twitter
    Find out what I'm doing, Follow Me :)

ဤဘလောက်သည်ကျွန်တော်နှစ်သက်သောစာစုများနှင့် ကျွန်တော်ခံစားချက်အရေးအသားလေးများစုစည်းထာခြင်းဖြစ်သည်။လာလည်သူ၊မလာတဲ့ သှူမှန်သမျှအေးချမ်းကြပါစေ.......

Thursday, September 22, 2011

***ဧရာဝတီ***


ဧရာဝတီ......ဧရာဝတီ
တပြည်နယ်ဆီက လွမ်းရတာထက်
မြန်မာပြည်က မလွမ်းချင်ဘူး..........။။။

ဧရာဝတီနဲ့  အသက်ဆက်သူတွေ
ငတ်ပြတ်နေရတော့ မှာလား...........။။။

မြန်မာပြည်ရဲ့  အသက်သွေးကြော
ရောနှောလာမယ့်  လူမျိုးတွေ
အနာဂတ်ရေးအတွက်
ရင်လေးမိတယ်..........ဧရာဝတီရယ် ...၊၊။။

ဧရာဝတီမြစ်ရေထဲ
စီးဆင်းဆဲ သူရဲကောင်းသွေးတွေ
ရပ်တန့် လို့  စိတ်ပျက်နေကြပြီလား........။။။

ဧရာဝတီရဲ့  အနာဂတ်ရေးကို
မြော်တွေးမိလို့  ရပ်ဝေးကနေ
အော်ဟစ်ပါရစေ.........
ရပ်တန့် ပေးကြပါလို့ ..........။။။

ဧရာဝတီရဲ့ အရေးကို
လူမိုက်အတွေးနဲ့ စာရေးတဲ့ 
စစ်ခွေးတွေရေ.........

ဧရာဝတီနဲ့ မြန်မာပြည်ဟာ
သမိုင်းအဆက်ဆက်ရေးမှတ်ထားတဲ့
စာမျက်နှာတွေပါ.........။။။

ဧရာဝတီအတွက် ကျွန်တော်စပ်တဲ့ 
ကဗျာဟာ ရယ်စရာဖြစ်နေပေမယ့်
ဧရာဝတီအရေးဟာ နိင်ငံ့အရေးမို့ 
ဒို့ အရေး အော်ဖို့ ဝန်လေးလိမ့် မယ်မဟုတ်............။။။

(15 ရက်နေ့ က စပ်ထားတဲ့ ကဗျာလေးလည်ရှိပါသေးတယ်..မြစ် ၏ မျက်ရည် လို့ အမည်ပေးထားပါတယ်)

2 comments:

  1. “မြန်မာပြည်ရဲ့  အသက်သွေးကြော
    ရောနှောလာမယ့်  လူမျိုးတွေ”ကို
    အတတ်နိုင်ဆုံး..ရှင်းလင်းသုတ်သင်ကြပါစို့
    အစ်ကိုရေ...
    ဒုတိယကဗျာလေးကိုလည်း၊အားပေးသွားကြောင်းပါရှင်။
    ချစ်ခင်စွာဖြင့်....

    ReplyDelete
  2. ဧရာဝတီနဲ့ မြန်မာပြည်
    ဧရာဝတီနဲ့ ဗမာလူမျိုး
    ခွဲခြားလို့မရဘူး...။
    ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝ ကန့်ကွက်ပါသည် ။

    ReplyDelete

ဘယ်သူမဆို ဝေဖန်သွားလို့ ရပါတယ်
အပြုသဘောနဲ့ ပေါ့ 
အားလုံးပျော်ရွင်ကျပါစေ.....