twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Tuesday, February 1, 2011

ကျွန်တော်အိမ်လေး

ကျွန်တော်အိမ်လေးဟာ
ဝါးဓနိတွေနဲ့    ယိုင်နဲ့ နေပေမယ့် 
မေတ္တာတရားတွေနဲ့ 
ခိုင် ခံ့ နေတယ်      ။ ။

ကျွန်တော်အိမ်လေးဟာ
အမိုးအကာတွေမဲ့ နေပေမယ့် 
ချစ်ခြင်းတရားတွေနဲ့ 
နွေးထွေးလုံခြုံနေတယ်   ။ ။

ကျွန်တော်အိမ်လေးဟာ
စည်းရိုးမရှိပေမယ့် 
စည်းလုံးခြင်းနဲ့ 
ကာရံထားတယ်      ။ ။

ကျွန်တော်အိမ်လေးဟာ
စည်းရိုးတံခါးမရှိငြားလည်း
မာနတံခါးနဲ့  ကာရံထားတယ်  ။ ။

ထို မာနတံခါး
ကာရံထားလည်း
မေတ္တာတရားနဲ့ ဝင်လာခဲ့ ပါ

ထာဝရကြိုဆိုနေတာ
ကျွန်တော်အိမ်လေးပါ  ။။

                                      သျှင်နေမင်း

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....