twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Wednesday, September 28, 2011

သတိထားကြပါ ရွှေမြန်မာ


ကျွန်တော်အပါအ၀င်မြန်မာပြည်သာတိုင်းရင်သားအားလုံးကျွန်တော်တို့  ပတ်ဝန်းကျင်များကိုသတိမထားမိပဲအမှု
မဲအမှတ်မဲ့ နေမိကြပါလိမ့် မယ်။ဒါပေမယ်ယခုစာကိုဖက်ပြီချိန်မှာ ကျွန်တော်တို့ ရဲ့  ပတ်ဝန်းကျင် သတိထားပြီ
ကြည့် လိုက်ပါ၊ မြန်မာတိုင်ရင်းသား လူမျိုးစုများတွင်မပါဝင်သော တရုတ်၊ကုလားများ သင့် ပတ်ဝန်းကျင်တွင်
အများအပျားမင်းမူနေတာတွေ့ ရပါလိမ့် မယ်။

တဆက်ထဲပြောချင်တာကတော့ ကျွန်တော်ဟာလူမျိုးရေးအထိကရုန်းဖြစ်မှာကိုလိုလားသူမဟုတ်ပဲ ငြိမ်းချမ်းရေး
ကိုသာရှေရှုတဲ့ ဗုဒ္ဒဘာသာဝင်တယောက်ဖြစ်ပါတယ်၊သိုသော် မြန်မာနိင်ငံသာတယောက်ဖြစ်တဲ့ အတွက် မြန်မာ
နိင်ငံရဲ့  ဆိုရွားလာတဲ့  အနာဂတ်ကို စိုးရိမ်မိပါတယ်။

ကျွန်တော်တို့ မြန်မာနိင်ငံသားတွေ တနေ့ တနေ့  စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရင် မိမိပတ်ဝန်း
ကျင်ရဲ့ အပြောင်းအလဲမှုကို သတိမထားမိပဲ ဘာသာတရာများ၊ယဉ်ကျေးမှုများ တစတစ ခမ်းချောက်လာသည်ကို
သိချင်မှသိပါလိမ့် မယ်။

စီးပွားရေး၊လူမျိုးရေးအရ နယ်ချဲ့ နေကြတဲ့ တရုတ်၊ကုလားလူမျိုးများ မြန်မာနိင်ငံရဲ့ နေရာအနှံအပြားတွင် တွေ့ ရမြင်ရ
သည်ဟု သင်လက်ခံလျှင် ကျွနှ်ပ်တို့ အားလုံး ကိုယ်ကိုကိုယ်လေ့ လာသုံးသပ်ရမလို ကျွန်တော်တို့ ရဲ့ နိင်ငံရေ
ကိုလည် သုံးသပ်ရပေလိမ့် မည်၊ နိင်ငံရေးဆိုတာနှင့် လူအများနောက်တွန့် သွားတက်ကြသည်။နိင်ငံရေဆိုသည်မှာ
နိင်ငံသာတိုင်း၏အရေးဖြစ်သည်၊ခရစ်တိုတယ်၏စကားနှင့် ပြောရလျှင်( လူဆိုသည်မှာ နိင်ငံရေ၏ သတ္တ၀ါဖြစ်
သည်)ထိုကြောင့်  နိင်ငံရေးသည် လူတိုင်းနှင့် သက်ဆိုင်ပါသည်။

တချိန်တခါက...
ဗမာပြည်သည် ဒို့ ပြည်
ဗမာစာသည်  ဒို့ စာ
ဗမာစကားသည်  ဒို့ စကား
ဒို့ ပြည်ကို  ချစ်ပါ
ဒို့ လူမျိုးကို မြတ်နိုးပါ..ဆိုသော

ကြွော်ကြော်သံများသည် အကြောင့် မဲ့ သတ်သတ်ထွက်ပေါ်လာခဲ့ သည်မဟုတ်၊ကုလား-ဗမာအရေးအခင်းကြောင့် 
ထွက်ပေါ်လာရခြင်းဖြစ်သည်။နိင်ငံအတွင်းနေထိုင်ပြီ အစော်ကားခံရသောလူမျိုးရေ အထိကရုန်းများကို ယနေ့ 
လူငယ်များ ပြန်လည်လေ့ လာသင့် ပါသည်။ကုလား-ဗမာအရေးခင်းများ တရုတ်-ဗမာအရေးခင်းများ ရှိခဲ့ဖူသည်
ကို လူငယ်များမသိကြပေ ....။

တရုတ်-ဗမာအရေးခင်းနှင့် ပတ်သတ်ပြီး စာရေးဆရာကြီတယောက်ရဲ့ စာအုပ်တွင် ဖက်မိသောအကြောင်းအရာ
ကို မှတ်မိပါသေသည်၊ဆွမ်းခံကြွသော ရဟန်းတပါကို တရုတ်တယောက်က နောက်ကနေလှံနဲ့ ထုတ်ချင်းဖောက်
ထိုးသတ်သွားသော ဖြစ်ရပ်တခုဖြစ်သည်။ယနေ့  မြန်မာနိင်ငံရှိ နေရာအနှံအပျားတွင် ရှိသောတရုတ်များ အလာတူ
ဖြစ်ရပ်များ မဖြစ်နိင်ဟု မည်သူက အာမခံရဲ့ သနည်း။

တရုတ်လူမျိုးများ၏ ကောင်မွန်သော အကျင့် စရိုက်တချို့ ကို ကျွန်တော်တို့ ရွှေမြန်မာများ အတုယူသင့် ပါသည်။
တရုတ်လူမျိုးများ ကောင်မှုဖြစ်စေ၊မကောင်းမှုဖြစ်စေ သူတို့ ၏အလုပ်ကို စိတ်ဝင်တစားဂရုစိုက်လုပ်ကိုင်ကြပြီ
 တိုးတက်အောင် အမြဲကြံဆတွေးတောနေတက်ကြပြီ၊ငွေကြေးကို တန်ဖိုးထားတက်ကြပြီ  သူတို့ အတွက်အကျိုး
မရှိလျှင် မစင်တောင်မစွန့် ချင်ကြသည် လူမျိုးဖြစ်သည်။

ထိုကြောင့် ကျွန်တော်တို့  ရွှေမြန်မာများသတိထားကြဖို့ တော့ လိုပါသည်၊မြန်မာမိန်ကလေးများ တရုတ်ပြည်တွင်
သတို့ သမီးအဖြစ် ရောင်စားခံရသောသတင်းများ သင့်နားထဲသို  ၀င်မလာခဲ့ ဘူဆိုလျှင် သင်ဟာ လက်ရှိအစိုးရ
၏ (brain wash)အလုပ်ခံထားရသော လူတယောက်ဖြစ်တယ်ဆိုတာ လက်ခံလိုက်ပါ၊ ပြီလျှင် ကိုယ်ကိုကိုပြန်လည်
သုံးသပ်ပြီး ကမ္ဘာအပြင်ဖက်သို့  ကြည့် ဖို့ လိုပါတယ်။

ဒီမိုကရေစီ စနစ်ကိုလိပ်ကဲ့ သို့ သွားနေသော လက်ရှိအစိုးရထုတ်လွင့် သော တီဗီအစီအစဉ်များ၊ဂျာနယ်များ၊
စာစောင်များဖက်ယုံမျှဖြင့် ကိုယ်ကိုကိုယ် ဗဟုသုတရှိပြီဟု ထင်မနေပါနှင့် မြန်မာပြည်တွင် ဖြစ်ပျက်နေသော
သတင်းအချို့ ကို အစိုးရက အမှောင်ချထားကြသည်။

လက်ရှိသင် စီးနေသောဖိနပ်၊ဆောင်ထားသော ထီးတို့ မှာတရုတ်ပစ္စည်များဖြစ်နေလျှင် မြန်မာနိင်ငံပ်ါတွင် တရုတ်
မည်မျှ လွမ်းမိုးနေသည်ကို..သင်  သတိထားကြည့် လိုက်ပါ...

အကယ်၍ ကျွန်တော်တို့ ရွှေမြန်မာအားလုံးအမှုမဲ့ အမှတ်မဲ့ ဆက်လက်နေထိုင်ကြလျှင် နောင်တချိန်ကြလျှင်
မြန်မာပြည်တွင်းရှိတရုတ်များသည် မနက်စောစောထ၍  ဒါတိုပြည့် ဒါတို့ မြေ တို့ ပိုင်တဲ့  မြေ ဟု ရွတ်ဆိုနေကြလိမ့်မည်။

နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့  စီပွားရေသာမက လူမျိုးရေးအရပါ နေရာယူလာကြသော တရုတ်လူမျိုး၊
ကုလားလူမျိုးများကို သတိထားကြပါ ရွှေမြန်မာရယ်လို့ ........................>>>>>>>>

(အန်ထွက်လာတဲ့  ခံစားချက်တွေပါ ၊စာဖက်သူနဲ့  ကျွန်တော်ဟာ အသက်အရွယ်၊ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်
ခံစားချက်များ မတူညီကြတဲ့ အတွက် လက်ရှိအတွေးအခေါ်များတူညီကြမည် မထင်ပါဘူး၊ သို့ သော် အတူညီတဲ့ 
အတွေးအမြင်များကို လက်ခံကြိုဆိုပါတယ်)

Tuesday, September 27, 2011

ငါ့  ရဲ့ လမင်း

video

မြန်မာနိုင်ငံပျောက်သွားပြီး တရုတ်ပြည်ဖြစ်လာတော့မှာလား?


တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။


`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ ???????????????????

အိပ်မက်ဆိုးတွေ မက်နေပြီ။တကယ်ကို ချွေးစီးတွေနဲ့ ခြောက်ခြားစရာကောင်းတဲ့ အိပ်မက်ဆိုးပါ။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ် လား` တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

စက်တင်ဘာ ၂၃ ရက်နေ့၊တော်ဝင်နှင်းဆီမှာ မြန်မာငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ဦးစီးပြီး ရန်ကုန်က ပညာရှင် အသီးသီး ကို ဖိတ်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲကို ကျမ တက်ခဲ့တယ်။ အဲဒီက ပြန်တော့ ကျမ တကိုယ်လုံး ညှိုးခြုံးပြီး တွေးစရာတွေ ပါလာခဲ့တယ်။ အဲဒီနောက်တော့ ကျမရဲ့ခြောက်အိပ်မက်က စတော့တာပါပဲ။

အိပ်မက်ထဲမှာ မြန်မာနိုင်ငံက ပျောက်သွားတယ်။ ကျမနေတဲ့ ပြည်ရိပ်မွန်ဟာလည်း ပျောက်သွားတယ်။

လှည်းတန်းဈေးကလည်း တရုတ်ဈေးဖြစ်နေတယ်၊ မြင်မြင်သမျှ လူတွေကတော့ မျက်လုံးမှေးမှေး၊ အသား နီစပ်စပ်နဲ့ ချွေးတွေ စီးကျနေတဲ့ တရုတ်လူမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး ကျမ လက်ထဲက ကိုင်နေတဲ့စာအုပ်တောင်မှ တရုတ်စာလုံးတွေနဲ့ စာအုပ်ဖြစ်နေတယ်။

ဖျတ်ခနဲ လန့်နိုးလာတဲ့ ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ဘူး။ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိတော့တာပါပဲ။

တော်ဝင်နှင်းဆီက ပညာရှင်အသီးသီးက မတူညီတဲ့ အမြင်တွေနဲ့ ဧရာဝတီမှာမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့အမြင်နဲ့သဘောထားတွေကို ပြောဆိုကြတယ်၊ တင်ပြကြတယ်။

ပညာရှင်အားလုံးဟာ လေးစားစရာကောင်းပါတယ်။ ကျမတို့ မသိတာတွေ။ မမြင်တဲ့ ရှုထောင့်တွေ၊ မသိတဲ့ ပညာရပ်တွေ ဘယ်လောက် များပြားကျယ်ပြန့်သလဲ။ ဒီဆွေးနွေးပွဲကိုတက်ပြီးတော့ ကျမ မြစ်ဆုံနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို မရေးရဲလောက်အောင်ဖြစ်ရပါတယ်။ သိတ်ကို ကျယ်ပြန့်ပါတယ်။ ကျမ မသိတဲ့ နားမလည်တာတွေလည်းအများကြီး၊ မမြင်မိတာတွေလည်း အများကြီးပါ။

ဒါပေမဲ့ သာမန်ပြည်သူ၊ သာမန်သတင်းသမားတယောက်အနေနဲ့ တော့ ရေးချင်တယ်၊ အမျိုးသားရေးမို့ ပိုပြီး ရေးချင်တယ်။ ပညာရှင်ရှုထောင့်မျိုးကနေ မရေးနိုင်ပေမဲ့ သာမန်ပြည်သူတဦး၊ သာမန်သတင်းသမားတဦး၊ မြန်မာ အမျိုးသမီးတဦး၊ မိခင်တဦးအနေနဲ့ တော့ ကျမ ရေးချင်ပါတယ်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။

တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။

နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။

`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။

တကယ်ပဲ ကျမတို့ဟာ ဧ၇ာဝတီမြစ်ကိုတင် ဆုံးရှုံးရမှာ မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေ၊ ပြီးတော့ မြန်မာပြည်ကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေမျိုးပါ။

စစ်ဗိုလ်များပြီး ရဲဘော်မရှိတဲ့ မြန်မာစစ်တပ်ကို တရုတ်အစိုးရက သူတို့ဆည်လုံခြုံရေးအတွက် တာဝန်ပေးပါ့မလား။
တရုတ်စစ်တပ် ၀င်လာရင် အင်အားဘယ်လောက်နဲ့ ၀င်လာကြမှာလဲ။

အဲဒီ စစ်တပ်က ကချင်ပြည်နယ်ကိုတင် မက နေပြည်တော်ထိ တက်ပြီး သိမ်းနိုင်တဲ့ အခြေအနေ ရောက်လာနိုင်မှာလား။

လက်ရှိ မြန်မာအစိုးရပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေထဲမှာကော တရုတ်ပြည်က စပိုင်တွေ မရှိနိုင်ဘူးလား။

ယနေ့ ထိတ်ထိတ်ကျဲကျဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ ဦးခန့်ကိုတရုတ်အစိုးရက ငွေကြေးအလုံးအရင်းနဲ့ ထောက်ပံ့ပေးပြီးလူမွေးထားတဲ့ သတင်းတွေက ဘာကြောင့် ထွက်လာတာလဲ။

မန္တလေးကို တရုတ်တွေက ဖြည်းဖြည်းခြင်း စီးဝင်ခဲ့တာပါ ဧရာဝတီမြစ်ဆုံကိစ္စကတော့ တရုတ်တွေ ဝေါကနဲ မြန်မာပြည်ရောက်လာမဲ့ ကိစ္စလို့ ကျမတော့မြင်လိုက်မိတယ်။

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် အကျိုးကျေးဇူး ဘယ်လောက်ရှိနိုင်ပါသလဲ၊

မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် ပျောက်သွားနိုင်တာကတော့ ကျမ အတွေးထဲမှာ သေချာ သလောက် ဖြစ်နေပါတယ်။

ဆောင်းတွင်းမဟုတ်ပဲ ခြောက်အိပ်မက် မက်နေတဲ့ ကျမလို မြန်မာပြည်သူတွေ အများကြီး ရှိပါလိမ့်မယ်


မေသင်္ကြန်ဟိန်း(မြစ်မခ)

Sunday, September 25, 2011

မန္တလေးကို ချစ်တဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တဲ့စိတ်

သိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မကြည်မသာလည်း ဖြစ်ရတယ်။

ပွဲသဘင်ပေါတဲ့မြို့

မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင်လောက်အောင်ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင်မေးကြည့်တော့မှ ဟုတ်တယ...်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။

သဘင့်တက္ကသိုလ်

ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။

အနုပညာမြို့တော်

ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှမရှိဘူး။ မန္တလေးက မျက်ပါးရပ် တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။

အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူး

မင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျသွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ်ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။

အမြင်ကျဉ်းတာမဟုတ်ဘူး

အမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကိုချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။

ဆွေလိုမျိုးလိုနေကြ

မန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်းအစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။

ဗမာတွေဖြစ်ကုန်ကြ

အိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။

သူတို့လူများစု

ဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက်တိုင်းမှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။

ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်

ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။

ဗမာစာပါ ပျောက်မှာစိုး

ယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ဆုံးရှုံးမှုဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။

လူထုစိန်ဝင်း

Saturday, September 24, 2011

ဘလော့ဂါဆိုတာဘာလဲ.........?


ဘလော့ ဂါ ဆိုတာဘာလဲ
နှုတ်မဆက်ပဲ ရုတ်တရက် တဂ် လိုက်တဲ့  သမီးစံကြောင့် ကျွန်တော်အတွက်လေးလံသွားသလို ချွေးပြန်သွာတာတော့ 
အမှန်ပါပဲ။ဘာကြောင့် လည်ဆိုတော့  ရသရှားတဲ့  ဘလော့ ဂါ ကျွန်တော်ဟာ ၀တ္ထုတိုရေရင် အက်ဆေးဖြစ်၊
အက်ဆေး ရေးရင် ဆောင်းပါးဖြစ် ၊ကဗျာတွေကလည် ကာရံတွေထဲကမထွက် ဂါထာလိုလို အလင်္ကာလိုလိုနဲ့ 
ကိုယ်တိုင်ရေးပြီ စိတ်တိုင်းမကျ ဖြစ်နေပြီး ရေးမှရေးတက်ပါမလားလို့  စိတ်လေးလံသွားတာပါ...
ချွေးပြန်သွားတာကတော့  အဲဒီနေ့ က အခန်းထဲမှာ (Air -con) ပျက်နေလို့ ပါ........:p

ကိုယ့် အလှည့်မကျလောက်ဖူးထင်ပြီး သူများဘလော့ တွေကို သာမန်လောက်ဖက်ပြီး နှုတ်မဆက်ပဲထွက်လာတဲ့ 
ကျွန်တော်သျှင်နေမင်း စာရေးပျင်းနေလို့ မရတော့ ဘူပေါ့ ......

ဘလော့ ဂါ ဆိုတာဘာလဲ.......?
ကျွန်တော် ခပ်ရဲရဲပြောနိင်တာကတော့  ဘလော့ ဂါ ဆိုတာ ဘလော့ ရေးသူ ပါပဲလို့ ၊ ဒါပေမယ့်  ကိုယ်အဓိပ္ပာယ်နဲ့ 
ကိုယ် ဖွင့် ဆိုရရင်ဖြင့်  ဘလော့ ဂါ တွေ တဦးနှင့် တဦး ဖွင့် ဆိုပုံတူညီကြမယ်မထင်ပါဘူး....
ကျွန်တော်ရဲ့  ဖွင့် ဆိုချက်ကတော့  ဘလော့ဂါဆိုတာ ၀ါသနာရှင် ၊စေတနာရှင် အမျိုးအစားထဲမှာပါဝင်ပါတယ်.၊

ဘာကြောင့် ယခုကဲ့ သို့ ဖွင့်ဆိုသလဲ ဆိုလျှင် ကျွန်တော်စိတ်နဲ့ နှိုင်းယှဉ်ပြီးပြောလိုက်တာပါ၊ ကိုယ်တင်တဲ့  ပို့ စ်
တခုတိုင်းမှာ ဗီဒီယိုနှင့် ဓာတ်ပုံဖြစ်စေ၊ဆောင်းပါး၊၀တ္ထုတို တွေထဲမှာ စာဖက်သူတွေကို သိစေချင် မြင်စေချင်တဲ့ 
စေတနာတွေရှိကြပါတယ်၊ ဘလော့ ဂါတယောက်ဟာ ကိုယ်ပိုင်အယူအဆကို လွပ်လပ်စွာတင်ခွင်ရှိပါတယ်။
ဘလော့ ဂါ တယောက်ဟာ အဖွဲ့ အစည်း၊ တစုံတရာရဲ့  ဖိအားအောက်မှာ ရှိနေလျှင် စာကောင်း၊ပေကောင်းများ
ထွက်မလာနိင်ပဲ စာဖက်သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေယုံသာမက အတွေးအခေါ်တွေပါ အဆိပ်အတောက်
ဖြစ်စေနိင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ ဂါ အကိုကြီး ကိုဇော် ပြောသလို ဘလော့ တခုလုပ်ရတာ လွယ်ပါတယ်၊ဘလော့ဂါ
တယောက်ဖြစ်ဖို့ တော့မလွယ်ပါဘူး၊စာတွေ အစုံဖက်ထားရသလို သိခံတက်ဖို့ တော့ လိုပါလိမ့် မယ် ။
စာရေးဆရာ တယောက်ဟာ ၇၅ရာခိုင်နှုန်းက သူတို့ ရဲ့  အတွင်းစိတ်ကို ၀တ္ထုတွေ ဇတ်လမ်းတွေ ၊ဇတ်အိမ်တွေ
ထဲမှာ မြှပ်နှုံထားသလို ဘလော့ ဂါတွေအများစုကလည် သူတို့ ရဲ့  အတွင်းစိတ်ကို ဘလော့ တွေမှာမြှပ်နှုံထား
တက်ကြပါတယ် ၊အိမ်ရှင်မကောင်း တယောက်ဟုတ်မဟုတ်ကို ဘုရားစင်နှင့်  ဖိနပ်စင် ကိုကြည့် ရင် သိနိင်သကဲ့ သို့ 
ဘလော့ ဂါ တယောက်ကို သူရဲ့ အရေးအသား၊ ပို့ စ် တွေကို မြင်ယုံနဲ့ သိနိင်ပါတယ်..........

ဘလော့ ဂါတွေ အသက်အရွယ်၊ အတွေးအခေါ်၊ ဖြတ်သန်းခဲ့ ဖူတဲ့  ပတ်ဝန်းကျင်တွေမတူညီကြတာကြောင့် စာဖက်ပရိတ်သတ်
ပေါ်ပေးကြတဲ့  မက်ဆေ့ တွေကလည်မတူညီကြပါဘူး၊ ဒါပေမယ့် တူညီတာတခုကတော့  ဘလော့ ပေါ်ကိုတင်လိုက်တဲ့ 
ပို့ စ် တိုင်းမှာ စေတနာတွေပါတယ် ဆိုတာတော့  မငြင်းကြမယ်ထင်ပါဘူး(ငြင်းချင်လည် ငြင်းပေါ့  :p)

ဒါကြောင့်  ဘလော့ ဂါ ဘာလဲလို့  မေးလာခဲ့ ရင်..
ဘလော့ ဂါ ဆိုတာ စေတနာရှင်တွေပါလို့  ဖြေမိမှာ ဧကန်မလွဲပါပဲ၊ကျွန်တော် အင်တာနက်နဲ့ စတင်ထိတွေ့ စဉ်က
ဘလော့ ဂါ တွေ ပိုက်ဆံ ဘယ်လောက်ရလို့  စာတွေ၊ကဗျာတွေ၊ ဗီဒီယိုတွေ တင်နေတာတာလဲလို့  ထင်မိပါတယ်၊
(ကိုယ်က တောသားဆိုတော့  ဒီလောက်တော့ ရှိမှာပေါ့ )ဒါပေမယ့်  ဘလော့ ဂါတွေက အရင်ဦးဆုံး ၀ါသနာတွေ၊
စေတနာတွေ၊ အချိန်တွေ ၊ငွေကြေး တွေအရင်ပေးဆပ်နေရတာပါ..ထိုကြောင့်  ပေးဆပ်ခြင်းများစွာနဲ့ ဘလော့ ဂါ
တွေအားလုံး ကို လေးစာနေမိပါတယ်.......

ကျွန်တော်ပြောရဲပါတယ် ကျွန်တော်တို့ မြန်မာဘလော့ ဂါတွေဟာ ဘလော့ ပေါ်တွင်သာမကအပြင်မှာပါသဘော
ကောင်း၊စေတနာကောင်းကြမှာပါ။(ပြန်တဲ့ အချိန် သမီးစံ ဆီက ပိုက်ဆံ ချေးလို့ ကောင်းအောင်ပါ)တနေ့ နေ့ တော့ 
ဘလော့ဂါတွေ ဆုံစည်းပြီ တွေ့ ဆုံကြမယ့် နေ့ ကို မျော်နေမိတာတော့  အမှန်ပါပဲ.ကျွန်တော်လို မထုံးတက်တေး
ခပ်အေးအေး ဘလော့ ဂါတွေ ဘယ်နှစ်ယောက်များ ရှိနေသလဲလို့ ပါ........:P

အင်း.....မရေးတက်ဖူးလို့ သာပြောတာ စာတွေတောင်များနေပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် ရသတွေရှားနေတဲ့ အချိန်
သတိတရ နဲ့ ကျွန်တော်ဘလော့ လေးကို ဘလော့ အရာသွင်းပြီး တဂ်ပေးတဲ့ သမီးစံအားကျေးဇူတင်ပါကြောင်း..

ကျွန်တော်အနေနဲ့  တဂ် စရာဘလော့ ဂါမရှိတော့ ပါဘူး၊အကယ်၍ အခင်မင်ဆုံး ဘလော့ တခုကြောင်းရေပါဆိုတဲ့ 
တဂ် ပုံစံမျိုလာခဲ့ ရင် ကျွန်တော်စဉ်းစာမနေပဲ သမီးစံ ရဲ့  ဘလော့အကြောင်းရေးမိမှာပါ..

ဘလော့ ဂါ အကိုတွေ၊အမတွေ ၊သူငယ်ချင်း ဘလော့ ဂါတွေ အားလုံး စိတ်၏ ပျော်ရွှင်ခြင်း၊ကိုယ်၏ ကျန်းမာခြင်းနှင့် 
ပြည့် စုံကြပါစေ....................၊၊၊၊၊

လေးစားလျှက်...

Thursday, September 22, 2011

***ဧရာဝတီ***


ဧရာဝတီ......ဧရာဝတီ
တပြည်နယ်ဆီက လွမ်းရတာထက်
မြန်မာပြည်က မလွမ်းချင်ဘူး..........။။။

ဧရာဝတီနဲ့  အသက်ဆက်သူတွေ
ငတ်ပြတ်နေရတော့ မှာလား...........။။။

မြန်မာပြည်ရဲ့  အသက်သွေးကြော
ရောနှောလာမယ့်  လူမျိုးတွေ
အနာဂတ်ရေးအတွက်
ရင်လေးမိတယ်..........ဧရာဝတီရယ် ...၊၊။။

ဧရာဝတီမြစ်ရေထဲ
စီးဆင်းဆဲ သူရဲကောင်းသွေးတွေ
ရပ်တန့် လို့  စိတ်ပျက်နေကြပြီလား........။။။

ဧရာဝတီရဲ့  အနာဂတ်ရေးကို
မြော်တွေးမိလို့  ရပ်ဝေးကနေ
အော်ဟစ်ပါရစေ.........
ရပ်တန့် ပေးကြပါလို့ ..........။။။

ဧရာဝတီရဲ့ အရေးကို
လူမိုက်အတွေးနဲ့ စာရေးတဲ့ 
စစ်ခွေးတွေရေ.........

ဧရာဝတီနဲ့ မြန်မာပြည်ဟာ
သမိုင်းအဆက်ဆက်ရေးမှတ်ထားတဲ့
စာမျက်နှာတွေပါ.........။။။

ဧရာဝတီအတွက် ကျွန်တော်စပ်တဲ့ 
ကဗျာဟာ ရယ်စရာဖြစ်နေပေမယ့်
ဧရာဝတီအရေးဟာ နိင်ငံ့အရေးမို့ 
ဒို့ အရေး အော်ဖို့ ဝန်လေးလိမ့် မယ်မဟုတ်............။။။

(15 ရက်နေ့ က စပ်ထားတဲ့ ကဗျာလေးလည်ရှိပါသေးတယ်..မြစ် ၏ မျက်ရည် လို့ အမည်ပေးထားပါတယ်)

Monday, September 19, 2011

သမိုင်းကဆုံးဖြတ်လိမ့်မယ်

သည်ကနေ့ အီးမေးလ် စစ်လိုက်တယ်ဆိုရင်ပဲ သတင်းဌာနတခုမှာ အယ်ဒီတာဝင်လုပ်နေတဲ့ သားလို၊ တူလိုရင်းနှီးသူ လုပ်ဖော်ကိုင်ဖက် ဟောင်းတဦးကပို့တဲ့ အီးမေးလ်မှာ ခေါင်းစဉ်မှာကိုက သိပ်အရေးကြီး တယ်လို့ ရေးထားတာတွေ့ရတော့ ဘာတွေများရယ်လို့ ကမန်းကတမ်း ဖွင့်ကြည့်မိတယ်။

သူက

အန်ကယ်ခင်ဗျား . . .

အရေးကြီးတဲ့ပေါ်လစီ မိန့်ခွန်းလို့ ထင်ပါတယ်။ ဒီနေ့ ဒီမိုကရေစီနေ့မှာ ပြောပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတခုလုံး ဘယ်လိုရှေ့ဆက်သွားမယ် ဆိုတာကို လမ်းညွှန်မိန့်ခွန်းလို့လဲ ပြောနိုင်ပါတယ်လို့ ညွှန်းထားတာတွေ့ ရတာမို့ Attached file ကို ချက်ခြင်းပဲ ဖွင့်ကြည့်ရပြန်တယ်။ အသံဖိုင်နဲ့ ပို့ထားတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည် ပြောတဲ့မိန့်ခွန်းကို နားထောင်ရတယ်။

ဒီနေ့ပဲ အဖွဲ့ချုပ်ရုံးမှာကျင်းပတဲ့ အဲဒီအခမ်းအနားမှာ NLD အထွေထွေအ တွင်းရေးမှူးက ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ လမ်းညွှန် ပေါ်လစီမိန့်ခွန်းကို သူ့ အဖွဲ့ချုပ်ဝင်တွေဆီကတဆင့် တပြည်လုံးက ဒီမိုကရေစီရေးလိုလား သူတွေကို ချပြသွားတာ ဖြစ်တယ်။

ဒီမိန့်ခွန်းထဲမှာ ကျနော်သတိထားမိဆုံးအချက်က . . .

အခုဆိုရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြားပြောပြီးသား ဖြစ်ပါတယ်။

“အပြောင်းအလဲဖြစ်နိုင်မယ့်အခြေအနေ ရောက်နေပြီလို့ ကျမယုံကြည်တယ်။ အပြောင်းအလဲဖြစ်နိုင်မယ့် အခြေအနေမှာ ရောက်နေပြီဆိုရင် ဒီအပြောင်းအလဲဟာ ပြည်သူအတွက်အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်း ဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းက တာဝန်သိသိနဲ့ လေးလေးနက်နက်စဉ်းစားရမှာဖြစ်ပါတယ်။ တချို့ကျတော့ ပုံစံ မပြောင်းနိုင်ဘူး၊ ဒီပုံစံ၊ ဒီပုံစံပဲ။ ဒီအခြေအနေလည်း ဒီပုံစံလုပ်မယ်။ ဟိုအခြေအနေလည်း ဒီပုံစံလုပ်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒါဟာ အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်တဲ့အရည်အချင်း အားနည်းတာလို့ ပြောရမှာပဲ ဆိုတဲ့အချက်ပါ။”

ဒီနေရာမှာ မဟာသိပ္ပံပညာရှင် Albert Einstein ရဲ့ ရူးသွပ်မှု (Insanity) ကို အဓိပ္ပါယ်ဖွင့်ထားတဲ့ ကျော်ကြားလှတဲ့ အဆို အမိန့်ကို သူ့မိန့်ခွန်း နားထောင်ရင်းက ပြေးသတိရတယ်။ Einstein u “Insanity ” is doing the same thing over and over again and expecting different results. လို့ မညှာမတာ ပြောခဲ့ဖူးတယ်။

အပြောင်းအလဲဟာ သဘာဝရဲ့ နိယာမထဲက အထင်ရှားဆုံးနိယာမပါ။ ဒါပေမယ့် ၉၉.၉၉ ရာခိုင်နှုန်းသောသူတွေက Change ကို သတိမထားကြပါ။ မလေ့လာလို့လား။ သတိမထားလို့လား ဆိုနိုင်ပါတယ်။ သတိမမူ၊ ဂူမမြင်ဆိုတဲ့ စကားရှိ တယ်မို့လား။ သည်ထက်ပိုပြီး ထဲထဲဝင်ဝင် ပြောရရင် လေ့လာဖို့မလိုတော့ဘူးလို့ မသိစိတ်ကယူဆချက်နဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာ၊ အရိုးစွဲခေါက်ရိုးကျိုးနေတဲ့ အကျင့်စရိုက်တွေ၊ အစွဲအလန်းတွေနဲ့ အကျင့်ပါနေတာတွေကို ကျနော် ကိုယ်တွေ့မို့ ဒါတွေဟာ ဘယ်လောက်အန္တရာယ်ကြီးမှန်း ပြောမပြနိုင်လောက်တတ်ပါ။ အထူးသဖြင့် ငါသိ၊ ငါ တတ် နိုင်ငံရေးသမားများမှာဖြစ်တတ်တဲ့ ဝမ်းတွင်းပါ ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲ များနဲ့ အဆင်ပြေညီညွတ်တဲ့ပုံစံများကို ပြုပြင်ပြောင်းလဲပြီး နဂိုရှိရင်းစွဲပန်းတိုင်ကို အရောက်သွားကြရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ပြောင်းလဲနေတဲ့ ပကတိအခြေအနေများကို ဆုပ်ကိုင်နိုင်စွမ်းရှိရမှာဖြစ်ပြီး Adaptability ရှိရှိ လုပ်ကြ ရမှာ ဖြစ်ပါတယ်။ သည်လို လုပ်ကိုင်နိုင်စွမ်းရှိမှုဟာ ရိုးသားမှု၊ ပြည်သူလူထု အကျိုးလိုလားမှုဆိုတဲ့ စိတ်စေတနာတွေက မြစ်ဖျားခံလာတယ်လို့ ဆိုရင်မမှားပါ။

ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပါတယ်လို့ ဆိုပါတယ်။ သူ အ မှန်တကယ် ယုံကြည်လို့ ပြောတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။ ဘာကြောင့် သူယုံကြည်ရတာလဲ။ မေးသင့်တဲ့မေး ခွန်းပါ။ အဖြေကတော့ တခုထဲပါ။ ဒီနေ့ ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာပါတဲ့ ဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည် လောက် သ တင်းအချက်အလက် မရှိပါ။ Defecto Power ရထားတယ်လို့တောင် ပြောနိုင်ပါတယ်။ ဗမာပြည်လာတဲ့ နိုင်ငံတကာ ထိပ် တန်းအထူးသံတမန်တွေနဲ့ စကားပြော (ဆွေးနွေးရတယ်)၊ အစိုးရရဲ့ နံပါတ်တစ်သမတနဲ့ ညှိနှိုင်း (ဆွေးနွေးရတယ်)။ သူ့ကို မယုံကြည်ဘူး။ သူဟာ အသုံးချခံရတယ်လို့ ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီလှုပ်ရှားမှုကို ဦးဆောင်နေသူ တွေထဲမှာ သူ့လောက် သတင်းအချက်အလက်ရပြီး သူ့လောက် လက်တွေ့ထဲမှာရှိသူတော့ ဘယ်သူမှမရှိတာကို ဘယ်သူ မှ ငြင်းမရပါ။ တကယ်လို့ သူ့ကို အစိုးရကတောင် အသုံးချဖို့ ကြိုးစားခဲ့တယ်ဆိုရင်တောင်မှ ဒီမိုကရေစီလိုချင်တယ်ဆိုသူ တွေက သူ့ကို အသုံးချဖို့ မကြိုးစားသင့်ဘူးလား။ တိုင်းပြည်နဲ့ လူမျိုးအတွက်နော်။ ဘယ်လိုဘယ်ပုံ သူ့ကို အသုံးချမယ် ဆိုတာ စဉ်းစားရမှာက အခြားနည်းနာဆိုင်ရာ ပြဿနာပါ။

ဒေါ်အောင်ဆန်းစုကြည် ပုဂံကို မိသားစုအပန်းဖြေခရီး ထွက်တယ်လည်းဆိုရော ရှစ်လေးလုံးနှစ်ပတ်လည် ကာလမျိုးမှာ ဒါမျိုးလုပ်ရမလားဆိုပြီး ပယ်ပယ်နယ်နယ်ဝေဖန် (ဆဲ) သူတွေ တွေ့ရတော့ အတော်ကြီး စိတ်အနှောင့်အယှက် ဖြစ်ရပါ တယ်။ အဲသည့် ဝေဖန်သူတွေက တချို့ဆို ဝါရင့် တံဆိပ်တပ်ပေးလို့ရတဲ့ သူတွေပါ။ စစ်အစိုးရကို သွေးတိုးစမ်းပြီး ခရီး ထွက်တာဖြစ်တယ်ဆိုတာ ဘာ့ကြောင့် မစဉ်းစားမိသလဲဆိုတာ အံ့သြစရာပါ။

အခုလဲ ဇော်ဇော် ဖိတ်တဲ့ဘောလုံးပွဲ သွားကြည့်တယ်ဆိုပြီး မီဒီယာတွေမှာ ကျွက်ကျွက်ညံညံအောင် ဝေဖန် (ဆဲ) ကြပြန် ပြီ။ ဒေါ်အောင်ဆန်းစုကြည် က တကယ့်အပြောင်းအလဲဖြစ်ဖို့ဆိုတာ ဗိုလ်သန်းရွှေ သဘောတူမှရမယ်ဆိုတာ ကောင်း ကောင်းသိလို့ ဗိုလ်သန်းရွှေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဇော်ဇော်နဲ့ ဗိုလ်သန်းရွှေမြေး နေရွှေသွေးအောင် (ဖိုးလပြည့်) တို့ ဆီက တဆင့် ဗိုလ်သန်းရွှေဆီကို Good Will Message ပို့နေတာလို့ မယူဆကြဘူးလား။

ဒီနေရာမှာ သတိထားဖို့က ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာပါတဲ့ အပြောင်းအလဲဟာ ပြည်သူလူထုအတွက် အ ကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းလုပ်မလဲဆိုတာ လူတိုင်းလူတိုင်းက လေး လေးနက်နက် စဉ်းစားရမှာဖြစ်ပါတယ်ဆိုတဲ့ အချက်ပါ။ ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့အလုပ်အပေါ် အယုံအကြည် မရှိဘူးဆိုရင် တာဝန်သိသိနဲ့ ဘယ်အလုပ်အပေါ် ယုံကြည်သလဲဆိုတာ အလုပ် (Alternative Programme) ကိုဖော်ပြပြီး အဲသည့်ဖော်ပြထားတဲ့အလုပ်ကို အားလုံး ဝိုင်းလုပ်လာအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ တာဝန်ဆိုတာ ဒါပါ။ အထူးသ ဖြင့် တာဝန်မဲ့ဝေဖန်မှု၊ ပြောဆိုမှုတွေကို လုပ်နေကြတာဟာ တချို့၊ တချို့သော ပြည်ပ Blog တွေ Website တွေပါ။ သူ တို့ပြောဆို ရေးသားနေကြတာတွေကြောင့် သူတို့ကို လက်တွေ့ ပကတိဘဝအရ ဘာမှ အကျိုးသက်ရောက်မှုရှိမှာ မ ဟုတ်တာကြောင့် တာဝန်မဲ့ရေးသားနေကြတာ တွေတွေ့ရတော့ အင်မတန် အော့နှလုံးနာ စက်ဆုပ်မိရပါတယ်။ သူတို့နဲ့ စာရင် ကြံ့ဖွတ်အစိုးရရဲ့ ဆင်ဆာအောက်မှာရေးနေရတဲ့ ဂျာနယ်တွေမှာမှ လက်တွေ့ကျတဲ့ ပြည်သူလူထုကို အသိညဏ် ပွင့်စေတဲ့ စာပေမျိုးတွေ့နေရသေးပါလားလို့ တွေးမိပါတယ်။ ဒါကလည်း သူတို့က ပြည်သူနဲ့အတူ တိုက်ပွဲထဲမှာ ရှိနေလို့ ဖြစ်မှာပါ။

တချို့က ပြောကြတယ်။ One Lady Show လို့။ One Lady Show ပဲဖြစ်ဖြစ်၊ One Man Show ပဲဖြစ်ဖြစ် ရှိနေတဲ့ ပက တိအခြေအနေက စရမှာပါ။ တောင် အာဖရိက က မန်ဒဲလားလည်း ပစ်ဘိုသာဒီကလပ်ဆိုတဲ့ ဒီသမတတွေနဲ့ ထောင်ထဲ ကနေပြီး One Man Show လုပ်ခဲ့ရတာပဲ။ ဘဝတူ အကျဉ်းကျ ရဲဘော်တွေရဲ့ နားလည်မှုလွဲမှားတာကို မန်ဒဲလားလည်း ခါးစည်းခံခဲ့ရတာပဲ။ ဒါပေမယ့် တောင်အာဖရိကတိုက်ရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးသမိုင်းမှာတော့ မန်ဒဲလား ဟာ မန်ဒဲလား ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေ ရောက်နေပြီလို့ ဆိုပါတယ်။ အဓိပ္ပါယ်က အပြောင်းအ လဲဖြစ်နေပြီလို့ မပြောသေးပါ။ အပြောင်းအလဲဖြစ်ဖို့ အခြေအနေတွေကို ဖန်တီးနေတာပါ။ လက်ရှိစစ်အုပ်စုအတွင်းမှာပဲ Moderate သမားတွေနဲ့ Radical သမားတွေ အားပြိုင်နေကြတုန်းပါ။ သည်အချိန်မှာ ဒေါ်စု လုပ်ရမယ့်အရေးအကြီးဆုံး အလုပ်ထဲက တခုက Moderate သမားတွေကို ပိုပြီးအားကောင်းလာစေဖို့ အခြေ အနေဖန်တီးပေးဖို့ မဟုတ်ပါလား။

သည်အချိန်မှာ ဖြစ်တတ်တဲ့တရားအတိုင်း ကိုယ့်ဘက်မှာလည်း Moderate သမားနဲ့ Radical သမားရယ်လို့ နှစ်ပိုင်းကွဲ မှာပါ။ ဒါက သဘာဝပါ။ စစ်စစ်မှန်မှန်နဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်သိသိလုပ်ကြတဲ့ ဘောင်အတွင်းမှာဆိုရင် ဒါ ဟာ မဖြေရှင်းနိုင်တဲ့ပြဿနာ မဟုတ်ပါ။ အာဖရိက က မန်ဒဲလား တုန်းကလည်း သည်လိုမျိုးကြုံခဲ့ရတာပဲ။ လွတ်လပ်ရေး ကြိုးပမ်းခဲ့ရတဲ့ ၁၉၄၆ – ၁၉၄၇ ကာလ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ပြီး ဗိုလ်ချုပ် ဘိလပ်ကပြန်လာတော့လဲ ဆန့် ကျင်သူတွေ အများကြီးပါ။ ဗစိန်၊ ထွန်းအုပ်ဂိုဏ်း ဦးစောတို့ကတော့ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတာပေါ့။ ဗမာ ပြည်ကွန်မြူနစ်ပါတီက သခင်သန်းထွန်းနဲ့တော့ ကျုံမငေး သခင်တင်မောင် ကတဆင့် ဗိုက်ချုပ်နဲ့ ညှိနှိုင်းမှုတွေရှိတယ် လို့ ဆိုပါတယ်။ စာပေဖခင်ကြီး သခင်ကိုယ်တော်မှိုင်းကတောင် အရင်ဘိလပ်သွား ဇာတ်လမ်းမျိုးဖြစ်မှာပဲလို့ယူဆပြီး ဗိုလ်ချုပ်အောင်ဆန်းကို မင်း ဆရာလား၊ ငါဆရာလားဆိုပြီး ဟောက်သေးတယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်က ဆရာရယ် ကျနော့ကို တနှစ်တော့ အချိန်ပေးပါ။ တနှစ်အတွင်း လွတ်လပ်ရေးမရရင် ဆရာပြောသချင်သလို ပြောပါ၊ အခု ဆရာပြော မယ်ဆိုရင် တခြားသူတွေပြောတာနဲ့ မတူဘူး။ အကျိုးသက်ရောက်မှုကြီးတယ်။ (စကားရင်းမဟုတ်ပါ။ မိမိနားလည်သလို ရေးတာ) လို့ တောင်းပန်လို့ ဆရာကြီးက အောင်ဆန်းကို လုပ်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

အခုလည်း ဒေါ်စုကို မယုံလို့ရပါတယ်။ ဒေါ်စုလုပ်နေတာတွေကို မထင်၊ မထင် … လို့ ယူဆလိုက ယူဆလို့ရပါတယ်။ ကျနော်ပြောလိုတာက ဒေါ်စုကို မထောက်ခံရင်တောင်မှ ဒေါ်စုကိုမဆန့်ကျင်ဖို့ပါ။ ဒေါ်စုလမ်းစဉ်ဟာ ပြည်သူလူထု အ တွက် နိုင်ငံအတွက်၊ ဒီမိုကရေစီရေးအတွက် လက်တွေ့မကျတဲ့၊ အကျိုးမရှိနိုင်တဲ့ လမ်းစဉ်ဖြစ်တယ်ဆိုရင် Alternative approach တခုကို တင်ပြပေးဘို့ပါ။ လက်တွေ့ကျဖို့ အများလက်ခံနိုင်ဖို့တော့ လိုပါလိမ့်မည်။ သည်နေရာမှာ ဒေါ်စုကို နိုင်ငံရေးသမားတချို့ မထောက်ခံရင်တောင်မှ ပြည်သူလူထုကတော့ ဒေါ်စုကို ဘဝနဲ့ရင်းပြီး ထောက်ခံကြမှာဖြစ်ပါတယ်။ ဒေါ်စုရဲ့လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် လိုက်ပါကြပါလိမ့်မယ်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလတုံးက စော၊စိန်၊မော် ဂိုဏ်းသားတွေကြုံတွေ့သလိုမျိုး ဒေါ်စု ကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားများ ကြုံတွေ့ရပါလိမ့်မယ်။

ကျနော် စာမရေးဖြစ်တာ ကြာပါပြီ။ အကျိုးထက် အပြစ်များမယ်ထင်လို့ပါ။ အခုတော့ ရေးသင့်မရေးသင့် စဉ်းစားရင်း ရေးမှဖြစ်မယ်ထင်လို့ ရေးလိုက်ပါတယ်။ ဒီစာမရေးခင် ဒေါ်စုရဲ့ ဒီမိန့်ခွန်းကို သိသင့်သိထိုက်၊ လေ့လာသင့် လေ့လာ ထိုက်တယ်လို့ ယူဆတဲ့ တပည့်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များဆီ ပို့ပေးပါတယ်။ ကျနော့် လူငယ်မိတ်ဆွေ လုပ်ဖော်ကိုင်ဘက်ထဲကတယောက်က ဘာပြောသလဲ၊ ဘာ (Feed back) ပေးသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ခေါင်းဆောင်ကောင်းပီသတယ်။ ခေါင်းဆောင်ကောင်းပီသတဲ့လူတွေက ရှေ့ကိုဘာလုပ်ရမလဲဆိုတာ မြင်နိုင်တယ်လို့ ပြောပါတယ်။

ဟုတ်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်က ကျနော့်တပည့်တယောက်ပြောသလို ခေါင်းဆောင်ကောင်းပီသ၊ မပီသဆိုတာ ကိုတော့ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကက်စ်စထရို ပြောသလို သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်လို့ပဲ ပြောပါရစေတော့။

မြင်းရည်တက်ဦးသာ
15th, Septembe 2011 (Thursday)

(နေ့သစ်မှ http://www.naytthit.net/?p=19686 ကူးယူဖေါ်ပြပါသည်)

အဓမ္မဝါဒ ဖော်ထုတ်ရေးသို့

ကြားလိုက်ရပြန်ချေပြီ တမုံ့။ အဓမ္မဝါဒ ဖေါ်ထုတ်ရေး စာမူဖိတ်ခေါ်ပြိုင်ပွဲတဲ့။ သြော် သိဒ္ဓတ္ထဂေါတမသာသနာဟာ မျက်နှာငယ်လေးဖြစ်နေရော့သလား။ ထေရဝါဒအမည်ခံ မြန်မာပြည်ရဲ့ အကြီးဆုံး သံဃာ့နာယက အဖွဲ့ကြီးက သာသနာတော်မှာရှိတဲ့ အဓမ္မဝါဒတွေ ပပျောက်ဖို့အတွက် သူတို့ကိုယ်တိုင် တရားနည်းလမ်းတကျ မလုပ်ကြတော့ပဲနဲ့ ပြည်သူတွေရဲ့ လက်ထဲကိုထည့်ပြီး နိုင်ငံတော်ရဲ့ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ပုံစံအတိုင်း ဘုရားရဲ့ ဝါဒကိုလည်း ဒီမိုကရေစီဆန်ဆန် တကယ်သွားစေချင်တာလား။ ဒါမှမဟုတ် တို့အဖွဲ့အစည်းကြီးက သာလျှင် ဓမ္မဖြစ်ကြောင်း တခြားအဖွဲ့အစည်းကြီးတွေကြတော့ အဓမ္မဖြစ်ကြောင်း ထောက်ခံခိုင်းစေချင်တာလား။ ဖော်ထုတ်ရေးအဖွဲ့မှ ………(ယော)ဆိုတဲ့ပုဂ္ဂိုလ်ရေ ထင်တစ်လုံးနဲ့ အမြင်တွေဆုံးပြီး ….ကုန်းရမှာ ကြောက်နေတဲ့အဖြစ် ရောက်နေပြီလား။ သနားစရာ။
သာသနာတော်ရဲ့ အသက်ဟာ ဝိနည်းပါ ဝိနည်းပါလို့ တကြော်ကြော် တမော်မော် အော်နေပြီးတော့ အခုကြကာမှ သုတ္တန်တရားတွေကို ဖအေအရင်းမှန်း သိကြရော့သလား။ ဝိနည်းကိုဖျက်ဆီး သုတ္တန်ကို ပျက်စီးအောင်လုပ်ပြီး အခုမှ အမေကယ်ပါ အဘကယ်ပါ လုပ်နေတာလား။ အာဏာရှင်တွေရဲ့ အာဏာကိုယူပြီး အဓမ္မဝါဒတွေကို တိုက်ဖျက်ပါဦး တော့လား။ အခုက ဒီမိုကရေစီခေတ်ကို ပြောင်းသွားပြီလေ။ ဒါကို ဒင်းတို့တတွေမရိပ်မိတော့ ကမ္ဘာတောင်မီးမလောင်သေးဘူး သားကောင်ချပြီး နင်းနေချင်ပြီလား။ ပြည်သူတွေကျွေးတဲ့ ထမင်းကိုစားပြီး ပြည်သူတွေကို အကျိုးကျေးဇူးဖြစ်ထွန်းအောင် မလုပ်တဲ့အပြင် ပြည်သူတွေကို ဒုက္ခထပ်ပေး နေပြန်ပြီလား။
ဘယ်လောက်အောက်တန်းကြသလဲ အမျိုးစုံစုံလင်လင်နဲ့သာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲလိုက်ချင်တော့တယ်။ ဒီထက်စုံတဲ့ ဆဲနည်းရှိရင် အဲသည်ဆဲနည်းတွေနဲ့ ဆဲလိုက်ချင်ရဲ့။ မြတ်ဗုဒ္ဓရဲ့ သာသနာကို လုပ်ရက်လိုက်ကြပလေ။ လုပ်ရက်ကြပလေ။ ရိုင်းစိုင်းကြပလေ။ မိုက်ရိုင်းကြပလေ။ ဘာတဲ့ အဓမ္မဝါဒ ဖော်ထုတ်ရေးစာမူကို ဖိတ်ခေါ်ရုံတင် မကပဲ ။ စာမူကောင်းသူကို ကောင်းရင်ကောင်းသလောက် ဆုချီးမြင့်မတဲ့။ ပထမဆု တစ်သိန်း ၊ ဒုတိယဆု ခုနစ်သောင်း ၊ တတိယဆု ငါးသောင်း ဆိုပြီး အင်္ဂလိပ်ခေတ်က ဝရမ်းထုတ်ပြီး ကြေးသတ်မှတ်သလို“ လောကမှာ အသိအမြင် အတွေးအခေါ် အလုပ်အကိုင် အယူအဆရေးရာမှာ အထက်မြက်ဆုံး အထူးချွန်ဆုံး ဖြစ်တဲ့ သိဒ္ဓတ္ထဂေါတမရဲ့ သာသနာကို”ညံ့ဖျင်းအောင် လုပ်ရက်လိုက်ကြပလေဗျာ။ လုပ်ရက်လိုက်ကြပလေ။
ဒီညွှန်ကြားချက်တွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ညွှန်ကြားချက်အရတဲ့ဗျာ။ မိုက်လိုက်တဲ့သံဃမဟာနာယကအဖွဲ့ကြီး။ ကမ္ဘာကြီးမှာ မြန်မာပြည်မှာရှိတဲ့ထေရဝါဒသာသနာဟာ အလကားသာသနာ ဘာမှစောက်သုံးမကျတဲ့သာသနာလို့ သိအောင် မြင်အောင် ကြားအောင် လုပ်ဆောင်နေကြတာလား။
သာသနာ့ဘောင်မှာ ရဟန်းလုပ်နေပြီး အချောင်နေ အချောင်စားပြီး ရှင်ဥတ္တမကျော် ပြောသလို ပြောရရင် “ လာပို့တဲ့ အစာတွေ ဝနေအောင် စားပြီး အခန်းတံခါးကြီးပိတ် ကားကားကြီး အိပ် ။ အိပ်ရေးဝလို့ နိုးလာရင် လက်ပံပင် ဆက်ရက်ကျသလို စကားတွေဖောင်နေအောင်ပြော။” ဒင်းတို့ သံဃမဟာနာယက အဖွဲ့ကိုယ်တော်တွေက အဲသလောက်ပဲ ကိုယ့်ရဲ့လူ့ အဖြစ်ကို သိနေရော့လား။ လယ်တီဦးဝိလာသ ပြောသလိုပြောရရင်တော့ နန်းတော်ထဲကို သံကွင်းကြီး ရောက်လာပြီဟေ့ လို့ပေါ့။မကြာခင်မှာတော့ သံဃာနာယဘုန်းကြီးတွေ ဒီမိုကရေစီဝါဒရဲ့ ဘာသာရေးလွတ်လပ်ခွင့်အရ ဘာသာရေးလွတ်လပ်ခွင့်တွေ တောင်းဆိုလာရင်တော့ သံဃနာယက ကိုယ်တော်ကြီးတွေရဲ့ လည်ပင်းတော့ ဟား…ဟား…သံကွင်းအစွပ် ခံရဦး တော့မယ်ထင်တယ်။   ဦးဗုဒ်စကားနဲ့ ပြောရရင်“ကိုယ်တော်တို့က မိနုသာသ နာမှာ နေတာလား ဘုရားသာသနာမှာနေတာလား”တဲ့ ။ အခုလည်း မြန်မာ ပြည် မှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာသံဃမဟာနာယကသာသနာ (သို့မဟုတ်) အံ့မောင်(ဘုံဘေ)ရဲ့ သာသနာမှာ နေနေတာလား။ မသိ အောင်ပဲ။ ဘုရားသာသနာမှာ နေတာလားလို့တော့ မမေးတော့ပါဘူး။ ဘုရားအားနာလို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသံဃာ့မဟာနာယကတွေကိုက ဘုရားလမ်းစဉ်နောက် မလိုက်ကြပဲ အံ့မောင်ဆိုတဲ့ပုဂ္ဂိုလ်ခိုင်းတိုင်း လုပ်နေကြလို့ပဲ။ အံမောင်ခိုင်းတာ မလုပ်ရင် သူတို့ နေရာပျောက်သွား မယ်လေ။
သာသနာ့အရေးကို ကလေးကလားပြုကြကုန်သော အို အဓမ္မဝါဒ ဖော်ထုတ်ရေးလုပ်နေကြတဲ့ သံဃာတော်အပေါင်းတို့ သင်တို့သည် မြတ်ဗုဒ္ဓ၏လမ်းစဉ်မှ သွေဖည်ကြတော့မည်လား။ မြတ်ဗုဒ္ဓ၏ လမ်းစဉ်ကား “အညမည ဝစနေန ၊ အညမည ဝုဋ္ဌာပနေနာတိ” တဲ့။ အခုတော့ အသင်တို့ သည်ကား အချင်းချင်းမညီမညွတ်ဖြစ်ပြီး အချင်းချင်း အပြစ်တွေမှ မထမြောက်စေကြတော့ဘူးလား။ အသင်တို့သည်ကား ဘုရားအဆုံးအမ၌ လက်တလုံးခြား လုပ်တတ်ရုံမှတပါး အခြားမတတ်ချေတော့ ပြီလော။ ဒေသနာအရပ်ရပ်၏ ဆိုဆုံးမချက်တို့ကို လျစ်လျူရှုပြီး မြတ်ဗုဒ္ဓကို ငြင်းဆန်ကြတော့မည်လား။ မြတ်ဗုဒ္ဓသည် လောကသားတို့အား ငြိမ်းချမ်း ခြင်းခွန်အားနဲ့ ရှင်သန်နေစေဖို့ ထာဝရဖြောင့်ဖြူးသာယာသောလမ်းကို ဥပမာအမျိုးမျိုးပြ၍ ညွှန်ပြပေးတော်မူခဲ့၏။ သင်တို့သည်မြတ်ဗုဒ္ဓ၏ လမ်းညွှန် ချက်ကို ကျောခိုင်းကြတော့မည်လား။ မြတ်ဗုဒ္ဓ၏ ဆုံးမစကားသည် ကား ရန်ကို ရန်ခြင်းမတုန့်နှင်းနှင့်။ မေတ္တာဖြင့်သာ စောင့်ရှောက်လော့။ ဤတရား သည်ကား အဆုံးမရှိ အတိုင်းအဆမရှိ မြင့်သောမြတ်သောတရား ဖြစ်ပေ၏ ဟု ဆုံးမခဲ့၏။ ဤဆုံးမချက်ကို မျက်ကွယ်ပြုကြတော့မည်လား။
အို..ဗုဒ္ဓ၏ အဆုံးအမ၌ သက်ဝင်ယုံကြည်ကြသော မြန်မာပြည်သူ ပြည်သားအပေါင်းနှင့် တကွ သံဃာတော်အရှင်သူမြတ်တို့ဘုရား …ဤသို့ သော စာမူဖိတ်ခေါ်ပြိုင်ပွဲကြီးကိုကား လုပ်သင့်ပါ့မလား။ အနာဂတ်မြတ်ဗုဒ္ဓ သာသနာအတွက် ချင့်ချိန်ပြီး အခြားလုပ်သင့်သည်တို့ကို လုပ်ဆောင်မည် ဆိုလျှင်ကား အချိန်မီပါသေးသည် မဟုတ်လော။ အသင်တို့၏လုပ်ရပ်ကား အခြားဘာသာဝင်တွေသိလျှင်တောင် ရှက်ဖွယ်လိလိ ဖြစ်နေသည်မဟုတ် လော။ မြတ်ဗုဒ္ဓအဆုံးအမကို ခေါင်းခါကာ ငြင်းဆန်ကြတော့ မည်လော။ မြတ်ဗုဒ္ဓက သူ၏ဓမ္မသည်ကား ကောင်းသောစကားဖြစ်၏။ သူတပါးတို့၏ ကဲ့ရဲ့ပြစ်တင်ခြင်းမှ လွတ်ကင်း၏ဟု ဓမ္မဂုဏ်တော်၌ သူ၏တရား အရည် အသွေးကို ပြခဲ့ချေပြီ။ ယခုကား မြတ်ဗုဒ္ဓ၏ တရားဂုဏ်အရည်အသွေးသည် ကား ဆုပ်မရအောင် ကျဆင်းနေပြီလော။ ဆင်ခြင်ကြပါလေ အို…ဗုဒ္ဓဘာသာ ရဟန်းသံဃာနှင့် ပြည်သူပြည်သားအပေါင်းတို့။ မြတ်ဗုဒ္ဓသာသနာ အဓွန့်ရှည်ပါစေ။

(မန္တလေးဂေဇတ်မှကူးယူဖော်ပြပါသည်)

Thursday, September 15, 2011

*မြစ် ၏ မျက်ရည်*

တိုင်းပြည်ရဲ့  ဝေဒနာတွေ
ထွက်ခွာသွားဖို့  သင်တို့ 
ငါ ငိုကြွေးနေတာ ကြားရဲ့ လား..........။။။

ခါးသီး စိုစွတ်တဲ့  ငါ့  မျက်ရည်တွေရဲ့ 
မျက်ရည်တွေများစွာဟာ
အရာအားလုံးအတွက်ပါ..................။။။

ရုပ်ရှင်ရိုက်ဖို့ အတွက်
ဂရုစိုက်နေတာမဟုတ်ဘူး.....။။။

မြစ်ရေစီးဖို့ အတွက် ဂရုစိုက်နေတာပါ ......။။။

ငါ မျက်ရည်တွေအတုမဟုတ်ဘူး..။။။

ငါဟာ ရာဇ၀င်များရဲ့  သတို့ သမီးပါ
ကလေးငယ်တယောက်လို ဂရုစိုက်ပေးပါ...။။။

ပြီတော့ ........
မင်း..........
မခေါ်ပါနဲ့  မြစ်မာယာလို့ 

တကယ်ခံစားနေလို့ ပါ.........။။။

(ထပ်တူထပ်မျှ ခံစားရပါတယ် ဧရာဝတီ)

လက်တလောဖြစ်နေတဲ့ (Home sick)

                            
သင်........အိမ်နဲ့ အကြာကြီးခွဲနေဖူးသလား..............?
ခွဲနေဖူတယ်ဆိုလျှင် သေချာပါတယ် သင်လည်ကျွန်တော်လို အမြဲတမ်းမဟုတ်တောင် တခါတရံတော့(home-
sick) အိမ်လွမ်းနာ ဖြစ်ခဲ့ ဖူမှာပါ၊ ကျွန်တော်တို့ တွေ ပညာရေး၊လူမှုရေးသော၎င်း၊စီပွားရေးကြောင့် သော၎င်း
အကြောင်းမျိုမျိုးကြောင့် မွေးရပ်မြေကအိမ်လေးကိုစွန်ခွာခဲ့ ရပြီး တစိမ်းတရံ(၀ါ)ပြည်ပကိုအခြေရခဲ့ ရပါတယ်။

တဦးနဲ့ တဦ အိမ်လွမ်းကြပုံတူညီကြမယ်မထင်ပါဘူး၊သိုသော် အမျိုးမျိုးသောအလွမ်းတွေထဲမှာတူညီကြတာက
တော့  ကျွန်တော်တို့ ရဲ့ မွေးရပ်မြေအိမ်လေးထဲက မိသာစုတွေ၊ငယ်သူငယ်ချင်းတွေပါပဲ၊ကျွန်တော်တို့ အိမ်လေး
ထဲမှာရှိစဉ်အခါက ညီအစ်အကို၊မောင်နှမတွေကြောင့် သော၎င်း၊အဖေ ၊အမေ ကြောင့် သော၎င်း အိမ်တွင်း
ရေးပြဿနာရှိလျှင် အိမ်လေးကိုစွန့် ခွာပြီ အဝေးကိုထွက်ခွာချင်ကြပါတယ်၊ကျွန်တော်တို့  နေခဲ့ တဲ့ မွေးရပ်မြေ
အိမ်းလေဟာ အမြဲတမ်းတော့  ကျွန်တော်တို့ကိုပျော်ရွှင်မှုတွေမပေးခဲ့ ပါဘူး၊ဒါပေမယ် အိမ်လေးနဲ့ ခွဲခွာရတဲ့ 
အခါ အားလုံးလိုလို မွေးရပ်မြေက အိမ်လေးကို လွမ်းနေကြမယ်ထင်ပါတယ် ။

လက်ရှိကျွန်တော်ရဲ့  (home sick) အိမ်လွမ်းနာရောဂါလေး သက်သာလိုသက်သာငြာ အိမ်အလွမ်းခံစားချက်
လေးတွေ အန်ချလိုက်ပါရစေ....

ကျွန်တော်ငယ်ငယ်က မြန်မာပြည်ရဲ့ တနေရာမှာ သန့် ရှင်းလက်ဆက်တဲ့ လေထုနဲ့ အတူတောစံပယ်ရိုင်းရနံ
တွေကို ရှုရှိုက်ပြီး ကြီးပြင်လာခဲ့ တဲ့  တောသားတယောက်ဆိုလျှင်မမှားပါဘူး၊မြို့ နဲ့ အလှမ်းမဝေးတဲ့ ရွာလေးမှာ
ကျွန်တော်ဟာ မြို့ သားတယောက်လို့  အရေခြုံဟန်ဆောင်တက်သလို၊တောသားတယောက်လို ရိုးသားပွင့် 
လင်းတက်ပြီး တစိမ်းတရံတယောက်နဲ့ ဆို သွေးအေးသတ္တ၀ါ တကောင်လို မထုံတက်တေးနေတက်ပါတယ်။

အနာဂတ်အတွက်ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့  အခုချိန်မှာ တချိန်က ဘယ်လိုမှသဘောမထားခဲ့ တဲ့ 
 မွေးရပ်မြေကအိမ်လေးကိုလွမ်းနေမိပါတယ်၊၊

ကျွန်တော်အိမ်လေးရဲ့  ခေါင်ရင်းမှာ မြစိမ်းရောင်လွှမ်းနေပြီး မျက်စိတဆုံးလှပနေတဲ့  စပါးခင်းတွေကိုလွမ်းတယ်၊
အိမ်ရှေ့ စမ်းချောင်းလေးပေါ်က တံတာတိုလေပေါ်ကနေ သဘာဝ တိမ်ရုပ်တွေ၊တိမ်တောက်တဲ့ ဆည်ဆားအလှ
တွေကို ငေးမောကြည့် ခဲ့ တာကိုလွမ်းတယ်။ညရောက်ချိန် လမင်းကိုကြည့်  ဂီတာ ခေါက်ခဲ့ တာကိုလွမ်းတယ်။
နေ ည မရှောင် ဂလေရိုက်ခဲ့ တဲ့  ဘော်ဘော်တသိုက်ကိုလွမ်းတယ်။
ပျိုမေတသင်း ရေခပ်ဆင်းတဲ့  ညနေခင်းကိုလွမ်းတယ်၊ ညဖက်လင်းတဲ့  ပိုစုန်းကြူးကောင်လေတွေကိုလွမ်းတယ်။

ကျွန်တော်တို့ တွေ အနာဂတ်အတွက် ငွေကြေး(သို့ မဟုတ်)ပညာရေး တွေနောက်လိုက်ရင်း လိုက်ရင်း နဲ့ 
လက်ရှိပစ္စုပ္ပန်တွေကို ဘယ်အချိန်တွေထိ စတေးထားရမှာလဲ၊ ကျွန်တော်တို့ စတေးမြုပ်နှံထားတဲ့ ပစ္စုပ္ပန်တွေ
ထဲမှာ ဆုံးရှုံးသွားသွာတာတွေကတော့  လှုမှုရေးတွေ၊ကိုယ်တိုင်ပါဝင်ရမယ့်  ပရဟိတလုပ်ငန်းတွေ၊အဖေ၊အမေ
(သို့ )အဖိုးအဖွားများကို ပြုစုစောင့် ဂရုစိုက်ရမယ့် အချိန်တွေ ဆုံးရှုံး သွာရပါတယ်။

ကျွန်တော်တို့ ကဲ့ သို့  နောင်လာမယ့် အနာဂတ်မျိုးဆက်တွေလဲ သူတို့ ရဲ့ မွေးရပ်မြေကအိမ်(ကျွန်တော်တို့ ရဲ့ 
အိမ်)ကိုစွန့် ခွာခဲ့ ရင် ကျွန်တော်တို့ ဘယ်လိုခံစားကျန်ရစ်ခဲ့ မလဲ၊ပြီတော့  သူတို့ တွေရော ကျွန်တော်တို့ လို
 မွေးရပ်မြေက အိမ်လေကို လွမ်းဖျား လွမ်နားကျနေမလား......
ယခုချိန် သင်လဲ(home sick)အိမ်လွမ်းနာ ဖြစ်နေရင် ပိုစ့်  တခုအဖြစ် ချရေးကြည့် ပါ ..သင့် အတွက်တော့ 
ခံစားချက် တခုလျော့ သွားစေမှာပါ...........................၊၊၊၊၊၊၊၊၊၊

         အိမ်လွမ်းနာ(home sick)
အကြောင်းပြချက် ရှာလို့မရဘူး။
ရင်ထဲမှာ တခုခုဖြစ်နေတာတော့ သေချာတယ်။
အလေ့ကျပေါက်နေတဲ့ နှင်းဆီရိုင်းလို
အာရုံမှာ မွှေးရှသွားရုံလေး
ကုန်ဆုံးလုလု ညနေခင်းလို
ရင်ခွင်မှာ မှိုင်းပျသွားရုံလေး
ခံစားချက်ပါးပါးလေး တစ်ခုပေါ့။


သေချာတာတော့
တခါတလေမှာ အားငယ်
တခါတလေမှာ ၀မ်းနည်း
တခါတလေမှာ မျက်ရည်ဝဲလို့
ဘယ်ခံစားမှုနဲ့မှလည်း မတူခဲ့
ပူလောင်မှုမဲ့တဲ့ အဖြူရောင်အလွမ်းတွေနဲ့လေ။

ဘယ်အချိန်ထိ တင်းခံရဦးမှာလဲ။
အောင်မြင်မှု ဆိုတဲ့အရာအတွက်
ပေးဆပ်ခဲ့ရတာတွေက မတန်တဆ
ခံနိုင်ရည် မြေမကျခင်တော့
ကံကြမ္မာရေ - အိမ်ပြန်ခွင့်လေးရချင်တယ်။ ။

(့  ယသော်ရဲ့  ကဗျာလေးပါ)

Wednesday, September 14, 2011

အမည်ခံထေရ၀ါဒမှ တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာသို့

င်္ဂါယနာတင်တယ်ဆိုတာ – – – – –
ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ်ဟု ယုံကြည်လက်ခံလို့ရသော တရား ဓမ္မများကို ရဟန်းသံဃာမထေရ်အများက သဘောတူ အတည်ပြု မှတ်တမ်းတင်သော အစည်းအဝေးလုပ်ငန်းဖြစ်ပါတယ်။ ဒီနေရာမှာ သဘောတူရမည့်သံဃာသည် တစ်ပါး၊ နှစ်ပါးတည်း မဟုတ်ရသလို လုပ်ပိုင်ခွင့် ရနေသော အစုအဖွဲ့ တစ်ခုတည်းလည်းမဖြစ်သင့်ပါ။ သင်္ဂါယနာတင် (အစည်းအဝေး) ပြုနေတဲ့ အချိန်အခါမှာ ရှိနေကြသော သံဃာအများ (သို့မဟုတ်) ဒီသံဃာအများက သဘောတူရွေးချယ်ထားသော သံဃာကိုယ်စားလှယ်အများစုရဲ့ သဘောတူညီသော (ဗုဒ္ဓဘုရားဟောကြားခဲ့ပါသည်ဟု လက်ခံ ယုံကြည်ရသော) တရားဓမ္မများကိုသာ အတည်းပြု မှတ်တမ်းတင်မှသာ သမာသမတ်ကျသော အစည်းအဝေး(သင်္ဂါယနာ )ဟု ဆိုရမည် ဖြစ်ပါသည်။

ထေရ၀ါဒဗုဒ္ဓဘာသာသင်္ဂါယနာကို မင်းတုန်းမင်းလက်ထက်တွင် ပဉ္စမသင်္ဂါ ယနာနှင့် ဦးနု ( ဖဆပလ ) အစိုးရလက်ထက်တွင် ဆဋ္ဌမ သင်္ဂါယနာဟု မြန်မာနိုင်ငံတွင် နှစ်ကြိမ် တင်ခဲ့ကြပါတယ်။ အဆိုပါ သင်္ဂါယနာ (၂) ကြိမ်နှင့် ပတ်သက်၍ စိစစ်ကြည့်သည့်အခါမှာ – – – – – – – – – – – -။

ပဉ္စမသင်္ဂါယနာ
မင်းတုန်းမင်းထက်တွင် ဗုဒ္ဓဘုရားဟောကြားခဲ့ပါတယ် (ကိုယ်သိတာမှ ဘုရားဟောအစစ်) ဟု အသီးသီးယူဆ၊ ဟောပြော၊ ရေးသားနေကြမှုကို အကြောင်းပြု၍ သင်္ဂါယနာတင်ရခြင်းဖြစ်သည်။
တင်ပုံတင်နည်းကား – – – – – – ။
ပထမဦးစွာ – – – – ၁၂၂၂ – ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁) ရက်နေ့မှ စတင်၍ မင်းတုန်မင်း၏ စီမံမှုဖြင့်
(၁) တောင်ဆောင်မိဖုရားကြီး ကိုးကွယ်သော ဦးဇာဂရာဘိဝံသဆရာတော်၊
(၂) မြတောင်မြို့စား၊ သေနတ်ဝန်ကြီးကိုးကွယ်သော ဦးနရိန္ဒာဘိဓဇ ဆရာတော်၊
(၃) စီးတော်မြင်းဝန်တိုက်ဆရာတော် ဦးသုမင်္ဂလသာမိ ဘုန်းကြီး(၃)ပါးမှ ၎င်းတို့က ဘုရားဟောဟု ယုံကြည်လက်ခံသော ပေစာများကိုသာ ကျောက်ထက်အက္ခရာ တင်စေရာ

(၁) အတွင်းဝန် ခန်းပတ်မြို့စားမင်းကြီး၊
(၂) အတွင်းဝန် ယောမြို့စားမင်းကြီး၊
(၃) ခင်မမင်းဝန် မိုင်းခိုင်းမြို့စား၊
(၄) သံတော်ဆင့်၊
(၅) အမိန့်တော်ရေးနှင့်
(၆) အသုံးစာရေး စသည့် လူပုဂ္ဂိုလ် (၆)ဦးတို့မှ ကြီးကြပ်၍ ကျောက်ထက်အက္ခရာတင်ကြရာ (၇) နှစ်၊ (၆) လနှင့် (၁၃)ရက်ခန့်အကြာ ၁၂၃၀-ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက်နေ့၌ ရေးထွင်းပြီးကြ၏။

ထိုကဲ့သို့ ကျောက်စာချပ်ပေါ် အခိုင်အခန့် ရေးထိုးပြီးမှသာ ကျန်ရဟန်းသံဃာတို့ကို ဖိတ်ကြား၍ ထိုကျောက်စာများပေါ်တွင် ရေးထိုးပြီးနေသော တရားများသာလျှင် ဘုရားဟောအစစ်ဖြစ်ကြောင်း (ဘုရင့်အမိန့် အာဏာ)အားကိုးဖြင့် သဘောတူအတည်ပြုခြင်းကို

ကျောက်စားထွင်းထုပြီး (၃) နှစ်ခန့် အကြာ ၁၂၃၃- ခုနှစ်၊ တန်ခူးလပြည့်ကျော် (၁၁) ရက်နေ့မှ စတင်၍ နှုက်ဖြင့်ရွက်ဆိုအတည်ပြုစေရာ (၅) လနှင့်၊ (၃)ရက်အကြာ ၁၂၃၃- ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၁၄) ရက်နေ့တွင် ပဉ္စမသင်္ဂါယနာ (အစည်းအဝေး)လုပ်ငန်းပြီးဆုံးလေ၏။
အထက်ပါ ပဉ္စမသင်္ဂါယနာ (အစည်းအဝေး) ဖြစ်စဉ်သည်
(၁) အစည်းအဝေးဆုံးဖြတ် အတည်ပြုချက်ကို အရင်ပြုလုပ်ပြီးမှ အစည်းအဝေးခေါ်ယူပြုလုပ်သည့် သဘောမျိုးဖြစ်နေသည့်အတွက် တကယ့် သမာသမတ် နည်းလမ်းမှန်သော သင်္ဂါယနာ (အစည်းအဝေး)ဟု ဆိုလို့ ရနိုင်ပါ့မလား။
(၂) ပေစာမူကွဲများကို ကျောက်စာအဖြင့် ထွင်းထုဖို့ ဗုဒ္ဓဘုရားဟောအစစ်ဟု ရွေးချယ်ခြယ်အတည်းပြုခြင်းမှာလည်း ထေရ၀ါဒအရ မထေရ်အများသဘောဆန္ဒမပါပဲ ဘုရင်အားကိုးဖြင့် လုပ်ပိုင်ခွင့်ရနေသော ဘုန်းကြီး (၃)ပါးရဲ့ သဘောဆန္ဒသာဖြစ်နေသည်။
(၃) ထိုပဉ္စမသင်္ဂါယနာတင်သည့်အခါတွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ လုပ်ပိုင်ခွင့်ရ ဘုန်းကြီး (၃) ပါးရဲ့ ရွေးချယ်မှုသာဖြစ်ပြီး ကျန်ထေရ၀ါဒနိုင်ငံများ ဖြစ်ကြသည့် ယိုးဒယား၊ သိရီလင်္ကာ၊ ကမ္ဘောဒီယားနှင့် လာအိုစသော ထေရ၀ါဒနိုင်ငံများမှ ရဟန်းသံဃာများသဘောထား မပါဝင်သည့်အတွက် ထေရ၀ါဒဗုဒ္ဓဘာသာတစ်ခုလုံးကို ကိုယ်ပြုသည့် သင်္ဂါယနာ ဖြစ်နိုင်ပါ့မလား စသည့် အချက်အလက်တို့ မှာ စဉ်းစားစရာတွေ ဖြစ်နေပေ၏။
(တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာ အစစ်အမှန် ပေါ်ဖို့ လိုပေပြီ။)

ပဉ္စမသင်္ဂါယနာ (အစည်းအဝေး)အစည်းအဝေး ပြုခဲ့သည်ကို ခြုံငုံသုံသပ်ကြည်ရလျှင် မင်းတုန်းမင်းလက်ထက်၌ သုဓမ္မာဆရာတော်များက သူတို့ယုံကြည်တဲ့ ပေစာများကသာ ဘုရားဟောအစစ်၊ ပထမရွှေကျင်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးကလည်း သူသိထားတာမှ ဘုရားဟောအစစ်ဟုဆိုသလို ဓါတ်ဆရာ ဆရာပိုလို ပုဂ္ဂိုလ်မျိုးတွေကလည်း ဘုရားဟောဆိုတာ ဒီပေစာတွေပဲဟု အသီးသီး ကိုယ့်ဟာကို ကိုယ်အမှန် ဟောပြော၊ ရေးသာနေမှုများကြောင့် ဘုရင်မျက်နှာသာပေးခြင်းခံနေရသော
ဦးဇာဂရာဘိဝံသစသော သုဓမ္မာဆရာတော် (၃) ပါးမှ သူတို့ ယုံကြည်ယူဆထားသော ပေစာတွေသာလျှင် ဗုဒ္ဓဘုရားဟောအစစ်ဟု ယူဆစေလိုသည့် (အယူစွဲ)စိတ်ထားတွေကြောင့် မထေရ်အများ သဘောဆန္ဒကို တိုင်ပင် ညိနှိုင်းခြင်းမပြုပဲ ကိုယ့်ဆန္ဒကို ဦးစားပေးသည့်လုပ်ရပ်သည် ထေရ၀ါဒ လမ်းစဉ် မဟုတ်လို့ တကယ့်ထေရ၀ါဒ သင်္ဂါယနာ (အစည်းအဝေး) လို့ ဆိုလို့ မရနိုင်ပါ။
ဇာဂရာဘိဝံသ၀ါဒ သင်္ဂါယနာ (သို့မဟုတ်) မင်းတုန်းမင်း သင်္ဂါယနာ ဟု ခေါ်ဆို သတ်မှတ်ထိုက်ပါတယ်။

ဆဋ္ဌသင်္ဂါယနာ

ပဉ္စမသင်္ဂါယနာနှင့် အလားတူစွာ ဦးနု (ဖဆပလ) အစိုးရ လက်ထက်တွင်လည်း ဘာသာခြားအင်္ဂလိပ်များအုပ်ချုပ်ခဲ့မှုကြောင့် ဘာသာငြိုးနွမ်းနေခြင်း၊ ပါဠိ၊ အဋ္ဌကထာမူကွဲများဖြစ်နေခြင်းစသည့် အကြောင်းပြကာ ၀န်ကြီးချုပ်ဦးနု၏ စီမံမှုဖြင့် မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့မှ ကြီးမှုးကာ သင်္ဂါယနာတင်ကြလေ၏။
ထိုသင်္ဂါယနာမတင်မီ ၀န်ကြီးချုပ်ဦးနုက မြန်မာပြည်အရပ်ရပ်ရှိ ဆရာတော်တွေထံ သွားရောက်လျှောက်ထာခဲ့ရာတွင်
အမရပူရမြို့ရှိ မိုးကုတ်ဆရာတော်ကြီးအား လျှောက်ထားရာ မိုးကုတ်ဆရာတော်ကြီးမှ “သင်္ဂါယနာတင်တယ်ဆိုတာ ကိုယ်တိုင် သာသနာတည်အောင် (ဘုရားဟောကို သိအောင်) အရင်လုပ်ရတယ်”ဟု ပြောကြာလိုက်သည့် အတွက် ဦးနုမှ အလိုမကျကာ သင်္ဂါယနာတင်ပွဲတွင် မိုးကုတ်ဆရာတော်ကြီးလိုပုဂ္ဂိုလ်မျိုးတွေကို ဖိတ်ကြားခြင်း မပြုဟု သိရှိရ၏။

တောင်တွင်းကြီး ဆရာတော်ရှင်ဥက္ကဋ္ဌသို့ ဦးနုမှ လျှောက်ထားရာတွင်လည်း ဦးဥက္ကဋ္ဌမှ ဆဋ္ဌသင်္ဂါယနာကို ဘယ်ပုံ၊ ဘယ်နည်း တင်မှာလဲဟု မေးမြန်းရာ ဦးနုမှ မင်းတုန်းမင်းရေးထိုးခဲ့တဲ့ ကျောက်စာများကို ပြန်လည်ရွက်ဖတ်မှာဖြစ်ကြောင်း ပြောကြားသည့်အတွက် ဦးဥက္ကဋ္ဌက “ဒါဆိုရင် ငါတို့က ဘာလာလုပ်ရမှာလဲ၊ ဘာလို့ သင်္ဂါယနာထပ်တင်နေမှာလဲ” ဟု ပြောကြားခဲ့ကြောင်းလည်း သိရ၏။

တကယ်တော့ ဆရာတော်ဦးဥက္ကဋ္ဌသည် သမိုင်းနှံ့စပ် သိမြင်သည်မို့ မင်းတုန်းမင်းတင်ခဲ့သော ပဉ္စမသင်္ဂါယနာသည် သမာသမတ် မကျသည့်အတွက် ပဉ္စမသင်္ဂါယနာတင်ကျောက်စာများအပေါ် မထေရ်အများရဲ့ ဆန္ဒပြန်ယူကာ ထေရ၀ါဒနည်းလမ်းမှန် ပြန်လည်စိစစ်ရွေးချယ် အတည်ပြုစေလိုပုံရပေသည်။
သို့ရာတွင် ၀န်ကြီးချုပ်ဦးနုသည် ဗုဒ္ဓတရားအစစ်အမှန်ပေါ်ထွန်းရေးထက် သူ့ နိုင်ငံရေးသြဇာကြီးထွားစေရန် သင်္ဂါယနာတင်ပုဂ္ဂိုလ်ဖြစ်လိုနေသည်ဟု အဲဒီခေတ် သတင်းဆောင်းပါးများက ဝေဖန်နေကြတဲ့ကြားက အတင်းအကောင်အထည်ဖော်၏။
ထိုအချိန်အခါက မြန်မာပြည်သည် ထူထောင်နေဆဲကာလဖြစ်နေသည့်အတွက် တိုင်းပြည်စီးပွားရေးက ပို၍အရေးကြီးနေတာမို့ ငွေကုန်ကြေးကျများသော ဒီသင်္ဂါယနာအစီအစဉ်ကို မလုပ်သင့်သေးကြောင်း အမျှော်အမြင်ကြီးစွာ ပြောဆိုမိသော ဦးသန့်အား ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသို့ ပထုတ်လိုက်လေ၏။
မှန်ပေ၏။ ထိုဆဋ္ဌသင်္ဂါယနာ၏ ရလဒ်ကား သုံးနှစ်ကြာအောင်တင်ခဲ့ရသည်မို့ တိုင်းပြည်က ကုန်ကျမှုမှာ တန်ကြေး ရွှေကျပ်သားတစ်သိန်း (ပိဿာချိန် တစ်ထောင်)ခန့် ကုန်ခဲ့သည်ဟု သိရပေသည်။ မင်းတုန်းကျောက်စာတွေကို စာရွက်ပေါ်ပြန်ပုံနှိပ်နိုင်တာလေးအတွက် ကုန်ကျမှုမှာ မတန်တဆဖြစ်နေသည်ဟု ဆိုရပေမည်။ ဦးနု၏ နိုင်ငံရေးသြဇာကြီးထွားဖို့ အတွက် လုပ်ရပ်ကား တိုင်းပြည်နစ်နာခဲ့ကြောင်းကို သင်ခန်းစာ ယူသင့်ပေသည်။

ဝန်ကြီးချုပ်ဦးနုမှလည်း သူ့အတွက် နိုင်ငံရေးအမြတ်ထုတ်ခဲ့သလို မထေရ်အများဆန္ဒမပါပဲ မင်းတုန်းမင်းကိုးကွယ် ဘုန်းကြီး (၃)ပါးလုပ်ခဲ့သော ကျောက်စာများအပေါ် မထေရ်အများဆန္ဒရယူကာ ပြန်လည် စိစစ်ခြင်းမပြုပဲ
ပရိသတ် ဗိုလ်ပုံအလယ် မင်းတုန်းကျောက်စာများကို အလွတ်ကျက် မေးမြန်း၊ အလွတ်ကျတ် ပြောဆိုနိုင်တာကို အဓိကထားခဲ့တဲ့ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်တို့ ကြီးမှုးခဲ့သော ဆဋ္ဌသင်္ဂါယနာ (အစည်းအဝေး)သည်လည်း တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာလမ်းစဉ် ဖြစ်ထိုက်ရဲ့လား။
(ပဉ္စမသင်္ဂါယနာ) ဇာဂရာဘိဝံသ၀ါဒ သင်္ဂါယနာ (သို့မဟုတ်) မင်းတုန်းမင်း သင်္ဂါယနာကဲ့သို့ မဟာစည်၊ မင်းကွန်းဝါဒ သင်္ဂါယနာ (သို့မဟုတ်) ဦးနု သင်္ဂါယနာဟုသာ ခေါ်ဆိုထိုက်ပေသည်။
(တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာ ပျောက်ကွယ်နေပေပြီ။)

အဆိုပါ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ကျန်ထေရ၀ါဒ (၄)နိုင်ငံမှ ရဟန်းများအား ပင့်ဖိတ်သော်လည်း ထိုနိုင်ငံ (၄)နိုင်ငံ၏ သဘောထားမပါခဲ့သော ပဉ္စမသင်္ဂါယနာ မင်းတုန်းကျောက်စာများကိုသာ အတည်ပြု အလွတ်ကျက် ရွတ်ဆိုတာသာ ပြုလုပ်ပြီး ကျန်ထေရ၀ါဒနိုင်ငံများမှ သံဃာများ သဘောထားနှင့် ညှိနှိုင်း တိုင်ပင် ပြင်ဆင် တည်းဖြတ်ခြင် မပြုသည့်အတွက် ထိုနိုင်ငံများမှ ဆဋ္ဌသင်္ဂါယနာတင်ပွဲသို့ ဖိတ်ကြားချက်အရ တက်ရောက်ကြသော်လည်း ထေရ၀ါဒသင်္ဂါယနာအဖြစ် သဘောတူ အသိအမှတ်မပြုကြပါ။
ထိုကဲ့သို့ အသိအမှတ်မပြုကြောင်းကို ထေရ၀ါဒနိုင်ငံများထဲက ငွေကြေးတတ်နိုင်သော ထိုင်းနိုင်ငံမှ ဘုရင်ကိုယ်တိုင်ကြီးမှုကာ ထိုနိုင်ငံရှိ ရဟန်းများဖြင့် ယှဉ်ပြိုင်ထေရ၀ါဒသင်္ဂါယနာ ထပ်တင်ဟု သိရပေသည်။
မင်းတုန်းမင်း သင်္ဂါယနာတုန်းက သူတို့မှ မပါခဲ့တာကိုး – – – – – ။

မင်းတုန်းမင်းနှင့် အပေါင်းအပါ ဘုန်းကြီးတို့သည် ၎င်းတို့ သဘောကျသော တရားများကိုသာ ဘုရားဟောဟု လုပ်ခဲ့သလို
အားကျမခံ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ကလည်း ဘုရားဟော မဟုတ်ပါပဲနဲ့ ၎င်းတို့ သဘောကျသော အဋ္ဌကထာ (အဖွင့်ကျမ်း)တို့ကိုသာ ဦးနုအစိုးရအားကိုးဖြင့် အတည်ပြုစေကာ ဘုရားဟောနှင့် ထပ်တူပဲ၊ ဗုဒ္ဓအလိုကျပဲဟု လုပ်လိုက်ကျပြန်လေ၏။
၎င်းတို့ အသိအမြင်နှင့် မကိုက်ညီသော သဘောမကျသော အဋ္ဌကထာ (အဖွင့်ကျမ်း)တို့ကို ဘုရားဟောနှင့်မညီဟု ဆိုကြလေ၏။
ဘုရားထက်တောင် ကြီးနေကြပါတကား – – – – – ။
ထိုလုပ်ရပ်များကြောင့် ယနေ့ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာလောကတွင် မဟာစည်၊ မင်းကွန်းဝါဒသင်္ဂါယနာ (ဆဋ္ဌသင်္ဂါယနာ)တွင် အတည်ပြုခဲ့သော
အဋ္ဌကထာ (အဖွင့်ကျမ်း)တို့သာလျှင် တရားဝင်သလို ဖြစ်နေပေ၏။

တရားနည်းလမ်းကျကျ အတည်ပြုမှသာ တကယ့်တရားဝင်စစ်စစ်ဖြစ်မှာပါ။
တရားနည်းလမ်းမကျရင်တော့ ဘယ်လိုပဲ အတည်ပြုခိုင်း၊ ပြုခိုင်း တကယ့်တရားမ၀င်သာ ဖြစ်နေပါလိမ့်မည်။
ယနေ့အခါ အဆိုပါ (တကယ့်တရားမ၀င်) အဋ္ဌကထာများနှင့် မင်းတုန်းကျောက်စာများကို ပေတံထားပြီး ဓမ္မ၊ အဓမ္မဆိုပြီး လုပ်နေကြသည်မှာလည်း တကယ့် တရားနည်းလမ်းကျ၊ မကျဆိုသည်ကလည်း စဉ်းစားဖို့ ကောင်းပေပြီ။
ကိုင်တွယ်တဲ့ ဓမ္မပေတံ မှန်ကန် တိကျမှလည်း ဆုံးဖြတ်ချက်ဟာ သမာသမတ်ကျသည်ဟု ဆိုရပေမည်။
ပေတံလွဲနေသမျှ၊ မတိကျသမျှ ဆုံးဖြတ်ချက်များဟာလည် ဘယ်တော့မှ တရား(ဓမ္မ)အစစ် မဖြစ်နိုင်ပါ။
ဒါဆိုရင် မတရား (အဓမ္မ)များသာလျှင် ဖြစ်နေပေမည်။
ဒါကြောင့် မတိကျသည့် ပေတံများဖြင့် ပြုလုပ်နေကြသည့် အဓမ္မ၀ါဒ ဖော်ထုတ်နေခြင်းသည် လူဆိုးကိုယ်တိုင်က ရဲဖြစ်နေပြီး ထိုရဲမှ လူဆိုးကို လိုက်ရှာနေသလိုဖြစ်နေပေသည်။
ဒါ့ကြောင့် စစ်မှန်သည်ဟု ယုံကြည်လက်ခံလို့ ရနိုင်သော ဓမ္မပေတံ အစစ်ပေါ်ထွန်းအောင် (တကယ့်ထေရ၀ါဒ ပြန်လည်ပေါ်ထွန်းအောင်) ပြုလုပ်နိုင်ကြမှသာလျှင် တကယ့် ဗုဒ္ဓဓမ္မအစစ်ထွန်ကားပေမည်။
ထိုကဲ့သို့ တကယ့်ထေရ၀ါဒကျကျ သင်္ဂါယနာတင်ပုံ နည်းမှန် လမ်းမှန်နဲ့ မထေရ် အများဆန္ဒကို အလေးထားကာ ပြုလုပ်သော အစည်းအဝေးမျိုးဖြင့် ဓမ္မများအား အတည်ပြု ရွေးချယ်မှသာလျှင် တကယ့်ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်သည်ဟု ခေါ်ဆိုထိုက်ပေသည်။
ဒါ့ကြောင့် အမည်ခံထေရ၀ါဒမှ တကယ့်ထေရ၀ါဒဗုဒ္ဓဘာသာသို့ ဖော်ဆောင်ဖို့ လိုအပ်ပါကြောင်း နှိုးဆော်လိုက်ပါတယ် တကယ့်ထေရ၀ါဒီ အို – – – သူတော်ကောင်း အပေါင်းတို့ – – – – – – – -။

(တတိယသင်္ဂါယနာနှင့် စတုတ္ထသင်္ဂါယနာအကြောင်း ဆက်လက်ဖော်ပြပါဦးမည်။)
မန္တလေးဂေဇတ်မှကူးယူဖော်ပြပါသည်.....

ချစ်စရာကောင်းတဲ့  ကလေးများ(၃)



Children are Always Wonderfull
Children are Always Wonderfull
Children are Always Wonderfull
Children are Always Wonderfull

Beautiful And Cute Babies Pictures







Children are Always Wonderfull