးမြန်းရဲ တဲ့ ပြည်တွင်း၊ပြည်ပ နိင်ငံရေးဂုရုကြီတွေ အားကျပြီး  ဒေါ်အောင်ဆန်းစုကြည်
 ဘာလဲ၊ဘယ်လဲလို့  မေးမြန်ဖို့ ဆိုတာ အဆတရာမက သာလွန်လှတဲ့ နိင်ငံရေးသမားများရဲ့  ၀ါဒတွေအောက်မှာ
 ကြက်ပျောက်၊ငှက်ပျောက် လုံးလုံးပျောက်သွားရပါတယ်..........။။
အွန်လိုင်းပေါ်ကနေ အာရပ်လှိုင်းစီမဲ့  ဆရာကြီတွေကို အားကျတယ်၊လူထုတိုက်ပွဲဆင်နွဲကြမယ့် ဆရာကြီတွေကို
လေးစားပါတယ်၊အထူသဖြင့်  ကိုယ်ထမင်းထုပ် ကိုယ်စွဲပြီး လမ်းမပေါ်ထွက်ရဲ တဲ့  လူထုများ ဦးညွှတ်မြဲပါ။
ဒါဆို မင်းကဘာကြောင့် မို့ ရေးရတာလဲ ဟု တစုံတယောက်သော နိင်ငံရေးသမားတယောက်က မေးလာခဲ့ မူ
ကျွန်တော်မစဉ်စားပဲ ဖြေမိမှာကတော့  မြန်မာနိင်ငံသားဖြစ်တဲ့ အတွက် မြန်မာနိင်ငံရေးဟာ ကျွန်တော်နဲ့ လည်း
သတ်ဆိုင်ပါတယ်ဟု ဖြေမိမှာပါ၊ အဘယ်ကြောင့်  ဆိုသော်  နိင်ငံရေးဆိုသည်မှာ နိင်ငံသားတိုင်း၏ အရေးဖြစ်သော
ကြောင့် ပင်တည်။တနည်းအားဖြင့်  ခရစ်တိုတယ်၏စကားနှင့် ပြောရလျှင် လူဆိုသည်မှာ နိင်ငံရေးသတ္တ၀ါဖြစ်သော
ကြောင့် ဖြစ်သည်။
ကျွန်တော်လို လူပြိန်းတယောက်ရဲ့  အမြင်အရ နိင်ငံရေးလှုပ်ရှားမှုတွေဆိုတာ တဦးနှင့် တဦး၊ တဖွဲ့ နှင့် တဖွဲ့ 
အယူအဆမတူညီကြပဲ လွပ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်၊ ရပ်ကွက်ထဲက ဘောလုံးပွဲလို၊ပရီးမီးယာ
ဘောလုံးပွဲတွေလို အားမလို၊အားမရ ဖြစ်နေသူတွေလဲ ၀င်ရောက်ဆင်နွဲလို့ ရပါတယ်၊ တကိုယ်တော် ဆန္ဒပြခြင်း၊
တကိုယ်တော်လှုပ်ရှားမှုများ၊မိမိနှင့်  သဘောထားခြင်း တိုက်ဆိုင်သောလူအများနဲ့  စုပေါင်း၍သော၎င်း.စသည်ဖြင့် ..
ဒီလိုမှမဟုတ်ပဲ  ငါတိုကိုအသိမပေးဘူး၊ ငါတို့ ပြောသလိုလဲ မလုပ်ဘူး၊ ငါတို့  က ဘေးကနေပိုပြီ အကွက်မြင်တယ်
ဆိုတဲ့  ဆရာ၊ဆရာကြီများကို အကြံပြုချင်တာကတော အရှေ့ တောင်အာရှဆိုတာ သူရဲကောင်းကိုယ်ကွယ်တဲ့ 
ဝါဒတွေ ရှိနေသေးပါတယ်၊ ဆရာကြီး ဒဂုန်တာယာရဲ့ စကားနဲ့ ပြောရလျှင် မင်းလည် ဒီမိုကရေးစီရဲ့  သူရဲကောင်း
ဖြစ်ခွင့် ရှိပါတယ်ပေါ့ ......။
လူထုတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့  ဆရာကြီများလည် လူထုထဲကို ဆင်းရဲမှရမယ် ထင်ပါတယ၊် ဒါမှအထွေထွေသပိတ်တွေ
ရောင်စုံသပိတ်တွေကို ကိုယ်တိုင်ဦးဆောင်၍သော၎င်း၊မိမိ၏ အဖွဲ့ အစည်းမှသော၎င်း တဆင့် ညွှန်ကြားပြီ လုပ်ဆောင်လျှင်
အတိုင်းအထက်အလွန် ကောင်းမွန်မည်ဖြစ်သည်၊ဒီလိုမှ မဟုတ်ပဲ အွန်လိုင်းပေါ်ကနေ ဆင်နွဲနေလျင် လူရယ်စရာဖြစ်နေမှာ
အသေအချာဖြစ်ပါတယ်၊
အာရပ်လှိုင်း စီးမယ်ဆိုသော ဆရာကြီများလည်း မြန်မာပြည်ရဲ့ လူဦရေအများဆုံးဖြစ်သော အခြေခံလူတန်စား၊
လယ်သမားများကို ဖေ့ ဘွတ်တွေ ၊တွစ်တာများ၊ဖိုရမ်များကနေတဆင့်  လှုံဆော်စည်းရုံးရအောင် ကွန်ပြူတာအများအပြား
ဖြန့် ဝေ၊အင်တာနက်သုံးတက်အောင် သင်ပေးဖို့ တော့ လိုပါတယ်...။
မြန်မာနိင်ငံကို ချစ်လွန်းလို့ သာ ပြောနေ၊ရေးနေရပါတယ် ပြည်ပမှာအေးအေးဆေးဆေး နေလို့ ရတယ်ဆိုပြီ
ဟိုလို လုပ်ပါလား၊ဒီလိုလုပ်ပါလားဆိုတဲ့  နိင်ငံရေးဂုရုလူကြီးများအတွက် မြန်မာနိင်ငံရဲ့  လူငယ်ထုကိုယ်စားပြောချင်
တာကတော့  နေသာသလိုသာ နေပါ ဆရာတို့ ရယ်လို့ ...........။။
ဒီလို ပြောလိုက်၊ရေးလိုက်တဲ့  အတွက် မင်းကဘာကောင်လဲ၊ငါက ဘာကောင်လဲ ဆိုပြီ အပြန်အလှန် ဆဲကြမယ်
ဆိုရင်ဖြင့်  ခဏလောက်တော့  စောင့် ပေးပါ၊ အစွန်းရောက် ဒီမိုကရေစီသမားများ၊ ပညာတော်သင် ညီအစ်အကို
တချို့ ဆီက ဆဲနည်းတွေ သင်ယူရပါအုံးမယ်..။။
ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိင်ငံရေးလုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီ ဘာလဲ၊ဘယ်လဲ လို့ မမေးခင် ကိုယ့်ကို
ကိုယ် ပြန်လည်သုံးသတ်ဖို့  လိုအပ်ပါလိမ့် မယ်၊ကိုယ်တိုင် အစွမ်းအစ ရှိရင်လုပ်တွေ့  လုပ်ပြပါ၊ ကိုယ်ထမင်းထုပ်
ကိုယ်ဆွဲပြီ လူဘယ်နှစ်ယောက်ပါလာမလဲလို့ ..လက်တွေ့ မပါပဲ ဘေးထိုင် ဘုပြောနေလျှင်တော့  အချင်းချင်း
စိတ်ဝမ်းကွဲနေယုံပဲ ရှိတော့ မှာပေါ့ .....။။
ဘာရယ်ညာရယ်တော့  ဟုတ်ပါဘူး ဆရာ၊ဆရာကြီးများလိုပဲ အွန်လိုင်းပေါ်မှာ ရေးကြည့် ပြောကြည့် တာပါ။
                           လေးစားလျက်
                                                    သျှင်နေမင်း
Friday, November 4, 2011
မြန်မာ့ သွေးမို့ ရဲရဲနီ
စင်္ကာပူစံတော်ချိန်
ည ၉း၂၅ မိနစ်
လာတဲ့  လူတယောက် ၊တကယ်တမ်း သူသွားနေတဲ့  လမ်းကြားလေးက သိပ်ပြီ safe မဖြစ်ပါဘူး၊ မူးရစ်သောက်စား
နေကြတဲ့  ထိုင်းလူမျိုးတချို့ ၊စီကရက် မှောင်ခိုရောင်းနေသော တရုတ်လူမျိုးတချို့ ၊မလေးရှာ ဂိုဏ်စတား များ
ဒီလမ်းကြာထဲမှာ ဗိုလ်ကျ လုယက်မှုတွေ မကြာခဏဖြစ်တက်လို့ ပါ ။
ခပ်သွက်သွက်လမ်းလျှောက်လာတဲ့  သူက ကျွန်တော်ပါ ၊အလုပ်ပြန်ချိန်နောက်ကျတဲ့  အတွက်ဒီလမ်းက ဖြတ်ပြီပြန်
လာခဲ့ တာပါ၊ လမ်းတ၀က်လောက်ရောက်ခါနီးကာမှ သိသိကြီးနဲ့  မှားမှန်သိသွားရပါတယ်၊ ဘာကြောင့် လည်ဆိုလျှင်
ကျွန်တော်ရဲ့ အရှေ့ မှာ လက်နက်အပြည့် အစုံနဲ့  မလေးဂိုဏ်စတား ၄ယောက်.....
ကျွန်တော်သွေးကြောင်ပြီ နောက်လှည့် ဖို့  မဆုံးဖြတ်ခဲ့ ပါဘူး၊ သူတို့ အဖွဲ့ ကို မသိချင်ယောင်ဆောင်ပြီး ခေါင်းငုံ့ ကာ
ဆက်လျှောက်သွားမိတယ်။
မြင်ကွင်းရှေ့ မှာ တွေ့ ရတာကတော့  ကျွန်တော်ထင်တဲ့ အတိုင်း တုတ်ခိုင်လှတဲ့  ခြေသလုံးတွေမှာ ဆေးမင်ကြောင်
အရုပ်ပြည့် နဲ့  မလေးဂိုင်စတားခေါင်ဆောင် သူရဲ့ နောက်မှာ ပေဆောင်ဆောင်ရပ်နေတဲ့  ချာတိတ် ၃ယောက်..
ကျွန်တော်ဖြစ်လာမယ့်  ပြဿနာအတွက် သွေးအေးအေးဆုံးဖြတ်ချက်တခု ချလိုက်တယ်၊ မြန်မာသတ္တိတော့ ပြရတော့ မယ်လို့ ..
အကယ်၍သာ သူတို့ နဲ့  ကျွန်တော်ရင်းနှီးလျှင် ပြောပြလိုက်ချင်ပါသေးတယ် ၊မြန်မာပြည်ရဲ့  ဆိုးသွမ်းလူငယ်ဘဝ
ကို ဘာကြောင့် ကျောခိုင်းခဲ့ ရတယ်ဆိုတဲ့ အကြောင်း၊ အသက် ၂၆ နှစ်အရွယ်ထဲမှာ ချိန်ပွဲတွေ၊အုပ်စုလိုက်ရန်ပွဲ
တွေ အခါ ၂၀ ထက်မက ဆင်နွဲခဲ့ ဘူတယ်ဆို့ အကြောင်းတွေပါ.။
ကျွန်တော် ရှေ့ တဲ့ တဲ့ မှာလာရပ်နေတဲ့  ဂိုဏ်စတားခေါင်ဆောင်က လုပ်သက်တော်တော်ရင့် နေပုံရပါတယ်။
သွေးအေးအေးနဲ့  ကျွန်တော်ကိုနှုတ်ဆက်လိုက်တယ်..
"ဟေ့  သူငယ်ချင်း အဆင်ပြေရဲ့ လား"
"ပြေပါတယ်..ငါ ဘာကူညီပေးရမလဲ"
"အို ဘုရားသခင်  ...မင်း ကြင်နာတက်သာပဲ" "ဘာ လူမျိုးလဲ"
"ငါ မြန်မာလူမျိုးပါ"
"ကောင်းပြီ..ဒါဆို မင်းမှာပါတဲ့  ပိုက်ဆံတွေရယ်၊ လက်ပတ်နာရီရယ် မင်းနားက အရောင်တွေလက်နေပါလား"
"စိန်နားကပ်လား"
"စိန် အတုပါ"
"ဟုတ်လား ဒါဆို အဲဒါပါ ချွတ်လိုက်"
"ငါ မပေးနိင်ဘူ ဆိုရင် မင်းတို့  ဘာလုပ်မလဲ"
"မင်း  အသားတွေနာကျင်ကုန်မှာပေါ့  ...နာစေချင်လို့ လား"
"ကောင်းပြီ...ငါမင်းကို ပေးပါ့ မယ့် "
"မင်း လိမ္မာသားပဲ"
သူကျေနပ်စွာနဲ့ ခါးထောက်ပြီ ကျွန်တော်ကိုကြည့် နေတယ်....
ကျွန်တော် ကျောပိုအိပ်ထဲကနေ ပိုက်ဆံအိတ်ရှာနေသလိုနဲ့  သူရဲ့  ပျော့ ကွက်တွေကိုရှာကြည့် နေမိတယ်...
"အကောင်နဲနဲကြီးရင် အားနဲနဲပဲ ဆိုက်ရတယ်ဆိုတာ လူမိုက်လောက ကထွက်လာတာပါ" အကြောင်းမဲ့ ဟုတ်ပါဘူး
တွေ့ လိုက်ပါပြီ ...သာမန်ထက်အနည်းငယ်ကြီးနေသော သူရဲ့ လည်ဇလုတ်ကို.........
တကိုယ်လုံးမှာ ရှိတဲ့ အင်အားများကို လက်သီးထဲကို ပို့ ပြီ အားကုန်လွဲထိုးချလိုက်တယ်....
"၀ှီး"
"အွတ်"
သူလည်ပင်း သူကိုင်ပြီး မျက်လုံးပြူ၊မျက်ဆံပြူနဲ့  နောက်ကို ၄ ၅လှမ်းခန့် ဆုတ်ပြီး ပစ်လဲကျသွာတယ်...
မလေး ချာတိတ် နှစ်ကောင် သူအနားကို ပြေးသွားပြီ ပွေ့ ချီနေတုန်း ...နောက်တယောက်က ကျွန်တော်ကို
စကိတ်ဘုတ်နဲ့ ပြေးရိုက်တယ်....
ကျောင်းသာဘ၀က ရန်ပွဲတွေနဲ့ ရင်းနှီးနေတဲ့  ကျွန်တော် ဒီအကွက်က ရိုးစင်းလွန်းနေပါတယ်......
အနားရောက်လာတဲ့  သူရဲ့ ရိုက်ချက်တွေကို အသာငုံ့ ရှောင်လိုက်ပြီ ကျွံဝင်လာတဲ့  ချာတိတ် မျက်နှာကို လက်ဖနောင့် 
နဲ့  ခပ်စပ်စပ်ရိုက်ထည့် လိုက်တယ်...
လက်ဖနောင့် မှာ ကပ်ပါလာတာကတော့  စေးကပ်ကပ်နဲ့ သွေးစများ.....
အဲဒီအချိန်မှာ ရိပ်ခနဲ ၀င်လာတဲ့ အရာ....
" ၀ှီး "
" ခွမ်း"
ကျွန်တော်ခေါင်းငုံ့  ရှောင်လိုက်ပေမယ့်   နောက်ကျသွားခဲ့ ရတယ်....
ဆံချည်မျှင်တွေရယ် တစက်စက်ကျလာတဲ့  သွေးစက်တွေရယ်  ...ဘီယာပုလင်းအကွဲအပိုင်းအစများ...
နောက် ချာတိတ်တယောက်က ကျွန်တော်ကို ခရစ်ကတ်ကစားတဲ့  တုတ်ချောင်းနဲ့ ပြေးဝင်ရိုက်ပြန်တယ်..
ဒီလိုအနီးကပ် တိုက်ခိုက်နည်းတွေမှာ ဗန်တိုတိုက်ကွက် ၃ကွက်လောက်နဲ့  အပြီးသတ်တိုက်ခိုက်လို့ ရပါတယ်..
ကျောင်းသာ ဘ၀က ဟိုစပ်စပ် ဒီစပ်စပ် သင်ယူခဲ့ ဘူတဲ့  သိုင်းကွက်တွေက ဒီနေရာတွေမှာ အသုံးဝင်သွားပါတယ်..
ကျွန်တော် ခေါင်းငုံ့ ရှောင်လိုက်ပြီး ရှေ့ တကွက်တက်ကာ  ချာတိတ်ရဲ့  ရှိုက်တည့် တည့် ကို အားကုန်ထိုးသွင်းပြစ်လိုက်တယ်.
"အွတ်"
ဆိုတဲ့ အသံနဲ့ အတူ ကတ္တရာလမ်းမပေါ်မှာ ခွေကနဲကျသွားတယ်....
နောက် မောင်းချဓားကိုင်ထားတဲ့  ချာတိတ်တယောက် ကျွန်တော်ကို အထူးအဆန်းသတ္တ၀ါ တကောင်လို ကြောင်ပြီးကြည့် နေတယ်...
ပွဲသိမ်းသွားပြီဆိုတာ ကျွန်တော်သိလိုက်ပြီ...ရန်ပွဲက သိပ်တော့ မကြာလိုက်ပါဘူး..
ဒီချာတိတ် ကျွန်တော်အနားကို မလာနိင်ပါဘူး  အဖွဲ့ ကောင်းလို့ သာ ဂိုဏ်စတားလုပ်နေတာ  သတ္တိမရှိပါဘူး....
ကျွန်တော် ကျောပိုအိတ်ကို ကောက်ယူလိုက်ပြီ ချာတိတ်ကို နှုတ်ဆက်လိုက်တယ်...
"မင်း သူငယ်ချင်းတွေ ကံကောင်းပါစေ"
ခပ်သွက်သွက်ထွက်လာခဲ့ တယ်..ဒီလမ်းက နောက်တကြိမ်ကြရင် ကျွန်တော်အတွက် သေမင်းတမန်လမ်းကြားဖြစ်သွာနိင်ပါတယ်..
ရီဝေေ၀မူးနောက်နောက်နဲ့  ခေါင်းကိုအနိင်နိင်ထိန်းရင်း သိပ် မဝေးတဲ့  အဆောင်ဖက်ကို လမ်းလျောက်ပြီ ပြန်လာခဲ့ တယ်.
အဆောင်ထဲရောက်တော့  အားလုံးအိပ် နေကြပြီ...ကျွန်တော်လည် ရေးချိုးခန်းထဲ တန်းဝင်ပြီ ခေါင်းက ဒဏ်ရာကို ကြည့် လိုက်တယ်..
စိုရွှဲပြီ စေးကပ်နေတဲ့ သွေးတွေ ဦးခေါင်းမှာရော အင်္ကျီမှာပါ ရဲရဲတောက်နေလို့ ပေါ့ ..
မှန်ထဲမှာ ကိုယ့်ကို ကိုယ်ကြည့် ပြီ တိုးတိုးလေပြောလိုက်မိတယ်..
"မြန်မာ့သွေးမို့  ရဲရဲနီနေသလား မသိဘူးလို့ ............."
                                           လေးစာလျှက်.................။ ။ ။
                                                            သျှင်နေမင်း...............။ ။ ။
Sunday, October 30, 2011
ကုလား ၊ တရုတ် ဟု ဘာကြောင့်ခေါ်
မြန်မာနိုင်ငံထဲကို ကုလားတွေထက်အရင် တရုတ်တွေသာ ၀င်ခဲ့ကြရင် တရုတ်နာမည်က ကုလားဖြစ်သွားမယ်။ ကုလားနာမည်က တရုတ်ဖြစ်သွားနိုင်ပါတယ်။ ကျနော်တို့တတွေ ငယ်စဉ်ကတည်းက အိန္ဒိယတိုင်းရင်းသား ကို ကုလား၊ ချိုင်းနားတိုင်းရင်းသားဆို တရုတ်လို့ ခေါ်လာခဲ့ကြတာ နှုတ်ကို ကျိုးလို့။ ထိုင်းကိုတော့ အယုဒ္ဓယကို အစွဲပြုပြီး ယိုးဒယားလို့ ခေါ်ခဲ့ကြတယ်လို့တော့ ကြားဖူးတာပဲ။ ဒါပေမယ့် ဘာကနေ ဘယ်လို ဖြစ်လို့ အိန္ဒိယကို ကုလား၊ ချိုင်းနားကို တရုတ်လို့ ခေါ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်းကိုတော့ တော်တော်များများက ခေါ်သာခေါ်နေကြတာ မသိကြဘူးလို့ ဆိုရမယ်ဗျ။ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းထဲမှာတော့ ဟိုရှေးရှေးက တရုတ်မန်ချူးစစ်သည် တွေဟာ မြန်မာတွေကို ၀င်ဝင်ဆော်လွန်းလို့ တရုတ်တရက် တွေလို့ ခေါ်ခဲ့ကြတာလို့တော့ မှတ်သားဖူးပါရဲ့။ တရုတ်တရက်ဆိုတာ သူပုန် လို့ ပြောတာတဲ့။ ထားပါတော့ ခုကျနော်ပြောပြမယ့် ကုလား၊ တရုတ် ဘယ်ကစ ဆိုတဲ့ဇာတ်လမ်းကတော့ သမိုင်းမှတ်တမ်းလည်း မဟုတ်လို့ ယုံသာ၊မယုံသာ အသာထား ဗဟုသုတစကား အဖြစ်သာ မှတ်ယူကြပါခင်ဗျား။
ဒီလိုဗျ... ဟိုရှေးရှေးအခါတုန်းကတော့ ကျနော်တို့ မြန်မာနိုင်ငံဆိုတာ တော်တော်ချမ်းသာကြတာကလား။ မြန်မာဘုရင်တွေဆီမှာဆို ပေါ်တူဂီစစ်သားတွေတောင် အမှုလာထမ်းကြတာလေ သိကြတယ်မို့လားဗျ။ အဲဒီအချိန်ကတည်းက ပြင်သစ်နဲ့ အင်္ဂလိပ်ကြီးတွေက မြန်မာဘုရင်တွေကို ချက်ကျောက်တွေ၊ ပိုးထည်တွေ လက်ဆောင်ပေးရင်း မြန်မာနိုင်ငံ အနေအထားကို ဘယ်ကစသိမ်းရမလဲ လေ့လာနေခဲ့ကြတာလေ။ အင်္ဂလိပ်ဆိုတာက သူတို့ကိုယ်သူတို့ လူမျိုးကြီးတွေလို့ ခံယူထားတဲ့ လူမျိုးတွေဆိုတော့ ခရီးသွားရင် ပစ္စည်းတွေ၊ ရိက္ခာတွေဆို အထမ်းသမားတွေနဲ့ပဲ သယ်ယူသွားလာကြတာ သိကြပေမပေါ့နော်။ အေးဗျ... အဲဒီမှာ
ပစ္စည်းတွေထမ်းဖို့ သူတို့နဲ့အတူ အိန္ဒိယလူမျိုးတွေ အထမ်းသမားအဖြစ်နဲ့ ပါလာကြတော့တာပါပဲ။ အဲဒီ ပစ္စည်းထမ်းတဲ့ သူတွေကို အင်္ဂလိပ်တွေက ကူလီလို့ ခေါ်ကြတာကို မြန်မာတွေ ကြားကြတယ်လေ။ ပြင်သစ်တွေကတော့ ကူလာ လို့ခေါ်ပြန်သတဲ့ဗျ။ ဒီတော့ အဲဒီကတည်းကစလို့ မြန်မာတွေကလည်း ဘုမသိ၊ဘမသိနဲ့ အိန္ဒိယလူမျိုးတွေ့ရင် ကူလီ၊ ကူလာ လို့ပဲ လိုက်ခေါ်ကြရာကနေ ခေတ်ကာလတွေ ရွေ့လျားလာရာက ခုခေါ်ဝေါ်နေကြတဲ့ ကုလား ဆိုတဲ့ ဝေါဟာရကို ပြောင်းလဲ ခေါ်ဝေါ်လာကြပြီး ခုထက်တိုင် အိန္ဒိယနိုင်ငံသားတွေကို ကုလားလို့ ခေါ်ကြတာ ဖြစ်ပါသတဲ့ဗျား။ သူတို့နဲ့ ရုပ်ဆင်တူပြီး အသားဖြူဖြူကြီးတွေကိုကျ ကုလားဖြူလို့ ခေါ်လိုက်ကြသတဲ့။ (အဲဒီမှာ မူကွဲနေတဲ့ အချက်တခုတော့ရှိသဗျ။ တချို့က အိန္ဒိယလူမျိုးတွေဟာ တဖက်ကမ်းကနေ ကူးလာကြတဲ့လူမျိုးဖြစ်လို့ ကူးလာ လို့ခေါ်ရာကနေ ကုလားလို့ ပြောင်းလဲလာတာ ရယ်လို့လည်း ပြောကြပါသေးတယ်။)
ချိုင်းနားလူမျိုးတွေကတော့ ဟိုး ပျူသရေခေတ္တရာ ခေတ်ကစလို့ နိုင်ငံတော် ဧကရာဇ်တွေ အချင်းချင်း သံသမန်ဆက်ဆံရေးတွေ ရှိခဲ့ကြပါတယ်။ အဲဒီတုန်းကတော့ ချိုင်းနားတွေကို Chi = စိ ၊ Na = န ၊ China = စိနတိုင်း၊ စိန့်တိုင်းရယ်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတယ်ဆိုတာ ပုရပိုက်မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။ အဲဒီလို ဘုရင်တွေအချင်းချင်း ကူးလူးဆက်ဆံမှုတွေ ရှိကြပေမယ့် နာမည်ပေးတော်တဲ့ မြန်မာပြည်သားတွေ ကြားကိုရောက်လာကြတာက ကုလား ခေါ် အိန္ဒိယလူမျိုးတွေထက် နောက်ကျသတဲ့ဗျ။ ဒီလိုနဲ့ ချိုင်းနားလူမျိုးတွေကို မြန်မာတွေက တွေ့လည်းတွေ့ရော ဟာ... ဒီလူမျိုးတွေကျတော့ ကုလားတွေနဲ့ မတူပြန်ဘူးဟ။ အသားက မမဲပဲ ဖြူနေကြသဟ။ နှာခေါင်းကလည်း မချွန်ပဲ ပြားနေကြသေးသဟ။ မျက်လုံးမျက်ခုံးကလည်း မတူပဲ မှေးနေကြသေးသဟ။ သူတို့ရုပ်တွေကျတော့ ကုလားတွေနဲ့ မတူ တရုပ်စီ၊ တခြားစီမို့ တရုပ်လို့ပဲ ခေါ်လိုက်ကြသတဲ့ဗျား။
ဒါကြောင့်မို့ လည်း မြန်မာနိုင်ငံထဲကို ကုလားက အရင်မရောက်ပဲ တရုတ်က အရင်ရောက်ခဲ့ရင် ချိုင်းနားက ကုလား ဖြစ်သွားမယ်။ အိန္ဒိယက တရုတ်ဖြစ်သွားမယ်လို့ ပြောကြတာပေါ့ဗျာ။ ကုလား၊တရုပ်လို့ ခေါ်ရခြင်းသမိုင်းလို့ ခေါင်းစဉ်ပေးထား ပေမယ့်လည်း သမိုင်းမှတ်တမ်းလည်း မဟုတ်သလို ရာဇ၀င်ကျမ်းဂန်ထဲမှာလည်း ရှိမရှိမသိလို့ ယုံးသာ၊မယုံးသာ အသာထား ဗဟုသုတစကား အဖြစ်သာ မှတ်သားတော် မူကြပါခင်ဗျား။
ကြယ်ဖြူ
Saturday, October 22, 2011
ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း (Critical Thinking)
စဉ်းစား တွေးခေါ်မှုတွင် ရှင်းလင်း သိမြင်အောင် တွေးခေါ်ခြင်း (Clear thinking)၊ ပြုပြင် ဖန်တီးနိုင်အောင် တွေးခေါ်ခြင်း (Creative thinking) နှင့် ရည်ရွယ်ချက် ပြည့်ဝအောင် တွေးခေါ်ခြင်း (Purposeful thinking) တို့သည် တစ်ဦး တစ်ယောက်၏ အရည်အသွေးနှင့် ကျွမ်းကျင်မှု တန်ဖိုးများ ဖြစ်ကြသည်။ လူသားတို့၏ နေ့စဉ်ဘ၀တွင် သတင်းအချက်အလက်များ လွှမ်းမိုးလျှက်ရှိပြီး ယင်းတို့တွင် မှားယွင်းသည့် သတင်းအချက်အလက်များ ရှိနိုင်သကဲ့သို့ မှန်ကန်သော သတင်း အချက်အလက်များလည်း ရှိနိုင်မည် ဖြစ်သည်။ သတင်းစာ၊ ရေဒီယို၊ တီဗွီ၊ အီးမေလ်၊ တယ်လီဖုန်း၊ အင်တာနက်၊ ဂြိုဟ်တုသတင်း၊ ဂျာနယ်၊ မဂ္ဂဇင်း စသည်တို့မှ ကွဲပြားခြားနားသော သတင်းအချက်အလက်များ နေ့စဉ် ၀င်ရောက်လျှက်ရှိသည်။ “စားကြည့် … အရသာ သိပ်ရှိတယ်”၊ “သုံးကြည့်လိုက်ပါ … တစ်ပတ်အတွင်း (၁၀) ပေါင် ကျသွားမယ်”၊ “ရင်းနှီးကြည့်လိုက်ပါ … ခင်ဗျားရဲ့ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ် အထိ ချမ်းသာသွားမယ်” အစရှိတဲ့ နေစဉ် ကြားနေရတာတွေ အားလုံးကို ယုံရတော့မှာလား။ မြင်သမျှ၊ ကြားသမျှ အားလုံးကို မယုံကြည်ရဘူးလို့ အားလုံး နားလည်ထားကြသော်လည်း များပြားလွန်သော အချက်အလက်တို့ကြောင့် စိတ်ဝင်စားမှု မရှိတော့လျှင် သို့တည်းမဟုတ် အဆိုးမြင်ဝါဒီ ဖြစ်သွားခဲ့လျှင်ကား ကံဆိုးခြင်းသာ ဖြစ်ပေတော့မည်။ မည်သို့မည်ပုံ စဉ်းစားရမည်နှင့် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို ခွဲခြားနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။
အမှန်တရားနှင့် အသိပညာသို့ ချဉ်းကပ်ခြင်း (Approach to Truth and Knowledge)
လူတစ်ဦး၏ ကျွမ်းကျင်မှု (Skill)၊ အယူအဆ (Attitude) နှင့် ချဉ်းကပ်ပုံ (Approach) တို့သည် သတင်း အချက်အလက်များကို တန်ဖိုးဖြတ်စေပြီး ဆုံးဖြတ်ချက် ချမှတ်နိုင်မည် ဖြစ်ပါသည်။ ပြဿနာ တစ်ရပ်ကို ဖြေရှင်းနိုင်ရန် အတွက် စဉ်းစား တွေးခေါ်ရာတွင် ချဉ်းကပ်မှု ပုံသဏ္ဌာန် အမျိုးမျိုး ရှိသည်။
ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် စဉ်းစား တွေးခေါ်ခြင်းတွင် ချဉ်းကပ်ပုံ အမျိုးမျိုး (Different approaches to thinking to solve a problem)
ခွဲခြမ်း စိတ်ဖြာ စဉ်းစား တွေးခေါ်ခြင်း (Analytical thinking) သည် ပြဿနာ တစ်ရပ်၏ ပါဝင် ဖွဲ့စည်းထားသော အစိတ်အပိုင်းများကို တစ်စစီ ခွဲခြား စဉ်းစားခြင်း ဖြစ်သည်။ မည်သည့် အပိုင်းက ပြဿနာ ဖြစ်စေသည်ကို ခွဲခြမ်း စိတ်ဖြာ ဆုံးဖြတ်ရမည် ဖြစ်သည်။ ပြုပြင် ဖန်တီးနိုင်အောင် တွေးခေါ်ခြင်း (Creative thinking) တွင် အသစ် တီထွင်ထားသော နည်းလမ်းများဖြင့် ပြဿနာကို မည်သို့မည်ပုံ ချဉ်းကပ်ရမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ ကျိုးကြောင်းပြ စဉ်းစား တွေးခေါ်ခြင်း (Logical thinking) တွင် အစီအစဉ်တကျ ယေဘုယျမှ အတိအကျ အဖြေရအောင် ကျိုးကြောင်း ဆင်ခြင်ခြင်းဖြင့် ရှင်းရှင်း လင်းလင်း သိရှိရန် စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ ဆန်းသစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း (Critical Thinking) တွင် မိမိ မည်သည့် အရာကို ပြီးမြောက်အောင် ကြိုးစားနေသည်။ အောင်မြင်ပြီးနောက် မည်သည့် အကြောင်းအရာကို သိရှိလာမည်ကို စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။ လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်း (Reflective Thinking) တွင် ပြဿနာ၏ အလုံးစုံ အဓိပ္ပာယ်က ဘာလဲဆိုတာ စဉ်းစား တွေးခေါ်ခြင်း ဖြစ်သည်။
ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို စဉ်းစား ဖြေရှင်းရာတွင်မူ ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းနှင့် လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်းကို အခြေခံပါသည်။ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း (Critical Thinking) ကို စဉ်းစားတွေးခေါ်မှုဆိုင်ရာ ကျွမ်းကျင်မှု၏ ဗဟိုချက်မ အဖြစ် ထားရှိပါသည်။ ဤစဉ်းစားတွေးခေါ်မှုသည် စနစ်တကျ၊ ရည်ရွယ်ချက် ရှိရှိ တာဝန်သိသိဖြင့် သီဝရီများ၊ အချက်အလက်များနှင့် အယူအဆများကို စိစစ်ရန် ကျွန်ုပ်တို့အား စိန်ခေါ်လျှက်ရှိသည်။ ဤစဉ်းစားတွေးခေါ်သည် အခြားသော စဉ်းစားတွေးခေါ်မှုများ၊ နည်းလမ်းများနှင့် ချဉ်းကပ်မှု ပုံစံများကို မျှဝေ ရယူသည်။ အရေးကြီးသော ကျွမ်းကျင်မှုနှင့် အယူအဆများကို ပေါင်းစပ် ဖြည့်ဆည်း ပေးသည်။ ထို့ပြင် စဉ်းစားတွေးခေါ်မှု ဖြစ်စဉ်ကို ချမှတ်ရာတွင် စနစ်တကျ စီမံချက် ရေးဆွဲရန်လည်း စိန်ခေါ်လျှက် ရှိသည်။
ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းသည် အငြင်းပွားနေသော အကြောင်းအရာများ၏ အဖြေထုတ်ခြင်းနှင့် ကြောင်းကျိုး ဖော်ပြချက် အမျိုးအမျိုးကို တန်ဖိုးဖြတ်ခြင်းတို့ အတွက် မဟာဗျူဟာကို ချမှတ်နိုင်ခြင်းနှင့် တိမ်မြုပ်နေသော အတွေးအခေါ်နှင့် နည်းလမ်းများကို ဖော်ထုတ်ခြင်းတို့တွင် အကူအညီ များစွာ ပေးနိုင်မည် ဖြစ်သည်။ ဆန်းသစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း ဆိုင်ရာ အမျိုးသားကောင်စီ (National Council for Critical Thinking) မှ ရစ်ချက်ပေါ (Richard Paul) က ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းကို အဆင့် (၁၀) ဆင့် ခွဲခြား ပြထားသည်။
၁။ သင်၏ စဉ်းစားတွေးခေါ်ခြင်း ရည်ရွယ်ချက်က ဘာလဲ။
(What is the purpose of your thinking?)
၂။ သင် ဖြေနိုင်ရန် ကြိုးစားနေတဲ့ မေးခွန်း အတိအကျက ဘာလဲ။
(What precise question are you trying to answer?)
၃။ သင် စဉ်းစားတွေးခေါ်နေတာက ဘယ်ရှုထောင့် အတွင်းကလဲ။
(Within what point of view are you thinking?)
၎။ သင် အသုံးပြုနေတဲ့ အချက်အလက်က ဘာလဲ။
(What information are you using?)
၅။ အဲဒီ အချက်အလက်ကို သင်ဘယ်လို အဓိပ္ပာယ်ဖော်ပါသလဲ။
(How are you interpreting that information?)
၆။ သင့်ရဲ့ စဉ်းစားတွေးခေါ်မှုက ဘယ် အယူအဆ (သို့မဟုတ်) အတွေးအခေါ်ကို ဗဟိုပြုထားတာလဲ။
(What concepts or idea are central to your thinking?)
၇။ ဘယ်လို အဖြေဆီသို့ သင် ဦးတည်ထားပါသလဲ။
(What conclusions are you aiming toward?)
၈။ သင် က ဘာကို အာမခံချက် ပေးမှာလဲ။ ဘယ်လို မှန်းဆချက် ပေးမှာလဲ။
(What are you taking for granted? What assumption are you making?)
၉။ သင် ဒီအဖြေကို လက်ခံခဲ့လျှင် ဘယ်လို ရိုက်ခတ်မှုတွေ ဖြစ်လာမှာလဲ။
(If you accept the conclusion, what are the implication?)
၁၀။ အကယ်၍ သင့် အတွေးအခေါ်ကို အကောင်အထည်ဖော်ခဲ့ရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာမှာလဲ။
(What would the consequences be, if you put your thoughts into action?)
သတိပြုရမည်မှာ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်း ဖြစ်သည်။ သင်ကိုယ်တိုင် အလေးအနက်ထား စဉ်းစားခဲ့ပြီး သင်ကိုယ်တိုင် အမှန်ကန် ဆုံးဖြတ်ခဲ့တာ ဖြစ်သည်။ ဆန်းစစ်ဝေဖန်သော စဉ်းစားတွေးခေါ်ခြင်းဖြင့် ပြဿနာတစ်ခုကို ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း၊ မိမိ လုပ်ဆောင်နေစဉ်မှာပင် တိုးတက်မှုကို ထောက်လှမ်း သိရှိနိုင်ခြင်းနှင့် မိမိ ချမှတ်ထားသော နည်းဗျူဟာကို တန်ဖိုးဖြတ်နိုင်ခြင်း အစရှိသော အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ဆန်းစစ်ဝေဖန် စဉ်းစားတွေးခေါ်နိုင်ရန် လိုအပ်သော အရည်အသွေးများ
ပါမောက္ခ ကာရင် ဂျေ ၀ါရင် (Professor Karen J. Warren) က အောက်ဖော်ပြပါ အရည်အသွးများ လိုအပ်သည်ဟု အကြံပေးပါသည်။
၁။ သံသယဖြင့် ရှုမြင်ခြင်းနှင့် ဘက်လိုက်မှု ကင်းခြင်း (Skepticism and Independence)
ကြားရတိုင်း ဖတ်ရတိုင်း မယုံပါနှင့်။ ကျွမ်းကျင်သူများပင် တစ်ခါတစ်ရံ မှားယွင်း တတ်သည်။
၂။ သဘောထားကြီးခြင်းနှင့် ပြောင်းလွယ် ပြင်လွယ်တတ်ခြင်း (Open-mindedness and flexibility)
ကွဲပြား ခြားနားသော အမြင်များကို ထည့်သွင်း စဉ်းစားခြင်းနှင့် အခြားသော ရှင်းပြခြင်းများကို လက်သင့်ခံခြင်း စသော အရည်အသွေးများ ရှိရမည်။ သင့် အမြင်နှင့် ကွဲပြား ခြားနားသော အမြင်များကို ငြင်းချက်ထုတ်ရန် ကြိုးစားခြင်းဖြင့် သင့် အမြင်တွင် ရှိနေသော အားနည်းချက်များနှင့် ကန့်သတ်ချက်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
၃။ တိကျခြင်းနှင့် စနစ်တကျဖြစ်ခြင်း (Accuracy and orderliness)
အကြောင်းအရာကို တိကျ နိုင်သမျှ တိကျအောင် ကြိုးပမ်းရမည်။ ပြဿနာ တစ်ခုလုံးကို တစ်စိတ်ချင်း၊ တစ်ပိုင်းချင်း စနစ်တကျ ဖြေရှင်းပါ။ သင် အသုံးပြုသော စံနှုန်းများကို စည်းကမ်း ချမှတ်ပါ။
၎။ မဆုတ်မနစ် ကြိုးပမ်းမှုနှင့် လျော်ကန် သင့်မြတ်မှု (Persistence and relevance)
အဓိက အချက်ကို ထိမိပါစေ။ လမ်းကြောင်း မလွဲပါစေနှင့်။ လမ်းကြောင်း လွဲနိုင်သော ပုဂ္ဂိုလ်ရေး ကိစ္စများကို ခွင့် မပေးပါနှင့်။ အချက်အလက်များက စိတ်ဝင်စားဖွယ်ရာ ကောင်းမည် သို့မဟုတ် မှန်ကန်မည် သို့သော် လျော်ကန် သင့်မြတ်မှု ရှိပါစေ။
၅။ ဆက်စပ် သိမြင်ခြင်းနှင့် စာနာကြည့်ခြင်း (Contextual sensitivity and Empathy)
အချက်အလက်များကို တန်ဖိုးဖြတ်ရာတွင် အခြေအနေ အားလုံး၊ လျော်ကန် သင့်မြတ်သော ဆက်စပ် သိမြင်ခြင်း၊ ခံစားသိခြင်း၊ ပညာ အရည်အသွေးနှင့် အခြားသူများ၏ အတွေ့အကြုံများကိုလည်း ထည့်သွင်း စဉ်းစားပါ။ အခြား တစ်စုံတစ်ယောက်၏ နေရာတွင် မိမိကိုယ်ကို ထား၍ မည်သို့ ခံစားရလိမ့်မည်ကို ခံစားကြည့်ပါ။
၆။ ပြတ်သားသော ဆုံးဖြတ်ချက်နှင့် သတ္တိ (Decisiveness and courage)
အဖြေ ထုတ်ပါ။ သက်သေ ခိုင်လုံလျှင် တိတိကျကျ ရပ်တည်ပါ။ တစ်ခါတစ်ရံတွင် သင်သည် ပိုမို တိကျသော သတင်း အချက်အလက်နှင့် ပိုမို၍ ကြောင်းကျိုး ဆီလျော်သော အချက်အလက်များ ရယူလိုသော်လည်း အခြေအနေပေးသော နေရာသည်သာ လုပ်ဆောင်ရန် အတွက် အခြေခံ ဖြစ်နေလေ့ရှိသည်။ သတ္တိရှိပါ။
၇။ မိမိကိုယ်ကို နှိမ့်ချခြင်း (Humility)
သင် မှားနိုင်သည်ကို သတိပြုပါ။ အနာဂါတ်မှာ ပြန်လည် စဉ်းစားဖို့ တောင်းဆိုလာ နိုင်သည်။ အဆုံးစွန် မှတ်ချက်ချဖို့ သတိထားပါ။ တစ်နေ့နေ့မှာ သင် ကိုယ်တိုင် စိတ်ပြောင်းလဲရန် လိုလာမည်။ ကိုယ့်ကိုယ်ကို နှိမ့်ချပါ။
ဆန်းစစ်ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်းတွင် ကျိုးကြောင်း ဆီလျော်မှု၊ အစီအစဉ် ကျနမှုနှင့် စနစ်တကျ ရှိမှုများ ပါဝင်သည့် အပြင် စာနာခြင်း၊ ခံစားသိခြင်း၊ သတ္တိရှိခြင်းနှင့် နှိမ့်ချခြင်း စသည့် လက္ခဏာများလည်း ဆောင်နေပါသည်။ ပတ်ဝန်းကျင် ဆိုင်ရာ သိပ္ပံပညာတွင် သာမန် ကျိုးကြောင်း ဆီလျော်မှု (Simple logic) ထက် ပိုသော အချင်းအရာများ ရှိပါသည်။ လွယ်ကူသည်တော့ မဟုတ်ပါ။ အကြိမ်ကြိမ် လေ့ကျင့်ရပါမည်။ ပညာရှိ ဂုဏ်သိက္ခာ(Intellectual integrity)၊ ဣနြေ္ဒ သမ္ပတိ္တ (Modesty)၊ မျှတမှု (Fairness)၊ အကြင်နာ မေတ္တာ (Compassion) နှင့် ခံနိုင်ရည် ဇွဲသတ္တိ (Fortitude) အစရှိသော ဂုဏ်ရည်တို့သည် ချက်ချင်း မရရှိနိုင်ပါ။ သင်၏ စဉ်းစားတွေးခေါ်မှုကို အရည်အချင်းများ ပုံမှန် တည်ရှိနေစေရန် အစဉ်တစိုက် မွေးမြူရမည် ဖြစ်ပါသည်။
ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်ခြင်း လုပ်ဆောင်ပုံ (Applying Critical Thinking)
တီဗွီကြေငြာမှာ “ဒီမုန့်ကို စားကြည့်ပါ သိပ်အရသာရှိ သိပ်ကောင်း၏” လို့ မြင်လိုက် တွေ့လိုက်ပြီ ဆိုပါစို့။ သင် ယုံမှား သံသယ ဖြစ်ပေါ်လာလျှင် မေးခွန်းများ ထုတ်ကြည့်ပါ။ ကောင်းတယ် ဆိုတာဘာလဲ၊ ဘယ်သူ့ အတွက် ကောင်းတာလဲ၊ ဘာ ကောင်းတာလဲ၊ အရသာရှိတယ် ဆိုတာက ချို တာလား၊ ငန် တာလား၊ ဒီကြေညာက သင့်ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု အပြင် သင့် စိတ်ကို နှိုးဆွပေးတဲ့ အခြားအကြောင်း ရှိသလား၊ ဤကဲ့သို့ မေးခွန်းတွေ ထုတ်လိုက်ရင် သင် သတိ မထားမိသော်လည်း ဆန်းစစ် ဝေဖန်လိုက်ခြင်း ဖြစ်ပါသည်။ ဆန်းစစ် ဝေဖန်သော စဉ်းစား တွေးခေါ်မှု လုပ်ဆောင်ရာတွင် ဖော်ပြပါ အကြောင်းအရာတို့သည် တစ်ဆင့်ပြီး တစ်ဆင့်လုပ်ရန် လိုပါသည်။
၁။ အကြောင်းပြချက်များနှင့် အဖြေများကို ဆွေးနွေးငြင်းခုံခြင်းဖြင့် အဓိပ္ပာယ်ဖော် ရမည်။ တန်ဖိုးဖြတ် ရမည်။
၂။ မသေချာ မရေရာမှုများ (Uncertainties)၊ မသဲမကွဲများ (Vagueness)၊ မပြတ်မသား မရေမရာ ဖြစ်ခြင်းများ (Equivocation) နှင့် ၀ိရောဓိ ဖြစ်ခြင်းများ (Contradiction) ကို အသိအမှတ် ပြုရမည်။ ရှင်းလင်းရမည်။
၃။ အမှန်တရား (facts) နှင့် တန်ဖိုး (value) ကို ခွဲခြားပါ။
၎။ မှန်းဆချက်များ (assumption) ချမှတ်ပါ။ အမှတ်ရပါ။
၅။ သတင်း အချက်အလက်များ ရရှိရာ နေရာ၏ ယုံကြည် စိတ်ချရမှု ရှိမရှိ ခွဲခြားပါ။
၆။ အယူအဆ အပေါ် အခြေတည်သော ဘောင်ခတ်မှု (Conceptual framework) ကို နားလည်ပါ။ အသိအမှတ် ပြုပါ။ (လူတစ်ဦး၊ အုပ်စု တစ်စု သို့မဟုတ် အဖွဲ့အစည်း တစ်ခု၏ အခြေခံ ယုံကြည် ကိုးကွယ်မှု၊ အယူအဆနှင့် တန်ဖိုးထားမှုတို့သည် သူ သို့မဟုတ် သူတို့၏ အမြင်ကို စိုးမိုး ခြယ်လှယ်သည်ကို သိမြင်ရန် ဖြစ်သည်။ ထိုအမြင်များကြောင့် မိမိနှင့် အယူအဆ ကွဲပြား ခြားနားနေလျှင် မည်သို့မည်ပ ဖြေရှင်းရမည်ကို စဉ်းစားရမည် ဖြစ်သည်။
ပတ်ဝန်းကျင် သိပ္ပံပညာရပ် (Environmental science) ကို လေ့လာရာတွင် ဆန်းစစ် ဝေဖန်သော စဉ်းစားတွေးခေါ်မှု၏ အရေးပါပုံကို ပိုမိုနားလည် နိုင်ပါသည်။ ဤ ပညာရပ်သည် အဆက်မပြတ် ပြောင်းလဲနေသော တစ်နည်းအားဖြင့် အသား မကျသေးသော ပညာရပ်ဖြစ်ခြင်းကြောင့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများတွင် ပါရှိသည့် အယူအဆ၊ သီဝရီနှင့် အချက်အလက် အားလုံးသည် မှန်ကန်ပြီးပြည့်စုံပြီဟု ပြောဆိုရန် မဖြစ်နိုင်ပါ။ အယူအဆများသည် ပတ်ဝန်းကျင် တစ်ခုလုံး၏ ပြည့်စုံသော ရုပ်ပုံလွှာတစ်ခု အဖြစ် ကိုယ်စား မပြုနိုင်ပါ။ အချက်အလက်များ မည်မျှပင် ပြည့်စုံကျယ်ပြန့်စေကာမူ အားလုံးကို သိရှိရန် ခြုံငုံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းပြချက် (Premises) များသည် မည်မျှပင် ခိုင်လုံစေကာမူ ၎င်းတို့မှ ဆွဲထုတ်လိုက်သော အဖြေ (Conclusion) မှန်ကန်ပြီဟု မဆိုနိုင်ပါ။
ညိုမောင်
Ref: Environmental Science by Cunningham (A Global Concern)
Friday, October 21, 2011
" မိကောက်..ကောင်းရာသုဂတိလားပါစေ"
မိကောက်ဆိုတာ ကျွန်တော်သမီးလေရဲ့  ကစားဖော် ကစားဖက်တွေပါ၊ မိကောက်ဆိုတဲ့  နာမည်လေးက စာဖက်
သူတွေအတွက် အနည်ငယ်ထူဆန်းနေသလို၊ သူမနှင့်  ကျွန်တော်ဆုံတွေ့ ရတာလည် ထူဆန်းနေပါတယ်။
ကျွန်တော်လို ဟိုမရောက်၊ဒီမရောက် စာရေးဆရာယောင်ယောင်၊ပန်ချီဆရာယောင်ယောင် လူတယောက်အတွက်
ဈေးနီနီ၊တိုက်ကြီးကြီး မနေနိင်တော့  ဆင်ခြေဖုံရပ်ကွပ်တခု အိမ်လေးငှားပြီ မိသာစုသုံးယောက်ရဲ့ ဘ၀ရဲ့ ဘ၀အတွက်
ရုန်းကန်နေရပါတယ်........။
ဒီလိုနဲ့ မိုးတွေအရမ်းရွာတဲ့ တနေ့ မှာ ကျွန်တော်ရဲ့ မလုံတလုံထီးလေနဲ့  မဂ္ဂဇင်းတိုက်ကစာမူထုတ်ပြီအပြန်မှာ
ကာမှတ်တိုင်အနီမှာ တအင်းအင်း၊တဟီးဟီ နဲ့ ငြီငြူနေပြီး ယောင်လည်လည်ဖြစ်နေသော သူမကိုတွေ့ လိုက်ရတယ်၊
မွေးဖွာခြင်းနဲ့ အတူပါလာတဲ့ သနားစိတ်က အငြိမ်မနေနိင်ပဲ သူမကိုအိမ်ကိုခေါ်လာခဲ့ မိတယ်.....။
မိုးရေတွေ စိုစွတ်နေတဲ့ သူမရဲ့ ခန္ဒာကိုယ်ပေါ်ကို ကျွန်တော်ရဲ့  စောင်ပိုင်းစုတ်လေး ဖုံးအုပ်ပေးပြီ မိသားစုအတွက်
ဝယ်လာတဲ့  ခေါက်ဆွဲကြော်ထဲက တ၀က်ကို သူမကိုကြွေးလိုက်တယ်၊ မွတ်သိပ်စွာစားသောက်ပြီ ကျွန်တော်ကို
ကြည်တဲ့  မျက်ဝန်းတွေထဲမှာ ကျေးဇူတင်ပါတယ်ဆိုတဲ့  စကားတွေပြောနေတာ ကျွန်တ်ေစိတ်ထဲမှာ အလိုလို
သိနေမိပါတယ်......။
စကားမပြောတက်တဲ့  သူမကို ကျွန်တော်သမီးလေက နာမည်ပေးလိုက်ပါတယ်၊ လမ်းဘေးက ခေါ်လာခဲ့ တဲ့ အတွက်
မိကောက်တဲ့  ..ဒီနာမည်လေးကို သူမ အရမ်းသဘောကြတယ်လို့  ထင်ပါတယ်၊ ဘာကြောင့် လည်ဆိုတော့ 
မိကောက်လို့  နှစ်ခွန်းပဲခေါ်မိလိုက်တယ် သူမ မော့ ကြည့် လိုက်ပြီ သူမကိုခေါ်တယ်ဆိုတာ သူမသိနေတယ်လေ။
အစားအသောက်မှန်နေတဲ့  မိကောက်ဟာ တနေ့ တခြားအရမ်းလှနေတယ်၊အ၀ါရောင်သန်းနေသော သူမရဲ့ 
ခန္ဒာကိုယ်ရယ်၊ ၀ိုင်းစက်နေသော သူမရဲ့ မျက်ဝန်းတွေကို မြင်ရသူများက အသိအမှတ်ပြုကြပါတယ်။
ကျွန်တော်မဂ္ဂဇင်းတိုက်ကဖြစ်စေ၊ပန်ချီပြခန်းကဖြစ်စေ ပြန်လာခဲ့ ရင် မိကောက်က အိမ်ရှေ့ က ထွက်ကြိုတက်ပါတယ်၊
အိမ်မှာ ကျွန်တော်မရှိတဲ့ အချိန်မှာ မိကောက်နဲ့ သမီးလေးက ကစားဖော်၊ကစားဖက်တွေပေါ့ ၊ သမီးလေနဲ့ မိကောက်
တနေ့ တခြား သံယောဇဉ်တွယ်နေသလို၊ကျွန်တော်ဇနီးနဲ့ ကျွန်တော်ကလည် လိမ္မာလှတဲ့  မိကောက်ကို သံယောဇဉ်
တွယ်နေရတယ်........။
ကျွန်တော်တို့  မိသားစုလိုပဲ မိကောက်ကိုကြိတ်ပြီသဘောကြနေတဲ့  လူတယောက်ရှိတယ်ဆိုတာ ကျွန်တော်မသိခဲ့ ဘူး၊
နောက်ဆုံးကျွန်တော် သိလိုက်ရတာကတော့ ထိုသူနာမည်က ဦမင်းမောင် ရပ်ကွပ်ထဲမှာ ရေစည်လှည်တွန်းရောင်းသလို
လစ်ရင်လစ်သလို ခိုးတက်၊၀ှက်တက်ပြီ မူးလာရင် ရမ်းကားတက်တဲ့ သူပါ၊ ဦမင်းမောင်လို လူတယောက်၇ဲ့  စိတ်ဓာတ်
ကို သဘောမကြလို့  အပေါင်းအသင်းမလုပ်ပါဘူး၊
တနေ့ တော့  ပန်ချီပြခန်းတခုက ညဉ်နက်မှအိမ်ပြန်လာတဲ့  ကျွန်တော်ကို ဦမင်းမောင်တို့ အရက်သမားတစုက
ရပ်ကွပ်ရဲ့  ကင်းတဲထဲကနေလှမ်းခေါ်ပြီး ထမင်းခေါ်ကြွေးကြတယ်၊သူတို့ အမဲသားဝယ်ပြီ စုချက်စားကြတဲ့ အတွက်ပါတဲ့ ၊
ကျွန်တော်ယဉ်ကျေးသိမ်မွေ့ စွာငြင်းဆိုပြီ အိမ်ဖက်ကိုဆက်လျှောက်လာခဲ့ တယ်၊ဒါပေမယ့်  စိတ်ထဲမှာ ထူဆန်းနေသလို
ဘာမှန်မသိလေလံနေပါတယ်.။
ကျွန်တော်အိမ်ထဲရောက်တော့  မျက်နှာမကောင်းတဲ့ ဇနီးရယ်၊မျက်လုံးတွေ မို့ အစ်စွာ ငိုကြွေးထားတဲ့  သမီးလေရဲ့ 
မျက်နှာကိုမြင့် တွေ့ လိုက်ရပါတယ်။
အကျိုးအကြောင်းမေးမြန်းကြည့် တော့  ညနေခင်ဲးက မိကောက်ပျောက်ဆုံးနေကြောင်း၊ယခုအချိန်ထိပြန်မလာ
သေးကြောင်း သမီးလေးက ငိုကြွေးပြီ ကျွန်တော်ကိုပြောတယ်။
အားလုံးကို ကျွန်တော်သိလိုက်ပါပြီ၊မိကောက်ဆိုတဲ့ ခွေးမလေးကို အကြင်နာမဲ့ စွာ သတ်ဖြတ်စားသောက်သော
လူ့ ဘီလူးတသိုက်ကို ကျွန်တော်မတုန့် ပြန်တော့ ပါဘူး၊ဘာကြောင့် လည်ဆိုလျှင် သူတို့ ရဲ့  စိတ်ဓာတ်တွေဟာ
တိရစ္ဆာန်တွေထက် ကြမ်းတမ်းမိုက်မဲနေမယ်ဆိုတာ ကျွန်တော်သိနေလို့ ပါ....။
သမီးလေးကို ရင်ခွင်ထဲပွေ့ ပိုက်ပြီ ပြန်မလာနိင်တော့ တဲ့  မိကောက်အတွက် ဆုတောင်းပေးလိုက်ပါတယ်...
"မိကောက်..ကောင်းရာသုဂတိလားပါစေ."
ို
Tuesday, October 18, 2011
ကြင်နာမှုကင်းမဲ့ တဲ့ တရုတ်လူမျိုးတချို့ 
အခုတလော လူပြောများနေတဲ့  ဗီဒီယိုဖိုင်အတိုလေးပါ၊စင်္ကာပူသတင်းမှာ အခုတ်တရနဲ့ ဖော်ပြသွားပါတယ်၊
လက်ရှိဗီဒီယိုဖိုင်ထဲမှာ ပါဝင်တဲ့ တရုတ်လူမျိုးအချို့ ရဲ့  စိတ်ဓာတ်တွေဟာ တရုတ်လူမျိုးအားလုံးကို ကိုယ်စား
မပြုပါဘူး၊ဘာကြောင့် လည်ဆိုလျှင် ပြီခဲ့ သောလအနည်းငယ်က ကိုပီတာ ဘလော(ဂ်)တွင် ဒုက္ခတအဖိုးကြီးအား
ထီးမိုးပေးခဲ့ သော တရုတ်လူမျိုးမိန်ခလေး၏ သတင်းကိုဖက်ပြီ ကြည်နူးပီတိဖြစ်ရသလို၊ ယခုဗီဒီယိုထဲတွင် အကြင်
နာကင်းမဲ့ သော၊ လူမှုရေးအသိစိတ်ဓာတ်ကင်းမဲ့ သော တရုတ်လူမျိုးတစုကို ကြည့် ပြီ အံသြဒေါသထွက်ရပါတယ်၊
ထိုကြောင့်  တရုတ်လူမျိုးများကို ဘာလဲ၊ဘယ်လဲဟုမေးရပါလိမ့် မယ်၊ အကောင်းနှင့် အဆိုး ဒွန်တွဲနေသော လူ
လောကကြီးထဲမှာ မြန်မာပြည် ဘာလဲ၊ဘယ်လဲဟု မမေးတော့ ပါဘူး၊ ဘာကြောင့် လည်ဆိုလျှင် ယဉ်ကျေးသိမ်မွေ့ 
ပါတယ်ဆိုသော ဗုဒ္ဒဘာသာမြန်မာနိင်ငံတွင်း စက်တင်ဘာအရေးအခင်းက လက်ညိုးထိုးစရာဖြစ်နေသောကြောင့် ပင်တည်။
ကျွန်တော်တို့  မြန်မာနိင်ငံတွင်းဆိုလျှင် တိုက်မိသွားသော ခလေးအတွက် တာဝန်ယူမဖြေရှင်းပဲ ထွက်ပြေးသွား
လျှင် နောက်ကနေ အုတ်ခဲများပစ်သွင်းခံရမှာ မြင်ယောင်မိပါသေးသည်၊လက်ရှိခလေးရဲ့ သတင်းနဲ့  ပတ်သတ်ပြီ
စင်္ကာပူသတင်းမှာတော့  ဆေးကုသမှုခံယူနေတယ်ဆိုသည့် အကြောင်း ဖော်ပြထားပါတယ်။
ကျွန်တော်တို့ အားလုံး ခလေးငယ်အတွက် ဆုတောင်းပေးသင့် ပါတယ်၊အမြန်ဆုံး သက်သာပျောက်ကင်းပြီ
တရုတ်ပြည်အတွက် အများအကျိုးသယ်ပိုးနိင်သော သမီးကောင်ရတနာဖြစ်ပါစေဟုဆုတောင်းရင်..
တဆက်ထဲမှာပဲကျွန်တော်လို ကျွန်တော်ဘလော့(ဂ်)ကို နှုတ်မဆက်ပဲစာဝင်ဖက်နေတဲ့ သူငယ်ချင်းတွေကို
တောင်းပန်ပါတယ်၊ဘ၀တွေကခါး ရသတွေရှားနေလို့ ပိုစ့် အသစ်တွေမတင်နိင်သေးပါဘူး။
Monday, October 10, 2011
ကာမတဏှာ ကြောက်စရာ
စိတ်ဝင်စားအောင်ခါင်စဉ်ပေးပြီ ကျွန်တော်ရေးမဲ့  အကြောင်းအရာက စာအုပ်တွေထဲမှာဖက်ခဲဖူတာတွေ၊ လူကြီး
တွေပြောပြတာတွေ ပြန်ရေးထားတာပါ၊ ကျွန်တော်ကိုယ်တိုင် ကိလေသာကုန်ခန်းနေတဲ့  သူတော်စင်မဟုတ်ပါဘူး၊
ကောက်ကြောင်းတွေများတဲ့  မိန်ကလေးတွေကို မသိမသာ ငန်းတက်ပါတယ်..ဘာကြောင့် လည်ဆိုတော့ 
ကျွန်တော်ဟာ ယောင်္ကျားစင်စစ် ဧကန်ဖြစ်နေလို့ ပါ....:P
မှတ်မှတ်ရရ ဖက်ခဲ့ ဖူသော စာအုပ်လေးက ကာလီဒါသ ပညာရှိအမတ်တယောက်အကြောင်းပါ၊ မူမတ်တွေ အစုံ
အလင်နဲ့ ညီလာခံထဲမှာ ဘုရင်က ကာလီဒါသ အမတ်ကိုမေးခွန်ထုတ်ပါတယ်၊ "အမှောင်တကာ အမှောင်ထဲမှာ
အဘယ်အမှောင်က အမှောင်ဆုံးလဲ"ဟု မေးခွန်ထုတ်ပါတယ်....
ကာလီဒါသအမတ်အတွက် အဖြေရကြပ်စေတဲ့  မေးခွန်းဖြစ်သလို တပတ်အတွင်း အဖြေမပေးနိင်ရင် အသတ်သေ
စေနိင်တဲ့  မေးခွန်းလည်ဖြစ်ပါတယ်၊ ကာလီဒါသ အမတ်လည် မစားနိင်၊မသောက်နိင် တမှိုင်မှိုင် တတွေတွေနဲ့ 
စဉ်းစာနေရတာပေါ့ ၊ဒါကို သမီဖြစ်သူက မေးပါတယ်.အဘယ်ကြောင်းကြောင့်  ယခုကဲသို့  ဖြစ်နေရသနည်းပေါ့ ။
ကာလီဒါသအမတ်လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့  သမီဖြစ်သူက သူကူညီမည်ဆိုတဲ့ အကြောင်း
ယနေ့ ညအချိန် သူမအခန်းထဲသို့  လာခဲ့ ရန် မှာကြားခဲ့ ပါတယ်.။
ညဉ်အချိန်ရောက်တော့  ကာလီဒါသအမတ်လည် သမီတော်မှာကြာခဲ့ တဲ့ အတိုင်း သမီတော်အခန်းထဲသို့ ဝင်
သွာပါတယ်၊ အဲဒီအချိန်မှာ လရောင်အောက်သလွန်ထက်မှာ အိပ်စက်နေတဲ့ သမီတော်ဟာ ၀တ်လစ်စလစ်
ဖြစ်နိင်သလို၊မပေါ်တပေါ်လည် ဖြစ်နိင်ပါတယ်...
ကာလီဒါသအမတ်လည် ရှေ့ တိုးရအခက်၊နောက်ဆုတ်ရအခက်နဲ့  မင်သတ်ပြီ သမီးတော်ရဲ့  ခန္ဒာကိုယ်အလှအပ
ပေါ်မှာ တွေဝေယစ်မူသွားပါတယ်..တချိန်ထဲမှာပဲ သမီတော်ကရုတ်တရက်ထပြီ " ဖခင် အမှောင်တကာအမှောင်
ထဲမှာ ယခုလို ကာမမှောင် အမှောင်ဆုံးပါ"ဟု ပြောလိုက်ပါတယ်........
ကာလီဒါသအမတ်လည် သဘောပေါက် နားလည်သွာပြီ ညီလာခံထဲမှာ သမီတော်တော်ပြောတဲ့ အတိုင်း"အမှောင်
တကာ အမှောင်ထဲမှာ ကာမမှောင် အမှောင်ဆုံး"ပါဟုလျောက်တင်လိုက်ပါတယ်......
ဘုရင်မင်းမြတ်လည်း သဘောတော်ကြ၍ ဆုလဒ်များ ချီးမြှင့် လိုက်ပါတယ်.........
ကာမတဏှာများကြောင့်  သားနှင့် အမေ၊ အဖေနှင့် သမီး တို့ ကိုမှောက်မှားစေနိင်ပါတယ်.ကျွန်တော် ဘာကြောင့် 
ပြောနိင်တာလဲဆိုတော့  ပြီခဲ့ သောလအနည်းငယ်ကပဲ စင်္ကာပူမှာ အဖေနှင့် သမီး ဇတ်လမ်းတဗိုဒ်ဖြစ်သွာပါတယ်။
ပြီနောက် မလေးရှား၊ပြင်သစ်၊ဘရာဇီ စသည့် နိင်ငံတွင်းသတင်းတွေမှာ အဖေနှင့် သမီး၊သားနှင့် အမေ၊မြေးနှင့် 
အဖွား ဇတ်လမ်းများကို မဖက်ချင်ပဲ တအံတသြနဲ့ ဖက်ခဲ့ ရလို့ ပါ.........
ကျွန်တော်တို့  မြန်မာနိင်ငံဗုဒ္ဒဘာသာတွေထဲမှာ ထိုကဲသို့ အကြောင်းများ မကြားရ၊မမြင်ရ မတွေရချေ ၊ဒါကလည်း
ယဉ်ကျေးသိမ်မွေ့ သော ဘာသာတရားကြောင့် ဖြစ်မည်ထင်ပါသည်...
သို့ သော်..............
မြတ်မင်္ဂလာစာစောင်တခုတွင် ရေးသာထာသောဇတ်နိပတ်တော်တခုမှ တဏှာကာမကြောင့်  မိမိ၏သားဖြစ်
သူ ဒိသာပါမောက္ခ ကိုသတ်သော မျက်မမြင်အဖွားအိုကြီးအကြောင်ကိ
ု ယနေ့ လူငယ်များဗဟုသုတအနေဖြင့် 
ပြန်လည်ရေးပြရလျှင်...............၊
အခါတပါးမြို့ တမြို ၏အကြီးအကဲ သဋ္ဌေသားတဦးကို ယောင်္ကျားတို့  တပ်အပ်သောအဋ္ဌာသရပ်(၁၈)ရပ်အကြောင်း
ကို သင်စေဖို့ ငှာ အခြာမြို့ ရှိ ဒိသာပါမောက္ခဆရာတယောက်ဆီသို့  စေလွတ်လိုက်ပါတယ်၊ ဒိသာပါမောက္ခဆရာ
ဟာ မျက်မမြင်အမေကို လုပ်ကြွေးပြုစုရင်း တဖက်ကလည် မင်းညီမင်းသာ၊သူဋ္ဌေသူကြွယ်သားများကို အဋ္ဌာသရပ်
(၁၈)ရပ်ကိုသင်ကြားပို့ ချပါတယ်.
ဒီလိုနဲ့ သင်ကြာပိုချမှုများကုန်ဆုံးသွာသော ဌာနေရပ်အသီသီကိုပြန်ခဲ့ ကြပါတယ်၊ဒါပေမယ့်  မြို့ ရဲ့ အကြီးအကဲ
သူဋ္ဌေသာပြန်ရောက်လာတော့  သူ၏မိခင်က မေးပါတယ်၊ သားတော်ပညာရပ်များကုန်ဆုံးပါရဲ့ လာဟု..
သာတော်ကလည် ဓာခုတ်၊လှံထိုး၊ဗေဒင် အတပ်များ အားလုံးကိုသင်ကြားပေးပါတယ်ဟု ပြောပါတယ်။
နောက်သူဋ္ဌေးကတော်က ပါပရအတက်ပညာကို သင်၏ဆရာက သင်ကြားပေးရဲ့လာဟု မေးမြန်ပါတယ်၊ သူဋ္ဌေး
သား လည် ပါပရအတပ်ပညာ ဆိုသည်မှာ အဘယ်နည်းဟု ပြန်လည်မေးမြန်သောအခါ ..
မိခင်က ဘာမှမပြောပဲ သင်၏ဆရာထံသို့  တခေါက်ပြန်၍ သင်ကြာပါလေဟု ပြောပါတယ်....
ဒိသာပါမောက္ခဆီသို့  ပြန်ရောက်သောအခါ ဆရာက အဘယ်ကြောင့် ပြန်ရောက်လာရသနည်းဟုမေးမြန်သော
အခါ တပည့် ဖြစ်သူ သူဋ္ဌေးသာကလည် သူ၏ မိခင်ပြောသော ပါပရအတပ်ပညာကို သင်ကြာဖို့ ရန် ပြန်ရောက်
လာကြောင်း ပြောပါတယ် ။
ဆရာက ခေတ္တစဉ်းစားပြီနောက် ကောင်းပြီ ယနေမှစ၍ အမယ်အိုကြီးကို သူ၏ကိုယ်စာ ပြုစုရမည်ဖြစ်ကြောင်း
သဋ္ဌေသားကလည် ကောင်ပါပြီဟု ပြောပြီအဖွာအိုကြီးကို နေ့ စဉ်နေတိုင်း ပြုစုစောင့် ရှောက်ပါတယ်၊
ပြုစုစောင့် ရှောက်ချိန်တွင် ဆရာသင်ကြားပေးသိအတိုင်း ပြောဆိုဆက်ဆံရပါတယ်။
မျက်မမြင်အဖွားအိုကြီး ရေချိုလျှင် ရေပတ်ဖြင့် ပွတ်သပ်တိုက်ပေးပြီး နှုတ်မှလည် အဖွားငယ်ငယ်က အလွန်လှပ
မည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ အသားအရည်မှာ ၀င်းဝါပြီးလှပနေကြောင်း၊အဖွား၏ အသံမှာအလွန်နားထောင်
ရသည်မှာ သာယာနာပျော်ဖွယ်ကောင်းကြောင်း၊ဆံပင်များမှာ ယခုထိ နက်မှောင်နေကြောင်း စသည်ဖြင့်  အမျိုး
သမီးများ သဘောကြသော စကားကိုသာ နေစဉ်ရက်စက် တွင်တွင်ပြောလေသည်။း
ထိုအခါအဖွားအိုမှာ လူငယ်၏ အယုအယ၊အမြှောက်အပင့် များကို နေစဉ်ကြား၍ စိတ်ထဲတွင် သဘောကြနှစ်ခြိုက်
လာပြီ ထိုလူငယ်ကိုလည် မိမိအားကြိုက်နှစ်သက်လာသည်ဟုထင်လာသည်။
တနေ့ တွင် မျက်မမြင်အဖွားအိုက လူငယ်အား မိမိအားကြိုက်နှစ်သက်၍ အတူနေချင်လျှင် မင်းရဲ့ ဆရာမရှိမှ
ဖြစ်နိင်မည် ထိုကြောင့်  မင်းရဲ့ ဆရာအားလုပ်ကြံ သတ်ဖြတ်ပါဟု အကြံပေးပါတယ်...၊
လူငယ်သူဋ္ဌေသားက လည် သူမလုပ်ကြံဝံ့ ကြောင်းပြန်ပြောသောအခါ အဖွာအိုက ဒါဆိုလျှင် မင်းရဲ့ ဆရာအိပ်
သောနေရာသို့  ကြိုးသွယ်တန်းပေးပါဟု စေခိုင်လိုက်ပါတယ်။
ညဉ့် အချိန်သို့ ရောက်သောအခါ မျက်မမြင်အဖွာအိုဟာ ရဲတင်းတချောင်း ကိုင်၍ သူ၏သားရှိသော အခန်းတွင်း
သို့  တရွှေ့ ရွှေ့ တိုးကပ်သွားပြီ နောက် ဦခေါင်းရှိရာကို အနည်ငယ်စမ်းအာ အားကုန်လွဲခုတ်လိုက်ပါတယ်။
သိုသော ဒိသာပါမောက္ခဆရာမှာ သူ၏ မိခင်မှာ ဒီနေ့ ၊ဒီရက် ၊ဒီအချိန်တွင်သေဆုံးမည်ကို ကြိုတင်သိရှိသောကြောင့် 
၎င်း၊သူ၏ တပည့် ဖြစ်သော လူငယ်၏ပြောဆိုမှုကြောင့်  ၄င်း ကြိုတင်သိရှိကာ တနေရာမှနေ၍ အမေဟု ခေါ်လိုက်
ရာ မျက်မမြင်အဖွားအိုမှာ အံသြထိတ်လန့်  ရှက်ရွှံစွာဖြင့်  ကြောက်လန့် တကြား အပြင်သို့  ထွက်ပြေးသွာသော
အခါ ရေတွင်ထဲသို့  ကျ၍ သေဆုံးသွာလေသည်။
ဤတွင် ဒိသာပါမောက္ခဆရာက တပည်ဖြစ်သူကို ခေါ်၍ ပါပရအတပ်ပညာဆိုသည်မှာ တဏှာကာမနှင့် ပတ်သတ်၍
မိန်မတို့ ၏ ဖောက်ပြန်ကောက်ကျစ်တက်သော အတွင်းသဘောဟု ပြောဆိုပြီ ပြန်လည်စေလွတ်လိုက်ပါတယ်။
ဒိသာပါမောက္ခဆရာလည် ရသေ့ အသွင်းပြောင်း၍ တရားဘာဝနာပွားများပါတော့ တယ်။
နောက်ဆုံးအနေနဲ့ ပြောရလျှင် လူယောက်ျား၊လူမိန်းမတို့ သည် ကာမတဏှာကြောင့်  မိမိတို့ ၏အဆင့် အတန်း
ဂုဏ်သိက္ခာများကို မေ့ လျော့ ကြပြီ မိုက်တွင်းနက်ကြကုန်သည်ဆိုသည့် အကြောင်းဖြစ်သည်။
ထိုကြောင့် ကာမတဏှာဆိုသည်မှာ ကြောက်စရာဖြစ်သည် ၊ကျွန်တော်တို့  မြန်မာနိင်ငံတွင် ထောက်လှန်းရေး
ပေါသော ခရီသည်ယာဉ်အချို့ တွင် ရေးသာထာသောစာတန်းလေးတကြောင်းကို ပြန်လည်သတိရမိပါသည်။
"မိတ်ဆွေ ဆန္ဒကို သိက္ခာဖြင့်  ထိန်းပါ" ဆိုသောစာတမ်းလေးဖြစ်ပါတယ်........
Saturday, October 8, 2011
ချစ်သူဖြန့် ဝေတဲ့  ဖော်ဝပ်မေးထဲက ကျွန်တော်အကြောင်း
အောက်တိုဘာ .၂၀၁၁ .၁၃ရက်
ကျွန်တော်အတွက် ကံအဆိုးဆုံးရက်တရက်ဆိုတာ ကျွန်တော်ထင်မထားခဲ့ ပါဘူး၊ စက်တင်ဘာ၊အောက်တိုဘာ
နိုဝင်ဘာ၊ဒီဇင်ဘာ ဆိုတဲ့ ဘာလေးဘာ ဟာအစဉ်သဖြင့်  ကျွန်တော်အတွက် ကံဆိုတဲ့ လတွေဖြစ်ပါတယ်။
ဘယ်ကိစ္စမဆို ခံစားမှုလွန်ကဲစွာဖြင့် နေတက်တဲ့  ကျွန်တော် အဲဒီနေ့ က တနေ့လုံး အလုပ်ထဲတွင် ဘာကြောင့်
့မှန်းမသိ လေလံထိုင်းမှိုင်းနေပြီး အလုပ်ထဲမှာစိတ်ဝင်စားမှုမရှိပါဘူး၊ အလုပ်စောစာသိမ်းပြီ အဆောင်ပြန် ရေမိုး
ချိုး ထမင်းစာပြီ တခါထဲ အိပ်ယာထဲဝင်ပါတော့ တယ်။
ခဏအတွင်း ပြန်နိုးလာပြီ ကွန်ပြူတာကိုဖွင့် ပြီ မေး စစ်ကြည့် ပါတယ်၊စိတ်ဝင်းစာ စရာခေါင်စဉ်နဲ့  မေးတစောင်က
"လူယုတ်မာ တယောက်၏ အကြောင်း" တဲ့ ....
ကောက်ကျစ်ယုတ်မာမှုတွေကို မုန်းတီတဲ့  ကျွန်တော် လျှင်မြန်စွာပဲ ဖက်လိုက်ပါတယ်..ရေးထားတဲ့ စာပုဒ်က
To: aungmyintjames , aunglwinoo74@gmail.com,
billyzawmon@gmail.com, chomonm , carolynedavid
, "februarysnow.26" ,
hanthasoe07 , joshuakmw ,
Lwin Ko Win , Tin Ko Win ,
kyaw1979moe@gmail.com, myo.clifford@gmail.com, mgnyanlwin@gmail.com,
nimarwin@gmail.com, oceanwolf77@gmail.com, rsseinlin ,
sopheayimon@gmail.com, thaeeeiphyu , thaeeieiphyu
, thureinsgu , victor yee
, wai.lwinoo09@gmail.com, winkokooo18
, "yarlay.2010" ,
maythinzaroo , mickylay26 ,
myintzawhtilar , minsanmin@yahoo.com, mshero56@gmail.com
ကျွန်မနာမည်က ပန်းဝတ်မှုံပါ..
မင်္ဂလာတောင်ညွန်မြို့ နယ် , ကျောင်းလမ်း ,တိုက်အမှတ်(xx)တွင်နေပါတယ်၊ လူယုတ်မာ သျှင်နေမင်းကတော့ 
သာကေတ,စက်မှုဇုံရပ်ကွပ်,မြနန္ဒာလမ်း,အိမ်အမှတ်(xx)တွင်နေပါတယ်...
လွန်ခဲ့ သော လအနည်းငယ်က သူနှင့် ကျမ အွန်လိုင်းပေါ်တွင် တွေ့ ဆုံ ချစ်ကြိုက်ကြပါတယ်၊တနေ့ သူက
အပြင်မှာတွေချင်ကြောင်း ပြောလာပါတယ် ။
ဒီလိုနဲ့  သူနှင့် ကျမ တိုင်ရင်းသာကျေးရွာ ချိန်းတွေ့ ကြပါတယ်၊ အအေးဆိုင် တဆိုင်မှာ စကားပြောနေကြတုန်း
ခေါင်းတွေအရမ်းကိုက်လာပြီ အိပ်ချင်လာပါတယ်၊အတန်တန် ကိုယ်ကိုထိန်းနေတဲ့  ကြားက ခေတ္တသတိမေ့ သွား
ပါတယ်၊ သတိပြန်ရလာ ချိန်မှာတော့  သန်လျှင်မြို့ ရဲ့  တည်ခိုခန်းတခုထဲရောက်နေပါတယ်...
ဘေးနာမှာကတော့  ကျွန်မရဲ့  အသွေးအသားကို ၀ါးမျိုးထားတဲ့  သျှင်နေမင်းပေါ့ ..
ကျွန်မ ရှက်လည်ရှက်၊ ဒေါသ လည်း ထွက် ၊အိမ်ကိုလည် ပြန်မတိုင်းရဲပဲ အဲဒီတည်ခိုခန်းက ထွက်ပြေးလာခဲ့ ပါတယ်၊
ပြီတော့  အဲဒီ လူယုတ်မာ ကို အဆက်အသွယ်မလုပ်ပဲ (block)လုပ်လိုက်ပါတယ်၊နောက်တနေ့  မှာအကောင့် တခု
နဲ့  လာအပ်ပါတယ် ပြီတော့  ကျွန်မရဲ့  ၀တ်လစ်စလစ် ပုံတွေပို့ လာပါတယ် ၊နောက်တကြိမ် သူနဲ့ လာမတွေ့ ရင်
အင်တာနက်ပေါ် တင်မည်ဟု ချိန်းခြောက်လာပါတယ်...
ကျွန်မအကြိမ်ကြိမ် တောင်းပန်တာမရပဲ သူနဲ့ နောက်တခါ တွေ့ ကြပြီ အဲဒီတည်ခိုခန်းတခုမှာပဲ လင်မယာအရာ
မြောက်ရပါတယ်၊ တခါမဟုတ် အကြိမ်ကြိမ်အခါခါ ချိန်ခြောက်တွေ့ ဆုံပြီ လိင်ဆက်ဆံပါတယ်၊နောက်ဆုံးအကြိမ်
မှာတော့  သူမလေးရှာထွက်ပြီ အလုပ်လုပ်မည် ဖြစ်ကြောင်း၊ ပြန်လာလျှင် လက်ထပ်မည်ဟု ပြောပြီ နောက်ရက်
အနည်းငယ်မှာပဲ သူမလေးရှားကို ထွက်သွားပါတယ်.....။
မလေးရှာရောက်ပြီ မကြာခင်မှာပဲ သူအဆက်သွယ်မလုပ်တော့ ပါဘူး၊ဖုန်းလည်မဆက်သွယ် အခု ကျွန်မမှာ ကိုယ်ဝန်
(၃) လောက်ရှိနေပါပြီ အဖေ၊အမေ နဲ့  ဆွေမျိုးအသိုင်းဝိုင်းတွေကို မပြောရဲ၊ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲ တာနဲ့ 
ကိုယ်ကိုကိုယ် အဆုံးစီရင်တော့ မှာပါ..
ယခုစာကိုဖက်မိသော ညီမလေးများ၊အမများအားလုံး ကိုယ်ကိုကိုယ် ဆင်ခြင်နေထိုင်ကြပါလို့  ဆုတောင်းရင်း
နှုတ်ဆက်ခဲ့ ပါတယ်.............
ပန်းဝတ်မှုံ
--
A
....
<>
()
{()}
{{{()}}}
{{{{{{{()}}}}}}}
{{{{{{{{{(((())))}}}}}}}}
{{{{{{{{{((((((())))))}}}}}}}}
{{{{{{{{{{{{သျှင်နေမင်း}}}}}}}}}}}}
{{{{{{{{{{{{http://shinnaymin.blogspot.com/}}}}}}}}}}}}}}
ကျွန်မနာမည်က ပန်းဝတ်မှုံပါ..
မင်္ဂလာတောင်ညွန်မြို့ နယ် , ကျောင်းလမ်း ,တိုက်အမှတ်(xx)တွင်နေပါတယ်၊ လူယုတ်မာ သျှင်နေမင်းကတော့ 
သာကေတ,စက်မှုဇုံရပ်ကွပ်,မြနန္ဒာလမ်း,အိမ်အမှတ်(xx)တွင်နေပါတယ်...
လွန်ခဲ့ သော လအနည်းငယ်က သူနှင့် ကျမ အွန်လိုင်းပေါ်တွင် တွေ့ ဆုံ ချစ်ကြိုက်ကြပါတယ်၊တနေ့ သူက
အပြင်မှာတွေချင်ကြောင်း ပြောလာပါတယ် ။
ဒီလိုနဲ့  သူနှင့် ကျမ တိုင်ရင်းသာကျေးရွာ ချိန်းတွေ့ ကြပါတယ်၊ အအေးဆိုင် တဆိုင်မှာ စကားပြောနေကြတုန်း
ခေါင်းတွေအရမ်းကိုက်လာပြီ အိပ်ချင်လာပါတယ်၊အတန်တန် ကိုယ်ကိုထိန်းနေတဲ့  ကြားက ခေတ္တသတိမေ့ သွား
ပါတယ်၊ သတိပြန်ရလာ ချိန်မှာတော့   သန်လျှင်မြို့ ရဲ့  တည်ခိုခန်းတခုထဲရောက်နေပါတယ်...
ဘေးနာမှာကတော့   ကျွန်မရဲ့  အသွေးအသားကို ၀ါးမျိုးထားတဲ့  သျှင်နေမင်းပေါ့ ..
ကျွန်မ ရှက်လည်ရှက်၊ ဒေါသ လည်း ထွက် ၊အိမ်ကိုလည် ပြန်မတိုင်းရဲပဲ အဲဒီတည်ခိုခန်းက ထွက်ပြေးလာခဲ့ ပါတယ်၊
ပြီတော့  အဲဒီ လူယုတ်မာ ကို အဆက်အသွယ်မလုပ်ပဲ (block)လုပ်လိုက်ပါတယ်၊နောက်တနေ့  မှာအကောင့် တခု
နဲ့  လာအပ်ပါတယ် ပြီတော့  ကျွန်မရဲ့  ၀တ်လစ်စလစ် ပုံတွေပို့ လာပါတယ် ၊နောက်တကြိမ် သူနဲ့ လာမတွေ့ ရင်
အင်တာနက်ပေါ် တင်မည်ဟု ချိန်းခြောက်လာပါတယ်...
ကျွန်မအကြိမ်ကြိမ် တောင်းပန်တာမရပဲ သူနဲ့ နောက်တခါ တွေ့ ကြပြီ အဲဒီတည်ခိုခန်းတခုမှာပဲ လင်မယာအရာ
မြောက်ရပါတယ်၊ တခါမဟုတ် အကြိမ်ကြိမ်အခါခါ ချိန်ခြောက်တွေ့ ဆုံပြီ လိင်ဆက်ဆံပါတယ်၊နောက်ဆုံးအကြိမ်
မှာတော့  သူမလေးရှာထွက်ပြီ အလုပ်လုပ်မည် ဖြစ်ကြောင်း၊ ပြန်လာလျှင် လက်ထပ်မည်ဟု ပြောပြီ နောက်ရက်
အနည်းငယ်မှာပဲ သူမလေးရှားကို ထွက်သွားပါတယ်.....။
မလေးရှာရောက်ပြီ မကြာခင်မှာပဲ သူအဆက်သွယ်မလုပ်တော့ ပါဘူး၊ဖုန်းလည်မဆက်သွယ် အခု ကျွန်မမှာ ကိုယ်ဝန်
(၃) လောက်ရှိနေပါပြီ အဖေ၊အမေ နဲ့  ဆွေမျိုးအသိုင်းဝိုင်းတွေကို မပြောရဲ၊ ပတ်ဝန်းကျင်ကို ရင်မဆိုင်ရဲ တာနဲ့ 
ကိုယ်ကိုကိုယ် အဆုံးစီရင်တော့ မှာပါ..
ယခုစာကိုဖက်မိသော ညီမလေးများ၊အမများအားလုံး  ကိုယ်ကိုကိုယ် ဆင်ခြင်နေထိုင်ကြပါလို့  ဆုတောင်းရင်း
နှုတ်ဆက်ခဲ့ ပါတယ်.............
                                   ပန်းဝတ်မှုံ
ကျွန်တော်စာကို အံသြထိတ်လန့် စွာဖက်နေမိတယ်..
ပန်းဝတ်မှုန် ဘာကြောင့် ယခုလို သူရဲ့  ဂုဏ်သိက္ခာကိုမထောက် ဖြန့် ဝေရတာလဲ....
ပြီတော့  ကျွန်တော်တို့  သန့် သန့်ရှင်းရှင်း နေခဲ့  ကြတယ်ဆိုတာ နှစ်ယောက်လုံးအသိပါပဲ......
သူ့ အတွက် အသုံးစရိတ်တကြိမ်မပို့ ယုံ , ဖုန်းတခါ မဆက်ယုံနဲ့  ဘာလို့ ဒီလိုလုပ်ရတာလဲ....
အယောက်(၃၀၀)လောက်ဆီပြန့် သွားတဲ့  ကျွန်တ်ေရဲ့ အကြောင်း ၊ကျွန်တော်ရဲ့  ဓာတ်ပုံတွေ ကို ဒီကိစ္စနဲ့ 
ပတ်သတ်ပြီ ဘယ်လိုရှင်းပြရမလဲ....
ပြီတော့  အစဉ်အလာကြီမားတဲ့  ကျွန်တော်ရဲ့  အသိုင်းအ၀ိုင်း၊ဂုဏ်ဒြပ်နဲ့ နေတဲ့  ကျွန်တော် မိဘတွေ၊ဂုဏ်သိက္ခာ
အစွန်းအထင်း မရှိခဲ့ ဘူး တဲ့  ကျွန်တော်  တခုခုကိုတော့  ဆုံးဖြတ်ရတော့မယ်.........။
ကျွန်တော် အခန်းအပြင်ဖက်ထွက်လာပြီ ဦတည်ရာမဲ့  အရူးတယောက်လို လျောက်သွားနေမိတယ်..
7-ELEVEN ဆိုင်ထဲဝင်ပြီ ဘီယာ (၁၀)လုံးလောက်ဝယ်ပြီ အရာအားလုံးကို မေ့ သွားဖို့ အတွက် သောက်ရတော့ 
မယ်၊ အငန်းမရနဲ့  ဆက်တိုက်သောက်ပြီ  ရထားလမ်းရှိရာ အရပ်ဖက်သို့  ထွက်လာခဲ့ တယ်..
တရှိန်းထိုးသွားနေတဲ့  ရထားအောက်မှာ အရာအားလုံး မေ့ ပျောက်သွာမယ်ဆိုတာ ကျွန်တော်သိတယ်လေ။
အရှိန်ပြင်းပြင်းနဲ့ လာနေတဲ့  ရထားအောက်ကို ကျွန်တော် ခုန်ဝင်လိုက်ချိန်မှာတော့ .........
                   "အားးးးးးးးးးးးးးးးးးးးးးးးးး"
"ဟူးးးးးးးးးးး
                တော်ပါသေးရဲ့   အိမ်မက် မက်နေတာကို ဒီနေ့ အလုပ်ပင်ပန်းတာကို"
"မိန်းမ ကိစ္စနဲ့  ပတ်သတ်ရင် အပြင်မှာတောင် ဟုတ်ဘူး  အိမ်မက်ထဲမှာတောင် ကံမကောင်းတဲ့  ငါ့   ဘ၀"
           "လူပျိုကြီပဲ လုပ်တာ ကောင်ပါတယ်"
ဘေးမှာ ရှိတဲ့ ဖက်ခေါင်းအုံးလေးပဲ တယုတယ ထွေးပိုက်ပြီ  ကျွန်တော်ပြန်အိပ်ဖို့  ကြိုစားလိုက်ပါတယ်......။ ။ ။