twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Saturday, January 29, 2011

အမေ့ မျက်နှာပေါ် က အမာ ရွတ်

ကောင်လေးက မူလတန်ကျောင်းမှာ သူကထမဆုံး ကြုံ ရသည်. မိဘ ဆရာအသင်းအစည်းအဝေးအတွက် အမေ့ကိုဖိတ်ခိုင်းတော.သူဖိတ်သည် ။ သို.သော် အမေ တကယ်တက်မည်ဆိုသောအခါ သူလန်.သွားသည် ။ သူ.မိခင်ကို အတန်.ဖော်မျာ.နှင်.ဆရာမ ပထမဆုံး အကြိမ်အဖြစ် မြင်ရတော.မည်ဆိုတာတွေးကာ သူထူထူပူပူုဖြစ်သွားသည်။

မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ယောက်ဖြစ်သည် ။ သို.သော် မျက်နှာညာဘက်အခြမ်းမှာ အတော်ဆိုးဆိုးဝါးဝါး အမာရွတ်ကြီးတစ်ခု ထင်နေသည် ။

ကောင်လေးက သည်အမာရွတ်ကြောင်း မကြားချင် ။ သည်မာရွတ်ကြီးဘာကြောင်.ရသလဲ ဘယ်လို ရ သလဲ မသိချင်။ ဒါကြောင်.သူဘယ်တော.မှမမေး ။

အစည်အဝေးမှာ အခြားလူများနှင်.ဆုံကြတော့ ၊ သူ.မိခင်မှာအမာရွတ်ရှိတာမှန်သော်လည်း ပင် ကို အလှရှိတာ ယဉ်ကျေး ပျူ ဌါ တာတွေကြောင်.လူတွေကသဘောကျကြသည် ။ ဒါကိုမြင်သော်လည်း ကောင်လေး ရှက် ရွံ စိတ်မပြေ ၊ ရှောင်ဖယ် ပုန်း လျှို ၍ ပဲနေသည်။


"မျက်နှာပေါ်က အမာရွတ် ဘယ်လို ရတာလဲ " ဆရာမက မေးသည် ။

သားလေး နို.စို. အရွယ် တုန်းက ပေါ့ ၊သူ. အခန်းထဲ မီးလောင် တော.သားက ခုတင်း လေးမှာ ၊ အခန်းထဲ မီးတွေ တဟုန်ဟုန်ဆိုတော့ ဘယ်သူမှမဝင်ရဲဘူး၊ ကျွန်မ အတင်းဝင်ပြေးတာ ၊ အဲ ဒီမှာ အပေါ် ကအထုပ်တန်းကြီး တစ်ခု ပြုတ် ကြ လာတော့ ကျွန်မ သာအပေါ် ပြေး ပြီး ကာလိုက်တာ ၊ကျွန်မ ရိုက်မိ ပြီး အဲ ဒီ မှာတင် မေ့ လဲ သွာတာ ၊ ကံအားလျော်စွာပဲ မီးသတ်သမား ရောက်လာပြီး ဝင်ကယ်လို. သားအမိ နှစ်ယောက် လုံး အသက်ချမ်သာ ရာရတာ ၊ မိခင်ကမျက်နှာပေါ်ရှိ မီးလောင်းရာ အမာရွတ်ကို စမ်းရင်း ပြန်ပြောပြနေလေသည်။ တစ်သက်လုံး အမာရွတ်ကြီး တစ်ခု တော့ ထင်သွာတာပေါ့ လေ ၊ ဒါပေမယ်. ဒီ အတွက် ကျမ တစ်ခါမှ ဝမ်းမနည်း မိ ပါဘူး ၊ တဲ့ ၊ အမေ ကဆိုသည် ။

သည်စကား ကြားတော့မှ ကောင်လေး မျက်ရည်တွေ အဝိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကို ဖက် သည် ။ သူ.အတွက် အသက်ပေကာကွယ် မည်. အမေ့၏ စေတနာ အမေ့မေတ္တာကို ခံစားရကာ သူ.ရင်ထဲ လှိုက်၍ နေသည် ။ အဲ သည်နေ.တစ်နေ. လုံး အမေ. လက် ကို သူတင်းတင်းဆုပ်ထားသည် ။
တစ်ချက်မျှ ပင် မလွှတ်တော့ ။

ဖေမြင့် ဘာသာပြန်ထားတဲ.



( မူရင်း ။ ။ Lih Yuh Kou ၏ The Scar )

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....