twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Thursday, February 3, 2011

ကုလားအုတ်ဇာတ်လမ်း

ကုလားအုတ်လေးတစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကို မေးပါတယ်။

ကုလားအုတ်လေး - မေမေ သားတို့ ကုလားအုတ် တွေမှာ ဘာလို့ဘို့တွေ ရှိတာလဲဟင်?

မိခင် - သားရယ် မေမေတို့က သဲကန္တာရမှာ ကျက်စားတဲ့ တိရိစ္ဆာန်တွေဆိုတော့ ရေတွေ
အများကြီး သိုလှောင်ထားဖို့ ဘို့တွေ လိုတာပေါ့။ ဒါကြောင့် မေမေတို့တွေ
ကန္တာရထဲမှာ ရေမသောက်ရလည်းပဲ အသက်ဆက်ရှင်နိုင်တယ်လို့ အားလုံးက သိကြတယ်လေ။

ကုလားအုတ်လေး - ဒါဆိုရင် သားတို့ခြေထောက်တွေက ဘာလို့ရှည်မျောမျောနဲ့ ဖြစ်နေပြီး
ခြေဖ၀ါးတွေက ၀ိုင်းဝိုင်းကြီးတွေ ဖြစ်နေတာလဲဟင်?

မိခင် - ဒီခြေထောက်တွေကလည်း သဲကန္တာရထဲမှာ သူများတွေထက် ပိုပြီး
လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ အတွက်ပေါ့ သားရဲ့။

ကုလားအုတ်လေး - ဟုတ်ကဲ့။ အဲဒါဆို သားတို့မျက်တောင်တွေကရော
ဘာလို့အရမ်းရှည်နေတာလဲဟင်။ တစ်ခါတစ်လေ မျက်စိကြည့်ရတာတောင် ရှုပ်တယ်။

မိခင် - အဲဒီမျက်တောင်ရှည်ရှည်လေးတွေက သားမျက်လုံးကို သဲကန္တာရထဲက လေပြင်းတွေ
သဲတွေရဲ့ဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေပေါ့။

ကုလားအုတ်လေး - သြော် သားသိပြီ။ ဒါဆို သားတို့ရဲ့ဘို့က သဲကန္တာရထဲ
ရှိနေတဲ့အချိန်မှာ ရေတွေသိုလှောင်ထားဖို့၊ ခြေထောက်တွေကလည်း သဲထဲမှာ
ကောင်းကောင်းလျှောက်နိုင်ဖို့၊ မျက်တောင်တွေကလည်း သဲကန္တာရထဲက
သဲတွေမျက်လုံးထဲမ၀င်အောင် ကာကွယ်ဖို့ပေါ့နော်။

မိခင် - ဒါပေါ့သားရဲ့

ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက် မေးချင်သေးတယ်။

မိခင် - ဘာများလဲသားရဲ့?

ကုလားအုတ်လေး - သားတို့ ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေတာလဲဟင်...?

မိခင် - ...........................................................

လူတစ်ယောက်ရဲ့ ""ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စွမ်းရည် နဲ့ အတွေ့အကြုံ"" ဆိုတာတွေက
နေရာမှန်တစ်ခုကို ရောက်နေမှ တကယ်အသုံးကျတာပါ။ သင်ရော... အခုဘယ်မှာလဲ??????????
စာရေးသူ - ရွှေပြည်သူ

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....