twitter
    Find out what I'm doing, Follow Me :)
ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......
Saturday, January 15, 2011
ဗီလိန်
ငါ့ ...ခန္ဒာတွေညစ်ပတ်ပေမဲ့ 
ငါ့ ...အတွေခေါ်တွေ..လတ်ဆက်နေတယ်
လူလာဖြစ်တဲ့ ...အာဏာရှင်စနစ်မှာ
ငါ..ရိုင်းချင် ရိုင်းနေမယ်
မမိုက်မဲခဲ့ ဘူး
ကွန်မြူနစ်
ဆိုရှယ်လစ်
ဒီမိုကရေစီ
စာအုပ်တွေကြား
ဗျာများပြီ...လူလားမြောက်
အတွေးအခေါ်တွေ...ခ၀ါချ
 ပလေတို  ဆိုတာဘယ်သူမှမသိ
ပလွေတိုလောက်သာ  သိတဲ့ အသိုင်းအ၀ိုင်းမှာ
ဗီလိန်တကောင်ခပ်ကြောင်ကြောင်ပဲပေါ့ 
ဆိုကရေးတီပြောတဲ့  ဒီမိုကရေစီ
ပလေတိုမုန်းတဲ့   ဒီမိုကရေစီ
ဒီဝါဒကြား...ခပ်ဝါးဝါးဖြစ်ခဲ့ ဖူးတယ်
တော်စတွိင်းရဲ့
စစ်နဲ့ ငြိမ်းချမ်းရေး
စာအုပ်ကိုလက်ကမချ
စကားလုံးတွေဖောင်းပွတော့ 
ဗီလိန်တကောင်ခပ်ကြောင်ကြောင်ပဲပေါ။
                      (3.. DEC...2010)
· · Share · Delete
No comments:
Post a Comment
ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....