twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Wednesday, June 29, 2011
လူတစ်မျိုးရှိသည်
....လောကကြီးတွင်လူတစ်မျိုးရှိသည်......
ကိုယ်နှင့်အတူ ရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက် အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစအရာရာ သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။
ပါးစပ်က တပျစ် တောက်တောက် ရေရွတ်နေသော်လည်း လက်က ပိုက်ဆံကမ်းပေးနေတတ်သည်။
ထိုလူမျိုးကို မိဘ ဟုခေါ်သည်။
.
..လောကကြီးတွင်လူတစ်မျိုးရှိသည်......
အမှားအမှန် ခွဲခြားသိမြင်အောင် သွန်သင်ဆုံးမတတ်ပြီး သားသမီး အရင်းချာကဲ့သို့ ပဲ့ကိုင်လမ်းညွှန်တတ်သည်။ စည်းကမ်းတွေ ချမှတ်ပေးတတ်ပြီး ဗဟုသုတများကို မျှဝေပေးတတ်သည်။
ဆူပူ ကြိမ်းမောင်းခြင်းမှာလည်း လူတော်လူကောင်းဖြစ်စေချင်သော စေတနာသာလျှင်ဖြစ်သည်။ ထိုလူမျိုးကို ဆရာ ဟုခေါ်သည်။
....လောကကြီးတွင်လူတစ်မျိုးရှိသည်......
တစ်ခါတစ်ရံ ကိုယ်နှင့်ရန်ဖြစ်တတ်ပြီး စကားနိုင်လည်း လုတတ်သေးသည်။ ကိုယ့်ဝေစုကို လုစားတတ်ပြီး မိဘကိုလည်း အတိုင်အတော လုပ်တတ်သေးသည်။ သို့သော် ကိုယ့်ကို တစ်ခြားလူများထက် ပိုချစ်ပြီး ပိုဂရုစိုက်တတ်သည်။ အရေးကြုံပါကသွေးနီးကြသည်။ ထိုလူမျိုးကို မောင်နှမ ဟုခေါ်သည်။
...လောကကြီးတွင်လူတစ်မျိုးရှိသည်.....
မတွေ့ မမြင်ရလျှင်လွမ်းနေတတ်ပြီး တွေ့ပြန်လျှင်ရင်တွေခုန်က ဆွံအနေတတ်သည်။ စိတ်ထဲ၊ အတွေးထဲတွင် အမြဲလွှမ်းမိုးနေတတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်အောင်လည်း အိပ်မက်ထဲထိ ကြီးစိုးနေတတ်သည်။
ကိုယ့်အတွက် အလှပဆုံးနှင့် အချိုမြိန်ဆုံး ပန်းသီးလေး တစ်လုံးလိုပင်။ ထိုလူမျိုးကို ချစ်သူ ဟုခေါ်သည်။
...လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသော အချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှားလုပ်မိသော အချိန်တွင် ကိုယ့်ဘက်မှ ရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ အားငယ်သော အချိန်တွင် အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကို မေ့နေတတ်ပြီး အဆင်မပြေသော အချိန်များတွင် ကိုယ်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည် နားထောင်ပေး တတ်သည်။
ကိုယ်နှင့်အတူရှိနေမည့် အချိန်များက ချစ်သူတစ်ယောက် ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
..လောကကြီးတွင်လူတစ်မျိုးရှိသည်.....
မိဘ၏ဆိုဆုံးမမူနှင့် နွေးထွေးသော မေတ္တာအောက်တွင် ကြီးပြင်းလာခဲ့သည်။ ဆရာများ၏ သွန်သင်ဆုံးမမှု အောက်တွင် အမှားအမှန်ကို ခွဲခြားတတ်လာခဲ့သည်။ မောင်နှမများ၏ ချစ်ခင်မှုအောက်တွင် စည်းလုံးခြင်းတွေ ရယူတတ်လာခဲ့သည်။ ချစ်သူ၏ ကြင်နာယုယမှု အောက်တွင် အချစ်စစ်ကို ရှာဖွေတတ်လာခဲ့ပြီး သူငယ်ချင်းများ၏ ကူညီမူအောက်တွင် ဘ၀၏ တက်လမ်းကို ရွေးချယ်တတ်လာခဲ့သည်။ ထိုသူများသည် ကိုယ့်ဘ၀ထဲသို့ ဧည့်သည်တယောက်လို ၀င်လာကြသည်။ အချိန်တန်လျှင် ထွက်သွားကြသည်။ သူတို့သည် ဘ၀ကို အသိဥာဏ်နှင့် ဗဟုသုတ တိုးပွားအောင် ကူညီပေးကြသည်။ ဘ၀ကို ပျော်ရွှင်မူများဖြင့် စိုပြည်စေခဲ့သည်။ ထိုသူများကို ကျေးဇူးတင်ကြောင်း လှိုက်လှိုက်လှဲလှဲပြောဖို့ တစ်ခါတစ်ရံတွင် မေ့နေတတ်သည်။ ထိုလူမျိုးမှာ ကိုယ့်ကိုယ်တိုင် ပင်ဖြစ်ပါသည်။
.** နိုင်းနိုင်းစနေ **
Monday, June 27, 2011
အဆိပ်မျက်ရည်
မိုး...
ထွက်ခွာသွားတဲ့ မိုး
ကျွန်ပ်၏လည်ပင်ကိုလှီး
နှလုံးသားကိုဖြတ်
ဆုပ်ကိုင်ခွင့် မရှိပဲ
ထွက်ခွာသွားတယ်..၊၊
အဆိပ်မျက်ရည်
ဖွဲ့ နွဲ့ ကဗျာစပ်
နောက်တကြိမ်
ရပ်နိင်ဖို့  ခြေလှမ်း
ဘယ်လိုလှမ်းဖို့ 
မိုးရေထဲ တကိုယ်ထဲ
ရပ်နေမိပြီ..........၊၊၊၊၊
မင်းကိုမလိုအပ်တော့ ဘူး
ငါသွန်းခဲ့ တဲ့ မျက်ရည်
ငါဘ၀ကိုယ်ငါမုန်းတီးသလို
မင်းကိုလည်းမုန်းတီခဲ့ တယ်...၊၊၊
အချစ်ဆိုတာသေဆုံးခြင်း
သေဆုံးခြင်းဆို မင်းပါပဲ..၊၊၊၊
ဒီဝေဒနာ အစွန်းအထင်း
စစ်ရေးခင်းလို့ 
ပြန်သတိရချိန်
ဝေဒနာကိုချည်နှောင်
ဒီကွန်ရက်ကရုန်းထွက်ဖို့ 
ဆုံးဖြတ်ခဲ့ တာပဲ....၊၊၊၊၊၊
                     သျှင်နေမင်း
Friday, June 24, 2011
ဓာတ်ပုံပြက္ဒဒိန်လုပ်ရအောင်...
လေးများကိုပြက္ဒဒိန်လုပ်ဖို့ အတွက်ဒီပရိုဂရမ်လေးသုံးပြီး ဖက်ရှင်ကျ
ကျလှလှပပမြန်မြန်ဖြစ်နိင်စေဖို့ ဒီ Protable photo calendar soft-
wereလေးကကူညီပါလိမ့် မယ် ပြက္ခဒိန်စတင်လုပ်ဖို့ အတွက်မိမိတို့ 
ကြိုက်နှစ်သက်တဲ့ ပုံ၊ ဓာတ်ပုံများကိုအချိုအစားတူညီဖို့ လိုအပ်ပါ
တယ်၊ပြက္ခဒိန်ထဲတွင်မိမိတို့ ကြိုက်နှစ်သက်တဲ့ စာသားများ၊ခေါင်
စဉ်များလည်ပြုလုပ်နိင်ပါတယ်၊ပြီနောက် လ၊နှစ်၊ရက်များကိုလည်
ပြုပြင်နိင်သလိုပြက္ခဒိန်ဆိုက်များကိုလိုသလောက်မိမိတို့ နှစ်သက်တဲ့ 
ဆိုက်များထုတ်ယူနိင်ပါတယ်.လုပ်ကြည့် ရင်နဲ့ သိသွားပါလိမ်မယ်
အရမ်းလွယ်ကူနေတဲ့ အတွက်အသေးစိတ်တော့ မပြောတော့ ပါဘူ၊
လိုအပ်လျှင်ကျွန်တော်ကိုဆက်သွယ်မေးမြန်နိင်ပါတယ်ခင်ဗျာ.
ဒီsoftwereလေးရဲ့ လုပ်ဆောင်ချက်ကတော့ ..
၁.မည်သည်ခုနှစ်ရောက်သည်ဖြစ်စေမိမိတို့ လိုအပ်သလိုပြုပြင်နိင်ပါတယ်
၂.စာသားမျာ၊ဓာတ်ပုံများဖြင့် ကိုယ်ပိုင်အမှတ်သားမျာပြုလုပ်နိင်ခြင်း
၃.မိမိတို့ ရဲ့ ဓာတ်ပုံများကိုပုံစံအမျိုမျို၊စတိုင်အမျိုမျိုပြုလုပ်နိင်ခြင်း
၎.အားလပ်ရပ်၊ဘာသာရေးဆိုင်ရာ၊အမျိုးသားရေးဆိုင်ရာရပ်များသတ်မှတ်နိင်ခြင်း
၅.မိမိနှစ်သက်ရာဘာသာစကားများကိုပြောင်းလဲနိင်ပါတယ်။
အောက်မှာဒေါင်ယူလိုက်ပါ..
http://www.filesonic.sg/file/331686441
တက်လို့ တော့ ဟုတ်ပါဘူး ၊သိတာလေးတွေမျှဝေပေးတာပါ..
Tuesday, June 21, 2011
မေတ္တာဖြင့်မိုး နှလုံးသားနှင့်ကာ
ခရီးဆောင်အိတ်ကို ဇစ်ဆွဲပိတ်ပြီး အခန်းနံရံတွင်မှီ၍ ထောင်ထားလိုက်သည်။ သက်ပြင်းတစ်ချက်ချရင်း အခန်းထဲ တစ်ချက်ဝေ့ကြည့်သည်။ အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ အစီအရီထောင်ထားသော ခရီးဆောင်အိတ်များက ငါးလုံးရှိနေပြီ ။ နောက်ထပ် ထပ်သိမ်းရမည့် ပစ္စည်းများလည်း သိပ်မကျန်တော့။ အနှစ်နှစ် အလလနေလာခဲ့သည့် သူ့အခန်းလေးကို စိတ်မကောင်းခြင်းများစွာနှင့် လှည့်ပတ်ကြည့်မိသည်။ ဇနီးဖြစ်သူက မီးဖိုခန်းထဲနှင့် ဧည့်ခန်းထဲမှ သိမ်းစရာရှိသည်များကို သိမ်းလျှက်ရှိသည်။ ကလေးနှစ်ယောက်ကတော့ အဖေနှင့်အမေကို စိတ်ကောက်ပြီး အိမ်အနီးနားရှိ ပန်းခြံတစ်ခုသို့ ထွက်သွားသည်။ ဒီကလေးနှစ်ယောက်ကြောင့်ပင် ကျွန်တော် မြန်မာပြည်ကို အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ မြန်မာပြည် ပြန်ရတော့မည် ဖြစ်သဖြင့် သယ်ယူသွားရန်မလွယ်သည့် ပစ္စည်းများကို ရောင်းစရာရှိသည်များရောင်း၊ ပေးသင့်တန်သည်များကို မိတ်ဆွေသူငယ်ချင်းများအားပေး၊ မလိုအပ်သည့် ပစ္စည်းများလည်း လွှင့်ပစ် ခဲ့ပြီးတာကြောင့် အခန်းတစ်ခုလုံး ရှင်းလင်းနေသည်။ နှစ်ပေါင်းများစွာ နေထိုင်စဉ်အတွင်း ဝယ်ယူစုဆောင်းထားသည့် ပစ္စည်းများ ဖြစ်တာကြောင့် စိတ်ထဲတွင်တော့ နှမြောမိသည်။ သို့သော် ထိုနှမြောခြင်းတွေထက် ကျွန်တော်ပို၍ နှမြောရမည့် အရာရှိနေသည်။ ထိုအရာက ကျွန်တော် သားသမီးများ၏ အနာဂတ် ဖြစ်သည်။ သူတို့လေးတွေ အတွက်ကြောင့်ပင် ကျွန်တော် နှစ်ပေါင်းများစွာ နေထိုင်လာသည့် သည်နေရာမှ အပြီးအပိုင် စွန့်ခွါပြီး မြန်မာပြန်ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်ငါးနှစ်ကတည်းက ထိုင်ဝမ်တွင် ကျွန်တော်လာရောက်အလုပ်လုပ်ကိုင် နေထိုင်နေခဲ့သည်။ ရောက်ပြီးသုံးနှစ်ခန့်အကြာတွင် ကျွန်တော့်ကဲ့သို့ လာရောက် အလုပ်လုပ်ကိုင်သည့် မြန်မာ အမျိုးသမီးလေးတစ်ဦးနှင့် လက်ထပ်ဖြစ်ခဲ့သည်။ အိမ်ထောင်ဦးဘဝတွင် နှစ်ယောက်အတူ လှုပ်ရှားရုန်းကန်ခဲ့သည်။ မကြွယ်ဝ မချမ်းသာသေးသော်လည်း လူတန်းစေ့ နေထိုင်နိုင်ခဲ့သည်။ အိမ်ထောင်သက် နှစ်နှစ်ခန့်တွင် ဇနီးဖြစ်သူမှာ ကိုယ်ဝန်ရှိလာသည်။ သည်နိုင်ငံတွင် ကလေးတစ်ယောက် စရိတ်မှာ မြင့်မားသောကြောင့် ဇနီးဖြစ်သူမှာ မွေးဖွားခါနီး အထိ အလုပ်တက်ခဲ့ရသည်။ ထိုနောက် သမီးလေးကို မွေးသည်။ သည်နိုင်ငံ စနစ်အရ ကလေးမွေးဖွားရန် ခွင့်ရက် လေးဆယ်ငါးရက် ရသည်။ ထိုကြောင့် သမီးလေး တစ်လကျော်မှာပဲ ဇနီးဖြစ်သူမှာ အလုပ် ပြန်တက်ရလေသည် ။ ထို့ကြောင့် အိမ်းနီးနားရှိ မြန်မာလူမျိုး အဒေါ်ကြီးတစ်ယောက်ကို လခပေး၍ သမီးလေးကို ထိန်ခိုင်းရသည်။ ဤသို့ဖြင့် သမီးလေး နှစ်နှစ်ကျော်တွင် သားလေးကို ထပ်မွေးခဲ့သည်။ ကလေးနှစ်ယောက် ထိန်းစရိတ်များမှာ ကျွန်တော့်ဇနီးသည်၏ လခတစ်လစာခန့်ရှိသည်။ ထိုကြောင့်ဇနီးဖြစ်သူက အိမ်တွင်နေ၍ ကလေးထိန်းရန် အလုပ်ထွက်လိုက်သည်။ ကလေးနှစ်ယောက်၏ နို့မှုန့်ဖိုးအပါအဝင် အထွေထွေစရိတ်များ ၊ အိမ်စရိတ်များ အစရှိသည့် စရိတ်များစွာကို အဆင်ပြေဖို့ ကျွန်တော် နေ့စဉ်လိုလို အလုပ်တွင် အချိန်ပို ဆင်းရသည်ကြောင့် မိသားစု စုံစုံလင်လင်နေရသည့်အချိန်က ရှားပါးလှသည်။ ကျွန်တော် အလုပ်သွားချိန်တွင် ကလေးများက အိပ်ယာမှမနိုးသေးပဲ ကျွန်တော် ပြန်လာချိန်မှာတော့ ကလေးများ အိပ်ပျော်နေချိန် ဖြစ်သည်။ ထိုသို့ဖြင့် သမီးကြီး သုံးနှစ်အရွယ်ရောက်သောအခါ မူကြိုထားရန် ကျွန်တော်နှင့် ကျွန်တော့်ဇနီး ခေါင်းချင်းဆိုင်ကာ တိုင်ပင်ကြ၏။ သည်နိုင်ငံ၏ ကလေးမူကြိုစရိတ်မှာ မြင့်မားလှသည်။ နောက်ဆုံးတော့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်သည်။ သားနှင့် သမီးကို မြန်မာပြည်သို့ ပြန်ပို့ကာသူတို့၏ အဖိုးအဖွားများထံတွင် အပ်ထား၍့ ထိုအတောအတွင်းတွင် ကျွန်တော်နှင့် ဇနီးဖြစ်သူက ကြိုးစား၍ ရှာဖွေစုဆောင်းပြီးမှ သားသမီးများကို ပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့သည်။ သားသမီးများနှင့် ခွဲခွါရ သဖြင့် ကျွန်တော်တို့နှစ်ဦးစလုံး စိတ်မကောင်း ဖြစ်ရသည်။ သားသမီးများကို စိုးရိမ်စိတ်၊ သတိရသည့် စိတ်များကြောင့် ရင်တွေ ပူလောင်လွန်းရသည်။ ထိုခံစားချက်များသည် သားသမီးများ၏ ရှေ့ရေးနှင့် ယှဉ်လျှင်တော့ ခံသာသည်ဟု ဆိုရမည်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး၏ ရည်ရွယ်ချက်မှာ သားသမီးများကို နိုင်ငံခြားတွင် ကျောင်းထားပြီး ပညာတတ်များ ဖြစ်စေချင်သည်။ ထို့ကြောင့် ကလေးများကို သတိရချိန်တွင် အလုပ်ကိုသာ ပို၍ကြိုးစားဖြစ်သည်။ အားလပ်ရက်များတွင်ပါ အချိန်ပိုဆင်းသည်။ ကလေးစရိတ်များ သက်သာသွားတာကြောင့် နှစ် နှစ်ခန့် အကြာတွင် အနည်းငယ်စုဆောင်းမိလာသည်။ ထိုနောက် သားနှင့် သမီးကို ကျွန်တော်တို့နှင့် အတူထားရန် ပြန်ခေါ်လာဖြစ်ခဲ့သည်။ သားသမီးများ ပြန်ရောက်သည့် နောက်ပိုင်းတွင် မိသားစု ဘဝလေး ပို၍သာယာ ပျော်ရွှင်လာခဲ့ရသည်။ သားနှင့်သမီးကို အနီးနားရှိ ကျောင်းတွင် ထားသည်။ ကလေးများကို မြန်မာပြည်တွင် ထားသည့် နှစ်နှစ်ကျော် အချိန်အတွင်း တတ်လာခဲ့သည့် မြန်မာစကားများကို ပြန်မမေ့သွားစေရန် မြန်မာလိုသာ ပြောဆို ဆုံးမဖြစ်သည်။ ဇနီးဖြစ်သူက ကလေးများကို အားလပ်ချိန်တွင် ဘုရားရှိခိုးနည်းများ သင်ပေးသည်။ သို့သော် ကျွန်တော်တို့ မိသားစု အတူတကွ ဆုံတွေ့ချိန်က ညပိုင်းများသာ ဖြစ်သည်။ ကျွန်တော်တို့ အလုပ်တက်နေချိန်တွင် သားနှင့်သမီးမှာ တနေကုန်ကျောင်းတက်ကြသည်။ မိသားစုဘဝ ဆုံတွေ့ချိန် နည်းလှသည့် သည်နိုင်ငံတွင် ကျွန်တော် မထင်ထားသည့် ဆိုးရွားမှု တစ်ခုရှိလာသည်။ ထိုအရာမှာ သားသမီးများကို ကျောင်းထားပြီး တစ်နှစ်ခန့်အချိန်တွင် စတင်ခဲ့သည်။ တစ်နေ့တွင် ကျွန်တော် အလုပ်မှ အချိန်အနည်းငယ် စောကာ ပြန်လာသည်။ အိမ်တံခါးဖွင့်ပေးရန် ခေါင်းလောင်းကို နှိပ်လိုက်၏။ ကျွန်တော့် သားလေးက တံခါလာဖွင့်ပေးသည်။ တံခါးဖွင့်သံကြားသည့် ကျွန်တော့်ဇနီးက မီးဖိုခန်းထဲမှ လှမ်းအော်မေးသည်။ “ တံခါးကို အရမ်းစွတ် မဖွင့်နဲ့။ ဘယ်သူလဲကြည့်အုံး။ ” “လောင်မား။ နီးလောင်ကုန်းလား။ ” (အမေအိုကြီး နင့်ယောင်္ကျား )ဟု ပြန်ဖြေသံကို ကြားရသဖြင့် ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ ထိုနောက် လွယ်ထားသည့် အိတ်ကို ဘေးတွင်ချပြီး ကျွန်တော် သားကိုဆုံးမရတော့သည်။ “သားငယ်လေး။အဲဒီလို မပြောရဘူး။ ဖေဖေ ၊ မေမေ လို့ ခေါ်ရတယ်လေ။” ကျွန်တော်ဆုံးမတော့ “ဟုတ်”ဟု ဆိုကာ ပြေးထွက်သွားသည်။ ထိုကဲ့သို့ မိဘကို အခေါ်အဝေါ်များသည် ကာတွန်းကားများထဲမှ အတုယူထားခြင်းဖြစ်မည်ထင်သည်။ သည်နိင်ငံတွင် ကလေးများကြိုက်ကြသော (လပီရှောင်ရှင်း) ဟု အမည်ရသည့် ကလေးဆိုး ကာတွန်းကားမှာ ခေတ်စားလှသည်။ ထိုထဲတွင် လူကြီးမိဘများကို ထိုကဲ့သို့ ခေါ်လေ့ရှိသည်။ ကလေးများကို ပိုမိုဂရုစိုက်ပေးဖို့ ဇနီးဖြစ်သူကို မှာကြားရသည်။ “မင်း ကလေးတွေကို နည်းနည်းပါးပါး ဆုံးမအုံးကွာ ။ ကလေးတွေ အကျင့်ပျက်နေပြီ။ ” ပြောသာပြောရသည် ။ ကျွန်တော်တို့ နှစ်ယောက်စလုံးမှာ အားလပ်ချိန်များတွင် ပြောဆိုဆုံးမလေ့ ရှိသော်လည်း ထိုကဲ့သို့ အားလပ်ချိန်မှာလည်း များများစားစာ ရှိလှသည်မဟုတ်။ ဆုံးမချိန်ခဏသာ “ ဟုတ် ” ဟုခေါင်းညိတ်ကြသည်။ ပြီးလျှင် မေ့သွားကြပြန်သည်။ တစ်ခြား ကလေးများမှာလည်း ထိုနည်းတူ၊ ထို့ထက်ပိုဆိုးများသာ ဖြစ်သည်ကိုလည်း အမြဲမြင်တွေ့နေရတာကြောင့် ကျွန်တော့်ကလေးများအတွက် ရင်ပူမိသည်။ ကျောင်းတွင် ကလေးများကို ရိုက်နှက်ဆုံးမခွင့် မရှိပါ။ ကျောင်းသားကို ရိုက်မိသဖြင့် ရဲတိုင်ခံရသည့် ဆရာများ အကြောင်း မကြာခဏကြားနေရသည်။ ဆရာများတွင်သာ မဟုတ်။ မိဘဖြစ်သူအနေဖြင့်လည်း သားသမီးကို ရိုက်နှက်ဆုံးမိလျှင် ရဲတိုင်ခံရပြန်သည်။ တစ်သက်တစ်ကိုယ် မကြားဖူးသော ဓလေ့ထုံးစံဖြစ်သည်။ ထိုဓလေ့ကြောင့် သားသမီးများက မိဘကို ရိုသေရကောင်းမှန်း မသိ။ ဆရာများကိုလည်း ကြောက်ရကောင်းမှန်း မသိကြ။ အရွယ်ရောက်လျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြမည့် အတွေးများကြောင့်လည်း လူကြီးမိဘများအပေါ် ရိုင်းစိုင်းရဲကြခြင်းဖြစ်မည်။ ထိုအရာသည် လွတ်လပ်ခွင့်၏ ဘေးထွက်ဆိုးကျိုးသာ ဖြစ်သည်။ ကျွန်တော်တို့ယခုအသက်အရွယ် ရောက်သည်အထိ လမ်းတွင် ဆရာ၊ ဆရာမများကိုတွေ့လျှင် လက်နောက်ပစ်၍ ဖြစ်စေ၊ လက်အုပ်ချီ၍ဖြစ်စေ နှုတ်ဆက်ကြရသည်။ ခေါင်းကလေးငုံ့ကာ ဖြတ်လျှောက်ကြသည်။ အခါကြီးရက်ကြီးများတွင် မိဘ ဆရာသမားများကို သတိတရ သွားရောက် ကန်တော့လေ့ရှိသော်လည်း ယခုအချိန်ထိ ကျွန်တော်တို့ ဇနီးမောင်နှံမှာ ပြန်ကန်တော့ခံခွင့်မရသေး။ သက်ပြင်းတစ်ချက်သာ လေးလေးပင်ပင် ချလိုက်မိတော့သည်။ အခွင့်သာတိုင်း ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံဖို့ ကျွန်တော်နှင့်ဇနီး ဖြစ်သူ၏ ဆိုဆုံးမမှုသော်လည်း သည်နိင်ငံယဉ်ကျေးမှုဓလေ့ စရိုက်များ အောက်တွင် မှုန်ဝါးဝါး ဖြစ်ရလေ့သာရှိသည်။ ကလေးနှစ်ယောက်စလုံး၏ စိတ်ထဲတွင် သူတို့ကိုယ်ကို သည်နိင်ငံသားများဟုသာ အတွေးဝင်နေကြပုံရသည်။ နုနယ်သော သူတို့နှလုံးသားများထဲတွင် ဓလေ့စရိုက်ဆိုးများက အမြစ်တွယ်စပြုနေပြီထင်သည်။ ကြာလာတော့ ပြောဆို ဆုံးမရတာပင် စိတ်ပျက်စပြုလာတော့သည်။ အိမ်ပြန်ရောက်လျှင် မြင်ရတွေ့ရသည်မှာ စိတ်မချမ်းသာ။ ကလေးများကတော့ အခြေအနေပို၍သာ ဆိုးလာတော့သည်။ သမီးနှင့်သားမှာ တဖြေးဖြေး အရွယ်ရောက်လာသည်။ သမီးက ၁၀ နှစ် သားက ၈ နှစ်အရွယ်သို့ပင်ရောက်လာသည်။ မောင်နှစ်မ အချင်းချင်းလည်း သည်နိင်ငံ၏ လူနေမှုဘဝ ဓလေ့အတိုင်းသာ ဆက်ဆံကြသည်ကို မကြာမကြာ မြင်နေရသည်။ မောင်နှမအချင်းချင်း ပစ္စည်းညွှန်လျှင်လည်း ခြေထောက်နှင့်သာ ညွှန်ကြသည်။ ပန်ကာ ပိတ်လျှင် ခြေထောက်ဖြင့် ပိတ်ကြသည်။ တီဗီပါဝါခလုတ်ကို ခြေထောက်ဖြင့် ဖွင့်ကြသည်။ တွေ့လျှင် ဆုံးမသော်လည်း ကျောင်းတွင် ကျောင်းသားချင်းဆီမှ ကူးစက်လာဟန်တူသော ဓလေ့စရိုက်များက အရိုးစွဲစပြုနေဟန်တူသည်။ ဆုံးမရတာ များလာသည်ကြောင့် သမီးနှင့်သားကလည်း မိဘများနှင့် မျက်နာချင်းဆိုင် ရှိနေချိန်နည်းလာသည်။ မိသားစု ဘဝသည် ယခင်လို ပျော်ရွှင်ဖွယ် မကောင်းတော့။ သက်ပြင်းများဖြင့်သာ နေ့ရက်များကို ဖြတ်သန်းရတော့သည်။ ထိုသို့ဖြင့် ရင်ခွင်တစ်ခုလုံး လောင်မီးကျတော့မည့် နေ့တစ်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့က တနင်္ဂနွေ အားလပ်ရက်ဖြစ်တာကြောင့် အိမ်တွင် မိသားစု စုံညီနေသည်။ “ သမီး အမေ့ကို တီဗီရီမုပေးစမ်း ” တီဗီရီမု (remote) ကို ဇနီးဖြစ်သူက လှမ်းတောင်းသည်။ ခုံအောက်ကျနေသော ရီမုကွန်ထရိုးကို သမီးကြီးက ကုန်းမကောက်ဘဲ ခြေထောက်နှင့် လှမ်းကန်ပေးလိုက်သည်။ ထိုအပြုအမူကို မြင်သည့်အခါ ကျွန်တော့် စိတ်ထဲတွင် ဒေါသများ ထောင်းခနဲ ထွက်ကာ စိတ်မထိန်း နိင်တော့ဘဲ ဆိုဖာပေါ်မှ ချက်ချင်းထပြီး သမီးကြီးကို ရိုက်မိတော့သည်။ “ အင့်ဟာ... ” ဖုန်း... ဖုန်း... “ငါတို့ဒီလောက် ဆုံးမနေရဲ့နဲ့ကို ရိုင်းစိုင်းလိုက်ကြတာ။ မိဘကို ပစ္စည်းပေးတာ ခြေထောက်နဲ့ ပေးရမယ်လို့ ကျောင်းမှာ သင်ထားလို့လား ပြောစမ်း” ဇနီးဖြစ်သူက ဝင်ဆွဲသည်။ သမီးကြီးက ကျွန်တော့်ကို ခပ်စိမ်းစိမ်း စိုက်ကြည့်၏။ ထို့နောက် ကျွန်တော့် အသည်းနှလုံးများ ကြွေပျက်သွားမည့် စကားကို ပြောချလိုက်သည်။ “ နင် ငါ့ကို ရိုက်တယ်။ အေး...ငါအခု ရဲတိုင်မယ်။ ရဲကို ခေါ်ဖမ်းခိုင်းမယ်” ထိုစကားကြားတော့ ကျွန်တော် ကြက်သေသေ သွားသည်။ ကမ္ဘာကြီး ချာချာလည်သွားပြီထင်ရသည်။ မယုံကြည်နိင်။ ကျွန်တော် အသက်ရှူ ရပ်တန့်သွားပြီဟုပင်ထင်မိသည်။ နားထင်သို့ သွေးများ ဆောင့်တက်လာသည်။ ဘယ်ဘက်ရင်အုံကို စူးချွန်ဖြင့်ထိုးသကဲ့သို့ စူးအောင့်သွားရသည်။ ကျွန်တော် ဘယ်လိုမှ မယုံကြည်နိုင်။ မယုံကြည်ဝံ့။ သို့သော် အမှန်တကယ် ဖြစ်ပျက်ခဲ့လေပြီ။ ကျွန်တော်ခြေလက်များ အေးစက်လာကာ တစ်စုံတစ်ရာဖြင့် အပိတ်ဆို့ခံထားရသလိုပင် လည်ပင်းတွင် တစ်ဆို့နေတော့သည်။ သားသမီးကို ရိုက်မိသဖြင့် မိဘကို ရဲတိုင်သည့် သတင်းများ မကြာခဏ တွေ့နေရသော်လည်း ကျွန်တော်တို့ ကိုယ်တိုင် ကြုံလာမည်ဟု မတွေးခဲ့ဖူးပါ။ ခုတော့ နာကျင်လွန်းလှပါသည်။ “ဟဲ့ သမီးကြီး အဖေကို အဲဒီလို မပြောရဘူးလေ” “ အဖေက ငါ့ကို ဘာလို့ရိုက်လဲ ” သူတို့ပြောနေကြသည်များကို ကျွန်တော် ကြားနိင်စွမ်းမရှိတော့။ အိမ်တံခါးတွန်းဖွင့်ကာ လမ်းမသို့ ထွက်လာခဲ့သည်။ ခြေလှမ်းများ လှမ်းနေသော်လည်း အသိတရားတို့မရှိတော့ပါ။ နီးစပ်ရာ ခုံတစ်ခုမှာ ဝင်ထိုင်လိုက်ချိန်တွင် ကျွန်တော်မျက်ရည်များ စီးကျနေမှန်း သတိပြုမိသည်။ ကျွန်တော်တို့ဇနီးမောင်နှံ အပင်ပန်းခံ ရှာဖွေ ပြုစုပျိုးထောင်ခဲ့ရသမျှ ထိုသို့ပြန်ရဖို့လား။ ချွေးစက်များဖြင့် တည်ဆောက်ခဲ့ရသမျှ ထိုသို့ ပြိုလဲဖို့လား။ ပုခုံးနှစ်ဖက်ဖြင့် ပင့်တင်ခဲ့ရသမျှ ထိုသို့နာကျင်ရဖို့လား။ တားဆီးဖို့ မေ့လျော့နေသော မျက်ရည်များ စီးကျလာရင်းမှ ကျွန်တော် နာကျင်စွာတွေးနေမိသည်။ “ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” “ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” “ ငါအခုရဲတိုင်မယ်..။ ရဲကို ခေါ်ဖမ်းခိုင်းမယ် ” ထိုစကားစုသည် ပဲ့တင်သံများအဖြစ် နားစည်ဝမှ နှလုံးအိမ်ထဲအထိ အခါခါ ရိုက်ခတ်နေတော့သည်။ ပြိုကျသွားသည့် အိမ်တစ်လုံးကို စောင့်ကြည့်နေရသူ အိမ်ရှင်တစ်ယောက်၏ နာကျင်မှုမျိုးထက် ပိုမိုသည့် ဝမ်းနည်းခြင်းများစွာက ကျွန်တော့်ကို လွှမ်းမိုးထားပါသည်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်ထားသည့် မိသားစုအိမ်ကလေး တအိအိဖြင့် ပြိုကျသွားခဲ့လေပြီ။ ထိုနေ့က ကျွန်တော်အိမ်ပြန်ရောက်တော့ ညဥ့်နက်လှပြီ။ ဇနီးဖြစ်သူက မအိပ်သေးဘဲ စောင့်နေသေးသည်။ ကျွန်တော့်ကိုမြင်တော့ ဇနီးဖြစ်သူက လှမ်းဖက်သည်။ ကျွန်တော်လည်း ပြန်လည်ပွေ့ဖက်ကာ သူ့ကျောလေးကို ခပ်သာသာပွတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ နာကျင်နေသော နှလုံးခုန်သံများက နှစ်ဦးသားစလုံးတွင် ထပ်တူဖြစ်နေလိမ့်မည်။ ဇနီးဖြစ်သူကို ကျွန်တော် စကားတစ်ခွန်းပြောလိုက်သည်။ “ ကိုယ်တို့ မြန်မာပြည် ပြန်ကြစို့ကွာ ” ဇနီးဖြစ်သူက သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်ပြ၏။ သားသမီးများ၏ အနာဂတ်အတွက် သူလည်း ဘာမဆို စွန့်လွှတ်ဖို့ တွေးထားမည် ထင်ပါသည်။ ရုပ်ဝတ္ထုများနောက်ကိုလိုက်ရင်း နှလုံးသားများ လုံးပါးပါးရမည်ကို ကျွန်တော်တို့ မလိုလားကြတော့။ လက်မခံနိင်သော ဓလေ့စရိုက်များရှိရာမှ ကျွန်တော်တို့မိသားစု ရုန်းထွက်ရတော့မည်။ သားသမီးများ၏ အနာဂတ်အတွက်ဆိုလျှင် ရရှိလာနိင်မည့် ပြည့်စုံကြွယ်ဝမှုများနှင့် ကျွန်တော်တို့ အလွယ်တကူ လဲလှယ်ဝံ့ပါသည်။ ထိုခံယူချက်ကြောင့်ပင် ကိုယ့်မြေကိုယ့်ဌာနေကိုသာ ပြန်ဖို့ဆုံဖြတ်လိုက်ကြခြင်း ဖြစ်ပါတော့သည်။ ကြီးသူကိုရိုသေ ငယ်သူကိုလေးစားတတ်သော နေရာတွင်သာ ကျွန်တော်တို့ မိသားစုဘဝ အိမ်ကလေးတစ်လုံး အသစ်ပြန်ဆောက်ကြမည်။ ထိုအိမ်လေးကို မေတ္တာဖြင့်မိုး၍ နှလုံးသားနှင့်ကာရံထား ပါမည်။
ချစ်ခင်လေးစားစွာဖြင့်
မြတ်မွန်
အမှိုက်ထဲကစိတ်ဓာတ်များ
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..)))))
နေပူကျဲကျဲမှာ အမှိုက်လှည်းကြီးကို တွန်းရင်း တစ်လမ်းဝင် တစ်လမ်းထွက်
အမှိုက်လိုက်ကောက်နေတဲ့ ကျနော်တို့ မောင်နှမ နှစ်ယောက် အတွက်တော့
နေမင်းကြီး ပူလောင်တယ် ဆိုတာထက် လူလုံးမလှပတဲ့ ဘဝရဲ့ ပူလောင်မှုက အရာရာကို
ရင်ဆိုင်ဖို့ ကျင့်သားရခဲ့ပြီးသားပဲလေ..။
နားထဲမှာတော့ ဖေဖေ မဆုံးခင် ပြောသွားတဲ့ ဆုံးမ စကားလေးကို ကြားနေမိသေးတယ်..
“သားရေ ဖေဖေတို့က အမှိုက်ကောက်တဲ့ သူတွေဆိုတော့ လူတွေက မသတီကြဘူး..
အကျိုးပေး မကောင်းခဲ့လို့ နှိမ့်ကျတဲ့ ဘဝ ရောက်နေပေမယ့် စိတ်ဓါတ်ကို အမြဲ
မြင့်မြင့်ထားပါ.. ဘယ်လောက်ပဲ ဆင်းရဲနုံချာနေပါစေ.. သူများပစ္စည်း
မခိုးနဲ့.. မတရားတာ မလုပ်နဲ့.. ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်နဲ့ ဘဝကို ရဲရဲ
ရင်ဆိုင်ပါ..” တဲ့
ကျနော် နဖူးပေါ်က ချွေးတွေကို လက်တစ်ဖက်နဲ့ သုတ်ရင်း.. အတွေးစကို ဖြတ်ကာ
အမှိုက်လှည်းကြီးကို ဂရုတစိုက် တွန်းလာခဲ့တယ်..။ ကျနော့် ပုဆိုးစလေးကို
ဆွဲကိုင်ရင်း လိုက်လာတဲ့ ညီမလေးကလည်း သူ့အသံလေးနဲ့ အမှိုက်.. အမှိုက်..!!
လို့ အော်ပေးရှာပါတယ်..။
ညီမလေးက အခုမှ (၆) နှစ် ရှိသေးတာ..။ တကယ်ဆို ကျနော်တို့ မောင်နှမက
ကျောင်းနေရမယ့် အရွယ်တွေပေါ့..။ ကျနော်သာ ကျောင်းနေခဲ့ရရင် အခုဆို
ရှစ်တန်း၊ ကိုးတန်း လောက်တော့ ရောက်နေလောက်ပြီ..။ ဘဝပေးကံက ကျောင်းဆိုတာ
ဘာမှန်းမသိလောက်အောင် ဆိုးရွားခဲ့တော့ ဒီဘဝ ဒီလိုသာ ဖြတ်သန်းရုံပေါ့..။
ကျနော် စိတ်ဓါတ်မကျပါဘူး.. အမှိုက်ကောက်လို့ ရတဲ့ ငွေလေးနဲ့ ကျနော်တို့
မောင်နှမ ထမင်းစားတယ်..။ စေတနာကောင်းတဲ့ အိမ်တွေက ကျနော်တို့ကို အဝတ်အစား
အဟောင်းတွေ ပေးကြတယ်..။ နေစရာကတော့ အမိုးအကာ ရှိတဲ့ တစ်နေရာရာဆိုရင်
နေလို့ ဖြစ်နေတာပါပဲလေ..။
“အမှိုက်..!!!!..”
အမှိုက်လို့ အော်ခေါ်သံကြားလို့ ကျနော် ဝမ်းသာအားရ မော့ကြည့်လိုက်တော့
ဟိုး.. ခြောက်လွှာကနေ လက်ယပ် ခေါ်နေတဲ့ အန်တီကြီး တစ်ယောက်..။
ကျနော် ညီမလေးကို အမှိုက်လှည်းနားမှာ စောင့်ခိုင်းပြီး လှေခါးထစ်တွေ
အတိုင်း ပြေးတက်ခဲ့လိုက်တယ်..။ ဒီအမှိုက်ဖိုးလေးရရင် ညီမလေးကို
ကောက်ညှင်းပေါင်းနဲ့ အကြော်ဝယ်ကျွေးရမယ်လေ..။
အခန်းတံခါး ခပ်ဟဟလေး ပွင့်လာတယ်.. ပြီးတော့ ဖြူဖြူဝဝ အန်တီကြီး တစ်ယောက်
ထွက်လာပြီး အမှိုက်တွေ ထည့်ထားတဲ့ သံပုံးကြီး တစ်ပုံး ထုတ်ပေးတယ်..။
“ရော့.. ကောင်လေး အမှိုက်ယူပြီးရင် အမှိုက်ပုံး ပြန်လာပေး..”
ကျနော်လည်း အမှိုက်ပုံးကြီးကိုမပြီး လှေခါးထစ်တွေ အတိုင်း ပြန်ဆင်းခဲ့တယ်..
အမှိုက်တွေ မကျအောင်လည်း ဂရုစိုက်ရသေးတယ်လေ..။
ညီမလေးကတော့ အမှိုက်လှည်းကြီးဘေးမှာ မြေကြီးတွေကို ဒုတ်နဲ့ ခြစ်ပြီး ဆော့နေလေရဲ့..
ကျနော်လည်း သံပုံးထဲက အမှိုက်တွေကို အမှိုက်လှည်းကြီးပေါ် ပစ်ပြီး
သံပုံးလွတ်ကြီးနဲ့ ပြန်ပြေးတက်ရတာပေါ့ .. ခြောက်လွှာကို..။
အပေါ်ထပ် အခန်းဝကို ပြန်ရောက်တော့..
“ဘယ်လောက် ပေးရမလဲ..”
“အန်တီ စေတနာရှိသလောက် ပေးပါခင်ဗျာ..”
“ရော့.. ငါးဆယ် ယူလိုက်..”
အန်တီကြီး ထုတ်ပေးတဲ့ နှစ်ရာတန်လေးကို လက်တဖက်က ကိုင်ပြီး ကျနော် ခေါင်း
ကုတ်လိုက်တယ်..
ကျနော့်မှာ ရှိတာက ငါးဆယ်တန် တစ်ရွက်ပဲ ရှိတာလေ.. ကျနော် ဘယ်လို အမ်းရမလဲ..။
ကျနော် ငါးဆယ်တန် နွမ်းဖတ်ဖတ်လေးကို ထုတ်ပြီး..
“ကျနော့်မှာ ငါးဆယ်ပဲ ရှိတာ.. ပြန်အမ်းဖို့ မရှိဘူး ခင်ဗျ.. အန်တီ အနှုတ်
မရှိဘူးလား..”
“ဟဲ့.. အဲဒါဆို ဘယ်လို လုပ်မှာလဲ.. ငါ့မှာ အနှုတ်မရှိဘူး..”
“ဒါဆို ကျနော် လမ်းထိပ်က ကွမ်းယာဆိုင်မှာ အနှုတ် သွားလဲ လိုက်မယ်..”
“ဘယ်ဖြစ်မလဲ.. နင် ပြန်မလာရင် ဘယ်လို လုပ်မလဲ.. နင်တို့လို
အမှိုက်ကောက်သမားတွေက ဒီလိုတွေကြီးပဲ..”
“ဟာ.. ကျနော် အဲ့လို မလုပ်ပါဘူး.. ကျနော် ပြန်လာ အမ်းမှာပါ..”
“အို.. တော်ပြီး ရှုပ်ရှုပ်ရှက်ရှက်.. နေ.. နေတော့.. အမ်းဖို့ မရှိရင်
မပစ်တော့ဘူး.. အမှိုက်တွေ သွားပြန်ယူပေး..”
“ဗျာ..!!..”
ကျနော် အံ့သြသွားတယ်..။ စိတ်ထဲမှာလည်း ကျင်ကနဲ ဖြစ်သွားတယ်..။
ကျနော် ဘာမှ မပြောတော့ပါဘူး.. နှစ်ရာတန်လေးကို သူ့လက်ထဲ ပြန်ထည့်ပြီး
လည့်ထွက်ခဲ့လိုက်တယ်..။
လှည်းထဲက သူ့အမှိုက်တွေကို ကြည့်လိုက်တော့ ဘီယာဘူးခွံတွေ..
နိုင်ငံခြားဖြစ် တန်ဖိုးကြီး အစားအစာတွေရဲ့ ဗူးခွံတွေ..။ ညီမလေးက
တော်တော် ဗိုက်ဆာနေပြီ ထင်ပါတယ်.. အဲ့ဒီ ဗူးခွံတွေထဲက ကြက်ပေါင်ကြော်ပုံ
ပါတဲ့ ဂတ်ထူဗူးခွံကြီးကို ကိုင်ပြီး ကြည့်လို့..။
ကျနော် စိတ်မကောင်းတော့ ဖြစ်မိတယ်.. ဒါပေမဲ့ ကျနော် ဝမ်းမနည်းပါဘူး..။
ဒါဟာ ကျနော်တို့ ရင်ဆိုင် ကြုံတွေ့နေကျ ခါးသက်သက် ဘဝပါ..။
လူတော်တော်များများက ကျနော်တို့ကို မသတီကြဘူး..။ နှိမ့်ကျနေတဲ့
ကျနော်တို့ ဘဝကို ဘယ်သူမှ ကိုယ်ချင်း မစာနိုင်ကြဘူး..။ လက်တွဲဖေးကူမယ့်သူ
ဆိုတာလည်း ရှားပါးလွန်းလှပါတယ်..။ စိတ်ဓါတ်ဖြူစင်ပြီး
မေတ္တာထားတတ်ကြသူတွေလည်း ရှိတော့ ရှိပါတယ်..။ လူနည်းစုပေါ့..။
ကျနော်တို့ အမှိုက်ကောက်သမားဆိုတာ သူတပါးပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက်
ကိုယ်ကိုတိုင် အညစ်ပေခံပြီး ကူညီနေကြ သူတွေပါ..။ လူတွေက အမှိုက်
ဆိုတာနဲ့တင် လက်နဲ့ ပြန်ကိုင်ဖို့တောင် ရွံရှာ တတ်ကြပါတယ်..။ ဒီလို
သူများ ရွံရှာတဲ့ အလုပ်ကို ကျနော်တို့ကတော့ ကျေကျေနပ်နပ်ကြီး
လုပ်နေရတာပါ..။
ဒါဟာ.. ဘဝပေးကုသိုလ်ကံလို့ ပြောမလား..! ခေတ်ကာလကြောင့်လို့ ပြောမလား..!
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ထမင်းအိုး ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ရိုးသားမှု ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ ဘဝ ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ အနာဂတ် ရှိတယ်..
ဒီအမှိုက်တွေထဲမှာ ကျနော်တို့ရဲ့ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓါတ်တွေ ရှိတယ်..
အဲ့ဒီလိုပဲ ဒီအမှိုက်တွေထဲမှာ ကိုယ်ချင်းစာတရား မရှိသူတွေရဲ့ ပုပ်ပွနေတဲ့
စိတ်ဓါတ်တွေ ရှိတယ်..
ကျနော် သက်ပြင်း လေးလေးကြီး ချကာ အမှိုက်လှည်းကြီးကို တွန်းပြီး
ထွက်လာခဲ့လိုက်တော့တယ်..
ညီမလေးကတော့ ပါးစပ်က အကျင့် ပါနေတဲ့ အော်နေကျ အတိုင်း..
(((((အမှိုက်.. အမှိုက်..)))))
(((((အမှိုက်.. အမှိုက်..))))) တဲ့လေ..။
မှတ်ချက်။ ။ ဒီအဖြစ်အပျက်လေးက အမှိုက်ကောက်သမားလေး တစ်ယောက် တကယ်
ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန် အဖြစ်အပျက်လေး တစ်ခုပါ..။ “လဲနေသူ ထူပေးပါ..
အားငယ်သူ အားပေးပါ..” တဲ့.. ငယ်ငယ်က သင်ခဲ့ရပါတယ်..။ အခုခေတ်မှာတော့
“လဲနေသူ ကျော်သွားပါ.. အားငယ်သူ ဖိနှိပ်ပါ..” ဆိုတာမျိုးတွေ ဖြစ်နေပြီ..။
လူသားချင်း စာနာထောက်ထားကြဖို့တော့ လိုနေပြီ..။ သာမန်လူတစ်ယောက် အတွက်
ငွေနှစ်ရာဟာ ဘာမှ သုံးမဖြစ်တော့ပေမယ့် ဒီပိုစ့်ထဲက မောင်နှမအတွက်တော့
ထမင်းတစ်နပ်စာ ကောင်းကောင်းရပါတယ်..။ လူသားတိုင်း တစ်ဦးနဲ့ တစ်ဦး
အပြန်အလှန် မေတ္တာထားနိုင်ကြပါစေ..။
http://koyinnawkhinlaynge.blogspot.com/ကပါ..
ဒီစာကို ဖတ်ပြီး ရင်ဘတ်ထဲက နာနာကျင်ကျင်ကြီးကို ခံစားမိပါတယ်...
လူသားချင်းစာနာထောက်ထားနိုင်ကြပါစေ..
Saturday, June 18, 2011
အင်္ဂလိပ်စာအတွက်အသံထွက်..
ကျွန်တော်တို့ တခါတရံကြုံဘူးကြမယ်ထင်ပါတယ်အင်္ဂလိပ်လိုဖက်ပြီး
ဘယ်လိုအသံထွက်ရမှန်းမသိတဲ့ အချိန်ပေါ့ ၊ဒီအတွက်ကျွန်တော်တို့ 
ဘယ်လိုအသံထွက်လည်းဆိုတာကိုsoftweres များနဲ့ လုပ်ဆောင်
လို့ ရပါတယ်.ဒါပေမယ်ကျွန်တော်တို့ ၇ဲ့ စက်တွေကိုsoftwere တွေက
လေးလံစေပါတယ်.ကျွန်တော်တို့ ရဲ့ ကွန်ပြူတာထဲမှာတင်အင်္ဂလိပ်
စကားစုအချို့ ကိုအသံထွက်ခိုင်လို့ ရပါတယ်.ပထမဦဆုံးကျွန်တော်
တို့ ရဲ့ control panel ကိုအရင် click လုပ်လိုက်ပါ ပြီးနောက်
classic view ကိုနှိပ်ပြီprograms တွေရဲ့ အောက်ခြေနားလောက်
တွင်speech recognition ဆိုတဲ့  programs ကိုနှိပ်ပြီ လက်ဝဲ
ဖက်နားကtext to speech ဆိုတာကိုနှိပ်လိုက်ရင်ကျွန်တော်တို့ 
လိုချင်တဲ့ အင်္ဂလိပ်အသံထွက်သိချင်တဲ့ နေရာရောက်ပါပြီ..
အလယ်နေရာနားလောက်မှာတွေပါလိမ့် မယ်..use the following text to previcew the voice ဆိုတဲ့ စာသားလေး
ရဲ့ အောက်ကအကွက်လေးထဲကစာသားများကိုဖျက်ပြီ မိမိသိချင်
တဲ့ အင်္ဂလိပ်စာသားများရေးပြီလျင်preview voice ဆိုတာနှိပ်
လိုက်လျင်အင်္ဂလိပ်လိုအသံထွက်ပေးပါတယ်ခင်ဗျာ...
သူများတွေနည်းပညာအကြောင်းတွေရေးတာကိုအားကျလို့ ရေး
ကြည့် တာပါ..စာမတက်ပဲဘလောက်လုပ်ထားတာပါ...
video
မရှင်းတဲ့ သူတွေအတွက်ဗီဒီယိုလေးပါတင်ပေးထားပါတယ်..
Thursday, June 16, 2011
“ကောင်မလေးသိစေလို”
ကောင်မလေးရေ....
တကယ်ပဲဝေးခဲ့ ကြပြိဆိုတဲ့ အသိကို.......
ဦးနှောက်ကလက်ခံခဲ့ ပေမယ့် ......
နှလုံးသားကအပြင်းအထန်ငြင်းဆန်နေခဲ့ တယ်.....
ကောင်မလေးရေ......
အချစ်ဆိုတဲ့ အရာက......
ရယူပိုင်ဆိုင်လိုမှုတခုတည်းရှိလာမှာမဟုတ်တာပဲနော်......
တွေးတတ်ရင်ပေးဆပ်ခြင်းဟာလည်း......
အချစ်လို့ ပဲကျွန်တော်ထင်တယ်.....
ကောင်မလေးရေ..........
မြင်နိုင်မယ်ဆိုရင်ကျွန်တော်ရင်ဘက်တခုလုံး......
အရှုံးတွေနှင့် ဗလာဟင်းလင်း.....
ကောင်မလေးသွားမဲ့ လမ်းပေါ်မှာခင်းကျင်းထားတာ....
ကောင်မလေးတွေ့ မှာပါ......
ကောင်မလေးရေ...........ကျွန်တော်ဘ၀ထဲမှာမင်းမရှိတဲ့  နောက်ပိုင်း အနာဂတ်တွေ...
မှုန်ဝါးသွားခဲ့ တယ်ရှိပါစေတော့...ကောင်မလေးရယ် အရာရာဟာအံဝင်ဂွင်ကျမဟုတ်ပေမယ့်  အခုတော့ ကျွန်တော်နေသားကျခဲ့ ပါပြီ။
       (   ko thit )
Wednesday, June 15, 2011
ကွပ်လပ်
မတော်တဆမှုနဲ့ ကျွန်တော့်ဇနီး ကျွန်တော့်အပါးက ထာဝရထွက်ခွါသွားတာ အခုဆိုရင် (၄)နှစ်ရှိခဲ့ပါပြီ။ အိမ်မှုကိစ္စဘာမှ မလုပ်တတ်တဲ့ကျွန်တော်နဲ့ လူမမယ်သားလေးကို မထားချင်ဘဲထားခဲ့ရတဲ့ ဇနီးရဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်လည်း သားအပေါ် အဖေလိုတစ်မျိုး၊ အမေလိုတစ်မျိုး ဂရုမစိုက်တတ်ခဲ့လို့ ခံစားရပါတယ်။
တစ်ခါက အလုပ်ကိစ္စနဲ့ မနက်အစောကြီး အိမ်ကနေ ကျွန်တော်ထွက်ခဲ့ရလို့ သားအတွက် ဘာမှ မစီစဉ်ပေးခဲ့ရဘူး။ တစ်နေ့ကကျန်တဲ့ ထမင်းနဲ့ကြက်ဥပေါင်းကိုပဲ နွေးပြီး အိပ်ရာက ကောင်းကောင်းနိုးဟန်မတူသေးတဲ့ သားကိုမှာခဲ့တယ်။ သားကို တစ်နေ့သုံးနပ် ပြုစုစောင့်ရှောက်ဖို့နဲ့ အလုပ်ကတစ်ဖက်မို့ ကျွန်တော် အရမ်းပင်ပန်းနွမ်းနယ်ခဲ့ရတယ်။
တစ်ညနေ အလုပ်ကအပြန် ကျွန်တော်အရမ်းပင်ပန်းနေခဲ့တယ်။ အပေါ်အင်္ကျီကိုချွတ် သားကို တစ်ချက်နှုတ်ဆက်ပြီး ညစာတောင်မစားနိုင်ဘဲ ကုတင်ပေါ် ကျွန်တော်ပစ်လှဲချလိုက်တယ်။ အဲဒီမှာ "ဘုန်း"ဆိုတဲ့ အသံနဲ့အတူ ခေါက်ဆွဲနဲ့ဟင်းရည်တွေ အိပ်ယာခင်းပေါ် စီးကျပေကျံကုန်တယ်။ စောင်ထဲမှာ ခေါက်ဆွဲတစ်ခွက် ရှိနေခဲ့လို့ဖြစ်တယ်။ "ဟာ.... ဒီကလေး" ချက်ချင်းပဲ အင်္ကျီချိတ်တစ်ခုကို ကောက်ယူပြီး အိပ်ခန်းထဲကနေ ကျွန်တော်ပြေးထွက်ခဲ့တယ်။ ကစားစရာတွေနဲ့ ဆော့ကစားနေတဲ့ သားရဲ့တင်ပါးကို မပြောမဆို ကျွန်တော်ရိုက်ချပစ်တယ်။ အရမ်းဒေါသထွက်နေလို့ မနားတမ်း ကျွန်တော်ရိုက်နေမိတယ်။ ဆက်တိုက်ရိုက်နေမိတဲ့ ကျွန်တော့်ရိုက်ချက်တွေက ငိုယိုပြီးပြောလိုက်တဲ့ သားရဲ့စကားတစ်ခွန်းကြောင့် အရိုက်ရပ်သွားခဲ့တယ်။
"ထမင်းအိုးထဲက ထမင်းတွေ မနက်ကတည်းက ကုန်သွားပြီဖေဖေ။ ညနေစာကို သားကျောင်းမှာစားခဲ့ပါတယ်။ ညရောက်တော့ ဖေဖေလည်း မပြန်လာသေးတာနဲ့ မီးဖိုကြောင်အိမ်ထဲမှာ ခေါက်ဆွဲတစ်ထုပ်တွေ့လို့ သားပြုပ်မလို့ပါပဲ။ ဒါပေမယ့် ဂက်စ်မီးဖိုကို လျှောက်မဖွင့်ရဘူးလို့ ဖေဖေမှာထားခဲ့လို့ ရေချိုးခန်းထဲက ရေနွေးနဲ့ သားခေါက်ဆွဲပြုပ်လိုက်ပါတယ်။ ခေါက်ဆွဲစားနေရင်း ဖေဖေကိုလည်း စားစေချင်လို့ ခေါက်ဆွဲအေးမသွားအောင် စောင်အောက်ထဲ သားထည့်ထားမိတာပါ ဖေဖေ။ ဖေဖေပြန်ရောက်တာနဲ့ ပြောမလို့ပါပဲ။ ဒါပေမယ့် သူငယ်ချင်းဆီက ငှားလာတဲ့ ကစားစရာတွေဆီ စိတ်ရောက်နေလို့ သားပြောဖို့ မေ့သွားတာပါ ဖေဖေ"
ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်တွေ သားတွေ့မှာစိုးလို့ ရေချိုးခန်းထဲ ကျွန်တော်အပြေးဝင်ခဲ့တယ်။ ရေစက်ခေါင်းကို အကျယ်ကြီးဖွင့်ပြီး ကျွန်တော်အော်ငိုမိပါတယ်။ တအောင့်နေမှ ကျွန်တော်အားတင်းပြီး သားကို တစ်ဖက်ကချော့ရင်း တစ်ဖက်က ဒဏ်ရာတွေကို ဆေးလိမ်းပေးပြီး အိပ်စေခဲ့တယ်။ ကုတင်ပေါ်က ပေကျံနေတဲ့ ခေါက်ဆွဲတွေကိုရှင်းလင်းပြီး သားအိပ်ခန်းတံခါးကို ကျွန်တော် အသာလေးတွန်းဖွင့်ကြည့်မိတယ်။ လက်ထဲမှာ အမေ့ဓာတ်ပုံကို ဆုပ်ကိုင်ထားတဲ့သားဆီက ရှိုက်သံတိုးတိုးကို ကျွန်တော်ကြားနေရတုန်းပါပဲ။ တံခါးဘောင်ကိုမှီပြီ သားကို အကြာကြီး ကျွန်တော်ရပ်ကြည့်နေခဲ့မိတယ်။
လွန်ခဲ့တဲ့တစ်နှစ်ကျော်က ဒီလိုကိစ္စမျိုး ဖြစ်ပွါးပြီးနောက် မိခင်တာဝန်ပါကျေပွန်ဖို့ သားကို ကျွန်တော်ပိုပြီး ဂရုစိုက်ခဲ့တယ်။ အခုဆိုရင် သား(၇)နှစ်ပြည့်ပါတော့မယ်။ မကြာခင် ကျောင်းကြီးတက်ရပါတော့မယ်။ ကံကောင်းတာက ဒီကာလအတောအတွင်း သားပေါ် ဘာအရိပ်မည်းမှ မကျရောက်ခဲ့ဘူး။ သားဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ သားကိုကျွန်တော်ရိုက်မိပြန်တယ်။ ဆရာမဆီက ကျောင်းကို သားရောက်မလာခဲ့တဲ့အကြောင်း ကြားတော့ ကျွန်တော်စိတ်ပူမိတယ်။ အလုပ်စောစောဆင်းပြီး ရပ်ကွက်လမ်းတွေမှာ သားနာမည်ကို အကျယ်ကြီးအော်ပြီး ကျွန်တော်လိုက်ရှာခဲ့မိတယ်။ ဘယ်လိုရှာရှာ သားကိုမတွေ့ခဲ့ဘူး။ နောက်ဆုံးမှာ ကျောင်းသုံးပစ္စည်းတွေရောင်းတဲ့ ဆိုင်ရှေ့က ကစားစရာရှေ့မှာ ရပ်နေတဲ့သားကိုတွေ့ခဲ့တယ်။ ဒေါသတကြီးနဲ့ သားကို ကျွန်တော် အဆက်မပြတ်ရိုက်မိပြန်တယ်။ ဒီတစ်ကြိမ်တော့ သားဆီက ဘာဖြေရှင်းချက်မှ မကြားခဲ့ဘူး။ ကျွန်တော့်ကို တောင်းပန်တဲ့စကားတစ်ခွန်းပဲ သားပြောခဲ့တယ်။ နောက်ကျမှသိရတာက အဲဒီနေ့မှာ ကျောင်းသားတွေရဲ့မိဘတွေကို ကျောင်းကပွဲအတွက် ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလိုကိစ္စမျိုးဖြစ်ပျက်ပြီးနောက် ကျောင်းကသင်ခဲ့တဲ့ စာတွေကို လေ့ကျင့်ဖို့ဆိုပြီး သားက သူ့အခန်းထဲမှာပဲ အမြဲအောင်းနေခဲ့တော့တယ်။ စာတွေကို ကြိုးကြိုးစားစား လေ့ကျင့်ရေးမှတ်နေတဲ့ သားကိုကြည့်ရင်း သွားလေသူဇနီးလည်း အဝေးတစ်နေရာကနေ သားရဲ့ကြိုးစားမှုတွေကိုကြည့်ပြီး ပီတိဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်။
တစ်နှစ်ဆိုတဲ့အချိန်က တခဏအတွင်း ကုန်ဆုံးသွားခဲ့တယ်။ လမ်းတွေ၊ ဆိုင်တွေမှာတောင် ခရစ်စမတ်သီချင်းတွေ ကြားနေရပြီဖြစ်တယ်။ ဒီအချိန်မှာ သားကပြဿနာတစ်ခု ထပ်ရှာလာပါတယ်။ ကျွန်တော်အလုပ်ဆင်းခါနီး ရပ်ကွက်ရုံးဆီက ဖုန်းတစ်ခုကို လက်ခံရခဲ့တယ်။ ဖုန်းထဲမှာ ကျွန်တော်သားက လိပ်စာမပါတဲ့စာတွေကို စာတိုက်ပုံးတွေထဲ လိုက်ထည့်နေလို့ဆိုပါတယ်။ နှစ်တိုင်း ဒီလိုရာသီရောက်ရင် စာတိုက်က အလုပ်အရမ်းရှုပ်တဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် သားရဲ့လိပ်စာမပါတဲ့ စာတွေက သူတို့အလုပ်ကို နှောင့်နှေးစေပါတယ်။
သားကို နောက်ထပ်မရိုက်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အိမ်ကိုကျွန်တော် အလျှင်စလို ပြန်လာခဲ့မိတယ်။ သားကိုခေါ်ပြီး ကျွန်တော်ထပ်ရိုက်ခဲ့မိပြန်တယ်။ သားက သူမှားကြောင်းဝန်ခံပေမယ့် ဘာကြောင့် မှားတယ်ဆိုတာကိုတော့ မပြောခဲ့ဘူး။ သားကို ထောင့်တစ်နေရာတွန်းပို့ပြီး ကျွန်တော် လျစ်လျူရှူထားလိုက်တယ်။ စာတိုက်ဖက်သွားပြီး သားထည့်ထားတဲ့ လိပ်စာမပါတဲ့ စာတွေကို သွားယူခဲ့တယ်။
"ဘာဖြစ်လို့ ဒီလိုနည်းနဲ့ လူတွေကိုနောက်ရသလဲ?"
စာတွေကို သားရှေ့ပစ်ချပြီး ကျွန်တော်မေးတယ်။
"ဒီစာတွေက မေမေ့အတွက် ထည့်တဲ့စာပါဖေဖေ" သားက မျက်ရည်အရွှဲသားနဲ့ ပြန်ဖြေပါတယ်။
ကျွန်တော်မျက်လုံးအိမ်မှာ မျက်ရည်တွေပြည့်နှက်လာပြီး စိတ်တွေလှုပ်ရှားလာခဲ့တယ်။ ဒါပေမယ့် သားရှေ့မှာ မျက်ရည်မကျမိအောင် အတတ်နိုင်ဆုံး ကျွန်တော်ထိန်းချုပ်ထားမိတယ်။
"ဒီလိုဆိုရင် ဘာဖြစ်လို့ တစ်ကြိမ်မှာ ဒီလောက်များတဲ့စာတွေ ထည့်ရသလဲ?"
"အရင်တုန်းကရေးထားတဲ့စာတွေ စာတိုက်ပုံးနဲ့ သားမမီခဲ့လို့ မထည့်ဖြစ်ခဲ့ဘူး။ အခု သားအရပ်မီလာလို့ အရင်ကရေးထားတဲ့စာနဲ့ အခုစာတွေပေါင်းထည့်လိုက်တာပါ ဖေဖေ"
စိတ်တည်ငြိမ်အောင်ထားပြီး မေးခဲ့ပေမယ့် သားအဖြေက ကျွန်တော့်စိတ်ကို ပိုလှုပ်ရှားတုန်လှုပ်စေခဲ့တယ်။ သားကိုပြန်ပြောဖို့ စကားလုံးတွေ ကျွန်တော်ရှာမရခဲ့ဘူး။ တအောင့်နေမှ ကျွန်တော်စကားစဖြစ်တယ်။
"သား.. သားမေမေက ဟိုး မိုးကောင်းကင်ပေါ်ရောက်နေတယ်။ နောက်ဆိုရင် သားရေးတဲ့စာတွေကို မီးရှို့ပစ်လိုက်နော်။ ဒါမှ စာတွေ ကောင်းကင်ပေါ်ရောက်မှာ.."
သား အိပ်ပျော်သွားမှ အိမ်အပြင်မှာ ကျွန်တော်တစ်ယောက်တည်း စာတွေကို မီးရှို့နေမိတယ်။ စာထဲမှာ သား ရေးထားတာတွေကို သိချင်ဇောနဲ့ စာတချို့ကို ကျွန်တော်ဖောက်ဖတ်ကြည့်မိတယ်။ စာတစ်စောင်က ကျွန်တော့်ရင်ကို ဆွဲလှုပ်ရမ်းခါခဲ့ပါတယ်။
"ချစ်ရတဲ့ မေမေ
မေမေကို သားအရမ်းသတိရတယ်။ မေမေ.. ဒီနေ့ သားတို့ကျောင်းမှာ ကျောင်းကပွဲရှိတယ်။ မေမေကို ခေါ်ခဲ့ရမယ်ဆိုလို့ သားမှာမေမေမရှိလို့ အဲဒီပွဲကို သားမသွားခဲ့ဘူး။ မေမေကို ဖေဖေသတိရမှာစိုးလို့ ဖေဖေကိုလည်း သားမပြောခဲ့ဘူး။ ဖေဖေက သားကို နေရာအနှံ့ရှာခဲ့တယ်။ သားပျော်နေတယ်လို့ ဖေဖေထင်အောင် ကစားစရာတွေရှေ့မှာ သားတမင်သွားရပ်နေခဲ့တယ် မေမေ။ ဖေဖေသားကို ရိုက်ခဲ့ပေမယ့် ဘာဖြစ်လို့ သားကျောင်းမတက်တဲ့အကြောင်းကို သားမပြောခဲ့ဘူး။
မေမေ... မေမေ့ကိုလွမ်းလို့ ဖေဖေငိုတာကို သားအမြဲတွေ့တယ်။ သားလိုပဲ ဖေဖေလည်း မေမေကို အရမ်းသတိရတယ် ထင်ပါတယ်။ ဒါပေမယ့် မေမေ.. မေမေ့ပုံရိပ်က သားအသိဥာဏ်ထဲမှာ ဝိုးတဝါးဖြစ်နေခဲ့ပြီမေမေ။ ကျေးဇူးပြုပြီး သားအိပ်မက်ထဲကို လာခဲ့ပါမေမေ.. မေမေ့မျက်နှာကို သားနောက်တစ်ခေါက် ထပ်ကြည့်ပါရစေ။ ကိုယ်လွမ်းတဲ့သူရဲ့ ဓာတ်ပုံကို ရင်ခွင်ထဲထည့်ပြီးအိပ်ရင် အဲဒီလူကို အိပ်မက်မက်တတ်တယ်ဆို မေမေ... ဘာဖြစ်လို့ သားအိပ်မက်ထဲမှာ အခုချိန်ထိ မေမေကို မတွေ့ရသေးတာလဲ မေမေ!"
ကျွန်တော် ချုံးပွဲချငိုမိပါတယ်။ ဘယ်တော့များမှ လွတ်ဟာနေတဲ့ သားရင်ထဲကမေမေကို ကျွန်တော်ဖြည့်ဆည်းပေးနိုင်မလဲ?
မူရင်း-- google search or 妻子的空位
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Tuesday, June 14, 2011
ဆုံမှတ်
အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...
ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့
တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး
တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...
ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ
အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။
အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ
အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ
ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။
(ကမ္ဘာစိုးမင်း)
အချိန်မီ မီးငြိမ်းသတ်နိုင်ခြင်း
ထိုနေ့က အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဟု သူက ဆိုပါသည်။
“အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဆိုတော့ သူ့အတွက် ဆုံးရှုံးပျက်စီးမှု မရှိဘူးပေါ့” ဟူသော အတွေးဖြင့် ကျွန်တော်က ၀မ်းသာနေပါသည်။
သူက ကျွန်တော့်ကို တော်လ်စတွိုင်း၏ ပုံပြင်တစ်ခုထဲမှ အဖြစ်အပျက်တစ်ခုကို ပြောပါသည်။ သူ့စကားက ပထမပြောလက်စ စကားနှင့် ဘာဆိုင်လို့လဲဟု ကျွန်တော်က တွေးရင်း နားထောင်နေရသည်။
တောအုပ်အတွင်း၌ ကွက်လပ်တစ်ခုရှိသည်။ ထိုကွက်လပ်၏ အလယ်၌ ထင်းရှူးပင်တစ်ပင်ရှိသည်။ ထိုထင်းရှူးပင်၏ အကိုင်းတစ်ခု၌ ကြိုးတစ်ချောင်း ချည်ထားသည်။ ထိုကြိုး၏အဖျားတွင် လေးလံသော သစ်တုံးတစ်တုံးကို ချည်ထားသည်။ သစ်တုံး၏ အောက်တည့်တည့်၌ ပျားရည်များ ထည့်ထားသော သစ်သားပုံးရှိသည်။
ထိုကွက်လပ်ဆီသို့ ၀က်ဝံများ လာနေကြသည်။ ၀က်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ၀က်ဝံကလေးတစ်ကောင်နှင့် မွေးကာစ ၀က်ဝံကလေးသုံးကောင် လိုက်ပါလာသည်။ ၀က်ဝံမကြီးသည် ဦးခေါင်းကို မော့်ကာ တရှူးရှူး အနံ့ခံပြီး နောက်က ၀က်ဝံကလေးများကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီးရှိရာသို့ ရှေးရှု သွားသည်။ ရှေးဦးစွာ ပျားရည်ပုံးထဲသို့ သူ၏နှာခေါင်းကို ထည့်လိုက်ပြီးနောက် ၀က်ဝံကလေးများကို လာခဲ့ရန် အသံပြုသည်။ ၀က်ဝံကလေးများက ပြေးသွား၍ ပျားရည်ကို သောက်ကြသည်။ ထိုသို့ သောက်ကြသောအခါ အပေါ်မှ တွဲလောင်းချည်ထားသော သစ်တုံးကြီးက ယိမ်း၍ သွားသည်။ ယိမ်းရာမှ ပြန်လာပြီး ၀က်ဝံကလေးများကို သစ်တုံးကြီးက တိုက်သည်။
ထိုသို့တိုက်သည်ကို မြင်သောအခါ ၀က်ဝံမကြီးက သစ်တုံးကို လက်ဖြင့် တွန်းဖယ်လိုက်သည်။ ထိုအခါ သစ်တုံးသည် ပို၍ ဝေးရာသို့ ယိမ်းသွားပြီးနောက် ပြန်လာသောအခါ ၀က်ဝံကလေး နှစ်ကောင်၏ ကျောကုန်းကို ရိုက်ခတ် မိသည်။ ၀က်ဝံကလေးများ အော်ဟစ်ကာ နံဘေးသို့ တိမ်းဖယ်လိုက်သည်။ ထိုအခါ ၀က်ဝံမကြီးမှာ ဒေါသဖြစ်လာပြီဖြစ်၍ သစ်တုံးကို လက်နှစ်ဖက်စလုံးဖြင့် ဦးခေါင်းပေါ်သို့ ကျော်သည် အထိ မြှောက်လွှဲ၍ တွန်းပစ်လိုက်သည်။ ထိုအခိုက် အခါလည်သား ၀က်ဝံကလေးသည် ပျားရည်ပုံးကြီးရှိရာသို့ ခုန်ပေါက် လာပြီးလျှင် ပျားရည်အိုးထဲသို့ နှာခေါင်းကိုနှစ်ကာ ပျားရည်ကို လောဘတကြီး စုပ်ယူလျက်ရှိသည်။ မွေးခါစ ၀က်ဝံ ကလေးများ ကလည်း ပျားရည်ပုံးရှိရာသို့ လာလျက်ရှိသည်။ ပုံးနားသို့ သူတို့မရောက်မီ သစ်တုံးသည် အရှိန်ဖြင့်ပြန်၍လာပြီးနောက် အခါလည်သား ၀က်ဝံ ကလေး၏ ဦးခေါင်းကို ရိုက်ခတ်လိုက်၍ ၀က်ဝံကလေးမှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။
ထိုအခါ ၀က်ဝံမကြီးသည် ကြောက်မက်ဖွယ် အော်ဟစ်ကာ သစ်တုံးကို အင်အားရှိသမျှ တစ်အားလွှဲ၍ ပစ်လိုက်လေသည်။ သစ်တုံးသည် ချည်ထားရာ သစ်ကိုင်းထက်ပင် မြင့်တက်သွားသည်။ ၀က်ဝံမကြီးက ၀က်ဝံကလေးများ နှင့်အတူ ပျားရည်ပုံးအနား ချည်းကပ်သည်။ သစ်တုံးသည် အပေါ်သို့ အတက် ရပ်သွားပြီးနောက် လျင်မြန်သောအရှိန်ဖြင့် ကျလာသည်။ သစ်တုံးသည် ၀က်ဝံမကြီးကို ပြင်းထန်စွာ ရိုက်လိုက်သောကြောင့် ၀က်ဝံမကြီးသည် ပက်လက်လန်ကျ သွားပြီနောက် အသက်ကုန်သွားသည်။ ၀က်ဝံကလေးများက ထွက်ပြေးသွားကြလေသည်။
အထက်ပါ အကြောင်းအရာကို ပြောပြီးနောက် သူက ဆက်၍…
“၀က်ဝံမကြီးက အခြေအနေတွေကို မသိဘူး၊ သစ်တုံးကြီးကို ပျားရည်ပုံးပေါ်တည့်တည့် ဘာပြုလို့ တွဲလောင်း ဆွဲပြီး ချည်ထားတယ်ဆိုတာ မသိဘူး၊ ပျားရည် သောက်ချင်တာလောက်ပဲသိတာ၊ ဒီတော့ သူသောက်ချင်တာကို အဟန့်အတားပြုတဲ့ သစ်တုံးကို ဒေါသဖြစ်တယ်၊ အကြီးအကျယ် ဒေါသဖြစ်တယ်၊ သူ့သားလေးကို သေလောက်အောင် သစ်တုံးကြီးက တိုက်ပစ်လိုက်တော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို ဒေါသတွေ အရှိန်အဟုန် ကြီးမားသွားတယ်၊ ၀က်ဝံမကြီးမှာ ဒေါသမီးကြီး လောင်မြိုက်နေလိုက်တာဗျာ…”
“ကျွန်တော်လဲ ဒီလိုပါပဲ၊ မထူးပါဘူး။ အခြေအနေတွေကို မသိဘူး။ ကျွန်တော်ဒုက္ခရောက်အောင် သူဖန်တီး ထားတာကို မသိခဲ့ဘူး၊ ကျွန်တော့်မှာ ခံလိုက်ရတာ ဘာပြောကောင်းမလဲ၊ ရှိသမျှ သိက္ခာတွေလဲကျ၊ နာမည်တွေ ပျက်နဲ့၊ အဲဒီညက ဒေါသတွေ ခြောင်းခြောင်းထွက်နေတာ၊ ကျွန်တော့်ကို ဒေါသတွေ လောင်မြိုက်နေတာပေါ့ဗျာ၊ သူ့ကို လက်တုံ့ပြန်ဖို့ အစီအစဉ်တွေ လုပ်တယ်…”
“နောက်တစ်နေ့ မိုးလင်းတာနဲ့ တစ်ပြိုက်နက် သူ့ရဲ့ ကောက်ကျစ်ပုံ၊ ကောက်ကျစ်နည်းထက် အဆပေါင်းများစွာ သာတဲ့ ကျွန်တော့်ရဲ့ ပရိယာယ်ထောင်ချောက်ထဲမှာ မရှုမလှ သူကျတော့မှာကို မြင်ယောင်နေတယ်၊ လူပဲဗျာ… ကောက်ကျစ်ညစ်ပတ်တဲ့နည်းကို ရှာလိုက်ရင် တွေ့တာပါပဲ၊ အသေအချာရှာလေ ပိုပိုပြီးကောင်းတဲ့နည်းကို တွေ့လေပဲ”
“သူ့မျက်နှာကို မြင်ယောင်တိုင်း ကျွန်တော့်ဒေါသတွေက အရှိန်မြင့်မြင့်လာလေပဲ၊ တရားဥပဒေကို လက်တစ်လုံးခြား လိမ်ညာတတ်တဲ့ သူ့လိုလူမျိုး၊ အမှန်တရားနဲ့ တရားဥပဒေကို ကျွန်တော့်ဖက်မှာ မရှိအောင် ဖန်တီးနိုင်တဲ့ သူ့လိုလူမျိုးကို ရှင်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တစ်ညလုံး ဒေါသတွေ လောင်မြိုက်နေတော့ အိပ်လို့ကို မပျော်ဘူး၊ အိပ်လည်း မအိပ်တော့ပါဘူးဗျာ၊ ကျွန်တော်သတ်မှတ်ထားတဲ့ အချိန်ကို ရောက်အောင် စောင့်နေတယ်… ”
“စိတ်က မငြိမ်တော့ စာအုပ်စင်က စာအုပ်တွေကို ဟိုလှန်ဒီလှော လုပ်နေမိတယ်၊ စားပွဲပေါ်မှာ ပုံထားတဲ့စာအုပ် တွေထဲက ဟိုစာအုပ်ဆွဲယူ၊ ဒီစာအုပ်ဆွဲယူ လုပ်တယ်၊ ဟိုစာမျက်နှာ၊ ဒီစာမျက်နှာ ကြုံရာကို ဖတ်တယ်၊ အဲဒီလိုဖတ်ရင်း ကျွန်တော် ခင်ဗျားကို ပြောပြခဲ့တဲ့ တော်လ်စတွိုင်းရဲ့ ၀က်ဝံမကြီးအဖြစ်အပျက်ကို ဖတ်မိတာ…”
“အဲဒီလို ဟိုစာအုပ်ကိုင်၊ သည်စာအုပ်ကို ဆွဲယူလုပ်ရင်းက ကျွန်တော့်အဖေရဲ့ မှတ်စုစာအုပ်ကို သွားတွေ့တယ်၊ မကြာခင်ကမှ အဖေ့ဆီ အလည်သွားရင်း အဖေ့လက်ရေးနဲ့ ရေးထားတဲ့စာအုပ်ကို အမှတ်တရ သိမ်းထားချင်ပါတယ်ဆိုပြီး တောင်းယူခဲ့တဲ့စာအုပ်ဗျ၊ အဲဒီ အဖေ့စာအုပ်ကို ဖွင့်ပြီး ဟိုလှန်သည်လှန်လုပ်ရင်း တစ်နေရာမှာ ပုံတစ်ပုံကို တွေ့တယ်၊ ကြည့်လိုက်တော့ မီးပွတ်ခုံပုံကို အဖေက ရေးဆွဲထားတာဗျ၊ မီးပွတ်ခုံသုံးတာကို ကျွန်တော်တို့ မမီလိုက်ပါဘူး၊ ရှေးခေတ်က အခုခေတ်မှာလို မီးကို အလွယ်တကူ မရနိုင်ဘူး၊ မီးပွတ်ခုံမှာ မီးပွတ်ယူကြရတယ်၊ အဖေက ရှေးခေတ်သုံး အဲဒီမီးပွတ်ခုံကို ရေးဆွဲထားတာဗျ…”
“အဲဒီမီးပွတ်ခုံ အောက်ဘက်မှာ အဖေက စာတစ်ပိုဒ် ရေးကူးထားတယ်…”
“မီးပွတ်ခုံကို မီးပွတ်သည်ရှိသော် မီးသည်ဖြစ်လာ၏။ ထိုမီးသည် ဖြစ်လာရာ ပွတ်ခုံကိုပင် လောင်ကျွမ်း၏။ ထို့အတူ ပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူအား နင်လား ငါလား ချုပ်ချယ်သော အမျက်ဒေါသသည် ထွက်လာခဲ့၏။ ထိုအမျက်ဒေါသသည် အမျက်ဒေါသထွက်လာသူကိုပင် (ဦးစွာ) လောင်ကျွမ်း၏။”
(စူဠဗောဓိဇာတ်)တဲ့ဗျာ။
“အဲဒီစာပိုဒ်ကို ဖတ်ရင်း ကျွန်တော့်နားထဲမှာ ပညာမရှိ၊ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူဆိုတဲ့ စာကြောင်းက အသံတွေထွက်ပြီး ပဲ့တင်ထပ်နေသလိုပဲ။ ကျွန်တော့်အိမ်အပေါ်ထပ်ကို တက်တော့လဲ အဲဒီပညာမရှိ မိုက်မဲလျက် အကျိုးစီးပွားကို မသိသောသူ ဆိုတဲ့ အသံက လိုက်ပါလာသလိုပဲ။ အောက်ထပ်ဆင်းတော့လဲ အဲဒီအသံက ကျွန်တော်နဲ့အတူ ဆင်းလိုက်လာသလိုပဲ၊ သစ်တုံးကြီးကို မိုက်မိုက်မဲမဲနဲ့ တစ်အားကုန် တွန်းဖယ်ပစ်လိုက်တဲ့ ၀က်ဝံကြီး။ ပြီးတော့ သူ့ဆီကို အရှိန်ပြင်းစွာနဲ့ လွှဲပြီး ပြန်လာနေတဲ့ သစ်တုံးကြီးကိုလည်း မြင်ယောင်နေတယ်ဗျာ…”
“ကျွန်တော်က အိပ်ရာပေါ်မှာ လဲချလိုက်ပြီးတော့ အဖေရေးဆွဲထားတဲ့ မီးပွတ်ခုံကလေးကို ကြည့်မိတယ်၊ မီးမတောက်သေးတဲ့ မီးပွတ်ခုံကလေး၊ မီးသေနေတဲ့ ခုံကလေး၊ သစ်တုံးတစ်တုံးပေါ်မှာ တင်ထားတဲ့ မီးပွတ်ခုံ ကလေးပါဗျာ…”
“ကျွန်တော် ဖျတ်ကနဲ နိုးလာတယ်၊ ကျွန်တော့်ရင်ဘတ်ပေါ်မှာ အဖေ့စာအုပ်ကလေးကို ပိုက်မိလျက်သားပါပဲ၊ တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်တော့ မနက် (၄)နာရီ ထိုးခါနီးပြီ။”
(၄)နာရီတိတိမှာ ကျွန်တော့်တပည့်ထံကို ဖုန်းဆက်ပါတယ်။ သူက အသင့်စောင့်နေတာဆိုတော့ ချက်ချင်းပဲ ဖုန်းကိုင်တယ်။ ကျွန်တော်က သူ့ကို လုပ်ရမယ့် အစီအစဉ်တွေကို ဖျက်လိုက်ကြောင်း၊ ပဲခူးက အဖေ့ဆီကို ကန်တော့ရန် သွားမှာမို့လို့ ကားကို ဆီထပ်ဖြည့်ပြီး (၇)နာရီအရောက် အိမ်ကိုလာဖို့သာလိုကြောင်း ပြောလိုက်ပါတယ်။
ကျွန်တော်ဗျာ…သံသရာရှည်သည့်အထိ လိုက်ပြီး ပူလောင်စေမယ့် ဒေါသမီးကို အချိန်မီ ငြိမ်းသတ်လိုက်နိုင် ပါတယ်။ အဖေနဲ့ ဆရာကြီးလီယိုတော်လ်စတွိုင်းတို့က ကျွန်တော့်ကို ကူပြီး ငြိမ်းသတ်ပေးခဲ့ကြတာပေါ့။ ကျွန်တော့် ကျေးဇူးရှင်တွေပေါ့ဗျာ။
အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်ခြင်း အကြောင်းကို သူ ပြောဆို ပြီးဆုံးသွားသောအခါ သူ့အတွက် ဆတက်ထမ်းပိုး ၀မ်းသာမိသော ကျွန်တော်က “သာဓု" သုံးကြိမ်ခေါ်လိုက်မိပါသည်။
နန္ဒာသိန်းဇံ..။
Monday, June 13, 2011
သွားနေသူ
နယ်မြေအသစ်
စူစမ်းမှုတွေ....
မုဆိုးတွေအလယ်
ရသရှားနေတဲ့ 
ကဗျာဆရာ
မော်ဒန်ကဗျာ
ဒါတွေကေ၀၀ါး
အနာဂတ်ရဲ့  မျိုးဆက်
ဆိုးရိမ်ဖွယ်  သွေးတစက်
တဆက်ဆက်နဲ့ တုန်ရီနေတဲ့ 
၇င်ဘက်.....
ဘ၀ပျက်နေတဲ့ 
ခေတ်ရဲ့   စနစ်မှာ
ရိုးသားမှုတွေ..
ယဉ်ကျေးမှုတွေ
တစ....
တစ........
တစ.........
ခန်းခြောက်သွားရင်
.....
လမ်းပျောက်နေသူ
ရှာဖွေနေသူ...........
Saturday, June 11, 2011
ထို့ ကြောင့် ယောက်ျားဟုခေါ်သည်...
ဒီမတော်တဆဖြစ်လာတဲ့ ရောဂါပေါ်မှာကျွန်တော်တရက်မှစိတ်ဓာတ်မကျပါဘူး..ဒီအဟန့် အတားတွေကိုလက်တွေ့ မပါ
မပါပဲစိတ်ကူးယဉ်လို့ မရပါဘူး ..ဒီလိုမှမဟုတ်ရင်တော့ လမ်းတောင်လျောက်နိင်မှာမဟုတ်ပါဘူး..
ဒီယောက်ျားကိုကြည့် ပါ ..ဒီအဟန့် အတားတွေကိုအရှုံးမပေးဖို့ ဘယ်သူကမှပြောမပြခဲ့ ပါဘူး....
ကျွန်တော်တို့ ဧ။်လက်ကဲ့ သို့ သူခြေထောက်ဟာတန်ဆာပလာများကိုေ
ကာင်းစွာအသုံးပြုနိင်ပ်တယ်...
သူ့ ခြေထောက်နဲ့ အရာဝတ္တုတော်တော်များများကိုလု
ပ်နိင်ပါတယ်....
သင်သာဒီနေရာမှာ...
အထင်ကြီးစွာဖြင့် ကျွန်တော်တို့ အားလုံးသူစိတ်ဓာတ်မျိုးမွေးယူ
ရပါလိမ့် မယ်...
(သတင်းတခုဘာသာပြန်ထားခြင်းဖြစ်ပါတယ်)
ဒီနေရာမှာကျွန်တော်အယူအဆလေးတင်ပြချင်ပါတယ်.ကျွန်တော်တို့ လူသားတွေဟာဖန်ဆင်းရှင်တွေပါ..
ဖော်ခဲ့ လို့ ပါ...ကျွန်တော်တို့ ကောင်ကင်ပျံဖို့ အတွက်အနှစ်လေးငါးဆယ်တရားထိုင်နေဖို့ မလိုတော့ ပါဘူး
လေထီးတွေနဲ့ ကောင်းကင်ပျံသန်နိင်ပါတယ်.ကျွန်တော်တို့ တွေတနေရာကတနေရာသွားလာဖို့ အတွက်လေယာဉ်တွေ
ကားတွေကိုဘယ်နတ် ဘုရား ကမှဖန်တီးမပေးခဲ့ ပါဘူး..လူသားတွေကိုယ်တိုင်ဖန်တီးခဲ့ တာပါ..
ဒါကြောင့် လူသားသာလျင်ဖန်တီးရှင်၊တန်ခိုးရှင်ဖြစ်ပါတယ်....
ကျွန်တော်အယူအဆဟာတဦးတယောက်၊အဖွဲ့ အစည်းတခုအတွက်တော့ မှန်ချင်မှမှန်ပါလိမ့် မယ်...
(မှတ်ချက်...ကွန်မြူနစ်ဝါဒကိုအသက်သွင်းနေချင်းမဟုတ်ပါ)
               လေးစားလျက်
'ရန်ကုန်"
“ ရန်ကုန် ”
“ မဟာရန်ကုန် ” တဲ့လေ …
ရန်အပေါင်းကုန်စင်တဲ့ အထိမ်းအမှတ်
အလောင်းဘုရား ကင်ပွန်းတပ်ခဲ့တဲ့မြို့။
( ၂ )
အဲ့ဒီမြို့ကြီးပေါ့ … “မီဂါစီးတီး” တဲ့
ရွံစရာအနာကြီးနဲ့ ကိုယ့်အမြီးကိုယ်ပြန်မြို
ကိုယ့်အနာဖေး ကိုယ်ပြန်ခွာ
တစ်စက်လေးမှ မသာယာနိုင်တဲ့မြို့။
ယင်တလောင်းလောင်း ၊ ပြည်တစိုစို
ညနေညိုချိန် “အေ့”ခနဲ ယင်းထ
လှောင်ချိုင့်ထဲက ရုန်းမပြနိုင်သေးတဲ့မြို့။
အနာဂတ်နိုင်ငံတော်ကိုရည်စူး
ပင်လုံရေသောက်မြစ်အတွက်
သွေးမြေကျ အာဇာနည်တွေ
ခေါင်းမော့ရင်ကော့ လက်ပမ်းခတ်ခဲ့ဖူးတဲ့မြို့။
အောင်ကျော် ၊ ဖုန်းမော် ၊
ဝင်းမော်ဦး … ၊ ….. ၊ ….
အာဏာရှင်စနစ်အောက်မှာ
ပလိုင်းပေါက်နဲ့ အိပ်မက်ကောက်ယင်း
“ မိုးပေါ်ထောင်မဖောက်ဘူး ” လို့ အပြောခံလိုက်ရတဲ့မြို့။
၆၂ – ၇၄ – ၇၆ – ၈၈ – ၉၆ – ၂၀၀၇
လောကဓံထွန်သွားရဲ့ ရိုက်ပုတ်မောင်းမဲမှုတွေကြား
နေသားတကျစီးမြော
သွေးကြွေးအထပ်ထပ် ၊ သမိုင်းအဆက်ဆက်
ဖွတ်သထက် ညစ်ပတ်လာတဲ့မြို့။
လူတစ်စုက သုဘရာဇာလုပ်
လူတစ်စုက ဂုပ်သွေးစုပ်ယင်း
ကျန်တဲ့ သတ္တဝါ ၆ သန်းကျော်က
ကိုယ့်အထုပ် ကိုယ်ပြန်ဖြည်ပြနေတဲ့မြို့။
သေနတ်ဖောက်သံကို ပန်းနဲ့ပေါက်သလောက်သဘောထား
ဆူးအထပ်ထပ်ကြားမှာ သွေးရည်လိမ်းကျံနေပေမယ့်
“ဟန် .. ကိုယ့်ဖို့ပါကွာ .. ” တဲ့
ရင်ဘတ်ပိန်ပိန်လေး ကောကော့ပြတတ်သေးတဲ့မြို့။
ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် လို့ ဆိုရမလား
တချို့က မင်္ဂလာ ၆ ကြိမ်ဆောင်နေချိန်
တချို့က နို့ညှာကလေးသေလို့တောင်မှ
မသင်္ဂြိုလ်နိုင်တဲ့မြို့။
ဒေါင်းယောင်ဆောင်သောကျီး
ခြင်္သေ့ယောင်ဆောင်ထားတဲ့ ဖွတ်
အဖြူအစိမ်းဝတ်လို့ လမ်းသလားပြ
ရေပေါ်ဆီလက်တစ်ဆုပ်စာက
ထူးခတ်တာခံလိုက်ရတဲ့မြို့။
ဘီယာဆိုင် ၊ မာဆက်
ညကလပ် နဲ့ ကေတီဗွီ
မာကျူရီမီးသီးတွေကြား
ပျော်တော်ဆက်တဲ့ညီမလေးတွေ
ဈေးကောင်းမရနိုင်သေးတဲ့မြို့။
တစ်ချိန်တုန်းကတော့
စင်္ကာပူနဲ့ အမွှာညီအမတဲ့
ခုကျတော့ ….
ဂိုချောက်တောင် ၊ ဟူဂျင်တောင်းတို့က
နှပ်ပစ် ၊ သလိပ်ဟပ်သမျှ ခံနေရတဲ့
အရပ်ပျက်မ သာသာ တတိယကမ္ဘာကမြို့။
နွေရာသီဈေးကွက် ၊ မြက်တုခင်းလေ့ကျင့်ရေးကွင်း
အသင်းပြောင်းရွှေ့ခ ၊ နိုင်ငံခြားသားနည်းပြ
ဂျိုလေးတသသ
ခွလေး တကြွကြွလုပ်
ဆန်မရှိ သောက်စားကြီး
သုဝဏ္ဏကွင်းထဲ -ီး ၊ လချီး အတိုင်းခံရတဲ့မြို့
ငွေစကား ၊ ကြေးစကားပြောယင်း
“အနုပညာသမားပါ …”လို့ ကိုယ့်ကိုကိုယ် တံဆိပ်ကပ်ဂုဏ်ဖော်
ဆိုက္ကားသမား နဲ့ အဆိုတော်
ထပ်တူညီအချိုးကျတဲ့မြို့။
“ဒုတိယတန်းတစ်နေရာ” မှာ
“ငါးကျပ်တန်တစ်ရွက် ” ကျပျောက်တုန်း
“မိုးလိုက်လို့ရွာ” ခံရ
ပိုးထိုးလောက်ကိုက် ၊ အခွံချည်းကျန်ခဲ့တဲ့မြို့။
မီးပျက် ၊ ဖုန်ထူ ၊ ရေမရှိ
“ရေမီးရှား” လို့အခေါ်ခံရတော့
ဆတ်ဆတ်ခါ နာလိုက်သေးရဲ့
အသည်းကြားက မဲတစ်ပြားအတွက်
လမ်းတစ်ခြမ်း ခင်း ခင်းပြတတ်
ကိုရီးယားဘာသာစာတန်းထိုး အိပ်မက်အသိုးတွေနဲ့မြို့။
ရာစုနှစ်ဝက်နီးပါးခြေတော်အတင်ခံ
နု တလှည့် ၊ ကြမ်းတဖုံ
လက်သရမ်းခံခဲ့ရပုံများ
ရင်ဘတ်စည်တီး ခါးစီးခံယင်း
လင်ကောင်ဖော်ရခက်နေတဲ့မြို့။
ဘူတာရုံမှာ သင်္ဘောကြီးတွေကပ်တယ်
လေယာဉ်ပျံကို ခဲနဲ့ပေါက်ယင် ထိမယ်
တစ်လုံး ၊ နှစ်လုံး ၊ သုံးလုံး ….
မနက်တစ်နပ် ညတစ်နပ်
လက်ဖက်ရည်ဆိုင်မှာ အိပ်မက် မက်တတ်တဲ့မြို့။
ရှမ်းခေါက်ဆွဲ ၊ မာလာဟင်း
သမီးရည်းစား အတွဲများစွာ
တစ်ခါသုံးဆပ်ပြာနဲ့ တစ်ဆက်ရှင်စာဟိုတယ်ခန်းမှာ
စာရိတ္ထတွေ ကျ ကျပျောက်နေကြတဲ့မြို့။
လှည်းတန်းမီးပွိုင့်အရမ်းကြပ်သတဲ့
ဆင်ခြေဖုံးမို့ မီးဖြတ်သတဲ့
“စကော့ဈေး ၊ လေဟာပြင် ၊ သိမ်ကြီးဈေး ၊ တရုပ်တန်း”
ခုချိန်ထိ အကြွေ ၁၀၀ ပြန်မအမ်းနိုင်သေးတဲ့မြို့။
တတိယနိုင်ငံတွေဆီကလွင့်ဖိတ်လာတဲ့
ဆီဦးထောပတ်နံ့တွေရှုယင်း
ရေဒီယိုအစုတ်ကလေး ရင်မှာပိုက်
ဗိုက်ဟောင်းလောင်းနဲ့ ငိုက် တတ်သေးတဲ့မြို့။
“ကိုယ့်ဝမ်းနာ ကိုယ်သာသိပါ အမေရယ် ” တဲ့
ခဲတံကို တံတွေးဆွတ်ယင်းပြော
တောကအမေတွေဆီ စာလှမ်းလှမ်းရေးတတ်တဲ့
စားပွဲထိုး ၊ အိမ်ဖော်
လက်ပွေ့သည်လေးများ ပျော်စံရာမြို့။
“ မီဂါစီးတီး ” ဆိုတာ အဲ့ဒီမြို့ကြီးပါဘဲ။
( ၃ )
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
တိုက်ပျော်၊ သေပျော်
ကျနော်အထင်ကြီးတဲ့ သူရဲကောင်းတွေရှိတယ်။
အဲ့ဒီမီဂါစီးတီးကြီးမှာဘဲ
ဟိန်းသံဟောက်သံမကြောက်တတ်တဲ့
ရဲရဲတောက်လူငယ်တွေရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
စည်းအထပ်ထပ် ၊ ရိုးအကာကာ
ပါဝါ ၅၄ လည်းရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
အပြန်နောက်ကျတဲ့သားကို
တံခါးဝခါးထောက်
မျက်နှာမာမာနဲ့ ငေါက်တတ်တဲ့
ကျနော့် မွေးမေမေ ရှိတယ်။
အဲ့ဒီ မီဂါစီးတီးကြီးမှာဘဲ
မှီခိုသူ ….
အမေ တစ် ၊ ညီ တစ် ၊ ညီမလေး တစ်
ကျနော်ချစ်ရတဲ့ အိမ်ကလေးရှိတယ်။
ဘာဘဲဖြစ်ဖြစ်
“ ရန်ကုန် ” ကိုတော့ စစ်မရှုံးစေချင်ဘူး
အဲ့ဒီ မီဂါစီးတီး မဟာရန်ကုန် ဆိုတာကြီးကို
ကျနော် ချစ်တယ် ။
ကိုဇီး ( ၂၅၊ ၀၁၊ ၂၀၁၁ ) (forverfriends)
Thursday, June 9, 2011
ငွေနဲ့ဝယ်လို့မရတဲ့အရာ
တစ်ခါတုန်းက
အလွန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးဟာ ကျနော့်ဆေးခန်းကိုရောက်လာပါတယ်။
သူမဟာ တန်ဖိုးကြီးအဝတ်အစားများနဲ့အဖိုးတန်ရတနာများကိုဝတ်ဆင်လာပါတယ်။
နယ်စပ်မှာနေတဲ့အတွက် ဒီလိုမြင်ကွင်းမျိုးတွေ့မြင်နေကျဖြစ်ပေမယ့်
သူမရဲ့ဝတ်ဆင်မှုက သူများထက်အများကြီးပိုနေတယ်လို့ထင်မိပါတယ်။
သူမရဲ့နာမည်ကိုမေးကြည့်တော့မှ မရွှေကြိုင်ဖြစ်ပြီး၊
အသက်မှာ ၃၆-နှစ်ဖြစ်ကြောင်းသိရပါတယ်။
သူမကို သေသေချာချာစမ်းသပ်ကြည့်တော့လည်း
ထူးထူးခြားခြားရောဂါဆိုပြီး ဘာမှ မတွေ့ရပါ။
သူမပြောစကားကိုနားထောင်ကြည့်တော့ သူမဟာ မကြာသေးခင်ကမှ
လင်ယောကျာ်းနဲ့ကွာရှင်းပြတ်ဆဲပြီးကြောင်းသိရပါတယ်။
သူမရဲ့တောင်းဆိုမှုတွေကများလွန်းလာတာကြောင့်
လင်ယောကျာ်းမှာ မခံနိုင်တော့၍ ကွာရှင်းခြင်းဖြစ်ကြောင်းလည်းပြောပြပါတယ်။
အခု သူမမှာ တိုက်အိမ် သုံးလုံး၊ ကားသုံးစီးအပြင် ရတနာပစ္စည်းမြောက်များစွာ ပိုင်ဆိုင်နေပေမယ့်
စိတ်ထဲမှာ အထီးကျန်၊အဖော်မဲ့နေကြောင်း၊
စိတ်ထဲမှာလည်း ရောဂါတစ်မျိုးမျိုးရှိနေတယ်လို့ထင်မြင်မိကြောင်းပြောပါတယ်။
လောလောဆယ်စိတ်သက်သာမှုရအောင် ဆေးကုသမှုပေးလိုက်ပြီး နောက်တစ်နေ့ကို ချိန်းလိုက်ပါတယ်။
သူမဟာ ပြောတဲ့အတိုင်း လာပါတယ်။
အဲဒီတော့မှ သူမကို အမျိုးသမီးတစ်ဦးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။
သူမရဲ့နာမည်ကတော့ မစပယ်ဖြစ်ပါတယ်။
မစပယ်ရဲ့ပြောပြတဲ့ဇာတ်လမ်းကို သေသေချာချာနားထောင်ဖို့နဲ့
အဲဒီစကားဟာ မရွှေကြိုင်အတွက် အဖြေတစ်ခုခုရနိုင်ကြောင်း
ကျနော်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မစပယ်က…
“ ကျမရဲ့ခင်ပွန်းက အဆုပ်အအေးမိပြီး ဆုံးပါးသွားပါတယ်။
နောက်ထပ်သုံးလကြာတော့ ရုတ်တရက်အန္တရာယ်ကျရောက်ပြီး
သားလည်းဆုံးပါးခဲ့ပြန်ပါတယ်။
ကျမမှာ ဘယ်သူမှ မကျန်၊ဘာမှ မရှိတော့ပါဘူး။
ကျမငေးငေးငိုင်ငိုင်ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ်။
အိပ်လည်းမရခဲ့ပါဘူး။
စားသာ စားတယ် စားတယ်လို့လည်း မမှတ်မိပါဘူး။
ဘယ်သူကိုတွေ့တွေ့ ပြုံးတောင် မပြုံးပြနိုင်ခဲ့ပါဘူး။
အဲဒီအခြေအနေက နေကောင်းလာမယ်လို့တောင် ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။
တစ်ညမှာတော့ အလုပ်က အိမ်အပြန်မှာ
ကြောင်လေးတစ်ကောင် ကျမနောက်က လိုက်လာတာကို
တွေ့ပါတယ်။
အဲဒီကြောင်လေးအတွက် ကျမ စိတ်မကောင်းပါဘူး။
အပြင်မှ အေးတယ်မို့လား။
ဒါကြောင့် ကြောင်လေးကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါတယ်။
နွားနို့လည်း နည်းနည်းတိုက်လိုက်ပါတယ်။
ကြောင်လေးက သူ့ကိုယ်လုံးနဲ့ကျမခြေထောက်ကို လာပွတ်ပါတယ်။
အဲဒီတော့ ကျမပြုံးမိပါတယ်။
အဲဒီအပြုံးဟာ လပေါင်းတော်တော်ကြာကြာအတွင် ပထမဆုံးအကြိမ်ပြုံးခဲ့မိတာပါ။
အဲဒီအချိန်ကစပြီး ကျမရဲ့အတွေးပြောင်းခဲ့ပါတယ်။
ဒီလိုကြောင်လေးတစ်ကောင်ကို ကူညီတာက
ငါ့ကို ပြုံးစေနိုင်တယ်ဆိုရင် အခြားလူတွေအတွက်
ကောင်းတာလုပ်ပေးရင် ငါလည်းပျော်ရွှင်လာမှာပဲလို့တွေးမိလာပါတယ်။
ဒါကြောင့် နောက်နေ့မှာ ကျမစားစရာတချို့ပြုလုပ်ပြီး
အိပ်ရာထဲမှာလဲပြီး နေမကောင်းနေတဲ့ အိမ်နီးချင်းတွေကို သွားကျွေးခဲ့ပါတယ်။
နေ့စဉ်လူတစ်ဦးဦးအတွက် ကောင်းတာတစ်ခုတော့ လုပ်ပါတယ်။
ကောင်းတာလုပ်ပေးတော့ လုပ်ပေးခံရသူလည်းပျော်ပါတယ်။
သူတို့ပျော်တာကြည့်ပြီး ကျမဝမ်းသာရပါတယ်။
ငါ ဘယ်လောက်ရမလဲလို့ စဉ်းစားနေရင် လူတွေဟာ မပျော်ရွှင်နိုင်ပါဘူး။
အခြားသူတွေကို ဘယ်လောက်ကူညီနိုင်မလဲဆိုတာ စဉ်းစားရင်တော့ ပျော်ရွှင်နိုင်ပါတယ်။
အခုတော့ ကျမကောင်းကောင်းအိပ်နိုင် စားနိုင်ပါတယ်။
ဘယ်သူမှ ကျမလောက် အိပ်ကောင်း၊စားကောင်းမယ်တောင် မထင်ပါဘူး။
ကျမ ပျော်ရွှင်ချမ်းမြေ့မှုကို ဒီလိုနည်းနဲ့တွေ့ခဲ့ပါတယ်”
လို့ ရှင်းပြပါတယ်။
မစပယ်ရဲ့စကားကို ကြားရတော့
မရွှေကြိုင်ဟာ ချုံးပွဲချ ငိုပါတော့တယ်။
သူမမှာ ငွေနဲ့ပေးဝယ်နိုင်တာအားလုံး ရှိပါတယ်။
ဒါပေမယ့် ငွေနဲ့ပေးဝယ်လို့မရတဲ့အရာ ဆုံးရှုံးခဲ့ပါတယ်။
အဲဒီနောက် ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်လိုက်ပါတယ်။
“ ဒီနေ့ကစပြီး အသုံးမကျတဲ့ ရုပ်လှလှဘဝကနေပြီး
လူသားဆန်တဲ့ စိတ်လှလှဘဝကိုရအောင်ကြိုးစားပါတော့မယ်”
လို့ပြောပြီးပြန်သွားပါတော့တယ်။
.............fwd........
Wednesday, June 8, 2011
ဝဲ(လ်)ကမ်း...မရဏလမ်း
ဒီသေမင်းနဲ့ ငါစစ်ခင်းမလို့ 
ငါပြစ်ခွင်းမယ့်  ကဗျာတစင်းကို
ငါကိုယ်တိုင်ဖန်ဆင်းလို့ 
မင်းရဲ့ ချစ်ခြင်း အလိုရှိတယ်......၊
မင်းချစ်ခြင်းနဲ့  ဒီသေမင်းရှေ့ 
ငါဝပ်ဆင်းမှာ မဟုတ်..
ဒီမရဏလမ်း လူတွေအတွက်အစမ်းမဟုတ်
ငါ့  အတွက်တော့ 
ဝဲ(လ်)ကမ်း မရဏလမ်းပေါ့ ....။ ။
အကုသိုလ်တွေနဲ့ ဗျာများနေတဲ့ 
လူအများအတွက်
သေခြင်းတရားကို
ရှောင်ရှားနေကြမှာပေါ့ ...။ ။ ။
နောင်ဘ၀အရေးအတွက်
အခုငါရေးနေတဲ့ ကဗျာက
(ကုသိုလ်တရား များများပွားတဲ့ )
Monday, June 6, 2011
စင်္ကာပူ = အလွမ်းမြို့ ကြီး
၁။ ဟိုးတစ်ချိန်ကတော့
 ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာအဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။ရန်ကုန်ရေ  နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး…
တနေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။
၃။ သုပ်သုပ်သွား၊ သုပ်သုပ်လာ၊ သုပ်သုပ်စား
သုပ်သုပ်နား၊ အလုပ်တအားလုပ်
လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်္ကာပူရေ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်
တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး
မြေနဲ့၊ ရေနဲ့ ၊ ဇာတိနဲ့ လူမျိုး စင်္ကာပူရဲ့
ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမယ့်
မင်းကျမ်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။
၎။ ကမ်းခြေချန်ကီဘိလစ်မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ဥာဏ်ပညာတွေ ဘယ်လောက်ယူသွားနိင်လည်း
ကိုယ်ကနားပြီး စိတ်ကမနားနိင်ဘူး စလုံးရေ။
၅။ ငါတို့ ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလိုဝင်မွှေသွားတဲ့ ပင်လယ်မ က
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိင်ဘူး။
၆။ အီကွေတာ အောက်ကမြို့ကလေး
ပွင့်သမျှ ပန်းမမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကြတော့…ဘယ်တော့မွှေးမလည်း။
၇။ တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့ မလွယ်တဲ့
အမျိုးတွေ ၊ သူငယ်ချင်းတွေ
ပင်နီစူလာပလာဇာမှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်္ကာပူ ခင်ဗျားကြီး အရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
၈။ ပြောစရာ ရှိလို့သာပြောရ
ပြောဖို့မလိုပါဘူး။
အိမ်သည် ဧည့်သည် မပူရအောင်ထားပေးတဲ့
စင်္ကာပူ ကျေးဇူးပါ
အဲဒီလို ကျေးဇူး
ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
၉။ စင်္ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံး မကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမယ့် အဲဒါ ရှော့ခ်ရှိတယ်။
၁၀။ အမှန်ကိုလည်း ပြောမရ အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။
၁၁။ “ဆရာ… အသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော် မပြန်နိင်တာ သုံးနှစ်ရှိပြီ
အိမ်က ပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ၊
အခုထိ မကျေသေးဘူး။ ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟော်တယ်မှာတော့ ၀ိတ်တာပေါ့၊ သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံ မကျေသေးတော့ မိသားစုကို မျက်နှာပူလို့ သင်္ကြန်မှာ
ပိတောက်တွေ ပွင့်လားဟင်…”စလုံးမှာ မေးတဲ့စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလားဆိုတဲ့ မင်းရဲ့ မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်မှာ ပြာကျစေတယ်
ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး
ခွင့်လွှတ်ပါ သားလေးရယ်။
၁၂။ လူကြီးတွေက ပြည်ပနိင်ငံကို အထင်မကြီးနဲ့တဲ့
ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှု့တွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုန့်ပြန်မှု့။
၁၃။ အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့
ခံရခက်တယ် တကယ်က
ဘာမဆို ခွဲဝေယူကြတယ်
…. ….
ကိုယ်တွေတော့ လုံးဝ(လုံးဝ) မပါဘူး။
၁၄။ MRT ရထားပေါ်မှာ IPhone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြိးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်္ကာပူမှာပေါ့
မြန်မာပြည်မှာတော့
ကဗျာ ဆရာ အပါအ၀င် အားလုံးညံ့နေသေးတယ်။
၁၅။ အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိင်ဘူး
လူတချို့က
မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်
ပိုက်ဆံ ချမ်းသာမယ်
ဒါဆိုလုပ်ချင်ရာ လုပ်မယ်
လူများလို့ နိင်ပေမယ့် မမှန်ရင် မနေပါနဲ့
လူနည်းလို့ ရှုံးပေမယ့်
မှန်ရင် နေကြပေးပါ။
၁၆။ ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဋ္ဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာ ဆရာဝန် တစ်ဦးက
“စင်္ကာပူက သူဋ္ဌေးက လူကို လူလိုတန်ဖိုးထားတယ်
မြန်မာပြည်က သူဋ္ဌေးက
လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေ ချည်းပဲ ” တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး
ဘယ်တော့မှ ပြောနိင်မှန်းလည်း မသိဘူး။
၁၇။ သေသေချာချာ ပြောနိင်တာကတော့
ပြည်ပရောက် မြန်မာတွေအားလုံးကို
ပြည်တွင်းက မြန်မာတွေအားလုံးက
ရင်တွေ ပြာကျလောက်အောင် လွမ်းနေကြ
ဒီထဲမှာ အမေတွေက ပိုဆိုးတာပေါ့
ရန်ကုန်မြို့ က
အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေ ချည်းပဲ။
၁၈။ စင်္ကာပူက…
အဖြူ၊ အမဲ၊ အညို ဘယ်သူနဲ့ ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ ဆုံးတော့
စင်္ကာပူဆိုတာ အလွမ်းတွေ စုနေတဲ့
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသား၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်းတာ ကျိုးရတာပေါ့။
၁၉။ ချစ်သူကိုလည်း ချစ်တယ်
အဖေ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆို ချစ်ရဲ့သားရဲ့ ဘာလို့ခွဲရက်တာလည်း
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာမှာ
ငါတို့ အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွှင်စွာနစ်
တချို့ ၀မ်းနည်းစွာနစ်
မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး “ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ
တို့ပိုင်တဲ့မြေ ”
စင်္ကာပူရေ… တို့လူမျိုးကို ချစ်ပါ
အမှန်တရား ၊ ရိုးသားမှု့နဲ့ မြန်မာတွေပါ
“ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ “ ။ ။
(စောဝေ)
(၁၄-၅-၂၀၁၁) နေ့ လမ်းပြကြယ်  စာကြည့်တိုက် စာချစ်သူများ
 စင်္ကာပူနိင်ငံမှ ကျင်းပပေးသော Poetry Performance ပွဲတွင်
ရွတ်ခဲ့သော ကဗျာ
မိန်းကလေးတိုင်း ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီစာကို ဝေမျှလိုက်ပါတယ်..။
တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ
တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊
ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို
စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။
အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ
ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။
ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ
ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောက်ျားလေးမျိုးပေါ့။ သူတို့
အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ
ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ
ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။
ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ငြိကြရော
ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။
ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက
ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊
ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။
ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး
ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့
ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။
မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊
ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့
မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို
တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ
ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး
ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊
နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။
အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက
အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့
မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့
အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင်
ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊
အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ
သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ်
ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။
နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။
ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ
တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေး ..လို့ ပဲခေါ်ပြီး တခါမှလဲ
မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။
ယောက်ျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။
ယောက်ျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊
လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။
မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့
အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့
မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။
တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို
တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊
ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့
ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့
ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။
ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက
ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ယောက်ျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက
ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို
ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။
လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊
ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊
ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက
စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး
သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။
တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊
လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊
အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ
ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင်
သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။
အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို
ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ
ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။
ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့
ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့
လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက
အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက
မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင်
ကာမကိုလိုက်စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း
အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။
မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့
ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး
စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး
ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့
ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။
ယောက်ျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့
ယောက်ျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။
လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့
တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက
ဦးဆောင်နေတဲ့ယောက်ျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။
အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ်
ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို
လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး သူစိမ်းဆိုတော့
ယောက်ျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့
သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့
မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့
အတင်းပြောတတ်တဲ့ စိတ်တွေ၊ယောက်ျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။
အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။
အရမ်းအောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့
မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။
ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောက်ျားတွေက ကျွန်နဲ့တူသော မိန်းမကို
ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ယောက်ျားကို ပြုစုမယ်။
ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ယောက်ျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့
စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။
အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာကယောက်ျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။
ကျွေးရင်စားမယ်။ ဒါပဲပေါ့။
တချိုယောက်ျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး
စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ယောက်ျားကို ရှာပါလား။ လုပ်ပါလား။
အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့
ဆိုတဲ့ မိန်းမမျိုးတွေပေါ့။
တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး
နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ
သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့
အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ
ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ယောက်ျားမျိုးတွေပေါ့။
တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ
ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့
အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။
ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။
တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊
သူလည်းရှာ၊ယောက်ျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက
ပိုက်ဆံသာရမယ်ဆိုယောက်ျားတောင် ပေါင်လိုက်ချင်သတဲ့လေ။
တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို
နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က
သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ
ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင်
ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့
နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို
သိမ်မွေ့စွာ ဖြေရှင်းနိုင်တယ်။ယောက်ျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို
လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့
ယောက်ျားမျိုးပေါ့ဗျာ။
ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း
ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ
မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့
လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး
ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ
တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊
ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့
တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။
အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့
အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောက်ျားလေးရော
မိန်းကလေးရော နှစ်ယောက်စလုံးက "ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး
(ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့
ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ" တဲ့။ ဒီနေ့အထိ ကျွန်တော်
ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ
Forward Mail လေးပါ...
Friday, June 3, 2011
ဘုရားသခင် လွှတ်လိုက်တဲ့လူ
ငါတို့ရဲ့ အိမ်ထောင်သက်(၃)နှစ်အတွင်းမှာ ငါတို့ရန်ဘယ်နှခါဖြစ်ခဲ့မှန်း ငါမမှတ်မိတော့ဘူး။ ငါဟာ မှတ်ဉာဏ် သိပ်မကောင်းတဲ့မိန်းမမှန်း နင်သိပါတယ်။ ဒါပေမဲ့ နင်နဲ့ရန်ဖြစ်ခဲ့သမျှကိုတော့ ငါ့နှလုံးသားထဲ မှတ်ကျောက်တင်ထားတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်ကနင့်ကိုယ်လုံးနဲ့ အိမ်တံခါးဝကို တင်းတင်းပိတ်ထားတယ်။ ညနက်သန်းခေါင်မှာ ဒီခေါင်းမာတဲ့မိန်းမ အိမ်ကနေ ထွက်သွားမှာစိုးလို့ဖြစ်တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အိမ်တံခါးကိုဆောင့်ပိတ်ပြီး နင်ထွက်သွားခဲ့တယ်။ ငါအမီလိုက်ပြီး ရှာခဲ့ပေမယ့် နင့်ကိုမတွေ့ခဲ့ဘူး။ တိတ်ဆိတ်သွားတဲ့အိမ်ထဲမှာ ငါ့တစ်ယောက်တည်း အသံကုန်အော်ငိုမိတယ်။ အဲဒီမှာ တခြားအခန်းထဲကနေ နင်အမြန်ထွက်လာပြီး ငါ့ကိုပွေ့ဖက်တယ်။ အဲဒီနောက် ငါတို့ရန်ဖြစ်တိုင်း နင့်ကိုငါရှာတွေ့နိုင်မယ့်နေရာမှာပဲ နင်ပုန်းတော့တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ တစ်ပတ်လောက် ငါတို့စကားမပြောခဲ့ကြဘူး။ အဲဒီနေ့က အိမ်ပြန်ရောက်တော့ အခန်းတံခါးကို ငါဘယ်လိုဖွင့်ဖွင့် ဖွင့်မရခဲ့လို့ နင့်ဆီဖုန်းမဆက်ချင်ဘဲ ဆက်လိုက်ရတယ်။ ငါ့ဖုန်းရတော့ နင်အိမ်အမြန်ပြန်ခဲ့တယ်။ နောက်မှသိရတာက တံခါးဖွင့်မရအောင် နင်လုပ်ခဲ့တယ်တဲ့။ အဲဒီတုန်းက ငါစိတ်လည်းတိုသလို ခံလည်းခံစားခဲ့ရတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ အမေ့အိမ်ပြန်မလို့ ငါအဝတ်အစားတွေသိမ်းတယ်။ အဲဒီမှာနင်က ငါ့ကိုတင်းတင်းလေးဖက်ပြီး ဆို့ဆို့နင့်နင့်နဲ့ "နင်ဒီအတိုင်း ဆင်းမသွားပါနဲ့။ ငါက နင်ရဲ့ အရေးအကြီးဆုံးပစ္စည်းပါ။ ငါ့ကိုလည်း နင်နဲ့တပါးထဲယူသွားပါ" လို့ဆိုတယ်။ နောက်ဆုံးတော့ ငါတို့ အပျော်ခရီးထွက်ဖြစ်ခဲ့ကြတယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ ငါစိတ်တိုပြီး နင်နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံကို ဆွဲဖြဲပစ်လိုက်တယ်။ အဲဒီဓာတ်ပုံကို တစ်ညလုံး နင်ပြန်ကပ်နေခဲ့တယ်။
တစ်ခါက နင်နဲ့ငါရန်ဖြစ်တော့ နင်နဲ့ကွာရှင်းဖို့ ကွာရှင်းစာချုပ်ကို ငါလိုက်ရှာခဲ့တယ်။ နောက်မှသိရတာက အဲဒီကွာရှင်းစာချုပ်ကို ငါရှာမတွေ့အောင် နင်ဖွက်ထားခဲ့တာဖြစ်တယ်။
ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်စေလွှတ်လိုက်တဲ့လူလို့ နင်ပြောတယ်။ နင်နဲ့ရန်ဖြစ်ရတာ ဘယ်လောက်ထိ နားလည်မှုရှိလိုက်သလဲ! ဘယ်လိုအချိန်မျိုးမှာ အော်ငေါက်ရမယ်ဆိုတာကို သိတယ်။။ ဘယ်လိုအချိန်မျိုးမှာ မျက်ရည်ကျရမယ်ဆိုတာကို သိတယ်။ ဘယ်လိုအချိန်မျိုးမှာ ပစ္စည်းပစ်ပေါက်ရမယ်ဆိုတာကို သိတယ်။ ဘယ်လိုအချိန်မျိုးမှာ ပြန်ခေါ်ရမယ်ဆိုတာကို သိတယ်.....
ဟုတ်ပါတယ်.. ငါတို့ရဲ့အိမ်ထောင်ရေးဟာ ရန်ဖြစ်တဲ့အိမ်ထောင်ရေးပါ....
အခုလည်း ငါတို့မကြာခဏ ရန်ဖြစ်ကြတာပါပဲ။ ဒါပေမဲ့ အိမ်တံခါးကို နင့်ကိုယ်လုံးနဲ့ ပိတ်မထားတော့ဘူး။ ကွာရှင်းစာချုပ်ကို နင်ဖွက်မထားတော့ဘူး။ နင့်ကိုငါ ခွဲမသွားဘူးဆိုတာကို နင်သိထားလို့ဖြစ်တယ်။ ဟုတ်ပါတယ်.. နင်ကိုခွဲသွားရင် ငါငိုလိမ့်မယ်။
ရန်မဖြစ်တဲ့အိမ်ထောင်ရေး၊ မျက်ရည်မကျတဲ့အိမ်ထောင်ရေး၊ နင်နဲ့ပြန်မခေါ်တဲ့ အိမ်ထောင်ရေး၊ မပြုံးမရယ်တဲ့ အိမ်ထောင်ရေးမျိုး ငါမလိုချင်ဘူး။ ရန်ဖြစ်တဲ့၊ မျက်ရည်ကျတဲ့၊ ပြုံးရယ်တဲ့အိမ်ထောင်ရေးမျိုးမှာ နင်နဲ့အတူ ငါတဖြည်းဖြည်း အိုမင်းသွားချင်တယ်။ ငါ အကြိမ်ကြိမ်ပစ်ပေါက်ခဲ့လည်း မပျက်မစီးဘဲကျန်နေတဲ့ ငါတို့ရဲ့အိမ်ထောင်ဦးထမင်းအိုးက ငါတို့ရဲ့အိမ်ထောင်ရေးလို ကြံ့ခိုင်၊ ကျန်းမာပြီး ငါတို့အတွက် ထမင်းတွေချက်ပေးနေတုန်းပဲ။
နင့်ကိုငါ ချစ်လား မချစ်ဘူးလားဆိုတာကို ငါမသိဘူး။ ငါသိတာကတော့ နင့်ကိုခွဲသွားရင် ငါငိုလိမ့်မယ်။ ငါဟာ နင်နဲ့ရန်ဖြစ်ဖို့ ဘုရားသခင်လွှတ်လိုက်တဲ့ လူဖြစ်တယ်။
မူရင်း-- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110330/176884.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Wednesday, June 1, 2011
နိုင်ငံခြားမှမြန်မာစက်ရုပ်
အမိမြေကနေ ခွဲခွာမှဖြစ်မယ်ဆိုတဲ့အသိနဲ့ မတတ်သာလို့ခွဲခွာခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိကခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ လူ့ပြည်လို့ထင်တဲ့လူအချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်
။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲမဟုတ်လား...။ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ်ဆိုပါတော့။ ပြီးတော့အလုပ်ရဖို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဖို့၊ ဒါတွေပြီးသွားတော့ လုပ်ငန်းခွင်မှာ အဆင်ပြေဖို့၊ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေးနေသားကြလာတော့ ပထမဆုံးတွေးမိတာက ငါလူနဲ့မတူတော့ပါလား ဆိုတဲ့အတွေးပါပဲ။
နိုင်ငံခြားမှာ အလုပ်လုပ်ရတာတန်အောင်ခိုင်းတဲ့အပြင် ကိုယ့်စိတ်နဲ့ကိုယ်တောင် နားနေခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကိုလေးလံတဲ့ အရာတစ်ခုနဲ့ အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံရတာမျိုးပါ။ မနက် ၆ နာရီထ၊ မျက်စိမဖွင့်ပဲရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတစ်တန် ရထားတစ်တန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ရုံးက ကွန်ပျူတာ sever တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လားလို့ အရင်စစ်ရတယ်။ သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုးဖြစ်ပြီဆိုရင်တော့ တွတ်ပီကံမကောင်းတဲ့နေ့ပါပဲ။
အဲဒါစစ်ပြီးသွားရင်ရေးစရာရှိတဲ့ Program တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါပဲ။ ကျွန်တော့် Team မှာ ကျွန်တော်အပါအ၀င် လူ(၃) ယောက်ထဲ ရှိရတဲ့အထဲ ကျန်နှစ်ယောက်က ကုလားနဲ့ ကုလားမပါ။ သူတို့ပြောနေတဲ့ ဘာသာစကားကလဲ ကျွန်တော်နားမလည်တော့ အလုပ်ထဲမှာ တစ်ယောက်ထည်း ရေးစရာရှိရေးနေရုံပါပဲ။ ဒီလိုနဲ့ပဲ ထမင်းစားချိန် ၄၅ မိနစ် ၊ ပြီးတာနဲ့ထပ်ရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader ကဘာမှမသိတဲ့ ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက် မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။
ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က ၇း၀၀ နာရီဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့ ရထားစီးပြီး ပြန်ရောက်တဲ့အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး ကိုယ်နေတဲ့အခန်းထဲ ရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး သတင်းစာလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့ အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်ကမအိပ်ချင်သေးလို့ ဂစ်တာလေး ကောက်ကိုင်လိုက်တော့  ၁၂း၀၀ နာရီ။ ကဲ.... ဒါနဲ့ပဲ တနေ၀င်တနေထွက် စက်ရုပ်လူသားဘ၀။
စနေ၊ တနင်္ဂနွေကျတော့ အ၀တ်လျှော်၊ အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ်၊ မြန်မာဟင်း လွမ်းတာလေးတွေ ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေးနေချင်တော့တယ်။ တစ်ခါတစ်လေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ.... အပေါင်းအသင်းအတွက်၊ မိတ်ဆွေသူငယ်ချင်း အတွက်အချိန်။ သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊ လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့လိုက်မပို့နိုင်၊ လူမှုရေးတွေ ပျက်ကွက်လို့။ သူငယ်ချင်းအားလုံးလဲ sms လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့ လူချင်းတွေ့ရင်တောင် sms စကားတွေဖြစ်လို့။ ဟူး......... တစ်ကယ်တော့ နိုင်ငံခြားဆိုတာ လူမှုရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။
တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်အတွက်ပို့ဖို့၊ အိမ်လခပေးဖို့အတွက်၊ တစ်လလုံးစားဖို့ သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရတ်အတွက်၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဖို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁ ပုံတောင်စုဖို့က အနိုင်နိုင်၊ တစ်ခါတစ်လေ အပေါင်းအသင်းကို ကူညီလိုက်လို့ လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။ ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကို ဘယ်လောက်လှည့်ကွာလို့ ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ..အဲ... အဲလိုလဲဟုတ်သေးပါဘူး၊ ကိုယ်လိုသူလို အတူတူဘ၀...။ ဒါ... ဘ၀တဲ့လား။
ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ ထမင်းနဲ့အမေကကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင် အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်မစားနိုင်တဲ့ဘ၀။ ဒီက food court ကဟင်းတွေကလဲ ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲအားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ မြန်မာအစားအစာလေးတွေတတ်သလောက် မှတ်သလောက် လျှောက်လုပ်စား။ တစ်ခါတစ်လေလဲ စားလို့ကောင်း၊ တစ်ခါတစ်လေလဲ ဘာဟင်းကြီးမှန်းမသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။ အိမ်ပြန်ချင်လိုက်တာ အမေရယ်။
လူ့စိတ်ကလဲ မကောင်းတာများ ပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး မုန့်လင်မယားလေး စားချင်တာရှိသေး........ ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူးအမေရာ။ အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား အလုပ်လုပ်၊ ဒီ(၃) ခုပဲရှိတဲ့ တစ်နေ့တာက ပျော်စရာကောင်းတဲ့ဘ၀လား။
ကျွန်တော်အပျင်းမကြီးပါဘူး။ တစ်နေကုန် လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကောင်မလေးတွေအကြောင်း လျှောက်ပြောချင်နေတာမဟုတ်ပါဘူး။ အလုပ်လုပ်ချိန်၊ အစားစားချိန်၊ အိပ်ချိန်အိပ်၊ ဒါ့အပြင် ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ ကိုယ်စိတ်ပျော်ရာကို စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရရှိခဲ့တဲ့ ကိုယ့်နိုင်ငံမှာတုန်းကအချိန်လေးတွေကို လွမ်းတာပါ။ စိတ်အပန်းဖြေစရာမရှိ၊ အလုပ်ပြီး အလုပ်၊ စားပြီးရင်အိပ်၊ ဒီလိုနဲ့အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့လူတစ်ချို့ ရဲ့ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ်တွေနဲ့ ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ။
မြန်မာပြည် လူတွေကတစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင် ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုလည်း အညွန့်လေးတွေချည်းပဲ နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။ ငါးပိဆိုရင်လဲ ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင် ငါးရံ့ ခြောက်၊ ငါးပုတ်ခြောက်စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကိုဝေပုံချပြီး တိုင်းထွာသုံးနေရတဲ့ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့ လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ဆိုင်ကိုရွေး၊ လျော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်မောလို့။ ဒါပေမယ့်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။
စိတ်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးတွေနဲ့သစ်ပင်လေးတွေ စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနားဒီနား အလွယ်တစ်ကူသွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး ၀ရန်တာလက်တန်းမှာ သံကြိုးနဲ့ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့ခြေနင်းတွေဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲခဏ၀င်ပြီး ဖုန်းကဒ်ဝယ်လိုက်တော့ ခြင်းတောင်းထဲက လိမ္မော်ရည်ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်လေးဝယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်ကမရှိတော့ဘူး။ ကဲ........ ဘာများထူးသေးလဲအမေရာ။
ကိုယ့်နိုင်ငံမှာ လာနေတဲ့နိုင်ငံခြားသားကတော့ လုပ်ငန်းရှင်စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ်လို့လဲမကြားဖူးပါဘူး။ သူများနိုင်ငံမှာ ကိုယ်သွားနေရတာ့ ပညာဖြင့် အသက်မွေးဝမ်းကြောင်းသော အလုပ်သမားတဲ့၊ မျက်နှာငယ်တယ်ဆိုတာထက် သေချာတဲ့နေထိုင်ခွင့်မရခင် Immigration သွားရတဲ့ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထားအဆိုးဆုံး မလေးရှားမလေးတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့်ကံကြမ္မာက သူတို့လက်ထဲမှာ။ ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ........ မခက်ဘူးလား အမေရာ။
အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရတဲ့ သားတော်မောင်ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေရုံပဲလို့ ထင်နေရှာမှာပဲ။ ဟုတ်တယ်အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲစဉ်းစား၊ ထမင်းက ဘာအရသာမှန်းမသိလိုက်။ အိပ်လည်းအိပ်မက်ထဲမှာ ABCD ရွတ်။ နောက်ဆုံး စိတ်ပြေလက်ပျောက် ဂစ်တာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊ သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ.... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။
စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့နေ့မှာ တစ်ကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့ အမေ့အပြုံးတွေ၊ ဆွေမျိုးတွေရဲ့ အလယ်မှာ ပျော်ရွှင်ခြင်းအပြည့်နဲ့ တောက်ပနေတဲ့ အမေ့မျက်လုံးလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့ အခုအချိန်အထိ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။ တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။
                       ( mysing မှကူယူဖော်ပြပါသည်)