twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Monday, February 7, 2011

မပုကြွယ်နှင့် ခရုငယ်

ဖြန်းဖြန်း ဖြန်း....
မပုကြွယ် အံကို တင်းတင်းကြိတ်ထားနေရင်းနဲ့ မျက်ရည်က ပေါက်ခနဲ ပေါက်ခနဲ
ခါတိုင်း နဲ့မတူ
ဆရာမက လက်သံ ပြောင်လွန်းနေသည်...
စည်းကမ်းကြီးတယ်လို့ နံမယ်ကြီး တာ ဒီဆရာမ သူသင်တဲ့တပြည့်တွေကို တက်စေချင်လွန်းလို့ တဲ့
ဟုတ်လဲ ဟုတ်ပါသည်...
မပုကြွယ် စာမေးတိုင်းမရတာ အကြိမ်ပေါင်းမနဲတော့ ...စာမရ၍ အရိုက်ခံရခြင်းက သူ့အတွက်ထူးဆန်းမနေတော့ပါ..

''ပုကြွယ် နင့်ကို သုံးရက်အချိန်ပေးမယ်
ဒီသုံးရက်မှ ဒီစာမရရင် နင်နဲ့ငါ အတွေပဲ'' ဆရာမ၏ ပြင်းထန်သော အမိန့်.....

သူငယ်ချင်းရွယ်တူမိန်းကလေးတွေလိုဘဲ ဒီအတန်းပီးရင်တော့ ကျောင်းထွက်ရတော့မယ့် မပုကြွယ်အတွက်
သူ့အနာဂတ်မှာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေဖြစ်ဖို့က သူမနဲ့ ဘာမှမဆိုင်ပါ..
ဒီလောက် အတန်းထိကျောင်းပေးနေတဲ့ မိဘတွေကို သာ ကျေးဇူးတင်ရဦးမည်..

ကျောင်းမှာ ဆုရဖို့ စာတော်ဖို့ က ရွာထဲက ဥက္ကဌ သမီးတို့ ဆယ်အိမ်ဂေါင်းသားတို့ ပိုက်ဆံတိုးပေးစားနေတဲ့ ဒေါ်ကလမသမီးတို့နဲ့ပဲဆိုင်မည်...

ဒါပေမဲ့ မပုကြယ် စာမရတာက သူများထက်ကို ပိုဆိုးသည်.
အောက်စာကမကျေ...စာလုံးဖြောင့်အောင်ကို မနဲ့ ဖတ်နေရသည်.
စာရဖို့ စိတ်ကို တင်းတင်းကြိတ်၍ ထိုင်အော်သော်လည်း အထစ်အထစ်နဲ့ အတော်နဲ့မရ

မိဘတွေကတော့ အတော်တုံးသည် ဟုဆို ထားသည် ..ဒီအတန်းပီး လျှင် ကျောင်းထုတ်မည်..
သေစာရှင်စာ ဖက်တက်ရင်တော်ပီ..
လယ်ကူလီလုပ်လျှင် နှစ်လုံးပေါက်ဆို စပါးတစ်စီးလောက်တော့ ၀င်ခုမည်ပဲ
ဝမ်းရေးက ပြေလည်မှဖြစ်ပါမည်။..

ဆရာတွေကတော့ ပညာကြိုးစားသင့်ကြောင်း၊ ပညာတက်မှ တင့်တယ်မည်ဖြစ်ကြောင်း ၊ ပညာမတက်လျှင် ပြသဒ်ပေါ်နားသော ကြီးလို မတင့်တယ် ဟု ပြော ကြသည်..စာကျက်ရန် အကြိမ်ကြိမ်တိုက်တွန်းကြသည်...

မပုကြွယ်သိတာက ဒီနေ့ကောက်စိုက်မှ ဒီည ဘိုက်ပြည့်မည်...ပိုက်ဆံမရှိလို့ မနက်နဲ့ည ပေါင်းစားရတာ အကြိမ်ကြိမ်ပဲ
သူသိနေတာ.. သူစာကျက်လို့ ဘိုက်မှမ၀တာ

ဆရာမပြောက ထူးဆန်းနေသည်..ပညာတက်မှ လူရာဝင်မည်.. တဲ့ ရွာထဲမှာကတော့ ပိုက်ဆံရှိတဲ့ သူက လူရာဝင်နေတာ
သိသာကြီးပဲ .. ဒေါ်စိန်တုတ် တို့ကိုကြည့်ပါလား...သူ့နားမှာ ခိုင်းရမယ့် လူတွေဝိုင်းနေကြတာ..

အိမ်ရှေ့က အုန်းငုတ်ပေါ် ထိုင်ပြီး ကျောင်း စာအုပ်ကို ကိုင်ရင်း မပုကြွယ် တွေးနေမိ..
ဘာဘဲပြောပြော ဒီစာတော့ ရအောင် လုပ်မှတော်တော့မှာကိုး... အတန်းထဲမှာ ဒီစာမရတာ ငါ့ပဲရှိတော့တယ်
ကျက်ခိုင်းတာလဲ တစ်ပတ်ရှိပီ... အင်းကျက်မှပဲလေ..

ကြည့်နေရင်းမျက်လုံးက အိပ်ခြံစည်းရိုးတိုင်ကို တရွေ့ရွေ့တက်နေတဲ့ ခရုနွယ် လေးတစ်ကောင်ကို မြင်ပါရော..
ဟိဟိ ..အတော်နှေးတာပဲ...ဒီတိုင်းသားဆို ဘယ်လို အပေါ်ကို တော်တော်နဲ့ ရောက်တော့မှာလဲ ..
ဟုတ်ပါသည် အခုမှ ခရုနွယ်လေးက တိုင်တစ်ဝက်ကို ပဲရောက်ပါသေးတယ်..ဒါတောင် ဆက်မတက်ဘဲ ရက်နေတာကရှိသေးသည်..

အို စာဖတ်ဦးမှဘဲလေ..စာကျက်ဖို့အတွေးက ပြန်ရောက်လာသည်.

...............................................


နောက်တနေ့
မပုကြွယ် ထိုင်နေကျ နေရာမှာ ထိုင်ပီး ဖတ်စာအုပ်ကို ဖွင့်သည်။
မျက်စိက တိုင်တည့်တည့်ကို ရေက်သွားပြန်သည်...

ဟယ်... ခရုလေး အပေါ်ကို ရောက်သွားပီတော့ ဟိဟိ

ဟုတ်ပါသည် ခရူလေးတိုင်ထိပ်ပေါ်မှာ ချိုကလေးကိုထောင်လို့

ဟင် ဆရာမ ...ဒီကိုလာတယ်
ဟုတ်တယ် သမီးရဲ့ သမီးဆီကို လာလည်တာ...စာရပီလားသမီး..

မပုကြွယ်ခေါင်းကို လေးခါရုံသာခါပီး ခေါင်းငိုင်ကျသွားသည်.

ဆရာမက တချက်ပြုံးလိုက်ပြီး ဒီမယ်သမီး...စောစောက ဆရာမလာတုန်းက သမီးဘာကိုကြည့်ပြီး ရီနေတာလဲ
ဆရာမတွေ့တယ်နော်..ဆရာမကိုပြောပြ..

ဟို...အင်း..မပုကြွယ် ခေါင်း ကုတ်သည် ပီးမှ..
ဟို ခရုလေးကို ကြည့်နေတာပါ..ဆရာမ ..တိုင်ထိပ်ရောက်သွားလို့...

အော် ဟုတ်လား..ဒါဆို စောစောက ခရုက ဘယ်နားမှာလဲ သမီးရဲ့..

မနေ့တုန်းက တိုင်တစ်ဝက်ပဲရောက်သေးတာ
ဒီနေ့တော့ အပေါ်ကို ရောက်လာတာ..သမီးစိတ်ထဲမှာ ထိပ်ကိုမရောက်ဖူးလို့ထင်နေတာ

အဲ့ဒါဘဲ သမီးရဲ့ ဘယ်လို လူသတ္တ၀ါဘဲ ဖြစ်ဖြစ် ကံ၊ ဥာဏ်၊ ၀ီရိယ အားစိုက်လိုက်ရင် မဖြစ်ဘူး၊ မရဘူး၊ မရောက်နိုင်ဘူးဆိုတာ ဘယ်ရှိမလဲ ကွဲ့ ..
.အခု သမီး စာကျက်တာလဲ ဒီလိုဘဲပေါ့ စစကျက်ချင်းတော့ အခက်အခဲတွေရှိမှာပေါ့..
ဒါပေမဲ့ ထပ်ခါတလဲလဲ ကြိုးစားပြီးကျက် ..
တစ်ခေါက်ကျက်..မရရင် နောက်တစ်ခေါက်ကျက်...
တစ်နာရီကျက်..မရသေးရင် နှစ်နာရီကျက်ပေါ့ သမီး....

မပုကြွယ် အဖေကတော့ ထင်းခုတ်နေရင်နဲ့ ဆရာမပြောသည်ကို နားမလည်နိုင်သော အမူအရာဖြင့်
လှမ်းကြည့်နေပါသည်..

ဒီနေ့ မရသေးရင် နောက်နေ့ ဆက်ကျက်ရမှာပေါ့..
..သမီးရဲ့ စိတ်ထဲမှာ စာရကို ရရမယ်လို့ စိတ်ထဲမှာ ရှိထားရင်
တစ်နေ့မှ ရကိုရရစေမယ်သမီး....ဟုတ်ပီလား.
.စာက နှစ်ပိုဒ်ဆိုတော့ ဒီနေ့ သမီး ဒီတစ်ပိုဒ် ရအောင်ကျက် ..နောက်တနေ့
ကျရင် ဒီနေ့ကျက်ပီးသားကို ပြန်နွေး..ပီးတော့ နောက်တစ်ပိုဒ်ဆက်ကျက်

မပုကြွယ် ခေါင်းငြိမ့် ခဲ့ပါသည်...စိတ်ထဲမှာလဲ ..အားအင်တွေတက်လာသည်..

ဆရာမက အဝေးကို ထွက်သွားတဲ့အထိ ...
ပီးတော့ မပုကြွယ် စာတွေအော်ကျက်နေပါတော့သည်..

....................................



သုံးရက်လွန်မြောက်သောနေ့

အတန်းပိုင်ဆရာမကို နှုတ်ဆက်ပီးတော့ ကျောင်းသားတွေအားလုံး တိတ်ဆိတ်နေကြသည်...
အားလုံးက စိတ်ဝင်စားနေကြသည်လေ..မပုကြွယ်တယောက် စာမှ ရပါ့လေမလား..
မရရင်တော့ ဆရာမ ဘယ်လို ပွဲကြမ်းလေမလဲ..
အတန်းပိုင် ဆရာမကတော့ ယုံကြည်နေပြီ..ဒီနေ့ မပုကြွယ် ကျိန်းသေ စာဆိုနိုင်မှာပါဘဲ..

မပုကြွယ်ကတော့ နဂိုကမှ အားနဲသူပီပီ ခေါင်းလေးငုံ့လို ငြိမ်နေရှာပါသည်။

ကဲ သမီး မပုကြွယ် ဆရာမကို စာဆိုပြပါ...

မပုကြွယ် ဆရာမမျက်နှာကို မော့ကြည့်သည်..
ထ ဆိုလေ သမီး....
ဆရာမက ထပ်ပြော သည်။


မပုကြွယ်က မတုန်မလှုတ်..

ဟဲ့ သမီး စာဆိုလေ.. စာရပြီမဟုတ်လား..(ဆရာမအသံ နဲနဲ မြင့်လာသည်)

သမီး စာမရ ပူး.......

ဟင်.......>>>>>>>

ဆရာမ အလွန်အံ့သြမိသလို မပုကြွယ်အတွက် စိတ်မကောင်း ဖြစ်မိရတော့သည်။

သမီးရယ်..
ဘာလို့မရတာလဲ ဆရာမကို ပြောဦး...သမီးစာကျက်တယ် မဟုတ်ဖူးလား..
ဘယ်သူက သမီးကို စာမကျက်ရဖူးလို့ တားတာလဲ...ပြောစမ်း..သမီးအဖေလား..

မပုကြွယ် ခေါင်းကို တွင်တွင် ခါ ပါသည်.. ပိးတော့

မဟုတ်ဖူးဆရာမ ...သမီး အဖေက သမီးကို မပြောပါပူး...

သမီး ကို ဆရာမပြောခဲ့တယ်လေ..ခရုလေးလို ဇွဲနဲ့ ကြိုးစားရင် ရကိုရရမယ်လို့
တိုင်ထိပ်ကို ရောက်ကိုရောက်ရမယ် သမီး........

နောက်နေ့ကျတော့ ခရုလေးက အပေါ်ကနေ ပြန်ဆင်းသွားတယ် ဆရာမ.

ဘာ>>>>>>>>>>

မပုကြွယ်ကတော့ သူမြင်တဲ့အတိုင်း ပြောနေခြင်းပါ..

ဆ၇ာမ ပြောတဲ့နေ့တုန်းက ခရုလေး တိုင်ထိပ်ရောက်သွားလို့ သမီးပျော်တယ် ဆရာမ
နောက်နေ့ ကျတော့ သူသွားစရာနေရာက မရှိတော့လို့လား၊ နေရာက ကျဉ်းလို့လားတော့မသိပူးဆရာမ
သူပြန်ဆင်းသွားတယ်...

အခုဆို မြေကြီးပေါ်မှာ ရှောက်သွားနေပီ........ ဒီလိုမှန်းသိရင် စောစောတည်းက တက်နေတုန်းတည်းက သမီး သူ့ကို
ခွာပီး အောက်ချထားပေးလိုက်ပါတယ်..အခုတော့ တက်သာတက်တယ် မောရုံပဲ ရှိတာပေါ့...

ဆရာမကတော့ အံ့သြလွန်းလို့ ပါးစပ်ဟ ပြီး မပုကြွယ်ကို စိုက်ကြည့်နေသည်။

ပီးတော့ ဖေဖေက ထင်းပေါက်ရင်းနဲ့ လက်ကို ပုဆိန်ရှ တာ သွေးထွက်ပီး ရောင်နေရောပဲ
နောက်နေ့ကျတော့ ပျိုးမနှုတ်နိုင်ပူး....အမေကောက်စိုက်မှ တနေ့လုံးမှကို ၁၂၀၀ ပဲရတာ
သမီးတို့ မိသားစု ၆ ယောက် ဘယ်လို ၀မလဲ
ဆန်ဝယ်စရာမရှိလို့ သမီး အမေနဲ့ ကောက်လိုက်စိုက်ရတယ်..
သမီးမောင်လေးက လဲ ၀မ်းတွေ သွားနေတာ သေးသေးလေးပဲကျန်တော့တာ
ဆေးဖိုးကလဲ ပိုက်ဆန်မရှိဖူး.......သမီး ဒီနေ့ကျောင်းကို လာတာ ဆရာမကို လာနုတ်ဆက်တာပါ..

ဟင်>>

မနက်ဖန်ဆိုသမီး ဒီရွာမှာ မရှိတော့ပူး......အရီးလှနဲ့ မဲဆောက်ကို လိုက်သွားတော့မှာ
ဟိုမှာ အလုပ်လုပ်ရင် တလကို ကိုးသောင်းကြီးတောင်မှ ပြန်ပေးနိုင်မှာ
သမီးသူငယ်ချင်းတွေလဲ အများကြီးဟိုမှာ ရှိကြတယ်...
သူတို့တွေလဲ ပိုက်ဆံပြန်ပို့နေကြတယ်လေ..

သူ့အမေတွေဆို အလှူမှာ အ၀တ်စားကောင်းကောင်းတွေဝတ်တာ သမီးသူငယ်ချင်းတွေ ငွေပို့လို့ပေါ့
အမေ့ကိုလဲ အဲ့လို မ၀တ်နိုင်စေရင်တောင်မှ တနေ့ကို နပ်မှန်မှန်အောင်တော့ ကျွေးနိုင်မယ် ထင်တယ်..
မောင်လေးအတွက် ဆေးဖိုးလဲ ရမှာ

သမီးသွားတော့ မယ် ဆရာမ..
မပုကြွယ်တယောက် ဆရာမကို ဦးသုံးကြိမ် ချကန်တော့နေပါသည်။

ဆရာမမှာ မျက်ရည်ဆို့လာသည်။

ဆရာမ ပြောပါဦး။ ပညာတတ်ရင်....................................................................။





မင်းမဟော်.

(ဖော်ဝပ်မေးထဲကပါ )

No comments:

Post a Comment

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....