twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Saturday, July 2, 2011

"ကျွန်တော်နောက်မခိုးတော့ ပါဘူအမေ"


မီးဝင်းဝင်းတောက်နေတဲ့ အမေ့ မျက်ဝန်းတွေကိုကျွန်တော်ရင်မဆိုင်ပဲခေါင်းကိုငုံ့ ထားနေမိတယ်
အမေ့ ရဲ့ တည်ငြိမ်တဲ့ စကားသံကကျွန်တော်ရဲ့ နားထဲကိုအတားအစည်းမရှိပဲဝင်ရောက်လာတယ်

"ကဲ..ပြောစမ်းနေမင်း
ဒီမုန့် တွေအများကြီးနင်ဘယ်ကရလာတာလဲ"

........?

"ပြောလေ..."
ပြောပြောဆိုဆိုအမေလက်တွေကကျွန်တော်ရဲ့ ဗိုက်ခေါက်ကိုလိမ်ထားလိုက်သည်.နာကျဉ်မှုကို
ဆက်လက်တင်းမခံနိင်တော့ ပဲမျက်ရည်းတစပ်စပ်ကျပြီ....
"ကျွန်တော် ဒေါ်ပုမဆိုင်က  သူမသိအောင်ယူလာခဲ့ တာပါ"

"ဟွန်း   ဒီလိုမသိအောင်ယူလာတာ  ခိုးတာနဲ့ အတူတူပဲဆိုတာ မင်းမသိဘူလား "

"သိပါတယ်"
"အေး  ဒါဆိုအခုပဲ  ဒေါ်ပုမကိုပိုက်ဆံသွားပေးပြီ  ပြန်တောင်ပန်လာခဲ့ "
ကျွန်တော်ဆွံ့ အသွားတယ်ပြန်တောင်ပန်ဖို့ အတွက်ကျွန်တော်မှာသတ္တိမရှိပါဘူး....

"အမေ  ကျွန်တော်နောက်မလုပ်တော့ ပါဘူး  "
"သား ဒေါ်ပုမကိုမတောင်းပန်ချင်ဘူး"
"အော်....ခိုးတာကျတော့  မရှက်ဘူး ပြန်တောင်ပန်ရမှာတော့ ရှက်တယ်ပေါ့ "
"မရဘူး  အခုအ၀တ်လဲ  ငါကိုယ်တိုင်လိုက်ခဲ့ မယ်"
"သွား  အခုအ၀တ်လဲ"
အမေ ကအပြင်ကိုချက်ခြင်းထွက်ပြီးဆိုက်ကားတစီခေါ်လာခဲ့ တယ်...ဒီလိုနဲ့ အမေနှင့် ကျွန်တော်
ဒေါ်ပုမဆိုင်သို့ ထွက်လာခဲ့ တယ် ကျွန်တော်ကတော့ ဆိုက်ကားပေါ်တွင်တရှုပ်ရှုပ်ငိုလို့ ပေါ့ ..
ဒေါ်ပုမဆိုဆိုတာကျွန်တော်တို့ ရဲ့ ကျောင်းရှေ့ ကမုန်ပဲသရေစာ၊စာအုပ် ၊ဘော်ပင်များရောင်းတဲ့ 
သူတယောက်ပါ၊မနက်ခင်း  နေ့ လည်ခင်းနှင့် ညနေခင်းတို့ တွင်ကျောင်းသာ၊ကျောင်းသူများနှင့် 
အမြဲစီကားရှုပ်ထွေးလျက်ရှိပါတယ်၊ကျွန်တော်လည်းသူအလုပ်ရှုပ်နေတုန်းပိုက်ဆံမပေးပဲခပ်တည်
တည်မုန့်သုံးထုပ်ကိုယူလာခဲ့ တယ်...ကျွန်တော်အတွက်ပြဿနာစတက်တာကတော့ အမေက
ကျောင်စာတွေစစ်ဖို့ အတွက်လွယ်အိပ်ထုတ်ရင်သိသွားတာပါ.ကျွန်တော်ရတဲ့ မုန်ဖိုးနဲ့ ဒီလိုမုန့် မျိုး
ကိုဝယ်ဖို့ မဖြစ်နိင်ဘူးလေ........ဒိလိုနဲ့ တဖြည်းဖြည်းဒေါ်ပုမဆိုင်နားရောက်လာလေ ကျွန်တော်
ရှက်လာလေပေါ့  ...ဆိုင်ရှေ့ အရောက်အမေကမုန့် သုံး ထုပ်ဖိုးပိုက်ဆံပေးပြီကျွန်တော်ပခုံးကိုကိုင်
ပြီအသာအယာတွန်းထုတ်လုပ်တယ်..ကျွန်တော်တရွေ့ ရွေ့ သွားရင်အမေ့ ကိုလှည့် ကြည့် လိုက်
တော့   အမေ့ ရဲ့ အားပေနေတဲ့ အပြုံးကိုကျွန်တော်ထူဆန်းစွာတွေ့ လိုက်တယ်......
ကျွန်တော်ဆိုင်ရှေ့ မှာစိုးရွှံ့ စွာကြည့် နေမိတယ်.ဒီအချိန်မှာပဲဒေါ်ပုမက....
" ဟဲ့   ကောင်လေ ဘာယူမလို့  ငါ့ ကိုကြောင်ကြည့် နေတာလဲ"
"ကျွန်တော်ဘာမှမလိုချင်ပါဘူး  ပိုက်ဆံလာပေးတာပါ"
" ဟဲ့   ဘာပိုက်ဆံလဲ"
"ဟို.......
"ဟို.....
ကျွန်တော်ညနေကဒေါ်ကြီမသိအောင်ယူသွားတဲ့ မုန့် သုံးထုပ်ဖိုပါ  အဲဒီပိုက်ဆံပေးရင်နဲ့ 
ကျွန်တော်တောင်ပန်ချင်လို့ ပါ ...ကျွန်တော်ကို ခွင့် လွတ်ပါ   ..
နောက်မလုပ်တော့ ပါဘူး "
ပထမတော့ ဒေါ်ပုမကြောင်သွားသည် ၊နောက်ပြီမှ
"ရပါတယ် ကောင်လေရယ်  နောက်မလုပ်ရင်ပြီတာပဲ ဒီလိုလာတောင်ပန်တာပဲ အန်တီကျေနပ်ပါ
တယ်.....
ကျွန်တော်စိတ်ထဲအလိုလိုပေါ့ ပါပြီး  ပျောင်္ရွှင်သွားတယ်..ဒီလိုနဲ့ ဒေါ်ပုမကိုပိုက်ဆံပေးပြီထွက်လာ
ခဲ့ တယ်...ဲ့ ပြုံးရွှင်နေတဲ့  အမေရဲ့ ရင်ခွင်ထဲကိုကျွန်တော်ပြေးဝင်ပြီ ငိုနေမိတယ် ဒီတခါငိုတာက
တော့ ကျွန်တော်ပျော်လို့ ပါ ...အမေနဲ့ ကျွန်တော်ရဲ့ အိမ်ပြန်ခရီဟာအလာတုန်းကနဲ့ မတူပဲ
ပေါ့ ပါးလွပ်လပ်နေတယ်  ...ကျွန်တော်စိတ်ထဲမှာအမေကို တိုးတိုးလေး ကတိပေးနေမိတယ်..
 "ကျွန်တော်သျှင်နေမင်း  နောက်မခိုးတော့ ပါဘူး  အမေ"
့                                           

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....