twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Friday, December 23, 2011

တိုင်းပြည်အကျိုးအတွက်အမြင်ကျယ်ကျယ်ဖြင့်သတိထားလုပ်ဆောင်ကြပါရန်။

ယခုတလော လူထုခေါင်းဆောင်ကိုရော၊NLDကိုရောဝေဖန်ရေးသားမှုတွေ
တွင်တွင်ကြီးတွေ့နေရတယ် ကျနော်အားလုံးကိုလေးလေးစားစားဖတ်ပါတယ်။ ယခုနိုင်ငံရေးအခြေအနေအရ အတွေးအခေါ်၊အယူအဆရှုပ်ထွေးနေတဲ့အချိန်မှာ တိုင်းပြည်အကျိုးအတွက်အရာရာကိုသတိထားလုပ်ဆောင်ကြဖို့လိုအပ်တယ်လို့ ထင်မြင်ယူဆမိ၍ ဤ စာဖြင့်ကျနော့်အမြင်အယူအဆကိုတင်ပြရေးသားအပ်ပါတယ်။
လူတိုင်းလူတိုင်းကိုယ်ပိုင်အတွေးအခေါ်အယူအဆကိုယ်စီရှိကြစမြဲပါ၊ဒီအတွေး အခေါ် အယူအဆတွေတသမတ်တည်းအားလုံးတူညီမယ်ဆိုတာလည်းမဖြစ်နိုင်သလို၊အားလုံးကွဲလွဲမယ်ဆိုတာလည်းမမှန်ပါ ။တူတဲ့အခါတူမယ် ၊မတူတဲ့အခါမတူ ရှိကြမှာပါ ဒါဟာ
လူ့လောကမှာအမြဲဖြစ်ပျက်နေတဲ့ထာဝရအမှန်တရားပါ၊ ဒါကြောင့်လူသားတွေဟာ
မိမိယုံကြည်ရာအယူအဆကိုဆုပ်ကိုင်၍ တူညီတာကိုထောက်ခံ၊မတူညီရင်ဆန့်ကျင်ကန့်ကွက်ခြင်းများဖြင့်မိမိဆန္ဒကိုထု
တ်ဖေါ်ကြစမြဲပါ ၊ဒီအခြေခံပေါ်မှာလူ့လောကတွင်
ဝေဖန်ထောက်ပြခြင်း၊ ကန့်ကွက်ဆန့်ကျင်ခြင်း ၊သဘောတူထောက်ခံခြင်းများဟာ
နိုင်ငံရေး ၊ဘာသာရေး ၊လူမှုရေးနယ်ပယ်တွင်အမြဲဖြစ်ပျက်နေခဲ့တာဖြစ်ပါတယ်။
ဒါကို ညှိနှိုင်းဆွေးနွေးမှုဖြင့်သာပြေလည်အောင်အဖြေရှာမှအဖြေမှန်ရမှာပါ ၊ပဋိပက္ခဆိုတာ
အမြဲရှိနေမှာပါ ၊ဒါကို မိတ်ဖက်ပဋိပက္ခ လား ရန်ဖက်ပဋိပက္ခလားဆိုတာခွဲခြားရမှာဖြစ်ပါတယ်
မိတ်ဖက်ပဋိပက္ခ ဆိုရင် မိတ်ဖက်အသွင်ဖြင့် တူတာကို တွဲလုပ် ၊မတူတာကိုခွဲလုပ် ဆိုတဲ့
နည်းနှင့်ဖြေရှင်းမှသာ အဖြေမှန်ရမှာပါ ၊ထိုနည်းသည် နာကျည်း လမ်းခွဲစရာအကြောင်းမရှိပါ
အမှန်ဆုံးနည်းလမ်းဖြစ်သည်ဟုကျနော်ယုံကြည်ပါတယ်။ရန်ဖက်ပဋိပက္ခ ဆိုခဲ့ရင် စည်းခြား ၊
ပြတ်သားဘို့လိုအပ်ပါတယ် တွေဝေလို့မရပါ ။
လူတိုင်းလူတိုင်းမှာမွေးရာပါအခွင့်အရေးအရ လွတ်လပ်စွာတွေးခေါ်ယူဆပိုင်ခွင့်ရှိပါတယ်
ဒီအတွေးအခေါ်အယူအဆကိုလည်း လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ရှိပါတယ်ဘယ်သူမှ
တားဆီးလို့မရပါ ဒါဟာဒီမိုကရေစီရဲ့အနှစ်သာရဖြစ်ပါတယ် ၊မိမိအယူအဆပေါ်အခြေခံ၍
လွတ်လပ်စွာဝေဖန်ထောက်ပြပိုင်ခွင့်လည်းရှိပါတယ် ဘယ်သူမှငြင်းလို့မရတဲ့ကိစ္စပါ ။
သို့သော် မိမိဝေဖန်ထောက်ပြမှုသည် မိမိဘာကိုရည်ရွယ်တယ်ဆိုတာရှင်းဘို့လိုပါသည်၊
အပြုသဘောဝေဖန်မှုလား ၊အပျက်သဘောဝေဖန်မှုလားဆိုတာသူများထက်မိမိကသာ
အသိဆုံးဖြစ်သည်၊ စာဖတ်သူအားလုံးကလည်းဘာကိုရည်ရွယ်တယ်ဆိုတာကိုနားလည်
ကြပါတယ်ဒါကိုသတိထားဘို့လိုပါတယ် မိမိဝေဖန်ထောက်ပြမှုသည် တိုင်းပြည်အကျိုး ၊
အဖွဲ့အစည်းအကျိုး ၊လူပုဂ္ဂိုလ်အကျိုးအတွက် အပြုသဘောဆောင်ပြီးမိတ်ဖက်အသွင်
ဖြင့်စေတနာအရင်းခံဖြင့်အားမနာတမ်းဝေဖန်ထောက်ပြမှုသည် လူ့လောကအတွက်
အလုပ်သင့်ဆုံးသောအလုပ် ၊အမှန်ကန်ဆုံးသောအလုပ်ဖြစ်တယ်လို့ကျနော်ယုံကြည်
ပါတယ်၊အကယ်၍ မိမိဝေဖန်မှုသည် တပါးသူပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့်
လုပ်ဆောင်ခဲ့သော် ထိုလုပ်ရပ်သည် လုံးဝမလုပ်ထိုက်သောအလုပ်ဖြစ်သလို ၊
လူ့လောက ကလက်မခံသောအလုပ်ဖြစ်တယ် ရှောင်စေချင်ပါတယ်။
ယခုကျနော်တို့တိုင်းပြည်တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်
သော NLD က သူတို့ယုံကြည်ရာ အတွေးအခေါ်အယူအဆဖြင့် မဟာဗျူဟာအသစ်
တခုကိုဆုံးဖြတ်ရပ်တည်လိုက်ခြင်းအပေါ်တွင် အတွေးအခေါ်အယူအဆအမျိုးမျိုး
ထွက်ပေါ်လာပြီး ဝေဖန်သံ ၊ ဆန့်ကျင်ကန့်ကွက်သံ ၊ ထောက်ခံအားပေးင်္သတွေ
နိုင်ငံရေးလောကမှာပွက်လောရိုက်နေတဲ့အချိန်ကာလဖြစ်ပါတယ်  တချို့က အာဏာရှင်
ကို လူထုတိုက်ပွဲဖြင့်သာ ဖြုတ်ချလို့ရမယ်လို့ ယူဆသူကယူဆ ၊တချို့က လက်နက်ကိုင်
တိုက်မှသာ ရမယ်လို့ယုံကြည်သူကယုံကြည် ၊တချို့ကအာဏာရှင်ကိုပူးသတ်မှထိရောက်
မယ်လို့ဆိုသူကဆို နဲ့ အတွေးအခေါ်အမျိုးမျိုးကွဲလွဲနေကြတဲ့အချိန်ဖြစ်နေပါတယ်၊
မိမိအယူအဆမှန်တယ် ၊သူ့အယူအဆမှားတယ် နဲ့အငြင်းပွားနေကြတဲ့အချိန်မှာ ဒီမိုကရေစီ
ဘက်တော်သားများအမြင်ကျယ်ကျယ်နဲ့အထူးသတိထားလုပ်ဆောင်ရမည့်အချိန်ကာလ
ဖြစ်တယ်ကျနော်နှိုးဆော်တိုက်တွန်းချင်ပါတယ်၊ဒီအခြေအနေပေါ်တွင်ကျနော်လက်လှမ်းမှီ
သလောက် ဆွေးနွေးညှိနှိုင်းကြခြင်းအပေါ် ကျနော့်အမြင်သဘောထားကိုတင်ပြအပ်ပါတယ်။
အထက်ပါ ကျနော်တင်ပြခဲ့သော အတွေးအခေါ်အယူအဆကွဲလွဲချက်တွေဟာကျနော့်အနေဖြင့်
ဘယ်အယူဆကမှားယွင်းတယ် ၊ဘယ်အယူအဆကမှန်ကန်တယ်လို့မဝေဖန်လိုပါ ၊အခြေအနေ
ပေးရင် အယူဆအားင်္လုးအောင်မြင်မှန်ကန်မှာဘဲလို့ကျနော်ယူဆပါတယ်။ဒီအယူအဆအားလုံး
သမိုင်းစဉ်အရအခြေအနေကွဲပြားစွာ တခုချင်းအောင်မြင့်ခဲ့တဲ့သာဓကရှိခဲ့လို့ဘဲဖြစ်ပါတယ် ။
ကျနော့်အမြင်အရ ယခုအတွေးအခေါ်ကွဲလွဲနေကြသော ဒီမိုကရေစီဘက်တော်သားများဟာ
( ၁ ) စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီကျင့်စဉ်နှင့်ညီသောစံနစ်သစ်တခုပေါ်ပေါက်ရေး
       ဟူသော ပန်းတိုင် သည် အားလုံးအတူတူပင်ဖြစ်သည် ။အားလုံးသည်အဓိကပန်းတိုင်ကို
        ကွဲလွဲခြင်းမရှိပါ ။
( ၂ )  ပန်းတိုင်ကို ကြိုးစားချီတက်ကြရာတွင် မိမိယုံကြည်ရာနည်းနာ မဟာဗျူဟာ ၊ နည်းဗျူဟာ
        ကွဲလွဲခြင်းသာဖြစ်သည်ဟုကျနော်ယူဆပါတယ်။
တူညီသောပန်းတိုင်အတွက်လူတိုင်း ၊အဖွဲ့အစည်းတိုင်းမိမိယုံကြည်ရာ နည်းနာအတိုင်းလွတ်လပ်စွာ
ချီတက်ကြိုးစားပိုင်ခွင့်ရှိကြပါတယ်၊မိမိနဲ့မတူညီသောတခြားသောသူတို့ယုံကြည်ရာနည်းနာများကို
လည်းအပြန်အလှန်လေးစားဘို့အထူးလိုအပ်ပါတယ်၊ အထူးသဖြင့်အဓိကမလုပ်သင့်ဆုံးသောအရာ
မှာ မိမိအယူအဆသည်သာမှန်တယ်လို့ တရားသေဆုတ်ကိုင်ပြီးတခြားသူတို့အယူအဆသည်မှား
ယွင်းသည်ဟုယူဆကာ  ရန်သူသဖွယ် ဂုဏ်သိက္ခာမဲ့အောင်၊သိက္ခာကျအောင် ၊ရှေ့တိုးလို့မရအောင်
နောက်ကလိုက်တိုက်ခြင်းကိုယနေ့ကာလမှာအထူးရှောင်ကျဉ်ရမည်ဟုယူဆပါသည်။ဥပမာ -
ဒေါ်စုသွာတဲ့လမ်းကြောင်းကိုမယုံကြည်လို့မလိုက်နိုင်ဘူးဆိုရင်လဲ မလိုက်ပါနဲ့ကိုယ်ယုံကြည်ရာမှာ
ရပ်ကျန်ခဲ့ပါ၊ကိုယ့်စစ်မျက်နှာနဲ့ကိုယ်လွတ်လပ်စွာသွားပါ ၊အမြင်ကျဉ်းမြောင်းစွာဖြင့်နောက်က
လိုက်မတိုက်ဘို့အထူးအရေးကြီးပါတယ် ဒီလုပ်ရပ်ဟာ မိမိကိုလည်းအကျိုးမပြုသလိုသူများကိုလဲ
အကျိုးမပြုပါ၊အထူးသဖြင့်မိမိယုံကြည်သောဒီမိုကရေစီပန်းတိုင်အတွက်ထိခိုက်နစ်နာသောရလဒ်
ကိုသာရမည်မှာမလွဲပါ၊ သမိုင်းမှာ မိမိအယူအဆကိုတရားသေဆုတ်ကိုင်ပြီး ငါမှန်တယ် ငါနဲ့မတူ
ငါ့ရန်သူဆိုပြီးသူ့အုပ်စု ၊ကိုယ့်အုပ်စု တိုက်ခိုက်ခဲ့ကြလို့တိုင်းပြည်ကြီးစုတ်ပြတ်ထွက်သွားလို့
စစ်အာဏာရှင်စံနစ်ယနေ့ထိသက်ဆိုးရှည်နေပြီးခါးသီးတဲ့ဒီအသီးအပွင့်တွေကိုယနေ့ထိခံစားနေကြရ
တယ်ဆိုတာကိုသမိုင်းသင်ခန်းစာယူပြီးသတိထားဆင်ခြင်ကြဖို့မေတ္တာရပ်ခံအပ်ပါတယ်။မိမိတို့ဒီမို
ကရေစီဘက်တော်သားအချင်းချင်းလက်တွဲဖြုတ်လောက်သည့်အဆင့်ထိမတိုက်ခိုက်ကြဘို့နဲ့၊
မိမိနှင့်အယူအဆ၊နည်းနာမတူသော်လည်းဒီမိုကရေစီဘက်တော်သားအချင်းချင်းလက်ချင်းချိတ်၍
တူညီသောပန်းတိုင်ကိုမတူညီသောနည်းနာများဖြင့်"ညီညွတ်မှုသည်အင်အား" ဆိုသည်ကိုဆုတ်ကိုင်
ပြီး ၊ဘယ်မုဒ်ကတက်မှမှန်မယ်ဟုမတွေးကြဘဲဘယ်မုဒ်ကဘဲတက်တက်ဘုရားပေါ်ရောက်ဘို့သာ
အဓိကဖြစ်တယ်ဆိုတာကိုနားလည်စွာဖြင့်ချီတက်ကြပါစို့ ။။လေးစားစွာတိုက်တွန်းအပ်ပါသည်။
ကျနော်သည် ဒေါ်အောင်ဆန်းစုကြည် ၊ဦးတင်ဦး ၊ဦးဝင်းတင်ကိုပုဂ္ဂိုလ်ရေးအရယုံကြည်သူဖြစ်သည်
(ကိုးကွယ်ခြင်းတော့မဟုတ်ပါ) ကျနော်ယုံကြည်ရလောက်အောင်လည်းသမိုင်းကိုလုံလောက်စွာ
ဖြတ်သန်းခဲ့ပြီးဖြစ်သည်ဟုကျနော်ထင်ပါသည်။သူတို့သည်တိုင်းပြည်ကိုခုတုံးလုပ်ပြီးမိမိကိုယ်ကျိုး
အတွက်လုံးဝလုပ်လိမ့်မဟုတ်၊ဒီမိုကရေစီပန်းတိုင်သို့အရောက်ချီတက်လိမ့်မည်ဟုခိုင်မာစွာယုံကြည်
ပါသည်၊အကယ်၍ကျနော့်အတွေးအခေါ်အယူအဆမှားခဲ့လျှင်ဒီအကျိုးအတွက်ခံယူဘို့အဆင်သင့်
ပင်ဖြစ်သည်၊ဒါသည်ကျ နော့်ရဲ့ပုဂ္ဂိုလ်ရေးယုံကြည်ရပ်တည်ချက်ဖြစ်သည်။တဖက်မှာကျနော်သည်
၈၈ မျိုးဆက်ကျောင်းသားဖြစ်သည်၊ဤမျိုးဆက်သည်ကျနော့်၏ အသက် ၀ိဥာဉ်ဖြစ်တယ်ထို့ကြောင့်
ပြည်တွင်း ၊ပြည်ပပူးတွဲကျင်းပသော၈၈မျိုးဆက်တရားဝင်အစည်းအဝေးမှဆုံးဖြတ်သောဆုံးဖြတ်ချက်
များကိုမိမိပုဂ္ဂိုလ်ရေးရပ်တည်ချက်နှင့်ကွဲလွဲနေသော်လည်းမိမိခံစားချက်ဦးစားမပေးဘဲတသွေမတိမ်း
ရပ်တည်သွာပါမည်၊ ကျနော်သည်မျိုးဆက်ကိုဘယ်တော့မှသစ္စာဖေါက်မည်မဟုတ်ပါ၊အစဉ်အလာကြီး
မားသော၈၈မျိုးဆက်၏ရပ်တည်ချက်ကိုဘယ်တော့မှသွေဖည်ဆန့်ကျင်မည်မဟုတ်ပါ။ကောင်းခြင်း
ဆိုးခြင်းကိုအစဉ်ခံယူသွားမည်ဖြစ်ပါသည်။ဒါသည်ကျနော်၏သစ္စာတရားပင်ဖြစ်သည် ဤသစ္စာတရား
သည်အစဉ်ခိုင်မြဲနေစေရမည်ဖြစ်ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
တိုင်းပြည်အကျိုး ၊ ပြည်သူ့အကျိုးကိုအရင်းနှီးပြု၍ အစဉ်ထမ်းဆောင်လိုသောဆန္ဒဖြင့်
သန်းဝင်း ( ရကသ )
၈၈ မျိုးဆက်ကျောင်းသား
၁၂ /၁၃/ ၂၀၁၁
မှတ်ချက် ---  ပြည်တွင်း ၊ ပြည်ပ ၈၈မျိုးဆက်တရားဝင်အစည်းအဝေးဖြစ်မြောက်ရေးကို
                   စွမ်းနိုင်သမျှ အကောင်ထည်ဖေါ်လုပ်ဆောင်သွားမည်ဖြစ်သည်။

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....